Channel Myanmar

History

Chiara (2022) 5.9
Chiara (2022)   Rotten Tomatoes 80%အထိ ရထားတဲ့ အင်မတန်ကောင်းလှတဲ့ အီတလီ ရုပ်ရှင်တစ်ကားကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ My brilliant friend series မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ အီတလီ ရုပ်ရှင်မင်းသမီးချောလေး Margherita Mazzuccoက The Champion, Everything you want, Lovely boy, Romantic Guide to Lost Places အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာကို သရုပ်ဆောင်ဖူးတဲ့ မင်းသားချော Andrea Carpenzanoနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကြောင်း မပြောခင်မှာ ဇာတ်လမ်းနဲ့ တိုက်ဆိုင်နေတဲ့ ကျွန်တော့်သူငယ်ချင်းအကြောင်းကို နည်းနည်းလေးအရင်ပြောပြချင်ပါတယ်။ တမင် အာလူးဖုတ်တာ မဟုတ်ဘဲ ဇာတ်လမ်းနဲ့သက်ဆိုင်လို့ ပြောရတယ်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ကျွန်တော့်မှာ လူ့လောကကို စိတ်ကုန်ပြီး သာသနာ့ဘောင်ထဲ အပြီးဝင်ဖို့ ရာသက်ပန် သီလရှင် ဝတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ သူငယ်ချင်းရှိပါတယ်။ ...
movie

Chiara (2022)

Dragon Gate Posthouse: Howling Moon ( 2018 ) 5.9
Dragon Gate Posthouse: Howling Moon ( 2018 ) Dragon Gate Posthouseရဲ့စတုတ္ထကားလေးပါ ဇာတ်ကားအားလုံးကိုတော့အောက်ကလင့်လေးမှာ တစုတစည်းထဲရှာလို့ရပါတယ်ဒီမှာရှာပါ ဒီကားလေးမှာတော့ မာတာဖုန်းက လုံမိန်ရပ်နားစခန်းရဲ့ ကံခေတဲ့ချစ်သူနှစ်ယောက်ရဲ့အကြောင်းကိုပြောပြနေတာပဲဖြစ်ပါတယ်။ကျန်းယွင်ယန်းဟာ အရာရှိသမီးဖြစ်ပြီး စိတ်ထားမြင့်မြတ်တဲ့မမလေးတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ပွင့်လင်းတဲ့စရိုက်ကြောင့် လုံမိန်ပိုင်ရှင် စစ်ညန်နဲ့အဖွဲ့ကျပြီး ညီအစ်မတွေဖြစ်သွားခဲ့တယ်။ တစ်နေ့မှာတော့ စစ်ညန်ဆီကိုအရေးပေါ် စာတစ်စောင်ရောက်လာလို့ စစ်ညန်ကယွင်ယန်းကိုသွားရှာတဲ့အချိန်မှာ ယွင်ယန်းဟာအနာကြီးရောဂါနဲ့ အသက်ငွေ့ငွေ့သာကျန်ပါတော့တယ်။ဘယ်လိုကြောင့်များ ယွင်ယန်းဟာဒီရောဂါကြီးစွဲကပ်သွားရတာလဲ...... စစ်ညန်နဲ့ မာတာ့ဖုန်းတို့ဟာ ယွင်ယန်းကိုကုသပေးဖို့ ကြိုးစားရင် ရောဂါရဲ့အရင်းအမြစ်ကိုရှာတော့ ဝမ်းနည်းစရာဖြစ်ရပ်ကိုသိလိုက်ပါတယ်...... အဆုံးသတ်ကတော့ အချစ်ဆိုတာအပေးအယူမှမဟုတ်ပဲ...... ကိုယ်ပေးဆပ်သလောက်ပြန်ရဖို့မမျှော်လင့်ကြပါနဲ့တဲ့...... တော်ရုံသာချစ်ကြပါမိတ်ဆွေတို့ရေ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , History , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Dragon Gate Posthouse: Howling Moon ( 2018 )

Sisi & I (2023) 6.8
Sisi & I (2023) Sisi & I (2023)~ IMDb - 6.8/10, Rotten Tomatoes - 80% ~ခုတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားဟာဆိုရင်တော့ သာမန်ရိုးရိုး ဂျာမန်ဒရာမာကားတစ်ကားတင်မဟုတ်ဘဲ ဩစတြီးယားဧကရီ အဲလက်ဇဘက်အကြောင်းကို Biography သဘောမျိုး ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပါ။ ဂျာမန်ဝါရင့်မင်းသမီးနှစ်ဦးဖြစ်တဲ့ Sandra Hüller နဲ့ Susanne Wolff ကနေ ဇာတ်ဆောင်မင်းသမီးနှစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ထွက်ထွက်ပြီးချင်း လပိုင်းအတွင်း ဆန်ကာတင်ဆု ၅ ခု ရရှိခဲ့ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မြို့စားကတော်အနေနဲ့ မွေးဖွားလာခဲ့ရတဲ့ အိုင်မာဟာ စီစီလို့ လူသိများကြတဲ့ ဩစတြီးယားဧကရီ အဲလစ်ဇဘက်အတွက် အမှုထမ်းရဖို့အကြောင်းဖန်လာပါတယ်။ အိုင်မာကတော့ ငယ်ငယ်ကတည်းက မျိုးရိုးမြင့်တစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့ရတဲ့အတွက် လောကကြီးကိုစိတ်ကုန်နေတာပေါ့။ ဒါပေမဲ့ မိခင်ရဲ့ တိုက်တွန်းမှုကြောင့် မိသားစုဂုဏ်ကိုထောက်ပြီး ဧကရီဆီမှာ အစေခံဖို့သွားခဲ့ပါတယ်။ အိုင်မာဟာ စီစီ့ဆီကိုရောက်ရောက်ချင်းမှာပဲ ပြင်းထန်တဲ့စမ်းသပ်မှုပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ...
movie

Sisi & I (2023)

2023
(18+) Kama Sutra: A Tale of Love (1996) 6.0
(18+) Kama Sutra: A Tale of Love (1996) သောက်စားပျော်ပါးပြီး တိုင်းရေးပြည်ရေးကို ဂရုမထားတဲ့ ဘုရင်တပါးရယ် ကာမစူတြာ လို့ခေါ်တဲ့ ကျမ်းကြီးတစ်ကျမ်းရယ်....ကာမစူတြာဆိုတဲ့ နာမည်ကျော် ကျမ်းကြီးတစ်အုပ် အဲဒီကျမ်းကြီးက အချစ်နဲ့ပက်သက်လာရင် လူတယောက်ရဲ့သဘောမနော ချစ်နည်းချစ်ဟန် စသည့် ပညာတွေပေးတဲ့စာအုပ်ဖြစ်ပါတယ်တာရာ ကတော့ မဟာသွေးမဟာနွယ်တစ်ယောက်ဖြစ်ပြီး ကာမစူတြာကျမ်းကြီးကိုသင်ခွင့်ရသူဖြစ်ပါတယ် သူ့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ အစေခံမလေးတစ်ယောင်ရှိပါတယ် သူ့နာမည်က မာယာမာယာက ကာမစူတြာကို သင်ချင်ပေမဲ့သင်ခွင့်မရပါဘူးတနေ့ အဆိုပါဘုရင်နဲ့ တာရာ လက်ထပ်ဖို့အကြောင်းရှိလာပါတယ် ငယ်ငယ်ကတည်းက အပြိုင်ဆိုင်အားကြီးတဲ့ တာရာနဲ့ မာယာ နှစ်ယောက်လုံးက ညှို့အားကောင်းပြီး တခမ်းတနားတွေနဲ့ DS fans တွေ အကြိုက်သေချာတာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.1GB / 942MB Quality…1080p BluRay /720p Format…mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(18+) Kama Sutra: A Tale of Love (1996)

1996
Dragon Gate Posthouse 3: Red Turban (2018) 5.9
Dragon Gate Posthouse 3: Red Turban (2018) CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Dragon Gate 3 ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ်ဒီမှာရှာပါ ယွဲ့ယာရှေးဟောင်းမြို့မှာ လူတွေအပိုင်းပိုင်းသေဆုံးကုန်ကြပြီးတချို့လူတွေ အလောင်းပျောက်ဆုံးနေတဲ့ ထူးဆန်းအမှုတစ်ခုဖြစ်ပွားတာကနေအစချီထားပါတယ်။ လုံမိန်ရပ်နားစခန်းကလူတွေထင်တာကတော့ ဟုန်ထုံကျင်းဓါးပြကရက်ရက်စက်စက် သတ်ဖြတ်သွားတာလို့ထင်ပြီး ညတိုင်းကင်းစောင့်ကာ ရွာသားတွေကို ကာကွယ်တဲ့ကြားက ရွာသားတွေကိုသတ်ဖြတ်သွားတာခံလိုက်ရတယ်။တနေ့မှာတော့ အရှေ့မြောက်ပိုင်း ဆေးဝါးကုန်သည်အဖွဲ့ကရောက်လာပြီး ကူညီကင်းစောင့်ပေးရာကနေ ဒီအဖြေရှာမရတဲ့အမှု အဖြေပေါ်လာပါတော့တယ်။ ကဲဒီတော့ဒီထူးထူးဆန်းဆန်း လူတွေအသတ်ခံလိုက်ရတာ ဘာကြောင့်များလဲ။ သူတို့ထင်နေကြတဲ့ဓါးပြကကော တကယ်ပဲ အဲ့လောက်ရက်စက်ကြမ်းကြုတ်တာဖြစ်နိုင်ပါ့မလား။ ဒီအမှုနောက်ကွယ်မှာ ဘာတွေရှိနေမလဲ စတဲ့မေးခွန်းထုတ်စရာတွေကိုဒီဇာတ်လမ်းလေးကြည့်ရင်းနဲ့ အတူတူအဖြေရှာကြည့်ရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , History , Mystery Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Dragon Gate Posthouse 3: Red Turban (2018)

Dragon Gate Posthouse 2: Thunder Without Rain (2018) 5.9
Dragon Gate Posthouse 2: Thunder Without Rain (2018) ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ်ဒီမှာရှာပါ Dragon.Gate.Posthouseရဲ့ဒုတိယဇာတ်ကားလေးပါ။ ဒီကားလေးမှာတော့ ရူးရူးနှမ်းနှမ်းနဲ့ ချူအာဆိုတဲ့ကောင်မလေးတစ်ယောက်က မာတာ့လုရဲ့အကူအညီနဲ့ Dragon.Gate.Posthouse လုံမိန်ရပ်နားစခန်းကို ရောက်လာပါတယ်။ကောင်မလေးကသူ့ရဲ့အဖေကိုလိုက်ရှာရင်း ရပ်နားစခန်းကိုရောက်လာတာဖြစ်တယ်။ သူရှာနေတဲ့သူ့ရဲ့အဖေ ရှန့်ထျန်းလေဟာ လုံမိန်ရပ်နားစခန်းကခေါင်းဆောင် ရှီကန်တန်းဖြစ်နေပါတယ်။ နှစ်နှစ်ဆယ်လောက်ကွဲကွာနေတဲ့သားအဖဟာ ဒီလိုနဲ့ပြန်တွေ့ဆုံခဲ့ရပြီး သူတို့တွေဘယ်လိုဝေးကွာခဲ့ရတယ်ဆိုတဲ့အကြောင်းကိုပြန်ပြောဖြစ်ကြတယ်။အဲဒီအချိန်တုန်းက ရှန့်ထျန်းလေက တိုင်းပြည်ရဲ့သူရဲကောင်းစစ်သူကြီး လုတင်ထျန်းကို တာဝန်အရလိုက်သတ်ခဲ့ရပြီး စစ်သူကြီးလုတင်ထျန်းရဲ့ သားနဲ့သမီးဟာပျောက်သွားခဲ့တယ်။ ရှန့်ထျန်းလေကလဲ သူလုပ်ခဲ့တဲ့အပြစ်တွေကြောင့် မိသားစုအိုးအိမ်ပျက်စီးခဲ့ရတယ်။ ဒီစိတ်မကောင်းဖြစ်ရပ်ရဲ့နောက်ကွယ်ကစေခိုင်းသူကဘယ်သူဖြစ်နေမလဲ… လုတင်ထျန်းရဲ့သားနဲ့သမီးဟာဘယ်လိုအဆုံးသတ်သွားလဲ....... သူတို့ရဲ့ကံကြမ္မာအလှည့်အပြောင်းတွေဟာဘယ်လိုဖြစ်နေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , History , Mystery Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Dragon Gate Posthouse 2: Thunder Without Rain (2018)

Dragon Gate Posthouse 1: Sunflower (2018) 5.9
Dragon Gate Posthouse 1: Sunflower (2018) ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ဒါကတော့ ကလဲ့စားချေတဲ့ ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က လက်ရောခြေပါ ရိုက်ချိုးခံရပြီး သေသွားခဲ့တဲ့ အရူးမဟာ ယွဲ့ယာမြို့ဟောင်းကို ပြန်လာပြီး သူ့ကို သတ်ခဲ့တဲ့လူတွေကို ကလဲ့စားလိုက်ချေနေပါသတဲ့။ ယွဲ့ယာမြို့ဟာလည်း သွေးမုန်တိုင်းတစ်ခုထဲ ဝင်ရောက်နေသလို ဖြစ်ရပြီး လူတိုင်းက စိုးရိမ်နေကြပါတယ်။တစ်ချိန်တည်းမှာပဲ ရူးကြောင်ကြောင်ဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ဟာ ယွဲ့ယာမြို့ကို ရောက်လာပါတယ်။ သူမက လူလား သရဲလား၊ လူသတ်မှုတွေဟာ သူမနဲ့ ပတ်သက်နေလားဆိုတာကို စာပို့သမားလေး မာတာ့လုက လိုက်လံ စုံစမ်းနေပါတယ်။တာ့လုရဲ့ သူငယ်ချင်းကောင်းဖြစ်သူ ချန်ခိုင်းဟာ မြို့ထဲက လူချမ်းသာ သူတော်ကောင်းမော့အိမ်က အစေခံမလေး ယန်ယန်နဲ့ မေတ္တာသက်ဝင်နေကြပါတယ်။ သူတို့ဟာ တစ်နေ့မှာ မျှော်လင့်ချက်တွေ ပျော်ရွှင်ခြင်းတွေကို ကိုယ်စားပြုတဲ့ နေကြာပန်းခင်းကြိး စိုက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့်လဲ ချန်ခိုင်းမှာလည်း လျှို့ဝှက်ချက်များရှိနေပါတယ်။မာတာ့လုတစ်ယောက် လူသတ်သမားအစစ်ကို ရှာဖွေနိုင်ပါ့မလား...... လွန်ခဲ့တဲ့ နှစ် ...
movie

Dragon Gate Posthouse 1: Sunflower (2018)

Harkara (2023) 9.3
Harkara (2023) Harkara (2023)IMDb-9.7/10ပထမဆုံးစွန့်စားတီထွင်သူတွေ ကမ္ဘာ့ပထမဆုံးအရာတွေအကြောင်း စိတ်ဝင်စားသူတွေ အကြိုက်တွေ့မဲ့ဇာတ်လမ်းတစ်ပုဒ်ပါ ဟာကာရာ ဆိုတာ စာပို့သမားလို့အဓိပ္ပာယ်ရပါတယ်အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ကာလီတစ်ယောက် အိမ်ထောင်ပြုပြီးဘဝကို အခြေချနေချင်လို့ အစိုးရအလုပ်ကိုလျှောက်ထားတဲ့သူ သူရသွားတဲ့အစိုးရအလုပ်က ဟိုး..လူအရောက်ပေါက်နည်းတဲ့တောင်ပေါ်ရွာလေးပေါ်မှာ ရုံးထိုင်ရတဲ့ စာပို့သမား လစာလည်းမများ ရွာကလည်းခေါင်တာမို့ သတို့သမီးလောင်းတွေကလည်းလက်မခံ သူ့ဘဝလည်းတက်လမ်းပိတ်နဲ့ ပြောင်းပြေးချင်တော့တာပေါ့ပြောင်းပြေးလို့မရခင်မှာပဲ သူတာဝန်ကျတဲ့ရွာထက်ပိုခေါင်တဲ့ တောင်ထိပ်ကရွာလေးဆီကိုစာသွားပို့ရချိန်မှာ သူသိခဲ့ရတဲ့....လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ က စာပို့သမားလုပ်ခဲ့တဲ့ အိန္ဒိယပထမဆုံးစာပို့သမားရဲ့ ဇာတ်လမ်းကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ KKKZ ~ YH တို့ပဲဖြစ်ပါတယ် File size…2.24GB / 1.03GB  Quality…1080p WEB DL /720p Format…mp4 Duration…2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Alex ~ KKKZ ~ YH
movie

Harkara (2023)

2023
The Lady of Heaven (2021) 6.0
The Lady of Heaven (2021)  မွတ်စလင်ဘာသာမှာ အထွတ်အမြတ်ထားရတဲ့ ဖာတီမာဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။အဲ့ဒီအမျိုးသမီးကတော့The Lady Of Heaven (ကောင်းကင်ဘုံရဲ့အမျိုးသမီး) လို့ခေါ်ဆိုကြပြီးအဲ့ဒီအမျိုးသမီးရဲ့ အကြောင်းအသေးစိတ်ကို ဒီဇာတ်ကားထဲမှာ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေကတော့ ဒီအတိုင်းအမျိုးသမီးဖာတီမာရဲ့အကြောင်းသီးသန့်ရိုက်ကူးထားတာမဟုတ်ဘဲနဲ့ ISIS တွေကြောင့် စစ်ဖြစ်နေတဲ့နိုင်ငံမှာအမေဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ လိတ် ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဇာတ်အိမ်ဖွဲ့ထားတာပဲဖြစ်ပါတယ်။ လိတ်က သူ့အမေကိုဆုံးရှုံးပြီးတဲ့ နောက်မှာစစ်သားတစ်ယောက်နဲ့ အမေဖြစ်သူနေထိုင်တဲ့ အိမ်မှာနေထိုင်ခဲ့ရပါတယ်။လိတ်စိတ်ဓာတ်ကျ အားငယ်လာတဲ့အချိန်မှာ အန်တီကြီးက သူ့ကို ဖာတီမာအကြောင်းပြောပြပြီးတော့ ခွန်အားပေးလေ့ရှိပါတယ်။ဒီလိုနဲ့ မွတ်စလင်တွေရဲ့စိတ်ခွန်အားတက်စရာ ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့အမျိုးသမီးဖာတီမာရဲ့ အကြောင်းကို ပုံပြင်တစ်ပုဒ်ကို လိတ်နဲ့အတူနားထောင်နေသလိုမျိုးကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…2.38 GB/ 1.11GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 21m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Lady of Heaven (2021)

The Way Back (2010) 7.3
The Way Back (2010)  ဒီရုပ်ရှင်ကို ဒါရိုက်တာ Peter Weirက နာမည်ကြီး ဝတ္ထု The Way Backရဲ့ စာရေးဆရာ ပိုလန်လူမျိုး reporter Slavomir Rawicz ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုမှ နောက်ခံဇာတ်ကောင်တွေထပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ Jim Sturgess, Colin Farrell, Ed Harris နဲ့ Saoirse Ronan တို့လို နာမည်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ Oscar nominationကို Best makeup နဲ့ဝင်ခဲ့ပေမယ့် The Wolfmanကို ရှုံးသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံကို ဆိုဗီယက်ကျူးကျော်ထားစဥ်မှာ စစ်အရာရှိငယ် Janusz Wieszczekက ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ဆိုဗီယက်တွေက သူ့ရဲ့အမျိုးသမီးကိုပါ ခေါ်ယူရိုက်နှက်စစ်ဆေးပြီး Januszကို စပိုင်လို့ အမည်တပ်ကာ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးပြီး အလုပ်ကြမ်းအတင်းခိုင်းစေတဲ့ စနစ်ဖြစ်တဲ့ Gulagကိုကျင့်သုံးနေတဲ့ Siberiaက campတစ်ခုဆီပို့လိုက်ပါတယ်။ ရာသီဥတုက အင်မတန်အေးပြီး ဆိုးလွန်းတဲ့အထဲ အလုပ်ကြမ်းတွေမနားလုပ်ရပါတယ်။နှင်းကိုက်ဒဏ် ...
movie

The Way Back (2010)

The Duchess (2008) 6.9
The Duchess (2008)  Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချောKeira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ်မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooperတို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင်ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့အထိကောင်း‌လွန်းနေတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကိုထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။ဒီဇာတ်လမ်းဟာ ၁၈ ရာစုနှောင်းပိုင်းတုန်းက အပြင်မှာ တကယ်ရှိခဲ့တဲ့ Devonshire ရဲ့မြို့စားကတော် Georgiana Spencer ရဲ့ဖြစ်ရပ်မှန်ဘဝအကြောင်းကိုအခြေတည်ပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအနေနဲ့ပြောပြရမယ်ဆိုရင်Georgiana ...
movie

The Duchess (2008)

Golda (2023) 6.1
Golda (2023) Golda (2023)~ IMDb - 6.1/10, Rotten Tomatoes - 53% ~အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် ...
movie

Golda (2023)

2023
Jeanne du Barry (2023) 6.8
Jeanne du Barry (2023)  ဂျန်ဘူဘာယာနေး ဆိုတဲ့ကလေးတစ်ယောက်ဟာ ဘုန်းတော်ကြီးနဲ့စာဖိုဆောင်ကအမျိုးသမီးတို့က တရားမဝင်မွေးဖွားလာတဲ့အတွက်လောကကြီးမှာလူမသိသူမသိသိုသိုသိပသိပ်နေတာခဲ့ရတယ်။ မစ္စတာဒူမူဆိုဆိုတဲ့လူချမ်းသာတစ်ယောက်က ဂျန်ကိုချစ်မြတ်နိုးလို့ စောင့်ရှောက်ပေးထားတယ်။ဂျန်အရွယ်ရောက်လာတော့ စော်ကားပြုမှုခံရတာတွေလွှတ်ကင်းဖို့အတွက်သားအမိနှစ်ယောက်သာ ပဲရစ်မြို့ကြီးထွက်ခွာလာခဲ့တယ်။ ကာလအတန်ကြာနေထိုင်ပြီးနောက်မှာ ဂျန်ဟာ လွတ်လပ်စွာနေထိုင်ရပြီး နေထိုင်စားသောက်နိုင်မယ့်ဘဝ ဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကိုရွေးချယ်လုပ်ကိုင်ခဲ့တယ်။ ဂျန်ရဲ့အလှတရားတွေကြောင့် မှူးမတ်တွေ အရာရှိလူချမ်းသာတွေကြားမှာနာမည်ကြီးလာတယ်။ အမတ်ကြီး ရီရှယ်လူရူ နဲ့ မြို့စား ဘာရီတို့ဟာ ဂျန်ကိုသူတို့ကိုယ်ကျိုးအတွက် အသုံးချဖို့ကြံစည်နေက့တယ်။ ဂျန်ကို ဘုရင်ကြီးနဲ့ပေးတွေ့ပြီး နန်တော်မှာ နေရာတစ်နေရာရအောင်ဖန်တီးပါတော့တယ်။ဘုရင်ကြီးဟာ ဂျန်ကိုမြင်မြင်ချင်းသဘောကျသွားပါတော့တယ်။လမ်းဘေးဘဝ‌ကနေ ချက်ခြင်းနန်းတော်ကိုရောက်သွားတဲ့အခါ သူ့အတွက်အခက်အခဲပေါင်းစုံကြုံလာပါတော့တယ်။ ဘုရင်ကြီးရဲ့အနှစ်သက်ဆုံးဂျန်ကိုတော်ဝင်မိသားစုက အမြင်မကြည့်တဲ့အခါမှာတော့.......  File size…2.23GB / 869MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Jeanne du Barry (2023)

El Conde (2023) 6.6
El Conde (2023) El Conde (2023)~ IMDb - 6.6/10, Rotten Tomatoes - 83% ~ချီလီနိုင်ငံရဲ့ တစ်ချိန်တုန်းက အာဏာရှင်စစ်ဗိုလ်ချုပ်ကြီး ‌အကြောင်းကို ဇာတ်လမ်းဆင်ထားတဲ့ Parallel Universe က အကြောင်းဖြစ်ပါတယ်။ ပိုစိတ်၀င်စားစရာကောင်းတာက ဒီဗိုလ်ချုပ်ကြီးက အသက် နှစ်ပေါင်း ၂၅၀ အရွယ်ရှိတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာပါပဲ။ ပီနိုရှက်ဟာ ပြင်သစ်တော်လှန်ရေးတုန်းက စစ်သားတစ်ယောက်ဖြစ်ပြီး သူ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကို သိသွားတဲ့အခါ ပြင်သစ်ကနေ ချီလီကို ထွက်ပြေးသွားပြီး အော်ဂတ်စတိုပီနိုရှက်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ သူ့ရည်မှန်းချက်က တစ်ချိန်မှာ အာဏာရှင်ဖြစ်လာပြီး လေးစားကြောက်ရွံ့တာခံရဖို့ပါ။သူ့ရည်ရွယ်ချက်အတိုင်း ချီလီမှာအာဏာသိမ်းခဲ့ပြီး အာဏာရှင်တို့ ထုံးစံအတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျင့်ပျက်ခြစားမှုတွေအကုန် လုပ်ခဲ့ပါတယ်။ သူထာ၀ရရှင်သန်နုပျိုဖို့ လူသားတွေရဲ့ နှလုံးကို အရှင်လတ်လတ် အမဲလိုက်စားသုံးတာလည်း ရှိတာပေါ့။ သားသမီးတွေကတော့ ဗိုလ်ချုပ်ကြီး သေတော့မယ်ထင်ပြီး အမွေခွဲဖို့ရာ ပြန်လာကြပါတယ်။ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးမှာ ...
movie

El Conde (2023)

2023
Buya Hamka Vol. 1 (2023) 6.8
Buya Hamka Vol. 1 (2023) Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie

Buya Hamka Vol. 1 (2023)

2023
Melchior the Apothecary: The Executioner’s Daughter (2022) 6.9
Melchior the Apothecary: The Executioner’s Daughter (2022)  Historical film တွေကို ကြိုက်တတ်တဲ့သူတွေအတွက် Melchior trilogy ထဲက တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Melchior the Apothecary: The Executioner's Daughter နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အက်စတိုနီယာနိုင်ငံ တာလင်းမြို့က ဆေးဆရာတစ်ယောက်က ရှုပ်ထွေးဆန်းကြယ်တဲ့ရာဇဝတ်မှုတွေကို လိုက်လံဖြေရှင်းတဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မယ်လ်ခီအောရဲ့ဇနီးဖြစ်သူ ကက်သလင်းဟာ တောစပ်မှာလူတစ်ယောက် ဓားပြတိုက်‌ခံရတာကို မြင်တွေ့ခဲ့တဲ့အတွက် အာဏာပိုင်တွေကိုအကြောင်းကြားပြီး တိုက်ခိုက်ခံရသူလူငယ်ကို သွားရောက်ကယ်တင်လာခဲ့ပါတယ်။ ဒါပေမဲ့ဒီလူငယ်က တိုက်ခိုက်ခံရမှုကြောင့် မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့ပြီး သူဘယ်သူဆိုတာနဲ့ တာလင်းကိုဘယ်လိုရောက်လာလဲဆိုတာကို မမှတ်မိတော့ပါဘူး။ တစ်ချိန်တည်းမှာပဲ တာလင်းမြို့ရဲ့ညဘက်တွေမှာ ထူးခြားတာတွေဖြစ်လာတာကို မယ်လ်ခီအောက သတိထားမိခဲ့ပါတယ်။ တစ်ဖက်မှာလည်း တာလင်းမြို့ကဆေးဆရာတစ်ယောက်ဟာ စုန်းတွေနဲ့ဆက်သွယ်ပြီး ဆန်းကြယ်တဲ့ရာဇဝတ်မှုတွေကို ဖြေရှင်းနေတယ်ဆိုတဲ့တိုင်ကြားချက်ကြောင့် ပုပ်ရဟန်းကြီးရဲ့သံတမန်အဖြစ် စုန်း၊ ဒိဋ္ဌိတွေကိုနှိမ်နင်းသူ ဘုန်းတော်ကြီးဖရက်ဒရစ်ခ်ဟာ တာလင်းမြို့ကို ရောက်ရှိလာခဲ့ပါတယ်။အမှုက ရိုးရှင်းတယ်ထင်ရပေမဲ့ ထင်တာထက်ရှုပ်ထွေးနေခဲ့ပြီး လူတွေဆက်တိုက်သေဆုံးလာတဲ့အခါမှာတော့ မယ်လ်ခီအောအနေနဲ့ ဒီအမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ IMDB ...
movie

Melchior the Apothecary: The Executioner’s Daughter (2022)

Apaches (2023) 5.4
Apaches (2023) Apaches (2023)"Apache" ဆိုတဲ့ စကားလုံးကတော့ ဇူနီဘာသာစကားမှာ ရန်သူ ဒါမှမဟုတ် လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဇာတ်ကားရဲ့ နာမည်အတိုင်း ပြင်သစ်လူမိုက်တွေအကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ သရုပ်ဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ အဲလစ်၊ ပေါလ်နဲ့ ထရစ်ကီဆိုတဲ့ မိဘမဲ့ကလေးသုံးယောက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး တစ်ကမ္ဘာလုံးငတ်မွတ်ခေါင်းပါးပြီး ပြန်လည်ထူထောင်နေကြရတဲ့အချိန်ပေါ့။ အဲလစ်တို့ကလည်း ဒီလိုအခြေအနေတွေမှာ လစ်ရင်လစ်သလို သူများပစ္စည်းတွေကိုလိုက်သုတ်တဲ့ သူခိုးလေးတစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့နောက်ကွယ်မှာတော့ အပါချီလို့ခေါ်တဲ့ နယ်ခံဂိုဏ်းတစ်ခုရှိပါတယ်။ သူတို့က အဲလစ်တို့သုံး​ယောက်ကို ခြိမ်းခြောက်ပြီး ပစ္စည်းတွေလိုက်ခိုးခိုင်းတာပေါ့။ တစ်နေ့မှာတော့ အဲလစ်ရဲ့အစ်ကို ပေါလ်က သူဌေးမကြီးတစ်ယောက်ဆီကနေ သူ့ညီမ ပစ္စည်းကို ဂိုဏ်းဆီသွားမပေးဘဲ မလှိမ့်တပတ်လုပ်ပြီး တခြားပွဲစားဆီမှာသွားရောင်းစားပြီးတော့ အဲဒီကာလက ရွှေသီးသီးနေတဲ့ အမေရိကားကို ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အဲလစ်တို့သုံးယောက်ကို ဂိုဏ်းကမိသွားပြီး ပေါလ်ကအသတ်ခံရ၊ အဲလစ်လည်း ထောင်ထဲမှာတိုက်ပိတ်ခံလိုက်ရပါတယ်။အဲလစ်ဟာ ထောင်ထဲနေခဲ့ရတဲ့တစ်လျှောက်လုံး သူ့အစ်ကိုကို့လက်စားချေဖို့ ငြိုးတေးထားခဲ့ပါတယ်။ ၁၅ နှစ်အကြာ အဲလစ်တစ်ယောက် ...
movie

Apaches (2023)

2023
Father & Soldier (2022) 5.9
Father & Soldier (2022) Father & Soldier (2022)~ IMDb - 5.9/10, Rotten Tomatoes - 86% ~ဒီရုပ်ရှင်နာမည်က ပြင်သစ်လိုဆိုရင် "Tirailleurs" လို့ခေါ်ပါတယ်။ အဓိပ္ပာယ်အရဆိုရင် အဲဒီခေတ်က ရှေ့တန်းမှာသုံးတဲ့ အာဖရိကတပ်သားတွေကို ရည်ညွှန်းတာပေါ့။ သူတို့တာဝန်က ရှေ့တန်းမှာကင်းစောင့်ရတယ်၊ ပစ်စရာရှိရင်ရှေ့ဆုံးကပစ်ရတယ်၊ ကျဆုံးစရာရှိရင်လည်း ဒုတိယမဟုတ်ခဲ့ကြဘူး။ အကြမ်းသုံးစစ်သည်တွေလို့ ယူဆလို့ရပါတယ်။ပထမကမ္ဘာစစ်ကာလတုန်းက ပြင်သစ်ဟာ သူတို့ရဲ့အာဖရိကန်ကိုလိုနီနိုင်ငံတွေဆီကနေ အဲဒီလိုအကြမ်းခံစစ်သားတွေကို ခေါ်သုံးခဲ့ပါတယ်။ အကြမ်းနည်းတဖုံ အနုနည်းတဖုံပေါ့။ အကြမ်းနည်းဆိုရင် အာဖရိကန်ရွာတွေကို ဝင်စီးတယ်။ လူငယ်တွေကို ပေါ်တာဆွဲတယ်။ တပ်ထဲထည့်တယ်။အနုနည်းဆိုရင် မင်းတို့ဒီတိုက်ပွဲအပြီးမှာ ပြင်သစ်နိုင်ငံသားဖြစ်ပြီး အဆင့်အတန်းမြင့်မြင့်နေရမယ်လို့ဆွယ်တယ်။ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ။ ပြင်သစ်အလံတော်အောက်မှာ စတေးကြဖို့။ဒီရုပ်ရှင်ကတော့ အဲဒီလို အမေ့လျော့ခံအာဖရိကန်စစ်သားတွေကို အမှတ်ရသောအားဖြင့်ရိုက်ကူးထားတဲ့ War, Drama ကားကောင်းလေးပါ။ရုပ်ရှင်အကျဉ်းကတော့...ဆီနီဂေါက ရွာတစ်ခုမှာ ဘာကရီတို့မိသားစုလေးနေတယ်။ ပြင်သစ်တွေ ပေါ်တာစဆွဲပြီလို့ သတင်းတွေကြားတော့ ရွာက အဖေတွေက သူတို့သားတွေကို ...
movie

Father & Soldier (2022)

2022
The New Boy (2023) 6.5
The New Boy (2023) The New Boy (2023) =============== IMDb Rating - 6.5/10ဒါရိုက်တာ Warwick Thornton ရဲ့ လက်ရာဖြစ်ပြီး မင်းသမီးကြီး ကိတ် ဘလန်းချက်က သီလရှင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလကို အခြေခံထားပြီး ဩစတြေးလျတောင်ပိုင်းရဲ့ အလှအပ တွေနဲ့ ခရစ်ယာန်ဘာသာရေးနဲ့ မူရင်း ဒေသခံ အဘိုရီဂျီနယ်မျိုးနွယ်တွေရဲ့ ယုံကြည်မှု လွန်ဆဲပုံကို သရုပ်ဖော်ထားတာပါ။ ဒါရိုက်တာ Warwick Thornton ဟာ ဘာသာရေးဆက်နွယ်ပြီး တွေးစရာတွေပေးတဲ့ လေးနက်တဲ့ ကားမျိုး တွေကို ရိုက်တတ်တဲ့သူမို့ ဒီရုပ်ရှင်ဟာလည်း လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က တည်းက သူကိုယ်တိုင်ဇာတ်ညွှန်းရေးခဲ့တာဖြစ်ပြီး ကိတ်ဘလန်းချက်နဲ့ စကားပြောရင် သူရိုက်ချင်တယ်ဆိုလို့ ဖြစ်မြောက်လာခဲ့တာပါ။ဩစတြေးလျ တောင်ပိုင်းက လူသူမနီးတဲ့ ခရစ်ယာန်ကျောင်းတစ်ကျောင်းမှာ မိဘမဲ့ ကောင်လေးတွေ အများကြီးကို စစ္စတာအိုင်လင်းဆိုတဲ့ သီလရှင်က စောင့်ရှောက်ထားပါတယ်။ အဲဒီဘုရားကျောင်းကို တကယ်ဦးစီးသူက ဒွန်ပီ တာ ဆိုတဲ့လူဖြစ်ပြီး သူသေသွားတာ တစ်နှစ်ကျော်တာတောင် စစ္စတာအိုင် လင်းတို့က ဖုံးကွယ်ထားပြီး သူရှိသေးသယောင်နဲ့ ဘုရားကျောင်းကို ဆက်ဦး စီးနေခဲ့တာပါ။ တစ်နေ့မှာတော့ ...
movie

The New Boy (2023)

2023
Shakespeare in Love (1998) 7.1
Shakespeare in Love (1998) “Shakespeare in Love” ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့တင် အထွေအထူးညွှန်းနေစရာမလိုတော့လောက်ဘူး ထင်ပါတယ်။ ဒီနာမည်ကို မရင်းနှီးကြတဲ့သူတွေအတွက်ကတော့ “ရိုမီရိုနဲ့ ဂျူးလိယက်” လို့ဆိုလိုက်ရင် မသိသူမရှိလောက်တော့ပါဘူး။ အော်စကာဆုပေါင်း ၇ ဆုတိတိ ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားဟာဆိုရင် “ရိုမီရိုနဲ့ ဂျူးလိယက်” ပြဇာတ် ဖြစ်တည်လာခဲ့တဲ့ ဇာတ်ကြောင်းရင်းခံပဲဖြစ်ပါတယ်။William Shakespeare ဟာ သူရဲ့ ပြဇာတ်အသစ်ဖြစ်တဲ့ “ရိုမီရိုနဲ့ ပိုင်းရိတ်သမီးတော် အီသယ်” ကို ကြိုရောင်းထားနှင့်ပြီးသားပေမဲ့ Writer Block ဖြစ်နေတာကြောင့် စလုံးရေ မစနိုင်ဖြစ်နေခဲ့တယ်။ သူရဲ့စိတ်ကူးယဉ်ပုံစံအမျိုးသမီးလေး Viola De Lesseps နဲ့ မတွေ့ခင်အထိပေါ့ Lady Viola က လက်ထပ်ရမဲ့ သူရှိပြီးသားဖြစ်တဲ့ ဆွေကြီးမျိုးကြီးသခင်မလေးတစ်ယောက်ဖြစ်သလို ပြဇာတ်ကို အရူးအမူးသဘောကျတဲ့ သူတစ်ယောက်။ ဒါပေမဲ့ သူတို့ခေတ်တုန်းက အမျိုးသားတွေပဲ ပြဇာတ်ကခွင့်ရှိတာကြောင့် သူက ‌ယောက်ျားလေးလို ဟန်ဆောင်ပြီး ပြဇာတ်အတွက် ...
movie

Shakespeare in Love (1998)