Channel Myanmar

Mystery

Darkness Falls (2003)
Darkness Falls (2003) ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ခဲ့တဲ့ ဟော်ရာရုပ်ရှင်ကောင်းတစ်ခုပါပဲဇာတ်ကားလေးရဲ့ နာမည်အတိုင်းပဲ "Darkness Fall"ဆိုတဲ့ မြို့လေးမှာ မတ်တေလ်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်.သူမကို ကလေးတွေအားလုံးချစ်ခင်ကြတယ်.ဒါပေမဲ့ တစ်နေ့တော့ သုူ့အိမ်မီးလောင်တဲ့ အချိန် သူ့မျက်နှာပါ မီးလောင်ဒဏ်ရာ ရသွားတယ်.တစ်နေ့ မြို့မှာ ကလေးနှစ်ယောက်ပျောက်သွားတော့ မြို့က သူတွေက သူ့ကို ကလေးတွေ သတ်တယ်ဆိုပြီး မှားယွင်းစွပ်စွဲ သတ်ပစ်လိုက်ကြတယ်.မတ်တေလ်ဒါက သူမသေခင်မြို့လေးကို "သူမ မျက်နှာကို မြင်တဲ့ ဘယ်သူကိုမဆို လက်စားချေမယ်" ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်.နှစ်တွေအများကြီး ကြာပြီးတော့ ကိုင်းလ်ဆိုတဲ့ ကလေးလေးနဲ့ ကျိန်စာဟာ ပြန်အသက်ဝင်လာခဲ့တယ်.ကိုင်းလ်ကရော ကျိန်စာကို ဘယ်လိုရင်ဆိုင်မလဲ. ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အဖြေရှာလိုက်ပါ File size…(1.7 GB)/(779MB)/(362MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre...Fantasy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Zayar ...
movie

Darkness Falls (2003)

Session 9(2001) 7.0
Session 9(2001) Session 9(2001) အညွှန်း********************ဂေါ်ဒွန်ဦးဆောင်တဲ့အဖွဲ့ဟာ ကျောက်ဂွမ်းမှုန့် (Asbestos) တွေရှင်းလင်းသန့်စင်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်...စိတ္တဇဆေးရုံတစ်ခုကိုပြန်လည်ပြုပြင်ရေးပရောဂျက်မှာလေလံဝင်ဆွဲရာကနေအနည်းဆုံးသုံးပတ်ကြာမဲ့အလုပ်ကိုတစ်ပတ်နဲ့ပြီးစေရပါမယ်ဆိုပြီး လေလံအောင်ခဲ့ပါတယ်... ဂေါ်ဒွန်ကတော့ သူ့မိန်းမဝင်ဒီနဲ့ သူ့သမီးလေးကြောင့် တစ်ခုခုစိတ်ရှုပ်နေရပုံပါ... သူတို့အလုပ်လုပ်နေကြရင်း session 9 ဆိုတဲ့ ခွေကိုဖွင့်ကြည့်ခဲ့မိပါတယ်... အဲဒီမှာတော့ မေရီဆိုတဲ့ စိတ်အထွေထွေကွဲပြားတဲ့ရောဂါသည်လေးကိုဆွေးနွေးမေးမြန်းထားတာပဲဖြစ်ပါတယ်... ဟန့်ကလည်း ငွေပြားတွေရှာတွေ့ပြီးနောက်မှာထူးထူးဆန်းဆန်းပျောက်ကွယ်သွားပါတယ်...အဲဒီနောက်မှာတော့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ကိုပေါ်လာပါတော့တယ်...ဘာတွေလဲဆိုတာကိုတော့....Box Office ဝင် Horror မို့ ခံစားကြည့်သင့်ပါကြောင်း...File Size :(1.7GB) (715 MB) and (278MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:37:00 Genre : Horror,  Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Poant Encoded by Phyo Pyae
movie

Session 9(2001)

The Girl and the Spider (2021) 6.1
The Girl and the Spider (2021) The Girl and the Spider (2021) ====================== IMDb Rating - 6.1/10ထွက်သွားတဲ့လူထက် ကျန်ခဲ့ရတဲ့လူက ပိုခံစားရတယ်ဆိုတဲ့အတိုင်း လီဆာ က သူ့ရဲ့အခန်းဖော်တွေဖြစ်တဲ့ မားကတ်စ် နဲ့ မာရာ တို့ဆီကနေ အပြီးပြောင်းသွားတော့မယ့်အချိန်မှာ မာရာ တစ်ယောက် စိတ်အတက် အကျဖြစ်နေတဲ့အကြောင်းနဲ့ အိမ်‌ပြောင်းရွှေ့တာကို လာကူပေးတဲ့ လူတွေရဲ့ အကြောင်းကို mystery ဆန်ဆန်ရိုက်ပြထားတဲ့ ဂျာမနီကားလေးဖြစ်တယ်။ mystery ဆန်တယ်ဆိုပေမဲ့ ‌ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ ဘဝနဲ့ အချစ်ရေး အကြောင်းတွေကို ရောသမွှေပြီး ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.36 GB) / (704 MB) / (402 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Khant Sett Naing Encoder..........SWM
movie

The Girl and the Spider (2021)

2021
Out of Time (2003) 6.5
Out of Time (2003)    မီယာမီနားက ဘန်ယန်ကီးမြို့မှာ ရှိတဲ့ ရဲဋ္ဌာနအသေးလေးရဲ့ ခေါင်းဆောင်ဖြစ်သူ ဝှစ်လော့ခ် တစ်ယောက်က အိမ်ထောင်ရေးအဆင်‌မပြေမှုကြောင့် အန်မာရိုင်း ဟယ်ရီဆန်ဆိုတဲ့ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးနဲ့ ကြိတ်ပုန်းခုတ်နေသူပါ အန်မာရိုင်းမှာလည်း ခရစ် ဟယ်ရီဆန်ဆိုတဲ့တရားဝင်ယောက်ျားတစ်ယောက်ရှိပါတယ် ဝှစ်လော့ခ်တို့ ရဲဋ္ဌာနမှာလည်း မူးယစ်ဆေးဝါးအမှုကဖမ်းဆီးရမိတဲ့ ဒေါ်လာငါးသိန်းနီးပါးကိုသိမ်းထားပါတယ် ‌ဝှစ်လော့ခ်တစ်ယောက် တိတ်တိတ်ပုန်းချစ်သူ အန်မာရိုင်းရဲ့ကင်ဆာကို ကုပေးဖို‌ ငွေအလွဲသုံးစားလုပ်ရင်း ဘယ်လိုမထင်မှတ်ထားတဲ့ထောင်ချောက်ထဲ ဘယ်လိုကျသွားမလဲဆိုတာ ကြည့်ရှုလိုက်ပါ ဟယ်ရီဆန်တို့ရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ ဝှစ်လော့ခ်တစ်ယောက် သားကောင်မဖြစ်ရအောင် ဘယ်လိုကြိုးစားရုန်းထွက်သွားမလဲဆိုတာ ရှုစားလိုက်ပါFile size…(2.42GB/(1.09GB)/(531GB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Crime   / Drama /  Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin 
movie

Out of Time (2003)

Paycheck (2003) 6.3
Paycheck (2003)  Paycheck ( 2003 ) ပရိသတ်တို့ရဲ့ အချစ်တော်မင်းသားကြီး Ben Affleck ရဲ့ 2003 ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ Action ဇာတ်ကားကောင်းဖြစ်ပါတယ်။ နည်းပညာအသစ်အဆန်းတွေကို သူများထက်သာလွန်ပြီး လျင်မြန်တဲ့ နည်းလမ်းတွေနဲ့ ဖန်တီးတည်ဆောက်နိုင်တဲ့ အင်ဂျင်နီယာလေး မိုက်ခ်ဟာ သူ့ရဲ့ဦးနှောက်ကို ပိုက်ဆံတွေနဲ့ အလဲအလှယ်လုပ်လေ့ရှိပါတယ်။တစ်နေ့တော့ သူ့သူငယ်ချင်း ဂျင်မီရဲ့ ငွေမက်လုံးပေးမှုကြောင့် သူ့ရဲ့သုံးနှစ်တာကို ထုံးစံအတိုင်း အရောင်းအဝယ်လုပ်ဖို့ ကြိုးစားရာကနေ သူ့ဘဝအလှည့်အပြောင်းကြုံလာခဲ့ပါတယ်။ သူတည်ဆောက်ခဲ့တာက ဘယ်လိုမျိုးနည်းပညာဖြစ်ပြီး ဘယ်လိုမျိုး ကိုယ့်ရှူးကိုယ်ပတ်ပြီး ကြားထဲမှာ လမ်းကြုံ ချစ်ရသူဒေါက်တာမလေးနဲ့ ဒရမ်မာခင်းတာတွေလည်း ပါဝင်ပါတယ်။ကြည့်ရတန်တဲ့ဇာတ်လမ်းဖြစ်တာမို့ စဥ်းစားမနေဘဲ Playlist ထဲထည့်ဖို့ အကြံပြုချင်ပါတယ်ရှင်။ File size…(2.64GB/(1.35GB)/(677MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:59:00 Genre...Action / Mystery / Sci -Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Paycheck (2003)

The Gift (2015) 7
The Gift (2015) The Gift (2015) ~ IMDb - 7/10, Rotten Tomatoes - 91% ~ဇာတ်ကားနာမည်က "လက်ဆောင်" တဲ့။ဘာလက်ဆောင်လဲဆိုတော့ ဇာတ်ဆောင် လင်မယားနှစ်ယောက် အိမ်အသစ်ကို ပြောင်းလာကြတယ်။ အဲဒီမှာ ယောက်ျားရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့တွေ့တယ်။ အဲဒီသူငယ်ချင်းက လက်ဆောင်တွေ ဇွတ်လာပေးနေတာပါပဲ။ အိမ်ကို လူမရှိတဲ့အချိန်ဝင်ပြီး လက်ဆောင်ပေးတတ်သေးတယ်။တကယ်ကို ကြောင်တောင်တောင်ကောင်ပါပဲ။ မိန်းမဖြစ်သူကတော့ သဘောကောင်းတယ်ဆိုပြီး ခင်ပေမဲ့ ယောက်ျားဖြစ်သူကတော့ ခါးခါးသီးသီးဖြစ်နေပါတယ်။ သူတို့ငယ်သူငယ်ချင်းတွေ... ငယ်ငယ်က ဘယ်အကြောင်းတွေကြောင့် ဒီလိုတွေဖြစ်နေလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရမှာပါ။ဒါပေမဲ့ ဇာတ်ကားနာမည်လက်ဆောင်ဆိုတာက အဲဒီလက်ဆောင်တွေထက် ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း စကားပြောနိုင်တဲ့ အစွမ်းကို ရည်ညွှန်းတယ်ထင်ပါတယ်။ အဲဒီလက်ဆောင်က သုံးတတ်ရင် ဆေးဖြစ်သလို မသုံးတတ်ရင် ဘေးဖြစ်တတ်တယ်ဆိုတာ ပြချင်တဲ့ စိတ်ဝင်စားစရာ Thriller, Mystery ဇာတ်ကားလေးတစ်ကားပေါ့။ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း နှယ်နှယ်ရရတွေမဟုတ်ပါဘူး။ Ozark နဲ့ ကျွန်တော်တို့သိကြမယ့် ...
movie

The Gift (2015)

2015
Oro Arrowhead (2021) 4.3
Oro Arrowhead (2021) Oro Arrowhead (2021) ================၁၈၃၀ ခုနစ်မှာ အမေရိကန်အစိုးရဟာ ဌာနေတိုင်းရင်းသား အင်ဒီးယန်းတွေကို နေရာရွှေ့ပြောင်းရေး အစီအမံလုပ်ခဲ့ပါတယ်။အသစ်ဝင်ရောက်လာတဲ့ လူဖြူတွေ ဝါဂွမ်းစိုက်ပျိုးလို့ရအောင်မြေလိုတဲ့အတွက်လို့ အကြောင်းပြပြီး ချရိုကီးလူမျိုး ၁၆၀၀၀ ကျော်အပါအဝင် လူပေါင်း၆၀၀၀၀ လောက်ရှိတဲ့ မျိုးနွယ်စု ငါးစုကိုမိုင်ပိုင်းများစွာ လမ်းလျှောက်ခရီးနဲ့ အတင်းအကျပ်ပြောင်းရွှေ့ခဲ့ပါတယ်။ ပင်ပန်းဆင်းရဲမှုကြောင့် လူပေါင်း လေးထောင်ကျော်သေဆုံးခဲ့ပြီး မျက်ရည်လျှောက်လမ်းလို့ အမည်တွင်ခဲ့ပါတယ်။ ဒါ့အပြင် မျိုးနွယ်စုတွေ ဖယ်ရှားခံခဲ့ရတဲ့နေရာတွေဟာ တွင်းထွက်ပစ္စည်းလည်း ထွက်တဲ့အတွက် လူဖြူတွေက လိုချင်တပ်မက်ခဲ့တာပါ။အဲဒါကို သိတဲ့ မျိုးနွယ်စုတွေဟာ ရွှေတွေကို တူးဖော်ပြီး မှော်အစီအရင်တွေနဲ့ ဖွက်ခဲ့ပါတယ်။ နောင်အခါမှာ အဲဒီအကြောင်းကို သိတဲ့ သိုက်တူးဖို့ လာသူတွေလည်း အများကြီးရှိတာပေါ့။ဒီဇာတ်ကားမှာတော့ မြို့တော်ဝန်ဟာ ရွှေသိုက်ကို ရှာဖွေနေသူပါ။ အခြားဒီလိုမျိုး အကြံအစည်ရှိသူ ရှာဖွေသူတွေကို ခြိမ်းခြောက်လေ့ သတ်ပစ်လေ့ရှိပါတယ်။ ဒါကြောင့် မြို့တော်ဝန်ချုပ်ကိုင်ထားတဲ့ အဲ့နယ်မြေတွေမှာ ပြည်သူတွေဟာ တုပ်တုပ်မှ မလှုပ်ရဲ ကြပါဘူး။ တစ်ခါမှာတော့ ဇာတ်လိုက်ဖြစ်သူ ဗိုလ်မှူး ဂျင်မ်ပိုဝဲလ် တစ်ယောက် ဖခင် ရုတ်တရက်သေဆုံးမှုကြောင့် အသုဘကိစ္စအတွက် မြို့ကို ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ဖခင်သေဆုံးမှုဟာ သမားရိုးကျမဟုတ်တာကို သိရှိသွားပြီနောက် ...
movie

Oro Arrowhead (2021)

2021
Clue (1985) 7.2
Clue (1985) Clue (1985) ~ IMDb - 7.2/10, Rotten Tomatoes - 68% ~Clue ဟာ board game ကို Inspiration ယူပြီး ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ နည်းနည်းတော့ ဆန်းတယ်မလား။ ပုံမှန်ဆို ရုပ်ရှင်ကိုမှ board game ပြန်လုပ်ကြတာမလား။ ဒီရုပ်ရှင်ဟာ တကယ့် ကလပ်စစ်ဂကြောင် ရုပ်ရှင်ပါ။ ဘာလို့ဆို သူဆန်းတာက ဒီလောက်တင်မဟုတ်ဘဲ စုံထောက်ကားကိုမှ ဟာသကားဖြစ်အောင်ရိုက်ထားတာလည်း ပါတာကိုး။ တကယ့် ကကြိုးကကြောင်ဇာတ်ဝင်ခန်းတွေနဲ့ ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ရုပ်ရှင်ပါပဲ။ဇာတ်လမ်းစစဖွင့်ချင်းမှာ အိမ်တစ်အိမ်ကို လူ့နယ်ပယ်နဲ့ သူ နာမည်ကြီးတဲ့ နာမည်ကျော်လူတွေကို ဖိတ်ခေါ်လိုက်တယ်။ နာမည်ပျက်ခံလို့မရတဲ့သူတွေချည်းပေါ့။ သူတို့အားလုံးမှာ တူညီတာက ငွေညှစ်ခံနေရတဲ့တစ်ချက်ပဲ။ အဲဒီငွေညှစ်ခံရတာကို ဖိတ်ခေါ်တဲ့သူက ဘယ်လိုသိလဲ ဘာလဲညာလဲ အဖြေရှာရင်း လူသတ်မှုတွေဖြစ်လာတယ်။ အဲဒီလူသတ်မှုကို သူတို့ ကြားထဲပဲ ပြန်အဖြေရှာတယ်။ ...
movie

Clue (1985)

1985
Detective Dee and Deadly Fragrance ( 2022 ) 6.2
Detective Dee and Deadly Fragrance ( 2022 ) CM ကနေပြီးတော့ဒီတစ်ခါအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Detective Dee: Scent of a Killer ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Luoyang မြိုထဲမှာမတရားစွပ်စွဲပြီးခေါင်းဖြတ်ခံရတဲ့ An Yu ဆိုတဲ့မိန်းကလေးတစ်ယောက်ကသရဲအဖြစ်အနေနဲ့ လူတော်တော်များများကို လိုက်လံသတ်ဖြတ်နေတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။အဲ့အချိန်မှာ Dee Ren Jie ကိုနယ်နှင်ဒဏ်ခံရတဲ့အပြစ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး ဒီအမှုကိုလိုက်လံစုံစမ်းဖိုခွင့်ပြုလိုက်တဲ့အချိန်မှာတင် Dee Ren Jie ကိုမကျေနပ်တဲ့အုပ်စုကသတ်ပစ်ဖိုကြိုးစားပါတော့တယ်။တချိန်တည်းမှာဘဲ Lv Zhaoyuan ဆိုတဲ့လူကတော့ ပျောက်ဆုံးသွားတဲ့ဇနီးကိုရှာဖို့ မြိုတော်ဆီလာနေရင်းလမ်းမှာလူသတ်သမားတွေကြောင့်ချောက်ကမ်းပါးကနေပြုတ်ကျသွားတဲ့ Dee Ren Jie ကိုကယ်တင်ပေးခဲ့တယ်။ကံမကောင်းစွာနဲ့ Dee Ren Jie ကအတိတ်မေ့သွားခဲ့တယ်။ဒီလိုနဲ့အကြောင်းရင်းတိုက်ဆိုင်လာတဲ့အချိန်နှစ်ယောက်လုံးလူချင်းလဲလိုက်တဲ့အချိန်မှာတော့.... ကဲဒီတော့ဇနီးပျောက်လိုရှာနေတဲ့ Lv Zhaoyuan က ရူပ်ထွေးလှတဲ့အမှုကြီးမှာဝင်ပါသွားတဲ့အခါဘယ်လိုတွေဆက်ဖြစ်မလဲ? Dee Ren Jie ကတော့သူ့မှတ်ဉာဏ်ပြန်ပေါ်လာမလား? စတဲ့မေးခွန်းပေါင်းများစွာရဲ့ အဖြေတွေကိုသိချင်ရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ရူလိုက်ရအောင်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Comedy Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Detective Dee and Deadly Fragrance ( 2022 )

Yoga Class (2009) 5.0
Yoga Class (2009) Yoga Class (2009) =============Horror ကြိုက်သူတွေအတွက် Yoga ဆိုတဲ့ Korea Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရုံတင်ပြသခဲ့တုန်းကလည်း လူကြည့်အများဆုံး ဇာတ်ကား ၁၀ ကားစာရင်းမှာ ၂ပတ်ကြာ နေရာယူနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်း ဟျိုဂျောင်းဟာ ဟုမ်းရှော့ပင်း show တစ်ခုရဲ့ တင်ဆက်သူတစ်ယောက်ဖြစ် ပါတယ်။ တစ်ရက် ဟျိုဂျောင်းရဲ့နေရာကို အသက်ငယ်ငယ်ချောချောကောင် မလေးတစ်ယောက်က လုယူသွားခဲ့တာပေါ့။ ဟျိုဂျောင်းလည်း သူ့ကိုယ်သူ ယုံကြည်မှုမရှိဖြစ်သွားပြီး သူမသူငယ်ချင်းလမ်းညွှန်ပေးတဲ့ ယောဂသင်တန်း ကျောင်းကို သွားခဲ့တယ်။သင်တန်းကျောင်းမှာ ၇ ရက်တာ အပြင်းအထန်လေ့ကျင့်မှုအတွက် စာရင်းသွင်း ခဲ့ပါတယ်။ ဟျိုဂျောင်းနဲ့ အတူ နောက်ထပ် မိန်းကလေး ၄ ယောက်လည်း ဒီလေ့ ကျင့်မှုမှာပါဝင်ခဲ့ပြီး၊ ဒီ ၅ ယောက်ထဲက အဆုံးအထိ အောင်မြင်အောင်လုပ်နိုင်တဲ့ တစ်ယောက်ကသာ ကွန်ဒါလီနီလို့ခေါ်တဲ့ ထာဝရလှပမှုရဲ့ လျှို့ဝှက်ချက်ကို သိရှိရမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ကွန်ဒါလီနီရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူသိသွားမှာလဲ ဘာတွေဆက်ဖြစ်မှာလဲဆိုတာ Yoga Class (2009) မှာ ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားတင်ဆက်ပေးသူကတော့ Hay Thar ဖြစ်ပါတယ်။)File ...
movie

Yoga Class (2009)

2009
Bhool Bhulaiyaa (2007) 7.3
Bhool Bhulaiyaa (2007) ကဲဗျာအညွန်းမလာခင် မင်းသားမင်းသမီးအရင်ပြောမယ်�Bollywood မှာလိုင်းစုံရတဲ့မင်းသား Ashay Kumar ကဟာသမင်းသားပေါ့� မင်းသမီးကတော့ Kaho Naa Pyar Hai(လက်ပွားမင်းသား ခေါင်းဆောင်မင်းသားလုပ်ခဲ့တဲ့ ပထမဦးဆုံးကား) ထဲက မင်းသမီးချောလေး Ameesha Petal လေးပေါ့…သူကတော့ဒီကားထဲမှာ အိန္ဒြေရှင်လေး.. ချစ်ဖို့စွန်းကောင်းတယ် �ဇာတ်လမ်းအကျဉ်း…နည်းနည်းပဲပြောပြမယ်… အကုန်ပြောပြရင် ကြည့်ရတာ feel မလာတော့ဘူး… ဇာတ်လမ်းလေးက ဘာသာတရားနဲ့စိတ်ပညာကိုအခြေခံထားတာပါ စိတ်ပညာဆိုအရူးလို့ထင်မှာပေါ့… ထင်နေရင်မှားမယ်…တန်ဖိုးရှိတဲ့အသိပညာဗဟုသုတတွေရမှာပါ… သရဲခြောက်တဲ့နန်းတော်ထဲမှာ စိတ်ရောဂါဝေဒနာရှင်လေးအပြင် သရဲကိုပါ ဆရာဝန်ကဘယ်လိုပညာသားပါပါ ဘာသာရေးအကူအညီလေးနဲ့ကုသွားမယ်ဆိုတာ သိချင်စိတ်တပြင်းပြင်းနဲ့ကြည့်ရှုရမှာပါ… အစပိုင်းမှာလည်းဟာသလေးတွေနဲ့ပါ… ဇာတ်လမ်းတစ်ဝက်ဆို သိတဲ့အတိုင်း climax ရောက်ပြီ… �Ashay Kumar ရဲ့ပညာသားပါပါဟာသနှောပြီးရိုက်ထားတာ ဘယ်လောက်ကောင်းလဲတွေ့ရမှာပါ. သီချင်းကောင်းလေးတွေကိုလည်း ဘာသာပြန်ပေးထားပါတယ် …လုံးဝဂန္တဝင်ပါပဲ.. �ဟာသကြိုက်တဲ့သူ အသည်းနုတဲ့သူ(ကြည့်နေရင်းသရဲကိုသနားလို့ငိုပါငိုစေရမယ်) စိတ်ပညာကိုအထင်သေးတဲ့သူတွေအတွက်ကတော့ Must See ပါ.. ဒီလောက်ပါပဲ…ကျန်တာကိုတော့ဇာတ်လမ်းထဲမှာခံစားပါ (ဘာသာပြန်သူကတော့ Khant Shwe Thaik ပါ)File Size : 0.99 GB Quality : Bluray 720p Running Time : 2hr 39minutes Format : Mp4 Genre : Comedy, Horror, Mystery Translator : Khant Shwe Thaik Encoder :Thanhtike Zaw
movie

Bhool Bhulaiyaa (2007)

Avatara Purusha: Part 1 (2022) 7.3
Avatara Purusha: Part 1 (2022) 2022 မေလ ၆ ရက်နေ့မှာမှ ရုံတင်ခဲ့တဲ့ Avatara Purusha ဆိုတဲ့ ကန်နာဒါဒေသိယ စကားပြော ဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ မျိုးရိုးစဉ်စက် အာယုဗီဒ ကျွမ်းကျင်တဲ့ ပညာအမွေကို လက်ဆင့်ကမ်း ဆက်ခံလာတဲ့ " ရမ် ဂျိုရီ " သူ့ရဲ့ စိတ်ထားကောင်းပြီး တစ်ကိုယ်ကောင်းမဆန်တတ်တာကြောင့် တစ်ရွာလုံးရဲ့ လေးစားမှုကို ရရှိထားသူ ...... ရှေ့သွားနောက်လိုက်ညီစွာနဲ့ ခင်ပွန်းသည်ကို ပါရမီဖြည့်ပေးသူ ဇနီးသည် "ဆူရီးလာ" သူတို့နှစ်ဦးဟာ ဉာဏ်လဲကောင်း အဆော့လဲသန်တဲ့ "ကာနာ " ဆိုတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားကြပါတယ် ရယ်ရှိုဒါကတော့ ရမ် ရဲ့ အချစ်ဆုံး ညီမလေးပေါ့ ... တစ်နေ့မှာတော့ ရယ်ရှိုဒါတစ်ယောက် ကိုယ်ဝန်ရှိလာတဲ့ အကြောင်း သတင်းကောင်းကို အစ်ကို့ ပြောပြချင်လို့ အိမ်ပြန်ခဲ့တဲ့အချိန် ..... အစ်ကို့အိမ်က အပြန် ဘုရားကျောင်း ပွဲတော် သွားဖို့ စီစဉ်ထားတဲ​့အခါ တူဖြစ်သူ ကာနာကလည်း လိုက်မယ်ဆိုပြီး အတင်းကို ပူဆာပါတော့တယ် ဒီလိုနဲ့ ရယ်ရှိုဒါတစ်ယောက် ...
movie

Avatara Purusha: Part 1 (2022)

2022
Trikonam (2022) 9.5
Trikonam (2022) ဒီတစ်ခေါက်မှာလည်း လူထောင်ကျော်က Vote ပေးထားပြီး IMDB မှာ၉.၅ အထိရရှိထားတဲ့ Mystery, Thriller အမျိုးအစား အိန္ဒိယဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလို့ရေးလို့မရလောက်အောင်ကို ဇာတ်လမ်းကရှုပ်ထွေးသလို ရိုးရှင်းလွန်းနေတဲ့ အခါမှာတော့ ဒီရုပ်ရှင်က ကြည့်တဲ့သူရဲ့ခံစားချက်အပေါ်မူတည်ပြီး ဇာတ်လမ်းက ကွဲသွားနိုင်လောက်တဲ့အခြေအနေပါဒါရိုက်တာတင်ပြချင်တဲ့ အကြောင်းအရင်းကတော့ လောဘ ဒေါသ မောဟ ဆိုတဲ့အထဲက ဒေါသရဲ့ နောက်ဆက်တွဲတွေကို ပြချင်တာပါ။ ဒီဇာတ်လမ်းမှာ ဇာတ်ကောင်မိသားစု သုံးစုပါဝင်ပြီး မတူညီတဲ့ စိတ်ခံစားချက်တွေကို အခြေခံတည်ဆောက်ထားပါတယ်ဒီတော့ ဒေါသရဲ့မကောင်းတဲ့နောက်ဆက်တွဲတွေဟာ ဘယ်လိုအကျိုးများရှိမှာလဲဆိုတာကိုတော့ ဒါရိုက်တာက နောက်ထပ်တမျိုးတစ်ဖုံတင်ဆက်ထားမှုကိုတော့ ရုပ်ရှင်မှာပဲ လိုက်ပါစီးမျောခံစားလိုက်ပါဦး အညွှန်းကိုတော့ Lwin Htoo Aung က ရေးသားထားပြီး ဘာသာပြန်ကတော့ Lwin Htoo Aung နှင့်Yunni  တို့ပဲဖြစ်ပါတယ်   File size…2.63GB / 1.6GB Quality…1080p HQ HDRIP Kannada AAC5.1CH / 720p Format...mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Yuuni  
movie

Trikonam (2022)

2022
Touching Gold Captain ( 2022 ) 6
Touching Gold Captain ( 2022 ) အုတ်ဂူဖောက်တဲ့ရတနာသိုက်ရှာပုံတော်တွေကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တို့အတွက် ဒီတခါမှာလည်း လျို့ဝှက်ဆန်းကြယ်မှုတွေ၊ ကျိန်စာတွေ၊ မိစ္ဆာတွေ နဲ့အတူ အုတ်ဂူဖောက်ကြမယ့် စွန့်စားခန်းဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ချောင်ရွှင့်ဆိုတဲ့လူငယ်လေးဟာ မောကျင်းရဲ့ ၄၆ မြောက်မျိုးဆက်ဖြစ်ပါတယ်။ မောကျင်းဆိုတာကတော့ အုတ်ဂူဖောက်တဲ့နေရာမှာဆရာတစ်ဆူလို့ သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ ချောင်ရွှင့်ဟာမောကျင်းမျိုးဆက်ဖြစ်သော်ငြားလည်း၊ ငယ်ကတည်းကအဖေကစွန့်ပစ်သွားပြီးအမေကလည်းဆုံးပါးသွားတာမို့ အုတ်ဂူဖောက်ပညာမပြောနဲ့ ဘာပညာကိုမှတောင်မသင်လိုက်ရပါဘူး။သူတတ်တာကတော့ လိမ်လည်လှည့်ဖြားတာပါပဲ။ ဒါပေမဲ့လည်း တစ်နေ့မှာ ဆိုက်ဆိုက်မြိုက်ဆိုက် အန္တရာယ်ကရောက်ရှိလာပါတယ်။ အေးအေးချမ်းချမ်းနေနေတဲ့သူတို့ရွာလေးကို တိုင်းတစ်ပါးသားတွေရောက်ရှိလာပြီး၊ ထိုသူတွေရဲ့ရည်ရွယ်ချက်ကတော့ အုတ်ဂူဖောက်ပြီးရတနာသိုက်တူးဖို့ မောကျင်းမျိုးဆက်ဖြစ်တဲ့ ချောင်ရွှင့်ကိုလာရှာတာပါပဲ။တစ်ရွာလုံးရဲ့အသက်နဲ့ခြိမ်းခြောက်တဲ့အခါမှာတော့ ချောင်ရွှင့်ဟာ အုတ်ဂူဖောက်သူအဖြစ်နဲ့ ရှေးခေတ်ဘုရင်များရဲ့ ဂူသင်္ချိုင်းထဲကို လိုက်ပါသွားရတဲ့အခါမှာတော့.... စောင့်ကြိုနေတဲ့ကျိန်စာတွေနဲ့ မကောင်းဆိုးဝါးမိစ္ဆာတွေကိုကျော်ဖြတ်နိုင်ပါ့မလား ဂူထဲကရော အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်။  Quality : WEB-DL 1080p , 480p Format : mp4 Genres: Action , Adventure , Mystery Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Nu Mon , Hnin Wutt Hmone Encoded by LK
movie

Touching Gold Captain ( 2022 )

CBI 5: The Brain (2022) 6.2
CBI 5: The Brain (2022) ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း ခေါင်းစားစရာတွေ တစ်ပုံကြီးနဲ့ အိန္ဒိယစုံထောက်ကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB မှာ ၆.၁ ရထားတဲ့ စုံထောက်အက်ရှင် Crime, Mystery, Thriller အမျိုးစားရုပ်ရှင်ဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း... ဝန်ကြီးချုပ်နဲ့အတူ ခရီးထွက်ခဲ့တဲ့ ဝန်ကြီးတစ်ယောက် သေဆုံးသွားတဲ့နောက်ကွယ်ကနေစပြီး Basket Killings ဆိုတဲ့ ကွင်းဆက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်နောက်ဆုံးအသတ်ခံရတဲ့သူက ရဲအရာရှိတစ်ယောက်ဖြစ်တာမို့ ရဲတွေပါ အလုပ်ရှုပ်လာပါတယ် ဒီအချိန်မှာ "မာနကြီးပြီး ဘယ်တော့မှမကျရှုံးဘူး" လို့ ကြွေးကြော်ထားတဲ့ CBI အိန္ဒိယ ဗဟိုထောက်လှမ်းရေးကို အမှုကိုလွှဲပါတော့တယ် CBI နဲ့ ရဲအဖွဲ့ကြားက အဖုအထစ်တွေ အားပြိုင်မှုတွေနဲ့ တရားခံကို ဘယ်လိုဖော်ထုတ်ဖို့ကြိုးစားလည်းဆိုတာကိုတော့ ၂နာရီနဲ့ ၄၂မိနစ်ကြာတဲ့ ဒီရုပ်ရှင်မှာ တ၀ကြီး လိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦး...   File size…2.54GB / 1.2GB Quality…1080p WEB DL Malayalam AAC5.1CH / 720p Format...mp4 Duration….2h 42mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Yunni ~ Honey ~ OeliuJ    
movie

CBI 5: The Brain (2022)

2022
The Wolf Witch ( 2022 ) 6.9
The Wolf Witch ( 2022 ) ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင်...ချန်အန်းဆိုသူ လျို့ဝှက်အမှုစစ်တစ်ယောက်က တာဝန်အရ ပါးစပ်ရာဇဝင်တစ်ပုဒ်လို ပြန့်နေတဲ့ ဆံဖြူရှင်မိစ္ဆာမ လျန်နီရှန်းအကြောင်း စုံစမ်းဖို့ ရောက်လာခဲ့ရာ..တကယ်စုံစမ်းတဲ့အချိန်မှာ ဆံဖြူရှင်မိစ္ဆာမ လျန်နီရှန်းအကြောင်းကိုသာမက သိုင်းလောကရဲ့ ရှုပ်ထွေးလှတဲ့ ဂိုဏ်းတွေကြား ဆက်နွယ်မှုတွေနဲ့အတူ လျန်နီရှန်းကို ပုံတူခိုးပြီး နောက်ကွယ်က ချောက်တွန်းနေတဲ့ တခြားဂိုဏ်းအကြောင်းပါသိခဲ့ရတယ်...လျန်နီရှန်းရဲ့ ဇာတ်ကြောင်းကတော့ ဗားရှင်းတိုင်းနီးပါးမှာ ပုံစံစုံနဲ့ တင်ဆက်ပြနေကြမို့ ထူးထွေပြီး မိတ်မဆက်တော့ပါဘူး... အချစ်တစ်ခုကို ကိုးစားမိတဲ့အချိန်မှာ ချစ်ရတဲ့သူရဲ့ရက်ရက်စက်စက် သစ္စာဖောက်တာခံရပြီးနောက် အချစ်ကိုမယုံတော့တဲ့ လျန်နီရှန်းတစ်ယောက်...အတိတ်က နာကျင်စရာ အချစ်ဇာတ်လမ်းတစ်ခုမှာ ကိုယ်တိုင် မင်းသားအနေနဲ့ ကခဲ့ပြီးနောက် ထပ်ပြီးချစ်ရမှာ ကြောက်နေခဲ့တဲ့ ချန်အန်းတို့ ဆုံတဲ့အခါ... အချစ်ခံစားချက် အသစ်တစ်ဖန်ပဲ မွေးဖွားလာမလား... အတိတ်က ဒဏ်ရာကိုမကုစားနိုင်လို့ အလွမ်းနဲ့အဆုံးသတ်မလား... ဒါမှမဟုတ် အသစ်တစ်ဖန်မွေးဖွားလာမယ့် ဒဏ်ရာတစ်ခုက စောင့်ကြိုနေမလားဆိုတာ Channel Myanmar မှာ ဒေါင်းလုပ်ပြီး ခံစားကြည့်လိုက်ကြပါ...  Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Romance Runtime : 1h 25min Subtitle : Myanmar Subtitle ( Hardsub ...
movie

The Wolf Witch ( 2022 )

Masquerade Night (2021) 6.3
Masquerade Night (2021) Masquerade Night (2021)~ IMDb rating - 6.3/10 ~ဂျပန်စုံထောက်ကားတွေကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက် စလယ်ဆုံးမပျင်းရမယ့် ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသတ်သမားရှိတယ်ဆိုတာလွဲပြီး ဘာ info မှမသိရတဲ့သူတစ်ယောက်ကို ဟိုတယ်ထဲမှာလိုက်ရှာကြရမှာမို့လို့ပါ။ဟိုတယ်လုပ်ငန်းဆောင်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုရော အမှုလိုက်တဲ့နေရာမှာ ဆက်စပ်ချိတ်ဆက်မှုကိုရော အသားပေးရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ၂၀၁၉မှာထွက်ခဲ့တဲ့ Masquerade Hotel ရဲ့ အဆက်အဖြစ်ရိုက်ထားတာပါ။ သို့ပေမဲ့ ပထမကားကို မကြည့်ဘဲ ကြည့်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နဲရိမခရိုင်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ သတ်ခံရစဉ်မှာ Lolita ဝတ်စုံဝတ်ထားပြီး ဓာတ်လိုက်သေစေတဲ့နည်းနဲ့သတ်ခံရတာကြောင့် ပုံမှန်မဟုတ်တဲ့အမှုတစ်ခုပါပဲ။ တိုကျို မြို့တော်ရဲတွေလည်း စုံစမ်းလို့မရဖြစ်နေတုန်း အမည်လျှို့ဝှက်ပြီးသတင်းပေးလို့ရတဲ့ hotline ကနေ စာတစ်စောင်ရောက်လာခဲ့ပါတယ်။အဲဒါကတော့ "အမျိုးသမီးကိုသတ်ခဲ့တဲ့လူသတ်သမားက ဒီဇင်ဘာ ၃၁ရက်နေ့မှာ Hotel Cortesia တိုကျို ကိုရောက်လာလိမ့်မယ်"ဆိုတာပါပဲ။ လူသတ်သမားရဲ့အသွင်အပြင်ကိုလည်းမသိ သဲလွန်စလည်းတစ်ခုမှမရှိတဲ့အမှုကို ဟိုတယ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းမှုနဲ့အတူ လိုက်ရှာဖို့ဖြစ်လာပါတယ်။ခက်တာက ပွဲကိုတက်မယ့်သူပေါင်း ၅၀၀ရှိတဲ့အပြင် မျက်နှာဖုံးတပ်ထားတာဖြစ်လို့ ...
movie

Masquerade Night (2021)

2021
Taking Lives (2004)
Taking Lives (2004)    Taking Lives (2004) ~~~~~~~~~~~~~~~~~~~~~~~ ကမ်းခြေသွားရင် ဝင်ကစွပ်ကောင်လေးတွေကို မြင်ဖူးကြလား ဝင်ကစွပ်တွေက တခြားသတ္တဝါတွေရဲ့အခွံကို သူ့ကိုယ်ပိုင်အိမ်သဖွယ်ဝင်နေကြတယ်လူတစ်ယောက်ကရော အဲ့လိုသူများဘဝကို ကိုယ့်ဘဝလို အပိုင်ယူလိုက်လို့ရလား ဒီမေးခွန်းရဲ့အဖြေကို အခုတင်ပေးသွားမယ့်ရုပ်ရှင်ထဲမှာပဲ အဖြေရှာကြည့်ကြပါဒီလိုကားမျိုးက ဇာတ်ကြောင်းအရမ်းပြောရင် spoiler ဖြစ်မှာစိုးရလို့ မိတ်ဆက်သဘောပဲ ပြောမယ်နော့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ စိတ္တဇကွင်းဆက်လူသတ်သမားကို FBI အထူးအေးဂျင့် Angelina Jolie နဲ့အတူ ကိုယ်တိုင်စုံစမ်းထောက်လှမ်းလိုက်ပါPsychological thriller ဆိုတဲ့အတိုင်း သည်းထိတ်ရမယ်၊ ရင်ဖိုရမယ်၊ Crime drama ဆိုတဲ့ဆိုတဲ့အတိုင်း အံ့ဩရမယ်၊ မင်သက်ရမယ် ရင်မဖိုရမှာတော့မပူနဲ့၊ Jolie နဲ့ Ethan Hawke တို့ကို ကြည့်ရင်း စောင်ကိုက်ရမှာ အသေအချာပါပဲIMDB -6.2 RT- 22% File size…(1.6GB)/(830MB)/(458MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Crime / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK
movie

Taking Lives (2004)

My Girlfriend is a Serial Killer (2019) 5.8
My Girlfriend is a Serial Killer (2019) My Girlfriend is a Serial Killer (2019)အချစ်ဆိုတာ ဒီလောကမှာ အဆန်းကြယ်ဆုံးအရာပါပဲ။ တချို့က ချောချောလေးတွေကို ချစ်ကြတယ်။ တချို့က စာကြမ်းပိုးမလေးတွေကို ချစ်ကြတယ်။ တချို့က သေးသေးလေးတွေကို ချစ်ကြတယ်။ တချို့ကကျ နားလည်ရခက်တဲ့ ကောင်မလေးတွေကို ချစ်ကြတယ်။ ပြောမကုန်ဘူးပေါ့။ လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ပြောလည်း မဆုံးပါဘူး။ဆိုပေမဲ့ ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကျော်ကြီးကတော့ ဘေးခန်းက ကောင်မလေး လူသတ်တာကို မြင်ပြီး ချစ်မိတယ်တဲ့ဗျာ။ ဆန်းတော့ဆန်းသား... အဲဒီကောင်မလေးက သူ့ကိုသတ်ချင်လည်း သတ်နိုင်တာ သူသိပေမဲ့ ချစ်မိနေဆဲပါပဲ။ လောကမှာ အသန့်စင်အမွန်မြတ်ဆုံး အချစ်ထက်မြင့်တဲ့ ဆီရီရယ်တိုးနစ်အချစ်ကို ပုံဖော်ထားတဲ့ ဂျပန်ကားလေးပါပဲ။ မင်းသမီးလေးလည်း ချောပါတယ်။ ခပ်ချောချော ကောင်မလေးတွေ လူသတ်တဲ့အခါ ချစ်စိတ်အပြည့်နဲ့ ကြည့်တတ်အောင်လို့ ကြည့်ရှုမုဒိတာပွားထားသင့်တဲ့ ရုပ်ရှင်ပါပဲ။ လောကမှာ အချစ်ဟာအကြီးအကျယ်ဆုံးအရာပဲမလား။ ကောင်မလေးချောနေရင်ပေါ့ဗျာ...(အညွှန်းရေးပေးထားသူကတော့ Lucifer Morningstar ဖြစ်ပြီး ...
movie

My Girlfriend is a Serial Killer (2019)

2019
Dorm (2006) 6.8
Dorm (2006) Horror ဆိုပေမယ့် ကြောက်ရလန့်ရတာချည်းမဟုတ်ဘဲ ဇာတ်လမ်းဦးစားပေးရိုက်ထားတဲ့ ဇာတ်ကားကိုမှကြည့်ချင်သူတွေအတွက် Best Director ဆုအပါအ၀င် ဆု၇ဆု ရထားတဲ့ ဒီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအကျဥ်းချာဒရီဆိုတဲ့ကလေးက မိဘဖိအားပေးမှုကြောင့် ဒုတိယနှစ်ဝက်မှာ ကျောင်းပြောင်းခဲ့ရပါတယ်သူပြောင်းလာတဲ့ကျောင်းမှာအဖြစ်အပျက်တွေအများကြီးရှိခဲ့ပြီး အဲ့ထဲမှာမှ အဲ့ဒီကျောင်းကရေကူးကန်ဟောင်းမှာ ရေထဲခုန်ချသေသွားတဲ့ကျောင်းသားတစ်ယောက်ရှိခဲ့ဖူးတယ်လို့လည်းပြောနေကြပါတယ် ယခုလက်ရှိအချိန်မှာတော့ အဲ့ဒီရေကူးကန်ကိုပိတ်ထားလိုက်ပါပြီချာဒရီဟာ ကျောင်းရောက်ရောက်ချင်း သူငယ်ချင်းတွေသိပ်မရှိခဲ့ပါဘူး သူ့မှာခင်ရတဲ့သူငယ်ချင်းဆိုလို့ တစ်ယောက်ပဲရှိတယ်...အတူသွား အတူကစားရင်း နောက်မှ သူသိလိုက်ရတာကတော့ သူ့သူငယ်ချင်းက...ကဲ ဇာတ်လမ်းကတော့အဲ့မှာစတာပါပဲ ဘယ်လိုစိတ်ခြောက်ခြားစရာတွေလာဦးမလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှူလိုက်ရအောင်နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ )File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__01:50:00 Type__Drama, Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt
movie

Dorm (2006)