Channel Myanmar

Romance

[18+]Paraluman (2021)
[18+]Paraluman (2021) Paramulan 2021ဒီဖိလစ်ပိုင်ကားလေးကို စကားလုံးတစ်ခုတည်းနဲ့ ဖော်ညွှန်းပေးရမယ်ဆိုရင် "စည်းခြားထားတဲ့အချစ်"လို့ပြောရမှာပါပဲအဖေဆုံးသွားလို့ အကိုကြီးဆီမှာ ပြောင်းနေခဲ့တဲ့ မီယာဆိုတဲ့ ဆယ်ကျော်သက်မြီးကောင်ပေါက်လေးဟာ ပီတာဆိုတဲ့ အကိုကြီးကို တမ်းတမ်းစွဲကြွေသွားခဲ့ရတဲ့အကြောင်းပေါ့ပီတာလိုမျိုး ဂစ်တာတီးသီချင်းလေးတွေ ဆိုပြတတ် ဓာတ်ပုံလှလှလေးတွေရိုက်ပေးတတ်တဲ့ အကိုကြီးကို မီယာတစ်ယောက်ရင်ခုန်ရာကနေ တကယ်ချစ်မိသွားခဲ့တယ် ဒါပေမဲ့လည်း ပီတာဟာ အတူနေချစ်သူရှိနေတဲ့အခါအချစ်ဆိုတာ ငှက်တစ်ကောင်လိုပဲ လွတ်လပ်စွာပျံသန်းခွင့်ပေးလိုက်ပါ ကိုယ့်အတွက်ဆိုရင် ပြန်လာမှာပါ ပြန်မလာတော့ရင်လည်း လာတဲ့အထိစောင့်နေပါတဲ့.....သူပြန်မလာတော့မဲ့ ညိုကီတွေကိုလက်တို့ပေးချင်တာ အဖော်အချွတ်ခန်းအနည်းငယ်ပါဝင်လို့ မိသားစုနဲ့ကြည့်ရှုဖို့မသင့်တော်ပေမဲ့ တော်တော်ရိုတဲ့ အချစ်ကားလေးမို့ စော်ကိုလွမ်းရင်းငိုရင်း အားပေးကြပါလို့.... File size…1.2GB / 606MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle(Hard Sub) Encoder….X Cross Translated by Andrew Mason
movie

[18+]Paraluman (2021)

2021
My Donkey, My Lover & I (2020) 6.5
My Donkey, My Lover & I (2020) Antoinette dans les Cévennes (2020)(My Donkey, My Lover & I)IMDb - 6.5/10 ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးမှာ အန်တိုနက် ဆိုတဲ့ ကျောင်းဆရာမလေးကသူ့အတန်းထဲက ကလေးတစ်ယောက်ရဲ့အဖေဖြစ်သူဗလာဒီမီယာနဲ့ တိတ်တိတ်ပုန်းတွဲနေတာပါ။ ကျောင်းအားလပ်ရက်မှာအန်တိုနက်က ဗလာဒီမီယာနဲ့ အပန်းဖြေခရီးထွက်ချင်ပေမယ့်ဗလာဒီမီယာကတော့ သူ့မိန်းမစီစဉ်ထားတဲ့ မိသားစုအပန်းခရီးကိုပဲသွားမှာဖြစ်ပါတယ်။ အဲ့တော့ အန်တိုနက်က သူတို့မိသားစုသွားမယ့်ခရီးစဉ်ကို တစ်ယောက်တည်းလိုက်လာဖို့ စီစဉ်လိုက်ပါတယ်။ခရီးစဉ်ကတော့ ဆီဗန်နက်တောင်တွေဆီကို တောင်တက်ခြေလျင်ခရီးပဲဖြစ်ပါတယ်။ ခြေလျင်ခရီးစဉ်မှာ အန်တိုနက်တစ်ယောက်ပတ်ထရစ်ဆိုတဲ့မြည်းလေးနဲ့ အတူသွားဖို့ဖြစ်လာတော့ ဒီလိုခရီးစဉ်မျိုးနဲ့ အကျွမ်းဝင်မရှိတဲ့ အန်တိုနက်အတွက် ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ၊ ဗလာဒီမီယာနဲ့ရော တွေ့ရမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်လိုက်ကြပါနော်။ခရီးစဉ်တစ်လျှောက် အန်တိုနက်နဲ့ မြည်းလေး “ပတ်ထရစ်”တို့အကြား ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေကို ဟာသတွေနဲ့ ကြည်ကြည်နူးနူးကြည့်ရမယ့်အပြင် ခရီးစဉ်ပြီးဆုံးအောင် သွားနိုင်ပြီးခရီးသွားခြင်းရဲ့အရသာကိုအကြိုက်တွေ့သွားမယ့် အန်တိုနက်ကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ကျွန်တော်တို့ငယ်ငယ်တည်းက အသည်းစွဲဖြစ်ခဲ့ကြမယ့်“ရတနာကျွန်း”စာအုပ်ရဲ့ စာရေးဆရာရောဘတ်လူးဝစ်စတီဗင်ဆန်ရေးသားထားတဲ့ “Travels with a Donkey in the Cevennes” ...
movie

My Donkey, My Lover & I (2020)

(18+)Revenge Porn: PAIN OF LOVE (2019)
(18+)Revenge Porn: PAIN OF LOVE (2019) နာမည်လေးက ရီ အရမ်းချစ်ဖို့ကောင်းတယ် အထူးသဖြင့်သူမရဲ့ အိစက်လုံးဝန်းနေတဲ့ ရွှေရင်အစုံ သူမက အရမ်းချစ်ဖို့ကောင်းလို့ ကျောင်းမှာ ကောင်လေးတိုင်းစိတ်ဝင်စားတယ် ဒါပေမဲ့ သူစိတ်ဝင်နေတာက အတန်းက စီနီယာ မီကီအိုဖြစ်နေတယ်ကိုကိုမှ ကိုကိုဖြစ်နေတာ တနေ့ မီကီအိုက သူ့ကိုချစ်ရေးဆိုလာတယ် သူအရမ်းပျော်တာပေါ့ ကိုကို အချစ်ကိုရပြီလေဒါပေမဲ့ မီကီအိုမှာ သူများနဲ့ မတူတဲ့ ခံစားချက် ခံစားချင်တဲ့ လူတစ်ယောက်ဖြစ်နေရာမှ မီကီအိုတယောက် သူရဲ့အချစ်ရေးက သာယာပါ့မလား ဖြောင့်ဖြူးပါ့မလားဆိုတာ ချစ်စဖွယ် တလုံးတခဲ ကြီးတွေကို ကွက်ကွက် ကွင်းကွင်း ရိုက်ပြထားတာ ဖြစ်လို့ တမူထူးခြားတဲ့ ပြကွက်တွေ ခံစားချက်တွေ ကောင်းနေတာမို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ် File size…500MB Quality…720p Format…mp4 Duration….1h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(18+)Revenge Porn: PAIN OF LOVE (2019)

2019
SEE HEAR LOVE (2023) 6.5
SEE HEAR LOVE (2023) See Hear Love (2023)ဒီနေ့မှာတော့ IMDb 6.8/10 ရ ဂျပန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။Manga Artist တစ်ယောက်ဖြစ်တဲ့ “Shinji Izumoto” က သူရေးဆွဲတဲ့ဇာတ်လမ်းတွေနဲ့ လူငယ်တော်တော်များများကို စိတ်ဓာတ်ခွန်အားပေးနေတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူး။ သူ့လက်ရာတွေဟာ တဖြည်းဖြည်းနဲ့လူကြိုက်များလာသလို ရုပ်ရှင်ပြန်ရိုက်ဖို့အထိပါ အောင်မြင်လာပြီဖြစ်တဲ့ Shinji ဟာ တစ်နေ့မှာတော့ အလုပ်ဒဏ်ပိလို့ပဲပြောရမလား သူကိုကကံဆိုးလို့ပဲပြောရမလား မျက်မမြင်ဒုက္ခိတဘဝကိုမထင်မှတ်ဘဲ ရောက်သွားပါတော့တယ်။အနုပညာရှင်တစ်ယောက်အနေနဲ့ သူချစ်တဲ့အလုပ်ကို ဆက်မလုပ်နိုင်တော့ဘဲ လမ်းပျောက်နေတဲ့ Shinji ဆီကို သူ့ရဲ့စာဖတ်သူတစ်ယောက်လည်းဖြစ်သလို သူ့စာတွေကြောင့် ခွန်အားရခဲ့ရပါတယ်ဆိုတဲ့ “Hibiki Aida” ဆိုတဲ့ မိန်းမလှလေး ရောက်လာတဲ့အခါ ..။Hibiki က မွေးရာပါ ဆွံ့အနားမကြားသူတစ်ယောက်ဖြစ်တာမို့ ငယ်ငယ်လေးတည်းက ကာတွန်းတွေ စာတွေကိုပဲအဖော်ပြုပြီးနေခဲ့ရတဲ့ကောင်မလေးပေါ့။ ဒီလိုကနေ မျက်မမြင်ကောင်လေးတစ်ယောက်နဲ့ ဆွံ့အနားမကြားကောင်မလေးတစ်ယောက်အကြား “အချစ်” ဆိုတဲ့အရာ မွေးဖွားလာတဲ့အခါမှာတော့ ..။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | ...
movie

SEE HEAR LOVE (2023)

2023
The Fault in Our Stars (2014) 7.6
The Fault in Our Stars (2014) IMDb Rating (7.6) / Rotten Tomatoes (81%)ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။"ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ...
movie

The Fault in Our Stars (2014)

2014
Love’s Greek to Me (2023) 5.9
Love’s Greek to Me (2023) Loves.Greek.To.Me 2023ယခုတစ်ခါအသစ်ထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ IMDb 6.1/10 အထိရရှိထားတဲ့အချစ်ရိုမန့်ဒရာမာဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်ဘဝမှာ အချစ်ပြီးရင် အချစ်လာဖို့အတွက်ဘာတွေလိုအပ်လဲ သူ့မိသားစု ကိုယ့်မိသားစုဆိုတာရော အိမ်ထောင်ရေးမှာ ဘယ်လောက်အရေးပါလဲ ချစ်သူနှစ်ဦးလက်တွဲဖို့ဆိုတာ အချိန်နေရာ ယဉ်ကျေးမှုစတဲ့အရာတွေကရော ဘယ်လောက်အရေးပါနေလဲ.... စတဲ့အကြောင်းအရာတွေကို ပြည့်စုံနေအောင် ရိုက်ကူးတင်ပြထားတဲ့ ဒီဇာတ်ကားလေးမှာ အီလာနာလို့ခေါ်တဲ့ အမေရိကန်သူတစ်ယောက် သူ့ရည်းစား ဂရိနိုင်ငံသားလေး မိုက်ခ်ဆီကို လက်ထပ်ပွဲတစ်ခုအတွက် သွားတဲ့အချိန်မှာ ကြုံတွေ့ရမဲ့ မိသားစုဆိုင်ရာ အခက်အခဲတွေ မတူညီတဲ့ရိုးရာတွေ စသည်ဖြင့် အချစ်နဲ့ဘဝကြား ဗျာများနေရပုံတွေကို အေးအေးဆေးဆေးကြည့်ရှုရမဲ့ ရိုမန့်ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်ဂရိနိုင်ငံရဲ့အလှအပတွေကို ဖောဖောသီသီပါဝင်တာမို့ လှပတဲ့ရှုခင်းလေးတွေကို ခံစားကြည့်ရှုရင်း ပရိသတ်တို့ကိုယ်တိုင်လည်း မိုက်ခ်နဲ့အီလာနာတို့နေရာဝင်ခံစားနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် အချစ်ဆိုတာ အချိန်တွေနေရာတွေကို ဖြတ်သန်းသွားနိုင်တဲ့ အရာတစ်ခုပါ....ဘာသာပြန်နဲ့အညွှန်းကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 791MB | 374MB Format… mp4 Duration…. 1h 24min Subtitle…. ...
movie

Love’s Greek to Me (2023)

2023
Solar Flower (2023)
Solar Flower (2023) Solar Flower (2023)“နေမထွက်တဲ့ ကမ္ဘာမှာဆိုရင်တောင် ကျွန်တော့်ဘဝမှာ သိမ်းထားချင်မိတဲ့ အိပ်မက်တစ်ခုရှိတယ်”သိပ်မကြာခင်ကမှ ထောင်ကလွတ်လာပြီး လူမိုက်ခေါင်းဆောင်နမ်ဂယူရဲ့လက်အောက်မှာ မိုတယ်အလုပ်ကို ကြိုးစားသင်ယူရင်း ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့ ဆွန်းယော့ဟာ နေမထွက်တဲ့ကမ္ဘာက ပန်းလေးတစ်ပွင့်လိုပါပဲဘယ်လောက်ပဲ ပင်ပန်းခက်ခဲနေပါစေ တစ်ဦးတည်းသော ညီမလေးအတွက်ဆိုပြီး ကြိုးစားရုန်းကန်နေခဲ့ပေမဲ့ တစ်ဖက်မှာ သူကိုယ်တိုင်သတိမထားမိတဲ့ ရင်နင့်စရာအမှန်တရားတစ်ခု ရှိနေပါတယ်အဲဒီလိုနဲ့ အနှိပ်စက်ခံ အဖိနှိပ်ခံရင်း ဘဝကိုကြိုးစားရုန်းကန်နေတဲ့ ဆွန်းယော့တစ်ယောက် ဆွန်းဂျူဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံပြီးတဲ့အခါမှာတော့ သူ့ရဲ့ဘဝက တစ်ဆစ်ချိုးပြောင်းလဲဖို့ အကြောင်းဖန်လာပါတော့တယ်ဆွန်းယော့ရဲ့ဘဝတစ်ဆစ်ချိုးဟာ ပိုကောင်းတဲ့အရာတွေနဲ့စောင့်ကြိုနေမလား ဒါမှမဟုတ် မှောင်မိုက်နေပြီးသားဘဝကို ပိုပြီးကံဆိုးမိုးမှောင်ကျစေမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1GB | 501 MB | 247MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle ...
movie

Solar Flower (2023)

Not Your Romeo & Juliet (2023) 5.8
Not Your Romeo & Juliet (2023) Not Your Romeo and Juliet (2023)ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ကျောင်းသားဇာတ်လမ်းတစ်ပုဒ်ပါ။ Romance ကိုယုံကြည်တဲ့ စိတ်ပညာကျောင်းသူ မစ်ကီနဲ့ Romance ဆိုတာ အရေးမပါဘူးလို့ လက်ခံထားတဲ့ ကျောင်းသားနိုအာတို့ တွေ့ဆုံရာကနေ စကားရည်လုပွဲလုပ်ရတဲ့ထိရောက်သွားတဲ့အကြောင်းပေါ့။ဖခင် ကင်ဆာနဲ့ဆုံးသွားပြီးတော့ မစ်ကီက မိခင်နဲ့အတူ နေလာပြီး မစ်ကီ့မိခင်ကလည်း မစ်ကီတက်တဲ့တက္ကသိုလ်မှာ ကျောင်းပြန်တက်ပါတယ်။ မစ်ကီကတော့ ကျောင်းက သတင်းစာကော်လံမှာ ဂျူးလိယက်ဆိုတဲ့ ကလောင်နာမည်နဲ့ Romance အကြောင်း အပတ်စဉ်ရေးပါတယ်။ ဂျူးလိယက်က မစ်ကီဆိုတာ သူ့အမေနဲ့ အချစ်ဆုံးသူငယ်ချင်းကလွဲလို့ ဘယ်သူမှမသိပါဘူး။ စင်တာမှာ နိုအာနဲ့ပထမဆုံး တွေ့ပြီး ရင်းနှီးသွားခဲ့ပါတယ်။တစ်နေ့မှာတော့ မစ်ကီ‌ ရေးတဲ့ Romance ဆောင်းပါးကို Not your Romeo ဆိုတဲ့ကလောင်နာမည်နဲ့ တိုက်ခိုက်တဲ့သူပေါ်လာပါတယ်။ မစ်ကီကလည်းစိတ်ဆိုးပြီး ပြန်တိုက်ခိုက်တဲ့အနေနဲ့ ရေးပါတယ်။ ပြီးတော့ မစ်ကီနဲ့နိုအာက ပညာသင်ဆုအတွက် ဆန်ကာတင်၂ယောက်ဖြစ်နေတဲ့အခါ နိုအာက ဂျူးလိယက်က ...
movie

Not Your Romeo & Juliet (2023)

2023
Takkar (2023) 8.1
Takkar (2023) Takkar (2023) IMDb-8.3/10တက်သစ်စမင်းသမီးချောလေး ဒေ့ဗ်ယန်ကာ၊နှုတ်ခမ်းမွှေးပဲထားထား မုတ်ဆိတ်ပဲထားထားလန်းလွန်းတဲ့ မင်းသားချောဆစ်ဒါးသ်၊ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ပါဝင်ထားတဲ့ တမီးလ်စကားပြော ရိုမန့်စ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို စားစရာတောင်အနိုင်နိုင်ဘဝကနေ မီလျံနာသူဌေးကြီးဖြစ်ချင်တဲ့ ဂွန်ဇ်တစ်ယောက် ဆင်းဆင်းရဲရဲမွေးလာတာအပြစ်မဟုတ်ဘူး ဆင်းဆင်းရဲရဲတော့မသေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ မြို့တက်အလုပ်လုပ်ပါတော့တယ်။လူကဆတ်ဆတ်ထိမခံဆိုတော့ ဝင်လုပ်သမျှအလုပ်အကုန် ပြုတ်လို့ပြုတ် ထွက်လို့ထွက်နဲ့ တက္ကစီဒရိုင်ဘာကျမှပဲ ခြေငြိမ်သွားတယ်။တက္ကစီမောင်းရင်း သူသွားငြိမိတဲ့ ဂိုဏ်းတစ်ခုရှိတယ်။အဲဒီဂိုဏ်းလုပ်ပုံက အဆန်း။မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး လေလံတင်တာ။ပြန်ပေးဆွဲခံရတဲ့မိန်းကလေး မိဘတွေနဲ့ တစ်ဖက်ကလူကုန်ကူးတဲ့လူနဲ့ကိုစျေးအပြိုင်ပေးခိုင်းတာ။ဂွန်ဇ်မောင်းလာတဲ့ ကားနောက်ဖုံးထဲမှာ မိန်းကလေးတစ်ယောက်ပါလာတာစ ဂွန်ဇ်တစ်ယောက်ဘယ်လိုတွေ ရှေ့ဆက်မလဲ။ သူ့ရဲ့သန်းကြွယ်သူဌေးအိပ်မက်ကရော ဖြစ်လာပါမလားဆိုတာ ကြည့်ရှုရမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~ThaikSanတို့ဖြစ်ပါတယ်) File size…2.89 GB/ 1.40 GB Quality…1080p  WEB DL /720p Format…mp4 Duration…2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~BpL~ThaikSan
movie

Takkar (2023)

2023
Stand Up Rahul(2023) 5.1
Stand Up Rahul(2023) Stand Up Rahul (2022) IMDb-5.1/10ချစ်သူတွေကြားမှာ အချစ်ဆိုတာထက်ပိုအရေးကြီးတာတွေရှိတတ်ကြတာပဲလေ။ ဒါကိုနားမလည်နိုင်ဘဲဘာနေနေ မချစ်လို့ဖြစ်တာ၊အဲလိုလုပ်မှာပေါ့ ငါ့ကိုမှမချစ်တော့တာဆိုရင် အဲဒီလိုမျိုး Relationshipတခုဟာ ရေရှည်တည်မြဲနေနိုင်ပေမယ့် ပျော်ရွှင်စရာဆိုတဲ့အရာတော့ တဖြည်းဖြည်းဆိတ်သုန်းလာမှာပဲ။ရာဟူးလ်က ချစ်တတ်ပြီး ချစ်သူကိုအနွံတာခံပေမယ့် အိမ်ထောင်မှုဆိုတာကို မယုံကြည်တဲ့သူ၊အိမ်ထောင်သည်ဘ၀ဆိုတာ သူ့အဖေနဲ့အမေလို ရန်တကျက်ကျက်ဖြစ်ရင်းနဲ့ သူလို ငတိတကောင်ကိုမွေးထုတ်ပေးရုံသက်သက်ကိစ္စတခုလိုတွေးမြင်ထားတာ၊ လမ်းပျောက်နေပြီး မိသားစုတွေမိတ်ဆွေတွေရဲ့ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားဆိုတာတွေကိုလည်း နားမဝင်တဲ့သူ၊စင်ပေါ်ကနေ ဟာသတွေပြောရတဲ့အလုပ်ကို ဝါသနာပါတဲ့သူ၊သူ့ချစ်သူကောင်မလေးကကျ ချစ်သူတွေရဲ့နောက်တဆင့်က ပျော်ရွှင်စွာအတူလက်ထပ်နေထိုင် ပေါင်းသင်းသွားကြလေသတည်းဆိုတာမျိုးကို စိတ်ကူးယဉ်တဲ့သူဖြစ်ပေမယ့် ချစ်သူစိတ်ချမ်းသာရင်ပြီးတာပဲ ဆိုတဲ့စိတ်နဲ့ ဒီတိုင်းLiving Togetherပဲနေကြတယ်။သူ့မိဘတွေက ရာဟူးလ်နဲ့လက်မထပ်ဘဲအတူနေမှန်းမသိကြ။သူတို့နှစ်ယောက်နေတဲ့အိမ်ရောက်လာပြီး တခြားတယောက်နဲ့ လက်ထပ်ဖို့စီစဉ်ပေးပါရော။အိမ်ထောင်ရေးကိုမယုံကြည်တဲ့ ရာဟူးလ်တယောက် မင်္ဂလာဆောင်ရတော့မယ့်ချစ်သူကို ချစ်သူအလိုကျ အိမ်ထောင်မှုတခုတည်ဆောက်လိုက်နိုင်မလား၊သူဝါသနာပါတဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်မလားဆိုတာကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ရိုမန့်စ်ဟာသအချစ်ဇာတ်ကားလေးပါ။ (အညွှန်းကို Yunniမှရေးထားပြီး Yunni,BpL,V,Sai,ThaikSanတို့ဘာသာပြန်ထားပါတယ်) File size…1.7GB / 800MB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni,BpL,V,Sai,ThaikSan
movie

Stand Up Rahul(2023)

2023
Missed Connections (2023)
Missed Connections (2023) Missed connections (2023)ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်အချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီး ဇာတ်လမ်းနာမည်အတိုင်းပဲ ပြတ်တောက်သွားသော ဆက်သွယ်ရေးများ ဆိုတဲ့အတိုင်း ရည်းစားနဲ့ပြတ်ပြီး ရည်းစားဟောင်းကို မေ့မရဘဲ Move on မလုပ်နိုင်သေးတဲ့သူတွေအတွက် ‌အကျိုးရှိတဲ့ဇာတ်ကားလေးပါ။စွန့်ဦးတီထွင်မမလေးတွေအတွက်လည်း အားဖြစ်စေတဲ့ကားလေးပါဗျ။ ကောင်လေးနဲ့ကောင်မလေး စူပါမားကတ်ထဲမှာ မတော်တဆဆုံပြီး Missed connections ဆိုတဲ့appကနေ ပို့စ်တင်ရှာဖွေရာကနေ ဇာတ်လမ်းစတာပါပဲခင်ဗျာ။ ကောင်မလေးက ကောင်လေး ရှာတာ ဆိုပေမယ့် ကောင်လေးရှာတာက ကောင်မလေး ဟုတ်မနေတဲ့အခါ သူငယ်ချင်းလို့ပဲ ဆက်ပြီးတော့ ခေါ်မလား၊ ဘာဘာညာညာ ဇာတ်လမ်းတွေဖြစ်ပြီး ဘာညာသွားမလား စောင့်ကြည့်လိုက်ရအောင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 829MB | 402MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae ...
movie

Missed Connections (2023)

2023
Annapurna (2023)
Annapurna (2023) Annapurna (2023)တောင်တက်ဖို့ဆိုရင် စိတ်အားထက်သန်တဲ့ ဂန်ဟျွန်းက သူ့ဂျူနီယာ ဆောဝူးကို ခေါ်ထုတ်ပြီး တောင်အတူတက်ကြရင်း ကြုံခဲ့တဲ့အချစ်ရေး၊ လမ်းခွဲခဲ့ရတာတွေ၊ စိတ်ဒဏ်ရာတွေအကြောင်း ပြောကြတဲ့ ဇာတ်လမ်းဖြစ်ပါတယ်ဂန်ဟျွန်းဟာ ဟိမဝန္တာတောင်တန်းမှာရှိတဲ့ Annapurna တောင်ကို တက်ချင်နေတဲ့သူဖြစ်ပြီးတော့ တောင်ရဲ့ဇာတ်လမ်းအစုံကို ဂျူနီယာဖြစ်တဲ့ ဆောဝူးကို အပြည့်အစုံပြောရင်းနဲ့ လမ်းပျောက်လိုက်၊ မျက်စိလည်လိုက်ဖြစ်ပါလေရောသူတို့ရဲ့အချစ်ရေးအတွေ့အကြုံတွေ၊ လူငယ်သဘာဝစိတ်ကူးတွေ၊ ဝါသနာတွေကို ပြောကြရင်း ဂန်ဟျွန်းရဲ့ ဘဝဒသနတွေကို နားထောင်ရမှာဖြစ်ပါတယ် နှစ်ယောက်သား ဘာတွေဆွေးနွေးမျှဝေကြမလဲဆိုတာကိုတော့ ကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 647MB | 300MB Format… mp4 Duration…. 1h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

Annapurna (2023)

Baby Boy, Baby Girl (2023)
Baby Boy, Baby Girl (2023) Baby Boy, Baby Girl (2023)ဖိလစ်ပိုင် လူငယ်ဟာသအချစ်ဇာတ်လမ်းကောင်းလေးလာပါပြီ။ လူငယ်ဇာတ်လမ်းဆိုတဲ့အတိုင်းပဲ ဒီဇာတ်လမ်းထဲက ကောင်မလေးဂျိုစီက ဒီခေတ်ရဲ့ကောင်မလေးတွေကို ကိုယ်စားပြုနိုင်တယ်ပြောရမယ်။ သူကအွန်လိုင်းရှော့လုပ်တယ်။ ခေါင်းအုံးတံဆိပ်ရိုက်တာ ပူတင်းရောင်းတာ တခြားအစုံပလုံပဲ။ ဒါပေမဲ့သူများကိုလဲမယုံကြည်တတ်တော့ ဝန်ထမ်းမခေါ် သူကိုယ်တိုင်အလုပ်တွေသိမ်းကြုံးလုပ်ပြီး စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကောင်မလေး။ အလုပ်တွေကလဲ အဆင်ပြေလိုက်မပြေလိုက်အမျိုးမျိုး။တစ်နေ့တော့ဂျိုစီက အချိန်ပိုင်းဧည့်ကြိုသွားလုပ်တယ်။ အဲ့ဒီပွဲကို သူဌေးမတစ်ယောက်ရဲ့ကိုယ်စားတက်လာတာက သူ့ရဲ့ရည်းစားဟောင်း ဆက်ဘ်။ အဲ့ဒါနဲ့ပွဲအပြီးမှာ သူတို့ပြန်ဆုံကြ ဂျိုစီကလဲဆက်ဘ်အိမ်လိုက်သွားပြီး တစ်ညမတ်တပ်ရပ်ကြတယ်ပေါ့။ ဂျိုစီ မနက်နိုးလာမှသတိထားမိတယ် ဆက်ဘ်အိမ်ကခမ်းနားလိုက်တာ သူတက်တဲ့ပွဲတွေ အိုင်ဂျီကပုံတွေကလဲမြင့်မြင့်မားမားတွေချည်းပဲ။ ထူးဆန်းဆို ဆက်ဘ်က ဂျိုစီနဲ့ကြိုက်နေတုန်းက သန့်ရှင်းရေးကုမ္ပဏီတစ်ခုကအလုပ်သမားလေးလေ။ အဲ့ဒါနဲ့ဆက်ဘ်ကို အချိန်တိုအတွင်းချမ်းသာနည်းကိုမေးတာပေါ့။ ဆက်ဘ်ကလဲ သူရှူးဂါးဘေဘီလုပ်နေတာဖြစ်ကြောင်း ရှူးဂါးဒိတ်တင်းလောကကဘယ်လိုကောင်းကြောင်းတွေပြောတာပေါ့။ သူ့အလုပ်တွေကိုစိတ်ကုန်နေတဲ့ဂျိုစီ့ကိုလဲ ဆက်ဘ်က ရှူးဂါးဘေဘီတို့တတ်ထားသင့်တဲ့ အသိပညာအတတ်ပညာတွေ သင်ပေးရင်း ဘာတွေဆက်ဖြစ်မလဲကြည့်ကြရမှာပါ။ဒီဘာသာပြန်သူကိုတော့ နောက်ကားတွေမှာမရှာပါနဲ့တော့။ ရှူးဂါးဘေဘီ သွားလုပ်ပါပြီ။ ဒီဇာတ်ကားကိုကြည့်သူတွေလဲ ပြီးရင်ရှူးဂါးဘေဘီဖြစ်ချင်စိတ်မပေါက်ဘူးလို့ အာမမခံနိုင်ပါဘူးနော်။ Watch at your own risk ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File ...
movie

Baby Boy, Baby Girl (2023)

2023
[18+] Big Tits Friend Sisters (2020)
[18+] Big Tits Friend Sisters (2020) (18+ ကားမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး…) ဇာတ်လမ်းအကျဉ်းလေးကတော့...မင်ဝူဆိုတဲ့ ကောင်လေးဟာ အစ်မအရင်း ခပ်ချောချော လှလှအကိတ် အမနှစ်ယောက်နဲ့  အတူနေရင်း ဇာတ်လမ်းကိုစတင်ထားပါတယ် .. အမတွေကလဲ ရုပ်ချောသလောက်လှသလောက် မစွန်ကြပါဘူး အဲ့လို ဂေါ်မစွန် အပျိုရိုင်းကြီးတွေနဲ့နေနေရင်း တစ်ရက်မှာတော့ ဆိုလ်းမြို့ကို အလည်လာရင်သူအိမ်မှာ တည်ခိုဖို့ ခွင့်တောင်းလာတဲ့ သူငယ်ချင်းဆီက ဖုန်းဝင်လာပါတော့တယ်  အစ်မတွေကလဲ ခွင့်ပြုတာကြောင့် အိမ်မှာလာနေဖို့ကို ခွင့်ပြုလိုက်ပါတော့တယ် . မင်းဝူရဲ့ သူငယ်ချင်းအိမ်ရောက်လာချိန်မှာ ဂေါ်မစွန် အပျိုကြီးတွေနဲ့ ဘယ်လိုနှစ်ပါးသွားမလဲ ဆိုတာတော့.... ဆိုလ်းမြို့ဟာ အလည်အပတ်သွားသင့်ရာ မြို့ဖြစ်မလား .ဒီအပျိုကြီးတွေကြောင့်  ဆိုလ်းမြို့ဟာ  လွမ်းဆွတ်စရာဖြစ်မလာဆိုတာတော့ ...   File size…1.91GB / 612MB Quality….Webrip 1080p / 720p Format…mp4 Duration….1h 20m Genre...Drama , Romance Subtitle….Myanmar Subtitle (Hardsub) Encoder….CK Translated by GD
movie

[18+] Big Tits Friend Sisters (2020)

Good Night (2023) 8.4
Good Night (2023) Good Night 2023ဒီတစ်ခေါက်မှာတော့ IMDb - 8.3/10 ထိရရှိထားတဲ့ တမီးလ် မိသားစုဒရမ်မာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Jai Bhim၊ Vikram Vedha ဇာတ်ကားတွေထဲက မင်းသား Manikandan နဲ့ မင်းသမီးချော Meetha တို့ကအတွဲညီညီသရုပ်ဆောင်ထားတာပါ။ဇာတ်လမ်းအကျဉ်း မိုဟန်တို့အိမ်ဟာ မိသားစု‌ဝင်တွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ မိသားစုတစ်ခုပါ။ အချင်းချင်းစည်းလုံးကြပြီး တစ်ယောက် ပြဿနာတစ်ယောက်ဖြေရှင်းကြရင်းပေါ့။ သို့ပေမဲ့မိုဟန်မှာ မိသားစုဝင်တွေ သည်းမခံနိုင်လောက်အောင်ဆိုးတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဟောက်တတ်တာပါပဲ။အဲအကျင့်ကြောင့်လည်း စော်ငြင်းကောင်ဖြစ်နေရတဲ့သူပါ။ တစ်နေ့မှာ ယောက်ဖဖြစ်သူနဲ့ ရေပိုက်လိုက်ပြင်ရင်း အာနူးဆိုတဲ့သနားစရာကောင်မလေးနဲ့ တွေ့ဆုံပြီး၊ နှစ်ယောက်သားစုံမက်သွားကြတဲ့အခါ အာနူးခင်ဗျာ မိုဟန်ကိုသည်းခံနိုင်ပါဦးမလား၊ နှစ်ယောက်သား ဘယ်လိုနားလည်မှုယူကြမှာလဲ....သူတို့ခင်ဗျာညတိုင်း "Good Night " ဖြစ်နိုင်ပါဦးမလားဆိုတာ "Good Night"ဇာတ်ကားမှာပဲအဖြေရှာပြီး အပန်းဖြေကြည့်ရှုလိုက်ရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ ThaikSan ~ Zwe ~ V~ BpL~ တို့ပဲဖြစ်ပါတယ်။ File size…2.39GB / 1.12GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar ...
movie

Good Night (2023)

2023
Tiku Weds Sheru (2023) 3.7
Tiku Weds Sheru (2023) Tiku Weds Sheru (2023) IMDb-3.7/10 ဘောလီးဝုဒ်လောကမှာ ပွဲရှာတာနာမည်ကြီးတဲ့ မင်းသမီးကန်ဂနားထုတ်ပေးခဲ့ပြီး Cameoပါဝင်ထားတဲ့ နဝါးဇ်ရဲ့ရှားရှားပါးပါး Drama/Romanceကားလေးပါ။ ဇာတ်လမ်းလေးကလည်း မဲပြာပုဆိုးတွေက ကွဲထွက်နေတဲ့ ပိုးပုဆိုးလေးလို ထူးထူးခြားခြားဇာတ်လမ်းဇာတ်ကွက် အလန်းလေးမို့ အားလုံးပဲ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်မင်းသားကြီးနဝါးဇ်ကဒီကားထဲမှာ ဒါရိုက်တာ ဇာတ်ညွှန်း သရုပ်ဆောင်ရူး ပြောရရင် ကိုယ်ပိုင်ဇာတ်ကားရိုက်ချင်နေတဲ့ သရုပ်ဆောင်ရူးလေးပါ ..အကြွေးတွေကလဲတပုံတပင်နဲ့ ဘာမဆို စိတ်နှစ်ပြီးလုပ်တတ်တယ်ဆိုတဲ့ ဆရာကြီးရဲ့တကယ့်အလုပ်ကတော့ ရွှေကြာချိတ်ဆက်ရေးပါ.. ရုပ်ရှင်တွေထဲမှာ ဖြတ်လျောက်လည်းလုပ်တယ်..လုပ်တိုင်းလည်း ခိုင်းသလိုငြိမ်ငြိမ်မနေပဲ တောင်ပြောဝင်ပြောလုပ်လို့ ကန်ထုတ်ခံရပါတယ် အဲ့အချိန်မှာအိမ်ကပေးစားတဲ့ |ရှော်တီလေးကို ပိုက်ဆံလဲရမိန်းမချောချောလေးရဆိုပြီး သပိတ်ဝင်အိတ်ဝင်လက်ထပ်လိုက်ပါတယ်မွမ်ဘိုင်းမြို့ကြီးက အိမ်မက်မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတယ် ညတွင်းချင်းတောင် ဘဝတစ်ခုကို ပြောင်းလဲတိုးတက်စေနိုင်တယ်တဲ့ တီကူးတစ်ယောက် သူ့အိမ်မက်တွေ ပြည့်ဝနိုင်ဖို့ ချစ်ရသူကိုမျှော်ကိုးရင်း စောင့်နေခဲ့တာ ကြာပါပြီ ‌တစ်နေ့မှာ မွမ်ဘိုင်းသားကြီးက အိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ မွမ်ဘိုင်းမြို့ကြီးကို လိုက်ရဖို့ကြံပြီး ကိုနဝါးဇ်(ရှယ်ရူး)နဲ့လက်ထပ်ဖို့ ခေါင်းညိတ်လိုက်ပါတယ်ဇာတ်လမ်းနာမည်အတိုင်း တီကူးနဲ့ရှယ်ရူးတို့ညားကြလေသည်ပေါ့တယောက်နဲ့တယောက်အကြောင်း သေချာမသိဘဲယူလိုက်ကြတဲ့နှစ်ယောက် တယောက်အရှုပ်အထုပ်တွေကို တယောက်ကသိပြီး အချင်းချင်းဘယ်လိုညှိနှိုင်းအဖြေရှာကြမလဲဆိုတာတော့....။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Saii~BpL~V~ThaikSanတို့ပဲဖြစ်သည်) File size… 2.45GB /  1.01GB Quality…1080p WEB DL /720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard ...
movie

Tiku Weds Sheru (2023)

2023
The Devil Wears Prada (2006) 6.9
The Devil Wears Prada (2006) The Devil Wears Pradaဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်းပါပဲ။ Prada‌ဒေါက်ဖိနပ်စီးပြီး ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတစ်ဦးနဲ့ ကြုံဆုံခဲ့ရပုံကို ရိုက်ကူးထားတဲ့ကားလေးပါပဲ။ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ကောင်းပြီး ဆုတွေအများကြီးရခဲ့တဲ့ကားပါ။ ဇာတ်လမ်းထဲက မဂ္ဂဇင်းအယ်ဒီတာချုပ် မီရန်ဒါ ပရိစ်စလီဟာဆိုရင် အလုပ်ကို အရမ်းကြိုးစားသူ၊ လက်အောက်ငယ်သားတွေက စက်စက်ယိုအောင်ကြောက်ရသူပေါ့၊ တစ်ခါတလေကျ သူ့လက်ထောက်ကို ဖြစ်နိုင်မဖြစ်နိုင်မသိ ခိုင်းချင်ရာခိုင်းပြီး ကြပ်တတ်ပါသေးတယ်။ ဘယ်လိုလဲဆိုရင်တော့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ မထွက်သေးတဲ့ စာမူကိုရအောင်ယူခိုင်းတာမျိုးပါ။ ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ ဟာသတချို့ဟာ အင်္ဂလန်ဘုရင်မ Queen Elizabeth IIကို ဇာတ်လမ်းထဲပုံဖော်ထားပါ။လက်ထောက်ဖြစ်သူက ကော်ဖီလာမပို့သေးလို့ "ကော်ဖီမရောက်သေးပါလား၊ သူသေသွားပြီလား"မေးလို့မေး ဟာရီကိန်းမုန်တိုင်းတိုက်နေတာကို "မိုးဖွဲလေးကျနေတာပါ"လို့ ပြောလို့ပြော တစ်ခုခုခိုင်းပြီးရင် "ဒါပဲ"ဆိုပြီး ပြောလွှတ်တတ်တဲ့ မူဟန်လေးတွေထည့်သွင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သတင်းထောက်ဖြစ်ချင်သူ အန်ဒီဟာ အလုပ်ရှာနေရင်းနဲ့မှာ နာမည်ကြီးဖက်ရှင်အယ်ဒီတာချုပ်ရဲ့လက်ထောက်အဖြစ်အလုပ်ရသွားပါတယ်။ သူလုပ်ချင်တာတော့ စာရေးချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်မှာတော့ ကော်ဖီယူပေး ဖုန်းကိုင်ပေးနဲ့ စာမရေးရတဲ့အပြင် အယ်ဒီတာ့စိတ်ကြိုက်အတိုင်းနေပေးရပါတယ်။ ...
movie

The Devil Wears Prada (2006)

The Notebook (2004) 7.8

The Notebook (2004)

1080p HEVC
Fitoor (2016)
Fitoor (2016) Charles Dickens ရဲ့ Great Expectations (မြန်မာဘာသာပြန် "မျှော်တလင့်လင့်")ဝတ္ထုကိုအခြေခံထားတဲ့ အချစ်ရိုမန့်ဒရမ်မာ ဇာတ်လမ်းလေးပါ။မင်းသား Aditya Roy Kapur နဲ့ မင်းသမီး Katrina Kaif တို့အပြင် Ajay , Tabu စတဲ့နာမည်ကြီးတွေပါ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့...ဆင်းရဲသားအခိုင်းအစေကောင်လေးနဲ့ အိမ်ကြီးရှင်ရွှေမင်းသမီးကောင်မလေးတို့ ချစ်ကြိုးသွယ်ကြချိန်မှာထုံးစံအတိုင်း အိမ်ကြီးရှင်မင်းသမီးအမေကြီးက အကွက်တွေရွှေ့ ပြီး သူတို့ရဲ့တွေ့ဆုံခြင်းကိုခွဲလိုက်ပါတယ်။စစ်မှန်တဲ့ချစ်ခြင်းတရားဆိုတာ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အချိန်ရဲ့တိုက်စားမှုကို မှတ်ကျောက်တင်ခံနိုင်တယ်ဆိုတဲ့အတိုင်းဝေးကွာသွားတဲ့ သူတို့နှစ်ယောက် ပေါင်းစုံနိုင်ပါ့မလားဆိုတာ......။IMDb Rating (5.4) သာ ရရှိထားတဲ့ဇာတ်ကားဖြစ်ပေမယ့် မင်းသမီး ကပ်ထရီနာကဖ် ပရိတ်သတ်တွေတော့ လက်လွတ်မခံသင့်ပါဘူး...ရင်းဂစ် ၅၅ သိန်းထိ ကုန်ကျခံ ပုံသွင်းထားတဲ့ ဆံကေသာအရောင်တောက်တောက်နဲ့ သူမကို တောက်ပလှပစွာခံစားရမှာပါ။ဇာတ်ကားတစ်ခုလုံးက အလွမ်းတွေချည်း ရွာချထားတဲ့မိုးရာသီတစ်ခုလို အုပ်မှိုင်းမျောလွင့်နေပြီးမင်းသား Aditya Roy Kapur ကလဲ အဲဒီ့ရာသီဉတုနဲ့ တော်တော်လိုက်ဖက်တာကို တွေ့မြင်ရပါမယ်။ File size…(6.3 GB)/(1.8 ...
movie

Fitoor (2016)

4K HEVC