Channel Myanmar

Romance

My Boyfriend in Orange (2022) 6.3
My Boyfriend in Orange (2022) My Boyfriend in Orange (2022)L.DK တို့၊ P to JK တို့၊ Heroine Disqualified လိုမျိုး အထက်တန်းကျောင်းရဲ့ ရင်ခုန်သံဇာတ်လမ်းလှလှလေး နောက်ထပ်တစ်ပုဒ်ကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ။ မီးသတ်သမားတွေရဲ့အကြောင်းကိုလည်း ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဒီလိုဇာတ်လမ်းမျိုးကြည့်ချင်တယ်ဆိုရင်လည်း အကြိုက်တွေ့မှာပါ။ Support Role မှာဆိုရင်လည်း ယာကူဇာကြီး Yuuta Furukawa ကလည်း ချစ်စရာကောင်းတဲ့ဇာတ်ရုပ်လေးနဲ့ ပါဝင်ထားပါသေးတယ်။~ ဇာတ်လမ်းအကျဉ်း ~မိုအဲလို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးက သူ့အဖေဆုံးပါးသွားပြီးတဲ့နောက်မှာ မြို့ငယ်လေးတစ်မြို့ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ မိုအဲက သူ့အမေနဲ့ မောင်လေးတို့နဲ့အတူ နေထိုင်တာဖြစ်ပြီးတော့ စိတ်ဒဏ်ရာလေးတွေကြောင့် သူငယ်ချင်းအသစ်ဖွဲ့ဖို့ကိုလည်း ခက်ခဲနေသူပါ။ သရုပ်ပြပွဲလုပ်တဲ့နေ့မှာတော့ ကျောင်းခေါင်မိုးပေါ်မှာရပ်နေခဲ့တဲ့ သူ့ပုံစံက သတ်သေတော့မဲ့သူနဲ့ တူတာကြောင့် မီးသတ်သမားဖြစ်တဲ့ ခရောဆုကဲက လာကယ်ခဲ့ပါတယ်။ဒီအဖြစ်အပျက်ဟာ ကျောင်းသူလေး မိုအဲအတွက်တော့ ရှက်စရာကောင်းပေမဲ့ စိတ်လှုပ်ရှားစရာလည်း ကောင်းနေပြန်ပါတယ်။ နောက်နေ့မှာလည်း အိမ်မီးရှို့ဖို့ကြိုးစားတဲ့သူတစ်ယောက်ကို ...
movie

My Boyfriend in Orange (2022)

2022
Ten Years of Loving You ( 2022 ) 5.7
Ten Years of Loving You ( 2022 ) မေ့ပစ်ချင်ဆုံးလူတစ်ယောက်ဟာ အိပ်မက်ထဲမှာအမြဲပေါ်ပေါ်လာတတ်တယ်။ ကိုယ့်အတွက်အိမ်လိုနွေးထွေးမှုတွေပေးခဲ့တဲ့လူတစ်ယောက်ဟာ သူ့လက်နဲ့ပဲအဲဒီအိမ်ကိုပဲဖျက်ဆီးပစ်ခဲ့တယ်။အကြောင်းပြချက်မရှိ သူ့ကိုစွန့်ပစ်သွားတဲ့လူတစ်ယောက်ဟာ (၇)နှစ်ကြာမှပြန်ပေါ်လာတော့ သူ့ရဲ့သမာရိုးကျဘဝလေးဟာ စည်းချက်တွေပျက်ပြီး ရှုပ်ထွေးသွားရပြန်တယ်။ ခွင့်လွှတ်ဖို့ဆိုတာဖြစ်နိုင်ပါ့မလား...... ခွင့်လွှတ်လိုက်ရင်ရော တရားပါ့မလား...... ကံကြမ္မာရဲ့ကြိုးကိုင်မှုအောက်မှာ ရင်ဘတ်ကြီးနဲ့ရင်းပြီး ကခုန်ခဲ့ရတဲ့ ချစ်သူနှစ်ယောက်ရဲ့ ရင်နင့်စရာချစ်ဇာတ်လမ်းလေးပါပဲ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Ten Years of Loving You ( 2022 )

{18+}My Brother is Too Much (2020)
{18+}My Brother is Too Much (2020) {18+}My Brother is Too Much (2020)အားကစားထဲမှာ ဘယ်အားကစားက အကောင်းဆုံးလို့ထင်လဲ?အခု ဇာတ်ကားလေးကတော့ ညီကိုတို့အတွက် ကယ်လိုရီလောင်ကျွမ်းမှုအများဆုံး အားကစားလုပ်နည်းလေးအပြင် ညီအစ်ကို ၂ယောက်အတွဲ ၂တွဲရဲ့ တစ်ယောက်နဲ့ တစ်ယောက် မသိရအောင် လူချင်းလဲပြီး အားကစားပညာချင်းဖလှယ်ကြတာကိုပါ မြင်တွေ့ရမှာပါနယ်ကနေ ဆိုးလ်မြို့ပေါ်တက်လာတဲ့အစ်ကို ဖြစ်သူနဲ့ မြို့ပေါ်က ညီလေးရဲ့ အားကစားကျွမ်းကျင်ပုံအပြင် ချစ်သူပျိုဖြူချောလေးတွေကိုပါ ခံစားကြည့်ရှုရမှာပါ..Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size...555MB Quality…720p Format…mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by FOX
movie

{18+}My Brother is Too Much (2020)

The Wedding Veil (2022) 7.3
The Wedding Veil (2022)   1. The Wedding Veil (2022) 2. The Wedding Veil Unveiled (2022) 3. The Wedding Veil Legacy (2022) 4. The Wedding Veil Expectations (2023) 5. The Wedding Veil Inspiration (2023) 6. The Wedding Veil Journy (2023) စတဲ့ဇာတ်ကား The Wedding Veil (Sequel) ခြောက်ကားရဲ့ ပထမဆုံးဇာတ်ကားလေးတစ်ကားပါဇာတ်အိမ်လေးကတော့ Lacey Chabert၊ Autumn Reeser နဲ့ Alison Sweeney တို့၃ယောက် ရှေးဟောင်းပစ္စည်းဆိုင်ကနေဝယ်လာမိတဲ့ ၁၉ရာစုက သတို့သမီးမျက်နှာအုပ်ဇာပုဝါလေးတစ်ထည်ရဲ့ ဒဏ္ဍာရီနဲ့ပတ်သက်နေတဲ့အကြောင်းလေးပါ......ဒဏ္ဍာရီလေးကတော့ "ဒီပုဝါကိုပိုင်ဆိုင်ထားသူဟာ အချစ်စစ်နဲ့တွေ့လိမ့်မယ်" တဲ့......ဘယ်လိုဆန်းကြယ်မှုတွေနဲ့ဇာတ်အိမ်ဖွဲ့ထားသလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်လိုက်ကြတော့နော်---အများကြီးမညွှန်းတော့ပါဘူးနော်--- Drama/Romance ဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ Rating လည်းကောင်းသလို Sequel တွေထပ်ရိုက်ရလောက်အောင် အားပေးမှုရထားတဲ့ ဇာတ်ကားလေးဆိုတော့ ...
movie

The Wedding Veil (2022)

She Came to Me (2023) 6.1
She Came to Me (2023) She Came to Me (2023)~ IMDb - 6.1/10, Rotten Tomatoes - 47% ~လတ်တလောမှ အသစ်ထွက်ထားတဲ့ Comedy, Drama, Romance ကားလေးပါ။ GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklage ရယ်၊ ဟောလိဝုဒ်အလှပဂေး Anne Hathaway ရယ်၊ Tom Holland's Spider-Man ရဲ့အန်တီမေ Marisa Tomei ရယ်ဆိုတော့ အရွေးမမှားမယ့်ကားမျိုးပါပဲ။ လောလော‌ဆယ်တော့ Nomination နှစ်ခု၀င်ထားပါတယ်။ဒီဇာတ်လမ်း‌ကို ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ အခက်အခဲတွေကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ကျူးထားတာဖြစ်ပါတယ်။ စတီဗင်က အော်ပရာတေးရေးဆရာတစ်ယောက်ဖြစ်ပြီး ဇနီးချော ကုထုံးဆရာ၀န်မလေး ပတ်ထရီရှာလည်းရှိပါတယ်။ အနုပညာရှင်တို့ရဲ့ တစ်သက်မှာတစ်ခါ ထုံးစံအတိုင်း လတ်တလောမှာ အိုင်ဒီယာမရှိကြောင်ပျောက်နေရင်းကနေ ဆွဲသင်္ဘောကပ္ပတိန်မ‌လေးကတ်ထရီနာနဲ့ ခဏတာအပျော်ရှာပြီးတဲ့နောက် ရုတ်တရက်အလင်းပွင့်ပြီး သီချင်းတွေပြန်ရေးနိုင်ခဲ့ပါတယ်။ ပတ်ထရီရှာကတော့ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ...
movie

She Came to Me (2023)

2023
Fall In Love With Fox ( 2019 ) 5.6
Fall In Love With Fox ( 2019 ) စိတ်ကူးယဉ်အချစ်ရုပ်ရှင် ချိုချိုလေးတွေကြိုက်တဲ့ ပရိသတ်တို့အတွက် ဒီရုပ်ရှင်လေးကို သဘောကျမှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ဖန်ရှီးယွိဆိုတဲ့ ကံဆိုးမလေးဟာ အဆင့်မြင့်တက္ကသိုလ်မှာ ဝင်ခွင့်ရခဲ့ပေမယ့် ကျောင်းစရိတ်ပေးပြီးနောက်မှာတော့ အဆောင်စရိတ်ပေးစရာမရှိဖြစ်နေပါတယ်။ သူ့ဘဝမှာ အလွန်ဒုက္ခရောက်နေချိန်မှာ ရုပ်ရည်ချောမောပြီး မာနကြီးတဲ့ သူဌေးလေး ယန်ယွီက သူမရဲ့ အစ်ကိုဆိုပြီး အတူတူနေဖို့အတွက် နေစရာနေရာပေးခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီအစ်ကိုမှာ လျှို့ဝှက်ချက်ရှိနေသလိုပါပဲ။ သူမကို တခြားယောကျာ်းလေးနဲ့ အဆက်အဆံလုပ်ခွင့်မပေးတဲ့အပြင် ကျောင်းဒါရိုက်တာအဖြစ်နဲ့ သူမကို လာစောင့်ကြပ်နေပါသေးတယ်။ ပြီးတော့တခါတလေကျရင်လဲ သူမက မြေခွေးအမြီး ၉ ချောင်းကို တွေ့မိနေသလိုပါပဲ။နေ့စဉ်နဲ့အမျှ တူတူရှိနေတဲ့ မောင်နှမဟန်ဆောင်ထားတဲ့နှစ်ယောက်ဟာ အချင်းချင်းအချစ်တွေ ပိုလာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ...... မြေခွေးမင်းသားလေးမှာလည်း ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေမလဲဆိုတာကို...... စိတ်ကူးယဉ်အချစ်ရုပ်ရှင်လေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by ...
movie

Fall In Love With Fox ( 2019 )

In the Name of Love (2012) 8.2
In the Name of Love (2012) အချစ် ဟူသော အမည်နာမအားဖြင့် (၂၀၁၂)(ရုန့်ရင်းကြမ်းတမ်းသော ပြကွက်များ ပါတင်သဖြင့် ၁၈ နှစ်အောက် လူငယ်များ ကြည့်ရှု့ရန် မသင့်တော်ပါ)တစ်ခါတလေ အချစ်ကို နာမည်တပ်တာ လွဲတတ်ကြပါတယ်။ အချစ်၊ လိင်ကိစ္စ နဲ့ အိမ်ထောင် ဆိုတာ ခေါင်းစဉ်ကြီး တစ်ခုပါပဲ။ ဒီဇာတ်ကားမှာလည်း ဒီလို အလွဲလေးတစ်ခုကနေ အမှားအကြီးကြီး ဖြစ်သွားတာပါပဲ။ အမှိုက်ကစ ပြသာဒ်မီးလောင် ဆိုသလိုပါပဲ။လွာ နဲ့ ခန်းတို့ လင်မယားနှစ်ယောက်ဟာ ကလေးမရနိုင်တဲ့ စုံတွဲ ဖြစ်ကြပါတယ်။ ပြဿနာက ယောကျာ်းဖြစ်သူ ခန်း ကြောင့် ကလေး မရနိုင်တာ ဖြစ်ပါတယ်။ ဒီတော့ လွာ တစ်ယောက် ကလေးရနိုင်ဖို့ ကြိုးပမ်းပါတယ်။ ဘယ်လိုကြိုးပမ်းလဲဆိုတော့ အိမ်နီးချင်းဖြစ်သူ ဦးလင်း နဲ့ သွားအိပ်မိတာပါပဲ။ အဲဒီကနေစလို့ ကလေးတစ်ယောက်ရလာတဲ့အချိန်မှာ ပြဿနာက မီးခိုးကြွက်လျှောက် ဖြစ်တော့တာပါပဲ။ ဦးလင်း က ကလေးကို သူ့ကလေးအနေနဲ့ ပိုင်ဆိုင်ချင်လာတဲ့အချိန်မှာတော့ ...အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
movie

In the Name of Love (2012)

2012
The Hours (2002)
The Hours (2002)   2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ The hours ဆိုတဲ့ psychological drama အမျိုးအစားဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ တခေတ်တခါကနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Meryl Steep , Julianne Moore နဲ့ Nicole Kidman တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သုံးရောက်စလုံးက Oscar ဆုရရှိထားသူတွေပါ။ဒီရုပ်ရှင်ဇာတ်ကားဟာလည်း IMDb rating 7.5 အထိရရှိထားတဲ့အပြင် Oscar ဆုတစ်ခုနဲ့အခြားဆုပေါင်းများစွာရရှိခဲ့ပါတယ်။ Oscar ဆုကတော့ Nicole Kidman က best actress ဆုကိုရရှိခဲ့တာပါ။ ဒီလောက်ဆုတွေလည်းရထားတယ်၊ rating တွေလည်းကောင်းတယ်ဆိုတော့ တကယ်ကောင်းတဲ့ကားဆိုတာငြင်းလို့မရပါဘူး။ဒီဇာတ်လမ်းဟာ အင်္ဂလိပ်စာရေးဆရာမ Adeline Virginia Wolf ရေးခဲ့တဲ့ Mrs.Dalloway ဆိုတဲ့စာအုပ်နဲ့ ဆက်စပ်ပြီး စိတ်ကျဝေဒနာကိုခံစားနေကျရတဲ့အမျိုးသမီးသုံးယောက်ရဲ့ဘဝအကြောင်းကိုရိုက်ပြထားတာပါ။ပထမဇာတ်ဆောင်ဖြစ်တဲ့ Virginia Wolf အနေနဲ့ Nicole Kidman ကသရုပ်ဆောင်ထားပြီး ၁၉၂၃ ခုနှစ် မှာ Mrs.Dalloway စာအုပ်ကိုစရေးနေစဉ်သူမရဲ့စိတ်ခံစားမှုအကြောင်းကိုရိုက်ပြထားပါတယ်။ Virginia ...
movie

The Hours (2002)

(18+) Love’s Whirlpool (2014) 6.3
(18+) Love’s Whirlpool (2014) အချစ်ဆိုတာ ဘာလဲ? ကာမတဏှာနဲ့ရော ဘယ်လို အဆက်စပ်ရှိလဲ? ဒါတွေသိချင်ရင်တော့ ဒီကားလေးက သင့်အတွက်ပါပဲ.. တိုကျိုမြို့တနေရာမှာ သုခဘုံလေး ရှိနေပါတယ်။နေရာလေးက ကျဉ်းပြီး အချိန်အကန့်သတ်ရှိပါတယ်... အဲဒီအချိန်ပိုင်း သုခဘုံကျဉ်းလေးထဲကို ဝင်လိုတဲ့သူတွေက ငွေကြေးပေးရပါတယ် ကောင်လေးဆိုရင်တမျိုး ကောင်မလေးဆိုရင်တမျိုး စုံတွဲတွေဆိုရင်တမျိုး ဈေးအသီးသီး သတ်မှတ်ထားပါတယ်....။စည်းကမ်းချက်ကတော့ လာကမ်းလှမ်းတဲ့သူကို အကြောင်းပြချက်မခိုင်လုံပဲမငြင်းရဘူး အကုန်လုံး အခန်းထဲမှာ အဝတ်ဗလာနဲ့ လူစုံဆိုဒ်စုံ......... အချစ်မပါတဲ့ ခံစားချက်တွေနဲ့ အထိအတွေ့တွေ ဘယ်လောက်လေးနက်မလဲ ဘယ်လို ခံစားရလဲဆိုတာ အတွေးကိုယ်စီနဲ့ ကြည့်ရမဲ့ DS Fans တွေအကြိုက်ဇာတ်ကားကောင်းလေးပါပဲ(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…1.8GB / 630MB Quality…1080p BluRay / 720p Format…mp4 Duration….2h 3m Subtitle…. Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi
movie

(18+) Love’s Whirlpool (2014)

2023
Joyeux Noel (2023) 6.2
Joyeux Noel (2023)  ခရစ္စမတ်နဲ့ အချစ်ဇာတ်လမ်းချိုချိုလေးတွေဆိုတာ ခွဲမရတဲ့အရာတွေပါပဲနော်။​အခု ခရစ္စမတ်အချိန်လည်းနီးပြီဆိုတော့ ဆောင်းရဲ့အအေးဓါတ်လေးနဲ့စောင်ခြုံပြီး အချစ်ဇာတ်လမ်းလေးတစ်ခုကို ရင်ခုန်ခံစားနိုင်ကြရအောင်လို့အသစ်စက်စက်ထွက်ရှိလာတဲ့ Joyeux Noel ဇာတ်ကားလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းပြင်သစ်နိုင်ငံကရွာလေးတစ်ရွာမှာ ရိုးရာပုံပြင်လေးတစ်ခုရှိပါသတဲ့။ခရစ္စမတ်အချိန်ကိုရောက်ရင် အဲဒီက ခရစ္စမတ်စျေးလေးထဲမှာကိုယ့်ရဲ့ဖူးစာဖက်ကိုရှာတွေ့နိုင်တယ်ဆိုတာပါပဲ။အမေရိကန်နိုင်ငံက စာနယ်ဇင်းတိုက်မှာအလုပ်လုပ်နေတဲ့ လီယာဆိုတဲ့သူဟာအရမ်းစိတ်ကူးယဥ်ဆန်ပြီး သူ့ရဲ့ဖူးစာဖက်ကို ပုံပြင်ဆန်ဆန်တွေ့နိုင်မယ်လို့ယုံကြည်နေတဲ့သူပါ။ သူဟာ တစ်ရက်မှာတော့ သူ့အမေနဲ့ခရစ္စမတ်လက်မှုပစ္စည်းလေးတွေသွားဝယ်ရင်းနဲ့ တေးဂီတသေတ္တာဟောင်းလေးတစ်ခုကိုဝယ်ခဲ့ပါတယ်။​ အဲဒီသေတ္တာဟောင်းလေးထဲကနေ ဒိုင်ယာရီစာအုပ်တစ်အုပ်ကိုရှာတွေ့ခဲ့ပြီး အဲဒီဒိုင်ယာရီစာအုပ်ဟာ ပြင်သစ်က ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့အချစ်ဇာတ်လမ်းတစ်ခုကိုရေးထားတာပါ။​ ပြီးတော့ လတ်တလောအရမ်းနာမည်ကြီးနေတဲ့ ပန်းချီကားတစ်ချပ်နဲ့လည်း ဆက်နွယ်နေပါသေးတယ်။ အဲဒါကြောင့်အဲဒီဇာတ်လမ်းကို ဆောင်းပါးအဖြစ်ထုတ်ဝေဖို့ကြိုးစားပေမဲ့ အဲဒီဒိုင်ယာရီရဲ့နောက်ဆုံးစာရွက်အချို့ဟာစုတ်ပြဲနေခဲ့ပြီး ဘယ်လိုအဆုံးသတ်လဲဆိုတာကိုမသိရပါဘူး။ ဒီလိုနဲ့ ပြင်သစ်နိုင်ငံက အဲဒီမြို့လေးကို လီယာနဲ့ မက်ခ်လို့ခေါ်တဲ့နှစ်ယောက်က အတူသွားပြီး ဒိုင်ယာရီရဲ့အဆုံးသတ်ကိုရှာဖို့ဖြစ်လာပါတော့တယ်။လီယာနဲ့မက်ခ်တို့နှစ်ယောက် လှပလွန်းတဲ့ပြင်သစ်နိုင်ငံကမြို့လေးတစ်မြို့ထဲမှာဒိုင်ယာရီစာအုပ်ရဲ့ဇာတ်ကောင်နှစ်ယောက်ကို ဘယ်လိုရှာဖွေကြမလဲဒိုင်ယာရီထဲကဇာတ်ကောင်နှစ်ယောက်က ပျော်ရွင်ဖွယ်အဆုံးသတ်ကိုပိုင်ဆိုင်ခဲ့ကြရပါ့မလား၊ပြီးတော့ အကျင့်စရိုက်လုံးဝမတူတဲ့ လီယာနဲ့ မက်ခ်တို့ကြားကအချစ်ဇာတ်လမ်းလေးကလည်း ဘယ်လိုစတင်လာမလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။  File size…1.38GB / 624MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Romance Subtitle….Myanmar ...
movie

Joyeux Noel (2023)

Valatty (2023) 8.6
Valatty (2023) Valatty (2023)"အာဝု တို့ရဲ့ ချစ်ပုံပြင်"IMDb 8.6လောလောလတ်လတ် ဒစ်ဂျစ်တယ် ဗားရှင်း Disney+ Hotstar မှာ ထွက်ရှိလာတဲ့ Malayalam စကားပြော ရုပ်ရှင်ဟာ အထူးပြုလုပ်ချက် VFX လုံးဝမပါပဲ ခွေးအစစ်တွေနဲ့ရိုက်ထားတဲ့ ပထမဆုံး အိန္ဒိယ ခွေးရုပ်ရှင်ပါခွေးလေးတွေက နောက်ခံစကားတော့ ပြောတာပေါ့ခင်ဗျာ...ခွေးလေးတွေရဲ့ point-of-view သဘောနဲ့ ရိုက်ထားတဲ့ ဒီ adventure-comedy romance ကားလေးဟာဆိုရင် IMDb rating လည်းမြင့်သလို ဝေဖန်ရေးဆရာတွေကလည်း ရုပ်ရှင်ရဲ့ ဆန်းသစ်ဖန်တီးနိုင်မှုကို ချီးကျူးခြင်း ခံထားရပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရွိုင်းဆိုတဲ့ ခရစ်ယာန်သခင်ရဲ့ ခွေးထီးလေး "တွန်မီ"က ခြေမွေးလက်မွေးမီးမလောင်ပဲ အချစ်ခံထားရတဲ့ ခွေးလေးဖြစ်ပြီးသားစပ်ဖို့လာကြတဲ့ ခွေးမလေးတွေကိုလည်း သခင်က မျိုးရိုးမကောင်းလို့ဆိုပြီး ဇွတ်တွေ ငြင်းလွှတ်ရတဲ့အထိ ဂရုစိုက်ခံရပါတယ်တစ်ဖက်အိမ်မှာလည်း အထက်ပုဂ္ဂိုလ် ဘရာမင် မိသားစုက မျိုးနဲ့ရိုးနဲ့ "အာမလူ" ဆိုတဲ့ ခွေးမချောလေးတစ်ကောင် ရှိနေပါတယ်ကိုကြက်ဖကြီးရဲ့ အကူအညီနဲ့ သူတို့နှစ်ကောင် ဆုံစည်းခဲ့ရပြီး ခွေးငယ်သဘာဝ ချစ်ကြိုက်မိကြပါတယ် ဒါပေမယ့်လည်း မျိုးရိုးဘာသာမတူကြတဲ့နှစ်ဖက်မိသားစုက ကန့်ကွက်တာကြောင့် ...
movie

Valatty (2023)

2023
Come Fly with Me (2023) 6.8
Come Fly with Me (2023)  IMDb Rating 6.8 ရရှိထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Come Fly With Me ဖြစ်ပြီး Ratingကောင်းကောင်း ဇာတ်ညွှန်းကောင်းကောင်း ဒရာမာကားလေးတွေကိုကြည့်ချင်တဲ့လူတွေအတွက်တော့ အံကိုက်ဖြစ်စေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ သမီးတစ်ယောက် အဖေမုဆိုးဖိုပေါလ်နဲ့သမီးတစ်ယောက် အမေမုဆိုးမအမ်မာတို့ရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ပေါလ်က သူ့မိန်းမဆုံးပါးသွားပြီးကတည်းက ကျန်ခဲ့တဲ့တစ်ဦးတည်းသောမိသားစုဝင်ဖြစ်တဲ့ သမီးလေးအဲလစ်ကိုသေသေချာချာ ပြုစုပျိုးထောင်လာပေးတဲ့ Single Dad တစ်ယောက်ဖြစ်ပြီးစခန်းချတာတို့ တောင်တက်တာတို့လို အပြင်သွားပစ္စည်းတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ကိုပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။အမ်မာကလည်းလူစီ့ရဲ့အမေဖြစ်တဲ့Single Mom တစ်ယောက်ဖြစ်ပြီး လေတပ်မှာတာဝန်ထမ်းဆောင်တဲ့ဂျက်လေယာဉ်မောင်းတဲ့  ပိုင်းလော့တစ်ယောက်ဖြစ်ပါတယ်။သူတို့နှစ်ယောက်စတွေ့ဖြစ်ခဲ့ပုံက သမီးနှစ်ယောက်ဖြစ်တဲ့ လူစီနဲ့အဲလစ်တို့က အကြိုက်ချင်းတူကြပြီးအချစ်ဆုံး သူငယ်ချင်းတွေဖြစ်သွားရာကနေ စပါတယ်။နှစ်ယောက်စလုံးကလည်းအလုပ်ကိုယ်စီ ရှုပ်နေတဲ့လူတွေဆိုတော့ ကလေးတွေကို   တစ်ယောက်တစ်လှည့်ထိန်းပေးကြရင်းနဲ့ အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိဆိုသလိုသမီးတော်နှစ်ယောက်ရဲ့ မြှောက်ပင့်ပေးမှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် စိတ်ဝင်စားခဲ့ကြပါတော့တယ်။ဒါပေမယ့်ကံကြမ္မာဆိုတာက အမြဲတမ်းချိုမြိန်မနေဘဲ ခါးသီးတဲ့အခိုက်အတန့်တွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ပေါလ်နဲ့ အမ်မာတို့ အဲ့ဒီအခက်အခဲတွေကို အတူတူကျော်လွှားပြီး ပျော်ရွှင်တဲ့ဆက်ဆံရေးတစ်ခု မိသားစုတစ်ခုကိုပိုင်ဆိုင်နိုင်သွားမလား ဇာတ်ကားနာမည်အတိုင်းအတူတူပျံသန်းနိုင်ပါ့မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။  File size…1.48GB ...
movie

Come Fly with Me (2023)

Snapshot of Love (2023) 5.5
Snapshot of Love (2023) Snapshot of Love (2023) ==================ပါပါရာဇီသမားလေး အေဒရီရန်က နာမည်ကြီးနေတဲ့ တက်သစ်စမင်းသား ပါကာဘန်းနက်ရဲ့ ရုပ်ရှင်ပထမဆုံးရုံတင်ပွဲ ကော်ဇောနီမှာ ဓာတ်ပုံလုရိုက်ရင်း သူ့အိတ်ထဲက ပန်းသီးပြုတ်ကျသွားပြီး ပါကာလျှောက်နေတဲ့ ကော်ဇောနီပေါ် ကျသွားလေရဲ့။ အဲဒီလိုနဲ့ သရုပ်ဆောင်မင်းသား ပါကာလည်း ပန်းသီးနင်းမိရင်း မှောက်ပြီး ဂွမ်းတော့တာပါပဲ။ ဓာတ်ပုံသမားတွေကလည်း အမိအရ ပုံတွေရိုက် ရင်း ပါကာက မေ့ပါလဲသွားလို့ ထမလာနိုင်တော့ နောက်​နေ့ အတင်းအဖျင်း မဂ္ဂဇင်းတွေမှာ မင်းသားပါကာဘန်းနက် ကော်ဇောနီပေါ် အရက်မူးပြီး မှောက် သွားပါတယ်လို့ သတင်းခေါင်းစဥ်အတပ်ခံရပါရော။သူ့ကိုယ်သူ လိပ်ပြာမလုံတဲ့ အေဒရီရန်က ပါကာအတွက် စိတ်မကောင်းဖြစ်ပေမဲ့ သူ့ရဲ့အလုပ်ရှင်ကိုမလွန်ဆန်နိုင်တော့ အမှန်တရားကိုမချပြနိုင်ခဲ့ဘူး။ အဲဒီအချိန် ပါကာရဲ့အေဂျင်စီကလည်း အေဒရီရန်တို့ရဲ့မဂ္ဂဇင်းကို တရားစွဲမယ်တွေလုပ်တော့ အလုပ်ရှင်က အေဒီရန့်ကို ခဏအလုပ်နားပစ်လိုက်ရတယ်။ အေဒရီရန်လည်း အလုပ်ပျက်သွားလို့ သူ့အဒေါ်ရှိတဲ့မြို့ဆီ နေဖို့သွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ပါကာဘန်းနက်ကလည်း သူ့အဒေါ်ရဲ့တည်းခိုခန်းမှာ လာငှားနေတဲ့သူဖြစ်နေပြီး အဲဒီမှာဇာတ်လမ်းစတော့တာပါပဲ။ နောက်ပိုင်း နာမည်ကြီးမင်းသားနဲ့ သူ့သတင်း ထောက် ပါပါရာဇီတို့ရဲ့ ဘယ်လိုအချစ်ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလာမလဲဆိုတာ ကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.57 ...
movie

Snapshot of Love (2023)

Darah Perawan Bulan Madu (2007) 5.5
Darah Perawan Bulan Madu (2007) Darah Perawan Bulan Madu / Virgin Blood on Honeymoon (2007)ဒီတစ်ခါမှာတော့ အင်ဒို‌ သည်းထိတ်ရင်ဖိုဇာတ်လမ်း‌လေး လာပါပြီ။ စီးပွားရေးလောကမှာ ဒိတ်ဒိတ်ကြဲ‌တွေဖြစ်ကြတဲ့ ပူထရာနဲ့ အာမီရာတို့ လက်ထပ်လိုက်ကြပြီး ‌‌ ဟန်းနီးမွန်းကိုတော့ အနားယူဖို့အတွက် မြို့ပြနဲ့ဝေးရာ ခေါင်လီလှတဲ့ ပူထရာ့ကိုယ်ပိုင်ကျွန်းဆီ ထွက်လာခဲ့ကြပါတယ်။ ကြင်စဦးမောင်နှံ‌နှစ်ယောက် ချိုမြိန်စွာ အချိန်ကုန်ဆုံးဖို့ မျှော်လင့်ထားခဲ့ပေမဲ့ ပူထရာ့စံအိမ်မှာ ထူးဆန်းမှုအရိပ်အယောင်တွေ စတင်လာပါတော့တယ်။ သတို့သမီးအသစ်စက်စက်ကို အယောင်ပြခြောက်လှန့်နေတဲ့အရာက ဘာများဖြစ်မလဲ... စံအိမ်ပိုင်ရှင် ပူထရာကရော အာမီရာကို ဘာကြောင့် ကျွန်းပေါ်ခေါ်လာခဲ့သလဲဆိုတာ ကြည့်ရမှာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်။Genre..... Horror, Romance Quality…. 1080p | 720p File size… 1.3GB | 593MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Su Myat Encoder ...
movie

Darah Perawan Bulan Madu (2007)

2009
Song Lang (2018) 7.7
Song Lang (2018) Song Lang (2018)80 ခုနှစ်လောက်က အပြင်အဆင်တွေကို သဘောကျသူတွေအတွက် 2018ကထွက်ရှိထားတဲ့ Song Langဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်လေးဟာ 80ခုနှစ် operaပြဇာတ်ကိုအခြေခဲရိုက်ကူးထားတဲ့ လူငယ်နှစ်ယောက်ကြားက Bromanceလည်းမဟုတ် brotherhoodကိုလည်း နည်းနည်းအရောင်ဆိုးချင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။မိုးကြိုးသွားဒုန်းဟေ့ဆိုတာနဲ့ တစ်မြို့လုံးက ရွံကြောက်ရတဲ့ အကြွေးသိမ်းတဲ့လူတစ်ယောက်၊ အကြွေးလာသိမ်းပြီဆိုရင် ရက်ရက်စက်စက်နည်းလမ်းမျိုးစုံနဲ့ မသိမ်းနိုင်တဲ့အကြွေးမရှိလို့ နာမည်ကြီးတဲ့အထိ ရက်စက်တတ်သူတစ်ယောက်ပေါ့။ ဒါပေမဲ့ ရက်စက်ခက်ထန်တဲ့မျက်နှာဖုံးအောက်မှာ ဒဏ်ရာအပြည့်နဲ့ နူးညံ့တဲ့နှလုံးသားရှိတာကိုတော့ လူတွေကမသိကြပါဘူး။ ဒီလိုနဲ့တစ်နေ့ ပြဇာတ်အဖွဲ့မှာ အကြွေးသိမ်းဖို့သွားရင်းနဲ့ လင်ဖုန်ဆိုတဲ့လူငယ်လေးနဲ့ဆုံဖို့ ဖြစ်လာပါတော့တယ်။လင်ဖုန်က ငယ်ငယ်ထဲက operaပြဇာတ်ကိုရူးသွပ်ခဲ့သူတစ်ယောက်၊ စင်မြင့်ထက်မှာ ပရိသတ်ရဲ့အာရုံကိုဖမ်းစားနိုင်သူဖြစ်ပေမဲ့လည်း လက်တွေ့မှာ စကားနည်းပြီး တစ်ကိုယ်တည်းနေတတ်တဲ့ အထီးကျန်နေသူတစ်ယောက်ပါ။ အချစ်ဆိုတဲ့အရာနဲ့ မထိတွေ့ရသေးတဲ့ ရေခဲနှလုံးသားပိုင်ရှင်လေးဆိုရင်လည်း မမှားပါဘူး။ ဒီလို မတူညီတဲ့ကမ္ဘာကလူနှစ်ယောက် အကြွေးကိုအရင်းတည်လို့ ဆုံစည်းဖို့ ဖြစ်လာတဲ့အခါ...အပေါ်ယံမှာ မျက်နှာဖုံးတပ်ထားပေမဲ့ အတွင်းကစိတ်ဒဏ်ရာကိုယ်စီနဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုနှောင်ကြိုးတွေဖြစ်ပေါ်လာမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, Romance Quality…. 1080p ...
movie

Song Lang (2018)

2018
The Love Story ( 2022 ) 5.8
The Love Story ( 2022 ) CM ချစ်ပရိသတ်တွေအတွက် ရယ်စရာ မောစရာ ဟာသ ပညာပေးဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… အခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ live လွှင့်ခြင်း အနုပညာဟာ ရိုးရာတစ်ခုလို ဖြစ်လာပါပြီဒီဇာတ်ကားလေးထဲမှာလဲ ဆောက်လုပ်ရေးက နေ့စားသမားလေးဟာဆိုရင် အရက်မူးပြီး သူ့ကို လောင်ကုန်း လောင်ကုန်းခေါ် ချွဲနေတဲ့ အွန်လိုင်းက ချွမ်ရှောင်းကို သူ့ကို သူဌေးက အားလုံးအတွက် ပေးဖို့ ပေးထားတဲ့ အလုပ်လစာ ၂ သိန်းကို မူးမူးနဲ့ လက်ဆောင်တွေ ပေးလိုက်တယ်လေ…အဲ့တာကို ပြန်တောင်းဖို့ကြိုးစားချိန်မှာပဲ ချွမ်ရှောင်းကလည်း သူ့ဆီကို တခြားအကြံတစ်ခုနဲ့ ကပ်လာတာကြောင့် သူတို့ ၂ ဦးသား ခရီးတစ်ခုကို အစီစဉ်မရှိ ရုတ်တရက် ထွက်သွားဖြစ်ခဲ့တာပေါ့…ကဲ ချွမ်ရှောင်းက ဘာအကြံနဲ့ သူ့ဆီချဉ်းကပ်တာလဲ… နောက်ပြီး အကြံစည် အောင်မြင်မှာလား… ဒီခရီးလမ်းက ဘယ်လို ပြီးဆုံးမှာလဲ… ကဲ ဇာတ်ကားလေးကြည့်ရင်း အဖြေဖော်ထုတ်လိုက်ကြရအောင်~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Comedy Runtime : 1h ...
movie

The Love Story ( 2022 )

The End of Sex (2022) 5.1
The End of Sex (2022) The End of Sex [2022]( IMDb 5.1/10, RT 61%)ဂျော့ရှ်နဲ့ အမ်မာတို့ဟာ ဆယ်ကျော်သက်ကတည်းက မေတ္တာရှိခဲ့ကြသူတွေပါ... တက္ကသိုလ်ပြီးကတည်းက လက်ထပ်ခဲ့ကြတဲ့ သူတို့လင်မယားရဲ့ အိမ်ထောင်သက်ဟာ ဆယ်စုနှစ်တွေချီနေပါပြီ... ဒီလိုကြာညောင်းလာတဲ့နောက်မှာတော့ အိမ်ထောင်သည်တွေ ကြုံနေကြဖြစ်တဲ့ လိင်ကိစ္စ ခမ်းခြောက်ခြင်းဟာလည်း သူတို့ကြားက ပြဿနာတစ်ရပ်ဖြစ်လာပါတော့တယ်... သူတို့သမီးလေးတွေ တောတွင်းစခန်းချခရီးထွက်တဲ့ ရက်သတ္တပတ်မှာ အပီအပြင်ချစ်ကြည်နူးဖို့ ရည်ရွယ်ထားပေမယ့် တကယ်တမ်းလက်တွေ့ကြုံတွေ့ရချိန်မှာတော့ နှစ်ဦးသားလုံး စိတ်တွေကုန်ခမ်းနေခဲ့ကြပါတယ်... အိမ်နီးနားချင်း လင်မယား ဒီအမှုကိစ္စကြောင့်ပဲ ပြတ်စဲကြတာကို မျက်မြင်တွေ့လာရတဲ့အခါ သူတို့လည်း ဒိလိုမဖြစ်ဖို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပါတော့တယ်... အစက ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ဆောင်ခဲ့ကြပေမယ့် အလွဲလွဲအချော်ချော်ပဲ ဆက်တိုက်ဖြစ်ခဲ့ကြရတဲ့အပြင် သူတို့နှစ်ဦးစလုံးမှာလည်း တခြားသူတွေနဲ့ ဇာတ်လမ်းလေးတွေ ကိုယ်စီဖြစ်လာရပါတော့တယ်.... ဒီလိုအဖြစ်တွေကို ကြုံတွေ့သိမြင်လာရတဲ့အခါ သူတို့အိမ်ထောင်ရေးကရော ဘယ်လိုဆက်ဖြစ်သွားမှာလဲ... သူတို့ဖြေရှင်းချင်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ကြရဲ့လား ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | ...
movie

The End of Sex (2022)

2022
Sarasin Bridge of Love 2216 (2023)
Sarasin Bridge of Love 2216 (2023) ဆာရာဆမ်တံတားမှ အချစ်တော်ပုံ (2023)ဂုဏ်အလွှာ ပကာပနတွေကြားမှာ အချစ်ဆိုတဲ့အရာက ဘယ်လောက်ထိအရေးပါမလဲ?အားလုံးရော ချစ်ခရီးလမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူးလျှောက်လှမ်းနိုင်ကြရဲ့လား?ဒီဇာတ်လမ်းလေးထဲမှာလည်း အလွှာပကာသနခြားတဲ့သူနှစ်ဦးရဲ့ ချစ်ဇာတ်လမ်းလေးကိုပုံဖော်ထားတာပါ အဖေကိုအရမ်းကြောက်ပြီး ချောမောစာတော်တဲ့ ပညာရေးကောလိပ်ကျောင်းသူလေးအူး ဖူးခက်ပညာရေးကောလိပ်တက်တဲ့ ကျောင်းသူလေးအူးဟာ ဖူးခက်ကနေ ဆာရာဆမ်ကို လိုင်းကားစီးပြီးအမြဲကျောင်းသွားရပါတယ်ငယ်ငယ်ထဲက မိဘစွန့်ပစ်ခံရပြီး အပျိုကြီးသောဆီမှာ မွေးစားခံလိုက်ရတဲ့ဒမ် ဒမ်ရဲ့အမေတံငါသည်ဟာ ဒမ်ကိုမွေးပြီးလိုင်းကားပေါ်စွန့်ပစ်ထားခဲ့ရာကနေ အပျိုကြီးကမွေးစားခဲ့တာပါ မွေးစားသားပေမဲ့ ဒမ်ဟာသူ့အမေသောကိုအရမ်းချစ်ပြီး အလုပ်မျိုးစုံလုပ်ရှာကျွေးသူတင်ယောက်ပါ အမေကိုချစ်တဲ့အချစ်အပြင် ဒမ်မှာနောက်ထပ်ချစ်ရတဲ့လူတစ်ယောက်ရှိပါသေးတယ် အဲ့ဒါကတော့ အူးပါငယ်ငယ်ထဲက မတွေ့ခဲ့ကြရတော့တဲ့အူးနဲ့ဒမ် ဘယ်လိုပြန်ဆုံကြမလဲ? သူတို့ခံစားချက်တွေအတိုင်း ချစ်ခွင့်ရကြမလား? ဘယ်လိုတွေကြုံတွေ့ကြမလဲ?ဆိုတာ ဇာတ်လမ်းလေးသာကြည့်ကြည့်ပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.9GB| 796MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kong Hou Encoder ..... Aaron
movie

Sarasin Bridge of Love 2216 (2023)

2023