Channel Myanmar

Horror

Yule Log (2023)
Yule Log (2023)  ဒီရုပ်ရှင်ကတော့ ခရစ်စမတ်အကြိုနေ့မတိုင်ခင်မှာ ကျရောက်တဲ့ထုံးတမ်းဓလေ့တခုဖြစ်တဲ့ Yule Log ဆိုတဲ့ ဒဏ္ဍာရီတခုအကြောင်းကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။သူငယ်ချင်းသုံးယောက်ဟာ ခရစ်စမတ်အားလပ်ရက်ကို ဝေးလံခေါင်ဖျားတဲ့နေရာတခုက သစ်လုံးအိမ်မှာဖြတ်သန်းဖို့အတွက် ကားတစီးနဲ့ထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့ဟာ လမ်းမှာမိန်းမတယောက်ကို ဖြတ်ခနဲမြင်လိုက်ရတာကြောင့် တွေဝေနေကြပါတယ်။ လမ်းက ဓာတ်ဆီဆိုင်မှာ ဆီဖြည့်ရင်း စားစရာ၀င်၀ယ်တော့လည်း အဲဒီဆိုင်က ဒေသခံက သူတို့ကို တောထဲမှာသတိထားကြဖို့အတွက် သတိပေးလိုက်ပါတယ်။ ဒီလိုနဲ့တောထဲရောက်တဲ့အချိန်မှာတော့ ဆိုးဝါးတဲ့အဖြစ်အပျက်တွေကို စတင်ကြုံတွေ့လာရပြီး ကျော်ဖြတ်ဖို့ကြိုးစားကြရပါတော့တယ်။ File size…(2.0 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:11:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Yule Log (2023)

A Creature Was Stirring (2023)
A Creature Was Stirring (2023)  မင်းသမီးချောလေး Annalise Basso ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇာတ်ကားလေးတစ်ကားပါLouisville ဆိုတဲ့ မြို့လေးတစ်မြို့ရဲ့ ခရစ္စမတ်ကာလမှာ နှင်းမုန်တိုင်းတွေအပြင်းအထန်တိုက်နေတဲ့ကြားကနေ ဘာသာရေးယုံကြည်သက်ဝင်တဲ့ မောင်နှမနှစ်ယောက်ဟာ သာသနာပြန့်ပွားရေးအတွက်ခရီးထွက်လာကြရင်းနဲ့ ခိုလုံဖို့အိမ်တစ်အိမ်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြတယ်အိမ်ရှင်ဖြစ်တဲ့ ဖိတ် ဆိုတဲ့ Nurse တစ်ယောက်ဟာ သူ့သမီးနဲ့အတူနေထိုင်တာပေါ့ သူ့ရဲ့သမီးဖြစ်တဲ့ ချမ် မှာ ထူးဆန်းတဲ့ ရောဂါတစ်ခုဖြစ်နေတာကို အမေဖြစ်သူက ကြိတ်ကုနေတာပေါ့ ရောဂါကတော့အဆန်းပဲ Body Temperature တစ်ခုကိုရောက်သွားရင် ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားတာပါပဲ ဒါကိုလူသိမခံချင်တဲ့ သားအမိနှစ်ယောက်နဲ့ အိမ်ဖောက်ပြီးရောက်လာတဲ့ မောင်နှမနှစ်ယောက်ကြားမှာ ဘယ်လိုကြောက်စရာဖြစ်ရပ်တွေနဲ့ သည်းထိတ်ရင်ဖိုတွေဖြစ်ကြဦးမလဲဆိုတာကိုတော့.....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(748 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

A Creature Was Stirring (2023)

Minacious (2022)
Minacious (2022)  ဖုန်းမှတစ်ဆင့် လုပ်ဆောင်ရတဲ့ အများဝန်ဆောင်မှု လုပ်ငန်းတွေဟာ ပင်ပန်းတဲ့ အလုပ်အမျိုးအစား တစ်မျိုးပါ။ တစ်ခါတစ်ရံ ဖုန်းခေါ်သူနဲ့ ဝန်ထမ်းကြားမှာ စကားအချေအတင်များပြီး အကြမ်းဖက်မှုအထိ ဖြစ်နိုင်တယ်ဆိုရင်ရော ယုံကြည်နိုင်ပါ့မလား။အစ်ဇဘယ်လာ ရောဘတ်ဆန်ဟာ Regal Union Bank ရဲ့ အများဝန်ဆောင်မှုဌာနမှာ လုပ်ဆောင်နေသူတစ်ဦးပါ။ တနေ့မှာတော့ သူမဟာ ဦးလေးဖြစ်သူတစ်ယောက်အိမ်မှာ တစ်ပတ်တာ အိမ်စောင့်ပေးရမှာ ဖြစ်လို့ အိမ်တည်ရှိရာ လူသူအလှမ်းဝေးတဲ့ နေရာတစ်ခုကို သွားရောက်ခဲ့ပါတယ်။ သူမက အိမ်မှတစ်ဆင့် အလုပ်လုပ်နေသူဖြစ်ကာ ညဆိုင်းဖြစ်တဲ့အတွက် သူမအတွက်တော့ အဆင်ပြေနေပါတယ်။ဒါပေမဲ့ တညမှာတော့ သူမဟာလည်း ဖုန်းခေါ်သူဆိုဖောက်သည် တစ်ယောက်နဲ့ အချေအတင် စကားများကာ ​အသက်အန္တရယ်အထိပါ ခြိမ်းခြောက်ခံရပါတော့တယ်။ ထိုသူဟာ ခြိမ်းခြောက်ရုံသက်သက်ပဲလား အမှန်တကယ်လား ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.1 GB)/(544 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Horror Subtitle….Myanmar Subtitle ...
movie

Minacious (2022)

Nowhere(2023) 7.0
Nowhere(2023) Nowhere(2023)*************** ပင်လယ်ထဲမှာ ကွန်တိန်နာကြီးထဲမျောနေတဲ့ သားအမိနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ စပိန် သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ Cast away, Buried, Fall တို့လို တစ်ယောက်တည်း အသက်ရှင်အောင် ရုန်းရတဲ့ ရုပ်ရှင်မျိုးတွေကို ကြိုက်တဲ့သူတွေအတွက် ရုပ်ရှင်ကောင်းပါပဲ။ဇာတ်လမ်းအကျဉ်းအငတ်ဘေးဆိုက်နေတဲ့ စပိန်နိုင်ငံ အစိုးရဟာ အင်မတန်ပြောင်မြောက်တဲ့ အငတ်ဘေးလျှော့ချရေးနည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။ သက်ကြီးရွယ်အိုတွေကို အရင်ရှင်းပစ်လိုက်တာပါ။ မရသေးဘူး ငတ်ကြသေးတယ်ဆိုတော့ မိန်းမတွေနဲ့ ကလေးတွေကို စပြီးရှင်းပစ်ပါတော့တယ်။ အဲဒီတော့ နိုင်ငံထဲက နည်းလမ်းပေါင်းစုံနဲ့ လွတ်ရာကျွတ်ရာကို ပြေးကြရပါတော့တယ်။ လူသုံးအများဆုံးနည်းလမ်းကတော့ သင်္ဘောကွန်တိန်နာတွေထဲကို ခိုးပြီးလိုက်သွားကြတာပါ။ ဒါကိုသိတဲ့ အစိုးရကလည်း ဆိပ်ကမ်းမှာ ကုန်ကားတွေကို အသေးစိတ်စစ်ပြီး တွေ့သမျှ လိုက်သတ်ပါတော့တယ်။ မီရာဆိုတဲ့ မိန်းကလေးကတော့ ခင်ပွန်းသည်နဲ့အတူ ထွက်ပြေးလာပေမဲ့ သင်္ဘောအတက်မှာ လူစုကွဲသွားပြီ ကိုယ်ဝန်ကြီးနဲ့ တစ်ယောက်တည်း ကွန်တိန်နာထဲမှာပိတ်မိပြီး ပင်လယ်ထဲ မျောသွားပါတော့တယ်။ ပင်လယ်ထဲမှာပဲ ကလေးမွေးပြီး ကမ်းမမြင်လမ်းမမြင်နဲ့ အသက်ရှင်အောင်ကြိုးစားရပုံတွေ၊ ကမ်းတစ်ခုကို ရောက်နိုင်ဖို့ ရုန်းကန်ရပုံတွေကို မြင်တွေ့ရမှာပါပဲ။ File Size :(4.02GB) (1.8GB) (666MB) Quality : Web-Dl 4K HEVC 1080p/720p Format…mp4 Duration…01:49:00 Genre :   Horror , ...
movie

Nowhere(2023)

4K HEVC
The Sacrifice Game (2023)
The Sacrifice Game (2023)  ခရစ္စမတ်မှာ Horror ကားကြည့်ချင်တဲ့ လူတွေအတွက် Rotten Tomatoes မှာ 93% ရရှိထားတဲ့ ခရစ္စမတ် Horror ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဆမန်သာဆိုတဲ့ ကောင်မလေးဟာ ခရစ္စမတ်ပိတ်ရက်မှာ အိမ်မပြန်ရဘဲ ထူးဆန်းတဲ့ ကလယ်ရာဆိုတဲ့ကောင်မလေးနဲ့အတူ ကျောင်းမှာနေခဲ့ရပါတယ် အဲ့ဒီအချိန် သူတို့ပြည်နယ်မှာ နာမည်ကြီး သတင်းတစ်ပုဒ်ကတော့ ခရစ္စမတ် လူသတ်သမား သတင်းပါ ဆမန်သာ ကလယ်ရာနဲ့ သူတို့ဆရာမ သုံးယောက် ခရစ္စမတ်အကြို ညစာစားပွဲပြင်နေတုန်း သူတို့ဆီကို ခရစ္စမတ် လူသတ်သမားတွေ ရောက်လာပါတော့တယ် ခရစ္စမတ် လူသတ်သမားတွေ‌ကရော ဘာဖြစ်လို့ ကျောင်းကိုရောက်လာတာလဲ သူတို့ဟာ ကြုံရာကျပန်း လူသတ်နေတဲ့ psychopath တွေလား ကလေးတွေနဲ့ ဆရာမကရော လူသတ်သမားတွေလက်က လွတ်သွားမှာလား ဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ..... File size…(1.4 GB)/(735 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Horror, Thriller Subtitle….Myanmar Subtitle ...
movie

The Sacrifice Game (2023)

The Portrait (2023)
The Portrait (2023)  The portrait ဆိုတဲ့ဇာတ်ကားကတော့ 2023 ခုနှစ်ကထွက်ရှိခဲ့ပြီး Mystery, Horror အမျိုးအစားဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်ဟာ သူမခင်ပွန်းဖြစ်သူရဲ့ကံမကောင်းအကြောင်းမလှတဲ့ မတော်တဆဖြစ်ရပ်အပြီးမှာ အတိတ်မေ့သွားတဲ့ ခင်ပွန်းဖြစ်သူကို မှတ်ဉာဏ်ပြန်ရလိုရငြား ခင်ပွန်းဖြစ်သူ ငယ်ဘဝကကြီးပြင်းခဲ့တဲ့ မိသားစုပိုင်အမွေဆိုင်အိမ်ကြီးကိုခေါ်လာခဲ့ပါတယ်။အဲဒီအိမ်မှာ သူမခင်ပွန်းဖြစ်သူ နုပျိုစဥ်ကနဲ့တစ်ပုံစံထဲတူတဲ့ ပုံတူပန်းချီကားတစ်ချပ်ကိုတွေ့ရှိခဲ့ပါတယ်။သူမကို တစ်ခုခုက ခြောက်လှန့်လာပြီး စိတ်တွေစိတ်ခြောက်ခြားလာတာနဲ့အမျှ အဲ့ဒီပုံတူပန်းချီကားက တစ်ကယ်တစ်ခုခုပူးကပ်နေတာလားဆိုတာကို သိရဖို့ သူမစုံစမ်းပါတော့တယ်။ File size…(1.2 GB)/(586 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Thrillr, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

The Portrait (2023)

(18+) Night of the Bastard (2022)
(18+) Night of the Bastard (2022)  ဒီရုပ်ရှင်ကတော့ ရှယ်သတ်တဲ့ရုပ်ရှင်ပါ။ သတ်တာမှ စ လယ် ဆုံး တကားလုံးထိုင်သတ်နေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကီရာတို့သူငယ်ချင်းသုံးယောက်ဟာ ကန္တရထဲမှာ ညဖက် ပျော်ပွဲစားထွက် စခန်းချဖို့ ရောက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ ကန္တာတနေရာမှာ လူထူးဆန်းတစုဟာ မီးပုံကြီးဘေးမှာ ဝိုင်းဖွဲ့ပြီး ထူးထူးဆန်းဆန်းအရာတွေကိုလုပ်နေကြတာကိုမြင်လိုက်ရပြီး သွားပေါင်းကြဖို့ဆုံးဖြတ်လ်ြုကြပါတယ်။ ဒါပေမဲ့ ဒီလူတစုဟာ သာမန် စခန်းချ မီးဖိုဖိုနေတဲ့လူတွေမဟုတ်ဘဲ အောက်လမ်းကျင့်စဉ်တခုကို ပြုလုပ်နေကြတာကို သိလိုက်ရတဲ့အချိန်မှာတော့ ကီရာတို့အတွက် သိပ်နောက်ကျသွားပါပြီ။နတ်ဆိုးကိုးကွယ်သူတသိုက်ဟာ ကီရာတို့ကိုလိုက်လံအန္တရာယ်ပြုတာကြောင့် ခြေဦးတည့်ရာကိုပြေးရင်း ကီရာဟာ ရိဒ်ဆိုတဲ့ ကန္တာရထဲမှာ တဦးတည်းနေထိုင်တဲ့ လူကြီးဆီကိုရောက်သွားပါတယ်။အောက်လမ်းဆရာတသိုက်ဟာ ကီရာကိုအလွတ်မပေးဘဲ ရိဒ်ရဲ့အိမ်ရှေ့ထိရောက်ပြီး ရိဒ်ရဲ့အိမ်ထဲကိုပါဖောက်၀င်ပြီး အသက်အန္တရာယ်ပေးဖို့ ကြိုးစားကြတဲ့အခါမှာတော့ ရိဒ်နဲ့ကီရာဟာ ဒီလူထူးဆန်းတွေဆီကနေ လွတ်မြောက်ပါ့မလား၊ လူသူကင်းမဲ့နေတဲ့ ကန္တာရအလယ်မှာ တညတာကို ရှင်သန်အောင် ဘယ်လိုကျော်ဖြတ်ဖို့ ကြိုးစားကြမလဲ၊ ဒီအောက်လမ်းဆရာတွေကရော ကီရာနဲ့ရိဒ်ကိုသတ်ဖြတ်ဖို့ ဘယ်လိုကြိုးစားကြမလဲ၊ ဘယ်လိုနည်းတွေနဲ့အကြမ်းဖက် တိုက်ခိုက်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2 GB)/(1.1 ...
movie

(18+) Night of the Bastard (2022)

The Queen of Black Magic (2019) 6.5
The Queen of Black Magic (2019)  ဒီဇာတ်ကားဟာ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတဲ့အင်ဒိုနီးရှားဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက မိဘမဲ့ဂေဟာကိုသွားရောက်လည်ပတ်ကြတဲ့ မိသားစုသုံးစု တွေ့ကြုံခဲ့ရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေအပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ Kimo Stamboel က ရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/ 10 အထိ ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အင်ဒိုနီးရှား သရုပ်ဆောင် အကျော်အမော်များဖြစ်တဲ့ Ario Bayu,Hannah AI Tashid, Adhisty Zara, Ade Firman Hakim, Muzaki Ramdhan နဲ့Ari Irham တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး Ade Firman က အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို ရရှိထားပါတယ်။ဇာတ်လမ်းအစမှာ Nanifတို့ မိသားစု Nanifငယ်ငယ်က ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ဂေဟာကကျေးဇူးရှင်အဖိုးကြီး နာမကျန်းလို့ သွားရောက်ကြည့်ရှုကြပုံနဲ့ အစပျိုးထားပါတယ်။ဒီလိုနဲ့ မိဘမဲ့ဂေဟာကို ရောက်ရှိတဲ့အခါမှာ ငယ်ငယ်က အတူတူကြီးပြင်းလာခဲ့တဲ့Anton ...
movie

The Queen of Black Magic (2019)

Halloween (2007) 6.0
Halloween (2007)  ဒီတစ်ကြိမ်မှာတော့ ဟောလိုးဝင်းရုပ်ရှင်တွေကိုကြည့်ရှုရတာကြိုက်နှစ်သက်တဲ့ကြည့်ရှုသူပရိတ်သတ်ကြီးကို Hallowen horrorဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့Hallowen(1)ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကိုမူလဟောလိုးဝင်းရုပ်ရှင်ရဲ့အစဒါရိုက်တာလည်းဖြစ်သူယခုဟောလိုးဝင်းရုပ်ရှင်ရဲ့တွဲဖက်စာရေးဆရာဖြစ်တဲ့ Jhon Carpenterကသူကြုံတွေ့ခဲ့ရတဲ့တကယ့်ဖြစ်ရပ်မှန်အပေါ်ကိုအခြေခံရေးသားထားပြီး ဒါရိုက်တာDavid Gordenကရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/10ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားမှာမင်းသားJames Jude Courtney နဲ့မင်းသမီးJamie LeeCurtisအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ မင်းသမီး Jamie LeeCurtisကအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုရရှိထားပါတယ် ဒီဇာတ်လမ်းအစမှာငယ်ငယ်ကတည်းကလိင်တူစိတ်ဝင်စားသူလို့ထင်ခံနေတဲ့ရတဲ့ အဓိကဇာတ်ဆောင်Michael Myersကငါးနှစ်သားအရွယ်မှာ ဘယ်သူမှထင်မှတ်မထားတာတွေကိုလုပ်ထားတာကိုတွေ့လိုက်ပါတယ် အဲ့တာကတော့သူက အိမ်မွေးတိရစ္ဆာန်လေးတွေကိုညဉ်းပန်းနှိပ်စက်တာကိုသဘောကျနေတာဖြစ်ပါတယ် ဒီလိုနဲ့ဟောလိုးဝင်းညရောက်တဲ့အခါMichael Myersဆိုတဲ့ ငါးနှစ်သားအရွယ်ကောင်လေးတစ်ယောက်က ဘယ်သူမှထင်မှတ်ထားတာကိုလုပ်လိုက်ပါတယ် အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာMichael Myersရဲ့ ဘဝဟာဘယ်လိုမျိုးတစ်ဆစ်ချိုးပြောင်းလဲသွားမှာလဲဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာစီးမျောကြည့်ရှုလိုက်ပါဦးတကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူပရိတ်သတ်ကြီးအတွက် အချိန်ကုန်ရကျိုးလည်းနပ်စေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားဟာ Crime,Horror&Thriller အမျိုးအစားကိုမှကြိုက်နှစ်သက်တဲ့သူတွေမလွတ်စတမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်  File size…1.77GB / 845MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 49m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw
movie

Halloween (2007)

The Jester (2023)
The Jester (2023) The Jester (2023)မိမိနားမှာ ​ရောဂါတစ်ခုလို စွဲကပ်​နေရင်း​ တခြားသူ​တွေကို လိုက်ဒုက္ခ​ပေးတတ်တဲ့ မ​ကောင်းဆိုးဝါး Jester အ​ကြောင်းကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား​​လေးဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ငယ်ငယ်တည်းက ဖခင်ကပစ်သွားလို့ ဖခင်အ​ပေါ် မုန်းတဲ့စိတ် ​ဒေါသ​တွေနဲ့ ကြီးပြင်းလာရတဲ့ အမ်မာတစ်​ယောက် တစ်​နေ့ ဖခင်က ဆက်သွယ်လာရာက​နေ စကား​ပြောဖို့ ငြင်းဆိုလိုက်ရာက​နေ ​ဟော်လိုးဝင်းတစ်ညလုံး မြို့​သေး​လေးတစ်မြို့နီးပါးကို ဝါးမျိုသွားတဲ့ အဖြစ်အပျက်​တွေနဲ့ ကြုံ​တွေ့သွားရတာ​တွေကို ရိုက်ကူးတင်ဆက်​ပေးထားတဲ့ သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 850MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y
movie

The Jester (2023)

2023
Ghost Project (2023)
Ghost Project (2023) Ghost Project (2023)အခုလတ်တလောမှ ထွက်ရှိလာတဲ့ Horror / Sci-Fi ကားသစ်လေးပါပဲ။ ကားနာမည်အတိုင်းပဲ သရဲပရောဂျက်ပါ။ပရိုဂရမ်မာသုံးယောက်က စွန့်ပစ်အဆောက်အဦးထဲမှာ စမ်းသပ်မှုလုပ်ရင်း ဆိုနာသံလိုက်လှိုင်းနဲ့ သရဲရှာတဲ့စက်အဟောင်းတစ်လုံး ကောက်ရခဲ့ပါတယ်။ အဲဒါနဲ့ သူဌေးဖြစ်ကိန်းဆိုက်ပြီဆိုပြီး ဖုန်းအက်ပ်တစ်ခုလုပ်ပြီး ‌ဆဲလ်ဖုန်းနဲ့သရဲမြင်နိုင်မလား စမ်းသပ်ကြပါတယ်။စမ်းသပ်မှုလုပ်ဖို့ စွန့်ပစ်အဆောက်အဦးတစ်ခုရွေးလိုက်တဲ့အခါ အဲဒီအဆောက်အဦးကလည်း ဇမသေးလှတဲ့ရာဇ၀င်ရှိနေတဲ့အခါမှာတော့ သူငယ်ချင်းသုံးယောက် သူဌေးကိန်းပဲဆိုက်မလား... သေကိန်းပဲဆိုက်မလား... ကြည့်ရှုရမှာပါ။ Jump Scare တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, 640MB Quality - 1080p, 720p Format - mp4 Duration - 1H 17Min Genre - Fantasy, Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Soe Thiri ...
movie

Ghost Project (2023)

2023
As We Know It (2023) 5.6
As We Know It (2023) As We Know It (2023)Zombie တွေပါတဲ့ Horror အမျိုးအစားကိုမှ ကြောက်စရာမကောင်းဘဲ ဟာသဆန်ဆန် ရသစုံခံစားရမယ့် ဇာတ်ကားသစ်ဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက်ကြားက နွေးထွေးတဲ့ Friendship နဲ့ Relationship တွေအကြောင်းကို မတူညီတဲ့ရှုထောင့်ကနေ ပေါ့ပေါ့ပါးပါးပုံဖော်ထားတာပါ။ဇာတ်လမ်းအစက LA မှာ ပဲနို့ထုတ်တဲ့ ကုမ္ပဏီက ပဲနို့တွေ ပြသာနာပေါ်ပြီး ဗိုင်းရပ်စ်အဖြစ်ပြောင်းသွားကာ သောက်တဲ့လူတိုင်း ဖုတ်ကောင်တွေဖြစ်ကုန်ကြပါတယ်။ တစ်ကောင်နဲ့တစ်ကောင်လိုက်ကိုက်ပြီး ဗိုင်းရပ်စ်အနှံ့အပြား ကူးစက်နေတဲ့အချိန်မှာ ရည်းစားနဲ့ ပြတ်သွားပြီး ဘာမှမသိဘဲ အိမ်ထဲမှာ ဆွေးကောင်းနေတဲ့ ၀တ္ထုရေးဆရာ ဂျိမ်းစ်... ဂျိမ်းစ်ကို ခေါ်ပြီး ဆီရက်တယ်ကို ပြေးဖို့ ဂျိမ်းစ်အိမ်ကို အပြေးအလွှားလာတဲ့ အချစ်ဆုံးသူငယ်ချင်း ဘရုစ်...သူတို့နှစ်ယောက် ကားနဲ့သွားမလို့ပြင်ပြီးကာမှ ကားဆီမရှိတော့လို့ အိမ်မှာသောင်တင်နေပါလေရော။ အဲဒီအချိန်မှာပဲ ဂျိမ်းစ်ရဲ့ရည်းစားဟောင်း အမ်မလီက သူ့သူငယ်ချင်းတွေနဲ့ မပြေးခင် အဆင်ပြေလား လာမေးရင်း ဖုတ်ကောင်တွေသောင်းကျန်းလို့ သူပါ ဂျိမ်းစ်တို့နဲ့ ပိတ်မိနေတဲ့အခါ... ...
movie

As We Know It (2023)

2023
New Normal (2023) 6.7
New Normal (2023) New Normal (2023)ပုံမှန်မြင်တွေ့နေကျ K Drama တွေနဲ့မတူဘဲ တမူထူးခြားတဲ့ ဇာတ်လမ်းပုံစံလေးနဲ့ New Normal (2023) ကတော့ ၂၀၂၂ ခုနှစ်အတွင်း ဆိုးလ်မြို့ရဲ့ နေ့ရက် ၄ ရက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီ ၄ ရက်တာကို အပိုင်းလေးတွေခွဲထားပြီး တစ်ပိုင်းနဲ့တစ်ပိုင်းဟာလည်း အနည်းအကျဉ်းစီ ဆက်စပ်နေကြပါတယ်။တစ်ပိုင်းချင်းစီမှာ ကိုယ့်အနေနဲ့ တစ်ခါမှကြုံတွေ့ဖူးမှာမဟုတ်တဲ့ အံ့အားသင့်ထိတ်လန့်စရာ နေ့ရက်တစ်ရက်စီကို ရိုက်ကူးပြထားပြီး နေ့စဉ်ဘဝမှာ ကိုယ်မျှော်လင့်မထားမိတဲ့ အန္တရာယ်နဲ့အကြောက်တရားတွေအကြောင်း သရုပ်ဖော်ပြထားတာပါ။SHINee’s Minho, Strong Girl Gang Nam Soon ထဲက Lee Yoo Mi တို့အပြင် Choi Ji Woo တို့လို မင်းသမီးကြီးတွေပါ ပါဝင်ထားတာမို့ ကြည့်ရတန်စေမယ်လို့ ထင်ပါတယ်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horro, Thriller Quality…. 1080p | 720p File ...
movie

New Normal (2023)

The Lost Legend ( 2023 ) 5.9
The Lost Legend ( 2023 ) ဒီတစ်ခါတော့ ပုံမှန်သင်္ချိုင်းဖောက်ထွင်းကားတွေနဲ့မတူတဲ့ တင်ဆက်ပုံနဲ့ မထင်မှတ်ထားတဲ့Plot twistedတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သင်္ချိုင်းဖောက်ထွင်းဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဖာချိုးဂိုဏ်းသားတွေဖြစ်တဲ့ ဟွမ်ရှောင်မန်တို့ဆရာတပည့်တွေဟာ သင်္ချိုင်းဖောက်ထွင်းတဲ့လောကကနေထွက်ပြီး သာမန်ဘဝနဲ့နေထိုင်ဖို့ကြိုးစားနေကြပါတယ်။ တစ်နေ့မှာတော့ ရဲစခန်းမှူးတစ်ယောက်ရောက်လာပြီး သူ့ရဲ့ဇနီးကိုကယ်ဖို့အတွက် နှစ် (၁၀၀၀) သင်္ချိုင်းလိုအမှောင်ဆုံးနေရာတွေမှာသာပေါက်တဲ့ တစ္ဆေဂျင်ဆင်းကိုရှာဖွေပေးဖို့ အကူအညီတောင်းလာပါတယ်။လူ့အသက်ကယ်ဖို့အရေးကြီးတဲ့အတွက် ဆရာတပည့်တွေဟာ တတ်သိပညာမနေသာပဲ ကူညီပေးဖို့သဘောတူလိုက်ကြတယ်။ သူတို့တောထဲကိုစဝင်လိုက်တာနဲ့ အမဲလိုက်မုဆိုးအဖွဲ့နဲ့ကြုံရပြီး ပြေးရင်လွှားရင်း ဆရာကြီးကသေနတ်မှန်ပြီးသေသွားခဲ့ပါတယ်။ အဲဒီလိုနဲ့ လူ့အသက်ကယ်ဖို့ကနေ ဆရာ့အတွက်လက်စားချေဖို့ ဒီသင်္ချိုင်းကရတနာတွေကိုဖောက်ထွင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဝင်္ကဘာလိုရှုပ်ထွေးလှတဲ့မြေအောက်နန်းတော်သင်္ချိုင်းကြီးထဲမှာ သူတို့တွေဟာလက်စားချေနိုင်ပါ့လား...... နောက်ကွယ်မှာဘယ်လိုမထင်မှတ်ထားတဲ့ အရာတွေရှိနေဦးမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Lost Legend ( 2023 )

There’s Something in the Barn (2023)
There’s Something in the Barn (2023)  ဇာတ်လမ်းအကျဥ်းလေးကတော့ ဘေလ်တို့မိသားစုက အမေရိကားကနေ နော်ဝေးကိုအိမ်ပြောင်းလာခဲ့ကြတယ်။ ဘေလ်ရဲ့ဇနီး ကယ်ရိုလ်က ကလေးတွေရဲ့မိထွေးပါ။ အဲဒါကြောင့် ဘေလ်က မိသားစုဘဝသစ်တစ်ခုဖြစ်လာအောင် ဆုံးသွားတဲ့ဦးလေးဆီက အမွေရခဲ့တဲ့ နော်ဝေးကခြံကြီးဆီကို ပြောင်းလာခဲ့တာပေါ့။ဒါပေမဲ့ ခြံကြီးမှာက ထူးခြားတဲ့တင်းကုပ်ကြီးတစ်ခုရှိနေတယ်။ အဲဒါကတော့ တင်းကုပ်ကြီးမှာ နတ်သူငယ်တွေရှိနေတာပါပဲ။ တင်းကုပ်နဲ့ပက်သက်ရင် စည်းကမ်းတင်းကျပ်တဲ့နတ်သူငယ်တွေဖြစ်လို့ သူတို့နဲ့အန္တရာယ်ကင်းကင်းနေချင်ရင် လိုက်နာရမယ့်အချက်တွေရှိတယ်။ အဲဒါတွေကတော့ တင်းကုပ်မှာဆူညံသံတွေမဖွင့်ဖို့၊ အလင်းရောင်စူးစူးတွေမထွန်းဖို့ပါပဲ။ ဒါပေမဲ့ စည်းမျဥ်းတွေအားလုံးကို ဘေလ်တို့မိသားစုကချိုးဖောက်မိတဲ့အခါ...။ File size…(1.5 GB)/(832 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Horror, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

There’s Something in the Barn (2023)

It’s a Wonderful Knife (2023)
It’s a Wonderful Knife (2023)  ဒီတစ်ခါမှာတော့ ခါတိုင်းလိုသမရိုးကျမဟုတ်တဲ့ ခရစ္စမတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်ကားလေးက Horror Comedy Mystery အမျိုးအစားလေးပါ။ဇာတ်လမ်းအကျဥ်းလေးကတော့ ဝင်နီခရူးသာစ်ဆိုတဲ့ကောင်မလေးဟာ ခရစ္စမတ်အကြိုညမှာ သူတို့မြို့က လူသတ်သမားကို သတ်လိုက်နိုင်ပြီး ​တစ်မြို့လုံးကိုကယ်တင်ပေးနိုင်လိုက်ပါတယ် အဲဒီလိုနဲ့တစ်နှစ်ကြာပြီး နောက်နှစ်ရဲ့ခရစ္စမတ်အကြိုည​​ပြန်ကောက်တဲ့အချိန်မှာ ဝင်နီဟာ မိဘတွေနဲ့ ကတောက်ကဆဖြစ် ရည်းစားနဲ့လည်းကွဲ တက္ကသိုလ်ဝင်ခွင့်ကလည်းမရနဲ့ စိတ်တွေရှုပ်ပြီး ''ကျွန်မသာမွေးဖွားမလာရင်ကောင်းမှာ ကျွန်မသာမွေးဖွားမလာခဲ့ရင် လူတွေအားလုံးအတွက် ပိုကောင်းနေမှာပဲဆိုပြီး ဆုတောင်းမိလိုက်တယ်ဒါပေမဲ့ အဲ့ဆုတောင်းကတကယ်ဖြစ်လာပြီး လောကကြီးမှာ ဝင်နီခရူးသာစ်ဆိုတဲ့ကောင်မလေး ဘယ်တုန်းကမှမရှိခဲ့တဲ့ပုံစံအတိုင်းဆက်ရှင်သန်နေကြပြီး သူမကိုလည်း ဘယ်သူကမှမမှတ်မိတော့ပါ။ သူမ ဘယ်တုန်းကမှမမွေးဖွားလာခဲ့တဲ့ အတွက်သူမသတ်ခဲ့တဲ့လူသတ်သမားကလည်းသေစရာမလိုပဲ ပြန်ရှင်ပြီးလူတွေကိုဆက်သတ်နေတဲ့အခါ ဝင်နီတစ်ယောက် သူတို့မြို့လေးကလူတွေကို ဘယ်လိုကယ်တင်မလဲ သူမရဲ့ဆုတောင်းကရော ဘယ်လိုကြောင့်ပြည့်သွားရတာလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာပါ File size…(1.2 GB)/(659 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Thriller, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

It’s a Wonderful Knife (2023)

Pontypool (2008) 6.5
Pontypool (2008)  ဒီတစ်ခါမှာတော့ Horror&Mystery ဇာတ်ကားအမျိုးအစားကိုမှကြိုက်နှစ်သက်တဲ့ ကြည့်ရှု့သူပရိတ်သတ်ကြီးကို ဒါရိုက်တာBruce McDonaldရိုက်ကူးတင်ဆက်ထားတဲ့ Pontypoolဆိုတဲ့ rating 6.5/10ရရှိထားတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ...ဒီဇာတ်ကားဟာ ပေါင့်တီပူးလ်မြို့ အွန်တာရီနိုမှာ ဖြစ်ပွားနေတဲ့ ထူးဆန်းဖွယ်ကူးစက်ရောဂါအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး မင်းသားStephen McHattieနဲ့မင်းသမီး Lisa Houleတို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအစမှာ ဂရန့်မက်ဇီတစ်ယောက် အွန်တာရီနိုမြို့လေးမှာ ရှိတဲ့ရေဒီယိုအသံလွှင့်ရုံမှာအသံလွှင့်နေရင်း ထူးဆန်းတဲ့ သတင်းစကားတစ်ခုကိုကြားဖြတ်ဖမ်းမိလိုက်ပါတယ်အဲ့တာကတော့ မြို့ထဲက ဒေါက်တာမန်ဒန်ရဲ့ရုံးမှာ လူထုအုံကြွမှုတစ်ခုဖြစ်နေတယ်လို့ကြားလိုက်တာဖြစ်ပါတယ် ဂရန့်တို့တစ်တွေလည်း ဒါဟာ ကောလဟာလသက်သက်လားစနောက်နေတာသက်သက်လားဆိုပြီး ဝေခွဲမရဖြစ်ကုန်ပါတယ် အဲ့နောက် တဖြည်းဖြည်းချင်းနဲ့လူထုဆူပူအုံကြွမှုအကြောင်းတွေ အကြမ်းဖက်ဖြိုခွင်းတာတွေ စတဲ့အကြောင်းတွေပဲဆက်တိုက်ဝင်လာနေပါတယ် ဒီလိုနဲ့ အတည်ပြုဖို့ကြိုးစားနေကြတဲ့အချိန်မှာပဲ နောက်ဆုံးမှာထူးဆန်းတဲ့ကပ်ရောဂါတစ်ခုပျံနှံ့နေလို့ ပေါင့်တီပူးလ်မြို့ကို ကန့်သတ်ထိန်းချုပ်ထားလိုက်ပြီဆိုတဲ့အကြောင်းသိရှိလိုက်ရပါတယ် ရောဂါကလည်း ထူးဆန်းစွာပဲ လူ့ခန္ဓာကိုယ်အသွေးအသားနဲ့လေထဲကနေတဆင့်ကူးစက်တာမဟုတ်ဘဲ ပြောနေတဲ့စကားလုံးတွေကတဆင့် ကူးစက်နေတာဖြစ်ပါတယ် အဲ့ဒီနောက် ရောဂါပိုးက စကားလုံးတွေကနေ ဘယ်လိုမျိုးကူးစက်တာဖြစ်မလဲဘယ်စကားလုံးတွေကရော ရောဂါပိုကိုပျံ့နှံ့စေတာဖြစ်မလဲ ရေဒီယိုအသံထုတ်လွှင့်တင်ဆက်နေတဲ့ဂရန့်တို့တစ်တွေကော ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရမလဲ သူတို့တွေ ဒီကူးစက်ရောဂါကနေအသက်ရှင်ကျန်ရစ်အောင် ဘယ်လိုမျိုးရင်ဆိုင်ကျော်လွှားကြမလဲ အစိုးရကကော ကာကွယ်ဆေးကိုအချိန်မှီတွေ့ရှိပါ့မလား ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်စီးမျောကြည့်ရှုလိုက်ပါဦး ...
movie

Pontypool (2008)

The Cabin in the Woods (2011) 7.0
The Cabin in the Woods (2011) ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကျယ်၊ သည်းထိတ်ရင်ဖို့ဇာတ်လမ်းကောင်း တစ်ခု ဖြစ်ပါတယ်။IMDb 7/10 နဲ့ RT 92% အထိ ရရှိထားလို့ Horror ကြိုက်သူတွေအတွက်အတော်ကြည့်ကောင်းမယ့် ဇာတ်ကားဖြစ်ပါတယ်။Thor မင်းသား Chris Hemsworth နဲ့ Grey's Anatomy ထဲကJesse Williams တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းတစ်စု အပတ်ကုန်ရက်မှာမြို့ပြနဲ့ ဝေးရာဆီ အပန်းသွားဖြေကြမယ်လို့ စီစဉ်ကြတယ်။ကာ့က သူ့ဝမ်းကွဲ ဝယ်ထားတဲ့ အိမ်ကို သွားအပန်းဖြေကြဖို့ စီစဉ်ပေးတယ်။တဲအိမ်ကို ရောက်တဲ့အခါမှာတော့ သည်းထိတ်ရင်ဖိုတွေ စလာပါတော့တယ်။ဒါပေမဲ့ ဒီလို ဖြစ်လာတာတွေက သာမန် လူသတ်၊ ကြောက်စရာကောင်းအောင်လုပ်ပြတာထက် ပိုကြီးတဲ့ အကြောင်းရင်းတွေ ရှိနေမလား၊ သူတို့ အဲဒီအိမ်ကိုလာဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင်ဆုံးဖြတ်ပြီး သွားခဲ့ရတာရော ဟုတ်ပါ့မလား... File size…    5.5 GB / 1.4 GB ...
movie

The Cabin in the Woods (2011)

2011
4K HEVCHDR
Night of the Missing (2023)
Night of the Missing (2023)  Night of the Missing ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု နယ်မြို့ကလေးတစ်မြို့မှာဇာတ်အိမ်တည်ထားပါတယ်။ နယ်မြို့လေးရဲ့ မုန်တိုင်းထန်နေတဲ့ ခရစ္စမတ်အကြိုညမှာရဲစခန်းကို အမျိုးသမီးတစ်ယောက် တိုင်ချက်လာဖွင့်လို့ အမျိုးသမီးရဲမှူးဟာ စခန်းကိုအပြေးအလွှားရောက်လာပြီး စစ်ချက်လာယူရပါတယ်။စခန်းနံရံမှာ ပျောက်ဆုံးနေသူတွေရဲ့ ဓါတ်ပုံတွေအများအပြားကပ်ထားပြီးတိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဓါတ်ပုံတစ်ခုချင်းစီကို နာမည်ခေါ်ကာတစ်ယောက်ချင်းစီ ပျောက်ဆုံးခဲ့ရပုံ အသေးစိတ်ကို ဖွင့်ဟပါတော့တယ်။မှုခင်းမှတ်တမ်းမှာ ပျောက်ဆုံးလို့ပဲအမှုပိတ်လိုက်ပေမယ့် အမျိုးသမီးရဲ့တိုင်ကြားချက်အရ ပျောက်ဆုံးသူတိုင်းဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုခုကြောင့်သေဆုံးရတယ်ဆိုတာ သိလာရပါတယ်။သေဆုံးသွားသူတွေဟာ တစ်နည်းနည်းနဲ့ ကျန်ရစ်သူတွေကို အချက်ပေးတတ်တာကြောင့်စခန်းကိုတိုင်ချက်လာဖွင့်သူ အမျိုးသမီးဟာလည်း ပျောက်ဆုံးသွားတဲ့သမီးဖြစ်သူကသူဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာ အချက်ပေးခံရသူတစ်ဦးဖြစ်ပါတယ်။မုန်တိုင်းထန်နေတဲ့ ညကြီးအချိန်မတော် စခန်းကိုလာပြီး စစ်ချက်လာယူရတဲ့ ရဲမှူးဟာသဘာဝလွန် ဇာတ်လမ်းတစ်ခုပြီးတစ်ခု မရပ်မနားထိုင်ပြောနေတဲ့ အမျိုးသမီးကိုသည်းမခံနိုင်တော့တဲ့အဆုံး အချုပ်ထဲထည့်ဖို့ပြင်ဆင်ခိုက်မှာပဲ လူသေဆုံးမှုတွေရဲ့နောက်ကွယ်က မထင်မှတ်ထားတဲ့ ကြိုးကိုင်သူကို သိလိုက်ရပါတော့တယ်။တိုင်ချက်ဖွင့်တဲ့အမျိုးသမီးရဲ့ ဇာတ်လမ်းတွေဟာ အမှန်တွေဖြစ်နိုင်ပါ့မလား..သူပြောသလို သဘာဝလွန်ဖြစ်ရပ်တွေကြောင့်ပဲ လူပျောက်သေဆုံးမှုတွေ ဖြစ်ခဲ့တာလား..ကွယ်လွန်ပြီးတဲ့ဝိဉာဉ်တွေက ကျန်ရစ်သူတွေကို လာသတင်းပေးတယ်ဆိုတာကော ဖြစ်နိုင်ပါ့မလား..တိုင်ချက်လာဖွင့်တဲ့အမျိုးသမီးဟာ ဘယ်လိုလူမို့လို့ ပျောက်ဆုံးသူတွေရဲ့အကြောင်းစုံကို သိနေရတာလဲ..နောက်ကွယ်ကကြိုးကိုင်သူကကော ဘယ်သူဖြစ်မလဲ..စတာတွေကို ပြသချိန် တစ်နာရီကျော်ကျော်အတွင်းမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာမို့လို့တိုတိုတုတ်တုတ်နဲ့ ...
movie

Night of the Missing (2023)

Heir of the Witch (2023) 5.1
Heir of the Witch (2023)  လူတကာအနှိမ်ခံရတဲ့ အပ်ချုပ်သမလေး အန်နာဟာ အပေါင်းအသင်းဝင်ဆံ့အောင်ကြိုးစားနေရပေမယ့် အတိတ်ကအရိပ်ဆိုးတွေရဲ့ ခြောက်လှန့်မှုကြောင့်အထီးကျန်နေရသူလေးဖြစ်ပါတယ်။ ရည်းစားသနာလည်းမရှိသလို ပညာရေးကအစနောက်ကျပြီး လူတကာရဲ့ခိုင်းဖတ်လို ဆက်ဆံခံရသူလည်းဖြစ်ပါတယ်။ အဒေါ်နဲ့အတူအမေရိကကိုထွက်ပြေးလာတဲ့ အန်နာဟာ အဖွားဆီက အပ်ချုပ်တော်တဲ့အမွေရခဲ့ပေမယ့် အပ်ချုပ်ပညာနဲ့ လောက်လောက်လားလား အသက်မွေးခွင့်မရရှာပါဘူး။ အန်နာတို့မျိုးရိုးဟာ မကောင်းဆိုးဝါးစုန်းမတစ်ယောက်ရဲ့ ကျိန်စာသင့်နေရတာကြောင့် အန်နာ့လက်ထက်မှာ ကျိန်စာစူးသလိုလိုဖြစ်နေပေမယ့်ကံစီမံရာအတိုင်းလက်မခံဘဲ ညင်းဆန်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီအတောအတွင်းသူငယ်ချင်းဖြစ်သူ ကလိုဝီဆီမှာ ကူညီလုပ်ကိုင်ပေးရင်း ကလိုဝီနဲ့ထိပ်တိုက်တွေ့ရမယ့်အဖြစ်မျိုးကြုံရသလို အပေါင်းအသင်းဝင်ဆံ့အောင် ကြိုးစားနေတဲ့ သူမဘဝလည်းစုပ်လည်းစူးစားလည်းရူးအဖြစ်မျိုး ရောက်ရှိလာပါတော့တယ်။မျိုးရိုးစဉ်ဆက်စူးတတ်တဲ့ကျိန်စာကို အန်နာတစ်ယောက်ဘယ်လိုချိုးဖျက်မလဲ..အပေါင်းအသင်းဝင်ဆံ့အောင် ဘယ်လိုဆက်ကြိုးစားမလဲ..အန်နာရဲ့အစွမ်းနဲ့ ကျိန်စာကိုချိုးဖျက်နိုင်မလား  ကျိန်စာကပဲ အန်နာကိုဝါးမျိုသွားမလားအန်နာရဲ့အတိတ်ကအရိပ်ဆိုးတွေဆိုတာ ဘာတွေဖြစ်မလဲ ဘယ်လိုအဖြစ်မျိုးတွေ ကြုံခဲ့ရလို့အန်နာရဲ့ဘဝဟာ လူတောမတိုးနိုင်ဖြစ်နေရသလဲဆိုတာ Heir of the Witch ရုပ်ရှင်မှာဆက်လက်ရှူစားကြရမှာဖြစ်ပါတယ်။  File size…1.30GB / 567MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Heir of the Witch (2023)