Channel Myanmar

Mystery

Double Life ( 2023 ) 5.2
Double Life ( 2023 )  2023 မေလ၅ရက်နေ့ကမှပူပူနွေးနွေးထွက်ရှိခဲ့တဲ့ကားပဲဖြစ်ပါတယ်။ Javicia Leslie,John Cassiniနဲ့ Pascale Huttonတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအသွားကတော့ Sharon Satter ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းဖြစ်သူ Mark Setter က ရုံးကအပြန်မှာ သေဆုံးသွားတာကိုသိရှိပြီး ပူဆွေးနေတုန်းမှာပဲ Jo Creuzot ဆိုတဲ့အမျိုးသမီးက သူမရဲ့ခင်ပွန်းသေဆုံးမှုက ပုံမှန်မဟုတ်ကြောင်းပြောပြရင်း အစအနများကိုလိုက်ရှာကြရာကနေ တကယ်ကိုမထင်ထားတဲ့ လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ CrimeThriller အမျိုးအစားပဲဖြစ်ပါတယ်။ တကယ့်ကို မထင်ထားတဲ့လှည့်ကွက်များနဲ့ အက်ရှင်များကိုကြိုက်နှစ်သက်ရင်တော့ ဒီဇာတ်ကားကိုကြည့်ဖို့တိုက်တွန်းပါတယ်.File size…(1.5 GB)/(720 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill 
movie

Double Life ( 2023 )

Mountain Village Inn ( 2023 ) 5.9
Mountain Village Inn ( 2023 ) CM မှာအရင်တင်ပြီးသားဖြစ်တဲ့ ( The Haunting)ဆိုတဲ့ဇာတ်ကားရဲ့ နောက်တစ်ကားဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင်လေးJiang Shuoရဲ့ အိမ်အရောင်းဝယ်လုပ်ငန်းကိုလုပ်ကိုင်ရင်း နောက်ထပ်ကြုံတွေ့ရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရေမြေမကောင်းလို့ လာဘ်မကောင်းလို့ သရဲခြောက်လို့ ဆိုပြီး အလောတကြီးရောင်းချင်တဲ့အိမ်တွေကတော့ Jiang shuo ရဲ့အကြိုက်ပါပဲ။ ဒီတစ်ခါမှတော့ Jiang ဟာ အယူသီးတဲ့ထုံးတမ်းဓလေ့တွေရှိတဲ့ တောင်ပေါ်ကမိုတယ်တစ်ခုကိုဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအတွက် သွားဝယ်ပေးရင်း ကြုံတွေ့ခဲ့ရတဲ့လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်လေးပါ.....ရွှံံတောင်ပြိုတဲ့ဖြစ်ရပ်ကြောင့် မိုတယ်မှာတည်းတဲ့ တောင်တက်သမား (၃၆)ယောက်ဟာပျောက်ဆုံးနေပြီး ဘယ်လိုမှရှာမတွေ့တော့ပါဘူး….. မိုတယ်ကိုဝယ်ဖို့ရောက်လာတဲ့ Jiang တို့လူစုဟာ လူပျောက်မှုနဲ့ပတ်သက်ပြီး ဘာတွေသိလာရမလဲ……ခြောက်ခြားစရာကောင်းတဲ့ဒီမိုတယ်မှာ ဘယ်လိုကျောချမ်းစရာတွေ ကြောက်စရာတွေနဲ့ကြုံရဦးမလဲဆိုတာ ခံစားလိုက်ဦးနော်….. Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK  
movie

Mountain Village Inn ( 2023 )

The Devildom Elephant Man ( 2023 ) 5.9
The Devildom Elephant Man ( 2023 ) ရှင်းလော်(ယခင် ထိုင်းနိုင်ငံအခေါ်အဝေါ်)ဆိုတဲ့နိုင်ငံမှာ ရှင်းလော်ဆင်မျိုးနွယ်ဆိုတဲ့ ဒဏ္ဍာရီလာမျိုးနွယ်တစ်စုရှိပါသတဲ့။ မင်းသမီးစင်သီယာရဲ့ဖခင်ဖြစ်သူမျိုးနွယ်ခေါင်းဆောင်ဟာ ယဇ်ဆရာ"ဆာဖော့်ခွမ်း"ရဲ့ယုတ်မာသွေးဆောင်မှုကြောင့် အစီရင်လုပ်ထားတဲ့ဆေးတစ်မျိုးကို သောက်သုံးခဲ့ပါတယ် ၊ အဲ့နောက်ပိုင်းကစပြီး....ပုံပြင်ဟာအစပြုလေပါတော့တယ်...မင်းသမီး'စင်သီယာ'ဟာ ဖခင်ဖြစ်သူရဲ့အမှန်တရားကိုဖော်ထုတ်ဖိုကြိုးစားပါတော့တယ် ထိုစဉ်မှာ ယွင်ချင်ဘုရင်နဲ့လက်ဆက်ဖိုပိုလိုက်တဲ့ ရှင်းလော်ဆင်း မျိုးနွယ်မင်းသမီးစင်သီယာဟာ ‌ရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါ..."ဟုန်လူစုသတ်ဖြတ်မှု"ဆိုတဲ့ လူပေါင်းရာချီအသက်‌သေဆုံးခဲ့ရတဲ့အမှုမှာ မိသားစုဝင်ကိုဆုံးရှုးခဲ့ရတဲ့-"ဟုန်ရှီးကွမ်း" ရန်သူကို ကလဲ့စားချေဖိုလုပ်ရင်း အကျိုးတူအလဲလှယ်တစ်ခုကြောင့် စင်သီယာမင်းသမီးပျောက်ဆုံးမှုကို ဟုန်ရှီးကွမ်တစ်ယောက် ပါဝင်ရှာဖွေဖိုဖြစ်လာတဲ့အခါ...-မိမိကိုယ်တိုင်ပျောက်ဆုံးနေတဲ့မင်းသမီးလေးရော ဖခင်ဖြစ်သူရဲ့အမှုကို ရှင်းလင်းနိုင်ပါ့မလား -ဟုန်ရှီးကွမ်းလုပ်ခဲ့တဲ့အလဲအလှယ်ကရော ဘာများဖြစ်နေမလဲ -လမ်းသွယ်လေးနှစ်ခွဲကနေ နောက်ဆုံးမှာဘယ်လိုလမ်းဆုံးဆုံမှတ်ကို ရောက်သွားနိုင်မလဲ.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK
movie

The Devildom Elephant Man ( 2023 )

Hypnotic (2023) 5.5
Hypnotic (2023) Hypnotic (2023)ဒါရိုက်တာ Robert Rodriguez ရိုက်ကူးပြီး ဘန် အက်ဖလစ် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပါ။ လှည့်ကွက်လေးတွေပါတဲ့ အက်ရှင် သရေလာ အမျိုးအစားပါပဲ။ ဘန်ဟာ ရွတ်ခ်ဆိုတဲ့ ရဲစုံထောက်တစ်ယောက်ပါ။ သူ့ရဲ့သမီးလေးကို တစ်နေ့မှာ လူတစ်ယောက်က ပြန်ပေးဆွဲသွားပြီးလုံးဝ ပြန်ရှာမတွေ့တော့ပါဘူး။ သူ့ကိုပြန်ပေးဆွဲသွားတဲ့လူကလည်း သူ့သမီးရဲ့နေရာကိုလုံးဝမမှတ်မိဘူးဖြစ်နေပါတယ်။ အဲဒီအမှုကို လက်လျှော့လိုက်ရပြီး သူ အခြားအမှုတစ်ခုကိုလိုက်ရင်းနဲ့ လူတွေကို အိပ်မွေ့ချပြီး အမိန့်ပေးချင်ရာပေးနိုင်တဲ့အစွမ်းရှိသူတစ်ယောက်နဲ့ တွေ့သွားပါတော့တယ်။ အဲဒီလူက သူ့သမီးပျောက်ဆုံးမှုနဲ့ ထူးထူးခြားခြား ဆက်စပ်နေပြီး အဲဒီလူနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဖြစ်လာမလဲဆိုတာ...အညွန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 622MB | 305MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron
movie

Hypnotic (2023)

2023
Autobiography (2022) 7.4
Autobiography (2022) Autobiography (2022)အင်ဒိုနီးရှားမှာ Best Original Screenplay ဆုရခဲ့ပြီး ကျန် ၇ဆုဆန်ကာတင် စာရင်းဝင်ခဲ့တဲ့ အင်ဒိုကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒါ့အပြင်ကို ဗင်းနစ် ရုပ်ရှင်ပြပွဲမှာပါ ဆုတွေရခဲ့ပါသေးတယ်။အင်ဒိုနီးရှားဟာ အနှပညာလောကမှာ အရှေ့တောင်အာရှကို ဖောက်ထွက်ဖို့ကြိုးနေတယ်ဆိုတာ ဒီရုပ်ရှင်မှာတွေ့နိုင်ပါတယ်။ ဇာတ်လမ်း နာမည်လေးကလဲ မြန်မာလိုဆို "ကိုယ်တိုင်ရေး ရာဇဝင်" ပေါ့။ ဇာတ်လမ်းဟာလဲ နာမည်နဲ့အတော်လိုက်တာကို တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်တပ်မှဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက် နိုင်ငံရေးလောကထဲဝင်ပြီး ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ဖို့ မီးမှန်မှန်ရဖို့ရေး ရေအားလျှပ်စစ်စက်ရုံတွေဆောက်မယ်ပေါ့။ ဒါပေမဲ့ သူက လူတွေကိုကူညီချင်သလိုနဲ့ အာဏာသုံးပြီးလုပ်တတ်တဲ့ အာဏာရှင်ကြီးတစ်ယောက်ပါ။ တနေ့ သူ့တပည့်တစ်ယောက်ရဲ့ သားကို သူ့အတွက်လက်တိုလက်တောင်းခိုင်းဖို့ ခေါ်လိုက်ပါတယ်။ အစကတော့ အကြောင်းမသိသေးလို့ လေးစားအားကျနေခဲ့ရာမှ နောက်ကွယ်ကအဖြစ်မှန်တွေသိပြီးနောက် အဲဒီ အာဏာရှင်လူဆိုးကြီး လက်အောက်က ဘယ်လို လွှတ်အောင်ပြေးပြီး ကိုယ့်ရာဇဝင်ကို ရေးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.3GB ...
movie

Autobiography (2022)

2022
Jethica (2023) 5.3
Jethica (2023) လောကမှာဘယ်အရာမှ အစွန်းရောက်တာမကောင်းပါဘူး..ဥပမာပေးရရင်တော့ လူတစ်ယောက်ကို အဆုံးစွန်ထိချစ်မိသွားတာမျိုးပေါ့..အရပ်စကားနဲ့ဆိုရင်တော့ အချစ်ကြောင့်စုံလုံးကန်းသွားတာပေါ့.. လူတစ်ယောက်တည်းကိုပဲ အချိန်တိုင်း SMS တွေပို့..ဖုန်းတွေခေါ်..သူနဲ့ပတ်သတ်သမျှအကုန်လုံးဟာ ကိုနဲ့ပဲသက်ဆိုင်ရမယ်လို့တွေးမိနေရင်တော့ ချစ်တာမဟုတ်ဘဲ နှစ်တာဖြစ်သွားပါလိမ့်မယ်..တဖက်ကိုလည်းသ-တ်သလိုဖြစ်သလိုဖြစ်ရင်းကိုပါထိခိုက်ရပါတယ်..ဒီလိုမျိုးဖြစ်ရပ်တွေဟာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ တွေ့နေမြင်နေရတဲ့ဖြစ်ရပ်တွေပါပဲဒီကားလေးမှာတော့ ဒီဖြစ်ရပ်တွေကိုပုံဖော်ရိုက်ကူးထားတာဘဲဖြစ်ပါတယ်..ဂျက်ဆီကာလို့ခေါ်တဲ့ ကိုမချစ်တဲ့သူတစ်ဦးရဲ့ အတင်းတွယ်ကပ်နေတာကို ခံနေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ အယ်လီနာတဖြစ်လဲ LaLaLand ထဲကမင်းသမီးချောလေးCallie Hernandez တို့ငယ်သူငယ်ချင်းနှစ်ယောက်တို့ရဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကိုပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်သူငယ်ချင်းနှစ်ဦး ကြုံတွေ့ရတဲ့အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကျမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါဦး..အဆုံးသတ်မှာ တွေးစရာလေးတွေကောသင်ခန်းယူစရာလေးကောရသွားမယ့် ကားကောင်းလေးတစ်ကားဖြစ်ကြောင်းညွှန်းလိုက်ပါရစေခင်ဗျာFile size…(1.4 GB)/(470 GB)/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:12:00 Genre...Drama, Comedy, Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thetti Tun 
movie

Jethica (2023)

Maid for Revenge (2023) 5.3
Maid for Revenge (2023)  ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ကမှထွက်ရှိခဲ့ပြီး ဒါရိုက်တာ Alexandre Carrière ရိုက်ကူးထားတဲ့ mystery and thriller အမျိုးစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်း‌အကျဉ်းလေးကတော့ မစ္စ၀စ်ခါဆန် က ၈ နှစ်အရွယ်သားလေးနဲ့အတူတူနေရင်း ဘ၀ကိုရုန်းကန်နေရတဲ့ single mother တစ်ယောက်ပါ။ သူအရင်က ထောင်လည်းကျခဲ့ဖူးတာမလို့ သန့်ရှင်းရေးအလုပ်လုပ်ပြီး ရိုးရိုးသားသားပဲလုပ်ကိုင်စားသောက်နေသူပါ။တစ်နေ့မှာတော့ အလုပ်လုပ်နေရင်းသတိမေ့သွားပြီး သတိပြန်ရလာချိန်မှာတော့ သူအလုပ်လုပ်နေတဲ့အိမ်ရှင်ရဲ့ ရေကန်နားမှာသွေးတွေနဲ့အတူဖြစ်နေပါတယ်။ အနားမှာလည်း ဓားထိုးရာနဲ့သွေးတွေထွက်နေတဲ့အိမ်ရှင်ရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူ့သားလေးကိုစိတ်ပူပြီး အိမ်ကိုမရရအောင်ပြန်ပါတော့တယ်။ ဒီလိုရိုးရိုးသားသားအလုပ်လုပ်နေတဲ့ အိမ်ဖော်တစ်ယောက်က တကယ်ပဲသူ့ရဲ့အလုပ်ရှင်ကိုသတ်ခဲ့တာလား? သူသတ်ခဲ့တာမဟုတ်ရင် ဘာလို့သူ့ကိုချောက်ချကြတာလဲ? သူမကရော အရင်ကဘာတွေဖြစ်ခဲ့တာလဲ? မစ္စ၀စ်ခါဆန် ကလည်းဒီအကြောင်းတွေကိုဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုကြရမှာပါ။File size…(1.5 GB)/(640 GB)/(360 Mb)Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Mystery, Tv Movie, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha
movie

Maid for Revenge (2023)

Murder by Numbers (2002) 6.1
Murder by Numbers (2002) Murder by Numbers (2002)မင်းသားချော Ryan Gosling ငယ်ရွယ်စဉ်အခါကရိုက်ကူးထားတဲ့ မှုခင်းရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Ryan Gosling အပြင် အခြားနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Michael Pitt, Ben Chaplin နဲ့ Sandra Bullock တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Barbet Schroeder ကရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရစ်ချက်(Ryan Gosling)ဟာအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောနဲ့ ကျောင်းမှာလည်းလူသိများတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ဂျက်စတင်ဟာ လိုချင်တာအားလုံးရနေတဲ့ဘဝမှာ ငြီးငွေ့လာတဲ့အတွက် ဘဝကြီးကိုအပြည့်အဝခံစားဖို့အတွက် လူသတ်မှုတစ်ခုကို ကျူးလွန်ဖို့အတူတူကြံစည်ကြပါတော့တယ်။သူတို့ဟာသူတို့ဉာဏ်ကောင်းကြောင်း ပြချင်တဲ့အတွက်အမှုကို ပြီးပြည့်စုံအောင်စီစဉ်ခဲ့ပေမယ့် ဒီအမှုကိုကိုင်တွယ်တဲ့ စုံထောက်ကြီးကတ်ဆီမေဝဲသာကတော့ ဒီလိုယောက်ျားမျိုးတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဖြစ်တာကြောင့် သူတို့ရဲ့အမှုကို ဘယ်လိုမျိုးဖော်ထုတ်သွားမလဲဆိုတာကို လှည့်ကွက်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Aung Win Htut ပါ။)File Size          : 3.4GB, 917MB, ...
movie

Murder by Numbers (2002)

Broken Army X: Fatal Mutations ( 2023 ) 5.9
Broken Army X: Fatal Mutations ( 2023 ) မင်ကော်ခေတ်အစပိုင်းမှာ ရှန်ဟိုင်းမှာ အတော်ဆုံး စုံထောက်ဖြစ်ချင်နေတဲ့ ရဲသားလေး ရှောင်းကျန့်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှုတစ်ခုကို စုံစမ်းနေတုန်းမှာ မထင်ထားပဲ ထိန်းချုပ်ခံ အမှုတစ်ခုကို ထိတွေ့မိသွားပါတယ်။ ထူးဆန်းတဲ့ အစွမ်းတွေပိုင်ဆိုင်ထားတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုထဲကို သူရောက်သွားခဲ့ပါတယ်။ထို့နောက် အန္တရာယ်များပြီး ထူးခြားဆန်းကြယ်လှတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ရပြီးနောက် သူက "ဖော့ကျွင်း" ဆိုတဲ့ နာမည်ပြောင်းကို ဆက်ခံခဲ့ပါတယ်။ ထို့နောက် နာမည်ဖော်ပြခြင်းမခံရတဲ့ ကမ္ဘာမြေကြီးကို စောင့်ရှောက်သူ ဖြစ်သွားခဲ့ပါတယ်။ရှောင်းကျန့်တစ်ယောက် ထိုအဖွဲ့အစည်းထဲဝင်ရောက်ပြီးနောက် ဘယ်လို ဆန်းကြယ်မှုတွေကို ကြုံတွေ့ခဲ့ရသလဲ...... သူတို့အဖွဲ့သားတွေ အတူတကွ ဆန်းကြယ်တဲ့ အမှုတွေကို ဘယ်လို ဖြေရှင်းကြမလဲ..... ဆိုတာကို ရုပ်ရှင်ကြည့်ရင်း အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Action Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By ...
movie

Broken Army X: Fatal Mutations ( 2023 )

The Day After Halloween (2022)
The Day After Halloween (2022) The Day after Halloween 2022 (ညစ်ညမ်းတဲ့အသုံးအနှုန်းတွေ ဇာတ်၀င်ခန်းတွေပါ၀င်တာကြောင့် မိသားစုနဲ့ကြည့်ရှုဖို့မသင့်ပါ) ဟေးစ်နဲ့အက်ဒီဆင်တို့က ငယ်ငယ်ကတည်းကပေါင်းလာတဲ့သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ သူတို့က drive-in cinema တို့လို မော်တော်ကား‌တွေပါ ပါကင်၀င်ထိုးပြီးရုပ်ရှင်ကြည့်လို့ရမဲ့ မြေကွက်လပ်ကိုငှားရမ်းပေးတဲ့ လုပ်ငန်းလုပ်ကိုင်ကြတာပါ။ဒီလိုနဲ့ ဟောလိုး၀င်းညမှာတော့ သူတို့အိမ်မှာ ဟေးစ်ရဲ့ရည်းစားနဲ့ တခြားအပေါင်းအသင်းတွေကိုခေါ်ပြီး ပါတီပေးရင်း ကွဲကြပြဲကြတာပေါ့။ နောက်တစ်ရက်မနက်မှာတော့ အိမ်ကရေချိုးကန်ထဲမှာ အလောင်းကြီးတစ်လောင်းရောက်နေတာ တွေ့လိုက်ရတဲ့အခါမှာတော့ သူတို့ဘယ်လိုဖြေရှင်းကြမလဲဆိုတာ တခွီးခွီးရယ်ရင်း ကြည့်ရှုရမှာပါ။  File size…(1.3 GB)/(700 MB)/(410 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Horror, Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

The Day After Halloween (2022)

Memoir (2017) 6.6
Memoir (2017) ဒါရနီ အဖြစ် Now Tisanart ယို အဖြစ် Tina Suppanadဇာတ်လမ်းအကျဉ်းဒါရနီက အိမ်လမ်းထိပ်က ဆိုင်မှာ အမြဲညဆိုင်းဆင်းနေတတ်တဲ့ မိန်းကလေး တစ်ယောက်ပါဒါရနီရဲ့ အိပ်မက်က တခြားအသိမိတ်ဆွေတွေလို နေရာတစ်ခုရပြီး အလုပ်ကောင်းကောင်းတစ်ခုနဲ့ ငွေရှာချင်ခဲ့တာပေါ့တစ်ရက် ဆိုင်လာတဲ့ ဝယ်သူ ပမ့်ဆိုတဲ့မိန်းကလေးတစ်ယောက် အောင်မြင် ဝင်ငွေကောင်းနေတာကို အားကျရင်း ဒါရနီတစ်ယောက် နာဝီထိုင်းအာမခံကုမ္ပဏီအဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့တယ်သူငယ်ချင်းတွေကို အာမခံရောင်းဖို့ ဒါရနီတစ်ယောက် အပြင်းအထန်ကြိုးစားရင်း ငယ်ငယ်က အရမ်းခင်ခဲ့တယ်ဆိုတဲ့ ယို့ကို ဖုန်းဆက်အာမခံမိတ်ဆက်ပေးမိရာက မမျှော်လင့်ထားတဲ့ ထိတ်လန့်စရာအဖြစ်တွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်ယိုနဲ့ဒါရနီတို့ရဲ့ ဆက်ဆံရေးက ဘာအကြောင်းရင်းတွေကြောင့် ပြတ်တောက်ခဲ့ရတာလဲဒါရနီ ကြုံတွေ့လာရတဲ့ ထိတ်လန့်စရာအဖြစ်တွေကရော ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )File Size__(1.5GB) / (600MB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:38:00 Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Kyi ...
movie

Memoir (2017)

Maksym Osa(2022) 6.7
Maksym Osa(2022) Maksym Osa(2022)*****************AD ၁၆၀၀ ကျော်လောက်မှာ နာမည်ကြီးတဲ့ စစ်သည်တော်အုပ်စုတွေရှိခဲ့တယ်...သူတိုကတော့ ဆစ်ခ်ျမှာအခြေစိုက်တဲ့ ကာ့ဆက်ဇ်စစ်သည်တော်တွေပါပဲ...မဟုတ်မခံ ဆတ်ဆတ်ကြဲ အပေအတေလိုနေထိုင်တတ်ကြပေမယ့် လက်ရုံးရည်အရာမှာအရမ်းတော်ကြတဲ့ ကာ့ဆက်ဇ်စစ်သည်တွေကို တစ်နေ့မှာ ဘုရင်ဖြစ်သူက ရွှေတွေချီးမြှင့်ခဲ့တယ်....ဝါးဆောမြိုတော်ကနေ ဆစ်ခ်ျအခြေစိုက်စခန်းအထိ ရွှေတွေကိူသယ်ဖို ဝာာဝန်ကျတာကတော့ ဆံဖြူတိုတပ်ဖွဲပေါ့ဒါပေမယ့် လမ်းမှာ သမန်းဝံပုလွေနဲ့တွေ့ပြီး တစ်ဖွဲလုံးအသတ်ခံရ ရွှေတွေအလုခံလိုက်ရပါတော့တယ်...သူတိုတပ်ဖွဲရဲ့ရွှေသယ်ခရီးမှာ မပါလာတဲ့ ဇာတ်လိုက် မက်ဆင်အိုဆာတစ်ယောက်ဟာဒီအကြောင်းကိုကြားပြီး သူ့သူငယ်ချင်းတွေကိုသတ်တဲ့သူကိုစုံစမ်း ရွှေတွေကိုပြန်ရှာဖိုလုပ်ပါတော့တယ်..အိုဆာရဲ့သူငယ်ချင်းတွေကို တကယ်ပဲသမန်းဝံပုလွေသတ်တာလား...ရွှေတွေဘယ်ပျောက်သွားတာလဲဆိုတာကို မက်ဆန်အိုဆာနဲ့တူတူ ရင်ခုန်စွာစီးမြောကြည့်ရှူရမှာဖြစ်ပါတယ်....File Size :(2.2GB) and (779MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn Encoded by Phyo Pyae
movie

Maksym Osa(2022)

The Five Immortals of Northeast China ( 2023 ) 5.8
The Five Immortals of Northeast China ( 2023 ) ချင်းခေတ်နှောင်းပိုင်းတောတောင်တွေကြားထဲကရွာလေးတစ်ရွာမှာ ရွာသားတွေက မြေခွေး ၊ဖျံနီညို၊ ဖြူ၊ မြွေ၊ ကြွက်ဆိုတဲ့သတ္တဝါ (၅)မျိုးကိုနတ်အဖြစ်နဲ့ယုံကြည်ကိုးကွယ်ကြတယ်။တစ်နေ့မှာတော့ရွာရဲ့လူချမ်းသာဖြစ်တဲ့စွန်းမျိုးနွယ်ဟာ ကြွက်တွေကိုအမျိုးတုန်းလိုက်ရှင်းတဲ့အတွက် ကြွက်နတ်ကိုပြစ်မှားမိလို့ ဒုက္ခရောက်သွားခဲ့တယ်ဆိုတဲ့ထူးဆန်းဖြစ်ရပ်ဖြစ်လာခဲ့တယ်။ဂျင်ဆင်းနဲ့ပူဇော်ရမယ့်လို့ဆိုကြတဲ့အတွက် စွန်းမျိုးနွယ်ရဲ့ညီဟာ တောင်ပေါ်တက်ပြီး ဂျင်ဆင်းရှာတဲ့ခရီးတင်ပါတော့တယ်...... ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်မျိုးပြီးတစ်မျိုးဖြစ်လာခဲ့တယ် တကယ်ပဲ တောင်တွင်းနတ်(၅)ပါးပေးတဲ့အပြစ်တွေလား...... အမှန်တရားဟာဘယ်လိုဖြစ်နေမလဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

The Five Immortals of Northeast China ( 2023 )

{18+}Alexandra’s Project (2003) 6.5
{18+}Alexandra’s Project (2003) IMDb Rating/(6.5)အိမ်ထောင်ရေးတစ်ခုမှာ သာယာမှုဆိုတာကို ဘယ်လိုဆုံးဖြတ်တတ်ကြပါသလဲ လူအမျိုးမျိုး စိတ်အထွေအထွေမို့ အကြောင်းအရာမျိုးစုံရှိကြမှာပါ အပေါ်ယံကြည့်ရင် သာယာချမ်းမြေ့တဲ့ မိသားစုလို့ ထင်ရပေမယ့် နောက်ကွယ်မှာ ကာယကာရှင်ကိုယ်တိုင်သာ သိမြင်ခံစားရတဲ့ ကိစ္စတွေအတော်များများရှိတတ်ကြပါတယ် ဒီကားလေးကတော့ Gone Girl ဆန်ဆန်လေး ဆိုပါတော့ အထန်ကောင် ယောက်ျားကို ပိုင်ဆိုင်ထားမိတဲ့ Alexandra တစ်ယောက် သားသမီးမျက်နှာကိုထောက်ပြီး နှစ်ပိုင်းများစွာ သည်းခံခဲ့ပေမယ့် အတိုင်းထက်လွန်လာတဲ့ ကိစ္စတွေ သိရှိကြုံတွေ့ လာရတဲ့အခါ ဘယ်လိုသင်ခန်းစာပေးမလဲ ချစ်ခြင်းမေတ္တာတွေ ဆာလောင်မွတ်သိပ်ချိန် ခင်ပွန်းဖြစ်သူရဲ့ လိင်အသုံးချမှုသက်သက်အဖြစ်ပဲ နေထိုင်လာရတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘယ်လို တုန့်ပြန်မလဲဆိုတာ CM ပရိသတ် ယောကျာ်းဘသားတို့ ဘုတုတ အနေနဲ့သတိထားရအောင် ကြည့်ရှုခံစားလိုက်ကြပါ... အမျိုးသမီးထုတို့လည်း မွေးနေ့လက်ဆောင်ကောင်းလေး ရှာဖွေနေရပြီဆိုရင် ဒီကားလေးကို ကြည့်ရှုရင်း လေ့လာလိုက်ကြပါနော် Best Film from Oceania, Best Screenplay နဲ့ ...
movie

{18+}Alexandra’s Project (2003)

The Ghost Station (2023)
The Ghost Station (2023) The Ghost Staton (2023)Horror ဇာတ်လမ်းတွေမှကြိုက်တတ်တဲ့သူတွေအတွက် ဘူတာရုံက အဖြစ်အပျက်တွေရိုက်ကူးထားတဲ့ ဇာတ်လမ်းကိုတင်ဆက်ပေးပါဦးမယ်နော်အို့ဆူဘူတာမှာ အမြဲတမ်း သေဆုံးမှုတွေဖြစ်ပြီး တစ်ခုနဲ့တစ်ခုက သေပုံခြင်းမတူကြပေမဲ့ တူညီတဲ့အချက်လည်းရှိနေပါသေးတယ်.. အဲဒါကို စုံစမ်းရင်းနဲ့ သတင်းရေးဖို့ဖြစ်လာတဲ့ သတင်းထောက်ဂင်နာယောင်းက ဇာတ်ကြောင်းအစုံသိရဖို့ နောက်ကြောင်းလိုက်ပါတော့တယ် သေဆုံးတဲ့ဝိညာဉ်တွေထဲကမှ နာကျည်းချက်ကြီးမားလွန်းတဲ့ ဝိညာဉ်တွေက သနားစရာအကောင်းဆုံးဖြစ်သလို အဆိုးဆုံးလို့ပြောကြပါသေးတယ်အို့ဆူဘူတာရုံရဲ့ အဖြစ်အပျက်တွေမှာ ဘယ်သူတွေပါဝင်နေမလဲ၊ လူတွေသေဆုံးရတဲ့အကြောင်းအရင်းက ဘာဖြစ်မလဲ၊သတင်းထောက်ဂင်နာယောင်းကရော နာကြည်းမှုတွေပြည့်နေတဲ့ ဝိညာဉ်တွေကို နှစ်သိမ့်ပြီး အမှန်တရားကိုဖော်ထုတ်နိုင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်ဂင်နာယောင်းအဖြစ် SKY Castle က Kim Bo Ra နဲ့ ချွဲဝူဝန်းအဖြစ် N.Flying Kim Jae Hyun တို့ကအဓိကပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery Quality…. 1080p | 720p | 480p File size… 889MB | 397MB | 208MB Format… mp4 Duration…. 1h ...
movie

The Ghost Station (2023)

2023
Department Q:The Purity of Vengeance (2018) 7.4
Department Q:The Purity of Vengeance (2018) Genre – Crime, Mystery, Thriller IMDB – 7.4/10Q ဌာနရဲ့ ၄ မှုမြောက်နဲ့ နောက်ဆုံးကား ထပ်မံတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ဒီကားရဲ့အစမှာတော့ လူပျော်သဘောရိုး အာဆတ်တစ်ယောက်Q ဌာနကနေ တခြားဌာနကိုပြောင်းတော့မှာပါ အချိန်တစ်ပတ်ပဲကျန်ပါတော့တယ် ထုံးစံအတိုင်း ကားလ်နဲ့လည်း ရန်ကတောက်ကဆဖြစ်နေရင်းပေါ့လေ။ ဒီလိုအချိန်မှာပဲ မြို့ထဲကတိုက်ခန်းတစ်ခုမှာဆောက်လုပ်ရေးသမားတွေက လျှို့ဝှက်အခန်းတစ်ခုကိုတွေ့ခဲ့ကြပါတယ်။ အခန်းထဲမှာ ရှိနေတာက ညစာစားပွဲဝိုင်းပတ်လည်မှာ မံမီလိုမျိုး အလောင်းမပုပ်သိုးအောင်လုပ်ထားပြီးကိုယ်အင်္ဂတချို့ထုတ်ထားတဲ့ အလောင်း ၃ လောင်းပဲ ဖြစ်ပါတယ်နှစ်ပေါင်းလည်း ကြာနေလောက်ပါပြီ။ အဲဒါ Q ဌာနကိုမရောက်ပါဘူးဒါပေမဲ့ ကားလ်တစ်ယောက် အတင်းလုယူပြီး အာဆတ်လည်းဌာနမပြောင်းခင် ဒီကိစ္စကို အတူတူဖြေရှင်းဖို့ ဖြစ်လာပါတော့တယ်။ တစ်ချိန်တည်းမှာ ၁၉၆၀ ကျော်ခုနှစ်က လွမ်းမောကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်ကိုလည်း အမှုလိုက်နေရင်း တစ်ချိန်တည်းတင်ဆက်ထားပါသေးတယ် ဘယ်လိုများ သွားချိတ်ဆက်သက်ဆိုင်မလဲပေါ့လေ။ ဒီအမှုမှာကျ အရင်လို တစ်ကိုယ်တော်တွေနဲ့ယှဉ်ဖိုက်ရတာမျိုး မဟုတ်တော့ပါဘူး ပိုပြီး ရက်စက်လာတယ်ယုတ်မာလာပြီး ထက်မြက်တဲ့ လူဆိုးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတာမျိုးပဲဖြစ်ပါတယ်။ နောက်ကွယ်မှာလည်း သမိုင်းတွင်ခဲ့တဲ့ ...
movie

Department Q:The Purity of Vengeance (2018)

Department Q: A Conspiracy of Faith (2016) 7.0
Department Q: A Conspiracy of Faith (2016) IMDB – 7.0/10Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံးအထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူးခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက်ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီတောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာနေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမားမိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ်အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကိုဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရောဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်းပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင်နွဲရတဲ့အမှု ...
movie

Department Q: A Conspiracy of Faith (2016)

Department Q: The Absent One (2014) 7.1
Department Q: The Absent One (2014)  Genre – Crime, Mystery, Drama IMDB – 7.1/10 Q ဌာနပရိတ်သတ်တွေအတွက် ဒုတိယကားတင်ဆက်ပေးလိုက်ပါပြီဗျာ။ပထမကားမကြည့်ရသေးတဲ့လူတွေလည်း CM မှာ The Keeper ofLost Causes ဆိုပြီး ရိုက်ရှာလို့ရပါတယ်။ ပထမကားကြည့်ထားမှဒီ Q ဌာန ဘယ်လိုဖြစ်လာသလဲ သိမှာမို့လို့ပါ။ ကဲ ဒုတိယကားမှာတော့ပထမဆုံးအမှု အောင်မြင်ထားတော့ Q ဌာနကို ချီးကျုးနေကြပြီပေါ့လေကားလ်နဲ့ အာဆတ်တို့လည်း အတွင်းရေးမှူးအသစ် ရိုစ့်ဆိုတာကိုအဖွဲ့ထဲခေါ်လိုက်ကြတယ်။ ဒီလိုနဲ့တစ်ရက် ဌာနပါတီအပြီး ကားလ်အပြန်လူတစ်ယောက်က သူ့သားသမီးအမွှာလေး အသတ်ခံရတဲ့ကိစ္စကားလ်ဆီကို ပို့ထားတာ မကြည့်ပေးဘူးလား ဘာလား ဇွတ်ပြောတော့ကားလ်က မောင်းထုတ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဒီလူကြီးကိုယ့်ကိုကိုယ်သတ်သေသွားကြောင်း ကားလ်သိလိုက်ရပြီးဒီလူဟာ အရင်တုန်းက ရဲအရာရှိဖြစ်ကြောင်း လွန်ခဲ့တဲ့ အနှစ် ၂၀လောက်က သူ့သားနဲ့သမီး အသတ်ခံရတာကို စုံစမ်းပြီး အငြိမ်းစားယူထားကြောင်း သိရတဲ့အပြင် ကားလ်ဆီကိုပို့ဖို့ အထုပ်ကြီးပြင်ထားတာကိုပါ တွေ့လိုက်ရပါတယ်။ ဒါနဲ့ ကားလ်တစ်ယောက် ဒီအမှုကိုလိုက်ကြတဲ့အခါ ...
movie

Department Q: The Absent One (2014)

Department Q: The Keeper of Lost Causes(2013) 7.2
Department Q: The Keeper of Lost Causes(2013)  ဟောလိဝုဒ်ကားတွေ အကြည့်များလို့ ရိုးနေရင် အပြောင်းအလဲလေးဖြစ်အောင် စတိုင်ပြောင်းကြည့်လို့ကောင်းတဲ့ ဒိန်းမတ်စုံထောက်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော် ကားလ်ဆိုတဲ့စုံထောက်က ခေါင်းမာတယ် လူ့ဂွစာ အပေါင်းအသင်းမရှိဆိုပေမယ့်အရည်အချင်းလေး ရှိပြီး တစ်ဇွတ်ထိုးလုပ်တတ်သူ ဖြစ်ပါတယ်။တစ်ရက် သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေက သေတာတို့ ဒုက္ခိတဖြစ်တာတို့ ရှိပြီး သူ့ကိုလည်း Q ဌာနလို့ခေါ်တဲ့ ဌာနအသစ်တစ်ခုကိုရာထူးချလိုက်ပါတော့တယ်။ ဒီ Q ဌာနဆိုတာက ဝန်ကြီးဌာနကအသစ်ဖွဲ့စည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပိတ်သိမ်းထားတဲ့အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းရတဲ့ ပျင်းစရာဌာနတစ်ခုပေါ့။ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်စိတ်ရှိတဲ့အာဆတ်ဆိုတဲ့တစ်ယောက်ပဲ ရှိတယ်။ဒီလိုနဲ့ လူပျော်အာဆတ်နဲ့ဦးစိတ်တို ကားလ်တို့ ပျင်းစရာအမှုတွေ စစ်ဖို့ လုပ်ရင်း လွန်ခဲ့တဲ့၅ နှစ်က ထူးခြားတဲ့အမှုတစ်ခုကို ပြန်တွေ့သွားပါတယ်။ ဘာအမှုလည်းဆိုတော့ ဦးနှောက်မကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုပေးနေတဲ့ကျန်းမာရေးနယ်ပယ်က အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်ကနေခုန်ချ သတ်သေတယ်ဆိုတဲ့အမှုပါ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီးအမှုပိတ်ထားတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား မသင်္ကာလို့ အမှုပြန်ဖွင့်ပြီး လိုက်ကြတဲ့အခါနောက်ကွယ်က ...
movie

Department Q: The Keeper of Lost Causes(2013)

{18+}Where the Truth Lies (2005) 6.4
{18+}Where the Truth Lies (2005) IMDb Rating/(6.4)ဒီဇာတ်ကားလေးကတော့ Genie awardနဲ့ Directorဆုရပြီး Nomination တွေအများကြီး ဝင်ထားတဲ့ကားလေးဖြစ်ပါတယ်။ ဟာသလောကရဲ့တွဲဖက်နှစ်ဦးဖြစ်တဲ့ ဗင့်စ်ကောလင်းနဲ့ လန်နီမော်ရစ်တို့နှစ်ယောက် ဒိတ်ဒိတ်ကြဲအောင်မြင်နေချိန်မှာ ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကိုကြုံတွေ့လိုက်ရပါတယ်။ သူတို့နဲ့အသိအကျွမ်းဖြစ်တဲ့ မော်ရေးအိုဖလဲတ်တီတစ်ယောက် သူတို့ရဲ့ဟိုတယ်ခန်းထဲမှာ ဆေးလွန်ပြီးသေဆုံးနေတာကိုတွေ့ရှိလိုက်ပြီး နှစ်ယောက်သားတွဲဖက်တွေအဖြစ်ကနေ ခွာပြဲခဲ့ကြပါတယ်။ ဆယ်ငါးနှစ်ကြာပြီးတဲ့နောက်မှာတော့ ကယ်ရန်ဆိုတဲ့ဂျာနယ်လစ်‌တစ်ယောက်က စာအုပ်ရေးဖို့ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့သလဲ လျှို့၀ှက်ဆန်းကြယ်နေတဲ့ ကောင်မလေးရဲ့သေဆုံးမှုကရော ရိုးရဲ့လားဆိုတာကို နောက်ကြောင်းပြန်လိုက်ရင်း အတိတ်ကကိစ္စတွေက ထင်သလိုရိုးရှင်းရဲ့လားဆိုတာကို စိတ်၀င်တစားနဲ့ခံစားရမှာဖြစ်ပါတယ်။ (၂၀၀၅)ခုနှစ်ကထွက်ထားပြီး Imdb rating 6.4ရထားတဲ့ ဒီcrime/thriller/mystery ဇာတ်လမ်းလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်တဲ့ Kevin Baconနဲ့ Colin Firthတို့အပြိုင်ကြဲထားတဲ့အပြင် မင်းသမီးချော Alison Lohmanနဲ့ Rachel Blanchardတို့ရဲ့နုပျိုလတ်ဆတ်တဲ့အလှအပတွေကို ရင်သပ်ရှုမောဖွယ်ခံစားရဦးမှာပါ။ (ကိုယ်လုံးတီးဇာတ်၀င်ခန်းတွေ အနည်းငယ်ပါ၀င်တာကြောင့် မိသားစုနဲ့မကြည့်ရှုမိဖို့ သတိချပ်လိုစေပါတယ်)(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Soe Thiri Sweပဲဖြစ်ပါတယ်။) File size…(1.4 GB)/(666 MB) Quality….WEB-DL-1080p/ 720p Format…mp4 Duration….01:46:45 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH Translated by Soe Thiri Swe
movie

{18+}Where the Truth Lies (2005)