Channel Myanmar

Romance

Neetho (2022) 8.9
Neetho (2022) Neetho (2023)IMDb-9/10Right Time မှာ Wrong person ကို ကြုံဖူးကြပါသလား အရာအားလုံးပြီးပြည့်စုံနေတာနဲ့ပဲ အချစ်လို့ထင်ယောင်ထင်မှားဖြစ်ပြီး ရှေ့ဆက်တိုးလိုက်ဖို့တွေးဖူးကြပါသလားစီးပွားရေးတွေတောင့်တင်းပြီး စီးပွားရေးချင်း မိတ်ဖက်ဖြစ်နိုင်တဲ့ မိသားစုနှစ်စုက ဆပ်တရာနဲ့မယ်ဂနာ မယ်ဂနာက အချစ်စစ်နဲ့ချစ်ပြီးဘ၀ရှေ့ဆက်ဖို့ကြိုးစားပေမဲ့ ဆပ်တရာအပါအ၀င် နှစ်ဖက်မိဘအကုန်လုံးကစီးပွားရေးကြောင့်သာ ပေါင်းဖက်ဖို့ဆုံးဖြတ်ခဲ့ကြတာပါလူငယ်ချင်းမေတ္တာမျှချစ်ရာကနေ နှစ်ယောက်တန်ဖိုးထားတဲ့ အရာတွေမတူညီလို့ နှစ်ယောက်ဘ၀ထူထောင်ဖို့ကြန့်ကြာနေကြတဲ့ ဗာရွန်နဲ့ အာနူရှာ ‌ဒီလိုအခြေအနေတွေမှာပဲ ‌ဆပ်တရာနဲ့ မယ်ဂနာတို့ရဲ့ စုံတွဲအာမခံအတွက် ဗာရွန်က အာမခံ၀န်ဆောင်မှုပေးရသူအနေနဲ့ ဆုံတွေလာကြပါတယ်အချစ်တွေ ‌စီးပွားရေးတွေ တန်ဖိုးထားရာတွေကြားမှာ အချစ်ကဘယ်လိုမျိုးလှလှပပကိုင်တွယ်သွားမလဲလက်တွေ့အပြင်လောက‌မှာရော ဒီလိုအဖြစ်တူနေသူတွေရှိလား ခံစားကြည့်ကြပါဦး File size…1.43GB / 644MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Zwe Yan~Cherry~Yunni~Nyein Aye
movie

Neetho (2022)

2022
Dear Frankie(2004) 7.7
Dear Frankie(2004) Dear Frankie(2004)******************IMDB မှာ rating 7.7 ထိရရှိထားပြီး အားလုံးရဲ့ရင်ထဲကိုထိစေမယ်ဆိုတာပြောစရာမလိုပါဘူး ဖရန်ကီက နားမကြားတဲ့ကောင်လေးတစ်ယောက်ပါ။ ဖရန်ကီရဲ့အမေကတော့ဖရန်ကီရဲ့အဖေနဲ့ ဘာလို့တစ်ကွဲတစ်ပြားစီ ဖြစ်နေတယ်ဆိုတာကိုသားလေးဝမ်းနည်းပြီး စိတ်မကောင်းဖြစ်သွားမှာဆိုးလို့မသိစေချင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ဖရန်ကီရဲ့ အဖေကို သင်္ဘောသားအဖြစ်နဲ့ စိတ်ကူးယဉ်ဖန်တီးပြီး သားဆီကို စာတွေရေးပို့နေခဲ့ပါတယ်။တစ်နေ့မှာတော့ ဖရန်ကီဟာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ သူ့အဖေသူ့ဆီလာ‌တွေ့မယ် မတွေ့ဘူး ဆိုတာကို လောင်းကြေးထပ်ခဲ့ပါတယ်။ ဒီတော့ ဖရန်ကီရဲ့ အမေဟာ သူစိမ်းတစ်ယောက်ကိုငှားရမ်းပြီး ဖရန်ကီရဲ့အဖေနေရာမှာ ဟန်ဆောင်ပေးဖို့ဖြစ်လာရပါတော့တယ်။ ဖရန်ကီကရော သူလောင်းထားတဲ့ ကိစ္စမှာ အနိုင်ရရှိသွားမလား။ သူ့အမေရဲ့စိတ်ကူးယဉ်ဇာတ်လမ်းကကော ဘာဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ရှု့စားလိုက်ပါခင်ဗျာ... File Size :(2.1GB) and (683MB) Quality : AMZN.WEB-DL1080p5.1Ch,720p Format…mp4 Duration…01:43:00 Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  PROXY Encoded by Phyo Pyae
movie

Dear Frankie(2004)

Red Sorghum (1988) 7.3
Red Sorghum (1988) Red Sorghum (1988)~ IMDb - 7.3/10, Rotten Tomatoes - 85% ~ကျန်းရိမူရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ဟာ တရုတ်စာရေးဆရာ Mo Yan ရဲ့ Red Sorghum ဝတ္တုထဲပါတဲ့ ဝတ္တုလတ်ငါးပုဒ်ထဲက ပထမ၂ပုဒ်ဖြစ်တဲ့ "Red Sorghum" နဲ့ "Sorghum Wine" ကို ပေါင်းပြီး ရိုက်ထားတယ်။ ဒီငါးပုဒ်လုံးက ဆက်တော့ဆက်နေပေမဲ့ တကယ်တမ်း စာရေးဆရာက မဂ္ဂဇင်းမှာ တစ်ပုဒ်ချင်းစီ ခွဲရေးခဲ့တဲ့ ဝတ္တုလတ်တွေဆိုတော့ ဝတ္တုလတ်၂ပုဒ်လို့ပြောရင်တော့ ပိုမှန်လိမ့်မယ်။ Red Sorghum ဟာ ကျန်းရိမူရဲ့ ပွဲဦးထွက်လက်ရာပေမဲ့ စီနီမာတိုဂရပ်ဖီကတော့ တော်တော်လေး ကြမ်းနေတာတော့ အံ့အားသင့်ဖို့ကောင်းတယ်‌ ပြောရမလိုလို မဆန်းသလိုလိုပါပဲ။ ဘာလို့ဆို ကျန်းရိမူဟာ ဒီကားမရိုက်ခင် စီနီမာတိုဂရပ်ဖာအနေနဲ့ ရုပ်ရှင်လောကမှာ အသက်မွေးဖူးတဲ့လူမို့ပါပဲ။ ဒါပေမဲ့ ဆန်းတာက ဒီကားဟာ ...
movie

Red Sorghum (1988)

1988
Garis Waktu (2022) 6.7
Garis Waktu (2022) Garis Waktu (2022) ------------------------------- IMDb 6.7/10အချစ်တွေသာစစ်ရင် ဘယ်လိုပဲ အခက်အခဲအတားအဆီးတွေနဲ့ အထင်လွဲမှုတွေ ကြုံလာကြုံလာ မဝေးကြစမြဲဆိုတာ ချစ်ဖူးသူတိုင်း သိကြမှာပါ..... ဒီတခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကလဲ ဒီလိုပါပဲ...ငယ်စဉ်ကတည်းက မိဘရဲ့အစီအမံတွေကြား ချုပ်ချယ်မှုတွေကြီးပြင်းခဲ့ရတဲ့ ဧပရယ်............မိဘမဲ့ဘဝနဲ့ ပရဟိတစာသင်ကျောင်းမှာ ကြီးပြင်းလာပြီး ဘဝကို ကိုယ့်စိတ်ကြိုက်အရောင်ခြယ် ပျော်ပျော်နေတတ်တဲ့ အပျော်တမ်းအဆိုတော်လေး ဆီနမ်ဒီကာ....ဘောင်တွေ အဆင့်အတန်းတွေ မတူညီတဲ့သူတိုနှစ်ဦးသားဟာ တနေ့မှာတော့ လမ်းဘေးတနေရာမှာ အမှတ်မထင်ဆုံခဲ့ပြီး စွတ်ပျံ့ကြည်နူးဖွယ် ဝမ်းနည်းကြေကွဲဖွယ် ခံစားချက်တွေနဲ့ ဇာတ်လမ်းလေးတပုဒ် ဖြစ်တည်လာခဲ့ပါတယ်.....အစပိုင်း ကြည်နူးမှုတွေ အလယ်ပိုင်းရင်ခုန်စရာတွေ အဆုံးပိုင်း ဝမ်းနည်းကြေကွဲမှု ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ပိတ်ရက်မှာ အနားယူအေးဆေးကြည့်လိုကောင်းမယ့် ဇာတ်လမ်းတပုဒ်ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ် File size…2.05GB / 900MB Quality…1080p DSNP WEB DL /720p Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Moment
movie

Garis Waktu (2022)

2022
(18+)Sister Sister(2019) 6.0
(18+)Sister Sister(2019) Sister Sisterကင်ကရေဒီယို အသံလွှင့်ရုံက သန်းခေါင်ယံရင်ဖွင့်စကားများဆိုတဲ့ အစီအစဉ်ကိုတင်ဆက်သူတစ်ယောက်ပါ ကင်ကချမ်းသာတဲ့မိသားစုက ပညာတတ်ခင်ပွန်းတစ်ယောက်လဲရှိတယ် လောလောလတ်လတ်ကိုယ်ဝန်ပျက်ကျထားပြီး မိသားစုရေးအဆင်မပြေတာလေးတွေတော့ရှိတာပေါ့ကင်ကသူတင်ဆက်ရတဲ့အစီအစဉ်မှာ ဖုန်းခေါ်ဆိုလာတဲ့သူတိုင်းကို နှစ်သိမ့်ပေးရင် အမ်ဂိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို သံယောဇဉ်တွယ်လာတယ် အဲ့ကောင်မလေးကို သူ့ရည်းစားကဗိုက်တစ်လုံးနဲ့ထားခဲ့တာပါ တစ်နေ့မှာတော့ ကောင်မလေးကို သူအလုပ်လုပ်နေတဲ့ဆိုင်က ဆိုင်ရှင်ကအနိုင်ကျင့်နေလို့ ကင်က သူ့ကိုအိမ်ပေါ်ခေါ်တင်လာတယ်အဲ့အချိန်မှာ ကင်ရယ် သူ့ခင်ပွန်းရယ် သူခေါ်လာတဲ့ ကောင်မလေးရယ် သုံးယောက်ဘယ်လိုစခန်းသွားကြမလဲ ဇာတ်လမ်းလေးက ရိုးမလိုနဲ့ ဟာ ဟာ ဟာဆိုပြီး သုံးခါလောက်ဖြစ်အောင် အလှည့်အပြောင်းတွေပါမဲ့အပြင် မိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့အခန်းလေးတွေတော့ ပါပေမဲ့ Suspense Drama လက်စ်ဘီယန် ဇာတ်ကားကောင်းလေးမို့ CM ပရိသတ်တို့ လက်မလွှတ်တမ်းကြာ့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါရစေ File size…1.2GB/ 600MB Quality…1080p WEB DL /720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

(18+)Sister Sister(2019)

2019
Soulmate (2023) 7.6
Soulmate (2023) Soulmate (2023)“အတောက်ပဆုံးဖြစ်ခဲ့တဲ့ ငါတို့ရဲ့ ၁၇ နှစ်အရွယ်ကို နင်နဲ့ကုန်ဆုံးခဲ့ရပေမဲ့ ၂၇ နှစ်မှာတော့ နင့်ကိုလွမ်းနေရပြီ”အားလုံးစောင့်မျှော်နေခဲ့ရတဲ့ Soulmate (2023) ဇာတ်ကားလေး ထွက်ရှိလာပါပြီ။ငယ်ငယ်လေးကတည်းကနေ ဆယ်ကျော်သက်အရွယ်ထိ အတူတူကြီးပြင်းလာကြတဲ့ မီဆိုနဲ့ဟာအွန်းတို့ အချစ်ဆုံးသူငယ်ချင်းမလေးနှစ်ယောက်။ တစ်ယောက်မရှိရင် တစ်ယောက်မနေနိုင်တဲ့အထိ ချစ်ခဲ့ကြတဲ့ ဒီမိန်းကလေးနှစ်ယောက်ရဲ့ ဘဝထဲကို ဟန်ဂျင်ဝူးဆိုတဲ့ကောင်လေး ဝင်ရောက်လာတဲ့အခါမှာတော့ သုံးပွင့်ဆိုင်ဖြစ်လာမယ့် Romance ဇာတ်လမ်း အေးအေးလေးကို ကြည့်ရှုခံစားကြရမှာပါ။Soulmate ဆိုတဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးOur Beloved Summer ထဲက Kim Dami, Our Blooming Youth ထဲက Jeon SoNee နဲ့ 20th Century Girl ထဲက Byun WooSeok တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p ...
movie

Soulmate (2023)

2023
[18+]Observation Man (2019)
[18+]Observation Man (2019) [18+]Observation Man (2019)***************************ဒီဘဲကြီးက အသက်၃၀သာကျော်တာအချစ်နဲ့ပတ်သက်ပြီး မခံစားဖူးသေးတဲ့လူ..ဆိုတော့sex ဆိုတာလည်း စာအုပ်နဲ့အခွေလောက်ပဲ အတွေ့အကြုံယူပြီးဖီးနေရတဲ့သူ..ဒါ့ကြောင့် သူက ဒါမျိုးတွေစမ်းသပ်ချင်လာတယ်..ကံကောင်းထောက်မစွာ သူ့ပထမဆုံးအတွေ့အကြုံကဝါရင့်ချာတိတ်မလေးဖြစ်နေတော့ ပညာစုံရသွားသလိုဖြစ်သွားတယ်..အဲ့ဒီနောက်မှာတော့ အကွက်စုံခင်းပြီး အလန်းလေးတွေချည်းဖန်တီးနိုင်လေတဲ့အခါမှာတော့..စွန်းလှတဲ့ကွီးယားမလေးတွေ ပါသလိုအိပ်ရာခန်းအမိုက်စားစုံလည်းပါဝင်တာကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါဘူး... File Size :(1.4GB) and (526MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:11:00 Genre : Adult, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS
movie

[18+]Observation Man (2019)

Autumn in New York(2000) 6.7
Autumn in New York(2000) Autumn in New York(2000)*************************နယူးယော့ခ်ရဲ့ ဆောင်းဦးရာသီကို မြင်ယောင်ကြည့်ဖူးပါသလား။ အားလုံးသိတဲ့အတိုင်းဆောင်းဦးဆိုရင် နေရောင်မရဘဲ အအေးဒဏ်ကိုကြံကြံခံနေရတဲ့ အစိမ်းရောင်သစ်ရွက်တို့ဟာအစာမချက်လုပ်နိုင်ဘဲ အဝါရောင်အဖြစ်ပြောင်းလဲလို့နေပါပြီ။တစ်နည်းအားဖြင့်တော့ သူတို့တွေ လောကကြီးကို နှုတ်ဆက်ခွဲခွာလုဆဲအချိန်ပါ။သစ်ရွက်တို့ရဲ့ ဘဝနေဝင်ချိန်ဟာ မြို့တော်ကြီးကိုအလှဆင်ရင်း တခမ်းတနားနဲ့ပေါ့။ ဒီဆောင်းဦးမှာစတင်ခဲ့တဲ့အချစ်ဇာတ်လမ်းဟာလည်း သစ်ရွက်တွေလိုပဲ အဆုံးသတ်မှာလား။ပလေးဘွိုင်းBillဟာ ဘဝတစ်လျှောက်လုံး မိန်းကလေးတွေကို ပလေးလာခဲ့ပြီးအသက်၄၈နှစ်အရွယ်နဲ့ လူပျိုကြီးဖြစ်နေဆဲပါ။ တစ်နေ့မှာ သူဖွင့်ထားတဲ့စာသောက်ဆိုင်ကိုသူ့ရည်းစားဟောင်းရဲ့သမီးဖြစ်သူက မွေးနေပွဲလာကျင်းပပါတယ်။တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံပြီး ဦးနဲ့သမီးဇာတ်လမ်းစတင်ခဲ့ပါတယ်။ဒါပေမဲ့ ဗီဇဆိုတာ ဖျောက်ရခက်သားမဟုတ်လားဗျ။ သူတို့နှစ်ယောက်ကြားကအချစ်ဇာတ်လမ်းကို နယူးယော့ခ်ရဲ့ ဆောင်းဦးရွက်ကြွေတွေကြားက ကြည့်ရှုရမှာပဲဖြစ်ပါတယ်။  File Size : (1.9GB) and (808MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:43:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

Autumn in New York(2000)

Almost Pyaar with DJ Mohabbat (2023) 4.7
Almost Pyaar with DJ Mohabbat (2023) Almost Pyaar with DJ Mohabbat (2023) ***************************************************ယခုတစ်ခါအလှည့်ကျတာကတော့ Parallel Universe အကြောင်း စိတ်ဝင်စားသူတွေအကြိုက်တွေ့စေမဲ့ အပြိုင်စကြဝဠာအကြောင်းပါ မင်းသမီးချောလေး အာလ်ယာအက်ဖ်နဲ့ မင်းသား ကာရန်မဲဟ်သာတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။အပြိုင်စကြဝဠာ ..တစ်ဖက်စကြဝဠာကကိုယ်ကဒီအချိန်ဘာတွေလုပ်နေလိမ့်မလဲ ဒီဘက်မှာစော်မရှိတဲ့လူတွေရော ဟိုဘက်လောကမှာရည်းစားရနေမလား ဒါကတော့တော်တော်များများတွေးဖူးကြမှာပါ ဒါဆိုရင်တော့ဒီကားကိုကြည့်သင့်ပါတယ်။ဟာမိနဲ့ အိုင်ရှာကတစ်တွဲ ယာဂုနဲ့ အမ်ရီတာကတစ်တွဲ ပြသွားမဲ့ပုံစံပဲဖြစ်ပါတယ် ဟာမိနဲ့အိုင်ရှာကတော့ဘားတစ်ခုမှာတွေ့ဆုံရာကစပြီးဖြစ်တည်လာမဲ့စုံတွဲဖြစ်ပြီး ယာဂုနဲ့အမ်ရီတာကတော့ ဟိုလီပွဲကိုအကြောင်းပြပြီးတွေ့ဆုံရမှာပါ။ တစ်ပိုင်းချင်းစီကိုသေချာလေးကြည့်ရင်တော့ ဟာကွက်မရှိတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါလို့ညွှန်းဆိုရင်း... ဘာသာပြန်တွေကတော့ Yunni,Bplနဲ့ Thaik Sanတို့ဖြစ်ပါတယ်။ File size…1.5GB / 659MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~ Thaik San
movie

Almost Pyaar with DJ Mohabbat (2023)

2023
Rye Lane (2023) 7.3
Rye Lane (2023) Rye Lane (2023) ============ IMDb Rating - 7.3/10အသည်းကွဲနေတဲ့ကောင်လေးနဲ့ လမ်းခွဲပြီးစ ကောင်မလေး တို့ရဲ့ လန်ဒန်မြို့တောင်ဘက်ခြမ်းက လမ်းမထက်က အချစ် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှက်တတ်တဲ့ ဒွန်မ်နဲ့ တက်တက်ကြွကြွနေတတ်တဲ့ ရာ့စ်တို့နှစ်ယောက်ဟာ အကျင့်စရိုက်ချင်းမတူညီကြပေမယ့် အချင်းချင်းနှစ်သိမ့် ပေးရင်း အခက်အခဲတွေကို ကူညီပေးရင်း အချစ်ပန်းပွင့် ဖူးလာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။များသောအားဖြင့် ဒီလိုကားမျိုးတွေဟာ ချိုသာတဲ့အပြော လေးတွေ အပြလေးတွေနဲ့ ကြည့်ရှုသူကို ချွဲမယ့်ကားဆို ပေမယ့် ဒီဇာတ်ကားလေးကတော့ ဟာသလေးတွေ အလွဲ လေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် အချစ်ဟာသ ကားလေးဖြစ်ပါတယ်။ တစ်ချိန်ချိန်တစ်နေရာရာမှာ ကိုယ် နဲ့လိုက်ဖက်ညီမယ့်လက်တွဲဖော်ဆိုတာ စောင့်နေပါတယ် ဆိုတဲ့ အသိလေးကို ပေးထားတဲ့ကားလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File Size..........(1.41 GB) / (588 MB) / (334 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 22Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Zaw Myo Thu Encoder..........SWM
movie

Rye Lane (2023)

2023
While You Were Sleeping(1995) 6.8
While You Were Sleeping(1995) While You Were Sleeping(1995)****************************မင်းသမီးကြီး Sandra Bullockသရုပ်ဆောင်ထားတာဆိုတော့ မကောင်းမှာစိုးရိမ်စရာမလိုပါဘူး။ ဘဝဆိုတာ ဘယ်တော့မှ ကိုယ်စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာဘူးတဲ့။ရထားဘူတာရုံမှာ အလုပ်လုပ်တဲ့ကောင်မလေးLucyဟာဘူတာရုံကိုရထားလာစီးနေကျ ကိုယ်တော်ချောတစ်ယောက်ကို ကြိတ်ကြွေနေခဲ့ပါတယ်။ ကိုယ့်ဘက်ကကြွေနေရပေမဲ့ သူက ကိုယ်ရှိမှန်းတောင် မသိပါဘူး။တစ်နေ့မှာ ထိုကိုယ်တော်ချောဟာ လူရမ်းကားတွေကြောင့် ပလက်ဖောင်းပေါ်ကနေရထားသံလမ်းပေါ်ကို ပြုတ်ကျသွားပါတယ်။ ဒီအချိန်မှာ Lucyက ကယ်ပေးပြီးဆေးရုံပို့လိုက်ပါတယ်။ ကိုယ်တော်ချော ကိုမာရနေပြီး မိသားစုတွေရောက်လာချိန်မှာLucyကို သူတို့ချွေးမလောင်းအဖြစ် ထင်မှတ်မှားသွားကြပါတယ်။Lucyလည်း အဖြစ်မှန်ကို ရှင်းပြချိန်မရလိုက်ပါဘူး။ ဒီလိုနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာဆက်လက်စောင့်ကြည့်လိုက်ပါဦးခင်ဗျာ။ ချစ်စရာကောင်းတဲ့အချစ်မြူးကားလေးမို့ လက်မလွှတ်တမ်း ကြည့်ရှူလိုက်ကြပါဦး။File Size : (4.5GB) and (866MB) Quality : Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:43:00 Genre : Romance, Drama,  Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

While You Were Sleeping(1995)

Three Lines of Reincarnation ( 2023 ) 5.9
Three Lines of Reincarnation ( 2023 ) မြေအောက်သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်ကားတွေကိုရိုးအီနေကြပြီလား..... ဒီတစ်ခါတော့ မြေအောက်မှာရတနာတွေဖွက်တဲ့အခါ ခိုးယူခံရနိုင်တဲ့အန္တရာယ်များတဲ့အတွက် ယိ၊ကျန်း၊တင်း မျိးနွယ်(၃)စုရဲ့အကူအညီနဲ့ရေအောက်မှာ ရတနာသိုက်တည်ပြီးမြှုပ်နံကြပါတယ်တဲ့။မျိုးနွယ်(၃)စုရဲ့ထူးခြားချက်ကတော့ ရေအောက်မှာအသက်ရှူနိုင်ပြီး စိတ်ကြိုက်သွားလာနိုင်တဲ့ ရေသရဲလို့ခေါ်တဲ့ထူးခြားတဲ့လူတွေရှိနေခြင်းပါပဲ။ ယိဆာ့ဆိုတဲ့ကောင်မလေးဟာ ထူးဆန်းတဲ့ရောဂါကိုကုသဖို့အတွက်နဲ့ သူငယ်ငယ်တုန်းက သူတို့မျိုးနွယ်တစ်စုလုံး မျိုးတုန်းလုမတတ်ဖြစ်ခဲ့ရတဲ့ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အားလုံးပဲရေအောက်ကမ္ဘာရဲ့လျှို့ဝှက်ချက်တွေကိုအတူဖော်လုပ်လိုက်ကြပါဦးနော်...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Adventure , Drama , Romance Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Three Lines of Reincarnation ( 2023 )

Just Go with It(2011) 6.4
Just Go with It(2011)  Comedy ကားကောင်းတွေ ရှားပါးလာတဲ့အချိန်မှာ ၂၀၁၁ ခုနှစ်က ထွက်ရှိထားတဲ့ Comedy/Drama ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Grown ups, Big Daddy တို့ရဲ့မင်းသားကြီး Adam Sandler... Friends seriesက မင်းသမီး Jennifer Aniston... Battleship ဇာတ်ကားထဲက မင်းသမီးချောလေး Brooklyn Decker တို့နဲ့ဆိုတော့ တကယ့်ကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားလေးကတော့ လက်စွပ်လေးတစ်ကွင်းကြောင့် တစ်လောကလုံးဗြောင်းဆန်ကုန်တယ်လို့ပဲပြောရမှာပါ။ ပလက်စတစ်ဆာဂျရီပညာရှင် ‌ဒန်နီယယ်မက်ကာဘီးဟာ လက်ထပ်ခါနီးမှာ သူ့ဇနီးလောင်းကသူ့မကောင်းကြောင်းပြောနေတာကို ကြားခဲ့ရပြီး မင်္ဂလာပွဲပျက်ပြီး စိတ်ဒဏ်ရာရခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ လက်ထပ်လက်စွပ်ကို မစွန့်ပစ်လိုက်ပဲနဲ့ ကောင်မလေးတွေကိုလက်စွပ်ပြ၊ မိန်းမကနှိပ်စက်ကြောင်းပြော၊ မျက်ရည်ခြူတဲ့ စားဘဲကြီးလုပ်ပါတော့တယ်။ တစ်ရက်မှာတော့ သူတကယ်သဘောကျတဲ့ကောင်မလေးတွေ့ပေမယ့် သူ့လက်စွပ်အကြောင်းကိုအမှန်အတိုင်းမပြောချင်တဲ့အခါ လိမ်ပြောဖို့ ဉာဏ်နီဉာဏ်နက်တွေသုံးပါတော့တယ်။ သူ့ကိုကူပြီးလိမ်ပေးဖို့ သူ့လက်ထောက်လည်းမနေရ၊ သူ့လက်ထောက်ရဲ့သားသမီးတွေလည်းမနေရ၊ အဲဒီသားအမိတွေကလည်း အခွင့်အရေးရ‌တုန်း မွှေချလိုက်တော့ ဒန်နီတစ်ယောက် ပြဿနာတွေကြီးပါတော့တယ်။ဒီလိုနဲ့ ဒန်နီက သူချစ်တဲ့‌ကောင်မလေးကိုရမလား၊ ...
movie

Just Go with It(2011)

Spring(2014) 6.7
Spring(2014)  ဒီဇာတ်ကားလေးကတော့ အချစ်ကားတွေ အဖြစ်မှန်လို ထိတ်လန့်စရာတွေကို ကြိုက်တတ်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အီဗန်ဆိုတဲ့ ကောင်လေးတစ်ယောက်က ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့ အီတလီကို ခရီးနှင်လာပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်မလေး လူးဝစ်နဲ့ တွေ့ဆုံကြတဲ့ သူတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်နယ်မြို့လေးရဲ့ အလှအပလေးတွေ ခံစားရင်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေ ဘယ်လိုဘယ်ပုံဖြစ်လာလည်းဆိုတာကြည့်ရင်းနဲ့ အီဗန်က လူးဝစ်ရဲ့ လျှို့ဝှက်ချက်ကြီးကို သိသွားတဲ့အချိန်မှာ ဘာတွေဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရမှာပဲ ဖြစ်ပါတယ်ရိုက်ချက်အလှတွေနဲ့ တမူထူးခြားတဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့် ဒီဇာတ်ကားလေးက ကြည့်ပြီးရင် ခေါင်းထဲမှာ စွဲကျန်နိုင်စေမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ် File size…1.52GB / 560.2MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ..... Horror , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Spring(2014)

Bridget Jones’s Baby (2016) 6.5
Bridget Jones’s Baby (2016) Bridget Jones's Baby (2016)~ IMDb - 6.5/10, RT - 78%, Meta - 59% ~ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့ 2 အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က‌ တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်‌နေခဲ့ပါတယ်။အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘ‌တွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ...
movie

Bridget Jones’s Baby (2016)

2016
Autumn Sonata (2017) 5.2
Autumn Sonata (2017) Autumn Sonata ( 가을 우페국) (2017) ===========================၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး အဓိပ္ပာယ်အပြည့်နဲ့ လှပတဲ့ ကိုရီးယားဇာတ်ကား‌ဟောင်းလေး ဖြစ်ပါတယ်။ အဆို တော်သရုပ်ဆောင်မင်းသမီး BoA နဲ့အတူ မင်းသား Lee Hak Joo တို့အဓိက ပါဝင်ထားပါတယ်။ကိုယ့်‌ မွေးရပ်မြေ မြို့လေးနဲ့ သဘာဝတရားကို ချစ်မြတ် နိုးပြီး သင်္ခါရတရားကို သေချာနားလည်ထားတဲ့ ရင့်ကျက် တဲ့ ၂၉ နှစ်အရွယ် မမ "ဆူရွန်း"နဲ့  သူ့နောက်အမြဲ တကောက် ကောက်လိုက်နေတဲ့ ၂၆ နှစ်အရွယ် မောင်လေး "ဂျွန်းလေး" တို့ရဲ့ ကြည်နူးဖွယ်ဇာတ်လမ်းလေး...• အင်ဆူရွန်း အဖြစ် BoA • ဂျွန်းလေး အဖြစ် Lee Hak Jooဇာတ်အလှည့်အပြောင်းတွေနဲ့ ပရိတ်သတ်ကြီးကို ရင်ထဲထိ စေမယ့် ရသတစ်ခုခု ပေးမယ်ဆိုတာ ယုံကြည်ပါတယ်။ ဇာတ်ရှိန်ပျက်မှာစိုးလို့ ဒီကားလေးကိုတော့ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူးနော်...ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြဖို့ အကြံပေးချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်)File Size..........(1.22 GB) / ...
movie

Autumn Sonata (2017)

2017
Serena(2014) 7.0
Serena(2014) Serena(2014)************မင်းသားကြီးBradley Cooperနဲ့ မမJennifer Lawrenceတို့အဓိကသရုပ်ဆောင်ထားတဲ့ Dramaကားလေးပါ။ဂျော့်ဟာ ရည်မှန်းချက်ကြီးတဲ့ သစ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးတစ်‌နေ့မှာတော့ ဆရီနာကို မြင်မြင်ချင်းချစ်ခင်သွားပြီး တွေ့တွေ့ချင်းပဲလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဆရီနာကလည်း သစ်လုပ်ငန်းရှင်တစ်ဦးရဲ့သမီးဖြစ်တာနဲ့အညီ ဂျော့်နဲ့လက်တွဲခဲ့ပြီးနောက်မှာ သူ့စီးပွားရေးကိုပါဦးစီးနိုင်လာပါတယ်။ အချစ်စစ်တို့မည်သည် ရိုးရှင်းဖြောင့်ဖြူးမနေပါဘူး..တကယ်တော့ သူတို့ (၂) ဦးလုံးမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီးအဲ့ဒီအရာတွေပေါ်လာတဲ့အခါမှာတော့ သူတို့ဘယ်လိုဆက်ဖြတ်သန်းကြမလဲ.. ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ရိုက်ကွင်းလှလှတွေနဲ့ လိုက်ဖက်လှတဲ့မမJennifer Lawrenceတို့စုံတွဲကို တစ်ဝကြီးထိုင်ကြည့်နိုင်ပါပြီ။File Size :(1.9GB) and (700MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:49:00 Genre :History, Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Serena(2014)

Love So Divine(2004) 6.7
Love So Divine(2004) Love So Divine(2004)*******************ဂင်ဂျူရှစ်ဆိုတဲ့လူငယ်လေးဟာ ခရစ်ယာန်ဘာသာကို အထူးယုံကြည်သက်ဝင်ပြီးကျန်ရှိတဲ့သက်တမ်းတစ်လျှောက်ကိုလည်း မွန်မြတ်တဲ့ ဖာသာတစ်ဦးအဖြစ်နဲ့ ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတဲ့ သူတစ်ဦးပါ... ဒါ့ကြောင့် ခရစ်ယာန်ကျောင်းတော်မှာလည်း ကျင့်ဝတ်တွေကိုသေချာလိုက်နာပြီး စာတွေလည်း အရမ်းကြိုးစားခဲ့ပါတယ်... ဒီလိုနဲ့ သူနေတဲ့ ခရစ်ယာန်ကျောင်းတော်ကြီးက ဖာသာကြီးရဲ့ သမီးဖြစ်သူဟာအမေရိကားမှာ စာသင်ပြီး ကျောင်းပိတ်လို့ပြန်လာခဲ့ပါတယ်... ကောင်မလေးဟာ အမေရိကားမှာကျောင်းတက်လာတဲ့ခေတ်လူယ်ပီပီခေတ်ဆန်ပွင့်လင်းပြီး အရာရာကိုစူးစမ်းတဲ့သူတစ်ဦးပေါ့ ...ဒီလိုကောင်မလေးနဲ့ ရှေးရိုးစွဲ ဘာသာရေးသာ ပထမလို့ ယူဆထားတဲ့ လူငယ်လေးနဲ့တွေ့တဲ့အခါမှာတော့....File Size :(1.4GB) and (654MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:45:00 Genre : Romance , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Nan D Lin Encoded by Phyo Pyae
movie

Love So Divine(2004)

Love Today (2022) 8.1
Love Today (2022) Love Today (2022) IMDb - 8.1/10၂၀၂၂ မှာထွက်ရှိထားပြီး rating ရှယ်ရထားတဲ့အပြင် ရုံ၀င်ငွေမှာရှယ်မြတ်ထားတဲ့ တမီးလ်ရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ လူကြိုက်များတဲ့အပြင် မစိမ်းတဲ့တမီးလ်နာမည်ကြီးသရုပ်ဆောင်တွေပါပြီး ယူတတ်ရင် ပညာလည်းရမယ့် ရုပ်ရှင်တစ်ကားပေါ့...ဇာတ်လမ်းအကျဉ်း ချစ်သူနှစ်ယောက်ဟာ အချင်းချင်းချစ်တယ်လို့ပြောကြတယ်၊ သက်တမ်းကြာလာရင်ကိုယ့်အကြောင်း သူ့အကြောင်းထဲထဲ၀င်၀င်သိကြတယ်၊ ဘာလျှို့ဝှက်ချက်မရှိဘူး အချင်းချင်းယုံကြည်ပါတယ်လို့ပြောကြတယ်...ဒါပေမယ့်အဲ့ဒါကစကားအရပဲလား၊ အဲ့ဒါကိုတကယ်သက်သေပြရဲကြရဲ့လား... ဒါဆိုရင်ကိုယ့်ရဲ့ ကိုယ်ပိုင်ဖုန်းကို ကိုယ်ချစ်ရတဲ့သူ၊ ယုံကြည်ရပါတယ်ဆိုတဲ့ သူကိုပေးသုံးရဲလား၊ password နံပါတ်တွေပေးရဲလားပေါ့... ဒီဇာတ်ကားမှာတော့ ချစ်သူနှစ်ဦးဟာ အချင်းချင်းချစ်ကြတယ် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိတယ်ဆိုတာကို သက်သေပြဖို့ တစ်ယောက်နဲ့တစ်‌ယောက် ဖုန်းချင်းလဲသုံးခိုင်းပါတော့တယ်။အဲ့မှာဇာတ်လမ်းစတော့တာပါပဲ...ဒီတော့ အချင်းချင်းယုံကြည်ပါတယ်ဆိုတဲ့ ချစ်သူနှစ်ဦးက ဖုန်းကိုအသာတကြည်လဲသုံးနိုင်ကြရဲ့လား၊ ဖုန်းpassword မဖွင့်မနိုင်အောင် ဘယ်လိုကြံစည်ကြမလဲ၊ ဘာလျှို့ဝှက်ချက်တွေများ ရှာတွေ့သွားကြမလဲ၊ အချင်းချင်းလက်ခံနိုင်ပါဦးမလားဆိုတာ... ကိုယ့်မှာလည်းချစ်ရတဲ့သူရှိရင် ဖုန်းလဲသုံးခိုင်းပြီး အချစ်စမ်းကြည့်လို့ရတာပေါ့... File size…2.3GB/ 1.1GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~Nyein
movie

Love Today (2022)

2023