Channel Myanmar

Fantasy

Zhen Mo Si ( 2018 ) N/A
Zhen Mo Si ( 2018 ) အခုတင်ဆက်ပေးမယ့်ကားလေးကတော့ မှော်သိုင်းကားတစ်ကားပါဒီကားက တရုတ်သိုင်းကားတွေကိုကြိုက်တဲ့သူတွေအတွက်ကတော့သဘောကျမယ့်ကားမျိုးပါဇာတ်လမ်းရဲ့အစမှာတော့ယွမ်ခေတ်ရဲ့၁၂နှစ်မြောက်မှာအုပ်စိုးတဲ့ကျောက်ဘုရင်လက်ထက်မှာမိစ္ဆာဂိုဏ်းတွေက ပြည်သူတွေညင်းပန်းနိုပ်စက်တာကိုနှိမ်နှင်းဖို့အတွက်ကျောက်ဘုရင်က မိစ္ဆာနိုမ်နင်းရေးအဖွဲကိုစေခိုင်းခဲ့တယ်မိစ္ဆာနှိမ်နင်းရေးအဖွဲခေါင်းဆောင်ဘကျန်းချန်းကစစ်မှုးရှောင်ကျန်းကို ယိုကျုံးကိုလျိုဝှက်ပြီးတိုက်ခိုက်စေတဲ့အခါအဲကိုသွားတိုက်တဲ့လမ်းတစ်လျှောက်မှာ ဘာတွေဖြစ်မှာလဲလျိုဝှက်တိုက်ဖို့လွှတ်လိုက်တဲ့ ၄ယောက်ကရောဘယ်လိုမျိုးလဲတိုက်ပွဲပြီးပြန်လာတဲ့လမ်းတစ်လျှောက် ဘယ်လိုမျိုးတွေကြုံရမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမယ့်ကားမျိုးပါသိုင်းကားဆိုပေမယ့် နောက်ပိုင်းမှာ drama နည်းနည်းလေးထည့်ပြီးရိုက်ထားတော့ စိတ်ဝင်စားစရာကောင်းတဲ့ကားမျိုးမို့ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ Translated & Review By XiaoEncoded By LK
movie

Zhen Mo Si ( 2018 )

Battle In Wuhu Village ( 2019 ) 5.2
Battle In Wuhu Village ( 2019 ) 2019 ထွက်ဇာတ်ကားသစ်လေးနဲ့တင်ဆက်ပေးလိုက်ပါတယ်...ရှေးခေတ်သိုင်းကားတော့မဟုတ်ပါဘူး..နောက်ပိုင်းထွက်တဲ့တရုတ်ကားတွေကိုဂျင်းတွေလို့ဆိုရလောက်အောင်ဖြစ်တဲ့ ဇာတ်ကားတွေရှိပေမယ့်လည်းဒီကားလေးကတော့မဆိုးဘူးလို့ပဲခံစားမိပါတယ်အညွှန်းကတော့.........မြို့စောင့်နတ်မင်းမျိုးဆက်ဖြစ်တဲ့တစ်ချိန်ကချင်းလွမ်အဖွဲ့မှာချင်းလွမ်အဖွဲ့ခေါင်းဆောင်ဖြစ်သူကျောက်စစ်ဟိုင်အဖေနဲ့ ထူစန်းအဖွဲ့ခေါင်းဆောင်ကယှဉ်ပြိုင်ကြရင်းလျို့ဝှက်လူတစ်ယောက်ကဝင်ရှုပ်လိုက်လို့ ကျောက်စစ်ဟိုင်အဖေကမြို့ကိုကာကွယ်ပေးရင်းသေဆုံးသွားခဲ့ရပါတယ်...ကျောက်စစ်ဟိုင်က ဝူဟူနယ်မြေမှာနေထိုင်ရင်းလှည့်ဖြားတဲ့နည်းနဲ့အိမ်နီးချင်းတွေရဲ့အိမ်မွေးတိရစ္ဆာန်တွေကိုပြန်ရှာပေးတဲ့နေရာမှာတော်လွန်းလိုစုံထောက်ကျောက်လို့တစ်မြို့လုံးကအသိအမှတ်ပြု ကြပါတယ်...တစ်နေ့ဟုန်ရှို့ဂေဟာမှာအပျော်မယ်တစ်ယောက်ပျောက်ဆုံးနေတဲ့အမှုနဲ့ပတ်သက်ပြီးသူဌေးမဒမ်သုံးက ကျောက်စစ်ဟိုင်ကိုလူပြန်ရှာပေးဖို့အလုပ်လာအပ်သောအခါ...အဲ့ဒီဟုန်ရှို့ဂေဟာမှာပဲကျောက်စစ်ဟိုင်ကငယ်ချစ်ဦးညီမလေးကျင်ယွင်နဲ့ပြန်တွေ့ကြပြီး...အဲ့အချိန်မှာပဲမြို့တော်ကနေဝူဟူနယ်မြေမှာတာဝန်ထမ်းဆောင်ဖို့ရောက်လာတဲ့ရဲအရာရှိကြီးတု...သူတို့သုံးယောက်အတူ ဟုန်ရှို့ဂေဟာကပျောက်ဆုံးမိန်းကလေးအမှုကိုအတူလိုက်စုံစမ်းဖို့ဖြစ်လာသောအခါ....အတူအမှုကိုဘယ်လိုဖော်ထုတ်ကြမလဲ...Battle Wuhu Village ဆိုတဲ့ကားလေးထဲမှာဆက်လက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပြရစေနော်
movie

Battle In Wuhu Village ( 2019 )

Nakee 2 (2018) 6.1
Nakee 2 (2018) ၂၀၁၆ခုနှစ်မှာ နာခီ ၁ကို ပြသခဲ့ပြီး rating အရမ်းကောင်းပြီး နာမည်ကြီးခဲ့တယ် ၂၀၁၈ oct မှာတော့ နာခီ၂ကို movie အနေနဲ့ ရုံတင်ခဲ့ပြီး တနှစ်ပြည့်ခါနီးဆဲဆဲမှာတော့ video file ထွက်လာခဲ့တယ် မဲခေါင်မြစ်က ဘိုးဘိုးနဂါး စရီဆူထို တရားထိုင်နေတုန်း နာခီမယ်တော်က လူ့ကမ္ဘာကို ခိုးတက်ပြီး ရေကစားလေ့ရှိတယ် တစ်ရက်ကျ ရေကစားရင်း ဂဠုန်တစ်ကောင် ဝင်သုတ်တာခံရတာကို တိုင်းပြည်ငယ်တခုက စစ်သူကြီး ရှိုင်ရဆင်က ကယ်တင်ခဲ့ရာက ချစ်ကျွမ်းဝင်သွားခဲ့တယ် စစ်သူကြီးတို့ထုံးစံအရ တိုင်းပြည်ကြီးတခုနဲ့ စစ်ဖြစ်ရင်း ရှိုင်ရဆင်ကျရှုံးသွားချိန်မှာတော့ နာခီဟာ စစ်နိုင်သွားခဲ့တဲ့တိုင်းပြည်တခုလုံးကို ရေလွှမ်းသတ်ခဲ့ပါတယ် အဲ့ဒီမကောင်းမှုကြောင့် ဘိုးဘိုးစရီဆူထိုရဲ့ နှစ်တထောင် အပြစ်ပေးမှုကို ခံခဲ့ရပြီး နာခီမယ်တော်ကို ကိုးကွယ်တဲ့ ဒုန်မမ်ပရွာလေးထဲက ခမ်ပွန်ဆိုတဲ့ မိန်းမကြီးတဦးရဲ့သမီးဖြစ်သူ ခမ်းကျောက်ကိုယ်ထဲ သူ့စိတ်ဝိဉာဏ်ဝင်နေခဲ့တယ် စစ်သူကြီးရှိုင်ရဆင်ကလည်း သုတေသနကျောင်းသား ထွတ်စဖွန်အဖြစ် ဒုန်မမ်ပရွာလေးဆီပြန်ရောက်လာခဲ့ပြီး အချစ်ဇာတ်လမ်းပြန်လည်ဖြစ်တည်လာခဲ့တယ် ဒါပေမယ့် ခမ်းကျောက်ကို သာမန်မြွေမကောင်းဆိုးဝါးအမှတ်နဲ့ တစ်ရွာလုံးက ဒုက္ခပေး အမေဖြစ်သူ ခမ်ပွန်ကိုပါ သတ်လိုက်ကြပြီး ထွတ်စဖွန်ကိုပါသတ်မယ်လုပ်ကြရာကနေ နာခီမယ်တော် ဒေါသပုန်ထခဲ့ပြီး ရွာသားတွေကို ထပ်သတ်ခဲ့ပါတော့တယ် ဒီအပြစ်တွေအတွက် ဘိုးဘိုးစရီဆူထိုက ထပ်အပြစ်ပေးခဲ့ပြီး ထွတ်စဖွန်ကတော့ ဘုန်းကြီးဝတ်သွားခဲ့ပါတော့တယ် ခုနာခီ ၂ ဖြစ်တည်လာရတဲ့အကြောင်းကတော့ နာခီ ၁မှာ ခမ်းကျောက်ကို မနာလိုဖြစ်နေပြီး ထွတ်စဖွန်ကို တဖတ်သတ်သဘောကျနေတဲ့ လမ်းကျစ်ဆိုတဲ့မိန်းကလေး ကျိန်ဆိုခဲ့တဲ့ဆုတောင်းစကားတခုကြောင့်ပါ နာခီမယ်တော် ...
movie

Nakee 2 (2018)

2018
Devil’s Vendetta ( 2019 ) 5
Devil’s Vendetta ( 2019 ) ဒီကား​လေးကနတ်​ဘုရား​လောင်းလျာ​လေးနဲ့ ​မြေ​ခွေးနတ်​ဆိုးမ​လေးကြားကအချစ်​​တွေကို ​ဖော်​ပြထားတဲ့ 2019ထွက်​ဇာတ်​ကား​ကောင်း​လေးဖြစ်​ပါတယ်​...တန့်​စိမ်းဆိုတဲ့​ကောင်​​လေးတစ်​​ယောက်​ဟာ ​ကောင်းကင်​စာအုပ်​ဆိုတဲ့အစွမ်းထက်​တဲ့စာအုပ်​​လေးကိုပိုင်​ဆိုင်​ထား​ပေမယ့်​သူကိုယ်​တိုင်​​တောင်​မသိထားတဲ့အပြင်​ သူကိုယ်​တိုင်​ကနတ်​ဘုရားအ​လောင်းအလျာ​လေးဖြစ်​​နေတာကိုလည်းမသိခဲ့ပါဘူး..ဒီလိုနဲ့ ​ကောင်းကင်​စာအုပ်​ရှိ​နေ​ကြောင်းအာရုံခံမိသွားတဲ့​မြေ​ခွေးနတ်​ဆိုးတစ်​သိုက်​ဟာ သူ့ဆီက​နေလုယူနိုင်​ဖို့အမျိုးမျိုးကြံစည်​ပါ​တော့တယ်​...ဒါ​ကြောင့်​နတ်​ဆရာလွမ်​ကိုသူ့ကိုကာ​ကွယ်​​ပေးဖို့ငှါးရမ်းထားခဲ့ပါတယ်​..ဒီလိုနဲ့​မြေ​ခွေးနတ်​ဆိုးမ​လေးမိန့်​အယ်​ဟာ တန့်​စိမ်းကိုချစ်​မိသွားပြီးဘယ်​လို​တွေကာကွယ်​​ပေးမှာလဲ...သူတို့နှစ်​ဦး​ပေါင်းစည်းနိုင်​ပါ့မလား..ဘယ်​လို​တွေကြုံ​တွေ့ရမှာလဲဆိုတာ​တွေကို ကြည့်​ရှုခံစားရမှာဖြစ်​ပါတယ်​ Translated & Review By Phyo ZawEncoded By LK
movie

Devil’s Vendetta ( 2019 )

2019
Harmony (2019) 7.7
Harmony (2019) စကြာဝဠာကြီးထဲမှာ စိတ်ခံစားချက်နှစ်ခုပဲရှိတယ်အဲ့ဒါကတော့ ချစ်စိတ်နဲ့ ကြောက်စိတ်တဲ့ အဲ့ဒီခံစားချက်၂ခုဟာ သိပ်ကို ပြင်းထန်လွန်းတဲ့အတွက် အရာရာတိုင်းကို ချည်နှောင်ထားတယ်တဲ့ဟာမိုနီလို့ခေါ်တဲ့ ကောင်မလေးဟာ မွေးကတည်းက သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ အပျက်တရားဖြစ်တဲ့ ကြောက်ရွံခြင်းစိတ်ကို ခံစားသိရှိသူတစ်ဦးပါ။ဒါ့အပြင် သူထိလိုက်တဲ့လူရဲ့ ကြောက်ရွံခြင်းစိတ်ကို စုပ်ယူနိုင်စွမ်းလဲရှိပါတယ်။သူဟာ ဒုက္ခရောက်နေသူတွေဆီက ကြောက်ရွံခြင်းစိတ်ကို စုပ်ယူပြီး ကူညီပေးနေသူတစ်ဦးဖြစ်ပါတယ်။တစ်နေ့ ဟာမိုနီ ဟာ ကိုယ့်ကိုယ်ကို သတ်သေတော့မယ်အမျိုးသမီးကို ကူညီပေးရင်း အဲ့ဒီအမျိုးသမီးက ဟာမိုနီကို အရမ်းခင်မင်သွားပါတော့တယ်။အဲ့ဒါကပဲ ဟာမိုနီ ဆိုတဲ့ ကောင်မလေးနဲ့ မေဆင် ဆိုတဲ့ကောင်လေးတို့ တွေ့ဖို့ အကြောင်းဖြစ်လာတော့တာပဲ။မေဆင်ဆိုတဲ့ကောင်လေးကတော့ တစ်ခန်းလွတ်နေတယ်လို့ ပြောရလောက်တဲ့ ခပ်ကြောင်ကြောင်ကောင်လေးပါ။သူ့မှာ အထူးအဆန်းမေးခွန်းတွေ အများကြီးရှိတယ် အချစ်ဆိုတာ ဘာလဲတို့ အချစ်ဆိုတာ ထင်ယောင်ထင်မှားအရာလား ဆိုတဲ့ ဂေါက်တောက်တောက် မေးခွန်းတွေပေါ့။ပါတီပွဲတစ်ခုမှာ ဟာမိုနီ ...
movie

Harmony (2019)

2019
Casper (1995) 6.1
Casper (1995) Casper 1995 ဒီဇာတ်ကားလေးကတော့ ကပ်စပါ ဆိုတဲ့ လူတွေကိုခင်တက်တဲ့ တစ္ဆေလေးအကြောင်းကာတွန်းကားကို live-action ပြန်ရိုက်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် အ ဓိကဇာတ်ဆောင်ဖြစ်တဲ့ ကပ်စပါကို CGI အပြည့်နဲ့ တစ်ကားလုံးသုံးသွားနိုင်တဲ့ ပထမဦးဆုံး ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။ Budget ၅၅ သန်း အသုံးပြုခဲ့ပြီး ၂၈၇.၉ သန်းပြန်လည်ရရှိခဲ့တဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် ဒေါက်တာဟာဗေးက သူ့သမီးလေးနဲ့အတူ တစ်မြို့ဝင်တစ်မြို့ထွက်နဲ့ လူတွေကိုအနှောက်အယှက်ပေးနေတဲ့ တစ္ဆေတွေကို နောက်ဘဝကူးပြောင်းနိုင်အောင် လိုက်လံကူညီပေးနေပါတယ်။ တနေ့မှာတော့ မိန်း ဆိုတဲ့မြို့က သရဲအရမ်းခြောက်တဲ့ ၀စ်စတပ် ဆိုတဲ့အိမ်ကြီးကိုသွားပြီး သောင်းကျန်းနေတဲ့ သရဲတွေကို နှိမ်နင်းပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်ကြီးမှာတော့ ကပ်စပါဆိုတဲ့ လူတွေကိုခင်တက်တဲ့ တစ္ဆေလေးအပြင် လူတွေကိုသွေးပျက်မတက် ခြောက်လှန့်တက်တဲ့ တစ္ဆေ ၃ ကောင်လည်းရှိနေပါတယ်။ေ ဒါက်တာဟာဗေးကပဲ ခြောက်လှန့်တက်တဲ့ တစ္ဆေတွေကို နောက်ဘဝကူးသွားအောင်ကူညီပေးနိုင်မလား တစ္ဆေတွေကပဲ အနိုင်ယူသွားမလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုကြည့်ကြည့်လိုက်ပါနော်။   ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Jar Jar ဖြစ်ပါတယ်
movie

Casper (1995)

1995
Little (2019) 5.3
Little (2019) ငယ်ငယ်က အနိုင်ကျင့်ခံခဲ့ရတဲ့ ဂျော်ဒန်ဆန်းဒါးစ် ကြီးလာတော့ ဒိတ်ဒိတ်ကျဲလုပ်ငန်းရှင်ကြီးဖြစ်လာပေမယ့်အရာရာကိုဇီဇာကြောင် ကိုယ့်စကားနွားရပြော ဘေးပတ်ဝန်းကျင်ကလူမှန်သမျှကို ပြသနာပတ်ရှာနေတဲ့ လူ့ဂွစာအပျိုကြီးအချစ်ဆိုတာကို အယုံအကြည်မရှိတော့လို့ ရည်းစားထားပေမယ့် အတည်မတွဲချင်သူ...အေပရယ်ဝီလီယမ်ကတော့ သူ့လက်ထောက်..သူခိုင်းသမျှလုပ် သူဆူပူသောင်းကျန်းသမျှခံပြီး အလုပ်ခွင်မှာ တက်လမ်းကိုမြင်နေရပေမယ့် အခွင့်အရေးမရရှာသူ...တစ်စုံတစ်ရာကြောင့် တစ်နေ့မှာတော့ ဂျော်ဒန်တစ်ယောက် မြီးကောင်ပေါက် ၁၃ နှစ်သမီးအရွယ်အဖြစ်နိုးထလာခဲ့အခါ...ပေါ့ပေါ့ပါးပါးနဲ့ကြည့်ပျော်တဲ့ဇာတ်ကားလေးဖြစ်ပြီး ဂျော်ဒန့်ငယ်ဘဝကို သရုပ်ဆောင်တဲ့ကလေးသရုပ်ဆောင်လေးက အတော်ပီပြင်ပြီးတစ်ဇာတ်လုံးကိုဆွဲခေါ်သွားတာမို့ ရယ်မောချင်သူတွေအတွက် လက်တို့လိုက်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ) File Size : (850 MB) and (420 MB) Quality : Blu-Ray 720p Running Time : 1hr 49min Format : Mp4 Genre : Comedy, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-DRONES Translated by May Myat Thu Encoded ...
movie

Little (2019)

2019
Mr. Nobody (2009) 7.8
Mr. Nobody (2009) သက္ကရာဇ် ၂၀၉၂ခုနှစ်မှာ လူသားတွေဟာဆဲလ်အသစ်တွေကို မဆုံးနိုင်အောင်အစားထိုးခြင်းနဲ့မသေမျိုးတွေဖြစ်အောင်နေထိုင်လာကြပါပြီတစ်ကမ္ဘာလုံးမသေမျိုးဖြစ်နေတဲ့သူတွေဟာ ကမ္ဘာပေါ်ကအသက်၁၁၈နှစ်ရှိပြီဖြစ်တဲ့ တစ်ဦးထဲသော သေမျိုး နီမိုရဲ့နောက်ဆုံးဘဝနေဝင်ချိန်ကို စောင့်ကြည့်နေကြပါတယ်နီမိုမသေခင်မှာ နီမိုကို အင်တာဗျူးတွေလုပ်ကြပါတယ်ဒီနေရာမှာ နီမိုက သူ့ရဲ့ဘဝကို အပိုင်း၃ပိုင်းခွဲပြီးပြောပြပါတယ်ပထမတစ်ပိုင်း : သူ့အသက်၉နှစ် သူ့အဖေနဲ့အမေ ကွာရှင်းတဲ့အချိန်ဒုတိယအပိုင်း : အသင်၁၆နှစ်အရွယ်နဲ့တတိယအပိုင်း : သူ့အသက် ၃၄နှစ်အရွယ်တစ်ပိုင်းစီမှာသူ့ရဲ့ရွေးချယ်မှုတွေအပေါ်မူတည်ပြီးဖြစ်လာနိုင်ချေကိုခေါင်းတွေမူးနောက်နေအောင်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File Size : (1.09 GB) Quality : Blu-ray,720p Running Time : 2h 21min  Format : Mp4 Genre : Drama,Fantasy,Romance Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Waizin Wayne Encoded by sithu
movie

Mr. Nobody (2009)

2009
Dreadout: Tower of Hell (2019) 5.7
Dreadout: Tower of Hell (2019) အရှေ့တောင်အာရှရုပ်ရှင်စျေးကွက်မှာ ထိုင်း၊အင်ဒိုနီးရှား နိုင်ငံများရဲ့ရုပ်တွေက တော်တော်လေးလေးပေါက်ပေါက်ရောက်ရောက်ရှိပါတယ်။သရဲကားဆိုရင်လည်း ထိုင်း၊ အင်ဒို၊ မလေးရှား အစရှိတဲ့ဇာတ်ကားတွေသာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ဒီတစ်ခါမှာတော့ မကြာခင်ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားသရဲကား DreadOut ကိုတင်ဆက်ပေးချင်ပါတယ်။Jump scare တွေများများစားစားမပါဘဲ အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့် Horror ကားမျိုး ကြည့်ချင်သူတွေဆိုရင် ဒီကားကိုကြည့်ဖို့ လက်တို့ပါရစေ။ဇာတ်လမ်းအကျဉ်းကတော့... Jessica, Beni, Dian တို့သုံးယောက်က အထက်တန်းကျောင်းသူ/သား တွေပါ။မျက်မှောက်ခေတ်ဆယ်ကျော်သက်တွေရဲ့ထုံးစံအတိုင်း Social Network တွေရဲ့လွှမ်းမိုးမှုကို အကြီးအကျယ်ခံထားရတဲ့သူတွေပေါ့။သူတို့သုံးယောက်က Social Network ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်တာကြောင့် နှစ်အတော်ကြာစွန့်ပစ်ထားတဲ့ တိုက်အိုကြီးပေါ်သွားပြီး Live လွှင့်ကာ Follower ရှာဖို့ကြံကြပါတယ်။အဲဒီမှာ Alex ဆိုတဲ့ခပ်ရမ်းရမ်းကျောင်းသားတစ်ယောက်ရယ်၊ Erik ဆိုတဲ့စော်ကြည်ဘဲတစ်ယောက်ကိုပါ ချောဆွဲကြပါတယ်။နောက်ထပ်ချောဆွဲခံလိုက်ရတာက Linda၊ Linda က သူတို့တွေရဲ့ ဂျူနီယာတစ်ယောက်၊ မိသားစုအဆင်မပြေလို့ စတိုးဆိုင်မှာ ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေရတဲ့သူ။သူ့ကိုခေါ်ရတဲ့အကြောင်းအရင်းက တိုက်အိုကြီးရဲ့အစောင့်နဲ့ ရင်းနှီးတာကြောင့် သူတို့အသာတကြည်ဝင်ခွင့်ရအောင် ခေါ်ချင်တာ။Linda ...
movie

Dreadout: Tower of Hell (2019)

2019
Citizen Dog(2004) 7.5
Citizen Dog(2004) Citizen Dog(2004) IMDb......7.4,,,,,,Rotten.....100%  ဂျင် ဘ၀မှာဆိုးရွားတဲ့အများကြီးရှိတယ် ၀မ်းနည်းစရာတွေလည်းအများကြီးပဲ တခါတလေကျတော့ကိုယ့်မှာရှိတဲ့ကောင်းတဲ့အရာတွေကိုမမြင်နိုင်လောက်အောင်ဝိဇ္ဇာအမှောင်တွေလည်းဖုံးနေတတ်တယ် ဒါပေမယ့်လည်း မင်းရဲ့ထမင်းကြော်ပန်းကန်ထဲကပင်စိမ်းလေးတွေကိုဖယ်စားတာကိုလည်းကိုယ်ချစ်တယ် မင်းပျော်တိုင်းခြေထောက်လေးလှုပ်နေတာကိုလည်းချစ်တယ် မင်းလုပ်သမျှအရာတိုင်းကကိုယ့်အတွက်တော့ ပဉ္စလက်ဆန်နေခဲ့တာပဲဂျင်ရယ် ဒီစကားလေးတွေကတော့ 2004 ခုနှစ်ကထွက်ရှိခဲ့တဲ့Citizen dog ဆိုတဲ့ရုပ်ရှင်ကဇာတ်ဝင်စကားလေးတွေပါ ၂၀၀၄ခုနှစ် ထိုင်းရုပ်ရှင်တွေစတင်မြှင့်တင်နေချိန်တုန်းက မြေစမ်းခရမ်းပျိုးရိုက်ကူးခဲ့တဲ့ဇာတ်လမ်းလေးတွေထဲမှာဒီကားလေးလည်းတကားအပါအ၀င်ပေါ့ ရုပ်ရှင်ရဲ့တင်ပြပုံဟာ တွေ့နေကျရုပ်ရှင်ပုံနဲ့မတူပဲ ရေဒီယိုကလာလေ့ရှိတဲ့ဇာတ်လမ်းပမာနားဆင်စရာပုံစံလိုလို ပြဇာတ်ပုံစံလိုလိုချစ်စဖွယ်ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပါ ဇာတ်လမ်းလေးကတော့ရိုးရိုးလေးပါပဲ တောကတက်လာတဲ့ယောင်လည်လည်ကောင်လေးတယောက်နဲ့ အီတလီစာမဖတ်တဲ့အီတလီလိုရေးထားတဲ့ကောက်ရတဲ့စာအုပ်တအုပ်ကိုဖတ်ဖို့ကြိုးစားနေတဲ့အိပ်မက်တွေတပွေ့တပိုက်နဲ့ကောင်မလေးတယောက်တို့ရဲ့ဇာတ်လမ်းလေးပါ တခါတလေမှာခင်ဗျားဘ၀မှာမျှော်လင့်သလိုဖြစ်မလာခဲ့ရင် ခင်ဗျားယုံကြည်ထားတဲ့အရာက ခင်ဗျားထင်ထားတာနဲ့ပြောင်းပြန်ဇောက်ထိုးဖြစ်နေခဲ့ရင်ခင်ဗျားဘယ်လိုများခံစားရလေမလဲ ခင်ဗျားရင်ဘတ်ထဲမှာရှိနေမယ့်အရာကို ဒီဇာတ်လမ်းလေးကပြောပြနိုင်ပါလိမ့်မယ် ဒါရိုက်တာWisit Sasanatieng ကရိုက်ကူးထားပြီး Mahasamut Boonyaruk နဲ့Seangthong Gate Uthong  တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့Chan Myae Thu Aung ပဲဖြစ်ပါတယ်....   File Size : (674MB) and (341 MB) Quality : Web-Dl720p Format…mp4 Duration…01:45:00 Genre: Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Chan Myae Thu Aung Encoded by Phyo Pyae
movie

Citizen Dog(2004)

2004
Homestay (2018) 7.7
Homestay (2018) Homestay (2018) တဲ့ ထိုင်းကားလေး။ပုံမှန်ထိုင်းကားဆိုကြည့်မရတတ်တဲ့ ကျွန်တော် ဒီကားကိုကြည့်ပြီး တော်တော်ကြွေသွားမိတယ်။ဒီကားလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ၂ နာရီကြာတယ်ဆိုပေမဲ့ ပျင်းစရာမရှိတဲ့ ဇာတ်ကားပါ။Draman, Fantasy , Thriller ဆိုတဲ့ ဇာတ်ကားအမျိုးအစားဆိုတဲ့အတိုင်း Drama လိုရိုပြီး Fantasy လို ထူးခြားတာတွေလည်းတွေ့ရပြီး Thriller ဆိုတဲ့အတိုင်း တစ်ချက်တစ်ချက် ရင်တုန်စရာလေးတွေပါ ထည့်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ဆောင်ဖြစ်သူက လတ်တလော ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ မင်ဆိုတဲ့ အထက်တန်းကျောင်းသားလေးရဲ့ ခန္ဓာကိုယ်ထဲမှာ နိုးထလာပါတယ်။သူ့ကို ကိုယ်စောင့်နတ် ဆိုတဲ့သူက ဒီခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တဲ့ မင် ဘာလို့ကိုယ့်ကိုကိုယ် သတ်သေခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းကို ရက်တစ်ရာအတွင်းမှာ ရှာခိုင်းပါတယ်။ရှာလို့တွေ့ခဲ့ရင် ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာဖြစ်ပြီး မရှာနိုင်ရင်တော့ ဘယ်လိုမှပြန်ဝင်စားလို့မရတဲ့ဘဝကို ရောက်သွားမှာပါလို့ပြောပါတယ်။မင်ရဲ့ ခန္ဓာကိုယ်ကို ရထားတဲ့သူ မင်ဘာလို့ ကိုယ့်ကိုကိုယ်သတ်သေရလဲဆိုတာကို ...
movie

Homestay (2018)

2018
The Dude in Me ( 2019 ) 6.8
The Dude in Me ( 2019 ) ဂိုဏ်စတားသဌေးကြီးနဲ့ ဝလွန်းလို့အနိုင်ကျင့်ခံနေရတဲ့ ဝဝတုတ်တုတ်ကောင်လေးတို့မတော်တဆ accident တစ်ခုကြောင့်ကိုယ်ပြောင်းသွားတဲ့ကားလေးပါ တော်တော်ရီရတယ်....ဇတ်လမ်းအကျဉ်း..ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့အသေခွီရမယ့် ဇာတ်ကားလေးပါဇာတ်လမ်းအကျဉ်းပြောရရင် ရန်သူတွေများတဲ့အသက်လေးဆယ်အရွယ်ဂိုဏ်းစတားသူဋ္ဌေးကြီးတစ်ယောက်ဟာတစ်နေ့တော့ လမ်းမှာဖုန်းပြောနေရင်းသူ့ပေါ်ကိုခေါင်မိုးပေါ်ကနေလူတစ်ယောက်ပြုတ်ကျလာခဲ့ပါတယ်။ပြုတ်ကျလာတဲ့သူကကင်(မ်)ဒုံယောင်းလို့ခေါ်တဲ့ဝဝတုတ်တုတ်အထက်တန်းကျောင်းသားလေးပါသူတို့နှစ်ယောက်လုံးသတိလစ်ပြီးဆေးရုံရောက်သွားခဲ့ပါတယ်။သဋ္ဌေးကြီး သတိပြန်ရလာတဲ့အခါမှာတော့အရမ်းထူးဆန်းတာ တစ်ခုဖြစ်သွားခဲ့ပါတယ်။သူဟာကောင်လေးရဲ့ ခန္ဓာကိုယ်ထဲရောက်နေပါတယ်ကောင်လေးနဲ့သူနဲ့စိတ်နဲ့ခန္ဓာလွဲသွားကြတာပေါ့ဗျာ ဒီလိုနဲ့ကောင်လေးရဲ့ပတ်ဝန်းကျင်ထဲရောက်သွားခဲ့ရာကနေမမျှော်လင့်ထားတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါတော့တယ်။ကောင်လေးအဖေဟာ သူဒုက္ခပေးဖူးလို့စီးပွားပျက်သွားတဲ့သူတစ်ယောက်ဖြစ်နေတာ သိလိုက်ရသလိုကောင်လေးကလည်းကျောင်းမှာအပယ်ခံ အနိုင်ကျင့်ခံတစ်ယောက်ဖြစ်နေပါတယ်။ဒီ့အပြင်သူလုံးဝမထင်မှတ်ထားတဲ့သူတစ်ယောက်နဲ့ပါပြန်တွေ့ခဲ့ပြီးဘယ်လိုတွေဆက်ဖြစ်ကြမယ်နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်သွားကြမလဲဆိုတာဒီကားလေးမှာ ဆက်ကြည့်သွားကြပါ။ရယ်လည်းရယ်ရတဲ့အတွက် အချိန်ပေးရကြိုးနပ်တဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ....ရုပ်ရှင်ကားကို ဘာသာပြန်ပြီးအညွှန်းရေးပေးထားတာကတော့Chanyein Soe ပဲ ဖြစ်ပါတယ်။.... Translated By Channyein SoeEncoded By LK
movie

The Dude in Me ( 2019 )

2019
The Mermaid ( 2016 ) 6.2
The Mermaid ( 2016 ) ကျွန်တော်အကြိုက်ဆုံး တရုတ်မင်းသားကြီး စတီဖင်ချောင်ဒါရိုက်တာအဖြစ်ရိုက်ကူးဖန်တီးထားတဲ့ဇာတ်ကားပါ။ထူးခြားတာက ဒီဇာတ်ကားကို Rotten Tomatoes မှာ (100%) Rate ပေးထားတာပါ။IMDb မှာတော့ Rating (6.2/10) ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့ ရည်ရွယ်ချက်လေးကကောင်းမွန်ပါတယ်။” ဒီကမ္ဘာမှာ သန့်စင်တဲ့ရေ နဲ့လေကောင်းလေသန့်တွေရှားပါးလာပြီဒါ​ကြောင့်​ မင်းဘယ်​​လောက်​ပိုက်​ဆံရှာနိုင်​ပါ​စေ အဓိပ္ပါယ်​မဲ့​နေဦးမှာပဲ “လို့ဆိုထားပြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သတ်တဲ့ Message တွေပေးထားပါတယ်။ပင်လယ်ရေအောက်က ရေသူမလေးတစ်ယောက်ပင်လယ်အော်ကို သဘာဝအတိုင်းဆက်လက်ထိန်းသိမ်းချင်တဲ့စိတ်နဲ့အဲ့နေရာကိုဝယ်ယူခဲ့တဲ့လူသားတစ်ဦးကို တားဆီးဖို့ကြိုးစားခဲ့တဲ့အခါကနေစပြီး ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာရပါတယ်စတီဖင်ချောင်ဟာ သူရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေလိုပဲ ဒီဇာတ်ကားကိုလဲ ဟာသလေးတွေစွတ်ပြီးပေါ့ပေါ့ပါးပါးတင်ဆက်ထားပါတယ်….အဓိကအချက်ဖြစ်တဲ့ဇာတ်လမ်းရဲ့ကြီးကျယ်တဲ့အနှစ်သာရကိုတဆင့်ချင်းစီဟာသလေးတွေစွတ်ပြီးခေါင်းထဲရောက်လာအောင်ဖန်တီးထားပါတယ်။ကုန်ကျစရိတ် US$60.72 million ပဲရှိခဲ့ပေမယ့် ဝင်ငွေ US$553.8millionပြန်လည်ရရှိခဲ့တဲ့အထိအောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကားပါ။ Translated By Su Yadanar OoEncoded By LK
movie

The Mermaid ( 2016 )

2016
The Head Hunter (2018) 5.1
The Head Hunter (2018) ဒီရုပ်ရှင်ကားက နည်းနည်းတော့ ဆန်းတယ် တစ်ကားလုံးမှာ သရုပ်ဆောင် ၂ ယောက်ပဲ ပါတယ် ဟုတ်ပါတယ် .... ပြီးတော့ တစ်ကားလုံး မှာ စကားပြောတဲ့အကြိမ် ၅၀ ၀န်းကျင်လောက်ပဲ ရှိပါတယ်... ဒါအမှန်တရားပါ... ရုပ်ရှင်တစ်ကား ဘယ်လိုဖြစ်လာပါလိမ့်.... ဇတ်လမ်းအစမှာတော့ တိုင်းပြည် တစ်ခုရဲ့ နောက်ဆုံး ကျန်ခဲ့တဲ့ သူရဲကောင်းဟာ သူ့ သမီးလေးကို ကြောက်မက်ဖွယ်ကောင်းတဲ့ အကောင်ကြီး တစ်ကောင် ရန်ကနေ ကာကွယ်တာ စပါတယ်... အဲ့ဒီနောက်မှာလဲ တောထဲက မသေနိုင်တဲ့ အကောင်ကြီးကို ရင်ဆိုင်တိုက်ခိုက်ဖို့ သူ့မှာ အမြဲ ပြင်ဆင်နေရပါတယ်... အရမ်းကို လိုတိုရှင်းတဲ့ ရုပ်ရှင်ကားပါ သည်းထိတ်ရင်ဖိုလို့လဲ ပြောလို့ရတယ် သရဲကားလို့လဲ ပြောလို့ရတယ်... သိချင်ရင်တော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ ရုပ်ရှင်ကားကို ညို့မျက်ဝန်း က ဘာသာပြန်ပေးထားပြီး သစ်ဆန်းခန့်မှ တင်ဆက်ထားပါတယ်
movie

The Head Hunter (2018)

2018
KunLun Taoist Scriptures Part 1+2 ( 2017 )
KunLun Taoist Scriptures Part 1+2 ( 2017 ) တရုတ်သိုင်းကားတွေနှစ်ခြိုက်သူတွေအနေနဲ့ သဘောတွေ့မယ့်ကားပါပဲ၂ကား ထွက်ရှိထားပြီး ကြည့်လို့ရအောင် တပြိုက်တည်း ၂ ကားလုံးတင်ပေးလိုက်ပါတယ် နှစ်တစ်ထောင်မှတစ်ခါဖြစ်တည်လာတဲ့သန့်စင်တဲ့ရွှမ်ရင်းစွမ်းအင်ကိုစွမ်းအားကျင့်သူတိုင်းက ကိုယ့်စွမ်းအားအဆင့်မြင့်လာဖို့အတွက်လိုချင်တပ်မက်နေကြပါတယ်။ဒီလိုအစွမ်းထက်တဲ့သန့်စင်တဲ့ရွှမ်ရင်းကိုယ်ပိုင်ရှင်မိန်းကလေးချူ ချူ ကနတ်လောကမှာ ကိုယ့်စောင့်ရှောက်သူဖြစ်တဲ့ရှောင်ပင်းနဲ့ချစ်ကြိုက်မိပြီးနတ်စည်းကမ်းကိုချိုးဖောက်မိလို့ နှစ်ယောက်စလုံးလူ့လောကကိုဆင်းဖို့အပြစ်ပေးခံရပြီး ဝမ်းနည်းစရာကောင်းစွာပဲချစ်သူနှစ်ဦးရဲ့ဇာတ်လမ်းကအဆုံးသတ်သွားခဲ့ရပါတယ်။နှစ်တစ်ထောင်ကြာပြီးနောက် လူ့လောကကိုရောက်ရှိလာခဲ့တဲ့သန့်စင်တဲ့ရွှမ်ရင်းကိုယ်ပိုင်ရှင်မိန်းကလေးက သူ့ကိုယ်ထဲမှာရှိတဲ့သန့်စင်တဲ့ရွှမ်ရင်းသွေးက သူ့အသက်၂၁နှစ်မှာပဲစွမ်းအားပြည့်ဝလာမှာဖြစ်ပါတယ်။ဒီအကြောင်းတွေကိုသိနေပြီးသန့်စင်တဲ့ရွှမ်ရင်းစွမ်းအင်ကိုတပ်မက်နေတဲ့ဝမ်ကျားချန်ကလည်းသူ့စွမ်းအားအဆင့်တက်ဖို့အတွက်သန့်စင်တဲ့ရွှမ်ရင်းကိုယ်ကစွမ်းအင်ကိုယူနိုင်ဖို့အချိန်ကောင်းကိုစောင့်နေခဲ့ပါတယ်...ဝမ်ကျားချန်လက်ထဲကနေလွတ်အောင်ထွက်ပြေးရင်းလွန်ခဲ့တဲ့နှစ်တစ်ထောင်ကချစ်သူရှောင်ပင်းနဲ့လူ့ပြည်မှာပြန်ဆုံတွေ့ရသောအခါ...ပြန်ဆုံတွေ့ချိန်မှာလည်းချူ ချူ ရဲ့စောင့်ရှောက်သူပဲပြန်ဖြစ်လာရသောအခါအရင်ဘဝကဖြစ်ခဲ့တဲ့ချစ်သူနှစ်ဦးရဲ့ဝမ်းနည်းစရာအချစ်ဇာတ်လမ်းကတစ်ကျော့ပြန်ဖြစ်လာဦးမှာလားဆိုတာကတော့....Kulun Taoist Spictures ဆိုတဲ့ ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှူ ကြပါလို့ တိုက်တွန်းလိုက်ရပါစေ... Translated & Review By XiaoEncoded By LK
movie

KunLun Taoist Scriptures Part 1+2 ( 2017 )

Happy as Lazzaro(2019) 7.7
Happy as Lazzaro(2019) Happy as Lazzaro(2019) IMDb.....7.7,,,,,,,Rotten...89% ရိုးလွန်းတော့ အ တယ်လို့ပြောလို့ရတဲ့ လာ ဇာရိုရဲ့ အကြောင်းကိုကိုပြထားတဲ့ ၂၀၁၈ ထွက် အီတလီ Drama ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပါ။ အန်ဗျူလတ်တာလို့ ခေါ် တဲ့ ရွာလေးမှာ ဆေးရွက်ကြီးစိုက်ပြီး အေးအေးချမ်းချမ်းနေကြတဲ့သူတွေရှိ ပါတယ်။ သူတို့ရဲ့နေရာက ခေါင်လွန်းလို့ အချိန်တော်တော်ကြာကြာ အပြင်လူတွေနဲ့မထိတွေ့ဖြ စ်ကြပါဘူး။ သူတို့တွေ တစ်နှစ်ပတ်လုံးအလုပ်လုပ်နေကြပေမဲ့ လုပ်ခလစာ တစ်ပြားတစ်ချပ်မှမရပါ ဘူး။ မြို့စားလောက် အဆင့်ရှိတဲ့ မာကီးရာထူးကို ရရှိထားတဲ့ မာကီးကတော်ကို အကြွေးဆပ်နေရ ပါတယ်။ လာဇာရိုကတော့ အဲဒီရွာက ကိုပေါလို့ ပြောလို့ရတဲ့ ခပ်တုံးတုံး ခပ်ရိုးရိုး ကောင်လေးတစ်ေ ယာက်ဖြစ်ပါတယ်။ ခိုင်းသမျှကို မငြီးမငြူလုပ်တတ်ပြီး သူ့ဆိုရင် ခွဲခြား ဆက်ဆံတတ်ြ ကပေမဲ့ သူ့ကို ခွဲခြားဆက်ဆံနေတယ်လို့ မခံစားတတ်တဲ့သူလည်းဖြ စ်ပါတယ်။ အဲဒီလိုခွဲခြားဆက်ဆံတယ်ဆိုတာလည်း သိပုံမပေါ်ပါဘူး။ တစ်နေ့မှာ မာကီးကတော် ရဲ့သား မာကီးလောင်းလျာလေး တန်ခရေဒီ က အန်ဗျူလတ်တာကိုရောက်လာပါတယ်။ သူနဲ့ လာဇာရိုနဲ့ သိကျွမ်းသွားပါတယ်။ တန်ခရေဒီက ပြန်ပေးဆွဲခံရသလိုလုပ်ဇာတ်ဖန်တီးလိုက်တဲ့ အချိန်မှာ အစိုးရိမ်လွန်နေတဲ့ တန်ခရေဒီရဲ့ ဇနီးလောင်း ...
movie

Happy as Lazzaro(2019)

2018
War From Original Part 2 ( 2019 )
War From Original Part 2 ( 2019 ) War From Original Part 1 ရဲ့အဆက်ပဲဖြစ်ပါတယ်Part 1 ကို ဒီမှာကြည့်နိုင်ပါတယ် ​လောကကြီးစတင်​ဖြစ်​တည်​လာချိန်​ရင်​ကုန်းဆိုသူသည်​ ​သွေးစုပ်​ဖုတ်​​ကောင်​မျိုးနွယ်​၏ အကြီးအကဲတစ်​ဦးဖြစ်​သည်​။ကျိုယိုးအမည်​ရှိတဲ့ငရဲမီး​ကြောင့်​ သုံ​လောကလုံး က​ပြောင်းကပြန်​​နေသည့်​ အချိန်​ကာလဖြစ်​သည်​။ထိုရန်​ကုန်းဆိုသည့်​ ​သွေးစုပ်​မျိုးနွယ်​စု​ခေါင်း​ဆောင်​ကို...နတ်​မျိုးနွယ်​စု လူသားမျိုးနွယ်​စု မိစ္ဆာမျိုးနွယ်​စုတို့ ပူး​ပေါင်း၍စိမ့်​ဝမ်​ အမည်​ရှိတဲ့​တောင်​အတွင်းရှိ ချန်​ခွန်းစက်​ဝန်းထဲမှာအတားအဆီးမန္တာန်​​တွေနဲ့ ပိတ်​​လှောင်​ထားခဲ့ပါတယ်​ထိုရင်​ကုန်းဆိုသူ၏ ချစ်​သူ နွီ​မေ့ကသူ့ချစ်​သူကို ချန်​ခွင်းစက်​ဝန်းထဲကကယ်​တင်​ဖို့အတွက်​လူ​တွေသတ်​ပြီးရင်းသတ်​ရင်းနဲ့ နည်းမျိုးစုံကြိုးပမ်းခဲ့ပါတယ်​အချိန်​ကာလအ​တော်​ကြာလာတဲ့အခိုက်​မှာ​နွီ​မေ့ဆိုတဲ့မိန်းက​လေးက သူ့လုပ်​ရပ်​ကို ​နောင်​တရရှိလာတဲ့အခါမှာ​တော့ဘယ်​လို​တွေဆက်​ပြီးရှုပ်​​ထွေးမှု​တွေဖြစ်​မလဲဆိုတာ*War From Original 2 *ဆိုတဲ့ဇာတ်​ကား​လေးထဲမှာ ကြည့်​ရှုလိုက်​ကြပါစို့လို့...တိုက်​တွန်းလိုက်​ပါရ​စေ​နော်​... Translated & Review By XiaoEncoded By LK
movie

War From Original Part 2 ( 2019 )