Channel Myanmar

Mystery

Dawn Breaks Behind the Eyes (2021) 6.4
Dawn Breaks Behind the Eyes (2021) Dawn Breaks Behind the Eyes (2021) ===========================တစ်ချို့ရုပ်ရှင်တွေဟာ စေ့စေ့တွေးမှ ရေးရေးပေါ် လို့ပြောမလား နှစ်ထပ်ရှိမှ မှတ်မိတယ်ခေါ်မလား ဒီရုပ်ရှင်ကို နှစ်ခါပြန်ကြည့်မှ ဇာတ်လမ်းကပေးချင်တဲ့ Message ကိုနည်းနည်းလောက်ခန့်မှန်း လို့ရပါတယ်။ရဲတိုက်ကြီးတစ်လုံး အမွေရတဲ့ ကွဲခါနီး လင်မယားနှစ်ယောက်ဟာ လူမနေတော့တဲ့ရဲတိုက်ကို သွားကြည့်ခဲ့ပါတယ်။ အိုမင်းဟောင်းနွမ်း နေတဲ့ ရဲတိုက်ကြီးမှာ သူတို့ဘာများကြုံတွေ့ရမှာလဲ။ တဖက်မှာ အကောင်းဆုံးရုပ်ရှင်တစ်ခုကိုဖန်တီးဖို့ကြိုးစားနေတဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေဟာလည်း ရဲတိုက်မှာရုပ်ရှင်ရိုက်ဖူးကြတဲ့အခါ သူတို့လင်မယားနဲ့ ဘယ်လိုပတ်သတ်မှုရှိလာမလဲ။ ဘယ်လိုရှုပ်ထွေး မှုတွေပေါ်ပေါက်လာမလဲဆိုတာ စီးမျောခံစားလိုက်ပါဦး။ Horror Movie ဆိုတာထက် ဒဿန ဆန်တဲ့ ရုပ်ရှင်တပုဒ်လို့ ညွှန်းဆိုချင်ပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်) File Size..........(1.58 GB) / (523 MB) / (316 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 13mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror, Mystery Translator.......Lwin Htoo Aung Encoder..........SWM
movie

Dawn Breaks Behind the Eyes (2021)

2021
The Ghost Writer(2010) 7.2
The Ghost Writer(2010) The Ghost Writer(2010) အညွှန်း****************************ဒီကားဟာ ဆုပေါင်း ၃၃ ဆုတောင်ရရှိခဲ့ပါတယ်..ဝါရင့်မင်းသမီး Olivia Williams၊ Star wars မင်းသား Evan McGregor နဲ့ James Bond မင်းသားကြီးPierce Brosnan တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ရှဲဒိုးရေးပေးတဲ့ နာမည်ကျော်ရှဲဒိုးစာရေးဆရာ ဂို့စ်ဟာဗြိတိန်ဝန်ကြီးချုပ်ဟောင်း အဒမ်လန်းရဲ့ ကိုယ်တွေ့မှတ်တမ်းကို ရေးပေးဖို့ ငွေကြေးတနင့်တပိုးနဲ့ ကမ်းလှမ်းလာပါတယ်။နိုင်ငံရေးအကြောင်းကို သေချာမသိပေမယ့်လည်း ရမယ့်ငွေပမာဏကမနည်းတာကြောင့် ဗြိတိန်သား ဂို့စ်တစ်ယောက် အမေရိကန်အထိ လိုက်ပြီး ရှဲဒိုးရေးပေးဖို့ပြင်ဆင်ရပါတော့တယ်။သူ့ကိုငှါးဖြစ်သွားတာက သူ့အရင်ရေးပေးနေတဲမိုက်ခ်ဆိုသူဟာ ရေနစ်သေဆုံးသွားလို့ပါပဲ။သူ အလုပ်စတော့မယ့်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဒမ်လန်းဟာ စီအိုင်အေနဲ့ပူးပေါင်းပြီးပြည်သူအချို့ကို အကြမ်းဖက်သမားဟုဆိုကာ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ဒီကောလဟာလတွေကြား ဂို့စ်တစ်ယောက် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်ရင်းဘယ်လိုအရှုပ်တော်ပုံတွေထဲ ပဲလှော်ကြား ဆားညပ်မလဲဆိုတာကတော့…   File Size :(1.9GB)  (714 MB) and (245 MB) Quality : ...
movie

The Ghost Writer(2010)

[18+]Chloe(2009)
[18+]Chloe(2009) Chloe(2009) အညွှန်း*******************မိုးအေးအေးလေးမှာ ပျင်းပျင်းနဲ့ ကြည့်လို့ကောင်းမဲ့ erotic movie လေး တစ်ခုကို ညွှန်းပါဆိုရင်Chloe ဆိုတဲ့ ဒီဇာတ်ကားလေးကို ညွှန်းပါရစေ။ erotic ဇာတ်ကားဆိုပေမယ့် ဇာတ်လမ်း plot ကတကယ် မထင်ထားရလောက်တဲ့အထိ မိုက်ပါတယ်။ ကက်သရင်းဆိုတဲ့ midlife အရွယ်သားဖွားမီးယပ်ဆရာဝန်မတစ်ဦးရဲ့ အိမ်ထောင်ရေးဟာ ခလိုးဝီ ဆိုတဲ့ ငယ်ရွယ်လှပပြီး ညှို့အားပြင်းတဲ့အမျိုးသမီးလေးကြောင့် ဘယ်လိုများ ယိမ်းယိုင်သွားမလဲ။ ကက်သရင်းက အသက်ရလာတာနဲ့အမျှ သူ့ခန္ဓာကိုယ်ကိုinsecure ဖြစ်လာတယ် ယောက်ျားနဲ့လည်း ချစ်ကြည် မနူးနိုင်တော့ဘဲ တဖြေးဖြေး ဝေးကွာလာတယ်။တစ်နေ့ သူ့ခင်ပွန်းအတွက် မွေးနေ့ပွဲစီစဉ်ထားရာကနေ သူ့ခင်ပွန်းဖြစ်သူ ဒေးဗစ်က အိမ်အပြန်လေယာဉ်ခရီးကို တမင် နောက်ကျအောင် လုပ်ပြီး အိမ်ပြန် မလာခဲ့ဘူး။ အဲ့မှာစပြီးကက်သရင်းတစ်ယောက် သူ့ယောက်ျားအပေါ် သံသယတွေ စပြီး ဝင်လာခဲ့တယ်။ဒီလိုနဲ့ ခလိုးဝီနဲ့ တွေ့ပြီး သူ့ယောက်ျားကို မြှူစွယ်ဖို့ သူ့ယောက်ျား ဘယ်လိုတုန့်ပြန်လဲဆိုတာတွေကိုသူ့ကို ပြန်တင်ပြဖို့ ...
movie

[18+]Chloe(2009)

Woodland Grey (2021) 4.5
Woodland Grey (2021) Woodland Grey (2021) =================ဝီလီယမ်က တောနက်ကြီးက နောက်တွဲယာဉ်တစ်ခုမှာ နေထိုင်တဲ့ လူတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာ အမ်မလီ ဆိုတဲ့ အမျိုးသမီး တစ်ယောက်က သူနေတဲ့နေရာနားမှာ ဘာကြောင့်မှန်းမသိ မေ့လဲ နေတော့ ဝီလီယမ်က သူနေတဲ့နေရာကို ခေါ်လာလိုက်တယ်။ အမ်မလီ နိုးလာတော့ ပြန်မယ်လုပ်ပေမဲ့ ဒဏ်ရာရထားတာကြောင့် သူ့ဆီမှာတစ်ညတည်းလိုက်ရော ‌အဲဒါနဲ့ နောက်နေ့မနက်ရောက်တော့ အမ်မလီတစ်ယောက် သူတို့နေတဲ့နေရာနားက တဲစုတ်လေးတစ်ခုထဲမှာ ကလေးမလေး တစ်ယောက်ကို တွေ့ပြီး တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ Horror Movieတို့ ထုံးစံအတိုင်း ဇာတ်လမ်းစတော့တာပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.4 GB) / (650 MB) / (390 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Khant Sett Naing Encoder..........SWM
movie

Woodland Grey (2021)

2021
Girl in the Picture (2022) 7.3
Girl in the Picture (2022) Girl in the Picture (2022)~ IMDb - 7.3/10, Rotten Tomatoes - 95% ~ခင်ဗျား ကြားဖူးတယ်မလား။ လက်တွေ့ဟာ စိတ်ကူးယဉ်ထက် ပိုဆန်းကြယ်သတဲ့။ ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် အများကြီးပိုဆန်းကျယ်တဲ့ ဖြစ်ရပ်မှန် ဒိုကူမန်ထရီဇာတ်လမ်းပါပဲ။1990 ခုနှစ်မှာ မိန်းကလေးတစ်ယောက် ကားတိုက်ခံရပြီး ဆုံးသွားတယ်။ ဆရာဝန်တွေ စစ်ကြည့်တော့ သူ့ကိုယ်မှာ ကားတိုက်ခံရတာအပြင် တခြားအနာပေါင်းသောင်းခြောက်ထောင် ရှိနေခဲ့တယ်။ ရဲတွေက သွေးရိုးသွေးသား မဟုတ်ဘူးလို့ ယူဆပြီး စုံစမ်းစစ်ဆေးခဲ့ကြတယ်။ ကောင်မလေးရဲ့ ယောက်ျားနဲ့ ကောင်မလေးအလုပ်လုပ်တဲ့နေရာကို စစစ်တော့ ကောင်မလေးယောက်ျားက ကောင်မလေးထက် အသက်နှစ်ပြန်လောက်ကြီးတဲ့ အဘိုးကြီးဖြစ်ပြီး ကောင်မလေးအလုပ်လုပ်တဲ့နေရာက အဖော်အချွတ်ကလပ်ဖြစ်နေခဲ့တယ်။ ဒီကောင်မလေးနဲ့ပတ်သက်သမျှ ဘာတစ်ခုမှ သွေးရိုးသားရိုး သာမန်ဖြစ်မနေခဲ့...။ဒီလိုနဲ့ ဆက်စုံစမ်းကြည့်တော့ ဒီမြို့မှာ သူတို့ကို လင်မယားအဖြစ်သိထားကြပေမဲ့ နောက်တစ်မြို့မှာ သားအဖအဖြစ်သိထားကြတာပါ သိလိုက်ရတယ်။ ထူးခြားဆန်းကြယ်စွာပဲ ကိုယ့်သမီးကို ...
movie

Girl in the Picture (2022)

2022
Insane (2016) 6.0
Insane (2016) INSANE (2016)Thriller ကြိုက်သူတွေအတွက် ၂၀၁၆ တုန်းက ထွက်ထားပြီး ဆုတွေရထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းမှာ Bad Guys S1 က မင်းသမီး Gang Ye Won နဲ့ One The Woman က မင်းသား Lee Sang Yoon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းနာနမ်ဆူက '၂၄ နာရီ' ဆိုတဲ့ ရှိုးတစ်ခုရဲ့ ပီဒီ ပါ ပီဒီနာက သူ့ရဲ့ရှိုးအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို အမြဲတမ်းစုံစမ်းရှာဖွေနေသူပေါ့ တစ်ရက်မှာတော့ ပီဒီနာရဲ့ ရှိုးအတွက် စိတ်ဝင်စားစရာ ဒိုင်ယာရီလေး တစ်ခုရောက်လာခဲ့ပါတယ် အဲဒီဒိုင်ယာရီကို ရေးသားထားတဲ့ကောင်မလေးက " ဂန်ဆူအာ "ဒိုင်ယာရီထဲမှာ ရေးသားထားတဲ့အကြောင်းအရာတွေက... ဂန်ဆူအာဟာ အိမ်ပြန်လမ်းမှာအဖမ်းခံလိုက်ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုကို ပို့ခံရတယ်...သူမ အဲဒီ စိတ်ကျန်းမာရေးဆေးရုံထဲမှာ ပိတ်မိနေတယ်...ဒီဆေးရုံမှာ သူမကို ကူညီမယ့်သူကလည်း ဟန်ဒုံရှစ် တစ်ယောက်ပဲ ရှိတယ်လို့ ရေးသားထားတယ်စုံစမ်းကြည့်လိုက်တဲ့အခါမှာ ...
movie

Insane (2016)

Ox-Head Village (2022) 5.1
Ox-Head Village (2022) Ox-Head Village (2022)၂၀၂၂ရဲ့နောက်ဆုံးထွက် သည်းထိတ်ရင်ဖို ဂျပန်ရုပ်ရှင်ကို CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Howling Village,Suicide forest villageလို နာမည်ကြီးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာရဲ့ ၃ကားမြောက် Horrorကားပါ။ စစချင်းမှာ ဟိုတယ်ပျက်ထဲကို သွားပြီးliveလွှင့်ပြထားတာကြောင့် "Gonjiam"လိုမျိုး ဇာတ်လမ်းလားလို့တောင် သွားသတိရမိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ -အထက်တန်းကျောင်းသူလေး ၃ယောက်က သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ ဟိုတယ်ပျက်ထဲကို liveလွှင့်ပြရာကနေ စပါတယ်။ သူတို့ထဲက "ရှိအွန်"ဆိုတဲ့ကျောင်းသူလေးကတော့ liveထဲမှာ သူ့ရုပ်ပါမှာစိုးလို့ နွားခေါင်း ခေါင်းစွပ်ကိုဆောင်းထားခဲ့ပါတယ်။ အဲဒါနဲ့ ကျန်တဲ့ကောင်မလေးတွေက ရှိအွန်ကို အခန်းတစ်ခုထဲမှာ အတင်းပိတ်ထားလိုက်ကြပါတယ်။ခဏကြာတော့ တံခါးကိုဖွင့်ပြီးပြန်ရှာကြည့်ပေမဲ့ ရှိအွန်ကတော့ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားခဲ့ပါပြီ။ ဒီအဖြစ်အပျက်ကို ကြည့်မိသွားတဲ့သူတော့ "ခန်အွန်"လို့ခေါ်တဲ့ကောင်မလေးပါ။ သူဟာ videoထဲက နွားခေါင်းဝတ်ထားတဲ့ ရှိအွန်နဲ့ ရုပ်ချင်းခွဲမရအောင် တူနေတာမို့ ဒီထူးဆန်းတဲ့ဖြစ်ရပ်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်။ခန်အွန်လည်း နွေရာသီကျောင်းပိတ်ရက်မှာ သူ့ရဲ့အီစီကလီကောင်လေး "ရန်"နဲ့အတူ liveထဲက ရေပူစမ်းဟိုတယ်ပျက်ကြီးရှိတဲ့မြို့ကို သွားကြပါတယ်။ အဲဒီမှာပဲ သူတို့ကိုလိုက်ပို့ပေးတဲ့taxiသမားက နွားခေါင်းပုံပြင်အကြောင်းကိုပြောပြပါတယ်။ဒီပုံပြင်ကိုနားထောင်မိတဲ့သူတိုင်းဟာ ...
movie

Ox-Head Village (2022)

Frank and Penelope (2022) 5.3
Frank and Penelope (2022) Frank and Penelope ( 2022 )Ridley Scottရဲ့ နာမည်ကျော် ရုပ်ရှင်ဖြစ်တဲ့ Thelma & Louise အငွေ့အသက်အပြည့်နဲ့ ရိုက်ကူးထားပြီး နာမည်ပါ အဓိကဇာတ်ကောင်၂ကောင်ရဲ့ နာမည်လိုက်ပေးထားတဲ့ ရုပ်ရှင်ပါ။ Thelma & Louise ကို ထည့်ပြောထားသလို ဇာတ်လိုက်ကလည်း ရုပ်ရှင်ထဲကလိုပါ လိုက်လုပ်ချင်တဲ့သူကို ဇာတ်ကောင်အဖြစ်ပြသထားတာပါ။ဇာတ်လမ်းကတော့ စစချင်းမှာတော ShawShankလို မိန်းမဖောက်ပြန်နေတာကို ပက်ပင်းမိတဲ့ယောက်ျားနဲ့ စထားတယ်။ တုံ့ပြန်ပုံတော့မတူဘူးပေါ့။ သေနတ်နဲ့ပစ်မသတ်ဘဲ သူ့ဘာသာThelma & Louiseကားထဲကလို ကားပတ်မောင်းရင်း ချောက်ကြီးထဲကားမောင်းချဖို့လုပ်တယ်။ ဒီနောက် ကလပ်သွားရင်း အဖော်အချွတ်မယ်လေးရဲ့ ညုလုံးတွေအောက် မျောသွားပြီး ကောင်မလေးကို ကယ်လာခဲ့တယ်။ နောက်ကောင်မလေးနဲ့ သူ့အစီအစဉ်အတိုင်း ကားပတ်မောင်း လျှောက်သွားရင်း ပဟေဠိဆန်ဆန်ဂိုဏ်းတစ်ဂိုဏ်းနဲ့တွေ့တယ်။ ကားအမျိုးအစားက Mysteryဆိုတော့ ပဟေဠိဆန်ဆန်ဖြစ်နေဖို့လိုတယ်မလား။ ဒီကားက Thelma & Louiseကို အငွေ့ယူရိုက်ထားပေမဲ့ သူပဟေဠိဆန်ဆန်ဇာတ်အိမ်လုပ်ထားပုံကလည်း ...
movie

Frank and Penelope (2022)

The Witch: Part 2. The Other One (2022) 6.6
The Witch: Part 2. The Other One (2022) The Witch Part 2: The Other One (2022) Kim Dami နဲ့ Choi Woo-Shik တို့ရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင် The Witch:The Subversion ရဲ့ အဆက်အနေနဲ့ The Witch Part 2 ထွက်ရှိလာပါပြီ။Part 2 မှာတော့ အားလုံးသိကြတဲ့ မင်းသား Lee Jong-Suk နဲ့ xtraordinary Attorney Woo ထဲက မင်းသမီး Park Eun Bin တို့ပါဝင်ထားသလို Part 1 က Casts တော်တော်များများလည်း ပြန်လည်ပါဝင်ထားကြပါတယ်။ထူးခြားဆန်းသစ်တဲ့ လူသားမျိုးစိတ်တစ်ခု ဖန်တီးဖို့ ကြိုးစားကြရင်း ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ၊ အစမ်းသပ်ခံလူသားတွေ အားလုံးကို ရှင်းလိုက်ပေမဲ့ အဲဒီထဲကတစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။သွေးသံရဲရဲနဲ့ လျှောက်သွားနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ KyungHee တို့ အမှတ်မထင် တွေ့ဆုံပြီးတဲ့နောက် ဒီမိန်းကလေးကို ကာကွယ်ဖို့အတွက် ...
movie

The Witch: Part 2. The Other One (2022)

2022
The Witch: Part 1. The Subversion ( 2018 ) 7.1
The Witch: Part 1. The Subversion ( 2018 ) The Witch: Part 1. The Subversion ( 2018 )**************************************ဒီဇာတ်ကားက ကျွန်တော်တို့ထင်မထားလောက်အောင် ကြမ်းပြီးကောင်းတဲ့ကားထဲမှာပါတယ်...BOX OFFICE လည်းဝင်ခဲ့သလို ဆန်းပြားတဲ့ဇာတ်အိမ်နဲ့အက်ရှင်ခန်းအမိုက်စားတွေကြောင့်ကျားပရိတ်သတ်ရော မပရိတ်သတ်ပါ အတော်လေးနှစ်ခြိုက်ခဲ့ကြပြီးPart 2 ကို မျှော်နေကြသလို များမကြမှီလည်း ရုံတင်တော့မှာပါ...ဒါ့ကြောင့် Part 2 လေးမထွက်ခင် BLU-RAY1080P5.1CH လေးနဲ့ပြန်လည် တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ စမ်းသပ်မှုတစ်ခုကနေထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ကိုကလေးဆုံးရှုံးထားတဲ့ လင်မယားက ခေါ်ယူမွေးစားလိုက်ပါတယ်။ကောင်မလေးကလည်း အတိတ်မေ့နေတဲ့အတွက် အရင်ကအကြောင်းတွေမမှတ်မိပါဘူး။ ကောင်မလေး အရွယ်ရောက်လာတဲ့အချိန်မှာသူတို့ရဲ့ စီးပွားရေးအဆင်မပြေတဲ့အတွက် ဆုကြေးငွေ အများကြီးရနိုင်တဲ့သီချင်းဆိုပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ခဲ့ပါတယ်။ပြီးတော့ သူ့ရဲ့ထူးခြားချက်တစ်ခုကိုပြရာမှာ အများအံ့အားသင့်စရာဖြစ်လာပါတယ်။အဲဒါနဲ့ သူ့ရဲ့ အကြောင်းကိုလူတွေသိသွားပြီးအတိတ်က အရိပ်ဆိုးက ပြန်လိုက်လာတဲ့အခါမှာ....File Size : (1.7GB)(721 MB)&( Quality :BLU-RAY1080P5.1CH,720p Format…mp4 Duration…02:06:00 Genre :Crime, Sci-Fi & Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by ...
movie

The Witch: Part 1. The Subversion ( 2018 )

2018
Diary of a Spy (2022) 4.9
Diary of a Spy (2022) Diary of a Spy (2022) ================ဘဝမှာရွေးချယ်စရာတွေ dilemma တွေအများကြီးကြုံရတဲ့ထဲမှာမှ အချစ်နဲ့အလုပ်အတွက်နဲ့ဆိုရင် ခင်ဗျားတို့ ဘာကိုရွေးချယ်မလဲ။ အလုပ် ဆက်လုပ်မလား၊ အချစ်နောက်လိုက်မလား။ အဲဒီအကြောင်းကို ဖြစ်ရပ် မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲမှာ အဓိကပုံဖော်ထားတာ ဖြစ်ပါတယ်။အန်နာဆိုတဲ့ အမေရိကန် ထောက်လှမ်းရေးအရာရှိတစ်ယောက်က အရင် စစ်ဆင်ရေးတစ်ခုမှာ ရှူံးနိမ့်ခဲ့လို့ အထက်လူကြီးက သူ့ကို နောက်ထပ်အခွင့် အ‌ရေးတစ်ခုအနေနဲ့ တာဝန်ပေးလိုက်တယ်။ သူ့တာဝန်က ဆော်ဒီအာရေးဘီး ယားက တော်ဝင်မိသားစုရဲ့ အတွင်းလူတစ်ယောက်ကို ကိုယ့်ဘက်ပါအောင် သွေးဆောင်ဖျားယောင်းရမှာဖြစ်ပါတယ်။ အပေါင်းအသင်းမဆံ့တဲ့ သူလျိုမမ တစ်ယောက် အဲဒီအတွင်းလူကို နောက်ယောင်ခံလိုက်တဲ့အချိန်မှာတော့ သူ့အပေါ်မှာ ခံစားချက်တွေတဖြည်းဖြည်းပွားလာပြီး လုပ်ရမယ့်တာဝန်အတိုင်း သူနဲ့ ရင်းနှီး အောင်သွားလုပ်တော့ သံယောဇဉ်တွေပိုဖြစ်သွားရော။ အဲမှာ သူ ဘာရွေးရမှန်း မသိဖြစ်ပြီး ဇာတ်လမ်းစတော့တာပဲ။ အလုပ်နဲ့အချစ်မှာ သူ ဘယ်ဟာကို စွန့်လွှတ် မလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါဦးဗျ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.7 GB) / (570 MB) / (300 ...
movie

Diary of a Spy (2022)

[18+] Raped by an Angel 3: Sexual Fantasy of the Chief Executive (1998)
[18+] Raped by an Angel 3: Sexual Fantasy of the Chief Executive (1998) Raped by An Angel စီးရီးရဲ့ ၃ ကားမြောက်ဇာတ်ကားပါ။လူကြီးလူကောင်းတစ်ယောက်လိုဟန်ဆောင်ဖုံးကွယ်ထားပေမယ့် အတွင်းစိတ်ထဲမှာ မိန်းကလေးတွေကို နှာဘူးထနေတဲ့အပြင်ဒီစိတ်ကိုမထိန်းချုပ်နိုင်ဘဲ စိတ်ထဲရှိရာလုပ်လာတဲ့ ရာဇဝတ်သားဘဲတစ်ကောင်ကိုထုံးစံအတိုင်း လက်စားပြန်ချေမယ့်ဇာတ်ကားပါပဲ။အားနွဲ့တဲ့ မိန်းမသားဆိုပေမယ့် အရေးကြုံလာတော့ ဘယ်လိုအကွက်ချလက်စားပြန်ချေမယ်ဆိုတာ အသည်းတယားယားကြည့်ရှုရမှာပါ။တင်ပြီးသမျှ Raped by An Angel ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=raped+by+an+angel ရှာကြည့်လို့ရပါတယ်။File Size : (2.9 GB) & (800 MB) Quality : BluRay 1080p & 720p Running Time : 01:36:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Khant Encoded by RGB
movie

[18+] Raped by an Angel 3: Sexual Fantasy of the Chief Executive (1998)

The Great Dragon Plague ( 2021 ) 6.3
The Great Dragon Plague ( 2021 ) The Great Dragon Plague (2021) ကားလေးကို ဒီတစ်ခါ CM ပရိတ်သတ်တို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဘာသာရေးမှိုင်းတိုက်တယ်ဆိုတဲ့ ဘာသာရေးကိုတလွဲအသုံးချမှုတွေအကြောင်းကို ဒီဇာတ်ကားမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးပြောရရင် တထန်မင်းဆက် ခေတ်နှောင်းပိုင်းမှာ ပူဇော်ပွဲအစဉ်အလာတစ်ခုပေါ်ထွက်လာတာချိန်ကို အခြေခံရိုက်ကူးပြထားတာပါ... chang an ကို အခြေခံထားတာဖြစ်လို့ The Promise of Chang’an (2020) ဇာတ်ကားထဲမှာကို လူမမာအရှင်မင်းကြီးက အမည်ခံအုပ်ချုပ်နေပြီး နောက်ကွယ်မှာ ကြိုးကိုင်သူက တခြားတစ်ယောက်ဖြစ်နေခဲ့တာပေါ့...ဒီဇာတ်လမ်းလေးထဲမှာ ပူဇော်ဖို့ စတေးခံတွေထဲကတစ်ယောက်လွတ်လာပြီးနောက်မှာ ဒုက္ခသည်စခန်းလိုမျိုးမှာရက်အနည်းငယ်နေလာပြီးနောက် အခုလိုဘဝလေးလည်း မဆိုးဘူး.. ချန်အန်းကနေ ထွက်သွားမယ်ဆို ဘဝသစ်နေနိုင်ပြီလို့တွေးလာပေမယ့်.. ဒီဒုက္ခသည်စခန်းကအားလုံးက ချန်အန်းကို ကယ်တင်ဖို့ကြိုးစားနေတဲ့အခါအဆုံးသတ်မှာ ခေတ္တငြိမ်းချမ်းတဲ့ ဒုက္ခသည်စခန်းမှာပဲ ဆက်နေသွားမှာလား ချန်အန်းပြန်ပြီး ရသလောက်ကို ကယ်တင်ကြမှာလား ဘယ်လမ်းကိုရွေးမလဲဆိုတာကြည့်ပြီး ကိုယ်သာ သူ့နေရာဆိုရင်ရော ဘယ်လမ်းရွေးမလဲဆိုတဲ့ အဖြေကို ကြည့်ပြီးသွားရင် မျှဝေပေးသွားပါဦးနော်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 17min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon,Chu Chu Encoded by LK
movie

The Great Dragon Plague ( 2021 )

The Lost Leonardo (2021) 7.5
The Lost Leonardo (2021) The Lost Leonardo (2021)~ IMDb - 7.5/10, Rotten Tomatoes - 97% ~ကမ္ဘာကျော် မိုနာလီဇာရဲ့ အပြုံးကို အသက်သွင်းခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီကို မသိတဲ့သူမရှိဘူးပေါ့။ လီယိုနာဒို ဒါဗင်ချီဟာ ရီနေးဆန့်ခေတ်ရဲ့ နာမည်ကျော် အနုပညာသည်ကြီးတွေထဲက တစ်ယောက်ဖြစ်ပြီး မိုက်ကယ်အိန်ဂျလိုနဲ့ ခေတ်ပြိုင်လည်း ဟုတ်သလို ပန်းချီတင်မက သိပ္ပံ မက္ကင်းနစ်အပါအဝင် တခြားလိုင်းပေါင်းများစွာမှာ ထူးချွန်တဲ့ ဂျီးနီးယပ်တစ်ယောက်ပါပဲ။လိုင်းပေါင်းများစွာထူးချွန်ပေမဲ့လည်း သူလုပ်သမျှတွေက ခပ်ပေါပေါတွေတော့မဟုတ်ခဲ့ပါဘူး။ မိုနာလီဇာက သက်သေတစ်ခုပဲမို့လား။ ဒီရုပ်ရှင်ကတော့ မိုနာလီဇာအထီးလို့ခေါ်တဲ့ မိုနာလီဇာနဲ့ ဒီဇိုင်းခပ်ဆင်ဆင် ယောက်ျားပုံတစ်ပုံကို တွေ့ရှိတဲ့အကြောင်းပါ။ အဲဒီပန်းချီကားကို Salvator Mundi လို့ခေါ်ပြီး လီယီုနာဒိုလက်မှတ်မထိုးထားတဲ့ ဟန်ကိုကြည့်ပြီး ဆုံးဖြတ်ရတဲ့ ပန်းချီကားလည်းဖြစ်ပါတယ်။ထူးတာက ဒီကားက လီယီုနာဒိုရဲ့ ကားဟုတ်မဟုတ် အငြင်းပွားမှုတွေအတော်များခဲ့ပြီး အခုထိလည်း မသဲကွဲကြသေးပါဘူး။ ၁၅ရာစုကပန်းချီဟာ ၂၀၀၅လောက်မှာပေါ်လာခဲ့ပြီး လီယိုနာဒိုရဲ့ ပျောက်ဆုံးနေတဲ့ကား ...
movie

The Lost Leonardo (2021)

2021
The House That Never Dies: Reawakening ( 2017 ) 6
The House That Never Dies: Reawakening ( 2017 ) သရဲကားကြိုက်သူများအတွက် Horror /Thriller ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ၁ ထွက်ရှိခဲ့ပြီး ၂၀၁၇ မှာတော့ ၂ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ အိမ်နံပါတ် ၈၁ မှာပဲစတာဖြစ်ပါတယ်။ အဲ့ဒီအိမ်ကြီးက ကိုလိုနီခေတ်က ဂုဏ်သတင်းကြီးတဲ့ ဗိုလ်မှူးတစ်​ယောက်ရဲ့အိမ်တော်ကြီးဖြစ်ခဲ့တာပေါ့။ အခုအချိန်မှာတော့ အပျက်အစီးတွေနဲ့ ပုံစံကိုကခြောက်ခြားစရာကောင်းလှတဲ့ သရဲအိမ်ကြီးဖြစ်လို့နေပါပြီ။အိမ်ကြီးကိုပြုပြင်ဖို့အတွက်အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ဟာ ခြံဝန်းကိုရှင်းလင်းရင်းနဲ့အရိုးစုတစ်စုထွက်လာတာကနေစပါတယ်။ အိ မ်ကြီးရဲ့ရာဇဝင်ကိုသိထားကြတဲ့အလုပ်သမားတွေက အလုပ်ထွက်သွားကြတဲ့အခါ၊ ခေါင်းဆောင်တစ်ယောက်ပဲကျန်ရစ်ခဲ့ပါတော့တယ်။ ခေါင်းဆောင်ဟာအိမ်ကြီးမှာနေပြီး လုပ်ငန်းဆက်လုပ်ဖို့ပြင်တဲ့အခါ... အဲ့ဒီနောက်ပိုင်းကျောချမ်းစရာအဖြစ်အပျက်တွေဆက်တိုက်ဖြစ်လာရင်း...အိမ်ကြီးမှာကပ်တွယ်နေတဲ့ မကျွတ်မလွတ်တဲ့သရဲက ဘယ်လိုတွေခြောက်ခြားဖွယ်အရိပ်အယောင်တွေပြပြီး၊ ဘယ်လိုတွေခြောက်လှန့်မလဲဆိုတာတော့ ဇာတ်ကားကြည့်ရင်းကိုယ်တိုင်သာကြောက်လိုက်ကြပါတော့။  Quality : WEB-DL 1080p , 480p Format: mp4 Genres : Drama , Horror , Mystery Runtime : 1h 37min Subtitle : Myanmar Subtitle ( hardsub ) Translated by Ann Chi , Nu Mon , Yin Wai Phyo Encoded By LK
movie

The House That Never Dies: Reawakening ( 2017 )

The House That Never Dies ( 2014 ) 6.3
The House That Never Dies ( 2014 ) CM ချစ်ပရိသတ်တို့အတွက် ဒီတစ်ခေါက် စိတ်လှုပ်ရှားဖွယ်ရာ The House ThatNever Dies ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးကို ဘာသာပြန်ရင်းနဲ့မှာ ဇီဝေကောကောလို့ မှတ်ကျောက်တင်ကျန်ခဲ့တဲ့ ruby lin တစ်ယောက် ဘာလို့Light the Night မှာ Tony Yang နဲ့ loveline အဖြစ်ပြန်သုံးခဲ့တယ်ဆိုတာ...ကဲ ဇာတ်လမ်း အကျဉ်းလေးကို ပြောပြရရင် ပေကျင်းက အိမ်အမှတ် ၈၁ ဆိုတဲ့ နာမည်ကြီး သရဲခြောက်တဲ့ အိမ်ကြီးကို မိသားစုတစ်စုပြောင်းလာတယ်ကနေ စပြောရမယ်... အိမ်အမှတ် ၈၁ မှာ မူလအိမ်ပိုင်ရှင်ရဲ့ ဇနီးဟာ သတို့သမီးဝတ်စုံနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ပြီးနောက်မှာ တစ်မိသားစုလုံး ထူးခြားဆန်းပြားစွာ ရှေ့ဆင့်နောက်ဆင့် သေကုန်ကြတာကြောင့် ဒီအိမ်ကြီးဟာ သရဲခြောက်တယ်လို့ ပါးစပ်ရာဇဝင်တွင်ခဲ့တာကြောင့် အိမ်ကြီးဟာ ကာလပေါက်ဈေးထက်ကို ထူးခြားစွာ ဈေးသက်သာနေခဲ့ပါတယ်...ဒါကြောင့်လည်း ရွှီလော့ချင်းတို့မိသားစု ပြောင်းလာခဲ့တာလို့ ဆိုနိုင်မယ်... တိုက်တိုက်ဆိုင်ဆိုင်ပါပဲ... ဒီအိမ်ကြီးမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ အိမ်ပိုင်ရှင်ဇနီးနဲ့ ရုပ်ချင်းခွဲမရအောင်တူနေတာကို သိပြီးနောက်... ရွှီလော့ချင်းတစ်ယောက်ဟာပုံရိပ်ယောင်တွေလိုမြင်လိုက်... အသံတွေကြားလိုက်... အနီရောင်ဝတ်စုံတွေနဲ့ လူတွေပေါ်လာလိုက်... ဒါတွေအပြင်... ခင်ပွန်းသည်ကိုပါ ဖောက်ပြန်နေတယ်လို့ အကြိမ်ကြိမ် သံသယဝင်လာပြီး ဒီအိမ်ပြောင်းလာပြီးတည်းက လင်မယားနှစ်ဦး မကြာခဏရန်ဖြစ်ပြီး ကွာရှင်းဖို့အထိတွေပါ ဖြစ်လာခဲ့တာပေါ့...ဒီလို ...
movie

The House That Never Dies ( 2014 )

Darkness Falls (2003)
Darkness Falls (2003) ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ခဲ့တဲ့ ဟော်ရာရုပ်ရှင်ကောင်းတစ်ခုပါပဲဇာတ်ကားလေးရဲ့ နာမည်အတိုင်းပဲ "Darkness Fall"ဆိုတဲ့ မြို့လေးမှာ မတ်တေလ်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်.သူမကို ကလေးတွေအားလုံးချစ်ခင်ကြတယ်.ဒါပေမဲ့ တစ်နေ့တော့ သုူ့အိမ်မီးလောင်တဲ့ အချိန် သူ့မျက်နှာပါ မီးလောင်ဒဏ်ရာ ရသွားတယ်.တစ်နေ့ မြို့မှာ ကလေးနှစ်ယောက်ပျောက်သွားတော့ မြို့က သူတွေက သူ့ကို ကလေးတွေ သတ်တယ်ဆိုပြီး မှားယွင်းစွပ်စွဲ သတ်ပစ်လိုက်ကြတယ်.မတ်တေလ်ဒါက သူမသေခင်မြို့လေးကို "သူမ မျက်နှာကို မြင်တဲ့ ဘယ်သူကိုမဆို လက်စားချေမယ်" ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်.နှစ်တွေအများကြီး ကြာပြီးတော့ ကိုင်းလ်ဆိုတဲ့ ကလေးလေးနဲ့ ကျိန်စာဟာ ပြန်အသက်ဝင်လာခဲ့တယ်.ကိုင်းလ်ကရော ကျိန်စာကို ဘယ်လိုရင်ဆိုင်မလဲ. ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အဖြေရှာလိုက်ပါ File size…(1.7 GB)/(779MB)/(362MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre...Fantasy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Zayar ...
movie

Darkness Falls (2003)

Session 9(2001) 7.0
Session 9(2001) Session 9(2001) အညွှန်း********************ဂေါ်ဒွန်ဦးဆောင်တဲ့အဖွဲ့ဟာ ကျောက်ဂွမ်းမှုန့် (Asbestos) တွေရှင်းလင်းသန့်စင်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်...စိတ္တဇဆေးရုံတစ်ခုကိုပြန်လည်ပြုပြင်ရေးပရောဂျက်မှာလေလံဝင်ဆွဲရာကနေအနည်းဆုံးသုံးပတ်ကြာမဲ့အလုပ်ကိုတစ်ပတ်နဲ့ပြီးစေရပါမယ်ဆိုပြီး လေလံအောင်ခဲ့ပါတယ်... ဂေါ်ဒွန်ကတော့ သူ့မိန်းမဝင်ဒီနဲ့ သူ့သမီးလေးကြောင့် တစ်ခုခုစိတ်ရှုပ်နေရပုံပါ... သူတို့အလုပ်လုပ်နေကြရင်း session 9 ဆိုတဲ့ ခွေကိုဖွင့်ကြည့်ခဲ့မိပါတယ်... အဲဒီမှာတော့ မေရီဆိုတဲ့ စိတ်အထွေထွေကွဲပြားတဲ့ရောဂါသည်လေးကိုဆွေးနွေးမေးမြန်းထားတာပဲဖြစ်ပါတယ်... ဟန့်ကလည်း ငွေပြားတွေရှာတွေ့ပြီးနောက်မှာထူးထူးဆန်းဆန်းပျောက်ကွယ်သွားပါတယ်...အဲဒီနောက်မှာတော့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ကိုပေါ်လာပါတော့တယ်...ဘာတွေလဲဆိုတာကိုတော့....Box Office ဝင် Horror မို့ ခံစားကြည့်သင့်ပါကြောင်း...File Size :(1.7GB) (715 MB) and (278MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:37:00 Genre : Horror,  Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Poant Encoded by Phyo Pyae
movie

Session 9(2001)

The Girl and the Spider (2021) 6.1
The Girl and the Spider (2021) The Girl and the Spider (2021) ====================== IMDb Rating - 6.1/10ထွက်သွားတဲ့လူထက် ကျန်ခဲ့ရတဲ့လူက ပိုခံစားရတယ်ဆိုတဲ့အတိုင်း လီဆာ က သူ့ရဲ့အခန်းဖော်တွေဖြစ်တဲ့ မားကတ်စ် နဲ့ မာရာ တို့ဆီကနေ အပြီးပြောင်းသွားတော့မယ့်အချိန်မှာ မာရာ တစ်ယောက် စိတ်အတက် အကျဖြစ်နေတဲ့အကြောင်းနဲ့ အိမ်‌ပြောင်းရွှေ့တာကို လာကူပေးတဲ့ လူတွေရဲ့ အကြောင်းကို mystery ဆန်ဆန်ရိုက်ပြထားတဲ့ ဂျာမနီကားလေးဖြစ်တယ်။ mystery ဆန်တယ်ဆိုပေမဲ့ ‌ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ ဘဝနဲ့ အချစ်ရေး အကြောင်းတွေကို ရောသမွှေပြီး ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.36 GB) / (704 MB) / (402 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Khant Sett Naing Encoder..........SWM
movie

The Girl and the Spider (2021)

2021
Out of Time (2003) 6.5
Out of Time (2003)    မီယာမီနားက ဘန်ယန်ကီးမြို့မှာ ရှိတဲ့ ရဲဋ္ဌာနအသေးလေးရဲ့ ခေါင်းဆောင်ဖြစ်သူ ဝှစ်လော့ခ် တစ်ယောက်က အိမ်ထောင်ရေးအဆင်‌မပြေမှုကြောင့် အန်မာရိုင်း ဟယ်ရီဆန်ဆိုတဲ့ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးနဲ့ ကြိတ်ပုန်းခုတ်နေသူပါ အန်မာရိုင်းမှာလည်း ခရစ် ဟယ်ရီဆန်ဆိုတဲ့တရားဝင်ယောက်ျားတစ်ယောက်ရှိပါတယ် ဝှစ်လော့ခ်တို့ ရဲဋ္ဌာနမှာလည်း မူးယစ်ဆေးဝါးအမှုကဖမ်းဆီးရမိတဲ့ ဒေါ်လာငါးသိန်းနီးပါးကိုသိမ်းထားပါတယ် ‌ဝှစ်လော့ခ်တစ်ယောက် တိတ်တိတ်ပုန်းချစ်သူ အန်မာရိုင်းရဲ့ကင်ဆာကို ကုပေးဖို‌ ငွေအလွဲသုံးစားလုပ်ရင်း ဘယ်လိုမထင်မှတ်ထားတဲ့ထောင်ချောက်ထဲ ဘယ်လိုကျသွားမလဲဆိုတာ ကြည့်ရှုလိုက်ပါ ဟယ်ရီဆန်တို့ရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ ဝှစ်လော့ခ်တစ်ယောက် သားကောင်မဖြစ်ရအောင် ဘယ်လိုကြိုးစားရုန်းထွက်သွားမလဲဆိုတာ ရှုစားလိုက်ပါFile size…(2.42GB/(1.09GB)/(531GB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Crime   / Drama /  Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin 
movie

Out of Time (2003)