Channel Myanmar

Mystery

They Look Like People(2015) 5.9
They Look Like People(2015) “They Look Like People” ကတော့ 2015 က ထွက်ရှိထားတဲ့ စိတ္တဇ horror ဇာတ်ကားလေးပါ။Wyatt လို့ ခေါ်တဲ့ ဇာတ်ကောင်က စိတ္တဇရောဂါဖြစ်နေပါတယ်။ သူ့အနားမှာ ရှိတဲ့လူတွေက လူမဟုတ်တော့ဘဲ မကောင်းဆိုးဝါးဖြစ်သွားကြပြီလား တွေးရင်း ကြောက်လန့်နေရသူပါ။တစ်နေ့မှာတော့ သူ့သူငယ်ချင်းကပါ မကောင်းဆိုးဝါးဖြစ်သွားမလား အတွေးနဲ့ သူငယ်ချင်းရှိရာ မြို့ကို အရောက်လာခဲ့ပါတယ်။ သူစဥ်းစားတာကတော့ သူငယ်ချင်းကို သူကယ်မယ်ပေါ့၊ သူ့ရည်ရွယ်ချက်နဲ့ လက်တွေ့မှာ တကယ်ဖြစ်နေတာတွေက ထပ်တူကျမနေခဲ့ပါဘူး။ Wyatt ရဲ့ စိတ်ကျန်းမာရေး ယိုယွင်းလာတာနဲ့အမျှ သူနဲ့ သူရဲ့ ပတ်ဝန်းကျင်က လူတွေနဲ့ ဆက်ဆံရေးက ပျက်စီးလာပြီး ဒီဟာကို Wyatt အနေနဲ့ ပြုပြင်ဖို့ သတ္တိမွေးပြီး ကြိုးစားမလား၊ ဒါမှမဟုတ် အရှုံးပေးလိုက်မလား သူဆုံးဖြတ်ရပါတော့မယ်။( အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ် ) File size…802.1MB Quality…Blu-Ray 1080p Format…mp4 Duration….1h ...
movie

They Look Like People(2015)

Turistas(2006) 5.4
Turistas(2006) နာမည်ကျော်တဲ့ နေရာဒေသတွေကိုခရီးသွားခြင်းမှာလည်း ကောင်းကွက်တွေရှိသလို မထင်ရှားတဲ့ ဆိုးကွက်တွေ လည်း ရှိနေတတ်ပါတယ် ဘရာဇီးကို ခရီးထွက်လာကြတဲ့ တိုးရစ်တသိုက်ဖြစ်တဲ့ အဲလက်စ် နဲ့ ဘီး တို့ မောင်နှမ နှစ်ယောက်၊ ဘီးရဲ့သူငယ်ချင်း အေမီ၊ တစ်ကိုယ်တော် ခရီးသွားလေး ပရူ၊ ခရီးထွက်ရင်း ဗရုတ်ကျနေတဲ့ သူငယ်ချင်းနှစ်ယောက် ဖင်းနဲ့ လီယမ် ဘတ်စ်ကားတစ်စီးကို အတူစီးလာကြပြီးနောက်မှာပဲ မမျှော်လင့်တဲ့ မတော်တဆဖြစ်ရပ်ကြောင့် ဘတ်စ်ကားကို ထားခဲ့ပြီး နီးစပ်ရာမြို့ကို လမ်းလျှောက်သွားဖို့ စိတ်တူကိုယ်တူ ပေါင်းစည်းမိကြတဲ့ သူတို့ အစပိုင်းမှာတော့ ဘရာဇီး နိုင်ငံရဲ့ ကမ်းခြေတွေ၊ အလှပဂေးလေးတွေ၊ ဖျော်ရည်ယမကာတွေကြောင့် နိဗ္ဗာန်လို့ ထင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ သူတို့မမြင်နိုင်ခဲ့တဲ့ ကြောက်မက်စက်ဆုပ်ဖွယ်ကောင်းတဲ့ မကောင်းမှု (ငရဲ) များကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရချိန်မှာတော့ ဒီဇာတ်လမ်းရဲ့အဓိကပေးချင်တဲ့ မက်ဆေ့ကတော့ “Take The Plane” ပါ။ File size…2.42GB / 949.1MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Horror , ...
movie

Turistas(2006)

The I Inside (2004)
The I Inside (2004) ကြိမ်ဖန်များစွာ ပြန်ပြင်ဆင်ချင်မိတဲ့အချိန်တွေဆိုတာ လူသားတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒီဇာတ်လမ်းအကျဥ်းကတော့ ကားတိုက်မှုတစ်ခုကနေ သတိပြန်ရလာတဲ့မစ္စတာကေဘယ်က ၂နှစ်တာမှတ်ဉာဏ်ပျောက်ဆုံးသွားပြီးနောက်မှာ ဖြစ်ပျက်ခဲ့သမျှမှတ်ဉာဏ်အပိုင်းအစတွေကို တစ်ခုချင်းပြန်လည်ရှာဖွေတော့တယ်။ မှတ်ဉာဏ်တွေကို သတိရလာသလိုမဟုတ်ပဲ ကိုယ်ကိုယ်တိုင် အတိတ်ကိုရောက်သွားသလိုဖြစ်လာခဲ့တယ်။ လူမှုရေးဖောက်ပြန်မှုတွေ၊ အမွေဝေစုမတည့်တဲ့အစ်ကိုနဲ့ မစ္စတာကေဘယ်ကြား အဖြစ်အပျက်တွေ၊ ဆေးရုံနဲ့ အမွေဆိုင်အိမ်ကြားမှာ ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်နေတဲ့ မစ္စတာကေဘယ်ရဲ့မှတ်ဉာဏ်တွေ...နောက်ဆုံးမှာတော့ ဖြစ်ပျက်နေသမျှအရာအားလုံးရဲ့ အကြောင်းအရင်းအမှန်ကိုသိခဲ့ရပါတယ်။ ဒီကားကတော့ နောက်ဆုံးဇာတ်သိမ်းခန်းမှာမှ ဇာတ်ဖြည်ပေးတဲ့ကားမျိုးပါ။ မစ္စတာကေဘယ်က တကယ်တမ်းဘာတွေဖြစ်ခဲ့တာလဲ၊ ပြန်လည်ပြင်ဆင်ချင်တာတွေကိုရော ပြင်ဆင်ခွင့်ရပါ့မလား၊ အတိတ်ရဲ့အမှားတစ်ခုကနေ လွတ်မြောက်ခွင့်ရနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလို့ရပါပြီ။File size…(2 GB)/(900 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Drama, Thriller, Mistery, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

The I Inside (2004)

Something Wicked This Way Comes (1983)
Something Wicked This Way Comes (1983)  Imdb rating 6.7/10 rotten tomatoes 59% ၁၉၆၂ ခုနှစ်မှာ စာအုပ်အဖြစ်အရင်ဆုံးထွက်ရှိ ခဲ့တာပဲဖြစ်ပြီးတော့ ၁၉၈၃ခုနှစ်မှာ walt disney ရုပ်ရှင်ဇာတ်ကားအဖြစ်ပြန်ထုတ်ခဲ့တာဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကို ဒါိရီုက်တာ Jack Clayton က ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ အော်စကာ၂ပိုင်ရှင် Jason Robardsအပြင် vidal peterson ၊ shawn carson နဲ့ Jonathan Pryce တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအသွားကတော့ ၁၃နှစ်အရွယ် အချစ်ဆုံးသူငယ်ချင်း၂ယောက်ဖြစ်တဲ့ ဂျင်မ်နိုက်ရှိဒ်နဲ့ ဝီလီယမ် ဟောလိုဝေးတို့က သူတို့နေထိုင်တဲ့အီလီနွိုက် ပြည်နယ် ဂရင်းမြို့ကို တစ်နေ့မှာရုတ်တရက် နယ်ပတ်ပျော်ပွဲရွှင်ပွဲ  တစ်ခုကရောက်လာတဲ့အခါ သူတို့ရဲ့ အိမ်မက်ဆိုးဆန်တဲ့အဖြစ်အပျက်ကို သူတို့  ကြုံတွေ့ခဲ့ရတယ်။အဲ့ဒီ ပျော်ပွဲရွင်ပွဲမှာ ကြောက်စရာကောင်းတဲ့အရာတွေကို ရင်ဆိုင်ရင်းနဲ့ သူတို့နှစ်ယောက်ရဲ့ အကြောက်တရားတွေကို ဘယ်လိုရင်ဆိုင်ကြလဲဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ Horror/Fantasyအမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ သင်ဟာ disney ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ ဒီကားလေးဟာ ...
movie

Something Wicked This Way Comes (1983)

Marui Video (2023) 5.6
Marui Video (2023) Marui Video (2023)Marui video ဆိုတဲ့နာမည်အတိုင်းပဲ ဗီဒီယိုတစ်ခုကနေ အစပြုခဲ့တဲ့ ခြောက်ခြားစရာဇာတ်လမ်းတစ်ပုဒ်ပါပီဒီဂင်ဆူချန်းတို့အဖွဲ့ဟာ ၁၉၉၂ ခုနှစ်မှာဖြစ်ခဲ့တဲ့ လူသတ်မှုရဲ့ ဗီဒီယိုကို ရှာတွေ့ပြီး အဲဒီလူသတ်မှုက သွေးရိုးသားရိုးမဟုတ်ဘဲ အခန်းရဲ့မှန်ထဲမှာ လူတစ်ယောက်ကို ခပ်ရေးရေးတွေ့လိုက်ရာကနေ အဲအမှုကို ဆက်လိုက်ပါတော့တယ်အနှစ် ၂၀ ကျော်ကြာသွားပြီးဖြစ်သလို ပိတ်ပြီးသားအမှုဖြစ်တဲ့အတွက် အသေးစိတ်လိုက်မှကို အဲအမှုရဲ့ ဇစ်မြစ်ကိုသိရပါတော့တယ်အဲအမှုဟာ တူးလေနက်လေဆိုသလိုပဲ ကွင်းဆက်ကကြီးကြီးလာပြီး သူတို့သာ လမ်းတစ်ဝက်နဲ့တင်ရပ်လိုက်ရင် ဇာတ်သိမ်းကတစ်မျိုးပြောင်းသွားဦးမှာပါဇာတ်လမ်းပုံစံကိုက မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးထားပြီး ရင်တထိတ်ထိတ်ကြည့်ရမယ့် Horror Thriller ကိုကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p | 480p File size…  1GB | 477mB | 244MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... ...
movie

Marui Video (2023)

2023
Deleter (2022) 5.9
Deleter (2022) Deleter (2022)~ IMDb - 5.9/10, Rotten Tomatoes - 83% ~" အဖေကပြောဖူးတယ် တစ္ဆေတွေဆိုတာ ကြောက်စရာမဟုတ်ဘူး။ တစ္ဆေတွေကိုမြင်တွေ့ရတယ်ဆိုတာ နောက်ဘဝရှိခြင်း၊ ပြီးတော့ ဘုရားရှိခြင်း၊ အကောင်းအဆိုးရှိနေခြင်းတွေရဲ့သက်သေပဲ။ အဲဒါတွေကြောင့် ကျွန်မဟာ ကမ္ဘာကြီးထဲက ရက်စက်ဆိုးယုတ်မှုတွေအကြောင်း နားလည်လာလိမ့်မယ်တဲ့။ ကျွန်မကတော့ အခုထိ တစ္ဆေတွေကိုရှာနေတုန်းပါပဲ။ "လိုင်ရာက ဆိုရှယ်မီဒီယာတွေပေါ်ကို အသုံးပြုသူတွေတင်လာကြတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေထဲက ကြည့်ရှုဖို့မသင့်တော်အောင် ကြမ်းတမ်းရက်စက်တဲ့ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာတွေကို ပယ်သင့်တာပယ် ခွင့်ပြုသင့်တာခွင့်ပြုပေးရတဲ့ Content Moderator တစ်ယောက်ဖြစ်ပါတယ်။ အလုပ်ရဲ့သဘောသဘာဝအရ စိတ်ထိခိုက်စရာ၊ ခြောက်ခြားစရာတွေကို သူများတွေမကြည့်မိအောင် ကိုယ်တိုင်အစအဆုံးကြည့်ပေးရတဲ့အတွက် စိတ်ဖိစီးမှုများသလို ငယ်ဘဝရဲ့ဒဏ်ရာတွေကလည်း သူ့ကိုခြောက်လှန့်နေပါသေးတယ်။ဒါပေမဲ့လည်း အဲ့ဒီစိတ်သောကတွေကို ဘယ်သူမှမမြင်အောင်ဖုံးဖိထားနိုင်တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို စိတ်ဓာတ်မာကြောသူလို့ယူဆကြပါတယ်။ အဲဒါတွေက သူတို့ရုံးတွင်း လုပ်ဖော်ကိုင်ဖက် အီလင်းဆိုတဲ့ကောင်မလေးတစ်ယောက် သူ့ကိုယ်သူ သတ်သေမသွားခင်အထိပဲဖြစ်ပါတယ်။ အားလုံးက ...
movie

Deleter (2022)

2022
The Man from Rome (2022) 5.1
The Man from Rome (2022) The Man from Rome(2022)IMDb - 5.1/10ဥရောပအနောက်တောင်ဘက်ခြမ်း စပိန်နိုင်ငံ ဆဗီးလ်မြို့လေးက ဘုရားကျောင်းတစ်ခုမှာ ထူးထူးဆန်းဆန်း လူသေမှုတွေဟာ နှစ်ခုတောင် ဆက်နေခဲ့ပါပြီ။ ရဲဘက်ဆိုင်ရာတွေက စုံစမ်းပေမဲ့လည်း ဘယ်သူ့ပယောဂမှ မပါတဲ့ သမားရိုးကျလူသေမှုလို့သာ မှတ်ယူလိုက်ရတယ်။ ဒါပေမဲ့ လူသတ်တဲ့ဘုရားကျောင်းကြီး ဆိုပြီး ကောလဟာလတွေကတော့ ထွက်စပြုလာပါပြီ။အဲဒီဘုရားကျောင်းကတော့ Our lady of tearsလို့လည်း သိကြတဲ့ မယ်တော်မာရီတစ်ဖြစ်လဲ အပျိုစင်မာကာရေနာ ရုပ်တုရှိရာ ဘုရားကျောင်းလေးပါ။ တိုက်ဆိုင်ချင်တော့ အဲဒီဘုရားကျောင်းမြေကို ဝယ်ယူပြီး စီမံကိန်းချကာ အဆောက်အဦးတွေ ဆောက်ဖို့ ကြံစည်နေတဲ့ ကုမ္ပဏီတစ်ခုကလည်း ရှိနေပြန်ပါတယ်။ ဒါပေမဲ့ ဘုရားကျောင်းကို ပိုင်ဆိုင်သူ ဘရူနာမိသားစုကတော့ မိသားစုအမွေအနှစ်မို့ မရောင်းချင်ပါဘူး။ အဲဒီကြားထဲမှာပဲ လူသေမှုနှစ်ခုက ဖြစ်သွားတော့ ဘုရားကျောင်းအိုကြီးကို ဖြိုချဖို့ ရာခိုင်နှုန်းက ပိုများလာပါတယ်။တစ်ဖက်မှာလည်း ပုပ်ရဟန်းမင်းကြီးရဲ့ ကွန်ပျူတာ hackခံလိုက်ရပြီး လက်သည် hackerက မာကာရေနာဘုရားကျောင်းကို ဖြိုချခံရမဲ့အရေးကနေ ကယ်တင်ဖို့တောင်းပန်လွှာတစ်စောင်ကို ချန်ရစ်ခဲ့တော့ သက်ဆိုင်ရာ ဂိုဏ်းချုပ်ဘုန်းတော်ကြီးတွေအနေနဲ့ ထောက်လှမ်းရေးပိုင်းက ဖာသာတစ်ယောက်ကို စုံစမ်းဖို့အတွက် လွှတ်လိုက်ရပါတယ်။အဲဒီလိုစုံစမ်းရာကနေ ...
movie

The Man from Rome (2022)

2022
Noise (2023)
Noise (2023) Noise (2023)2023 ထွက် ဇာတ်ကား အသစ်ကျပ်ချွတ်လေးပါ။ လေးလေးပင်ပင်ကြီး တွေးစရာမလိုသလို အချိန်အကြာကြီး တသသနဲ့ စိတ်ထဲအောင်းနေမယ့်ကားမျိုးလည်း မဟုတ်ပါဘူး။ ဒီအတိုင်း ဖျော်ဖြေရေးဆန်ဆန်လေး ရုပ်ရှင်ကြည့်ချိန်မှာ ကြည့်လိုက်ပြီး ခေါင်းထဲက ထုတ်ပစ်လိုက်လို့ရတဲ့ ကားမျိုးပါပဲ။ အားလပ်ချိန်ကို အပျင်းပြေရုပ်ရှင်ကြည့်မယ်ဆိုရင်တော့ Thriller လေးလည်း မဆိုစလောက်ပါတော့ အတန်အသင့် စိတ်ကျနပ်မှုရစေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ Influencer တစ်ယောက်လည်းဖြစ် မွေးကင်းစ လသားအရွယ် ကလေးလေးရဲ့ ဖခင်လည်းဖြစ်တဲ့ ဇာတ်လိုက်ဟာ သူ့မိသားစုကိုခေါ်ပြီး သူကလေးဘဝတုန်းက နေခဲ့တဲ့ သူ့ဖခင်ရဲ့ အိမ်ကြီးဆီ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ဖခင်ကြီးကတော့ လူအိုရုံမှာ သွားနေပြီဖြစ်ပြီး ဒီအိမ်ကြီးမှာ အခုဆို သားအမိသားအဖ ၃ယောက်ပဲ နေကြတော့မှာပါ။ ဒီလိုနဲ့ တစ်ရက်မှာ ဖခင်ဖြစ်သူရဲ့ အတိတ်ကို တူးဆွဖို့ဖြစ်လာပြီး မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာခဲ့ပါတယ်။ အတိတ်ဘက် ခြေဦးသန်းရင်း လက်ရှိဘဝရဲ့ ဝတ္တရားတွေက ဖယ်ခွာလာတဲ့ ဖခင်ငယ်လေးရဲ့ ...
movie

Noise (2023)

2023
Who Are You People(2023) 6.7
Who Are You People(2023) Who Are You People(2023)************************မိဘတွေက သူ့ကိုဂရုမစိုက်ဘူး၊ သူ့ညီမတွေဖြစ်တဲ့ အမြွှာတွေကိုပဲ ဂရုစိုက်ပြီးချစ်တယ်လို့ အမြဲခံစားနေရတဲ့၁၆ နှစ်အရွယ်ကောင်မလေး အဲလက်စ်။ တစ်နေ့မှာတော့ သူ့ကျောင်းကဆရာတစ်ယောက်ကိုသူ့မိသားစုအပြင်သွားတုန်း အိမ်ခေါ်ပြီး မြူဆွယ်ဖို့လုပ်ခဲ့ပါတယ်။ခက်တာက မိဘတွေနဲ့ပက်ပင်းတိုးပြီး အဲလက်စ်ကို နိုင်ငံခြားပညာတော်သင်ပို့လိုက်ဖို့ ဆုံးဖြတ်ကြပါတယ်။အဲလက်စ်မသွားခင်ဘဲ သူ့အမေသိမ်းထားတဲ့ တခြားယောကျ်ားတစ်ယောက်ဆီကစာတစ်စောင်ကိုတွေ့လိုက်ရတဲ့အခါ... အဲဒီလူကလည်း သူ့အဖေဖြစ်နေနိုင်တဲ့အခါ...လက်ရှိမိဘတွေကို သဘောမကျတဲ့အဲလက်စ်တစ်ယောက် အဖေအရင်းလို့ထင်ရတဲ့သူကိုရှာဖို့နိုင်ငံခြားသွားသလိုလိုနဲ့ ခိုးထွက်လာပါတော့တယ်။ သူသွားရှာတဲ့အဖေအရင်းကတကယ်ရော သူ့စိတ်ကူးထဲကလိုကောင်းနေပါ့မလား.. သူ့မိဘတွေကရော သူ့ကိုဘာတွေလျှို့ဝှက်ထားကြတာလဲ။File Size :(1.9GB) and (675MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:44:00 Genre : Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae   
movie

Who Are You People(2023)

[18+]Maniac Driver (2020) 5.3
[18+]Maniac Driver (2020) Maniac Driver (2020) ================ဖူဂျီနာဂဟာ တက္ကစီသမား လုပ်နေပေမဲ့ သူ့အတိတ်ကတော့ အင်မတန်ဆန်းကြယ်တယ်။ သူဟာ ပြင်သစ်နိုင်ငံခြားအထူး တပ်ဖွဲ့မှာ ကြေးစားစစ်သားအဖြစ်နဲ့ စစ်ထဲဝင်ဖူးတဲ့လူလည်း ဟုတ်သလို သတ်ရာဖြတ်ရာမှာ တော်တော်လေး လက်ရဲဇက်ရဲ ရှိတယ်။ လောကကြီးအပေါ် သူ့အမြင်ကလည်း ထူးခြားတယ်။ယောက်ျားတွေဟာ မိန်းမတွေအပေါ်မှာရှိနေတာမကြိုက်တတ် ကြပေမဲ့ ဖူဂျီနာဂကတော့ တိုင်းပြည်ကြီးကို မိန်းမတွေအုပ်ချုပ်ရင် ပိုသာယာမယ်လို့ ယူဆနေတယ်။ မိန်းမတွေကို သူအပေါ်မှာရှိစေချင် တာက အဲဒီတစ်နေရာတည်းတော့မဟုတ်ဘူးပေါ့ ဟိ။တစ်နေ့မှာ ဖူဂျီနာဂဟာ သူ့မိန်းမနဲ့တူတဲ့အမျိုးသမီးတစ်ယောက် နောက် ခိုးလိုက်ကြည့်ရင်း အဲဒီအမျိုးသမီးကို နတ်ဆရာတစ်ယောက် ယောက်ျားတစ်ယောက်က ယတြာအနေနဲ့ ဒွာရသုံးပေါက်ကို သိဒ္ဓီဝင် အတံနဲ့ သုံးသပ်ပေးဖို့ ကြံနေကြတယ်။ အမျိုးသမီးဟာ ငြင်းဆန်ပေမဲ့ လည်း သူတို့၂ယောက်က အတင်းယတြာပေးချင်ကြတဲ့အခါ ဖူဂျီနာဂ မနေသာတော့ဘဲ ဝင်ကယ်ဖို့ဖြစ်လာတယ်။ ဒီလိုကယ်အပြီး မိမွေးတိုင်း ဖမွေးတိုင်းဖြစ်နေတဲ့ ကောင်မလေးကို မြင်လိုက်ရတဲ့အခါမှာတော့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ W ဖြစ်ပါတယ်)File Size..........(1.46 GB) / (547 MB) / (322 MB) Quality............Blu-Ray 1080p / 720p / 480P Duration.........1Hr ...
movie

[18+]Maniac Driver (2020)

2020
Stay Alive(2006) 5.0
Stay Alive(2006) IMDb – 5/10 Rotten Tomatoes – 10% Audience Score -55%ကျွန်တော်တို့ချာတိတ်ဘဝ ၂၀၀၀ ခုနှစ်အလွန်များက တစ်နာရီကို ၂၀၀ကျပ်ဖြင့် PS2 ၊ ၎င်းနောက် တစ်နာရီ ၄၀၀/၅၀၀ကျပ်ဖြင့် PS3 စသည်ဖြင့် ကားသခိုး၊ ပီအီးအက်စ်၊ လတ်ဖိုးဒတ် စတဲ့ Console ဂိမ်းများဆော့ရင်း လူငယ်ဘဝကိုဖြတ်သန်း ခဲ့ကြဖူးသည်။ 2006 ခုနှစ်၌ထွက်ရှိသောအဆိုပါရုပ်ရှင်သည်ထိုအချိန်အခါများကို တစ်ဖန်ပြန်လည်အောက်မေ့ စေခဲ့သည်။ ဟတ်ချ်ဟုခေါ်သည့် အလုပ်အားချိန်များတွင် သူငယ်ချင်းများနှင့်အတူ ဂိမ်းဆော့ရင်း အချိန်ကုန်ဆုံးသည့် သာမာန်ရုံးဝန်ထမ်း ဂိမ်မာတစ်ယောက်ရှိလေသည်။ ထိုအလုပ်သည်လည်း အလုပ်ရှင်မှ ဂိမ်းဆော့သူတစ်ယောက်ဖြစ်သည်နှင့် ဂိမ်းနှင့်ပတ်သက်သည်များကို မသိတာရှိလျှင် မေးမြန်းရအောင် ခန့်ထားခြင်းဖြစ်သည်။ ဟတ်ချ် ၏ဘော်ဒါများသည်လည်း ဂိမ်းကိုအင်မတန်နှစ်ခြိုက်စွဲလန်းစွာ ဆော့ကစားကြသူ လူလတ်ပိုင်းများဖြစ်သည်။ တစ်ညသား၌ ဟတ်ချ်၏ဘော်ဒါ လူးမစ်ဆိုသည်၏ဖုန်းတစ်ခု ဝင်လာခဲ့သည်။ သားကြီးဒီဂိမ်းကကျွတ်ဆင်ကြီးကွာ ခြောက်ခြားစရာကြီး တူတူဆော့ရအောင်အိမ်လာခဲ့ကွာ ဘာညာပြောလာလေသည်။ ဟတ်ချ်မှာစိတ်မပါ၍သူ့ဘော်ဒါအား ရှော်ထုတ်လိုက်သည်။ နောက်တစ်ရက်၌ လူမစ်နှင့်သူ၏သူငယ်ချင်းနှစ်ယောက် နေအိမ်၌ပင် ရက်စက်စွာသတ်ဖြတ်ခြင်းခံရသည်ဟု သတင်းရလေသည်။ လူးမစ်၏ အသုဘ၌ ဟတ်ချ်တစ်ယောက် မသေခင်လူးမစ်ဆော့နေသည့် Stay Alive ဆိုသည့်အဆိုပါဂိမ်းကို လက်ဝယ်ရရှိ ...
movie

Stay Alive(2006)

The Long Kiss Goodnight (1996)
The Long Kiss Goodnight (1996)  ဇာတ်ကြမ်းကားကောင်းတွေကို စောင့်စားနေတဲ့ CM ပရိသတ်တို့အတွက် "မေယိုး" မူပိုင်ရှင် မင်းသားကြီး Samuel L. Jackson နဲ့ မင်းသမီးကြီး Geena Davis တို့ရဲ့ 1996 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက နယူဂျာစီရဲ့ ကမ်းခြေမှာလာပြီး ကမ်းတင်နေခဲ့တဲ့ ဆမန်သာ ကိန်း (Geena Davis) တစ်ယောက် အတိတ်မေ့ရောဂါကြောင့် အတိတ်ဘဝဟောင်းကိုလည်း မမှတ်မိသလို သူနဲ့ပတ်သတ်တဲ့ပစ္စည်းကလည်း သော့တစ်ချောင်းနဲ့ ကိုယ်ဝန်နှစ်လပဲပါလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ကားမတော်တဆမှုတစ်ခုကြောင့် သူမေ့နေခဲ့တဲ့ အတိတ်ကစွမ်းရည်တွေပြန်ပေါ်လာခဲ့ပြီး သူ့ကို လှည့်လည်ပွဲတစ်ခုမှာ သူ့ကိုမြင်ခဲ့မိတဲ့ အတိတ်ကရန်ဘက်ဟောင်းကလာသတ်ဖို့ကြိုးစားပါတော့တယ်။ ဒီအချိန်မှာ သူ့ရဲ့ဘဝဟောင်းကို‌ ဖော်ထုတ်ဖို့အတွက် သူငှားရမ်းထားတဲ့ အလွတ်စုံထောက် မစ်ခ်ျ (Samuel L. Jackson) ကသူစုံစမ်းထားသမျှသတင်းတွေနဲ့ ရောက်လာပြီး နှစ်ယောက်သားအမှန်တရားကိုရှာဖွေဖို့ထွက်ခဲ့ကြရင်း ဆမန်သာ ရဲ့ဘဝဟောင်းကို တဖြည်းဖြည်းသိရှိလာခဲ့ရတဲ့အခါမှာ ဘဝဟောင်းက ရန်ဘက်တွေကဘယ်သူ‌တွေလဲ၊ ဘယ်လိုအဖွဲ့တွေပါဝင်နေလဲ၊ ...
movie

The Long Kiss Goodnight (1996)

The Abandoned(2006) 5.5
The Abandoned(2006) သရဲကားကြိုက်တဲ့ ပရိတ်သတ်တွေအတွက် 2006ခုနှစ်မှာ ထွက်ခဲ့တဲ့ The Abandonedဆိုတဲ့ horrorကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ မာရီဟာ ငယ်စဉ်ကတည်းက မွေးစားမိဘတွေနဲ့ ကြီးပြင်းလာခဲ့သူတစ်ဦး ဖြစ်ပါတယ်။မာရီဟာ သူ့ဘဝသက်တမ်းရဲ့ တစ်ဝက်လောက်ကို မိဘအရင်းတွေကိုရှာရင်းကုန်ဆုံးခဲ့ပေမယ့် ဘာသတင်း အစအနမှ မရခဲ့ပါဘူး။ တစ်နေ့မှာတော့သူ့ရဲ့ မိဘတွေနဲ့ပတ်သတ်လို့ ရှေ့နေတစ်ဦးက မာရီဆီကို ဆက်သွယ်ခဲ့ပါတယ်။အကြောင်းရင်းကတော့ သူ့မိဘတွေနေခဲ့တဲ့ ကိတ်ဒန်နော့စကီ ခြံကြီးကို အမွေဆက်ခံဖို့ပါပဲ။ကိတ်ဒန်နော့စကီ ခြံကြီးဟာ လူသူမနီးတဲ့အရပ်မှာ တည်ရှိပြီး မြစ်ပတ်လည်ဝိုင်းနေတဲ့အတွက်တံတားနဲ့သွားရတဲ့ ကျွန်းသဖွယ်ဖြစ်နေတဲ့ ခြံကြီးပါ။ မာရီတစ်ယောက် သူ့မိဘအရင်းတွေအကြောင်းကိုရှာဖွေဖို့အတွက် ဒီခြံကြီးကိုရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပါ။ ဒီခြံကြီးရဲ့ အတိတ်မှာ ဘာတွေဖြစ်ခဲ့ပြီး မာရီနဲ့ဘယ်လိုဆက်စပ်နေမလဲ၊ မာရီတစ်ယောက်ရော သူလို့ချင်တဲ့အတိတ်ကိုရှာတွေ့နိုင်မလား ဒါမှမဟုတ် မာရီရဲ့အတိတ်ကပဲ မာရီကိုလိုက်ရှာနေခဲ့တာလား ဆိုတာကိုရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်ပါတယ်။Horrorကားကောင်းတွေ ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size…1.85GB / 686.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ...
movie

The Abandoned(2006)

Silk(2006) 6.4
Silk(2006)  IMDb - 6.4 / Rotten Tomatoes 40 %ခင်ဗျားတို့တစ္ဆေသရဲတွေရှိတယ်ဆိုတာယုံလား အကယ်၍ရှိခဲ့တယ်ဆိုရင် ဘယ်လိုဘယ်ပုံဖြစ်မယ်ထင်လဲ ၂၀၀၆ခုနှစ်မှာထွက်ရှိခဲ့တဲ့ Silk ဆိုတဲ့ထိုင်ဝမ်သိပ္ပံသရဲရုပ်ရှင်ဟာ ပရလောကကို ရှုထောင့်တစ်ခုကနေရိုက်ပြထားပါတယ်။ ကမ္ဘာ့ဆန့်ကျင်ဆွဲငင်အားကိုတီထွင်နိုင်ဖို့သုတေသနပြုနေတဲ့ ဂျပန်သိပ္ပံပညာရှင်ဟရှိမိုတို တစ်ယောက် မထင်မှတ်ထားဘဲ တစ္ဆေတစ်ကောင်ကိုဖမ်းမိခဲ့ရာက ဇာတ်လမ်းအစပြုပါတယ်။ဟရှိမိုတိုတီထွင်ထားတဲ့ မန်ဂျာတုံး(Manger Sponge)ဟာလျှပ်စစ်သံလိုက်လှိုင်းအလျားများစွာကိုဖမ်းယူနိုင်ပြီး ၃၁ဘုံမှ မမြင်အပ်သော ပြိတ္တာဘုံမှတစ္ဆေများကိုပါထိုးထွင်းမြင်နိုင်တယ်။ ဟရှိမိုတို၏အလိုအရတော့တစ္ဆေဆိုသည်မှာစွမ်းအင်ပုံစံတစ်မျိုးဖြစ်တယ်။ အမှုန်အမွှားအရွယ်အစားမန်ဂျာတုံးလေးများကိုစပရေးဖြန်း သလိုမျက်လုံးကိုဖြန်းလိုက်လျှင်သရဲတစ္ဆေများမြင်နိုင်သောတာတေ၏မျက်ကွင်းဆေးကဲ့သို့အလုပ်လုပ်ပါတယ်။ဟရှိမိုတို၏အဖွဲ့သည်နိုင်ငံတကာမှသိပ္ပံပညာရှင်များဖြင့်ဖွဲ့စည်းထားသည်။ ဖွဲ့စည်းပြီး ၄နှစ်အကြာ တစ္ဆေတစ်ကောင်အားဖမ်းမိသောအချိန်၌ သဘောထားကွဲလွဲမှုများဖြစ်ကြသည်။ ပရလောကကိုသိပ္ပံ၏ကျိုးကြောင်းဆက်သွယ်မှုအမြင်ဖြင့် လက်ခံရှုမြင်ကြည့်သော၊ ခေါင်းမာသော ဟရှိမိုတိုသည်အဆိုပါတစ္ဆေ၏အဆုံးမရှိသောစွမ်းအင်ရင်းမြစ်ကို ရှာချင်သည်။ အခြားအဖွဲ့ဝင်များမှာအဆိုပါသဘောထားကိုသိပ်လက်မခံချင်ကြပေ။ ဖမ်းမိထားသော တစ္ဆေ၏ နောက်ကြောင်းရာဇဝင်များကိုဖော်ထုတ်ရင်း အမှတ်မထင်သောအလှည့်ပြောင်းများ ဖြစ်ကာ အဖွဲ့ဝင်များ၏အသက်အန္တရာယ်များကိုပါ ထိပါးလာခဲ့တယ်။ဇာတ်ခုံကန့်လန့်ကာကို ဆွဲလှန်ကြည့်ရင်း မထင်မှတ်ထားသည်များကိုတွေ့ရှိ၊မရည်ရွယ်သည်များဖြစ်ပွားကာ၊ ဝှက်သယ်ဖက်မိုးမန့်များအား ခံစားနိုင်ကြပါစေခင်ဗျာ။ File size…1.43 GB / 569.5 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 48m Genre .....  Horror ...
movie

Silk(2006)

The Replacement Killers (1998)
The Replacement Killers (1998)  ဇာတ်လမ်းအကျဥ်းလေးကတော့ မူးယစ်မှောင်ခိုဂိုဏ်းခေါင်းဆောင် တာရန့်စ်ဝေရဲ့ သားဖြစ်သူဟာ ရဲတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်။ တာရန့်စ်ဝေက ရဲကို လက်စားချေဖို့အတွက် ဂျွန်လီ့ကို တာဝန်ပေးခဲ့တယ်။ ဂျွန်လီဆိုတာကတော့ တာရန့်စ်ဝေ ခိုင်းတဲ့ မစ်ရှင်၃ခုကို ဆောင်ရွက်ပေးဖို့အကြွေးရှိတဲ့သူပေါ့။ပထမမစ်ရှင်နှစ်ခုကို အဆင်ပြေပြေလုပ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမစ်ရှင်ကို ဂျွန်လီတစ်ယောက် မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးမစ်ရှင်ဆိုတာကလည်း ရဲရဲ့၇နှစ်အရွယ်သားလေးကို ရဲရဲ့လက်ထဲမှာပဲသတ်ဖို့ပါ။ ဟုတ်ပါတယ် တာရန့်စ်ဝေက အဲလောက်ထိရက်စက်တာပါ။ သားသမီးကို ဆုံးရှုံးရတဲ့နာကျင်မှုကို ရဲကို ထပ်တူနာကျင်စေချင်တာပါ။ ရဲနဲ့ သူ့ရဲ့သားလေးအတူရှိနေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေက သူတို့အတွက် ဘေးကင်းပါတယ်။မစ်ရှင်မအောင်မြင်တဲ့အချိန်ကနေစပြီး ဂျွန်လီက တာရန့်စ်ဝေရဲ့ပစ်မှတ်ဖြစ်သွားတော့တာပါပဲ။ တာရန့်စ်ဝေက ဂျွန်လီရဲ့မစ်ရှင်ကို အပြီးသတ်ဖို့ အစားထိုးလူသတ်သမားတွေကို ထပ်ဌားခဲ့ပြီး အဲဒီလူသတ်သမားတွေကပဲ ဂျွန်လီ့အပြင် ရဲရဲ့သားလေးကိုသတ်ပေးရမှာပါ။ ဂျွန်လီ့ရဲ့စကေးနဲ့ဆိုရင် အသာလေး လွတ်မြောက်နိုင်ပေမဲ့ မိသားစုကို ကာကွယ်ဖို့နဲ့ ရဲရဲ့သားလေးကို ကာကွယ်ဖို့ဆိုတဲ့ ရွေးချယ်မှုကြုံလာတဲ့အခါ ဂျွန်လီ့အနေနဲ့ မဆိုင်တဲ့သူကို လျစ်လျူရှုထားနိုင်မလား အပြစ်မဲ့တဲ့သူတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီနော်။File size…(2.4 ...
movie

The Replacement Killers (1998)

Missing (2023)
Missing (2023)  ဇာတ်လမ်းကို ချုပ်ပြောရရင် အမေပျောက်ရှာပုံတော်ပေါ့ဗျာ။ အဲ့ထက်နည်းနည်းလေးချဲ့ရရင်တော့ ကျွန်တော်တို့ ခေတ်ရဲ့ မြန်နှုန်းမြင့် အင်တာနက်‌တွေ၊ ဆိုရှယ်မီဒီယာတွေဟာ အသုံးပြုသူတွေအပေါ် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်လိုအကျိုးသက်ရောက်မှု ရှိနေသလဲဆိုတာကို ချပြထားရင်း ဂျန်ဇီး ဇာတ်လိုက်ဟာ သူသိထားတဲ့ ဆိုရှယ်မီဒီယာတွေကိုသုံးပြီး သူ့မိခင်ကိုဘယ်လိုရှာဖွေမလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲလောက်ထိတော့ မရိုးရှင်းနေပါဘူး။ သူသိသမျှမွှေနှောက်ရင်း သူ့အမေရဲ့ အတိတ်၊ သူ့ရဲ့အတိတ်၊ သူ့နားကလူတွေရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သိလာတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲ။ ဇာတ်လမ်းကလည်း လှည့်ကွက်တွေ ပါသင့်သလောက်ပါတာကြောင့် အဆုံးအထိ မပျင်းပဲ ဆွဲခေါ်သွားနိုင်ပါတယ်။ သူတို့ချပြချင်တဲ့ အကြောင်းအရာတွေကို ၂ နာရီ မပြည့်ဘဲ အကုန်ချပြသွားနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။File size…(2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thant ...
movie

Missing (2023)

Housebound(2014) 6.7
Housebound(2014) "Housebound"ဇာတ်ကားလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ခဲ့တဲ့ horror-comedy အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းမှာ မိန်းကလေးတစ်ယောက် အမှုဖြစ်လို့ ငယ်စဥ်က နေခဲ့တဲ့အိမ်မှာ အကျယ်ချုပ်ကျပြီးနောက် သူ့နေအိမ်မှာ သရဲခြောက်နေတဲ့ အဖြစ်အပျက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။Horror-comedy တွေရဲ့ ထုံးစံအတိုင်း ကြောက်တစ်လှည့်၊ ရယ်တစ်လှည့် ကြည့်နေရင်း ဇာတ်လမ်းထဲ နစ်မျောသွားအောင် ဒါရိုက်တာ Gerard Johnstone က ရိုက်ကူးဖန်တီးထားပါတယ်။ ဒီကားလေးက ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆု(၆)ခုရပြီး ဆန်ကာတင် (၂၂)ခေါက် ပါဝင်ထားတဲ့ ဇာတ်ကားကောင်း‌လေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်သင့်တဲ့ကားလို့ တိုက်တွန်းလိုက်ပါတယ်(အညွှန်းနဲ့ ဘာသာပြန်ဆိုထားတာကတော့ Kelvin ဖြစ်ပါတယ်)File size…1.16GB / 493 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ..... Comedy , Horror , Mystery Subtitle….Myanmar Subtitle ...
movie

Housebound(2014)

Luther: The Fallen Sun (2023) 6.6
Luther: The Fallen Sun (2023) Luther: The Fallen Sun (2023) ======================= Rotten Tomatoes 65%, IMDb Rating 6.7/10၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ နာမည်ကြီးမင်းသား Idris Elba ရဲ့ စုံထောက်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။  Idris Elba နဲ့အတူ အပြိုင် သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ Andy Serkis ဖြစ်ပါတယ်။သူဟာလည်း The Lord of the Ring Trilogy, Planet of the Apes, Black Panther ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီး တစ်ယောက်လည်း ဖြစ်ပါ တယ်။ဇာတ်လမ်းအကျဉ်းဟာဆိုရင် Luther ဟာ စုံထောက်တစ်ယောက် ဖြစ်ပါတယ်။ ကယ်လန်ဆိုတဲ့ လူငယ်လေးတစ်ယောက် ပျောက်သွားတဲ့ အမှုအတွက် စုံစမ်းဖို့တာဝန်ပေးခြင်းခံရပါတယ်။ ဒါပေမယ့် ကယ်လန် ဟာ ပြန်ပေးဆွဲခံရရုံတင်မဟုတ်ခဲ့ဘဲ ကွင်းဆက် လူသတ်သမားတစ် ယောက်ရဲ့ သားကောင်ဖြစ်သွားခဲ့တာပါ။ ကွင်းဆက် လူသတ်သမားဟာ Luther ရဲ့ နောက်ကြောင်းကိုပါ လိုက်လံစုံစမ်းပြီး Luther ကိုထောင် ကျအောင် လုပ်လိုက်ပါတော့တယ်။ဒီလိုနဲ့ Luther ...
movie

Luther: The Fallen Sun (2023)

2023
Marlowe (2022)
Marlowe (2022) Marlowe (2022)ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆို‌တော့ ထူးထူးခြားခြားပေါ့။ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ ...
movie

Marlowe (2022)

2022
10 Days of a Good Man(2023) 6.7

10 Days of a Good Man(2023)