Channel Myanmar

Mystery

V/H/S/94 (2021) 6
V/H/S/94 (2021) အရင်ဆုံး ကြိုတင်မှာထားချင်တာက ဒီဇာတ်လမ်းဟာ သွေးထွက်သံယိုတွေ ဆိုးဆိုးဝါးဝါးပါ၀င်တာကြောင့် ကလေးတွေ ကြည့်ဖို့ အဆင်မပြေနိုင်ပါဘူး ပြီးတော့ ဒီကားကို ကြည့်မယ်ဆို ထမင်းသာအရင်ပြေးစားထားလိုက်ပါဗျဒီဇာတ်လမ်းဟာ V.H.S series တွေရဲ့ 4th installment ဖြစ်ပြီး footage anthology horror film ဖြစ်တဲ့အတိုင်း ဇာတ်လမ်းတစ်လျှောက်လုံးကို ဗီဒီယိုတိတ်ခွေ သဏ္ဍာန်နဲ့ အများဆုံးမြင်ရမှာပါဇာတ်လမ်းအကျဉ်းကတော့S.W.A.T အဖွဲ့ဟာ ထူးဆန်းတဲ့ VHS tape တစ်ခုရဲ့ နောက်ကြောင်းကို စူးစမ်းလေ့လာရာကနေ ဆိုးရွားတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကို ဖုံးကွယ်ထားတဲ့ ဓလေ့ထုံးတမ်းတွေကို ရှာဖွေတွေ့ရှိသွားကြပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်ဒီဇာတ်လမ်းမှာ ကျွန်တော်တို့ သာမန်လူ့ဘ၀တွေနဲ့ ကွာခြားတဲ့ အခြေအနေတွေ သဘာ၀ကို လွန်ဆန်နေတဲ့ စမ်းသပ်မှုတွေကို ကြောက်ခမန်းလိလိ မြင်တွေ့ရမှာဖြစ်ပါတယ်File Size : (1.8 GB) & (900 MB) Quality : Bluray rip 1080p & 720 p Running Time : 01:43:00 Format : mp4 Subtitle : Myanmar Subtitle (Hard ...
movie

V/H/S/94 (2021)

Paranormal Activity: Next of Kin (2021) 5.4
Paranormal Activity: Next of Kin (2021) Paranormal Activity: Next of Kin (2021)============================ပါရာနော်မယ် ရုပ်ရှင်တွဲတွေကို ဟော်ရာပရိသတ်အတော်များများ သိကြမှာပါ။ဒိုကူမန်ထရီဆန်ဆန် မြင်ကွင်းလေးတွေနဲ့ ကြောက်စရာ မြင်ကွှု်းတွေ သရဲတွေကိုဇာတ်လမ်းကောင်းကောင်းတွေနဲ့ ရိုက်ကူးလေ့ရှိပါတယ်။ဒီရုပ်ရှင်မှာတော့ မာဂေါ့ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို အဓိက ပြသထားတာပဲ ဖြစ်ပါတယ်။မာဂေါ့ဟာ ငယ်ငယ်က သူ့အမေက စွန့်ပစ်တာခံခဲ့ရပြီး မွေးစားမိဘတွေဆီမှာပဲ ကြီးပြင်းလာတာပါ။အသက်ကြီးလာချိန်မှ သူ့အမေ နေခဲ့တဲ့ ထူးဆန်းတဲ့ ရွာလေးကို ရှာတွေ့ခဲ့ပြီး အဲဒီမှာ မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ထွက်လာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ထူးထူးဆန်းဆန်းရွာထဲကိုရောက်ပြီး ထူးထူးဆန်းဆန်းကြောက်စရာတွေနဲ့ ကြုံလာတဲ့အခါ . . .(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson, Lai Laii မှဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1h 38minSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie

Paranormal Activity: Next of Kin (2021)

2021
Lamb (2021) 6.5
Lamb (2021) Lamb (2021)==========IMDb Rating - 6.5/10အသစ်ထွက်ရှိလာတဲ့ Horror/Fantasy အမျိုးအစား Lamb ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။သမားရိုးကျ Jump scare တွေ၊သွေးသံရဲရဲ ခုတ်ထစ်မှုတွေကို ရိုးအီလာပြီဖြစ်တဲ့သူတွေအနေနဲ့ဒီဇာတ်ကားက ရသတစ်ခုပေးစွမ်းစေမှာပါ။ဇာတ်လမ်းကိုတော့ Ingvar နဲ့ Maria လို့ခေါ်တဲ့ လင်မယားနှစ်ယောက်နဲ့စထားတယ်။သူတို့ နှစ်ယောက်ဟာ ရေခဲတောင်ဒေသမှာ သိုးတွေကို မွေးမြူရင်း အတူနေထိုင်ကြပါတယ်။သူတို့တွေက စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်နေတဲ့ သာမန်စုံတွဲတစ်တွဲ...နိစ္စဓူ၀လုပ်ငန်းတွေကိုလုပ်ရင်း နှစ်ယောက်တည်း အထီးကျန်ဆန်တဲ့ဘ၀ကို နေထိုင်လျက်ပဲဒီလိုနဲ့ တစ်ရက် သူတို့လယ်ထဲမှာ သိုးလေးတစ်ကောင်ပေါက်လာတော့ သားသမီးရတနာမရှိတဲ့ လင်မယားဟာပေါက်လာတဲ့သိုးလေးကို သားသမီးသဖွယ် ထိန်းသိမ်းစောင့်ရှောက်ရင်း မိသားစုဘ၀ကို ထူထောင်ရင်း ပျော်ရွှင်နေကြတာပေါ့။ ဒါပေမဲ့ အပျော်တွေကကြာရှည်မခံပါဘူး Ingvar ရဲ့အစ်ကိုဖြစ်သူ Petur ဟာ သူတို့လင်မယားဆီအလည်ရောက်လာတဲ့တစ်နေ့မှာ သူတို့ရဲ့မိသားစုဘ၀ဟာ အလှည့်အပြောင်းတွေစတင်ဖြစ်ပေါ်လာခဲ့တော့တယ်။ဒီဇာတ်ကားဟာ ကြည့်ရင်းနဲ့ ဇာတ်လမ်းရဲ့သဘောသဘာ၀ကို ပြန်စဉ်းစားရမယ့်ရုပ်ရှင်မျိုးပါ . . .မွန်းကျပ်တဲ့ဇာတ်လမ်းသဘောနဲ့အတူ သိပ်လှတဲ့ သဘာ၀ရှုခင်းတွေကို တွဲမြင်ရမှာဖြစ်ပြီး ...
movie

Lamb (2021)

2021
Fever Dream (2021) 5.2
Fever Dream (2021) Fever Dream (2021)================2021 ထဲမှာ indie Horror ရုပ်ရှင်တွေအများကြီးထွက်ခဲ့တဲ့အထဲကမှစပိန်စကားပြော Netflix Horror ကားသစ်ဖြစ်ပါတယ်။ Horror ဆိုပေမယ့် ဖြဲချောက်ခန်းတွေJump Scare တွေမပါဘဲတစိမ့်စိမ့်နဲ့ Horror,Mystery ရသကိုခံစားရမယ့်ကားလေးပါ။အမန်ဒါနဲ့ နီနာတို့သားအမိဟာ အာဂျင်တီးနားရဲ့ရွာလေးတစ်ရွာကို နွေရာသီအားလပ်ရက်အနေနဲ့ပြောင်းလာခဲ့ရာကနေစပါတယ်.. သူတို့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ ကာရိုလာနဲ့ဒေးဗစ်ဆိုတဲ့ သားအမိမှာလည်းမရှင်းပြနိုင်တဲ့နောက်ကြောင်းတွေရှိနေတယ်။ ဒီနောက်ကြောင်းတွေမှာ ကြတ်မြေလိုဖြစ်ပြီး အဆိပ်သင့်နေတဲ့အဲ့ဒီရွာလေးလည်းပါဝင်ပတ်သတ်နေတဲ့အခါ...  ဒီအရာတွေကနေ အမန်ဒါ နီနာတို့အပေါ်လည်း သက်ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Thiha Yan Naing, Chuck Chuck တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1hr 33minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Horror, ...
movie

Fever Dream (2021)

2021
Regression (2015) 5.7
Regression (2015)  လျို့ဝှက်သည်းဖို ဇာတ်လမ်းတွေမှ နှစ်ခြိုက်သူတို့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ ဇာတ်ကားကြည့်နေတဲ့တောက်လျှောက် ကိုယ်တိုင်ဝင်ပါပြီး စုံစမ်းချင်စိတ်ပေါက်သွားမယ့်ကားမျိုး...ဇာတ်လမ်းအစမှာ အိန်ဂျလာက သူ့အဖေကို အဓမ္မပြုကျင့်ပါတယ်ဆိုပြီး ရဲတိုင်ထားပါတယ် သူ့အဖေက ဝန်ခံပေမယ့် ဘာမှမမှတ်မိဘူးတဲ့ အဲ့ဒီလိုနဲ့ ဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းအောင် အစပျိုးလိုက်ပါတယ်"လူ့စိတ်ဆိုတာ စကြာဝဠာကြီးတစ်ခုလုံးပဲ " မလိုချင်တဲ့ မှတ်ဉာဏ်တွေက အလိုလို တံခါးပိတ်သွားတက်တယ် ဖွင့်ပေးရမယ့် သော့က Regression လို့ခေါ်တဲ့ စိတ်နောက်ပြန်ဆွဲတဲ့ အိပ်မွေ့ချ ကုထုံးပဲ ဘယ်ညာယိမ်းနေတဲ့ ချိန်သီးရဲ့ နောက်မှာ ဘာရှိနေလဲ မကောင်းဆိုးဝါးတွေလား? စေတန်ခေါ် နတ်ဆိုးလား? နတ်ဆိုးဝါဒီတွေလား? တစ်စုံတစ်ဦးကတော့ သူ့ချိန်သီးရဲ့နောက်မှာ မကောင်းဆိုးဝါးတွေရှိနေခဲ့တယ် တစ်စုံတစ်ဦးရဲ့ ချိန်သီးရှေ့ကို စေတန်ဝါဒီတွေရောက်လာတယ်စိတ်ဆိုတဲ့ကျယ်ပြောတဲ့ စကြာဝဠာကြီးထဲမှာ အတွေးကွင်းဆက်တွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Oleander ပါ )File Size__1.8 GB, 1 GB Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Oleander Encoded by ...
movie

Regression (2015)

The Deep House (2021) 5.5
The Deep House (2021) ကိုစပ်စုစိန်နဲ့သူ့ရည်းစားတို့ဟာ ကြောက်ဖို့ကောင်းတဲ့နေရာ ထူးဆန်းတဲ့နေရာတွေကို နှစ်ယောက်သားအတူသွားစူးစမ်းကြပြီး ဗီဒီယိုတွေတင်နေကြတဲ့နှစ်ယာက်ပေါ့။သူတို့ရဲ့ဖော်လိုဝါးတွေအတွက်ဆွဲဆောင်မှုရှိကြောက်ဖို့ကောင်းပြီး ကြည့်ရှူသူများလာစေမဲ့အရာကို ဖန်တီးဖို့ စပ်စုစိန်တစ်ယောက်အကြံရသွားပါတယ်။ဒီလိုနဲ့ပဲ နှစ်ယောက်သားတိုင်ပင်ပြီး ဗြိတိန်ကနေပြင်သစ်အထိတကူးတကလာပြီး စပ်စုစိန်လုပ်ကြပါတော့တယ်။ဒီလိုနဲ့ပြင်သစ်အနောက်တောင်ပိုင်းလေးက ရေအောက်မြုပ်သွားတဲ့ မြို့ကလေး(သို့) ဖရက်စ်ရေကန်လေးကို နှစ်ယောက်သားသွားစပ်စုစိန်လုပ်ကြတဲ့အခါမှာတော့...လျှို့ဝှက်သည်းဖိုဇာတ်ကားတွေကိုကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်ကားလေးတစ်ကားပါလို့ညွှန်းပါရစေ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ ) File Size__...,800 MB Quality__1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:30:00 Type__Drama, Horror, Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

The Deep House (2021)

Homunculus (2021) 5.6
Homunculus (2021) Homunculus (2021) ===============2021 အစောပိုင်းလောက်က Psychological Mystery Thriller အမျိုးအစားအနေနဲ့ ထွက်ရှိလာတဲ့ ဒီ Netflix ရုပ်ရှင်လေးကတော့ Hideo Yamamoto ရဲ့ နာမည်ကြီး manga ဖြစ်တဲ့ Homunculus ကို live action အနေနဲ့ အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်ကတော့ Nakoshi လို့ ခေါ်တဲ့ယောက်ျားတစ်ယောက်...အိမ်ခြေယာမဲ့တစ်ယောက်အဖြစ် နေထိုင်ရင်း ဆင်းရဲမှုနဲ့ ချမ်းသာမှု နှစ်ခုကြား မိမိကိုကိုယ် အဖြေရှာနေသူတစ်ယောက်..စိတ်ခံစားချက်တွေကင်းမဲ့နေသူတစ်ယောက်ပါ... တစ်နေ့မှာ ဆေးကျောင်းသားအလုပ်သင်တစ်ယောက်ဖြစ်တဲ့ Ito ဆိုတဲ့ကောင်လေးတစ်ယောက်က သူ့ကိုထူးဆန်းတဲ့စမ်းသပ်မှုတစ်ခုလုပ်ဖို့ ကမ်းလှမ်းလာခဲ့တယ်... အဲ့ဒါကတော့ Trepenation လို့ခေါ်တဲ့ နဖူးအလယ်တည့်တည့်မှာ အပေါက်ဖောက်တာပါ ၊ ခုနစ်ရက်အတွင်းမှာ Nakoshi ကို စိတ်ခံစားချက်တစ်ခုခုပေးစွမ်းမယ်ဆိုတဲ့ ကတိနဲ့ပေါ့သေမထူးနေမထူးလို့ ခံစားနေရတဲ့ Nakoshi ကလည်း ဒီစမ်းသပ်မှုကို သဘောတူညီပြီးနောက်ပိုင်းမှာ လူတွေရဲ့ အတွင်းစိတ်ထဲက ဖိစီးမှုတွေကို သတ္တဝါတွေအနေနဲ့ မြင်နိုင်တဲ့ ...
movie

Homunculus (2021)

2021
I Know What You Did Last Summer (1997) 5.7
I Know What You Did Last Summer (1997) I know what you did last summer (1997) ========================အထက်တန်းကျောင်းပြီးသွားတဲ့ နွေရာသီကာလတစ်ခုမှာပေါ့...  သူငယ်ချင်းတစ်သိုက် ပါတီတွေလုပ်ကြတယ်။ ပျော်ကြတယ်။ မူးကြတယ်။ ကား လျှောက်ပတ်မောင်းကြတယ်။သူတို့ ကြိုမသိလိုက်တာက နောက်တစ်ချိန်မှာဖြစ်လာမယ့် သူတို့ရဲ့ အိပ်မက်ဆိုးတွေဟာ အဲဒီနွေညမှာပဲ စတင်ခဲ့တယ်ဆိုတာပဲ။ကားလျှောက်ပတ်မောင်းရင်း လူတစ်ယောက်ကို တိုက်မိတယ်။ ရဲတွေနဲ့ မပက်သက်ချင်၊ ဖြစ်လာမယ့် အရှုပ်အရှင်းတွေကိုလည်း ရင်မဆိုင်ချင်ကြတဲ့အဆုံးမှာတော့ အလောင်းဖျောက်ပစ်ဖို့ ကြိုးစားကြတယ်။ဒါကို သူတို့က မတော်တဆဖြစ်တာပါလို့ ကိုယ့်စိတ်ကိုယ် ပြန်ချော့တယ်။ဒါပေမယ့် တိုက်ခံရတဲ့သူဟာ မသေသေးဘူး။ သူတို့ ကြောက်ကြောက်လန့်လန့်နဲ့ ရေထဲချလိုက်မှ ဒါဟာ လူသတ်မှုဖြစ်သွားတာပဲ။ဒီကိစ္စကို ဘယ်သူ့မှမပြောကြေး၊ သေတဲ့အထိ လျှို့ဝှက်ထားကြမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် သစ္စာဆိုခဲ့ကြတယ်။ ဒါပေမယ့် နောက်နှစ် နွေရာသီကာလမှာ စာတစ်စောင်ရောက်လာတယ်။" မင်းတို့ မနှစ်နွေရာသီတုန်းက ဘာလုပ်ခဲ့လဲ ငါသိတယ် " ဆိုပြီးတော့ပေါ့။ အတိတ်ရဲ့ တစ္ဆေဟာ သူတို့ကို ပြန်ခြောက်ခဲ့ပြီ။~~~~ ~~~~ ~~~~ ~~~~ ~~~~ ~~~~နာမည်ကြီး လူသတ်ကားတစ်ကားဖြစ်တဲ့ ...
movie

I Know What You Did Last Summer (1997)

1997
The Faculty (1998) 6.5
The Faculty (1998) Sci-Fi / Horror ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ဟောင်းလေးတင်ဆက်လိုက်ပါတယ်။The Lord of the rings ဇာတ်ကားမှာ လူပုလေးဖရိုဒိုနေရာကနေဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Elijah Wood ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလည်းဖြစ်သလို ဇာတ်လမ်းဇာတ်ကွက်အပြင် ဇာတ်ပျိုး၊ဇာတ်လယ်၊ဇာတ်တက်၊ဇာတ်ဆင်း ရှယ်ကြမ်း ရှယ်ကောင်းတဲ့ science-fiction တစ်ဖြစ်လဲ horror ကားကောင်းလေးလည်းဖြစ်ပါတယ်။ဇာတ်ကားနာမည်လေးကတော့ The Faculty (1998) ဖြစ်ပြီး IMDb အနေနဲ့ 6.5 ရရှိထားပါတယ်။ဇာတ်လမ်းကတော့ ပြောပြနေတာထက် ကြည့်လိုက်တာက ပိုကောင်းတာမို့ မညွှန်းတော့ပါဘူးနော်။ File size…(1.8 GB)/ (1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:44:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

The Faculty (1998)

Aiyai: Wrathful Soul (2021) 5.8
Aiyai: Wrathful Soul (2021)  ဒီဇာတ်ကားကတော့ ကလဲ့စားချေတဲ့ ဝိညာဉ်တစ်ကောင် အကြောင်းကို ကြောက်မက်ဖွယ်ရာ ရိုက်ကူးပုံဖော်ထားတာပါ ။ IMDb 5.8 ဆိုပေမယ့် Best Director , Best Thriller ဆုတွေအပါအဝင် ဆုပေါင်း ၁၄ဆုရထားတာ ဖြစ်ပါတယ်ဇာတ်လမ်းကတော့ကီရန်ဆိုတဲ့ကောင်လေးက အလုပ်မရှိတာကြောင့် သူ့သူငယ်ချင်းလုပ်နေတဲ့ သုဘရာဇာအလုပ်ကို လုပ်ဖို့ ရောက်လာခဲ့ပါတယ်သူငယ်ချင်းရဲ့ အကူအညီနဲ့ မီးသဂြိုလ် စက်နဲ့ အလောင်းတွေကို မီးသဂြိုလ်ပေးရတဲ့ နေရာကို သူရခဲ့တယ်တစ်နေ့ မီးရှို့ သဂြိုလ်တဲ့ စက်ထဲကနေ ဝိညာဉ်တစ်ကောင်ထွက်လာပြီး ကီရန်ကို ဝင်ပူးသွားပါတယ်ကီရန်ရဲ့ ခန္ဓာကိုယ် ကိုအသုံးချပြီး သူ့ကို အရှင်လက်လက် မီးရှို့သတ်ခဲ့သူတွေကို ပြန်ကလဲ့စားချေတာကို ကြောက်မက်ဖွယ်ရာ ကြည့်ရှု့ကြရမှာပါ ။ File Size__1.4 GB, 850 MB Quality__1080p, 720p IMDb Rating__5.8/10 Format__mp4 Duration__01:30:00 Type__Horror , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Murphy Encoded by Naing ...
movie

Aiyai: Wrathful Soul (2021)

[18+] Irreversible (2002) 7.4
[18+] Irreversible (2002) IMDb Rating (7.4)အသစ်တဖန်ပြန်မလာနိုင်တော့တဲ့ ဒါမှမဟုတ် ပြန်ပြီးအစားထိုးမရနိုင်တော့တဲ့ တစ်စုံတစ်ရာကို တကယ်လို့များဆိုတဲ့ စကားလုံးနဲ့ နောက်ကြောင်းပြန်ချိန်ထိုးပြီး ကွဲပြားသွားနိုင်တဲ့အဖြစ်အပျက်တွေ၊ဘယ်တော့မှ ဖြစ်မလာနိုင်တော့တဲ့ အခြေအနေတွေကို လူတိုင်းလူတိုင်းဟာ တစ်ကြိမ်တစ်ခါမှာ စိတ်ကူးယဉ်လွမ်းဆွတ်ခဲ့ကြဖူးလိမ့်မယ်။မားကတ်စ်ဟာ အဲ့ဒီလိုပဲတွေးနေမိမယ်ဆိုတာ အသေအချာပဲဖြစ်မှာပါ။အဲ့ဒီညက သူအရမ်း အမူးလွန်မနေခဲ့ရင်၊ဆေးကွဲမနေခဲ့ရင် ဒါမှမဟုတ် အနည်းဆုံးတော့ သူ့ချစ်ဇနီးလေးကို တစ်ယောက်တည်း ညနက်သန်းခေါင်ပြန်မလွှတ်ခဲ့ရင်၊ အဲ့ဒီပါတီကို သူတို့မသွားခဲ့ရင်၊ ဆိုတာမျိုးလောက်ဖြစ်ဖြစ်ပေါ့။ ဇာတ်လမ်းကို ဂေးကလပ်တစ်ခုမှာဖြစ်တဲ့လူသတ်မှုတစ်ခုနဲ့ စဖွင့်ထားပြီး အဲ့ဒီကနေမှ အချိန်ရဲ့အစဉ်ကို ပြောင်းပြန်ပြကွက် ဆယ့်လေးခုနဲ့တင်ဆက်ထားတာဖြစ်လို့ စလာလာချင်းအခန်းဟာ ဇာတ်သိမ်းခန်းပဲဖြစ်ပြီး နောက်ဆုံးမြင်လိုက်ရတဲ့အခန်းကတော့ ဇာတ်အဖွင့်ဖြစ်ပါတယ်။ကလပ်ထဲက ကြမ်းတမ်းပက်စက်လွန်းတဲ့လူသတ်ခန်းနဲ့မြေအောက်ဥမင်လမ်းမှာရက်ရက်စက်စက်မုဒိမ်းကျင့်တဲ့အခန်းကို ၉ မိနစ်ကြာတောက်လျှောက်ကြီးပြသွားတဲ့ ပြကွက်တို့ကြောင့် အမျိုးသမီးပရိသတ်အများစုဟာ ဆက်မခံစားနိုင်ပဲရုံထဲက ပြန်ထွက်လာခဲ့ကြတဲ့အထိဖြစ်ခဲ့ကြပါသတဲ့။ ညို့အားအကောင်းဆုံး၊ အလှဆုံး၊ ဆွဲဆောင်မှုအရှိဆုံးစသဖြင့် အကောင်းတကာ့အကောင်းဆုံးတွေရဲ့စာရင်းတွေမှာ ဆယ်စုနှစ်တွေချီအမြဲတမ်းထိပ်ဆုံးမှာပြေးနေတဲ့ မမမိုနီကာလို မင်းသမီးကို ဒီလိုကြီး နှိပ်စက်ပြသွားခဲ့တာတွေဟာ သူ့ပရိသတ် ကမ္ဘာယောက်ျားထုကြီးအတွက်လဲစိတ်နှလုံးမခိုင်ချင်စရာ ရင်နင့်စရာ မြင်ကွင်းတွေဖြစ်ပါတယ်။လိင်စိတ်ခံယူမှုကွဲပြားသူတွေ၊ အမျိုးသမီးတွေ၊ ပြည့်တန်ဆာ အစရှိတဲ့လူတန်းစားအလွှာပေါင်းစုံကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားနှိမ်ချထားတဲ့စကားပြောတွေ၊တစ်တစ်ခွခွအဆဲတွေ၊ အပြတွေအပြင် သာမန်အချိန်မှာပြောနေတဲ့ အလ္လာပသလ္လာပစကားတွေက အစလိင်ကိစ္စတွေပဲဖြစ်သလို သရုပ်ဆောင်နှစ်ယောက်ဝတ်လစ်စားလစ်ချစ်တင်းနှောခန်းကိုလဲ ဆယ်မိနစ်ကျော်အောင်အချိန်ဆွဲပြထားတာတွေလဲပါဝင်လို့ မိသားစုကြည့်ဖို့မသင့်တော်တဲ့ကားတစ်ကားပါ။2002 Stockholm ...
movie

[18+] Irreversible (2002)

Brotherhood of the Wolf (2001) 7.0
Brotherhood of the Wolf (2001) IMDb Rating (7.0) / Rotten Tomatoes (73%)ပြင်သစ်နိုင်ငံရဲ့ ဝေးလံတဲ့ပြည်နယ်တစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါဆိုးကြီးတစ်ကောင်သောင်းကျန်းလျက်ရှိပါတယ်။ အမျိုးသမီးတွေ ကလေးငယ်တွေကို ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်နေတဲ့ ဒီသတ္တဝါကြီးဟာအကောင်အထည်မမြင်ရ၊ အင်အားကြီးမားလွန်းပြီး လူသားတွေလိုထက်မြက်တဲ့ဉာဏ်ရည်မျိုးကိုပါ ပိုင်ဆိုင်နေတဲ့အတွက် ဘယ်သူမှမနှိမ်နင်းနိုင်သလို ဖမ်းဆီးမှုလက်ကလဲ အစဉ်တစိုက်၊ လွတ်မြောက်နေခဲ့တဲ့နောက် ဘုရင်လူးဝစ်ဟာ နာမည်ကျော် သိပ္ပံသဘာဝလောကဓာတ်ပညာရှင်တစ်ဦးနဲ့သူ့သွေးသောက်ညီအစ်ကို အီရိုကွားမျိုးနွယ်ဝင်တစ်ဦးတို့ကိုစေလွှတ်ပေးခဲ့ပါတယ်။ သူတို့ကျွမ်းကျင်ရာ လိမ္မာရာ အတတ်ပညာတွေနဲ့ ဒီသတ္တဝါကိုလက်ရဖမ်းဆီးဖို့နည်းလမ်းပေါင်းစုံ တွေးတောကြံဆခဲ့ပေမယ့် ဒီသတ္တဝါဟာ ဘယ်သူမှစဉ်းစားမထားနိုင်၊ မမျှော်လင့်နိုင်တဲ့ ဇစ်မြစ်၊ နက်ရှိုင်းတဲ့ အကြောင်းရင်းခံတွေရှိနေခဲ့တဲ့အခါ..။ဒီဇာတ်ကားဟာ သမိုင်းကြောင်း၊အက်ရှင်၊ သည်းထိတ်ရင်ဖို အစရှိတဲ့မတူညီတဲ့ အမျိုးအစားတွေပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်သလို စုံထောက်ကားကောင်းတစ်ကားကိုကြည့်နေရတဲ့ရသမျိုးကိုပါထပ်လောင်းခံစားရစေမှာလဲအသေအချာဖြစ်ပါတယ်၊ ဒီထက်ပိုပြောရင် ဇာတ်အရသာကိုထိခိုက်နိုင်မှာဖြစ်တဲ့အတွက်မပြောတော့ပါဘူး။ပြင်သစ်ကားဆိုပေမယ့် ကမ္ဘာရုပ်ရှင်လောကနဲ့မစိမ်းတဲ့သရုပ်ဆောင်တွေ ဦးဆောင်ပါဝင်ထားပြီး အထူးခြားဆုံးပါဝင်သူတွေကတော့ အလှထိပ်ခေါင်တင်မမကြီး Monica Bellucci ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ပါရာရာဝေးမင်းသားလို့ လူသိကြတဲ့ Mark Dacascos တို့ပဲဖြစ်ပါတယ်။တန်းမြင့် production values, ခမ်းနားတဲ့ရင်သပ်ရှုမောစရာရှေးခေတ်ပြင်သစ်ပြည်ရဲ့ ရှုမျှော်ခင်းတွေ၊ ရဲတိုက်ကြီးတွေနဲ့သေသပ်လှပတဲ့ cinematography တွေနဲ့သရုပ်ဆောင်တွေရဲ့ စွမ်းဆောင်ရည်၊ ဒါရိုက်တာရဲ့အားကောင်းတဲ့ စီစဉ်ညွှန်ကြားမှုတွေဟာ မချီးကျူးပဲမနေနိုင်စရာဖြစ်သလို၊ စီးပွားရေးအရကော အနုပညာအရပါအောင်မြင်မှုရခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်ခန်းတွေနဲ့ ဆောင်ကြာမြိုင်တွင်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတစ်ချို့ကြောင့်တော့ မိသားစုနဲ့ကြည့်လို့အဆင်ပြေမှာမဟုတ်ပါဘူး။ File ...
movie

Brotherhood of the Wolf (2001)

The Night House (2020) 6.9
The Night House (2020) The Night House (2020)====================IMDb Rating - 6.9/10ဘတ်သ်နဲ့ အို၀င်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်အိုးတစ်အိမ် ထူထောင်ထားတဲ့ သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ၊သူတို့တူတူနေဖို့အတွက် ရေကန်စပ်မှာ အိမ်လေးတစ်လုံးဆောက်ပြီး ဘာအပူအပင်မှ မရှိဘဲ ပျော်ပျော်ရွှင်ရွှင်နေနေကြတာပေါ့။ ဒါပေမဲ့ ဘတ်သ်ရဲ့ ခင်ပွန်း အို၀င်ဟာ ဘာအကြောင်းပြချက်မှမရှိဘဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်။ ခင်ပွန်းဖြစ်သူ အို၀င်သေပြီးနောက်ပိုင်း ၀မ်းနည်းနေတဲ့ ဘတ်သ် ဟာ အလုပ်မှာလည်း စိတ်ပင်ပန်းလူပင်ပန်းနဲ့ ဂယောင်ချောက်ခြားဖြစ် ထူးဆန်းတဲ့ အိပ်မက်လိုလို အဖြစ်အပျက်တွေလည်း ဆက်တိုက်ဖြစ်လာခဲ့တယ်။တစ်ရက်မှာ အို၀င်ရဲ့ဖုန်းကို ဘတ်သ် ယူကြည့်မိရာကနေ အို၀င်ရဲ့ လျှို့ဝှက်ချက်တွေကို ဘတ်သ် တစ်စတစ်စနဲ့ သိလာခဲ့ရသလို တစ်ဖက်မှာလည်း ဘတ်သ်က သူ့ရဲ့ ကန်စပ်နားက အိမ်မှာ ထူးဆန်းတာတွေတစ်ညပြီးတစ်ညဖြစ်လာပြီး အို၀င်ရဲ့ဝိညာဥ်က အနားမှာရှိနေတယ်လို့ ဘတ်သ်တစ်ယောက်ယုံကြည်လာပြီးနောက်ပိုင်း....ဘတ်သ်မသိသေးတဲ့ အို၀င်ရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ၊ အိမ်မှာရှိနေတာ တကယ်ပဲ အို၀င်ရဲ့ ...
movie

The Night House (2020)

2020
Shutter (2004) 7.1
Shutter (2004)  အငြိုးနဲ့ သေဆုံးသွားပြီး အသေမ‌‌ဖြောင့်သူတွေက သူ အသက်ရှင်စဉ်ဘဝတုန်းက သူ့အပေါ်မကောင်းပြုခဲ့သူတွေနောက်ကို တကောက်ကောက်လိုက်နှောင့်ယှက်တတ်တယ်လို့ ပြောရင် သင့်အနေနဲ့ ဘယ်လိုမြင်မိလဲ။နာနာဘာဝတွေ အသူရကာယ်ဘုံတွေနဲ့ လူ့ဘုံကပတ်သက်ဆက်နွှယ်မှုရှိတတ်‌တယ်လို့ ယုံကြည်ကြတဲ့ မြန်မာနိုင်ငံမှာတော့ ဒါမျိုး ယုံကြည်မှုတွေ အနည်းနဲ့ အများတော့ရှိကြမှာပါ။IMDB 7.1 ရခဲ့ပြီး အမေရိကန်မှာ remake ပြန်လည်ရိုက်ကူးခဲ့ရတဲ့အထိ ပေါက်ခဲ့တဲ့ ဒါရိုက်တာ Banjongရဲ့ လက်ရာ... ထိုင်းနိုင်ငံရဲ့ must watch Horrorကားစာရင်းဝင်ဖြစ်တဲ့Shutter ဇာတ်ကားထဲက ဓါတ်ပုံဆရာ တန်ဟာ သူနဲ့တစ်ကျောင်းတည်းဆင်း သူ့ဂျူနီယာညီမလေးရဲ့ ဘွဲ့နှင်းသဘင်မှာ ဓါတ်ပုံရိုက်ပေးဖို့အတွက် တက္ကသိုလ်မြေမှာ ‌ခြေထပ်ချခဲ့ရပါတယ်။သူရိုက်ခဲ့တဲ့ဓါတ်ပုံကိုပြန်ကူး အပြီးမှာတော့ ဓါတ်ပုံထဲမှာ အရိပ်တွေ ပုံနှစ်ထပ်ဖြစ်နေတာတွေ ဖြစ်နေခဲ့လို့ ပုံပိုင်ရှင်ညီမလေး‌ကို ဓါတ်ပုံပြန်မပေးနိုင်တဲ့အပြင် ပုံထဲက အရိပ်က ရိုးရိုးသာမန်အရိပ်မဟုတ်တဲ့အခါ....တစ်ဆက်တည်းမှာပဲ သူအရမ်းခင်မင်ရတဲ့သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သတ်သေကုန်ကြတဲ့အခါ.... သူငယ်ချင်းတွေရဲ့ သတ်သေမှုတွေက ပုံထဲက အရိပ်နဲ့များ သက်ဆိုင်နေတာလား။ သက်ဆိုင်တယ်ဆို ဘာလို့ သက်ဆိုင်နေရတာလဲ။ ဘာလို့ ဓါတ်ပုံကို ကိုယ်တိုင်ရိုက်ပေးတဲ့ တန်မဟုတ်ဘဲ သတ်သေတဲ့သူတွေက သူငယ်ချင်းတွေဖြစ်နေရတာလဲဆိုတာကိုတော့ Shutter ဇာတ်ကားထဲမှာ စီးမျောရင်းနဲ့ပဲ ဆက်လက်အဖြေရှာကြည့်ကြပါစို့လားရှင်။(ဒီဇာတ်ကားရဲ့ဒါရိုက်တာ Banjong ဟာ ဟိုတလောက ဟော့ဖြစ်သွားတဲ့ The Medium (2021) ဇာတ်ကားဖန်တီးသူလဲဖြစ်သလို အာရှတခွင်ပြဲပြဲဆင်အောင်မြင်ခဲ့တဲ့ Pee ...
movie

Shutter (2004)

Lift(2021) 8.3
Lift(2021) Lift (2021)IMDb – 8.5/10Horror movie ကြိုက်နှစ်သက်တဲ့သူတွေအတွက် “Lift” ဆိုတဲ့ Tamil ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ Chennai ကကုမ္ပဏီတစ်ခုကို အဖွဲ့ခေါင်းဆောင်အဖြစ် ဒီနေ့မှအသစ်ပြောင်းလာတဲ့IT ကျွမ်းကျင်ပညာရှင် Guru .. အလုပ်ပထမရက်နဲ့တင် အလုပ်တွေပိပြီး ညဆိုင်းပါဆင်းလိုက်ရတဲ့အခါ ..အဆောက်အဦးတစ်ခုလုံးမှာ Guru ရယ်၊ လုံခြုံရေးဝန်ထမ်းနှစ်ယောက်ရယ်သာရှိပါတယ်။ဒီလိုနဲ့ Guru တစ်ယောက်အလုပ်ပြီးလို့ အိမ်ပြန်အလာ ဓာတ်လှေကားထဲမှာ ထူးဆန်းတာတွေပဲဆက်တိုက်ကြုံရပါတော့တယ်။ အဆောက်အဦးထဲကဘယ်လိုမှထွက်မရတဲ့ Guru တစ်ယောက် သူ့လိုပဲဒီအဆောက်အဦးထဲမှာပိတ်မိနေတဲ့ HR ဌာနက Harini နဲ့တွေ့သွားတဲ့အခါ နှစ်ယောက်သား ဘာတွေဆက်ရင်ဆိုင်ရမလဲ ..လုံခြုံရေးဝန်ထမ်းနှစ်ယောက်ကလည်း ကိုယ့်လည်ပင်းကိုယ် ဓားနဲ့လှီးပြီး သတ်သေသွားခဲ့ကြပြီးအဲဒီနောက်ကွယ်က အကြောင်းတရားအစစ်အမှန်က ဘာဖြစ်မလဲ .. ဒီကုမ္ပဏီက ဝန်ထမ်းတွေနဲ့ရာထူးကြီးသူတွေကြားမှာ ဘာပဋိပက္ခတွေဖြစ်ခဲ့လို့လဲ .. အရာအားလုံးရဲ့အဖြေက ဘာများဖြစ်မလဲ .. ??  File size…1.4GB / 2.3GB Quality…720p / 1080p ...
movie

Lift(2021)

2021
HEVC 1080p 5.1
Chehre (2021) 7.5
Chehre (2021) Chehre (2021) အညွှန်း********************IMDb...7.5ဒေလီသွားရာ ဖြတ်လမ်းတစ်နေရာတစ်ခုပါ။ တောင်ပေါ်လမ်းဖြစ်သည့်အလျောက် သစ်ပင်များဖြင့် အုံ့ဆိုင်းနေသော လမ်းကျဉ်းလေးတစ်ခုရှိတယ်.... အဲ့ဒီနေ့မှာ နှင်းမုန်တိုင်းများ ပြင်းထန်နေပြီး နှင်းခဲနှင်းမိုးတွေလည်း လမ်းပေါ် ပြည့်နှက်နေတယ်။မစ္စတာမီဟ်ရာတစ်ယောက် မောင်းနှင်လာသော BMWကားအကောင်းစား တစ်စီးနှင့် ဒီလမ်းအတိုင်း ဖြတ်မောင်းလာစဉ် လမ်းပေါ်သို့ လဲကျလာသော သစ်ပင်အားကံကောင်းထောက်မစွာ ကပ်ရှောင်ကွင်းနိုင်ခဲ့တယ်။ဒါပေမဲ့ ရှေ့ဆက်ဖို့ရာအတွက်တော့ သူ့အတွက် ခက်ခဲလှပါတယ်။အနီးအနားသို့ ရောက်လာတဲ့ သူတစ်ယောက်ရဲ့ အကူအညီနဲ့ သူဟာ တည်းခိုရာ အိမ်တစ်ခုကို ရောက်သွားခဲ့ပါတယ်။ကယ်ဆယ်ခဲ့တဲ့သူတွေနဲ့ မိတ်ဆက်စကားလက်ဆုံကြရာမှာဉပဒေအရာရှိတစ်ဦးဖြစ်နေတယ်...မစ္စတာ မီဟ်ရာအတွက် ဥပဒေလောကနဲ့ မနီးစပ်ပေမဲ့ သူတည်းခိုရာဝန်းကျင်က ရှေ့နေတွေ တရားသူကြီးတွေနဲ့ စကားလက်ဆုံ ကျဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။အဲ့ဒီကနေ တဆင့် ဥပဒေနှံ့စပ်သူ လေးယောက်ရဲ့ အန္တရယ်များတဲ့ ကစားပွဲထဲကို သူ စိတ်မပါဘဲ ဝင်ပါကစားဖို့ဖြစ်သွားခဲ့တယ်။ဘယ်လို ကစားပွဲဖြစ်မလဲ၊ ဘယ်လောက်ထိ ခက်ခဲမလဲ၊ ဥပဒေတွေကြားမှာ ရှင်သန်သူတွေရဲ့ကြား လုပ်ငန်းရှင်တစ်ယောက် ဘယ်လို အခက်ကြုံမလဲဆိုတာကိုတော့.......File Size :(2.23GB) (1.3GB) and (537 MB) Quality : WEB-DL1080P.HEVC.5.1CH,  720p Format…mp4 Duration…02:19:00 Genre : Mystery , Drama ,Thriller Subtitle : Myanmar Subtitle ...
movie

Chehre (2021)

HEVC 1080p 5.1
Old (2021) 5.9
Old (2021) ဒီဇာတ်ကား​လေးက​တော့ Thriller Mystery ကြိုက်တဲ့ CM ပရိတ်သတ်တို့အတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါဇာတ်လမ်းအကျဥ်းက​တော့ဂိုင်းနဲ့ပရစ်စကာတို့၂​ယောက် အပူပိုင်း အပန်းဖြေစခန်းတစ်ခုကိုသူတို့ရဲ့ ​နောက်ဆုံးမိသားစုခရီးစဥ်အဖြစ်ထွက်ခဲ့ကြပါတယ်မန်​နေဂျာရဲ့ အကြံ​ပေးချက်နဲ့ လူသူအ​ရောက်နည်းပြီးအရမ်းလှပတဲ့ ကမ်း​ခြေကို သွား​ရောက်လည်ပတ်ကြပါ​တယ်မိသားစုအ​ပျော်​လေးဟာ ရက်ပါတစ်​ယောက်ရဲ့ အ​ဖော်​သေဆုံး​နေတဲ့ အ​လောင်းကို စတင်​တွေ့ရှိတဲ့အချိန်ကစပြီး ပျက်စီးသွားပါတယ်ထူးဆန်းတဲ့ အဖြစ်အပျက်​တွေ ဆက်တိုက်ဆိုသလိုဖြစ်ပြီးကမ်း​ခြေက ထွက်ခွာဖို့ ကြိုးစားတဲ့ အခါမှာ​တော့...အရမ်းကိုစိတ်၀င်စားစရာ​ကောင်းတဲ့ ဇာတ်ကားမို့ ဆက်လက်ကြည့်ရှု​ပေးကြပါလို့။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya နဲ့ Nadi Myint Naing တို့မှ တင်ဆက်ထားတာပါ။)  File size…(1.5 GB)/ (800 MB) Quality…WEB-DL 1080p /720p Format…mp4 Duration….01:48:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya & Nadi Myint Naing
movie

Old (2021)

No One Gets Out Alive (2021) 6.0
No One Gets Out Alive (2021) No One Gets Out Alive (2021)=====================IMDb Rating - 6.0/10ဒီ horror ဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ဆောင်ကတော့ အမ်ဘာလို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက်ပါပဲ။သူက ရည်မှန်းချက်အိပ်မက်တွေနဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် အမေဖြစ်သူရဲ့ ကျန်းမာရေးကြောင့် အကောင်အထည်ဖော်ဖို့နှေးကွေးခဲ့ရတယ်။ အမ်ဘာဟာ သူ့အနာဂတ်အတွက် ကြံစည်ရင်း တရားမ၀င်မှတ်ပုံတင်နဲ့ အမေရိကန်ကို ရောက်လာခဲ့ပြီးမိန်းကလေးအဆောင်တစ်ခုမှာ နေဖို့ ဖြစ်လာခဲ့တယ်။ အဆောင်ပိုင်ရှင်ကလည်း ထူးဆန်းတဲ့ အဘိုးကြီးတစ်ယောက် အိမ်ကလည်း သိပ်ကောင်းမနေလှတဲ့ အိမ်အိုအိမ်‌ဟောင်းတစ်လုံးပေမဲ့ တရားမ၀င်နေထိုင်သူဖြစ်တဲ့ အမ်ဘာအဖို့ ‌ရွေးချယ်စရာမရှိလှပေ။အဲ့ထက်ဆိုးသည်မှာ အဲ့အိမ်ကိုရောက်လာတဲ့သူတိုင်းဟာ အိမ်မက်ဆိုးတွေ မက်လေ့ရှိပြီး . ပရလောကသားတွေကိုလည်းထင်ယောင်ထင်မှားသလိုလို . တကယ်မြင်တွေ့ရသလိုလိုတွေနဲ့ ခဏခဏကိုတွေ့မြင်နေရတာပေါ့။ နောက်ပြီး ဒီအိမ်ကြီးရဲ့ထူးဆန်းမှုတွေ အဆောင်ပိုင်ရှင်အဘိုးကြီးရဲ့ လျှို့ဝှက်ချက်တွေကိုလည်း အမ်ဘာတစ်ယောက် တစ်စတစ်စသိလာခဲ့ပြီးနောက်ပိုင်းမှာ အမ်ဘာတစ်ယောက် ဒီအိမ်ကြီးထဲက ထွက်ပြေးဖို့ ကြိုးစားပုံတွေကိုပြသရင်း တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်တတ်အောင် ဆွဲခေါ်သွားနိုင်တဲ့ Mystery/Horror ...
movie

No One Gets Out Alive (2021)

2021
The Alpines(2021) 6
The Alpines(2021) လူတွေဟာ တကယ်ကို ရိုးရှင်းတဲ့ သတ္တဝါတွေပါအကောင်းအဆိုးနည်းနည်းစီရောပြီးတော့ လူဖြစ်လာကြပါတယ်တချို့ကျတော့ အကောင်းအဆိုးက အညီအမျှဖြစ်နေကြပေမယ့် တချို့ကျတော့ balance မဖြစ်ဘဲ အစွန်းရောက်တဲ့သူတွေလည်း ရှိတယ်တချို့ကျတော့ လုံးဝကို အကျင့်ပျက်ပြားတဲ့ ပုံစံမျိုးတွေအဲဒီလိုမျိူးလူတွေ လုံးဝအကျင့်ပျက်ပြားသွားရတာက အခြေခံ အပြစ်လေး ၇ခုကနေ ဆင့်ပွားပြီး အပြစ်တွေအများကြီးလုပ်မိလာတာကြောင့် ဖြစ်တယ်လို့ ကတ်သလစ် ဘာသာ မှာ ဖော်ပြထားတယ်အဲ့ဒီအပြစ် ၇ မျိူးကတော့ မာန​ကြီးခြင်း ၊ လောဘကြီးခြင်း ၊ တဏှာကြီးခြင်း ၊မနာလိုခြင်း ၊ အစားကြီးခြင်း ၊ဒေါသကြီးခြင်း ၊ပျင်းရိခြင်း တို့ပဲ ဖြစ်တယ် သင်ကိုယ်တိုင်ရော အဲ့ဒီထဲက ဘယ်အပြစ်တွေကို အများဆုံးလုပ်မိနေလဲ ဇာတ်လမ်းကတော့ တက္ကသိုလ် ကတည်း မတွေ့ကြတော့တဲ့ သူငယ်ချင်း ၇ယောက်ဟာ တစ်နေ့ကျတော့ သူတို့ ထဲက သူငယ်ချင်းတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကြောင့် သူတို့သူငယ်ချင်းရဲ့ အိမ်လေးဆီကို အလည်သွားမိကြပါတယ် အဲ့လို အလည်သွားမိရာကနေ ဘယ်လိုပြဿနာတွေ အရှုပ်တွေ ...
movie

The Alpines(2021)