Channel Myanmar

History

The Colors of Fire (2022)
The Colors of Fire (2022) ဒီဇာတ်ကားထဲမှာ ဘဏ်လုပ်ငန်းရှင်သူဌေးကြီးမာဆယ်ပယ်ရီကော့ရဲ့စျာပနနဲ့ ဇာတ်လမ်းကိုစတင်ခဲ့တယ်။ သူဌေးသမီး မယ်ဒလင်းက ဖခင်မရှိတော့တဲ့နောက်မှာ အားကိုးရာမဲ့သွားရာကနေ စီးပွားရေးမှာ မိတ်ဆွေရင်းတွေဆီက သစ္စာဖောက်မှုကိုခံခဲ့ရပြီး ဖခင်ဆီကရရှိခဲ့တဲ့အမွေအားလုံးဆုံးရှုံးသွားတော့တယ်။ သစ္စာဖောက်တဲ့သူတွေကလည်း မယ်ဒလင်းယုံကြည်ခဲ့ရတဲ့အနီးဆုံးလူတွေပဲဖြစ်နေခဲ့တယ်။ ဒီဖြစ်ရပ်ဆိုးတွေမဖြစ်ခင် သူဌေးကြီးပယ်ရီကော့ရဲ့စျာပနမှာကတည်းက မယ်ဒလင်းရဲ့ ၁၁နှစ်အရွယ်သားဖြစ်သူပေါလ်က အဖိုးရဲ့အခေါင်းအပေါ်ကိုခုန်ချခဲ့တယ်။ ဒီလုပ်ရပ်ကရော ဘာအတွက်ကြောင့်ဖြစ်မလဲ?ဖြစ်ရပ်ဆိုးတွေအပြီးမှာ မယ်ဒလင်းဟာ သားဖြစ်သူနဲ့အတူ သာမန်လူတန်းစားဘဝမှာ ၅နှစ်ကြာဖြတ်သန်းရင်း သူမကိုသစ္စာဖောက်ခဲ့တဲ့သူတွေရဲ့သတင်းကိုပဲ တစ်ချိန်လုံးလိုက်နေခဲ့တယ်။ နောက်ဆုံးမှာ သူမရဲ့လက်စားချေပွဲက အရာထင်မလားဆိုတာ...။ လက်စားချေဇာတ်လမ်းမျိုးဆိုပေမဲ့ tensionမများပဲ ငြိမ့်ငြိမ့်ညောင်းညောင်းပုံစံမျိုးနဲ့ တင်ဆက်ရိုက်ကူးထားတဲ့ကားမျိုးပါပဲ။ ဇာတ်လမ်းထဲမှာ မတူတဲ့ရှုထောင့်အမျိုးမျိုးနဲ့ကြည့်လို့ရတဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ ဇာတ်လမ်းတစ်ပုဒ်လည်းပါပါတယ်။ ဇာတ်ကားတစ်ကားလုံးခြုံပြောရရင် စိတ်ကူးယဥ်ဆန်တဲ့ဇာတ်လမ်းမျိုးတော့မဟုတ်ပဲ လူ့ဘဝထဲက လက်တွေ့ဖြစ်ပျက်တတ်တဲ့အကြောင်းအရာတွေကိုမှ ကဗျာဆန်ဆန် တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size…(2.3 GB)/(900 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:15:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su ...
movie

The Colors of Fire (2022)

Full River Red ( 2023 ) Manjianghong 6.5
Full River Red ( 2023 ) Manjianghong IMDb Rating (6.5) / Rotten Tomatoes (100%)Hero, House of the flying daggers လိုမျိုး တရုတ်သိုင်း မာစတာပိစ်တွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ ကျန်းရိမိုရိုက်ကူးထားတဲ့ "Full River Red" ရုပ်ရှင်ကားဟာ ရုံတင်ကတည်းက နာမည်ကျော်ကြားလူကြိုက်များခဲ့ပြီး စံချိန်ပေါင်းများစွာရရှိခဲ့သလို ရုံတင်ဝင်ငွေလည်း ၆၇၅.၅ မီလီယံ(USD) အထိရရှိခဲ့ပါတယ်။ဇာတ်လမ်းကတော့ စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးချိန်မှာ နောက်ဆက်တွဲဖြစ်လာတာတွေကို စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ခမ်းခမ်းနားနားကို ဇာတ်လမ်းတည်ဆောက်ထားတာပါပဲ။ သိုင်းကားပရိသတ်တွေကတော့ စစ်သူကြီးယွဲ့ဖေးနာမည်ကို စိမ်းမယ်မထင်ပါဘူး။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ လုကြတဲ့ ဝူမုစစ်ဗြူဟာကျမ်းဆိုတာဟာ စစ်သူကြီးယွဲ့ဖေးရေးခဲ့တယ်ဆိုတဲ့အကြောင်း အထပ်ထပ်ပါပါတယ်။နောင်မှာ နဂါးနိုင်ဓားထဲကို မြှပ်နှံခံရတဲ့ စာအုပ်ပါပဲ။ ဒီသိုင်းဇာတ်လမ်းတွေက စိတ်ကူးယဉ်ဖြစ်ပေမဲ့ စစ်သူကြီးယွဲ့ဖေးကတော့ တကယ်ရှိခဲ့ပါတယ်။ ယွဲ့ဖေးဟာ စုန့်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်မက်ဖြစ်ပွားနေချိန်မှာ ကျင်းတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ စစ်သူကြီးပါပဲ။ ဒါပေမဲ့ အမတ်ချုပ်ကြီး ချင်ဟွေက သစ္စာဖောက်လို့ စွပ်စွဲပြီး ကွက်မျက်ပစ်တာကို ခံခဲ့ရပါတယ်။ စစ်သူကြီးယွဲ့ဖေးဟာ ကျောကုန်းမှာ သူ့ရဲ့မိခင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆေးမှင်ကြောင်ဖြစ်တဲ့ နိုင်ငံအပေါ်သစ္စာစောင့်ပါဆိုတဲ့ ...
movie

Full River Red ( 2023 ) Manjianghong

4K HEVC
Pinball: The Man Who Saved the Game (2023)
Pinball: The Man Who Saved the Game (2023) 1942 ခုနှစ်မှစပြီး ပင်ဘောကိုရာဇဝတ်အဖွဲ့အစည်းတွေချုပ်ကိုင်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်ကမြို့တော်တော်များများမှာ ပိတ်ပင်ပစ်ခဲ့ပါတယ် ။ 1970 ပြည့်နှစ်တွေမှာ Roger Sharpe ဆိုတဲ့နှုတ်ခမ်းမွှေးကားကားနဲ့လူတစ်ယောက် နယူးယော့မြို့ကြီးကိုစာရေးဆရာဖြစ်ချင်လို့ ရောက်လာရင်း မဂ္ဂဇင်းတိုက်တစ်ခုမှာအလုပ်လည်းရ Ellen ဆိုတဲ့ကောင်မလေးလည်းရပြီး သာယာနေတဲ့အချိန်မှာ သူရဲ့တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့ ပင်ဘောကိုပိတ်ပင်ထားကြောင်းသိရှိသွားတဲ့အချိန် Roger တစ်ယောက် စာရေးဆရာအနေနဲ့ရော Music and Amusement Association(MAA) နဲ့ပူးပေါင်းပြီးရော ပင်ဘောတရားဝင်ပြန်လည်ဖြစ်မြောက်ရေးအတွက် ဘယ်လိုတွေကြိုးစားမလဲဆိုတာကို ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင်တော့ ပင်ဘောရဲ့ကယ်တင်ရှင်ကြီးRoger Sharpe ရဲ့ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်ခင်ဗျာ ။ ပင်ဘောကိုအကြောင်းပြချက်မျိုးစုံနဲ့ပိတ်ပင်ထားတဲ့ အမေရိကန်ကမြို့တွေရဲ့ဥပဒေတွေ၊ ပင်ဘောစတီထွင်တုန်းကနဲ့အခု ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာတွေနဲ့ Roger နဲ့ Ellen တို့အတူဖြတ်သန်းခဲ့ကြပုံကို လက်ရှိအချိန်မှာ Roger Sharpe ကပြန်ပြောပြနေပုံနဲ့တစ်မျိုး 1970 တုန်းက Roger Sharpe အနေနဲ့တစ်ဖုံ ဟာသလေးနှောပြီးတင်ဆက်ထားပါတယ် ။ ဒါရိုက်တာတွေကတော့ညီအကိုတွေဖြစ်တဲ့ Austin နဲ့ Meredith Bragg ကရိုက်ကူးထားတာဖြစ်ပြီး ...
movie

Pinball: The Man Who Saved the Game (2023)

Texas Killing Fields(2011) 5.7
Texas Killing Fields(2011) ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမှာအမျိုးသမီးငယ် ၄ ယောက်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက်တက္ကဆက်ပြည်နယ်က ရွံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကြားက ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ပြည်နယ်တွင်းလမ်းကြောတစ်လျှောက်မှာ ရှိတဲ့ မြေကွက်ကျယ်တစ်ခုကိုလူသတ်ကွင်းတွေ လို့ အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်.နှစ်တွေကွာခြားပေမယ့် ဒီအမျိုးသမီး ၄ ဦးစလုံးကိုတစ်နေရာတည်းမှာပဲ ရှာတွေ့ခဲ့ကြပါတယ်.သူတို့ရဲ့သေဆုံးမှုတွေက ဆက်စပ်မှုရှိသလား.တိုက်ဆိုင်မှုလားဆိုတာတော့ အဖြေမရှာနိုင်ခဲ့ပါဘူး.ဒီဇာတ်လမ်းကိုတော့ “The Killing Fields” လို့အမည်ရပြီးကာလမှာ အခြေတည်ထားပါတယ်.တက္ကဆက်မြို့ငယ်လေးက စုံထောက်တစ်ဦးဖြစ်တဲ့မိုက်ခ်ဆောက်ဒါ ဟာ နယူးယောက်မြို့က ပြောင်းလာတဲ့ပါတနာ စုံထောက်ဘရိုင်ယန်ဟေ့ဂျ်နဲ့အတူ.လူသတ်မှုတွေကို ဖော်ထုတ်နေသူ ဖြစ်ပါတယ်.အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးမှုတွေကြားကနေအမည်ဆိုးနဲ့ကျော်ကြားတဲ့ ”The Killing Fields” နဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့.တစ်ကြော့ပြန်လာတဲ့ အတိတ်ကို သူတို့လက်ထက်မှာ ရပ်တန့်နိုင်မလား. ဉာဏ်များပြီးကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်မလားဆိုတာကို ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်သား အားပြိုင်မှု၊ ဉာဏ်ကစားပုံများ၊ ဇာတ်ကွက်အလှည့်အပြောင်းများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.69GB / 771MB Quality… Blu-Ray 1080p ...
movie

Texas Killing Fields(2011)

2011
The Messenger(2019) 7.0
The Messenger(2019) The Messenger(2019)*******************၁၉၃၉ ခုနှစ်မှာ နာဇီဂျာမဏီတွေဟာ ပိုလန်နိုင်ငံကို ကျူးကျော်စစ် စတင်ပြီး ဒုတိယကမ္ဘာစစ်မီးကိုမွေးခဲ့ပါတယ်။ ဒီဇာတ်ကားက အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်စပြီး ငါးနှစ်တာအကြာ ပိုလန်နိုင်ငံအခြေအနေကို ဇာတ်အိမ်တည်ထားတာပါ။ ပိုလန်သားတို့က တန်ပြန်တိုက်ခိုက်ခဲ့ကြပေမယ့် အင်အားကြီးတဲ့ဂျာမန်တွေကိုမယှဥ်နိုင်ခဲ့ပါဘူး။ ပိုလန်အစိုးရဟာလည်း နိုင်ငံတွင်းမှထွက်ပြေးခဲ့ရပြီး လန်ဒန်မှာအခြေစိုက်ကာ နယ်နှင်ခံအစိုးရဖြစ်ခဲ့ရပါတယ်။ နိုင်ငံတွင်းမှာ ပိုလန်စစ်တပ်အချို့ဟာ မြေအောက်အဖွဲ့အစည်းတွေအဖြစ်၊ အိမ်စောင့်စစ်တပ်အဖြစ်နဲ့တော်လှန်ပုန်ကန်ဖို့ အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။ အစိုးရနဲ့ စစ်တပ်ဟာ နိုင်ငံတွေခြားနေရတော့ အရေးတကြီးဆက်သွယ်ဖို့ဆိုရင် အထောက်တော်တွေလိုလာပါပြီ။ သာမန်ကိစ္စမျိုးဆိုကြေးနန်းနဲ့ဆက်သွယ်ရပေမယ့် အရေးကြီးသတင်းအချက်အလက်တွေပေးပို့ချင်ရင်အထောက်တော်တွေကသာ ဂျာမန်တွေသိမ်းထားတဲ့ နိုင်ငံတွင်းခိုးဝင်ခိုးထွက်နဲ့ ဆက်သွယ်ပေးရပါတယ်။ ပိုလန်ကို ဂျာမဏီတို့စကျူးကျော်ခဲ့စဥ်က ဆိုဗီယက်တွေ ဝင်မစွက်ဖက်စေဖို့ဆိုပြီးဂျာမဏီနဲ့ ဆိုဗီယက်က ပိုလန်နိုင်ငံကိုခွဲဝေယူကြမယ်ဆိုကာ တိုးတိုးတိတ်တိတ်သဘောတူထားကြပါသေးတယ်။ နောက်တော့ ဆိုဗီယက်တွေလည်း ပိုလန်ကိုကျူးကျော်လာရော ပိုလန်တို့ခမျာဘယ်သူ့ကိုအရင်တိုက်လို့တိုက်ရမယ်၊ ဘယ်သူ့ကိုအကူအညီတောင်းရမယ် မသိဖြစ်နေပါပြီ။ ဒီလိုအချိန်မှာ မဟာမိတ်တပ်ပေါင်းစုတွေကလည်း ပိုလန်ကို ကူညီဖို့ထက် အခြားစစ်မျက်နှာပြင်ကိုသာအာရုံများနေပါတယ်။ ဒီလို ကူရာကယ်ရာမဲ့နေတဲ့ ပိုလန်အိမ်စောင့်စစ်တပ်နဲ့ ပိုလန်နယ်နှင်ခံအစိုးရကြားအထောက်တော်တွေ ဘယ်လိုဆက်သွယ်ပေးခဲ့ရလဲ၊ ဒီရှုပ်ထွေးလွန်းတဲ့ နိုင်ငံရေး၊ စစ်ရေးကာလကနေ ပိုလန်တို့ ဘယ်လိုရုန်းထွက်တော်လှန်ခဲ့ကြလဲဆိုတာ မြင်တွေ့ရမယ့် စပိုင်ဆန်ဆန် အက်ရှင်ကားကောင်းတစ်ကားပါ....File Size :(1.6GB) and (802MB) Quality ...
movie

The Messenger(2019)

The Crucible (1996)
The Crucible (1996) ဒီဇာတ်လမ်းလေးကတော့ အယူသီးမှုကနေ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ရိုက်ကူးထားတာပါ။ တွေးရင် တွေးနိုင်သလောက် ပညာရစေတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်တယ်။ တကယ်တော့ အပြင်လောကမှာရှိတဲ့စေတန်ထက် မိမိကိုယ်တွင်းစိတ်ယုတ်ကသာလျှင် စေတန်အစစ်အမှန်ပဲဖြစ်တယ်။ ၁၆ရာစုဝန်းကျင်ခန့်က ဆေလန်ပြည်နယ်မှာ စုန်းအတတ်ကျင့်သုံးတယ်ဆိုတဲ့ စွဲချက်နဲ့ လူ၂၀၀ကျော်ခန့် အစွပ်စွဲခံခဲ့ရပြီး အပြစ်မဲ့သူ ၁၉ယောက်သေဒဏ်ကျခံခဲ့ရပါတယ်။ The Crucibleရုပ်ရှင်ကတော့ ဒီဆေလန်ပြည်ဖြစ်စဥ်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာပါ..။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဂေးဝီလီယမ်အပါအဝင် အမျိုးသမီးငယ်အများအပြားက အုပ်စုဖွဲ့ပြီး တဖက်သတ်ချစ်တဲ့ယောကျ်ားတွေရဲ့ အချစ်ကိုရဖို့ တောထဲမှာ ဂါထာတွေရွတ်ပြီး ကခုန်ကြတယ် ။ အဲဒီအချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီးပါးရစ်က တူမဖြစ်တဲ့အက်ဘီဂေးနဲ့ သမီးဖြစ်တဲ့ဘတ်တီတို့ကို တွေ့သွားခဲ့တယ်။ အသက်ငယ်သေးတဲ့ ဘတ်တီက ကြောက်အားလန့်အားနဲ့ မေ့လဲရာကနေ တစ်ရွာလုံးမှာ စုန်းပြုစားခံရတယ်ဆိုတဲ့ သတင်းပြန့်သွားခဲ့တယ်။ အက်ဘီက ဒီအခွင့်အရေးကို အသုံးချပြီး  အိမ်ထောင်သည်ဂျွန်ပရော့တာနဲ့ ပေါင်းဖက်ရဖို့ ကြိုးစားတော့တယ်။ အက်ဘီအပါအဝင် တခြားမိန်းမငယ်လေးတွေအားလုံး စေတန်လက်က လွတ်လာတာမို့ စေတန်နဲ့ပက်သက်သူတွေကို သိထားပါတယ်ဆိုရာကနေ...ဆေလန်ပြည်တစ်ပြည်လုံးက အက်ဘီရဲ့တပ်မက်မှုလောဘစိတ်တွေနဲ့ ကြိုးကိုင်မှုအောက်ကို ကျရောက်သွားခဲ့တယ်။ ...
movie

The Crucible (1996)

Amazing Grace(2006) 7.4
Amazing Grace(2006) Amazing Grace(2006)*********************IMDB...7.4၁၇ရာစုနှစ်အလယ်ပိုင်းလောက်က ကမ္ဘာကြီးမှာ ကိုလိုနီနယ်မြေတွေ၊အင်ပါယာတွေကြောင့်ကျွန်ကူးသန်းရောင်းဝယ်ရေးဆိုတာ ပေါ်ထွန်းလာခဲ့ပြီး အဓိကအချက်ကတော့ လုပ်ခသက်သာတာရယ် စိုက်ပျိုးရေးလုပ်ငန်းအမျိုးမျိုးအတွက် ခေါင်းပုံဖြတ်လို့ရတာတွေကြောင့်ပါ။ ဒီထဲမှာမှ ဗြိတိန်အင်ပါယာဟာလည်း ကိုလိုနီနယ်မြေတွေမှာ ကြံပင်၊ကော်ဖီပင်စတဲ့စိုက်ပျိုးရေးတွေလုပ်ပြီး တိုင်းပြည်စီးပွားရေးအတွက် ကျွန်တွေအပေါ်မှီတည်ထားပါတယ်။ ၁၈ရာစုနှစ်အ‌ရောက်မှာတော့ William Wilberforceဆိုတဲ့ ဗြိတိန်ပါလီမန်အမတ်တစ်ဦးဟာကျွန်ကူးသန်းရောင်းဝယ်မှုကို ဖျက်သိမ်းဖို့ ဦးဆောင်လှုပ်ရှားခဲ့ပြီး ဒီဇာတ်လမ်းဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ ကျွန်စနစ်အပေါ် အဲ့ခေတ်ကပါလီမန်အမတ်တွေရဲ့အမြင်၊ လူထုအမြင်တွေကို သိသာအောင်ရိုက်ကူးပြထားတာပါ။ စနစ်တစ်ခု ပြုပြင်ဖို့ ဖျက်သိမ်းဖို့ လွှတ်တော်မှာတင်ပြကြတဲ့အခါ လက်ခံတဲ့သူတွေရှိသလိုဒီစနစ်ကနေအကျိုးအမြတ်ရနေသူတွေကတော့ ကန့်ကွက်ကြမှာပါပဲ။ ဒါဟာ ဖြစ်နေကျ နိယာမပါပဲ။ ဒါကို William Wilberforceဦးဆောင်တဲ့လူတစ်စုကအကြိမ်ကြိမ်ကျရှုံးရင်း ဘယ်လိုရင်ဆိုင်သွားကြလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုနိုင်ပါပြီ။ သရုပ်ဆောင်တွေအနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ Fantastic Four မင်းသား Ioan Gruffuddကအဓိကဇာတ်ဆောင်နေရာကပါဝင်ထားပြီး Doctor Strange မင်းသားBenedict Cumberbatchလည်းပါဝင်သရုပ်ဆောထားပါတယ်..File Size :(3.07GB) and (1.01GB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Biography, Drama , History Subtitle : Myanmar Subtitle (Hard ...
movie

Amazing Grace(2006)

Red Sorghum (1988) 7.3
Red Sorghum (1988) Red Sorghum (1988)~ IMDb - 7.3/10, Rotten Tomatoes - 85% ~ကျန်းရိမူရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ဟာ တရုတ်စာရေးဆရာ Mo Yan ရဲ့ Red Sorghum ဝတ္တုထဲပါတဲ့ ဝတ္တုလတ်ငါးပုဒ်ထဲက ပထမ၂ပုဒ်ဖြစ်တဲ့ "Red Sorghum" နဲ့ "Sorghum Wine" ကို ပေါင်းပြီး ရိုက်ထားတယ်။ ဒီငါးပုဒ်လုံးက ဆက်တော့ဆက်နေပေမဲ့ တကယ်တမ်း စာရေးဆရာက မဂ္ဂဇင်းမှာ တစ်ပုဒ်ချင်းစီ ခွဲရေးခဲ့တဲ့ ဝတ္တုလတ်တွေဆိုတော့ ဝတ္တုလတ်၂ပုဒ်လို့ပြောရင်တော့ ပိုမှန်လိမ့်မယ်။ Red Sorghum ဟာ ကျန်းရိမူရဲ့ ပွဲဦးထွက်လက်ရာပေမဲ့ စီနီမာတိုဂရပ်ဖီကတော့ တော်တော်လေး ကြမ်းနေတာတော့ အံ့အားသင့်ဖို့ကောင်းတယ်‌ ပြောရမလိုလို မဆန်းသလိုလိုပါပဲ။ ဘာလို့ဆို ကျန်းရိမူဟာ ဒီကားမရိုက်ခင် စီနီမာတိုဂရပ်ဖာအနေနဲ့ ရုပ်ရှင်လောကမှာ အသက်မွေးဖူးတဲ့လူမို့ပါပဲ။ ဒါပေမဲ့ ဆန်းတာက ဒီကားဟာ ...
movie

Red Sorghum (1988)

1988
The Last Kingdom: Seven Kings Must Die (2023) 7.7
The Last Kingdom: Seven Kings Must Die (2023) The Last Kingdom: Seven Kings Must Die (2023) ================================= IMDb Rating - 7.7/10နာမည်ကြီး The Last Kingdom ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်း ရုပ်ရှင်ထွက်လာပါပြီ ။ Vikings နဲ့ Game of Thrones fan တွေဆိုရင် သေချာပေါက်အကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲ လည်းဖြစ်ပါတယ် ။၀က်ဆက်ရဲ့ဘုရင် အက်ဒ်၀က်ကျဆုံးပြီးနောက်မှာ အရိုက် ရာဆက်ခံသူအဖြစ် သားဖြစ်သူ အဲသည်စတန် နန်းတက်လာ ပါပြီ။ ဖခင်ရဲ့ မပြီးပြတ်သေးတဲ့ဆန္ဒဖြစ်တဲ့ အင်္ဂလန်ပြည်ကြီး ကိုတည်ဖို့အတွက် ဆက်လက်ကြိုးစားနေဆဲပါ။အက်ဒ်၀က်ဘုရင် ကျရှုံးပြီးနောက်မှာ အရင်က အူထရက် အကူ ညီနဲ့ မဟာမိတ်ဖွဲ့ပေးခဲ့တဲ့ နော့သမ်းဘီးယား၊ ၀င်ချက်စတာ၊ စကော့တလန်၊ ဝေလ အစရှိတဲ့ဘုရင့်နိုင်ငံတော်များကလည်း ခွဲထွက်ရေးအတွက် မဟာမိတ်ဖွဲ့ပြီး ၀က်ဆက်နန်းတက်ဘုရင် ကို တော်လှန်ကြပါတယ်။ ဒါကို လက်ပိုက်ကြည့်နေလို့မဖြစ်တော့ တဲ့ ဇာတ်လိုက်ကျော်ကြီး ဘီဘာမ်ဘာ့ရဲ့ အူထရက်က ၀င်ပါ ရပါတော့တယ်။The last Kingdom ဇာတ်လမ်းတွဲရဲ့နောက်ဆုံးအဆုံးသတ် ဖြစ်သလို အူထရက်နဲ့ ၀က်ဆက်ပြည်ကြီး ဘယ်လိုအဆုံးသတ် သွားမလဲ၊ အင်္ဂလန်ပြည်ကြီးရောတည်ထောင်သွားမှာလား ...
movie

The Last Kingdom: Seven Kings Must Die (2023)

2023
April 9th(2015) 6.6
April 9th(2015)  Genre - War, Action, Drama IMDB - 6.6/10ဧပြီလ ၉ ရက်နေ့တဲ့ ဒီနေ့ရက်ကို ဒိန်းမတ်လူမျိုးတွေ သူတို့ တစ်သက်တာ ဘယ်တော့မှ မေ့နိုင်ကြမယ်လို့ မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ ၁၉၄၀ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ဥရောပမှာ အင်အားကြီးထွားနေတဲ့ ဖက်ဆစ်ဂျာမန်တပ်တွေက ဒိန်းမတ်နိုင်ငံကို စတင်ကျူးကျော်ခဲ့လို့ ဖြစ်ပါတယ်။ဂျာ့လန်ကျွန်းစွယ်ရဲ့တောင်ဖက်တွေမှာ တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်ခဲ့ကြတာပေါ့။ ဒီလိုအင်အားကြီးနေတဲ့ ဂျာမန်စစ်တပ်ကြီးကို ယှဉ်တိုက်ရမှာက အဖက်ဖက်က မယှဉ်နိုင်တဲ့ ဒိန်းမတ်စစ်တပ်လေးပေါ့။ တင့်ကားတွေ သံချပ်ကာယာဉ်တွေ မော်တာတွေ ရှိတဲ့ ဂျာမန်နဲ့ ရင်ဆိုင်ရာမှာ ဒိန်းမတ်ဖက်တော့ အမြင့်ဆုံးဆိုလို့ စက်သေနတ်သာ ရှိပါတယ်။ပြီးတော့ တင့်ကားတွေ ယာဉ်တွေမပြောပါနဲ့ ပထမဆုံး စစ်မျက်နှာပြင်ကို ခံစစ်ဖွင့်ရတဲ့တပ်စုတွေကိုကြည့် မော်တော်ဆိုင်ကယ်တပ်စုတဲ့ မင်းသားတို့ဆို ပိုဆိုး နယ်စပ်က အိမ်စောင့်စက်ဘီးတပ်စုလေးဗျာ အဲဒါလေးနဲ့ ဟိုဖက်က ဧရာမဘီလူးတွေကို ...
movie

April 9th(2015)

Hidden Blade ( 2023 ) 6.9
Hidden Blade ( 2023 ) အားလုံးစောင့်မျှော်နေတဲ့ Tony Leung နဲ့ Wang Yi bo ရဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားကြီး Hidden Blade ကိုCMကနေတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့ဒုတိယကမ္ဘာစစ်အတွင်း မျိုးချစ်စိတ်အပြည့်ရှိတဲ့ပြည်သူတစ်စုဟာ ဂျပန်ဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့တယ်။ပုလဲဆိပ်ကမ်းကိုဂျပန်တွေတိုက်ခိုက်ပြီးနောက် ရုပ်သေးအစိုးရဖြစ်တဲ့ဝမ်းအစိုးရက အမေရိကန်မဟာမိတ်တပ်ကိုစစ်ကြေညာပြီး ဂျပန်နောက်ကိုလိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျပန်တွေကရှန်ဟိုင်းတစ်နယ်လုံးကိုသိမ်းပိုက်ခဲ့တယ်။ စစ်ရေးအခြေနေတွေပြောင်းလဲလာတာနဲ့အမျှ တရုတ်နိုင်ငံကလဲ ခံစစ်အနေအထားကိုပြောင်းလဲသွားပြီး တရုတ်ကွန်မြူနစ်အဖွဲ့ဝင်တွေက ဂျပန်ကိုတော်လှန်ပြီး နိုင်ငံတော်ကိုကာကွယ်တဲ့အချိန်ကာလကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။Tony Leungရဲ့သရုပ်ဆောင်ချက်တွေကတော့ ထုံးစံအတိုင်းပြောစရာမရှိအောင်ပြည့်စုံပါတယ်။ ဒီကားမှာ Yi bo ရဲ့သရုပ်ဆောင်စွမ်းရည်ကိုချီးကျူးထားကြတော့ ဘယ်လိုပဲဖြစ်ဖြစ်ကြည့်ဖို့သင့်ပြီမဟုတ်လား အဝတ်အစားပိုင်း Cinematography စတာတွေကလဲအရမ်းကိုကျေနပ်စရာကောင်းပါတယ် အများကြီးမပြောတော့ပါဘူး ကြည့်ပြီးရင်စိတ်ကျေနပ်မှုရမှာပါလို့ပဲပြောပါရစေနော် [ Reviewed By Nu Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , History , Mystery Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Hidden Blade ( 2023 )

Serena(2014) 7.0
Serena(2014) Serena(2014)************မင်းသားကြီးBradley Cooperနဲ့ မမJennifer Lawrenceတို့အဓိကသရုပ်ဆောင်ထားတဲ့ Dramaကားလေးပါ။ဂျော့်ဟာ ရည်မှန်းချက်ကြီးတဲ့ သစ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးတစ်‌နေ့မှာတော့ ဆရီနာကို မြင်မြင်ချင်းချစ်ခင်သွားပြီး တွေ့တွေ့ချင်းပဲလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဆရီနာကလည်း သစ်လုပ်ငန်းရှင်တစ်ဦးရဲ့သမီးဖြစ်တာနဲ့အညီ ဂျော့်နဲ့လက်တွဲခဲ့ပြီးနောက်မှာ သူ့စီးပွားရေးကိုပါဦးစီးနိုင်လာပါတယ်။ အချစ်စစ်တို့မည်သည် ရိုးရှင်းဖြောင့်ဖြူးမနေပါဘူး..တကယ်တော့ သူတို့ (၂) ဦးလုံးမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီးအဲ့ဒီအရာတွေပေါ်လာတဲ့အခါမှာတော့ သူတို့ဘယ်လိုဆက်ဖြတ်သန်းကြမလဲ.. ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ရိုက်ကွင်းလှလှတွေနဲ့ လိုက်ဖက်လှတဲ့မမJennifer Lawrenceတို့စုံတွဲကို တစ်ဝကြီးထိုင်ကြည့်နိုင်ပါပြီ။File Size :(1.9GB) and (700MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:49:00 Genre :History, Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Serena(2014)

Throne of Blood (1957) 8.1
Throne of Blood (1957) Throne of Blood (1957)~ IMDb - 8.1/10, Rotten Tomatoes - 96% ~ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ ...
movie

Throne of Blood (1957)

1957–
Tetris (2023) 7.4
Tetris (2023) Tetris (2023) ========== IMDb Rating - 7.4/10တက်ထရစ်ဂိမ်းကို လူအတော်များများဆော့ဖူးပြီး မဆော့ဖူးရင် တောင် မြင်ဖူးကြမှာပါ။ သန်း ၅၂၀ ကျော် ရောင်းချခဲ့ရပြီး မိုဘိုင်း ဂိမ်းအဖြစ် သန်း ၆၅၀ ကျော် ဒေါင်းလုတ်ဆွဲခံရတဲ့ ဂိမ်းတစ်ခုဖြစ် ပါတယ်။ ၂၀၂၀ အထိ သမိုင်းတလျှောက်အရောင်းရဆုံးဂိမ်းဖြစ် ခဲ့ပြီး အဲဒီနောက်မှာမှ Minecraft (2009) က ကျော်တက်သွား ခဲ့တာပါ။ လက်ရှိမှာတော့ Minecraft ကပထမ၊ Grand Theft Auto V (2013) က ဒုတိယနဲ့ Tetris က တတိယဖြစ်နေပါပြီ။ဒါပေမဲ့ ဂိမ်းစက်နဲ့ကော်ပီရောင်းရနှုန်းက သန်း ၅၀၀ ကျော်တာမို့ မာရီယိုပြီးရင် ဒုတိယအရောင်းရဆုံး ဂိမ်းဖရန်ချိုက်စ်လည်း ဖြစ် နေပါတယ်။ အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစူးစိုက်ပြီး လုပ်လိုက်ရင် အဲဒီအရာက လူတွေရဲ့ အတွေးတွေ အိပ်မက်တွေ စိတ်ပုံရိပ်တွေကို လွှမ်းမိုးသွားတဲ့ သက်ရောက်မှုကိုတောင် စိတ် ပညာရှင် Jeffrey Goldsmith က Tetris Effect ...
movie

Tetris (2023)

2023
The Silent Forest (2022) 5.3
The Silent Forest (2022) The Silent Forest (2022)ဒီကားရဲ့ Genre က Crime, Drama, History, Mystery, Thriller ပါတဲ့။ ဒီ Genreနဲ့လိုက်အောင်ပဲ ဒီအချက်တွေ အားလုံး ဒီကားမှာပြည့်စုံတယ်ပြောရမယ်။ စစချင်း ခင်ဗျားကို ဒီကားက တောတွင်းတစ်နေရာမှာ ဘာတွေဖြစ်နေလဲမသိတဲ့ သစ်တောဝန်ထမ်းမလေးနဲ့ သစ်တောထဲက လူရဲ့အဖြစ်ကို Mystery ဆန်ဆန်ပြလိမ့်မယ်။ ဒီနောက် ဒီကိစ္စတွေကို Crime ဆန်ဆန် ကောင်မလေးငယ်ငယ်က ဒီတောမှာ ပျောက်သွားတဲ့ ကောင်မလေးအဖေဘာဖြစ်သွားလဲ ကောင်မလေး ခြေရာခံတာတွေလာလိမ့်မယ်။ နောက် မြို့ခံလူတွေကြားက Drama တွေနဲ့ ကောင်မလေးကို ဒီအဖြစ်ရဲ့အဖြေကို မရှာဖြစ်အောင် တားတာတွေက Thriller ဆန်လာမယ်။ နောက်ဆုံးမှာ ဒီကားရဲ့အဖြေကို History ထဲက ဂျာမန်အကျဉ်းစခန်းတစ်ခုနဲ့ ဆက်စပ်ပြီး ပြသွားတယ်။ သူတင်ပြထားတဲ့ အကြောင်းအရာလေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို ကားအစအဆုံး သစ်တောကြီးတစ်ခုထဲ ...
movie

The Silent Forest (2022)

2022
Ammonite (2020) 6.5
Ammonite (2020) Ammonite (2020) ============= IMDb Rating 6.5/10၁၈ရာစုနှစ် အမျိုးသားဝါဒီ ကြီးစိုးတဲ့ ကာလတစ်ခုမှာ ကျောက် ဖြစ်ရုပ်ကြွင်းပညာရပ်မှာ ထူးချွန်ပြောင်မြောက်လှတဲ့ နက္ခတ္တ ပညာရှင် အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Mary Anning ရဲ့ biography အကြောင်းကို ရိုက်ကူးထားတာပါ။ သူရှာဖွေတွေ့ ရှိခဲ့တဲ့ အကျော်ကြားဆုံး ကျောက်ဖြစ်ရုပ်ကြွင်းကတော့ Ichth- yosaur လို့ခေါ်တဲ့ fossil တစ်ခုပါပဲ။Mary Anning က ကမ်းခြေမှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လိုက်ရှာဖွေရင်း Lyme Regis မြို့ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံလှည့်ခရီးသွားတွေကို ရောင်းချပြီး နာမကျန်းဖြစ်နေတဲ့ အမေ အိုတစ်ယောက်နဲ့ အတူ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ သူ့ကို လေးစားအားကျတဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး Fossils တွေအကြောင်း စူးစမ်းလေ့လာမယ့် ခရီးစဥ်အတွက်လာပြောပါတယ်။အဲအမျိုးသားနဲ့အတူ သူရဲ့မိန်းမဖြစ်တဲ့ Charlotte လည်းပါလာခဲ့ပါ တယ်။အဲအမျိုးသားက နာမကျန်းဖြစ်နေတဲ့ သူ့မိန်းမ Charlotte ကို ကူညီပေးဖို့ Mary ကို တောင်းဆိုလာပြီး နောက်ပိုင်းမှာတော့ Mary နဲ့ Charlotte တို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ ၁၈ရာစုနှစ်က အမျိုးသမီး နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းက ...
movie

Ammonite (2020)

2020
A New Old Play ( 2022 ) 5.9
A New Old Play ( 2022 ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၁၉၈၀ ခုနှစ်နဲ့ ညနေခင်းလေးတစ်ခုမှ ၂၀ရာစုရဲ့ စစ်ချွမ်းအော်ပရာ ထိပ်တန်းသရုပ်ဆောင် ချိုးဖူ ဆိုသူဟာ ဒီလောကကနေ စွန့်ခွာပြီး မြေအောက်ကမ္ဘာက အရာရှိကြီးနှစ်ဦးရဲ့ ဦးဆောင်မှုနဲ့ အတူ "သစ္ဆေမြို့တော်" ကို သွားရောက်ခဲ့ရပါတော့တယ် ။ ဒီလိုနဲ့ လမ်းမှာ မိတ်ဆွေဟောင်း ၂ ယောက်နဲ့တွေ့ဆုံပြီး သူတို့မသေခင်က အတိတ်ကို ပြန်လည်တမ်းတ ခဲ့ကြတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။❏ အတိတ်မှာ ကံကြမ္မာ ကသောင်းကနင်းဖြစ်နေတဲ့ကြားက အော်ပရာ ပညာကို သင်ယူခဲ့ရှာတဲ့ ချိူးဖူ ❏ စစ်ပွဲတွေ မတည်မငြိမ် ဂျပန်တွေအုပ်စိုးနေစဥ်ကာလမှာ စစ်ချွမ်းရဲ့ ထိပ်တန်းအော်ပရာ ဆရာဖြစ်လာသူ ချိူးဖူ ❏ အော်ပရာကတဲ့ သရုပ်ဆောင်ဖြစ်ပေမဲ့လို့ နိုင်ငံရေးအတွက် တော်လှန်မှုတွေပြုလုပ်ခဲ့တဲ့ နေရာမှာလဲ ပါဝင်ခဲ့ရရှာတဲ့ ချိုးဖူဝမ်းနည်းမှုတွေ ခါးသီးမှုတွေ နဲ့ပြည့်နှက်နေတဲ့ ဇာတ်ကောင် ချိုးဖူ ရဲ့ အကြောင်းကိုရင်နင့်ဖွယ်ရာ တွေ့ရှိရမှာပဲဖြစ်ပါတယ် ။ ဒီ "“A New Old Play” ဆိုတဲ့ရုပ်ရှင်လေးကို ဒါရိုက်တာ ချိုးကျုံးကျုံး က ရိုက်ကူးထားပြီး ဇာတ်အိမ်လေးကတော့ ...
movie

A New Old Play ( 2022 )

Nayika Devi: The Warrior Queen (2022) 8.2
Nayika Devi: The Warrior Queen (2022) Nayika Devi 2022 (IMDb 8.5/10)ဘာဟူဗလီတို့ ဘိုင်ရာဗားတို့လို ရာဇဝင်နောက်ခံ ရှေးနန်းတွင်း အိန္ဒိယအက်ရှင်ကားကောင်းကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားကို ထပ်မံတင်ဆက်ပေးပါရစေဘီစီ ၁၂ ရာစုလောက်က အိန္ဒိယနိုင်ငံဂူဂျာရက်ဂ်ကို အုပ်စိုးခဲ့တဲ့ ပထမဆုံးစစ်သည်တော်ဘုရင်မ နာရိကာဒေဗီအကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားပြီးတော့ ဘုရင်မနာရိကာဒေဗီရဲ့ ရဲစွမ်းသတ္တိတွေ စစ်သည်တော်လိုမျိုး စစ်မြေပြင်မှာတိုက်ခိုက်ပုံတွေကို အထူးပြုလုပ်ချက် ကောင်းကောင်းနဲ့ရိုက်ကူးထားပြီး သမိုင်းကိုဇာတ်အိမ်တည်ထားတာဆိုတော့ ဇာတ်အိမ်မခိုင်မာမှာကို ပူစရာမလိုပါဘူးစစ်ဘုရင်မိုဟာမတ်ဂိုရီကို ပြန်လည်တိုက်ခိုက်မဲ့ ဧကရီနာရိကာဇာတ်ကားလေးကို ရာဇဝင်စစ်ကားကောင်းလေးတွေကို လွမ်းဆွတ်နေတဲ့ CM ပရိသတ်ကြီးအတွက်တင်ဆင်ပေးလိုက်ပါတယ် File size…3.1GB / 1.4GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Sai Thu Rein
movie

Nayika Devi: The Warrior Queen (2022)

2022
The War Below(2020) 7.0
The War Below(2020) The War Below(2020)********************World war 1  ကမ္ဘာစစ် ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး ကာလအားဖြင့်1915 ခုနှစ် စစ်ပွဲကြီးမှာ ဂျာမန်တွေနဲ့  အင်္ဂလိပ်တို့တိုက်နေရချိန်ပါ...ဒီချိန်မှာ ဂျာမန်ဘက်က အရေးသာပြီးပြီး အဂ်လိပ်တို့ အရေးနိမ့်နေချိန်ပါ..လူတွေ သောင်းချီ အပတ်တိုင်းသေနေပြီး ရှေ့ကိုတစ်လမတိုးဖို့တောင် ခက်ခဲနေတဲ့အဂ်လိပ်တို့ရဲ့အခြေအနေပါ..ဘာလင်ကိုသိမ်းဖို့ ဝေးစွ ....ဂျာမန်ရဲ့ရှေ့တန်းခံစစစ်စည်းကိုတောင်မကျော်နိုင်တဲ့အတွက်အင်္ဂလိပ်တို့ ထိုးစစ်ဆင်ဖို့ နည်းအမျိုးမျိုးစဉ်းစားကြပါတယ်..ဒါကြောင့်  British ခေါင်းဆောင်တွေက မိုင်းတူးသမားတွေကို လူစုပြီး ခေါ်ခဲ့ပါတယ် ..အကြံကတော့ အင်္ဂလိပ်ဘက်ကနေ ဂျာမန်ရှေ့တန်းထိ နေရာတစ်လျှောက်ကိုမြေအောက်ကနေ လှိုက်ခေါင်းတွေတူးပြီး ဗုံးထောင်ခွဲဖို့ပါ ..သာမန်အရပ်သားတွေဖြစ်နေပြီးစစ်ရေးအတွေ့ကြုံလည်းမရှိ ..ဒါ့အပြင် တူးတဲ့ကာလက အပေါ်မှာ အမြောက်သံတဝီဝီနဲ့ ဂျာမန်တွေရဲ့ နည်းဗျူဟာမြောက်ကင်းထောက်တွေကြားမှာသူတို့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....File Size :(1.1GB) and (470 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:36:00 Genre : War, History, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The War Below(2020)

Hero(2022) 7.0
Hero(2022) Hero(2022)***********ဒီရုပ်ရှင်ကားကြီးဟာ တော်လှန်ရေးသူရဲကောင်းAhn Jung Geun  ရဲ့အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တယ်.. ဒီလူဟာ ကိုရီးယားသမိုင်းရဲ့ အထင်ကရ ပုဂ္ဂိုလ်ဖြစ်လေတော့ဒါရိုက်တာကလည်း အဘက်ဘက်က ပြည့်စုံအောင် သေချာကိုရိုက်ကူးထားတာတွေ့ ရတယ်..Musical လည်းပါလေတော့ လိုက်ဖက်ပြီး ဇာတိမာန်တက်ကြွစေတဲ့သီချင်းတွေသုံးထားတော့ကြည့်ရှုတဲ့သူတွေကိုပါ သွေးဆူစိတ်လှုပ်ရှားစေတယ်.. B.Oလည်းဝင်သလိုကြည့်သင့်တဲ့ကားတစ်ကားလည်းဖြစ်တယ်..“၃ နှစ်အတွင်း ငါတို့အမိမြေရဲ့ရန်သူ အီထို ဟီရိုဘူမီကို မရှင်းပစ်နိုင်ရင်... အဲဒီအခါ သတ်သေပါ့မယ်”1900 ခုနှစ်အစပိုင်းမှာ ကိုးရီးယားနိုင်ငံအပေါ် ဂျပန်နိုင်ငံရဲ့အာဏာလွှမ်းမိုးမှု ကြီးမားလာတဲ့အလျောက်လွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတို့က လက်သူကြွယ်ကို ဖြတ်ပြီးအဆိုပါကျမ်းသစ္စာကို ကျိန်ဆိုခဲ့ကြပါတယ်..အဲဒီကျမ်းသစ္စာကို တည်နိုင်ဖို့အတွက် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှု လုပ်ဆောင်ကြပုံတွေဂျိုဆွန်းနယ်ချဲ့မှုရဲ့ အဓိကတရားခံဖြစ်တဲ့ အီထို ဟီရိုဘူမီကို ရှင်းပစ်နိုင်ဖို့ ကြိုးစားကြပုံတွေကိုတော့ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး‌နော်..အားလုံးသိပြီးသား မင်းသမီးလေး Kim Go Eun လည်း ပါ၀င်သရုပ်ဆောင်ထားပါတယ် Musical ရုပ်ရှင်ဖြစ်တဲ့အတွက် သီချင်းအမိုက်စားတွေနဲ့ပါ ထပ်‌ပေါင်းပံ့ပိုးပေးထားတာဖြစ်လို့ကြက်သီးမွေးညင်းထရင်းနဲ့ ကြည့်ရမဲ့ကားလေးပါ ....File Size :( 1.84GB )(837MB) Quality ...
movie

Hero(2022)