Channel Myanmar

Horror

Ghost Town (2023)
Ghost Town (2023) "Ghost town" ဆိုတဲ့နာမည်နဲ့ဇာတ်ကားတွေအများကြီးရှိတဲ့အထဲကမှဒီဇာတ်ကားကတော့ horror သိပ်မဆန်တဲ့ horror/thriller အမျိုးအစားဖြစ်ပြီး ကြောက်စရာထက်ဆန်းကျယ်တာတွေပြည့်နေတဲ့ဇာတ်ကားတစ်ကားပါ ဆိုလိုမွန်မီလာဆိုတဲ့လူတစ်ယောက်ဟာ ခရီးသွားရင်းလူသူသိပ်မရှိတဲ့ခြောက်ကပ်ကပ်မြို့လေးတစ်မြို့ကိုရောက်လာခဲ့ပါတယ် အဲဒီမြို့လေးကအရက်ဘားမှာစားပွဲထိုးအဖြစ်လုပ်ကိုင်ရင်းအားလုံးကတစ်နေ့ထက်တစ်နေ့ထူးဆန်းသထက်ထူးဆန်းလာပါတော့တယ် ဆိုလိုမွန်တစ်ယောက်အဲဒီမြို့လေးမှာလူတွေနဲ့သင့်မြတ်အောင်နေထိုင်ရင်းဘာလို့ထူးဆန်းတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်နေရလဲဆိုတာကိုအဖြေရှာမရဖြစ်နေပါတော့တယ် အဲဒီမြို့ကဘာလို့ထူးဆန်းနေရတာလဲ တကယ်တမ်းမြို့ရဲ့သရုပ်မှန်ကရောဘာလဲ ဆိုတာကိုဆန်းကျယ်မှုတွေအများကြီးနဲ့ကြည့်ရှုရမှာပါ File size…(1.4 GB)/(688 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Western, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Ghost Town (2023)

Run Rabbit Run (2023)
Run Rabbit Run (2023) Netflix​ ရဲ့နောက်ဆုံးထွက် Psychological Horror ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ Run Rabbit Run က​ သြစတြေးလျ​ရုပ်​ရှင်​ဖြစ်ပြီး​ ဇွန်​ 28​ ရက်နေ့မှာ Netflix​ မှာ​စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဇာတ်ကားကို Sundance ရုပ်ရှင်​ပွဲတော်​မှာလည်း​ premier အဖြစ်​ပြသခဲ့ပါသေးတယ်။ Succession မှာ​ ပါဝင်ခဲ့တဲ့ Sarah Snook က​ အဓိက​ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Sarah က​ မျိုး​ဥနဲ့သားအောင်ခြင်းဆိုင်ရာ​ ဆရာဝန်တစ်ဦးဖြစ်ပြီး သဘာဝလွန်ဖြစ်ရပ်များကိုမယုံကြည်သူ လက်တွေ့ကျသူတစ်ဦးဖြစ်ပါတယ်။ Sarah မှာ​ Mia လို့ခေါ်တဲ့သမီးလေးနဲ့အတူရှိပြီး ခင်​ပွန်းဖြစ်သူ​ Pete​ နဲ့ကွာရှင်းထားပါတယ်။ တစ်နေ့​မှာတော့​ သမီးဖြစ်သူ Mia က​ ထူးထူးဆန်းဆန်းအပြုအမူတွေကို​ ပြုမူလာပြီး​ တစ်နေ့​တခြား​ Mia ရဲ့အခြေအနေက ပိုမိုဆိုးရွားလာချိန်မှာတော့ Sarah တစ်ယောက်​ သူမေ့ထားတဲ့အတိတ်ဟောင်းတစ်ခုရဲ့​ခြောက်လှန့်မှုကို​ ရင်ဆိုင်​ရပါတော့တယ်။ Run​ Rabbit​ Run​ ဇာတ်ကား​က​ စိတ္တဇ​ Horror ဇာတ်ကား​မျိုးဖြစ်ပြီး​ တခြားသော ...
movie

Run Rabbit Run (2023)

Epitaph(2007) 6.7
Epitaph(2007) Epitaph(2007)************** Epitaph ရုပ်ရှင်ဇာတ်ကားသည် Jung Sik နဲ့ Jung Bum Sik ညီအစ်ကိုနှစ်ဦး ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပြီး ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်သို့ ကျရောက်နေတဲ့ 1942 အစပိုင်းကာလကို အခြေခံထားတဲ့ Horror movie ဖြစ်တယ်...ဒီကားအတွက်ဘက်ဂျက်အများကြီးသုံးထားတယ်လို့လည်းဆိုတယ်...ဆရာဝန် Park Jung Namက အန်းစိမ်းဆေးရုံမှာ အလုပ်သင်အဖြစ် အလုပ်လုပ်ခဲ့စဉ်အချိန်လောက်က ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရာမှ အရင်ငယ်ဘဝအဖြစ်အပျက်များကို ပြန်သတိရလာခဲ့တယ် ....သူ ငယ်စဉ်ကတည်းက ‌မိဘချင်းက သဘောတူပြီး ပေးစားထားတဲ့သူတစ်ယောက် ရှိခဲ့တယ်...မိဘချင်း သဘောတူထားသော်လည်း ‌Jung Nam တစ်ယောက် တစ်ခါမှကို မမြင်ဖူးတဲ့သူနဲ့ လက်မထပ်ချင်ခဲ့ပေ ....တစ်နေ့ ရင်ခွဲရုံတွင် တာဝန်ကျရင်း သတ်သေထားတဲ့ အလောင်းတစ်လောင်း ခွဲစိတ်ဖို့ တာဝန်ယူရတယ်..ဒီအလောင်းဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လွန်စွာလှပတဲ့ သူလေးဖြစ်တော့ဆရာဝန်ဟာ မလုပ်သင့် မစဉ်းစားသင့်တဲ့ဟာတွေ လုပ်ဖို့ဖြစ်လာခဲ့တယ်...အဲဒီနောက်မှ လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စတွေနဲ့ ခြောက်လန့်မှုတွေ ဆေးရုံမှာ ပေါ်ပေါက်လာတဲ့အခါ .... ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်File Size : ...
movie

Epitaph(2007)

Day Zero (2022) 5.5
Day Zero (2022)  အောင်လနဲ့ ထိုးသတ်တုန်းကထက် ပိုကြမ်းပြီး ပိုမိုက်မယ့် ဘရန်ဒန် ဗီယာရဲ့ဖိလစ်ပိုင် Zombie ကားကောင်းတစ်ကားလာပါပြီ...။Zombieကားဆိုတော့ ကိုက်မယ်ဆွဲမယ် စတာပါတဲ့အပြင်ဇာတ်လိုက်မင်းသားက US အထူးတပ်သားဟောင်း ဆိုတော့ဖိုက်တင်ခန်းတွေပါ အများကြီးကြည့်ရမှာပါ...။ ဇာတ်လမ်းအကျဥ်းကတော့ အေမွန်ဟာ အမေရိကန်အထူးတပ်သားဟောင်းဖြစ်ပြီး သူငယ်ချင်းကိစ္စ၊ သူများရန်ပွဲထဲဝင်ပါလွန်းလို့ ထောင်ကျနေရတာပါ...။သူ့မှာ စကားမပြောတတ်နဲ့ သမီးလေးနဲ့ ဇနီးလည်းရှိပါတယ်...။တစ်နေ့ကျတော့ တုပ်ကွေးရောဂါကနေ သန္ဓေပြောင်းပြီး Zombieတွေ‌ပေါ်လာပါတော့တယ်...။ဒီတော့ အေမွန်တစ်ယောက် သမီးနဲ့ ဇနီးကို ကယ်ဖို့ ထောက်ဖောက်၊Zombieတွေနဲ့ တိုက်ခိုက်ပြီး ပွဲကြမ်းပါတော့တယ်...။ဇာတ်လမ်း အစအဆုံး zombie များနဲ့ တိုက်ခိုက်ခန်းတွေ အများကြီးကြည့်ရမယ့် ကားလေးပါ။အဆုံးသတ်မှာ ဘယ်သူတွေ ဘာဖြစ်သွားမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲကြည့်ရှုလို့ရပါပြီ...။  File size…858 MB / 440MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 22m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Day Zero (2022)

Asvins (2023) 6.5
Asvins (2023) Asvins ( 2023 ) ==============IMDb 6.9/10အာသာဝဏီနတ်မင်းရဲ့တန်ခိုးကြောင့် သိဒ္ဓိဝင်နေတဲ့ နတ်ဆင်းတုနှစ်ခု။ အဲဒီဆင်းတုနှစ်ခုထဲက တစ်ခုဟာ နတ်ဆိုးတစ်ကောင်ကြောင့် ကျိန်စာသင့် အပမှီသွားပြီး အဲဒီဆင်းတုတွေရှိနေတဲ့ ရွာတစ်ခုလုံး အငတ်ဘေးကျ ကပ်ဆိုက်ကာ ရွာပျက်သွားတယ်။ အဲဒီနောက်မှာတော့ အဲဒီဆင်းတုတွေလည်း ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ . လူတွေသေဖူးတဲ့၊ အဖြစ်ဆိုးတွေကြုံရဖူးတဲ့နေရာတွေ အိမ်အိုအိမ်ဟောင်းတွေမှာ မှတ်တမ်းတင်ဗွီဒီယိုတွေရိုက်ကြတဲ့ YouTuber အဖွဲ့တစ်ဖွဲ့ဟာ သရဲခြောက်တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အိမ်အိုကြီးတစ်ခုကို မှတ်တမ်းတင်ဖို့ သွားကြရင်း တစ်ယောက်ပြီးတစ်ယောက် အဖြစ်ဆိုးတွေကြုံရပါတယ်။အဲဒီအဖြစ်ဆိုးတွေရဲ့နောက်ကွယ််မှာ ဘယ်လိုအကြောင်းအရာတွေရှိနေလဲ၊ ဘာလို့ ဒီလိုတွေကြုံနေရတာလဲဆိုတာ ဒီ ရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယသရဲကားတွေမှာမြင်ရခဲတဲ့ပုံစံနဲ့တင်ဆက်ထားပြီး စိတ်ဝင်စားစရာလည်းကောင်းတာမို့ ညဘက်တစ်ယောက်တည်း မီးမပြတ်တဲ့နေရာတွေဆို မီးလေးပိတ်ပြီး ကျောတစိမ့်စိမ့်နဲ့ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ BpL, ZweYan,V နဲ့ Yunni တို့ပဲဖြစ်ကြပါတယ်။ ) File size…1.34GB / 593.5MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ ZweYan~ V ~ Yunni
movie

Asvins (2023)

2023
The Haunting (1999) 5
The Haunting (1999) The Haunting (1999)Liam Neeson, Catherine Zeta-Jones, Owen Wilson နဲ့ Lili Taylor တို့လို ခုချိန်ကာလမှာ မသိသူမရှိလောက်တဲ့ Cast အကြမ်းတွေပါဝင်တဲ့ Horror, Thriller ရုပ်ရှင်‌ဖြစ်ပါတယ်။The Haunting of the Hill House ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဝတ္ထုကို အခြေခံပြီး The Haunting (1963) နဲ့ နက်ဖလစ်စီးရီးတစ်ခုလည်းရိုက်ထားပါသေးတယ်။ အဲဒီ နက်ဖလစ်စီးရီးကတော့ အတော်လေးကို လူကြိုက်များခဲ့ပါတယ်။Dr. Marrow ဟာ အကြောက်တရားနဲ့ပတ်သက်ပြီး သုတေသနလုပ်ဖို့ ညအိပ်မပျော်ရောဂါရှိတဲ့သူတွေကို Hill အိမ်ကြီးဆီ ခေါ်ခဲ့ပါတယ်။ အိမ်ကြီးကိုဆောက်ခဲ့တဲ့သူအကြောင်း ဘာကြောင့်ဆောက်ခဲ့သလဲဆိုတာကိုသိကြရပြီး ဘယ်သူမှမဝင်ရဲတဲ့ အိမ်ကြီးမှာ ဖြစ်ပျက်နေတာတွေကို သူတို့ကြုံရပါတော့တယ်။ အိမ်ကြီးမှာဖြစ်ပျက်သမျှကို အစပိုင်းမှာတော့ အိပ်မပျော်လို့ ထင်ယောင်ထင်မှားဖြစ်နေကြတယ် ထင်ခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ ဖြစ်နေတဲ့အခါမှာတော့ သူတို့တစ်ဖွဲ့လုံးပိတ်မိပြီး မကောင်းဆိုးဝါးကြီးကိုရင်ဆိုင်ရပါလေတယ်။ဇာတ်လမ်းကတော့ ...
movie

The Haunting (1999)

1999
God Is a Bullet (2023) 5.5
God Is a Bullet (2023) God Is a Bullet (2023)ဖြစ်ရပ်မှန်တွေကို အခြေခံထားပြီး Teran Boston ရဲ့ အရောင်းရဆုံးဝတ္ထုဖြစ်ခဲ့တဲ့ "God Is a Bullet" ကို ရုပ်ရှင်အနေနဲ့အသက်သွင်းထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ဘော့ဘ်က သူ့မိန်းမဖြစ်သူနဲ့ ကွာရှင်းထားပြီး သမီးဖြစ်တဲ့ဂါဘီနဲ့ ခွဲနေနေရတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့အိမ်ကို စေတန်ဂိုဏ်းတစ်ခုက‌ ဝင်စီးပြီး မိန်းမနဲ့ သူ့ရဲ့နောက်ယောက်ျားကို ဘဝပြောင်းပေးသွားတဲ့အပြင် သမီးဖြစ်တဲ့ဂါဘီကိုပါ ပြန်ပေးဆွဲသွားပါတယ်။ဘယ်ကဘယ်လို စလိုက်လို့လိုက်ရမှန်းမသိတဲ့အချိန်မှာ ‌‌တစ်ချိန်က စေတန်ဂိုဏ်းဝင်ဖြစ်ခဲ့ပြီး ‌ထွက်ပြေးလာခဲ့တဲ့ ကေ့စ်က စေတန်ဂိုဏ်းလက်ချက်ဆိုတာကို သိပြီး ဘော့ဘ်ကိုကူညီဖို့ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီမှာ သူတို့နှစ်ယောက်ပေါင်းပြီး စေတန်ဂိုဏ်းကိုခြေရာခံရင်း ဂါဘီကို ကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ဇာတ်လမ်းက ဒီအပေါ်ကိုအခြေခံထားပေမဲ့ စေတန်ဂိုဏ်းနဲ့မတွေ့ခင်ကြားထဲတင် ပေအတော်ရှည်တယ်ပြောရမယ်။ ဇာတ်ကောင်တွေကို စိတ်ဝင်စားစရာကောင်းအောင် တဖြည်းဖြည်းတည်ဆောက်သွားပြီးမှ လူဆိုးကြီးနဲ့ပေးတွေ့တာမျိုးပေါ့။ ဘော့ဘ်က အမြဲတမ်းစားပွဲခုံထိုင်တဲ့ လူရိုးလူအေးကြီးဖြစ်ခဲ့ပေမဲ့ သမီးဇောနဲ့ တက်တူးတွေထိုး ဂန်းတွေပါကိုင်ပြီး စေတန်ဂိုဏ်းသားတွေကို အမဲလိုက်တဲ့ ...
movie

God Is a Bullet (2023)

2023
Hoon Payon (2023)
Hoon Payon (2023) Hoon Payon (2023)ထမ် အဖြစ် Phuwin Tangsakyuen တေး အဖြစ် Up poompat lam-samang ဂျိတ် အဖြစ် Nick Kunatip pinpradab"ဒွမ်ဆင်ထမ်း" ဆိုတဲ့ကျွန်းမှာ ဘိုးဘိုးကြီဆက်ထမ်းရုပ်တုတော်ကို အရမ်းယုံကြည်ကိုးကွယ်ကြပါတယ်တစ်နေ့မှာ ထမ်ဟာ သူ့အစ်ကိုဖြစ်တဲ့ ဘုန်းကြီးထီကို သူတို့မိဘဆုံးသွားကြောင်း သတင်းပြောဖို့ ဒွမ်ဆင်ထမ်းကျွန်းကိုရောက်လာခဲ့ပါတော့တယ်ဒါပေမဲ့ သူရောက်လာတော့ သူ့အစ်ကိုဖြစ်တဲ့ ဘုန်းကြီးထီဟာ ကျောင်းထိုင်ဆရာတော်ကိုသတ်တယ်လို့စွပ်စွဲခံရပြီး ပျောက်ဆုံးနေပါတယ်ထမ်ဟာ သူ့အစ်ကိုအကြောင်းစုံစမ်းဖို့ အဲ့ဒီဘုန်းကြီးကျောင်းမှာတည်းဖို့ ဘုန်းဘုန်းကိုခွင့်တောင်းလိုက်ပါတယ် အဲ့ဒီကျွန်းမှာ တစ်ခုထူးခြားတာက အရိုးပြာကို ရုပ်တုထဲထည့်တဲ့ဓလေ့ပါ သူတည်းတဲ့ပထမညမှာတင် ထူးဆန်းတဲ့အရာတွေဖြစ်ခဲ့တယ် အဲ့ကျွန်းမှာ ဂဝံရုပ်အစီအရင်လုပ်နေတဲ့သူရှိပါတယ် ဂဝံရုပ်လုပ်နည်းတွေမျိုးစုံရှိတဲ့ထဲမှာ လူသေအလောင်းနဲ့ဂဝံရုပ်သရဲတွေလုပ်ပြီး လူတွေကိုလိုက်ခြောက်တာပါ။ဆိုတော့ အဲ့ဒီဂဝံရုပ်သရဲလုပ်တဲ့သူကဘယ်သူလဲ ထမ်တို့ဘယ်လိုကိုင်တွယ်မှာလဲ ထမ် သူ့အစ်ကိုကိုရော ရှာတွေ့မလား ဇာတ်ကားထဲကြည့်လိုက်ရအောင်နော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.4GB | 715MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar ...
movie

Hoon Payon (2023)

Summoning Sylvia (2023) 6.3
Summoning Sylvia (2023) Summoning Sylvia (2023)လယ်ရီတစ်ယောက် စပရိုက်စ်တိုက်ခံလိုက်ရပါတယ်။ သူကတော့ဂေးတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူဂျေမီနဲ့မကြာခင်လက်ထပ်တော့မှာပါ။ ဒါနဲ့သူ့သူငယ်ချင်းဂေးတစ်ဖွဲ့က သူ့ကိုစပရိုက်စ်လူပျိုပါတီအတွက်ခေါ်သွားပါတယ်။ သူတို့က သရဲခြောက်တယ်လို့နာမည်ကြီးတဲ့အိမ်ကြီးမှာ နှစ်ညအိပ်သုံးရက်ဌားနေကြပါတယ်။ သရဲကတော့ ဆယ်ဗီရာဆိုတဲ့မိန်းမတစ်ယောက်က သူ့သားလေးကိုရက်ရက်စက်စက်သတ်ခဲ့တာပါတဲ့။ သူကိုယ်တိုင်လဲ အဲ့ဒီအိမ်ထဲမှာပဲသူများသတ်တာ ခံလိုက်ရပါတယ်။ အဲ့အိမ်မှာ သူတို့သားအမိပုံကိုတွေ့တော့ လယ်ရီတို့တစ်ဖွဲ့လုံးကလဲ ကောင်လေးကအဆင်လေးဟဲ့ဆိုပြီး သူတို့သရဲသားအမိကိုခေါ်ပြီး သူတို့တကယ်ဘာဖြစ်ခဲ့တာလဲမေးမယ်ပေါ့ဆိုပြီး ဝိဥာဥ်ခေါ်ပါတော့တယ်။ အဲ့မှာသရဲထက်ပိုဆိုးတဲ့အရာက ရောက်ချလာပါလေရော။ လယ်ရီ့ရဲ့ယောက်ဖလောင်းလေး ဟယ်ရစ်ဆန်ပါ။ ဟယ်ရစ်ဆန်က စစ်ပြန်တစ်ယောက်ဖြစ်ပြီး ဂေးလဲမဟုတ်ပဲဖြောင့်လွန်းသူဖြစ်နေပါတယ်။ အဲ့တော့ဂေးသူငယ်ချင်းလေးယောက်ရဲ့လူပျိုပါတီကို ရောက်လာတဲ့အဖြောင့်ရယ် သရဲသားအမိရယ် ဂေးတွေရယ်ကြားကအလွဲလွဲအချော်ချော်လေးတွေကို ပါးစပ်မပိတ်တမ်းရယ်ရမယ့်ဇာတ်လမ်းကောင်းပါပဲ။ ဟာသဇာတ်မြူးအပြင်ကို ဂေးတွေရဲ့ကြားကခင်မင်မှုတွေ လူတွေရဲ့အထင်အမြင်လွဲမှုတွေ ပုံသေကားချပ်အယူအဆတွေကိုပါ ဟဲဗီးကြီးဒရာမာမခင်းဘဲ ဇာတ်လမ်းသွားထဲမှာ ဒိုင်ယာလော့ခ်ထဲမှာပဲ ပေါ့ပေါ့ပါးပါးထိထိမိမိနဲ့ဖော်ပြထားသေးတာမို့ လူတိုင်းကြည့်သင့်တဲ့ဇာတ်လမ်းပါပဲ။ လူအားလုံးမှာလဲ ဂေးမိတ်ဆွေသူငယ်ချင်းအနည်းဆုံးတစ်ယောက်တော့ ရှိကြတာပဲမဟုတ်လား။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror , Thriller Quality…. 1080p | 720p File size… 1.1GB } 550MB Format… mp4 Duration…. 1h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron
movie

Summoning Sylvia (2023)

2023
Horror Novelist ( 2019 ) 5.8
Horror Novelist ( 2019 ) စိတ်ခြောက်ခြားဖွယ်ရာ Horror Movie တွေ ကြိုက်နှစ်သက်တဲ့ CM ပရိတ်သကြီး အကြိုက်တွေ့စေမဲ့ ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။မာခယ့်ဆိုသူဟာ သရဲ တစ္ဆေတွေနဲ့ပတ်သက်ပြီး ထိတ်လန့်ဖွယ်ရာ ဝတ္ထုတွေကို ကိုယ်တိုင် ခံစား ဖန်းတီလေ့ရှိတဲ့ စာရေးဆရာတစ်ယောက်ပါ။ တစ်နေ့မှာ မာခယ့်တစ်ယောက် (ဖန်းချွမ်ဟိုတယ် အခန်းနံပါတ် ၇၀၁)ဆိုတဲ့ မေးလ်တစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။ ဒါရိုက်တာလိုချင်တဲ့ ဇာတ်ညွှန်းတစ်ပုဒ်ကို ရရှိဖို့ရာအတွက် သူရေးလက်စ ဝတ္ထုကို အပြီးသတ်ရန် သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဒီဖန်းချွမ်ဟိုတယ်ဆီ တစ်ညတာသွားရောက်လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဖန်းချွမ်ဟိုတယ် အခန်းနံပါတ် (၇၀၁)ဟာ လွန်ခဲ့တဲ့ နှစ်(၂၀)အတွင်း လူသေဆုံးမှု အကြိမ်ရေ(၂၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ၊ နောက်ဆုံးအကြိမ် အသက်(၂၅)နှစ်အရွယ် မိန်းကလေးတစ်ဦး ကိုယ့်ကိုကိုယ် သတ်သေသွားပြီးကတည်းက အခန်းနံပါတ်(၇၀၁)ကို မည်သူတစ်ဦးတစ်ယောက်ကိုမှတည်းခိုခွင့်မပေးဘဲ ဟိုတယ်ဘက်က ပိတ်ထားခဲ့တာပါ။ဒီအခန်းကို သန့်ရှင်းရေးဝင်လုပ်တဲ့ ဝန်ထမ်းတစ်ဦးဟာလည်း ရေချိုးခန်းထဲပိတ်မိသွားပြီး ထိတ်လန့်ခြောက်ခြားစရာတွေကြုံတွေ့ခဲ့ရတဲ့နောက် ရူးသွားတဲ့ အခြေအနေအထိရောက်ခဲ့ကြောင်း ဟိုတယ်မန်နေဂျာက မာခယ့်ကို ပြောပြခဲ့ပေမယ့် မာခယ့်တစ်ယောက် မည်သူ့စကားကို နားမဝင်ဘဲ ဒီအခန်းကိုသာ မရရအောင်တောင်းဆိုခဲ့ပါတယ်။ဒီအခန်းထဲရောက်ရှိသွားတဲ့ မာခယ့်တစ်ယောက် ထူးဆန်းတဲ့ သဘာလွန်ဖြစ်ရပ်တွေကြားထဲ သူ့ရဲ့ ဝတ္ထုအတွက် အချက်အလက်တွေကို တစ်ညတာအတွင်း စုဆောင်းပြီး ပြန်ထွက်လာနိုင်မလား။ မမြင်ရတဲ့လောကရဲ့ စိတ်ခြောက်ခြားဖွယ်ရာ ထိတ်လန့်စရာတွေကြားထဲ ဘဝအဆုံးသတ်သွားမလားဆိုတာတော့ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ Quality ...
movie

Horror Novelist ( 2019 )

The Ghoul Mansion (2023) 6.0
The Ghoul Mansion (2023) သခင်မကြီးထောင်းရမ်ဖိုင် အဖြစ် Noi Nuttanee ကွိုင့် အဖြစ် Gwang Wanpiya ဂို အဖြစ် Kong Huayrai ကစ်ပ် အဖြစ် Fond Nattichaဇာတ်လမ်းအကျဉ်းကွိုင့်က မိသားစုစားဝတ်နေရေးအတွက် သင်္ဘောသီးထောင်းရောင်းပြီး ရှာစားနေရသူတစ်ယောက်ဖြစ်ပါတယ်ကောင်းမွန်တဲ့နေရာလေးတစ်ခုက အိမ်သစ်မှာသွားနေချင်တာ ကွိုင့်အိပ်မက်ဖြစ်ပေမဲ့ အသုံးမကျတဲ့လင်ဖြစ်သူ ဂိုရဲ့လောင်းကစားစွဲနေမှုကြောင့် ကွိုင့်ရဲ့ကြိုးစားမှုတွေက အရာမထင်ဖြစ်ခဲ့ရတယ်တစ်ရက် ကွိုင့်ဆီ အဝေးတစ်နေရာက သူဌေးဆွေမျိုးဖြစ်သူ သခင်မကြီးထောင်းရမ်ဖိုင်နေမကောင်းဖြစ်နေခဲ့လို့ အမွေပေးချင်တဲ့စာတစ်စောင်နဲ့လာဖို့ရထားလက်မှတ်တွေရောက်လာခဲ့တယ်ကွိုင့်တစ်ယောက် တွေဝေနေဆဲမှာ လင်ဖြစ်သူဂိုရဲ့အကြွေးရှင်တွေလိုက်လာတာမို့ ရွေးချယ်စရာမရှိတဲ့သူတို့မိသားစုဟာ သခင်မကြီးထောင်းရမ်ဖိုင်ရဲ့စံအိမ်ဆီရောက်လာရပါတော့တယ်အမျိုးဖြစ်တဲ့ သခင်မကြီးထောင်းရမ်ဖိုင်ကို ကွိုင့်ကဘာလို့မသိနေရတာလဲ ဘာလို့ကွိုင့်ကိုမှ အမွေပေးချင်ရတာလဲ ထိတ်လန့်ဆန်းကြယ်နေတဲ့ဒီစံအိမ်ကြီးရဲ့လျှို့ဝှက်ချက်က ဘာလဲဆိုတာ ဒီဇာတ်ကားမှာ စိတ်ဝင်စားဖွယ်ဟာသနှောပြီးကြည့်ရှုရမှာဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )File Size__(1GB) Quality__720p IMDb Rating__6.0/10 Format__mp4 Duration__01:42:00 Type__Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Kyi Nue Zin & Nang Mwe Kham Encoded by Naing Aung ...
movie

The Ghoul Mansion (2023)

Blood Vessel (2019) 5.4
Blood Vessel (2019)  ဒီကားလေးကတော့ ဒုတိယကမ္ဘာစစ်ကာလအတွင်းကိုဇာတ်တည်ထားပါတယ်။ ဇာတ်လမ်းအစမှာ ပရက်စကော့တို့အဖွဲ့က ပင်လယ်ထဲမှာအစာရေဆာပြတ်လတ်ပြီး ဖောင်တစ်ခုနဲ့ ပင်လယ်ထဲမှာမြောလာတာနဲ့ စထားပါတယ်၊ ဒီလိုနဲ့ နာဇီသင်္ဘောတစ်စီးကိုတွေ့ပြီးအသတ်ခံရတာက ငတ်သေတာထက်တော့သာပါသေးတယ်လို့ခံယူပြီး အဲဒီသင်္ဘောပေါ်ကို တက်သွားကြပါတော့တယ်။သင်္ဘောပေါ်မှာ လူတစ်ယောက်မှမတွေ့တော့ ထူးဆန်းတယ်ဆိုပြီးသင်္ဘောအနှံ့လိုက်ကြည့်ကြတဲ့အချိန်မှာ မိုင်ယာလို့ခေါ်တဲ့ကလေးမလေးနဲ့တွေ့ခဲ့ကြပါတယ်။ဘယ်သူမှမရှိတဲ့ သင်္ဘောပေါ်မှာ ကလေးမလေးတစ်ယောက်တည်းဘာလို့ရှိနေရတာလဲ၊ သင်္ဘောပေါ်မှာ ဘာတွေဖြစ်သွားခဲ့တာလဲ၊ပရက်စကော့တို့ကရော ဘာတွေကြုံရမလဲဆိုတာကိုတော့ 2019ခုနှစ်ထွက်ရှိထားပြီး IMDb rating 5.4 ရရှိထားတဲ့ Blood Vesselကားလေးမှာ ဆက်ပြီးကြည့်ရှုကြည့်ကြရအောင်နော်... ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Bennie ဖြစ်ပါတယ် )  File size…1.21GB / 405MB Quality…WEB-DL  1080p 5.1 CH  / 720p Format…mp4 Duration….1h 33m Genre ..... Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Bennie
movie

Blood Vessel (2019)

Arbor Demon (2016)
Arbor Demon (2016)  ဇာတ်လမ်းအညွှန်း တောနက်ကြီးတွေဟာ တကယ်ပဲကြောက်ဖို့ကောင်းသလားဆိုတာအပြင် တောတွေအကြောင်း ရှေးလူကြီးတွေပြောပြတဲ့ပုံပြင်တွေက တကယ်ပဲအမှန်တွေ ဖြစ်လောက်လားဆိုတာကိုရောတွေးမိကြပါသလား။ ဒါဆိုရင်တော့ horror/ thriller ဇာတ်လမ်းအမျိုးအစားလေးဖြစ်တဲ့ Arbor Demon ဇာတ်လမ်းလေးကိုကြည့်ရှုလိုက်ကြပါ။ ဒီဇာတ်လမ်းလေးမှာ ချားလ်စ်နဲ့ ဒေနာ တို့ဟာ ကလေးမယူကြသေးဘဲသူတို့ဘဝရဲ့ကိုယ်ပိုင်စွန့်စားခန်းလေးတွေကို လုပ်နေကြစဲဖြစ်တဲ့လင်မယားအတွဲလေးဖြစ်ပါတယ်။ ဒေနာက တောနက်ကြီးတစ်ခုအကြောင်းကို ထူးဆန်းစွာ အမြဲမြင်မက်နေပါတယ်။ တစ်နေ့မှာသူတို့နှစ်ဦးရဲ့မင်္ဂလာနှစ်ပတ််လည်အနေနဲ့ တောထဲကို စခန်းချခရီးထွက်ဖို့ နှစ်ယောက်သား ထွက်လာကြပါတယ်။ တောနက်နက်ထဲမှာကြောက်စရာအသံတွေလည်း စကြားလာရပြီး ဘယ်အရာကလာတိုက်ခိုက်လဲမသိ တိုက်ခိုက်ခံလာရတဲ့အခါ…သူတို့ကို ဘယ်အရာတွေက တိုက်ခိုက်နေတာလဲ၊ ဘာအကြောင်းကြောင့်တိုက်ခိုက်နေတာလဲ၊သူတို့နှစ်ဦး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလား ဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.73GB / 841MB Quality…Blu-Ray  1080p  / 720p Format…mp4 Duration….1h 32m Genre ..... Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Arbor Demon (2016)

The Woman (2011) 6.0
The Woman (2011)  ဒီဇာတ်လမ်းမှာတော့ တောတောင်ထဲမှာ တစ်ကိုယ်တည်းလျှောက်သွားပြီး ရှင်သန်နေတဲ့ မိန်းမတစ်ယောက်ကိုယဉ်ကျေးအောင်၊ လူမှုအဖွဲ့အစည်းနဲ့အံဝင်အောင် ကြိုးစားခဲ့တဲ့ရှေ့နေတစ်ယောက်နဲ့ သူ့မိသားစု အကြောင်းကို တင်ဆက်ထားပါတယ် ခရစ်စ်တို့မိသားစုဆီကို သူ့ကိုယ်ပိုင်စိတ်ဆန္ဒမပါဘဲ ရောက်လာတဲ့မိန်းမတစ်ယောက်. သူတို့တွေက “အမျိုးသမီး” လို့ ရည်ညွှန်းခဲ့ပေမယ့်သူကတော့ တိရစ္ဆာန်နဲ့ မခြားခဲ့ပါဘူး. ရိုင်းစိုင်းပြီးသားရဲဆန်တဲ့အမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့တဲ့ ခရစ်စ်အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်စမ်းသပ်မှုအဖြစ်အတင်းအကျပ်ထိန်းသိမ်းပြီး အရိုင်းဆန်စိတ်တွေ ပပျောက်အောင်ကြိုးစားခဲ့ပါတယ်.။ သူ့ရဲ့ မိသားစုကိုလည်း ဒီပရောဂျက်မှာမဖြစ်မနေ ပါဝင်စေခဲ့ပြန်ပါတယ်. တရားဥပဒေဘက်တော်သားဖြစ်သူခရစ်စ်ကိုယ်တိုင်က ဥပဒေနဲ့ဆန့်ကျင်စွာ အမျိုးသမီးတစ်ယောက်ကိုမတရားဖမ်းဆီး လူယဉ်ကျေးဇာတ်သွင်းနိုင်မလားအောင်မြင်ပြည့်စုံနေတဲ့ မိသားစုကြားမှာ ရိုင်းစိုင်းတဲ့အမျိုးသမီးတစ်ယောက် ဝင်ရောက်လာမှုကလည်း ဘယ်လို သက်ရောက်မှုတွေရှိလာမလဲ  အမျိုးသမီးတစ်ယောက်ကို ယဉ်ကျေးအောင်သင်ပြပေးချင်သူ ခရစ်စ်ကိုယ်တိုင်က သူ့မိန်းမ၊ မိသားစု အပါအဝင် အမျိုးသမီးများကို မလေးစားတတ်သူ ဖြစ်နေသောအခါ..ထိုအမျိုးသမီးရဲ့ ရက်စက်တဲ့အမျက်ဒေါသကနေ လွတ်မြောက်နိုင်လမ်းရှိမလားဆိုတာကို ရှုစားနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်.  File size…1.82GB / 756MB Quality…Blu-Ray  1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ...
movie

The Woman (2011)

Resolution (2012) 6.3
Resolution (2012) (၂၀၁၂) လောက်ကထွက်ထားတဲ့ Resolution လို့ခေါ်တဲ့ Horror/ Thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ ခရစ်ဟာဝေးလံခေါင်သီတဲ့အရပ်က တဲအိမ်လေးတစ်လုံးမှာနေထိုင်တဲ့ အားတိုင်းဆေးကွဲပြီးရမ်းကားနေတဲ့ ဆေးသမားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့အထက်တန်းတုန်းကသူငယ်ချင်း မိုက်ခ်ဟာ သူငယ်ချင်းကိုဒီဘဝကကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ ခရစ်ဆီရောက်လာပါတော့တယ်။ ခရစ်ကို ပြည်လည်ထူထောင်ရေးစင်တာကိုပို့ဖို့ အနုနည်းနဲ့ပြောမရတာကြောင့် အကြမ်းနည်းသုံးပြီး ခရစ်သဘောတူလာမဲ့အချိန်ထိ လက်ထိပ်ခတ်ဖမ်းဆီးထားပါတော့တယ်။ ဒါပေမဲ့ သူတို့ဉာဏ်မမီတဲ့ ထူးဆန်းတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ သူတို့ရဲ့ဘဝတွေလည်း ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတော့တယ်။ဒီဇာတ်ကားမှာ Setting ကိုလည်း အဟောင်းအနွမ်းတွေနဲ့ပြည့်နှက်နေတဲ့ ဒေသခံတွေကလည်းဖော်ရွေမှုမရှိတဲ့ ထူးဆန်းတယ်ဆိုတဲ့ခံစားချက်ကို အပြည့်အဝရစေတဲ့ တောခေါင်ခေါင်နေရာတစ်ခုမှာ ရွေးချယ်ရိုက်ကူးထားတာမို့ Horror ကား vibe အပြည့်အဝရစေမှာပါ။ Horror ဆိုပေမဲ့လည်း Jump scare တွေနဲ့ပြည့်နေတဲ့ သရဲကားလိုပုံစံမျိုးမဟုတ်ဘဲ တထိတ်ထိတ်နဲ့ဇာတ်လမ်းကို ဖြည်းဖြည်းချင်းပဲဆွဲခေါ်သွားတာမို့ Mystery/Thriller လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ကားဟောင်းတစ်ကားဖြစ်ပေမဲ့ IMDB rating 6.3 ထိရရှိထားတာမို့ Horror ကားတစ်ကားအတွက်တော့ ...
movie

Resolution (2012)

Bird Box (2018) 6.4
Bird Box (2018) ကမ္ဘာကြီးမှာ ဒုက္ခတွေ အလိုရမက်လောဘသားတွေ ထူပြောလာတာနဲ့အမျှဆေးကြောသုတ်သင်မယ့်သူတွေပေါ်လာစမြဲပါပဲ Kingmans:The Secret Serviceထဲက ဗယ်လတိုင်းလိုမျိုး ဒါမှမဟုတ်Avengers:Age of Ultron ထဲက Ultronကြီးလိုမျိုးပေါ့ ဒါပေမယ့်အခုဇာတ်ကားမှာတော့ နတ်ဆိုးလိုလိုဘာလိုလိုအမျိုးအမည်မသိတဲ့ ကောင်ကြီးအနေနဲ့မြင်ရမှာပါသူတို့ကို မမြင်ရဘူး မြင်ရ ရင်လဲအဲ့လူကအသက်မရှင်ဘူး ကိုယ့်ကိုကိုယ်သတ်သေမိတော့တာပဲ ဇာတ်လမ်းအကျဉ်းကတော့ အဲ့သဘာဝလွန်ကောင်ကြီးထွက်လာတယ်ပေါ့ လူတွေလဲ အစကမသိတော့ကြည့်မိကြပြီး ရူးကုန်တယ် ကိုယ့်ကိုကိုယ်သတ်သေတယ် စိတ်တွေ လွတ်ထွက်ကုန်တယ်တစ်ရက် မယ်လိုရီဆိုတဲ့ ကျွန်တော်တို့မင်းသမီးချောကြီး Sandra Bullock တစ်ယောက် သူ့ညီမဖြစ်သူနဲ့ ဗိုက်သွားပြတာပေါ့ လမ်းမှာ အဲ့ကမ္ဘာပျက်မယ့်အဖြစ်အပျက်နဲ့ ကြုံတွေ့မိတာပဲ ကံကောင်းချင်တော့ကယ်မယ့်သူပေါ်လာပြီး အိမ်တစ်အိမ်ထဲရောက်ခဲ့တယ် အဲ့အိမ်မှာလဲအခြားသူတွေရှိတာပေါ့ ဒီတော့ဇာတ်လမ်းက survivalဇာတ်လမ်း အဲ့အိမ်ထဲမှာပိတ်မိနေတဲ့သူတို့Medusa လိုမျိုးအကြည့်တစ်ချက်နဲ့ရူးစေတဲ့နတ်ဆိုးကြီးဘေးက ကမ္ဘာပျက်ကပ်ဆိုက်နေတဲ့ဘေးကဘယ်လိုရှင်သန်အောင်လုပ်ကြမလဲ ဇာတ်သိမ်းလေးဘယ်လိုဖြစ်သွားမလဲကတော့ ကိုယ့်ဖာသာပဲကြည့်ရှုခံစားကြည့်ပါဆိုတော့တာ ဒီကားလေးက rating သိပ်မများပေမယ့် အတော်လေးသပ်ရပ်လှပတဲ့ကားလို့မြင်မိပါတယ်နာမည်လေးကလဲBird Box ငှက်အိမ်လေးတဲ့ ဒီနာမည်ပေးထားတာလေးကိုချီးကျူးမိတယ် ဇာတ်လမ်းနဲ့လဲဆက်စပ်နေတာကိုး ဆိုတော့ကာ plotကကျွန်တော်ပြောခဲ့သလိုပဲဘာမှ သိပ်ထူးထူးခြားခြားကြီးမရှိဘူး ဒါပေမယ့်ကြည့်ရတာတော့သိပ်ကိုထူးခြားမှာပါ ...
movie

Bird Box (2018)

2018
The New Daughter (2009) 5.3
The New Daughter (2009)  Horror ကား ကြည့်ချင်နေကြသူတွေအတွက် ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ The New Daughterဆိုတဲ့ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဇနီးဖြစ်သူနဲ့ကွာရှင်းထားတဲ့ စာရေးဆရာတစ်ဦးဖြစ်သူ ဂျွန်ဂျိမ်းစ်ဟာသားနဲ့သမီးကို ခေါ်ပြီး လူသူနည်းပါးတဲ့ အိမ်လေးတစ်အိမ်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သားဖြစ်သူ ဆမ်နဲ့သမီးဖြစ်သူ လူဝီဆာ တို့ဟာ ဆော့ကစားကြရင်း အမှတ်တမဲ့ခြံနောက်ဖေးမှာ ထူးဆန်းတဲ့ တောင်ပို့ကြီးတစ်ခုကိုတွေ့ခဲ့ကြပါတယ်။ဒီတောင်ပို့ကို ရှာတွေ့အပြီးမှာပဲ အိမ်ကြီးမှာ ထူးဆန်းတဲ့အရာတွေတစ်ခုပြီးတစ်ခုဖြစ်လာပြီး လူဝီဆာရဲ့ အပြုအမူတွေဟာလည်းတစ်ဖြေးဖြေး ပြောင်းလဲလာခဲ့ပါတယ်။ဒီဖြစ်ရပ်ကို မသင်္ကာတဲ့ ဂျွန်ဂျိမ်းစ်ဟာ ဒီအိမ်ကြီးရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းကြည့်တဲ့အခါမှာတော့ ခြံနောက်ဖေးကတောင်ပို့ဟာသွေးရိုးသားရိုးမဟုတ်ပဲ လူသေတွေကိုမြှုပ်နှံတဲ့ ရှေးဟောင်း သုဿန်တောင်ပို့တစ်ခု ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ အဲ့လို သိလိုက်ရတဲ့အချိန်မှာတော့ သူတို့မိသားစု ဘာတွေဆက်ဖြစ်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီအိမ်ကြီးမှာ ဘယ်လိုရှုပ်ထွေးတဲ့သမိုင်းကြောင်းတွေရှိနေမလဲ၊ လူဝီဆာတစ်ယောက်ရော ဘာတွေဖြစ်နေသလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် Horror dramaကားကောင်းတစ်ကား ဖြစ်ပါတယ်ခင်ဗျာ။  File size…1.90GB / 714MB Quality…Blu-Ray  1080p 5.1 CH / ...
movie

The New Daughter (2009)

Bird Box Barcelona (2023)
Bird Box Barcelona (2023) Bird Box Barcelona (2023)ဒါဟာ ၂၀၁၈ မှာထွက်ရှိခဲ့တဲ့ Bird Box ရုပ်ရှင်ကို အခြေခံထားတဲ့ ရုပ်ရှင်တစ်ခုပါ။ နောက်ဆက်တွဲဇာတ်လမ်းတော့မဟုတ်ပါဘူး။ ဘာစီလိုနာမှာ ဆင်ဆင်တူ ဖြစ်ပျက်နေပုံကို ပြသထားတာပါ။ ထူးဆန်းတဲ့အရာတစ်ခုကြောင့် ကမ္ဘာပျက်ကိန်းကြီး တစ်ခုဖြစ်ခဲ့ပြီး အဲဒီအရာကို မြင်လိုက်တဲ့သူတိုင်းဟာ သေကြောင်းကြံသွားကြပါတယ်။ ဒါမှမဟုတ် အဲဒီအရာရဲ့ ကျေးကျွန်တွေဖြစ်လာပြီး အခြား မျက်လုံးကို အုပ်ထားတဲ့သူတွေကို အတင်းမျက်လုံးဖွင့်အောင် လုပ်လိုက်ကြပါတယ်။ အဲဒီအရာကလည်း မျက်လုံးတွေဖွင့်ကြည့်မိအောင် မျိုးစုံလှည့်စားစည်းရုံးတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ အဓိကဇာတ်ကောင်အဖြစ် ဆီဘက်ရှန်ဆိုတဲ့သူနဲ့ သူ့ရဲ့ သမီး အန်နာတို့ ပါပါတယ်။ ဇာတ်လမ်းက လှည့်ကွက်လေးတွေနဲ့မို့ အများကြီးတော့ ပြောပြလို့မရပါဘူး။ သူတို့တွေလည်း ဒီကပ်ဘေးကြီးထဲကနေ ဘယ်လိုလွတ်အောင် ရုန်းကန်ကြမလဲဆိုတာ ကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Sci-fi Quality…. 1080p | 720p File size… 1.6GB | 832MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar ...
movie

Bird Box Barcelona (2023)

2023
[18+]Future Century Amazons (2017) 4.3
[18+]Future Century Amazons (2017) Future Century Amazonies 2017ဒီတစ်ခါ DS fan ညိုကီတို့အတွက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကိုတော့ စိတ်ခိုင်မှကြည့်ကြဖို့ အကြံပေးချင်ပါတယ်... စိတ်မခိုင်လဲ ကြည့်လို့တော့တန်ပါတယ်....ဝမ်းဒါးဝူးမန်းထဲက အမေဇွန်ကျွန်းလေးပေါ်မှာ ငါများရောက်သွားရက်တော့ မချောဆယ်ယောက်ကိုယ်တစ်ယောက်ဖြစ်ရချည်သေးဆိုပြီး စိတ်ကူးယဉ်ဖူးတဲ့ ညိုကီတွေအတွက် အနာဂတ်က အမေဇွန်စီးတီးလို့ခေါ်တဲ့ မိန်းမတွေချည်းရှိတဲ့ မြို့လေးကို အခြေပြုတင်ဆက်ထားတဲ့ဇာတ်လမ်းလေးပါဖန်ပြွန်သန္ဓေသားနဲ့ပဲကလေးမွေးကြပြီး ယောကျာ်းတွေဆီက သုတ်ပိုးကို အရှင်လတ်လတ်ပဲယူကြပါတယ် စိတ်ဆန္ဒပြေပျောက်ဖို့ကိုတော့ မိန်းမအချင်းချင်းပဲ တယောထိုးကြပါတယ်တဲ့ ဇာတ်လမ်းလေးက ဆန်းသလို ပြောတဲ့ဒိုင်ယာ‌လော့ခ်တွေကလည်း လုံးဝအလန်းပါ သွေးထွက်သံယိုတွေ ညစ်ညမ်းအခန်းတွေသာမပါရင် ဖိုမတန်းတူညီမျှရေးဇာတ်ကားဆိုပြီး လူတကာလိုက်ပြလို့ကိုရအောင် ရှယ်ကောင်းပါတယ် အဲ့တော့ မိန်းမတွေချည်းရှိတဲ့ကမ္ဘာတွေကို လေ့လာချင်တဲ့ ညိုကီတွေအတွက် မူးရင် ဒိုင်ကြောင်တွေလွှတ်ဖို့ ကိုးကားစရာစကားတွေပါ ပါတာမို့ လက်မလွှတ်ကြဖို့တော့ အကြံပေးလိုက်ပါတယ် File size…400MB Quality…HD DVD RIP Format…mp4 Duration….1h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

[18+]Future Century Amazons (2017)

2017
Oh My Ghost! The Fierce Escape from Covid-19 (2021)
Oh My Ghost! The Fierce Escape from Covid-19 (2021) Oh My Ghost! The Fierce Escape from Covid-19 (2021)ကျိန်စာမိလာတဲ့ မဟာဒေဝီကြီးတစ်ယောက် အာခွေတို့သားအမိ ပိုင်ဆိုင်တဲ့ ဟိုတယ်ကို တည်းတဲ့ညမှာတင် မကြံဖူးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။အဲမကြုံဖူးတဲ့အဖြစ်အပျက်ကြီးကို ဖြေရှင်းနေဆဲမှာတင် မွေးနေ့ပွဲတက်ခဲ့တဲ့ အာခွေတို့သားအမိဟာ ကိုဗစ်စည်းကမ်းချက်အရ ဟိုတယ်ကို ၁၄ ရက် ပိတ်လိုက်ရပါတော့တယ်။ခိုကိုးရာမဲ့လုလု အာခွေတို့သားအမိနှစ်ယောက်ကို ကယ်တင်ဖို့ ပန်ကိတ်မလေး ရောက်လာတဲ့အခါမှာတော့...... ကိစ္စက ရှင်းသွားရမှာမဟုတ်ဘဲ ထင်တာထက်ပိုနက်နဲနေတဲ့အခါ.....အာခွေတို့သားအမိ ပဟေဠိအဖြေညှိနိုင်ပါ့မလား။ ပန်ကိတ်ကရော ဘယ်လောက်အထိ ကူညီပေးနိုင်မှာလဲ။ ပြဿနာတွေက မဟာဒေဝီရဲ့ ကျိန်စာနဲ့များ ဆက်စပ်နေမလား။ မဟာဒေဝီကရော ဘယ်သူလဲ။ ဘယ်ကလာလို့ ဘာကျိန်စာတွေမိခဲ့တာလဲ။ ပုံမှန်သရဲတွေတင်မဟုတ်ဘဲ ဇွန်ဘီးတွေပါ ပါလာတဲ့အခါမှာတော့ ..... ဒါတွေကို သူတို့ဖြေရှင်းနိုင်ပါ့မလား။ဆိုရှယ်ဒစ်စတန်းဆင်းဆိုပေမယ့် ပန်ကိတ်မတို့ အခေါ်တစ်ခေါက်မတို့ တစ်သိုက် ဘယ်လိုဗရုတ်ကျဦးမလဲဆိုတာ အရယ်မရပ်ရစေဘဲနဲ့ ကြည့်ရှုခံစားကြရဦးမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror Quality…. 720p File size… 792MB Format… mp4 Duration…. 1h ...
movie

Oh My Ghost! The Fierce Escape from Covid-19 (2021)

2021