Channel Myanmar

Mystery

(18+)Female Teacher: In Front of the Students (1982) 5.7
(18+)Female Teacher: In Front of the Students (1982) Female Teacher In Front Of Students (1982) ============================================ရီကိုက ခုမှကျောင်းသစ်ကိုပြောင်းလာတဲ့အလှသွေးကြွယ်တဲ့ ဆရာမလေးတစ်ယောက်ပါ...ပုရိသတို့ ကြွေလောက်စရာ ရှိုက်ကြီးရှိုက်ဖိုအသွယ်သွယ်နဲ့ကျောင်းက ဆရာတွေကြားရော ကျောင်းသားတွေကြားရောရေပန်းစားတဲ့ ဆရာမလေးပေါ့...ဒီလိုသိပ်လှတဲ့ရီကိုဟာ တနေ့မှာ‌ောတ့ မထင်မှတ်ထားပဲရေချိုးခန်းထဲမှာ အဓမ္မကျင့်ခြင်းကို ခံခဲ့ရ့ပါတယ်...ရီကိုတစ်ယောက် ကျောင်းထဲက သူ့ကိုငမ်းတွေတဲ့ဘဲတွေကြား သူ့ကို အဓမ္မကျင့်တဲ့ လူယုတ်မာကို လိုက်ရှာရင်းဘယ်လိုဘယ်ပုံ အချစ်တိုက်ပွဲတွေ ဆင်နွှဲရမယ်ဆိုတာကိုQualityကောင်းကောင်းနဲ့တင်ဆက်ပေးထားတာမို့ကြည့်ရှုခံစားကြပါဦးဗျာ....  File size…760MB Quality…720p Blu Ray Format…mp4 Duration….1h 9m Subtitle….Myanmar Subtitle (hard sub) Encoder….X Cross Translated by Dark
movie

(18+)Female Teacher: In Front of the Students (1982)

1982
The Glass House (2001) 5.8
The Glass House (2001) The Glass House (2001)Thriller/MysteryChannel Myanmar ရဲ့ပရိတ်သတ်တွေအတွက်ဟောင်းပေမယ့် ကောင်းဆဲဆိုတဲ့ ဒီလိုရုပ်ရှင်မျိုးတွေကို တစ်ဖန်ပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ရုံတင်ငွေ 23.6 သန်းအထိရထားတဲ့ဒါရိုက်တာ Daniel Sackheim ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။Daniel Sackheim ဆိုရင် Game of thrones , The Walking Dead ဒီလိုဝက်ဝက်ကွဲအောင်မြင်တဲ့ရုပ်ရှင်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တဲ့နာမည်ကြီးဒါရိုက်တာတစ်ယောက်ပါ။ ဒီတော့ The Glass House မှာလည်းဘယ်လိုလက်စွမ်းပြထားမလဲဆိုတာ ခံစားကြည့်လိုက်ပါဦးဗျာ။ဆယ်ကျော်သက်တို့ထုံးစံအတိုင်း ရူဘီဟာ သောက်စား ပျော်ပါးဘဝကိုပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။တစ်ရက်တော့ ဘဝဟာ ကံဆိုးမိုးမှောင်ကျပြီး မိဘနှစ်ပါးလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရပါတယ်။အဲဒီနောက်​တော့ ရူဘီနဲ့ သူ့မောင်လေး ရက်တ်ဟာ သူတို့ရဲ့ အိမ်နီးချင်းဟောင်းဂလပ်စ်တို့ လင်မယားဆီမှာ မွေးစားခံလိုက်ရပါတယ်။ပြီးတော့ ဂလပ်စ်တို့လင်မယားရဲ့ မယ်လ်ဘူက အိမ်ကိုပြောင်းရွေ့ခဲ့ကြတာပေါ့။ဂလပ်စ်တို့မိသားစုက ကြင်နာတတ်ပြီး ငွေကြေးဥစ္စာလည်း ကြွယ်ဝကြပါတယ်။ခိုးကိုးရာမဲ့နေတဲ့ မောင်နှမတွေအတွက်တော့ သူတို့က ဘုရားသခင်လိုပဲပေါ့။ဒါပေမယ့် ...
movie

The Glass House (2001)

2001
Scream (2022)
Scream (2022) Scream ရုပ်ရှင်တွေဟာ ကမ္ဘာကျော် ဖရန်ချိုက်စ် ရုပ်ရှင်တွဲ‌တွေပဲမို့ အများစု သိပြီးသားဖြစ်မှာပါ။ အခုနောက်ဆုံးထွက်တဲ့ ရုပ်ရှင်က Scream-5 တော့ rating 7 အထိ ရထားတာပြီး အတော်ကြည့်လို့ကောင်းပါတယ်။ ခုနောက်ပိုင်း ရုပ်ရှင်တွဲပေါင်းစုံရဲ့ နောက်ဆက်တွဲတွေက ကြည့်ရတာ စိတ်ပျက်ရတာ များနေတဲ့အချိန်မှာ Scream ကတော့ တမူထူးခြားအောင်ပြသွားပါတယ်။ ဒီကားက လူသတ်ဟော်ရာကားဖြစ်သလို စုံထောက်လို လျို့ဝှက်ဆန်းကျယ်လိုလို ဟာသလိုလိုလေးတွေလည်းပါပါသေးတယ်။ ဟောလိဝုရဲ့ ရုပ်ရှင်အတွဲလိုက်ကြီးတွေကိုတောင် လှောင်သွားပါသေးတယ်. Scream-1 ဟာ အရမ်းကောင်းခဲ့ပေမဲ့ Scream 2,3,4 က သိပ်ခြေရာမနင်းနိုင်တာကိုလည်း ပြန်လှောင်ထားသလိုပါပဲ။ အရင်ရုပ်ရှင်တွေရဲ့ မူလဒါရိုက်တာက ဆုံးပါးသွားပြီဖြစ်လို့ ဒီကားကတော့ ဒါရိုက်တာအသစ်ရဲ့လက်ရာအသစ်ပါပဲ။ ဒါ့အပြင် သရုပ်ဆောင် လူငယ်အသစ်ကောင်းကောင်းတွေကို မူလရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေနဲ့ သေချာပေါင်းစပ်ထားပြီး ဇာတ်လမ်းကိုလည်း ဆန်းသစ်ထားတာမို့ rating ကောင်းရနေတာဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းတော့ မပြောတော့ဘူး စပရိုက်များများဖြစ်အောင်လို့ပါ။ ကြည့်ကြည့်လိုက်ပါ ...
movie

Scream (2022)

Saint Maud (2019) 6.7
Saint Maud (2019) Saint Maud (2019)~ IMDb - 6.7/10, RT - 92%, Meta - 83% ~Katie ဆိုတဲ့ကောင်မလေးဟာ အင်္ဂလန်ကမ်း‌ခြေမြို့လေးတစ်မြို့က သူနာပြုမလေးတစ်ယောက်။ သူဟာ ဘုရားသခင်အပေါ် အတော်ယုံကြည်သက်၀င်သူ။ နိစ္စဓူဝ အလုပ်တွေကိုတောင်မှ ဘုရားကို အမြဲတိုင်တည်နေတတ်သူ။ ဆိုတော့ ကိုယ့်ကိုယ်ကိုယ်ပါ နာမည်ပြောင်း‌ထားပါသေးတယ်။ Maud တဲ့...။တစ်နေ့သူဟာ ကင်ဆာရောဂါသည်တစ်ယောက်ကို သူနာပြုလုပ်ပေးဖို့ တာဝန်ကျလာတယ်။ အဲဒီကင်ဆာရောဂါသည်ကတော့ ဘုရားကို မယုံဘူး။ Lesbian လည်း ဖြစ်နေသေးတယ်။ Maud ဟာ သူ့ကို ဘာသာရေးနယ်ပယ်ထဲ ဆွဲခေါ်ပေမဲ့ မရခဲ့။ လူတွေ ဝိုင်းရှုံ့ချတာ လှောင်တာကို ခံခဲ့ရတယ်။ သူဟာ ဘုရားအပေါ်ကို မေးခွန်းထုတ်လာမိတယ်။အထီးကျန်မှုတွေနဲ့ အိမ်အပြန်လမ်းတစ်လျှောက်ဟာ သူ့အတွက် ‌ခြောက်ခြားစရာတွေအပြည့်။ သူ ဘုရားကို ပြန်တောင်းပန်ခဲ့တယ်။ ဘုရားသခင်ကလည်း သူ့ကို ဗျာဒိတ်တစ်ခု ပြတော်မူခဲ့ပါတယ်။" ...
movie

Saint Maud (2019)

2019
I Dreamed A Dream ( 2021 ) 5.6
I Dreamed A Dream ( 2021 ) I dreamed a dream ဆိုတဲ့ဇာတ်ကား‌က ရွှေကျင်းလို့ခေါ်တဲ့ ကောင်မလေးနဲ့ ယောဂအိပ်မက် နည်းပြဆရာကြီး လီရှီဟောင် (ရွှေကျင်းရဲ့အဖေ)တို့ရဲ့ အိပ်မက်ခရီးစဉ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ရွှေကျင်း ငယ်ငယ်ထဲက သူ့အိပ်မက်ထဲမှာ စူးရှတဲ့အလင်းတန်းကိုအမြဲတွေ့နေရခဲ့တယ် အဲ့အလင်းတန်းကို ဘာဖြစ်လို့အမြဲမြင်နေရလဲဆိုတာ သူကိုယ်တိုင်လည်းနားမလည်ခဲ့ဘူး သူ့အဖေက နတ်နဂါးရဲ့မျက်လုံးဆိုပြီး တင်စားပြီးပြောဆိုခဲ့တယ် နတ်နဂါးမျက်လုံးဆိုတာတော့ အိပ်မက်ထဲကစိတ်ကူးယဥ်ကမ္ဘာနဲ့ ကျွန်တော်တို့အပြင်လောက ကမ္ဘာနှစ်ခုကြားကို ဆက်သွယ်ပေးတဲ့ လိုဏ်ခေါင်းတစ်ခုလို့သတ်မှတ်နိုင်ပါတယ် အရမ်း‌ချမ်းသာလွန်းတဲ့ သူဌေးလီရှီဟောင်က သူ့သေခါနီးအချိန်မှာ ပိုင်ဆိုင်ခဲ့တဲ့ရှယ်ယာတွေအားလုံးကို သူ့ရဲ့တစ်ဦးတည်းသောဖြစ်တဲ့ သူ့သမီးရွှေကျင်းကိုမပေးခဲ့ပဲ သူ့ရဲ့ ငယ်ဘဝက အချစ်ဦးဖြစ်သူ ကျူးလိယင်းကိုပေးခဲ့လိုက်တယ် ကျူးလိယင်းနဲ့ လီရှီဟောင်က ကိုယ့်အိမ်ထောင်နဲ့မိသားစုတွေရှိနေပြီး အချင်းချင်းအဆက်သွယ်မရှိတာလဲကြာခဲ့ပါပြီ ဒါပေမဲ့ ရုတ်တရက်ကြီး ရှယ်ယာတွေကို ကျူးလိယင်းလက်ထဲအပ်ခဲ့လဲဆိုတာ ရွှေကျင်းကအံ့ဩတဲ့အတွက် ကျူးလိယင်းအကြောင်းကိုလိုက်ပြီးစုံစမ်းရာမှ မထင်မှတ်ပဲ လျှို့ဝှက်ချက်များကိုသိခဲ့လိုက်ရပါတယ် အဲ့လျှို့ဝှက်ချက်တွေကို ရွှေကျင်းကလိုက်စုံစမ်းရင်း သေခါနီး comaဖြစ်နေတဲ့သူ့အဖေရဲ့ အတွင်းစိတ်အိပ်မက်ထဲကို ယောဂအိပ်မက်ကတစ်ဆင့် ဘယ်လိုကြည့်ရှုခဲ့ပါတယ် ကျူးလိယင်းနဲ့ ဒီလျှို့ဝှက်ချက်ကြားမှာ ဘယ်လိုပတ်သက်နေတာလဲ ယောဂအိပ်မက်ဆိုတာက ဘာလိုမျိုးဖြစ်မလဲ နောက်ဆုံးအမှန်တရားနဲ့ အိပ်မက်ထဲအမြဲမြင်နေခဲ့ရတဲ့ အလင်းတန်းကရော ဘာဖြစ်နိုင်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်ဗျာQuality : WEB-DL 1080p Format : mp4 Duration : 1h 46min Genres : Drama , Romance , Mystery Subtitle : Myanmar ...
movie

I Dreamed A Dream ( 2021 )

The Story Of The Night Watcher (2022) 6.0
The Story Of The Night Watcher (2022) ယင် နဲ့ ယန်အားပြိုင်မှု... ကောင်းခြင်းဆိုးခြင်းတွေကကျင့်စဉ်တွေအပေါ် သက်ရောက်တာမဟုတ်ဘဲနဲ့ အဲ့ဒီကျင့်စဉ်ကိုကျင့်နေတဲ့လူအပေါ်မှာပဲ မူတည်နေပါတယ်တဲ့.....အေးချမ်းလှတဲ့ ယန့်မြို့လေးမှာ လွန်ခဲ့တဲ့တစ်လအတွင်း လူသေမှုခြောက်မှု နဲ့ လူပျောက်ဆုံးမှုတွေအများကြီးဖြစ်လာခဲ့ပါတယ်။ သေဆုံးတဲ့သူတွေကို ကြည့်လိုက်တော့လည်း ခြောက်ချက်အကုတ်ခံရတဲ့မြောင်လက်ရာလိုလိုမြင်ရတော့ လူတွေပြောကြတာက ကြောင်မိစ္ဆာတဲ့။ ဒါပေမဲ့အဲ့ဒီဒဏ်ရာတွေက သေစေလောက်တာမျိုးမဟုတ်တာကြောင့် မြို့ပေါ်ကရောက်လာတဲ့လင်စစ်ဆေးရေးမှူးကတော့ အယုံအကြည်မရှိခဲ့ပါဘူး။“ကျွမ်းကျင်ရာ လိမ္မာရာ” ဆိုတဲ့အတိုင်း ယန့်မြို့ကြီးရဲ့ ၆၇ ဆက်မြောက်သရဲဖမ်းသူရဲ့တစ်ဦးတည်းသောတပည့်ဖြစ်တဲ့ ဟူဖန်ကတော့ သူ့လမ်းစဉ်အတိုင်း လူသတ်သမားကိုရှာဖွေဖို့ အစီအရင်တွေလုပ်ခဲ့ပါတယ်။ကိုယ်ယောင်ဖျောက်နေတဲ့ လူသတ်သမားကိုရှာဖွေကြရင်း ယန့်မြို့ကြီးရဲ့အတိတ်ပုံပြင်တွေ၊နာကျည်းစရာတွေ နဲ့ ထူးဆန်းအံ့ဩဖွယ်ရာတွေကို တွေ့ရှိသွားတဲ့အခါမှာတော့....ဇာတ်လမ်းကပျင်းဖို့မကောင်းတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းပြီးယုတ္တိဆန်တဲ့ရိုက်ချက်တွေကြောင့် အဆင်ပြေတဲ့ကားလေးမို့ ဆက်ကြည့်လိုက်တော့နော်... ။ ။ File size…912MB / 360MB Quality…1080p  Format…mp4 Duration….1h 22mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by JojoVa  
movie

The Story Of The Night Watcher (2022)

2022
The Other Me(2022)
The Other Me(2022) The Other Me (2022) အညွှန်း**********************ဗိသုကာ ပညာရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့လူတစ်ယောက်ရှိတယ်။ ငယ်စဥ်ကတည်းက ပုံတွေထိုင်ဆွဲနေတတ်တယ်။ ကြမ်းကြမ်းတမ်းတမ်းတွေ မလုပ်နိုင်ခဲ့ဘူး။ အနုပညာဆန်သူတစ်ဦးပေါ့ဗျာ။အဲဒီလူဆီမှာ မိန်းမရှိတယ်။ အိမ်ထောင်ရေးက အဆင်မပြေတာတော့ မဟုတ်ဘူး။ အဆင်ပြေတာမျိုးလည်း မဟုတ်ပြန်ဘူး။ ပုံတွေပဲ ထိုင်ဆွဲနေတတ်တဲ့အတွက် မိန်းမကို ဂရုမစိုက်နိုင်ဘူးပေါ့။ ဇာတ်လမ်းက အခုမှစတာဗျ။ အဲဒီလူမှာ ရှားပါးတဲ့ မျက်လုံးရောဂါတစ်ခုဖြစ်လာရော။ ဆရာဝန်ပြောတာတော့ မျက်လုံးက ကွယ်သွားမယ်တဲ့။ သောက်ဆေးနဲ့ပဲ မြန်မြန်ကွယ်မသွားအောင် ထိန်းပေးနိုင်မယ်တဲ့။ ဒီလိုနဲ့ ဆေးခန်းကအပြန် စိတ်ညစ်ညစ်နဲ့ ဘတ်စ်ကားတက်စီးလိုက်တာ ဂိတ်ဆုံးအထိ အိပ်ပျော်ပြီး ပါသွားရော။ဘတ်စ်ကားက တစ်နာရီကြာမှ မြို့ထဲပြန်သွားမှာ။ ဒီလိုနဲ့ဟိုဟိုဒီဒီလျှောက်သွားရင်း သစ်တောထဲမှာ တစ်ယောက်တည်းနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ကောင်မလေးကလည်း သူ့လိုမျိုးပဲ လူထူးဆန်းလို့ပြောရမယ်။ အနုပညာလည်းဆန်တယ်။ သူတို့နှစ်ယောက် အချင်းချင်း ချိတ်ဆက်မိကြတယ်ပေါ့။ တစ်နေ့မှာတော့ သူ့မျက်လုံးတွေ ကွယ်သွားခဲ့တယ်။ ဒါပေမဲ့ ဘာမှမမြင်ရတာတော့ မဟုတ်ဘူး။ အိပ်မက်ဆန်ဆန် လူတွေကို ...
movie

The Other Me(2022)

Ghosts of the Ozarks (2021)
Ghosts of the Ozarks (2021) တောအုပ်ထဲမှာ တစ္ဆေတွေရှိနေတယ်..။ ဦးလေးဖြစ်သူရှိရာ မြို့ကလေးတစ်မြို့ကို ထွက်လာခဲ့တဲ့ ဒေါက်တာ ဂျိမ်းမ် တစ်ယောက် ဘယ်လိုမျိုး လျှို့ဝှက်သည်းဖိုတွေနဲ့ တွေ့ကြုံရတော့မှာလဲ..? ဇာတ်လမ်းလေးက ရိုးမလိုနဲ့ ဆန်းတယ်..။ စိတ်ဝင်စားဖို့လည်း ကောင်းသေးရဲ့..။ သွေးထွက်သံယို ဇာတ်လမ်းပြကွက်တွေကလည်း ပီပြင်တာမို့ ကြိုက်တတ်ရင် ကောင်းတယ်..။ အဲ့ဒီလောက် ကြောက်ဖို့ကောင်းတာတော့ မဟုတ်ဘူး..။ ဒါပေမဲ့ ကြောက်တတ်ရင်တော့ ဘေးမှာ အဖော်ခေါ်ပြီးသာ ကြည့်ပါလေ..။ ​ပြောပြရဦးမယ်..။ ဒီဇာတ်ကားထဲမှာ အမဲလည်း လိုက်တတ်ပြီး ဆေးလည်း ကုတတ်တဲ့ အာဂအမျိုးသမီးတစ်ဦးကိုလည်း နှောင်းခေတ်ရဲ့ အဝတ်အစားတွေနဲ့ ကြည်နူးစရာ တွေ့မြင်ရဦးမယ်..။ မမဟာ သေနတ်လည်း ကိုင်တတ်တယ်..။ အပ်ကိုင်ပြီးလည်း ဒဏ်ရာတွေကို ချုပ်ပေးတတ်သေးတယ်..။ အဲ့ဒါကြောင့် မမတွေ ကောင်းတယ်..။ ဇာတ်လမ်းအသွားအလာကို နည်းနည်း ပြောပြရင် လူမည်းတွေဟာ ကျွန်လူတန်းစားပဲလို့ သတ်မှတ်ထားတဲ့ ခေတ်ကြီးထဲမှာ အကြောက်တရားကို လူတွေရဲ့ ရင်ထဲမှာစနစ်တကျစိုက်ပျိုးထားပြီး လူတန်းစားမခွဲခြားတဲ့ ...
movie

Ghosts of the Ozarks (2021)

The Village (2004) 6.5
The Village (2004) The Village (2004) ~~~~~~~~~~~ရွာ...အပြစ်ကင်းစင်မှုတွေနဲ့ ထုံမွှမ်းနေတဲ့ ချစ်စရာရွာလေး။ စကားပြောတာတောင် နူးနူးညံ့ညံ့နဲ့ ဂုဏ်တွေ ပကာသနတွေ ဘာမှမရှိတဲ့ရွာလေးပေါ့။ဒီချစ်စရာရွာလေးမှာ သတ္တိ၊ဒေါသနဲ့ ရမ္မက်ကို ကိုယ်စားပြုနေတဲ့ အနီရောင်ကို အရောင်ဆိုးလို့ သတ်မှတ်ကြတယ်။အနီရောင်ကို မြင်တာနဲ့ မြေမြှုပ်ပစ်ကြတယ်။ ဒီလိုလုပ်ရတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေပါသေးတယ်။အနီဟာ သူတို့မပြောကြတဲ့ သတ္တဝါတွေကို ဆွဲဆောင်နိုင်လို့ပါတဲ့။ဒီလိုအေးချမ်းတဲ့ရွာလေးမှာ မကောင်းတဲ့ အချက်ဆိုလို့ သူတို့ရွာဘေးက တောအုပ်ထဲက သူတို့မပြောကြတဲ့ သတ္တဝါတွေပဲရှိမယ်ထင်တယ်။ ရွာထဲက ကာလသားတွေမှာ သတ္တိပြစရာဆိုလို့ တောအုပ်ကို ကျောပေးပြီး အချိန်ဘယ်လောက်ကြာအောင် ရပ်နိုင်လဲဆိုတာကပဲ သူတို့အတွက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖြစ်နေတယ်။ ရွာလေးက အေးချမ်းတယ်ဆိုပေမဲ့ ဆေးဝါးအထောက်အပံ့မရှိ တခြားမြို့ပြတွေနဲ့လည်း အဆက်အသွယ်မရှိလို့ ကုစရာဆေးဝါးမရှိတာကြောင့် လက်လွှတ်လိုက်ရတဲ့ ရွာသူရွာသားတွေ ရှိနေတာပေါ့။တောအုပ်ကြီးထဲမှာ ဘာရယ်မပြောနိုင်တဲ့ သတ္တဝါတွေရှိနေတာကြောင့် သွားလို့ကလည်း မဖြစ်ဘူးဆိုပေမဲ့ လူတွေဆိုတာ စွန့်စားတတ် စူးစမ်းတတ်တဲ့အမျိုးပဲမဟုတ်လား။ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် ကာလသားတွေထဲက သတ္တိအရှိဆုံးလူငယ်လေးတစ်ယောက်က ရွာရဲ့ကောင်းကျိုးအတွက် တောအုပ်ကိုဖြတ်ပြီး ဆေးဝါးသွားရှာဖို့ပြောလာပါတယ်။ဒီလူငယ်လေး အောင်အောင်မြင်မြင်နဲ့ ...
movie

The Village (2004)

2004
Signal: Long-Term Unsolved Case Investigation – The Movie (2021) 6.0
Signal: Long-Term Unsolved Case Investigation – The Movie (2021) Signal : The Movie (2021)2021 မှာထွက်လာတဲ့ The signal ဆိုတဲ့ ဇာတ်ကားလေးကတော့2018 မှာထွက်ခဲ့တဲ့ ဇာတ်လမ်းတွဲရဲ့ အဆက်ပဲဖြစ်ပါတယ်ဒီကားလေးက thriller ကားအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကတော့ mysteryတွေနဲ့ပြည့်နေပြီး စုံထောက်ကားကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ2018 ဇာတ်ကားမှာတုန်းက အတိတ်နဲ့ ပစ္စုပ္ပန်မှာ ရှိကြတဲ့ စုံထောက်နှစ်ယောက်ဟာ စကားပြောစက် walkie-talkieလေးကနေ ထူးထူးဆန်းဆန်း ဆက်သွယ်မိကြပါတယ် သူတို့နှစ်ယောက်ဟာဒီလိုဆက်သွယ်ပြီး အနာဂတ်မှာအတိတ်ကဖြစ်ခဲ့တဲ့အမှုတွေမဖြစ်အောင် အတူတူတားဆီးကြတာဖြစ်ပါတယ်ခုဒီဇာတ်ကားမှာလည်း "‌cold case investigate team"က စုံထောက်ဆိုင်ကူဆာနဲ့ အတိတ်ကစုံထောက် အိုယာမာတို့ဟာ အတိတ်နဲ့ပစ္စုပ္ပန်တို့မှာဖြစ်တဲ့ တူညီတဲ့ လုပ်ကြံမှုအကြမ်းဖက်မှုတွေပေါ်မှာ အခြေခံပြီး နှစ်ယောက်သား အမှုမှန်ပေါ်အောင်ဖော်ထုတ်ကြတာပဲဖြစ်ပါတယ်ဇာတ်ကားရဲ့ပုံစံက action scene တွေသိပ်မပါဘဲ ပဟေဠိဆန်ဆန်ပုံစံနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတာပါ၂၀၁၈ တုန်းက ဇာတ်ကားမကြည့်ရသေးတဲ့သူတွေလည်း ဇာတ်ကားအစမှာ ဇာတ်လမ်းဆက်ကိုအကျဉ်းချုပ်ရှင်းပြထားတာမို့ တန်းကြည့်လို့အဆင်ပြေပါတယ် စုံထောက်ကား ဖန်တွေ အေးဆေး "chill ‌and think"လို့ရပါပြီအညွှန်း နဲ့ ဘာသာပြန်ကတော့ Loon Swal Eain ပဲ ဖြစ်ပါတယ်။Genre.....Action, Mystery, Thriller Quality….WEB-DL 1080p ...
movie

Signal: Long-Term Unsolved Case Investigation – The Movie (2021)

Uncle Nine:  The Curious Case of the Ancient Coffin ( 2021 ) 6
Uncle Nine: The Curious Case of the Ancient Coffin ( 2021 ) တရုတ်တစ္ဆေ ခုန်စွခုန်စွ ဖုတ်ကောင်ကားသစ်လေးလာပါပြီဇာတ်လမ်းအကျဉ်းကတော့ဦးလေး၉ဟာ ဘိုးဘေးလုပ်ငန်းဖြစ်တဲ့ဖုန်းရွှေဆရာအလုပ်ကိုမလုပ်ပဲ ဆေးဆရာအဖြစ်အသက်မွေးဝမ်းကျောင်းနေပါတယ်။နေကြတ်တဲ့နေ့တစ်နေ့ အပုပ်ချိန်မှာ ရှေးဟောင်းအလောင်းစာပိုးကောင်တွေထကြွပြီးအခေါင်းစောင့်မြွေကြီးကလဲ လူတွေကိုထွက်စားနေပါတယ်။ဦးလေး၉နဲ့တပည့်တွေဟာ ဖုတ်ကောင်အုပ်စုတိုက်ခိုက်ခြင်းကိုခံရပြီးမြို့ငယ်လေးမှာကံဆိုးစွာ မကောင်းတဲ့ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။ထူးဆန်းတဲ့သေဆုံးမှုတွေကြောင့်ရဲအရာရှိတွေနဲ့ ဦးလေး၉ နဲ့အတူအမှုကိုအပြင်းအထန်စစ်ဆေးကြပါတယ်။နစ်နာသူပြည်သူတွေရဲ့ကိုယ်ပေါ်မှာအလောင်းဆိပ်မိနေပါတယ်။ဦးလေး ၉ ဟာ တိတ်တဆိတ်စုံစမ်းရင်း ဂျပန်တွေရဲ့ဆေးကုသဖို့ဖိတ်ကြားမှုကိုခံရပြီး ဂျပန်တပ်သားတွေရဲ့သင်္ချိုင်းဖောက်တဲ့အကြံအစည်ကိုသိသွားတော့ ဂျပန်တွေရဲ့ကွပ်မျက်ခံရလုဆဲဆဲအခြေနေကိုရောက်သွားပါတယ်။ဓားသွားပေါ်ကအခြေအနေမှာရောက်နေတဲ့ ဦးလေး၉ ဟာဘယ်လိုအသက်လွတ်အောင်လုပ်ပြီး တစ္ဆေနှိမ်နင်းကာနိုင်ငံရတနာတွေကိုဘယ်လိုစောင့်ရှောက်မလဲ။ပြီးတော့ ဂျပန်သင်္ချိုင်းဖောက်ထွင်းအဖွဲ့ကရောဘာတွေနဲ့ပတ်သက်နေမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ဟောင်ကောင်ကား Mr Vampire (၁၉၈၅) ပုံစံအတိုင်းပဲဟာသလေးတွေနှောပြီးပြန်ရိုက်ထားတာဖြစ်တဲ့အတွက် ငယ်ဘဝကိုပြန်အမှတ်ရသွားမှာသေချာပါတယ်။ပေါ့ပေါ့ပါးပါး ဖုတ်ကောင်ကားလေးကိုအားပေးကြပါဦးနော်။  Quality : WEB-DL 1080p Format : mp4 Genres : Action , Mystery , Fantasy During : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Encoded by LK  
movie

Uncle Nine: The Curious Case of the Ancient Coffin ( 2021 )

Memory: Manipulated Murder (2021) 4.6
Memory: Manipulated Murder (2021) Memory : Manipulated Murder (2021)ဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ စိတ်ဝေဒနာရှင် လူသတ်သမားအကြောင်း ပုံဖော်ဖန်တီးထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါရစေအမျိုးသားဖြစ်သူ သေဆုံးသွားလို့ ခံစားနေရတဲ့ စိတ်ဒုက္ခတွေကိုစိတ်ပညာရှင်ဆရာဝန်နဲ့ ဆွေးနွေးခဲ့တဲ့ ဆူယောင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်ဆရာဝန်နဲ့ဆွေးနွေးရင်း မှတ်ဉာဏ်ထဲက အမျိုးသားဖြစ်သူကို သတ်သွားတဲ့ တရားခံကိုရှာချင်နေတဲ့သူရယ်လူနာဖြစ်ပေမဲ့ ကူညီပေးချင်လို့ လိုက်စုံစမ်းပေးတဲ့ ဆရာဝန်ဂျောင်ဝူ....သူတိ့နှစ်ယောက်ကြားထဲကို တကယ့်တရားခံက ဘယ်သူလဲဆိုတာ ပြောပြီးဝင်မွှေသွားတဲ့ စုံထောက်ဟောင်း အာမခံကုမ္ပဏီဝန်ထမ်းပါလာတဲ့အချိန်ကျတကယ့်တရားခံက ဘယ်သူဖြစ်နေမလဲ တကယ်ပဲ သတ်သေမှုနဲ့ အဆုံးသတ်မလားမေးခွန်းပေါင်းများစွာနဲ့ ဇာတ်အိမ်ခိုင်ခိုင် ဖန်တီးထားတဲ့ plot twist အများကြီးနဲ့ အံ့ဩအောင်လုပ်မဲ့ ရုပ်ရှင်တစ်ကားပါပဲထိတ်လန့်မှု၊ အံ့ဩမှုတွေ အကုန်တစ်ခါတည်းခံစားချင်ရင်တော့ ဒီရုပ်ရှင်လေးကိုအတူကြည့်လိုက်ကြရအောင်ပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Crime, Mystery, Thriller Quality….WEB-DL 1080p and 720p File size…1.24GB, 633MB, 248MB Format…mp4 Duration….1h 26min Subtitle….Myanmar Subtitle (Hardsub) Translator ..... ...
movie

Memory: Manipulated Murder (2021)

Photocopier (2022) 7.5
Photocopier (2022) အရှေ့တောင်အာရှရုပ်ရှင်လောကမှာ ထိုင်းရုပ်ရှင်တွေ ဦးဆောင်နေတာများပေမယ့် 2021 ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၁၂ ဆုနဲ့ ရှားရှားပါးပါး IMDB 7.5 လောက်ရထားတဲ့ အင်ဒိုနီးရှား လူငယ် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဆာရန်နီဆိုတဲ့ ကောင်မလေးက နွမ်းပါးတဲ့မိသားစုကဖြစ်ပြီး ကွန်ပြူတာသိပ္ပံကို စကောလားရှစ်ပညာသင်ကြေးနဲ့တက်ရောက်ရမယ့် သူဖြစ်ပါတယ် သူက မာတာဟာရီဆိုတဲ့ ကျောင်းတွင်းပြဇာတ်အဖွဲ့ရဲ့ ဝက်ဆိုဒ်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး နောက်ကွယ်ကနေ နည်းပညာပံ့ပိုးသူပါ... တစ်နေ့သူတို့ပြဇာတ်အဖွဲ့ကျောင်းကပွဲမှာ ဆုရပြီး ဂျပန်ကိုအာရှ တက္ကသိုလ်ပြဇာတ်ပြိုင်ပွဲ စေလွှတ်ခံရတာကြောင့် အဖွဲ့ဝင်တွေအားလုံး ပျော်မဆုံးဖြစ်နေကြပါတယ်...ဒါကိုအောင်ပွဲခံတဲ့အနေနဲ့ ပြဇာတ်ရေးဆရာ ရာမာရဲ့အိမ်မှာ အောင်ပွဲခံ ပါတီလုပ်ကြပြီး ဆာရန်နီလည်း မိဘတွေ မသွားခိုင်းတဲ့ကြားက အတင်းသွားခဲ့ပါတယ်...သူတစ်ညလုံးကဲခဲ့ပြီးနောက်နေ့ မှာတော့ အိမ်ကိုဘယ်လိုပြန်ရောက်နေလဲမသိနိုင်တော့ပါဘူး ပိုဆိုးတာက သူပါတီမှာကဲပြီး အမြင်မတော်တဲ့ပုံတွေကို တစ်ယောက်ယောက်က အွန်လိုင်းမှာတင်သွားပါတယ်...ဒီသတင်းကို စကောလားရှစ်ဘုတ်အဖွဲ့လည်းသိပြီး ဆုကိုပယ်ချလိုက်တဲ့အပြင် အိမ်ပေါ်ကပါ နှင်ချခံလိုက်ရပါတယ်.. ဆာရန်နီတစ်ယောက် သူတစ်ညတာ သတိလွတ်သွားတာကြောင့် ရုတ်တရက်အားလုံးဆုံးရှုံးသွားတာကို ဘယ်လိုအဖတ်ပြန်ဆယ်မလဲ နောက်ကွယ်က သူပုံတွေတင်လိုက်တဲ့သူက‌ရော ဘယ်သူလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ လူငယ်ဆန်ဆန် ‌ဖြစ်တတ်တဲ့အမှားပေါင်းများစွာကို အာရှအငွေ့အသက်ဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်( ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကို Thiha Yan Naing ကရေးသားထားပါတယ်) File ...
movie

Photocopier (2022)

Brazen (2022) 4.5
Brazen (2022) Brazen (2022)==============အမေရိကန် New York Times Best Seller စာရင်းဝင် စာရေးဆရာမဖြစ်သူ Nora Roberts ရဲ့ “Brazen Virtue” ဟု အမည်ရသော Crime/Mystery Novel အား အခြေခံ ရိုက်ကူးထားတဲ့ Netflix ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ January 13 ရက်နေ့ကမှ ပူပူလောလော ထွက်ရှိလာတာဖြစ်ပြီး ရှုပ်ထွေးဆန်းပြားတဲ့ မှုခင်းဇာတ်လမ်းတွေကို စိတ်ဝင်စားသူများအဖို့ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ မှုခင်းဝတ္ထုရေးသားသော နာမည်ကြီးစာရေး ဆရာမအဖြစ် မင်းသမီးချော Alyssa Milano က သရုပ်ဆောင်ထားပြီး မင်းသား Sam Page ကလည်း ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ နာမည်ကြီး မှုခင်းဝတ္ထုစာအုပ်များ ရေးသားသော Grace Miller ဆိုတဲ့ စာရေးဆရာမဟာ အရေးအသားပြောင်မြောက်ပြီး လူသတ်မှုတွေကို ခရေစေ့တွင်းကျ ရေးပြနိုင်တဲ့အတွက် အများက သဘောကျနှစ်သက်ကြပါတယ်။ သူ့မှာ Kathleen ဆိုတဲ့ ညီမ တစ်ယောက်ရှိပြီး အိမ်ထောင်ရေး ပြသာနာများဖြင့် လုံးထွေးကာ ဆေးစွဲသည်အထိ ...
movie

Brazen (2022)

2022
See for Me (2022) 6.5
See for Me (2022) မျက်မမြင် နှင်းလျှောစီးသမားလေး ဆိုဖီဟာ အိုလံပစ်ပြိုင်ပွဲကို လွှဲချော်သွားပြီးတဲ့နောက် သူဌေးအိမ်တွေမှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို စောင့်ကြည့်ပေးတဲ့ အလုပ်လုပ်ပြီး ပိုက်ဆံရှာနေတာပါ သူ့အမေက စိတ်ပူလို့ မျက်မမြင်တွေအတွက်ထုတ်ထားတဲ့ See For Me ဆိုတဲ့ APP တစ်ခုကို ညွှန်ပေးခဲ့ပါတယ် အဲဒီ APP ရဲ့သဘောကတော့ အကူအညီလိုတဲ့ မျက်မမြင်တစ်ယောက်က ဖုန်းနဲ့ ဗီဒီယိုကောခေါ်ပြီး ပြလိုက်ရင် စေတနာ့ဝန်ထမ်းတစ်ယောက်ယောက်က ဖုန်းကနေတဆင့် ကြည့်ပြီ လိုတာတွေ ကူညီတာ ရှာဖွေပေးတာတွေ လုပ်ပေးရတာပါ အဲဒီ APPထဲက တစ်ယောက်နဲ့ခင်မင်သွားတဲ့ ဆိုဖီဟာ သူစောင့်နေတဲ့အိမ်ကို လာဖောက်ခံရတဲ့အခါမှာတော့ APP ထဲက သူငယ်ချင်းရဲ့ အကူအညီနဲ့ ဖောက်ထွင်းသမားတွေကို ရင်ဆိုင်ရပါတော့တယ် သူ့ရဲ့ APP သူငယ်ချင်းကလည်း PUBG pro မလေးဆိုတော့ ဖုန်းထဲကနေ လမ်းညွှန်ပြီး ဆိုဖီတစ်ယောက် သေနတ်တစ်လက်နဲ့ မမြင်မစမ်းနဲ့ ပွဲကြမ်းပါတော့တယ်....File size…(1.5 ...
movie

See for Me (2022)

Nightshade (2022)
Nightshade (2022) လူသတ်မှုစုံထောက်ဘန်ဟာ အိပ်မပျော်သလိုခံစားနေလို့စိတ်ရောဂါကု ဆရာဝန်ဆီမှာ အိပ်ငွေ့ချကုသမှုခံယူနေရတာပါတဖြည်းဖြည်းနဲ့ အိပ်နေရင်းလမ်းလျှောက်တဲ့ရောဂါပါရလာပြီးအကြားအမြင်ရသလိုဖြစ်လာပါတော့တယ်အဲဒါကို သူ့မိန်းမကိုလည်းပြောမပြသလိုသူ့တွဲဖက်သူငယ်ချင်းကိုလည်း မပြောပြခဲ့ပါဘူးပုံစံတူ လူသတ်မှု ၃ခုဆက်တိုက်ဖြစ်လာတဲ့အခါမှာသဲလွန်စတွေကိုလိုက်ရင်း စိတ်ဝင်စားစရာလေးတွေတွေ့လာပါတော့တယ်ဘန့် ညဘက်လမ်းထလျှောက်တာကို သူ့မိန်းမကဘာလို့မသိရတာလဲသူက ဘာလို့ အကြားအမြင်ရသလိုဖြစ်နေရတာလဲသူ့သူငယ်ချင်း ကရော သူ့ကိုယုံပါ့မလားနောက်ဆုံး လူသတ်မှုကိုရောဖော်ထုတ်နိုင်ပါ့မလားဆိုတာ ကြည့်ရမှာပါပဲ File size…(1.5 GB)/(800 Mb)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

Nightshade (2022)

Bordertown: The Mural Murders (2021) 6.3
Bordertown: The Mural Murders (2021) Bordertown: The Mural Murders (2021)=============================IMDb Rating - 6.3/10IMDB 6.3 ရရှိထားတဲ့ Psychological Crime ဇာတ်လမ်းလေး တစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ တရားမျှတမှုကို ရယူနိုင်ဖို့၊ ကမ္ဘာကြီးကို ပိုနေပျော်တဲ့နေရာတစ်ခုဖြစ်လာအောင် ဖန်တီးနိုင်ဖို့အတွက် ရာဇဝတ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်းက မှန်ကန်တဲ့လုပ်ရပ်လား ဒါမှမဟုတ် ဥပဒေနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်လား။အမည်မသိ လူတစ်ယောက်ဟာ သူ့ကိုယ်သူ တရားသူကြီးအဖြစ် ကြေညာပြီးဆိုရှယ်မီဒီယာပေါ်မှာ ပြည်သူလူထုကို မဲဆန္ဒကောက်ခံခဲ့ပါတယ်။ အကြီးလေးဆုံးပြစ်ဒဏ်ကျူးလွန်ခဲ့သော ရာဇဝတ်သားများကို မဲပေးရွေးချယ်ခိုင်းပြီး ရလာတဲ့မဲအစဉ်အတိုင်း ထိုရာဇဝတ်သားများကို တရားသူကြီးဖြစ်သူက တစ်ယောက်ချင်းလိုက်လံရှာဖွေ သတ်ဖြတ်ပစ်ပါတယ်။ထိုသတင်းဟာ တဖြည်းဖြည်းနဲ့ ပြည်သူလူထုကြား နာမည်ကြီးလာပြီး ပြည်သူတွေကိုယ်တိုင်က ထောက်ခံအားပေးလာကြတယ်။ ထိုအခါမှ ရဲတပ်ဖွဲ့ဝင်များလည်း အစွန်းရောက်ကွင်းဆက်လူသတ်သမားကို အမိအရဖမ်းနိုင်ဖို့ အပူတပြင်း ကြိုးစားလာကြတယ်ပေါ့။တဖက်မှာလည်း တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံနေရတာမို့ ကြံရာမရတော့တဲ့ရဲတပ်ဖွဲ့ဟာ နာမည်ကြီးအငြိမ်းစား စုံထောက်ဖြစ်တဲ့ Kari Sorjonen ကို အမှုလိုက်ပေးဖို့အကူအညီတောင်းခံခဲ့ရာက ...
movie

Bordertown: The Mural Murders (2021)

2021
Don’t Look Back (2009) 5.8
Don’t Look Back (2009) Monica Bellucci လို့ပြောလိုက်ရင် Melena,The Matrix, Spectre ဆိုတဲ့ကားကောင်းတွေအပြင် အခြားကားကောင်းများစွာမှာပါဝင်ခဲ့တဲ့ဟောလိဝုဒ်ရဲ့နာမည်ကြီးအီတလီမင်းသမီးတစ်လက်ဆိုတာ သိကြမှာပါ။ဒီမင်းသမီးရဲ့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားကိုညွှန်းရမယ်ဆိုရင် Don't Look Back ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ တွေ့ရခဲ ရိုက်ရခက်တဲ့အမျိုးအစားကို ‌ပြင်သစ်မင်းသမီးချော Sophie Marceau နဲ့ အီတလီမင်းသမီးမိုနီကာတို့ကို အပြိုင်အဆိုင် သရုပ်ဆောင်စေပြီး ရိုက်ကူးထားပါတယ်။ထူးခြားတာက မင်းသမီး ၂ ယောက်စလုံးက Bond Girl တွေ ဖြစ်ကြတာပါပဲ။ပြင်သစ်စကားပြော ဒီဇာတ်ကားက ပြင်သစ်စတိုင်အတိုင်း တင်ဆက်ထားပြီး ဆယ့်ရှစ်အပေါင်းဆန်တဲ့အခန်းတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါဘူး။ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောရမယ်ဆိုရင်တော့အသက် ၈ နှစ်အရွယ်မှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့တဲ့ ဂျင်းဟာ အဲဒီအရွယ်မတိုင်ခင်က မှတ်ဉာဏ်တွေအကုန်လုံးကိုမေ့ပျောက်သွားပါတော့တယ်။ အဲဒီမှတ်ဉာဏ်တွေကိုပြန်ရှာတွေ့ဖို့ကြိုးစားရင်း ကြိုးစားရင်း ပိုပိုရှုပ်ထွေးလာတဲ့ ဇာတ်အိမ်ကို thriller/drama/horror/mystery ဆိုတဲ့ genre နဲ့ကိုက်အောင် ဘယ်လိုရိုက်ကူးထားတယ်ဆိုတာကိုတော့ Don't Look Back (2009) ကားလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦး။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို San ...
movie

Don’t Look Back (2009)

Wolf (2021) 6.2
Wolf (2021) Wolf (2021)=========IMDb Rating - 6.2/10ဒီဇာတ်လမ်းကို စကြည့်လိုက်တာနဲ့ ဂျေကော့ဆိုတဲ့ ကောင်လေးနဲ့အတူ ခင်ဗျားတို့ကို ထူးဆန်းတဲ့အရပ်ကို ခေါ်ဆောင်သွားလိမ့်မယ်။ သာယာခမ်းနား၊ လှပတင့်တယ်နေတဲ့ နေရာတော့ မဟုတ်လေဘူး။ ခင်ဗျားတို့ ရောက်သွားမှာ စိတ္တဇဆေးရုံပဲ။ (စိတ္တဇလို့ ရာနှုန်းပြည့်မခေါ်နိုင်ပေမဲ့ ဒီလိုပဲ ခေါ်လိုက်ရအောင်ဗျာ)စိတ္တဇဆေးရုံကိုမှ ကိုယ့်ကိုယ်ကိုယ် တိရစ္ဆာန်လို့ ထင်နေကြတဲ့ စိတ်ရောဂါရှင်ရှိရာ စိတ္တဇဆေးရုံပါ။ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ကြက်တူးရွေးလို့ထင်ပြီး သူ့ကိုပြောသမျှ အကုန်လိုက်ပြောတယ်။ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ခွေးလို့ထင်ပြီး အချိန်ပြည့် တဝုတ်ဝုတ်၊ တစ်ယောက်က သူ့ကိုယ်သူ ရှဉ့်မဟုတ်လို့ ရှဉ့်ဖြစ်ခွင့်ပေးပါဆိုပြီး ထိုင်ငိုနေတယ်၊ တစ်ယောက်က ပန်ဒါ၀က်ဝံ၊ တစ်ယောက်က မြင်းနဲ့ တိရစ္ဆာန်တွေမှ စုံလို့ဗျာ။ ဒီတော့ ဒီနေရာကို ရောက်လာသူ ဂျေကော့ကလည်း ပုံမှန်မဟုတ်တာ ရိပ်မိလောက်ကြပြီထင်ပါရဲ့။ သူကတော့ ကိုယ့်ကိုယ်ကိုယ် ဝံပုလွေလို့ ထင်နေသူပေါ့။ ညဘက်တွေရောက်ရင် သူဖောက်ပြီး ထအူပါပြီ။ ဒီလူတွေကို ဒီနေရာပို့ရတဲ့ အကြောင်းရင်းကတော့ ကိုယ့်ကိုယ်ကိုယ် လူဆိုတာ လက်ခံပြီး သာမန်ဘ၀နဲ့ နေနိုင်အောင်ပါ။ဒီ တိရစ္ဆာန်ပေါင်းစုံကို အဓိက ထိန်းချုပ်ကုသပေးနေသူတွေက ဒေါက်တာမန်းနဲ့ သူ့အဖွဲ့သားတွေပေါ့။ ထိန်းချုပ်ရခက်တာတွေရှိသလို ...
movie

Wolf (2021)

2021