Channel Myanmar

Romance

I Love You Two (2016) 5.6
I Love You Two (2016) I Love You, Two (2016)"နှစ်ယောက်လုံးကိုလည်း ချစ်တယ်၊ နှစ်ယောက်လုံးကလည်း ချစ်တယ် ငါ့ကိုယ်ငါပဲ သတ်သေလိုက်ချင်တယ်"အဲဒီအဖြစ်မျိုး ကြုံလာခဲ့ရင် ဘယ်လိုလုပ်မလဲ?ဇာတ်လမ်းအကျဉ်းကတော့ ဗီဗီယမ်ဟာ ဆုတောင်းပြည့်ဘုရားမှာ ဆုတောင်းအပြီး တွန်မွန်နဲ့ဂျမ်နီယမ်ဆိုတဲ့ ကောင်ချောလေးနှစ်ယောက်နဲ့ဆုံခဲ့ရတယ်သူတိုကလည်း ဗီဗီယမ်ကိုသဘောကျမိခဲ့တာကြောင့် အရင်ကပွေရှုပ်ခဲ့သမျှ ဒီမှာတင်ရပ်ပြီး အချစ်ကိုရဖိုစကြိုးစားပါတယ် သူငယ်ချင်းနှစ်ယောက်က အချင်းချင်းမကောင်းကြံကြပြီး ဗီဗီယမ်ကိုသူ့ထက်ငါအရင်လက်ထပ်ခွင့်တောင်းကြရာမှာဗီဗီယမ်လည်း ရွေးမတတ်တော့တဲ့အဆုံး နှစ်ယောက်လုံးနဲ့လက်ထပ်ပြီး ၃ယောက်အတူနေမယ်ဆိုပြီး ဖြစ်လာပါရောလေဒါပေမယ့် ဗီဗီယမ်က နောက်ဆုံးမှာသူဘယ်သူ့ကိုချစ်လဲဆိုတာ သူ့စိတ်ကိုသူသိလာချိန်မှာ ဘယ်သူ့ကိုရွေးမလဲ သူတိုကြားက ရယ်စရာဖြစ်ရပ်တွေကို အူတက်အောင်ခွီရမဲ့ ဟာသကားလေးမို လုံးဝအမောပြေစေမှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre.....Comedy, Romance Quality…. 1080p | 720p | 480p File size…2.12GB| 1.16GB | 464MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... August
movie

I Love You Two (2016)

Dreamy Eyes (2019) 6.9
Dreamy Eyes (2019) Dreamy Eyes (2019)~ IMDb rating - 6.9/10 ~"ဟိုးတုန်းက ကလင်ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်..."စက်ဘီးကလေးတစ်စီးနဲ့ လူငယ်ဘဝဟာ ကောင်ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းရိပ်မသန်းတဲ့ ရွှေအိုရောင်ကာလတွေပါပဲ။ အဲဒီရွှေအိုရောင်အတိတ်မှာပဲ ဝေဝေရီရီမျက်လုံးလေးတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ဝေဝေရီမျက်ဝန်းလေးတစ်စုံနဲ့ ကောင်မလေးတစ်ယောက်ဟာ ဘာကိုမှမသိတတ်သေးတဲ့ ကောင်ကလေးတစ်ယောက်ရဲ့ မစားရက်မသောက်ရက် ပိုင်ဆိုင်ချင်ခဲ့တဲ့ ဆင်စွယ်မင်းသမီးရုပ်ကလေးပေါ့။ ဘကြီးအောင်ညာတယ်ဆိုတဲ့ အဖြစ်မျိုးကိုလည်း သူ မသိတတ်ခဲ့ဘူး။နှင်းဆီခြုံတောထဲ သူမ ဖြတ်လျှောက်သွားတဲ့အခါ... ကတ္တီပါဆံပင်ရှည် သမင်လည်ပြန်မပွင့်တပွင့်အပြုံးတွေ၊ ဝေဝေရီရီမျက်ဝန်းတွေကို ငေးကာမောကာနဲ့၊ ဝေးရမယ်ဆိုတဲ့အသိမှာ အခါခါသေရင်း၊ ကျောင်းသွားဖော်ကောင်မလေးရဲ့ အနောက်ဆီ‌မှာ ရာစုတစ်ထောင်ကျန်ရစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ နေဝင်မှာကို သိပ်ကြောက်ရင်း ညဉ့်နက်ခဲ့သူတစ်ယောက်ပေါ့။ တစ်ချိန်က ကောင်မလေး မက်မောခဲ့တဲ့အရာတွေဟာ အခုတော့ လွယ်လင့်တကူများဖြစ်ခဲ့ပြီ။ ပစ္စုပ္ပန် ကောင်မလေး တမ်းတနေတတ်တဲ့အရာတွေဟာ ကောင်လေးမမီနိုင်ရာများဖြစ်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာဟာ ဘာများလဲ။ ကိန်းဂဏန်းလား စက္ကူတစ်ရွက်လား ဦးရာလူလား ...
movie

Dreamy Eyes (2019)

2019
Out of the Blue (2022)
Out of the Blue (2022)  ဒီတစ်ခါတော့ မိန်းမမာယာ သဲကိုးဖြာကိုမှ အကွက်ကွက်ကျကျလေးရိုက်ပြသွားတဲ့ ရုပ်ရှင်လေးတစ်ကား တင်ဆက်လိုက်ပါတယ် မိန်းမမာယာတောင်မှ နှစ်ယောက်ဆိုတော့ ဘယ်လိုမှကိုနွံထဲကရုန်းမထွက်နိုင်အောင်ဖြစ်ရပြီပေါ့ဗျာ အရင်က လူသေမှုနဲ့ထောင်ကျခဲ့တဲ့ ကွန်နာဆိုတဲ့ကောင်လေး ဟာ ကမ်းခြေကိုသွားရင်း မာရီလင်းဆိုတဲ့ မမကြီးနဲ့ ဆုံခဲ့ကြတာပါအဲဒီနောက် မာရီလင်းက ကောင်လေးအလုပ်လုပ်တဲ့ စာကြည့်တိုက်မှာ စာအုပ်လာငှားရင်းနဲ့ ဆက်သွယ်မိခဲ့ရာက‌နေ ခွဲမရအောင်ချစ်မိသွားခဲ့ကြတာပေါ့ အဲဒီအချိန်မှာပဲ မာရီလင်းမှာ အရမ်းချမ်းသာတဲ့ယောကျာ်းရယ် လင်ပါသမီးလေးရယ်ရှိနေပြီး သူ့ကိုလည်းနှိပ်စက်ပါတယ်လို့ ကွန်နာ ကိုဆက်တိုက်ပြောဆိုရာကနေ နောက်ဆက်တွဲဖြစ်လာမဲ့ ဇာတ်လမ်းလေးကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲဗျာFile size…(1.7GB)/(908MB)/(451MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Thriller / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

Out of the Blue (2022)

[+18]Jamon Jamon(1992)
[+18]Jamon Jamon(1992) [+18]Jamon Jamon(1992) အညွှန်း*****************************Penélope Cruz  နဲ့ Javier Bardem တို့လို့ နာမည်ကျော်တွေပါပြီးအတော်ကြမ်းတဲ့ (၁၈+ )ခန်းတွေပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ဇာတ်လမ်းလေးကတော့ အမျိုးသားအောက်ခံဘောင်းဘီထုတ်လုပ်တဲ့စက်ရုံပိုင်ရှင်ရဲ့သား ဂျိုးလူးဝစ်ဟာသူတို့စက်ရုံက အလုပ်သမားလေးဆေဗီယာဆိုတဲ့ကောင်မလေးနဲ့ ချစ်ကြိုက်မိသွားကြတယ်။ဆေဗီယာတို့မိသားစုပြေလည်ကြတဲ့သူတွေမဟုတ်ကြပါဘူး၊ဖခင်ကစွန့်ပစ်သွားတဲ့အတွက် ဆေဗီယာရဲ့မိခင်ဟာသူတို့ညီအစ်မသုံးယောက်ကိုငယ်စဉ်ကတည်းကရှာကျွေးရတယ်။စီးပွားရေးအခြေအနေအရ ဘားလေးတစ်ခုဖွင့်ထားတယ်၊ပတ်ဝန်းကျင်ကသူ့အမေကိုအပျက်မလို့သမုတ်ကြတယ်၊ဒီလိုနဲ့ဆေဗီယာဟာလူးဝစ်နဲ့ကိုယ်ဝန်ရှိသွားတယ်၊လူးဝစ်ရဲ့အမေဟာ ဆေဗီယာနဲ့သဘောမတူပါဘူး၊စက်ရုံမှာကြော်ငြာလာရိုက်တဲ့ ရာဟူးလ်ဆိုတဲ့တစ်ယောက်ကိုပိုက်ဆံပေးပြီးသူတို့နှစ်ယောက်ကိုပြတ်ခိုင်းအောင်ကြံစည်ခိုင်းတဲ့အခါမှတော့..... File Size :(1.9GB)(0.9GB) and (311MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:35:00 Genre : Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

[+18]Jamon Jamon(1992)

Love Nonetheless (2022) 6.7
Love Nonetheless (2022) ဒီနှစ်ထဲမှာ ထွက်ရှိထားတဲ့ ရို့မန့်ဇာတ်လမ်းလေးတစ်ပုဒ်ကို CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းလေးမှာတော့ အသက်အရွယ်ကွာခြားတဲ့လူနှစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ အချစ်ကို ဘယ်လိုအဓိပ္ပာယ်ယူဆပုံဖော်ကြလဲဆိုတာကို တင်ဆက်ပေးထားလို့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ROMANCE ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းတာဒါစံက စာအုပ်ဟောင်းအရောင်းဆိုင်ဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ် တစ်ရက်မှာတော့ တာဒါစံရဲ့ဆိုင်ကို အထက်တန်းကျောင်းသူ ကောင်မလေးတစ်ယောက် ရောက်ရှိလာခဲ့ပြီး စာအုပ်တစ်ခုကို ခိုးယူထွက်ပြေးခဲ့တယ် ဒါကို မြင်သွားတဲ့ တာဒါစံက ကောင်မလေးကို လိုက်ဖမ်းခဲ့တယ် နောက်ပြီး မိသွားတဲ့အချိန်မှာ ကောင်မလေးက ခံဝန်စာတစ်စောင်ရေးပေးခဲ့ရတယ် တကယ်တော့ ဒီကောင်မလေးက တာဒါစံကို သဘောကျနေခဲ့တာပါ သူ့ထက် အသက်ထက်ဝက်လောက်ကြီးတဲ့ လူတစ်ယောက်ကို သဘောကျနေတဲ့ ဒီကလေးမလေးကို တာဒါစံကတော့ ကလေးတစ်ယောက်အဖြစ်ပဲ သတ်မှတ်ခဲ့ပါတယ် ကောင်မလေးက ဆိုင်ကိုအမြဲလာတယ် လာတိုင်းလည်း တာဒါစံကို စာတစ်စောင်ပေးတယ် စာထဲမှာလည်း သူ့ကိုလက်ထပ်ဖို့ အမြဲပြောထားတယ် ဒါပေမယ့် စိတ်ထဲမှာ အခြားတစ်ယောက်ရှိနှင့်နေပြီးသားဖြစ်တဲ့ တာဒါစံကလည်း ကောင်မလေးကိုအမြဲတမ်းငြင်းပယ်ခဲ့တယ် နောက်ဆုံး သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားမလဲ ကောင်မလေးရဲ့ အချစ်ကြောင့် တာဒါစံ စိတ်ပြောင်းလဲသွားမှာလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါဦးNative Title: 愛なのに Also Known As: Ai Nanoni ...
movie

Love Nonetheless (2022)

Gabriel’s Rapture:3(2022)
Gabriel’s Rapture:3(2022) Gabriel's Rapture:3(2022)အညွှန်း*****************************နာမည်ကျော်စာရေးဆရာ Sylvain Reynard ရဲ့ Best Selling Novels Series တွေကို ပြန်ရိုက်ကူးထားတာဖြစ်ပြီးဒီတစ်ခါမှာတော့ part 3 အထိ သုံးကားထွက်ရှိထားပါတယ်။ဇာတ်ကောင်တွေဖြစ်တဲ့ ဂေဘရီရယ်နဲ့ ဂျူလီယာကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ အပိုင်းနှစ်မှာ ဂေဘရီရယ် ရက်ရက်စက်စက် ထားခဲ့တာခံခဲ့ရပြီး အသည်းကွဲသွားတဲ့ ဂျူလီတစ်ယောက် သူငယ်ချင်းပေါလ်နဲ့ပါမောက္ခကတ်သရင်းတို့ရဲ့ ကူညီမှုတွေကြောင့် ပြန်အဆင်ပြေစပြုလာပါပြီ။ကျောင်းဆက်တက်ဖို့ ဘော်စတွန်ကို ပြောင်းခဲ့ရာမှ ဂေဘရီရယ်ဆီကမက်ဆေ့တွေကို အမှတ်မထင် ရှာတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ ပြန်ဆုံကြမလား။ဂေဘရီရယ် ဘာလို့ ဒီလောက်ရက်စက်ခဲ့ရလဲဆိုတာကို ကြည့်ရှူခံစားရမှာပါ။  File Size :(2.5GB)(847 MB) and (223 MB) Quality : Blu-Ray1080p 720p Format…mp4 Duration…02:00:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae 
movie

Gabriel’s Rapture:3(2022)

Murder (2004) 5.5
Murder (2004) Murder (2004) Drama, Romance, Thriller IMDb 5.5/10 (4.1K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ အိန္ဒိယရုပ်ရှင်လောကရဲ့ Kissing မင်းသားဆိုပြီး နာမည်တွင်လာခဲ့တဲ့ ဇာတ်ကားလေးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ အင်မရန်းဟက်ရှမီရဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဆူဒီးနဲ့ ဆင်မရန်းတို့ဟာ ဘန်ကောက်မြို့ကို ပြောင်းရွှေ့အခြေချနေထိုင်နေတဲ့ မိသားစုလေးတစ်စုဖြစ်ပြီး သူတို့မှာ ကဗီးဆိုတဲ့ သားလေးတစ်ယောက်ရှိတယ် လောလောလတ်လတ် ဘန်ကောက်မှာ အခြေလာချကြတာဆိုတော့ အပေါင်းအသင်းမိတ်သင်္ဂဟသိပ်မရှိဘူးယောက်ျားဖြစ်သူ ဆူဒီးကလည်း အလုပ်ထဲမှာပဲ စိတ်နှစ်ထားတော့ လင်မယားနှစ်ယောက် စကားလက်ဆုံကျတယ်လို့ကိုမရှိဘူးပေါ့...အထီးကျန်လွယ်တဲ့ မိန်းမသားတို့ရဲ့သဘာဝအတိုင်း ဆင်မရန်းဟာ အမြဲတမ်းလစ်ဟာနေသလိုခံစားနေရတတ်တယ်... ကံကြမ္မာက ကျီစားလေသလား... ဆင်မရန်းဟာ သူရဲ့ရည်းစားဟောင်းဖြစ်သူ ဆန်နီနဲ့ ဘန်ကောက်မှာသွားဆုံမိခဲ့ပါတယ်...ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ တိတ်တိတ်ပုန်း သူတို့ရဲ့လိုအပ်ချက်တွေကို အပြန်အလှန်ဖြည့်ဆည်းပေးလာခဲ့ကြပါတော့တယ်....နောက်ပိုင်း တဏှာရဲ့ကျေးကျွန်ဖြစ်လာတဲ့အခါမှာတော့ လူသတ်ရလောက်တဲ့အထိ မိုက်မဲခဲ့ပုံတွေနဲ့ ဆင်မရန်းရဲ့အိမ်ထောင်ရေးဘဝမှာ လှိုင်းဂယက်တွေ ဘယ်လောက်တောင်ထန်လာမလဲဆိုတာကို ဆက်လက်ပြီးရှုစားပေးရဦးမှာဖြစ်ပါတယ်...အနုအရွလေးတွေနဲ့ ၁၈ယောက်စုကြည့်ရမယ့်အခန်းလေးတွေလည်းပါတာမို့ စောင် FA များ တစ်သျှူးကိုက်ကြည့်ကြပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော် File size…3.37GB / 1.17GB Quality…1080p WEBRIP Hindi / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Murder (2004)

2004
Oh! Boarding House (2022) 6.3
Oh! Boarding House (2022) ကိုယ့်အိမ်ပိုင်ရှင်လေးOh My Broading HouseIMDb Rating 6.3ချစ်ရင်ဖွ င့်ပြောပါ မဖုံးကွယ်ထားပါနဲ့ လက်နှေးရင် ခွက်ဆေးရမယ်ဆိုတဲ့စကားကြားဖူးကြမယ်ထင်ပါတယ်ဒီBLကားလေးကလည်းဒီလိုပါပဲ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ ဆယ်ဝန်းဆိုတဲ့ ခပ်အူတူတူကောင်လေးဟာ အာမခံကြေးတွေအကုန်အလိမ်ခံလိုက်ရပါတယ်ကံဆိုးမသွားရာမိုးလိုက်လိုရွာသလို အဲ့အချိန်မှာပဲ အလုပ်ပါအထုတ်ခံခဲ့ရပါတယ် အိမ်ပြန်လာတော့လည်း သူ့အမေကဒီအတိုင်းမထားဘဲ အငှားအိမ်ကိုဦးစီးခိုင်းလိုက်ပြန်ပါရောအငှားအိမ်မှာကြိတ်မှိတ်နေတုန်း ချွဲစုဆိုတဲ့ PEဆရာလေးပြောင်းလာပါတော့တယ် အသက်ကယ်တင်ပေးခဲ့သလိုဖြစ်သွားတော့ ပြန်ပေးဆပ်ဖိုလိုက်လုပ်ပေးရင် ဘာတွေဆက်ဖြစ်မလဲဆယ်ဝန်းမှာ သူ့ကိုတဖက်သတ်ကြိုက်နေတဲ့ ဂျူနီယာကောင်လေးလည်းရှိပါတယ် သူကဘွန်းဒေါ့ပါ ဖွင့်မပြောရဲဘဲ ဘေးကနေတိတ်တိတ်လေးပဲ ကာကွယ်ကူညီပေးနေခဲ့ပါတယ်သူကလည်းအငှားအိမ်ကိုပြောင်းလာသောအခါ ဘာတွေဆက်ဖြစ်မလဲ သုံးပွင့်ဆိုင်လေးမှာ ဘယ်တစ်ပွင့်က ကြွေလွင့်ရမလဲ စောင့်ကြည့်ပေးပါနော်မင်းသားလေးတွေလည်းအရမ်းချောပါတယ်နော် မိုက်မှမိုက်ပါ😍( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )File Size__(1.7GB) / (900MB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:45:00 Type__BL, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie

Oh! Boarding House (2022)

A Dangerous Affair (2022) 5.6
A Dangerous Affair (2022)  အချစ်ကြီးရင် အမျက်ကြီးတယ်လို့ လူကြီးတွေပြောတဲ့စကားက တကယ့်ကိုသွေးထွက်အောင် မှန်တယ်ဆိုတာလေး ရိုက်ပြထားတဲ့ ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် အမ်မလီဆိုတဲ့ ယောဂဆရာမ တစ်ယောက်ဟာ ကနေဒါ ကနေ အမေရိကန်မှာ အခြေချရင်းနဲ့ သူ့သင်းတန်မှာလာတက်တဲ့ တစ်ဦးတည်းသော ယောကျာ်းလေးနဲ့တစ်ယောက်နဲ့ ချစ်မိသွားတာပါအဲဒီမှာပဲ သူတို့ရဲ့ သင်တန်းမှာလာတက်နေတဲ့သူရဲ့ ပါတီပွဲကို အတူတူသွားရာကနေ ကောင်လေးနဲ့တူတဲ့ အမျိုးသားတစ်ယောက်ဟာ အသတ်ခံလိုက်ရတာပါ အဲဒီနောက်ဆက်တိုက်ဆိုသလိုပဲ သူတို့နှစ်ယောက်ဟာလည် အမျိုးမျိုးနှောင့်ယှက်ခံရတော့တာပဲ အဲဒီတော့ သူတို့နှောင့်ယှက်နေတာက ဘယ်သူများလဲ ပါတီမှာလူသတ်သွားတဲ့သူကရော ဘယ်သူလဲ သူကရော ဘာလို့သတ်ခဲ့ရတာလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲFile size…(1.67GB)/(944MB)/(487MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:05:00 Genre...Romance / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

A Dangerous Affair (2022)

By the Sea (2015) 5.3
By the Sea (2015) By the Sea ( 2015 ) =============== ချစ်ခင်စုံမက်၊နှစ်သက်ဖွယ်မှန်သမျှနဲ့ တစ်ချိန်မှာ ကွေကွင်းရမှာဘဲလို့ ငါဘုရား အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ အာနန္ဒာ၊ မြဲတယ်ဆိုတာ ဘာတစ်ခုမှ မရှိဘူး။ >> ပရိနိဗ္ဗူနသုတ် <<တစ်ချိန်ကသိပ်ချစ်ခဲ့ပြီး ကလေးပေါင်းများစွာအတူမွေးစားခဲ့ကြတဲ့ ဘရက်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့ လင်မယားလည်း မြဲတယ်ဆိုတာမရှိတဲ့ တရားအတိုင်းပဲ လိုက်သွားပါပြီ။ ဒီရုပ်ရှင်ကတော့ အိမ်ထောင်ရေးပြိုကွဲ လုနီးနီးလင်မယားနေရာက သူတို့ကိုယ်တိုင် သရုပ်ဆောင်ခဲ့ဖူးတဲ့ရုပ်ရှင်ပါ။ အိန်ဂျလီနာဂျိုလီကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့ မြုံနေလို့ ဆက်ဆံရေးမပြေမလည်ဖြစ်နေတဲ့ လင်မယား နှစ်ယောက် ဆက်ဆံရေးပြေလည်အောင် သူ့နာမည်အတိုင်း ပင်လယ်ကြီးရဲ့ ဘေးက ဟိုတယ်တစ်ခုမှာ၊  ပြန်လည်အားထုတ်ကြတဲ့အကြောင်းပါ။ဂျိုလီဟာ နာမည်ကျော်သရုပ်ဆောင်ဖြစ်ရုံတင်မကဘဲ ဒါရိုက်တာလုပ်ရာမှာလည်း ကားနည်းနည်းပဲရှိသေးပေမဲ့ အကုန်နီးပါးကောင်းသလို သူ့ဒီကားကလည်း ကားကောင်းတစ်ကားပါပဲ။ မထီတထီနဲ့ ခန့်တဲ့ဘရက်ပစ်နဲ့ ဆက်စီကျလှတဲ့ ဂျိုလီကို တွဲမြင်ရမှာနဲ့တင် တန်နေပါပြီ။ ဂျိုလီရဲ့မပေါ့်တပေါ်အခန်းတစ်ချို့ ပါတာမို့ မိသားစုနဲ့ကြည့်လို့တော့ အဆင်မပြေပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ W ဖြစ်ပါတယ်) File Size..........(1.74 GB) / (564 MB) / (384 MB) Quality............WebDL 1080p / 720p / 480p Duration.........2Hrs ...
movie

By the Sea (2015)

2015
Gabriel’s Rapture:2(2022) 6.7
Gabriel’s Rapture:2(2022) Gabriel's Rapture: Part II(2022) အညွှန်း***********************************နာမည်ကျော်စာရေးဆရာ Sylvain Reynard ရဲ့ Best Selling Novels Series တွေကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး Gabriel's Infernoဆိုပြီး (၃)ကားရှေ့မှာထွက်ရှိပြီးဖြစ်ပါတယ်....Gabriel's Rapture ဆိုပြီးနောက်ထပ် ၃ကားထွက်လာပြီး အခုက ကတော့ Part 2 ဖြစ်ပါတယ်..ရှေ့ (၄)ကားလည်းတင်ထားပြီးသားဖြစ်ပါတယ်...ဇာတ်ကောင်တွေဖြစ်တဲ့ ဂေဘရီရယ်နဲ့ ဂျူလီယာကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ဒီအပိုင်းမှာတော့ ဂျူလီယာတစ်ယောက် ဟားဗတ်ကို ဝင်ခွင့်ရသွားပေမယ့် မမျှော်လင့်ထားတဲ့တိုင်စာတစ်ခုကြောင့် အကုန်ပျက်စီးမလိုဖြစ်နေတာကို သူတို့အတူဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ထုံးစံအတိုင်း စောင်ကိုက်ပြီး ကြည့်ရှူခံစားကြရမှာပါ။မင်းသားနဲ့ မင်းသမီးရဲ့ chemistry မိချက်ကတော့ အင်မတန်အားရစရာပါပဲ   File Size : (1.8GB)(587 MB) and (164 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:42:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat ...
movie

Gabriel’s Rapture:2(2022)

Gabriel’s Rapture:1(2021) 6.5
Gabriel’s Rapture:1(2021) Gabriel's Rapture: Part One(2021) အညွှန်း**************************************အိပ်ရာခန်းများပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ....ဒီဇာတ်လမ်းကတော့ သူ့ရှေ့မှာ Gabriel's Inferno (Part - 1,2,3) ဆိုပြီး သုံးကားထွက်ထားတာရဲ့နောက်ထွက်လာတဲ့ ကားသစ်တစ်ခုပါ။ Romance လေး ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့ လူတွေကတော့ ဒီကားကိုစကြည့်လည်း အချိတ်အဆက်မိမိနဲ့ကားကောင်းတစ်ကားဖြစ်တာ ခံစားမိမှာပါ။ ပိုမိုက်တဲ့ခံစားချက်တွေကိုမှ ကြုံချင်တာဆိုရင်တော့သူ့အရင်ထွက်ထားပြီးသားသုံးကားကို အရင်ကြည့်ပြီး ဒီဇာတ်ကားကို ပြန်ကြည့်လိုက်ပါ။ "ဒီကောင်ကွာ ဒီကောင်မကွာ" ဆိုပြီးရေရွတ်နေရလောက်အောင် ခံစားရမှာပါ။ဇာတ်ကားကတော့ ဂေဘရီရယ်ဆိုတဲ့ ပရော်ဖက်ဆာတစ်ယောက်နဲ့ ဂျူလီယာဆိုတဲ့ ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး နှစ်ယောက်လုံးရဲ့ အတိတ်အဖြစ်အပျက်ကိုယ်စီတွေက သူတို့နှစ်ယောက်ရဲ့လက်ရှိအချစ်ရေးခရီးလမ်းမှာ ဆူးငြှောင့်ခလုတ်လေးတွေဖြစ်လာတာကို ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဒိုင်ယာလော့တွေက ချစ်သူနှစ်ယောက် နှစ်ကိုယ်ကြားပြောတဲ့အပြောအဆိုတွေနဲ့ ဖွဲ့နွဲ့ထားတဲ့အတွက် ရင်သပ်ရှုမောလေးခံစားရမှာဖြစ်ပါတယ်  File Size :(1.8GB)(892 MB) and (280 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:46:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by ...
movie

Gabriel’s Rapture:1(2021)

Gabriel’s Inferno:3(2020) 7.8
Gabriel’s Inferno:3(2020) Gabriel's Inferno:3 (2020)အညွှန်း ***********************************************IMDb....7.8Gabriel's Inferno ဆိုတဲ့နာမည်ကိုတော့ မသိတဲ့သူ တော်တော်လေးနည်းမယ်လို့ထင်ပါတယ်...ကနေဒါလူမျိုး စာရေးဆရာတစ်ယောက်ရဲ့ လက်ရာဖြစ်တဲ့ ဒီဇာတ်လမ်းဟာဆိုရင်.... တက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခဖြစ်သူ ဂေဘရီယယ် အန်မာဆင်န် နှင့် ဘွဲ့လွန်ကျောင်းသူလေး ဂျူလီယန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကျောရိုးပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ် အခုဇာတ်လမ်းက နောက်ဆုံးထွက်ရှိထားတဲ့ အပိုင်းဖြစ်ပြီး ....အရှေ့မှာ Gabriel's Inferno နဲ့ Gabriel's Rapture ဆိုပြီး ၂ ပိုင်းထွက်ထားပြီးသား ဖြစ်ပါတယ်.... ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ Gabriel's Rapture မှာ အခက်အခဲတွေအများကြီး ကျော်ဖြတ်ပြီးတဲ့နောက်  ဂေဘရီယယ် နဲ့ ဂျူလီယန် ဟာ ချစ်သူရည်းစားဘ၀ကိုရောက်ရှိသွားခဲ့ပါတယ်... ဒီလိုနဲ့ အရာအားလုံးအဆင်ပြေနေပြီလို့ ထင်ရတဲ့အချိန် ရောက်ခါမှ....ရုတ်တရက်ဆိုသလို ဂျူလီယန် ရဲ့ ရည်းစားဟောင်းဖြစ်သူ ဆိုင်မွန် ရောက်လာပြီး သူမနဲ့အတူနေခဲ့စဉ်က ရိုက်ထားတဲ့ Sex Tape တွေကို ဖြန့်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့အခါမှာတော့...... ဒီတစ်ကားလုံးမှာ အချစ်ပါရဂူကြီး ဂေဘရီယယ် ရဲ့ ...
movie

Gabriel’s Inferno:3(2020)

2020
Gabriel’s Inferno 2(2020) 6.0
Gabriel’s Inferno 2(2020) Gabriel's Inferno Part II(2020) သို့မဟုတ် Gabriel's Rapture (2020) အညွှန်း*********************************************************************ဒီကားလေးကတော့ Gabriel's Inferno ဆိုတဲ့အချစ်ဇာတ်လမ်းလေးရဲ့ နောက်ဆက်တွဲ ထွက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်...ကနေဒါလူမျိုး စာရေးဆရာတစ်ယောက်ရဲ့ လက်ရာဖြစ်ပြီးတော့ ဒီ၀တ္ထုဟာဆိုရင်New York မြို့မှာ ရောင်းအားအကောင်းဆုံးစာရင်း၀င်တဲ့အထိ နာမည်ကြီးတဲ့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုတာပြောဖို့လိုမယ်တောင် မထင်ပါဘူး... Scholarship ရထားတဲ့ကျောင်းသူလေးဂျူလီယန် မစ်ချယ် နဲ့ ပရော်ဖက်ဆာ ဂေဘရီယယ် အန်မာဆင်န် တို့အချစ်ဇာတ်လမ်းအဆက်ပါ...အပိုင်း(၁)မကြည့်ရသေးတဲ့သူတွေအဖို့လုံးဝ Spoiler ကြီးဖြစ်မှာစိုးလို့အညွှန်းကိုအများကြီးမရေးပါတော့ဘူး....ဒီကားကိုမကြည့်ခင်Gabriel's Inferno (2020)ကိုကြည့်ပါ...ပြီးမှယခုကားကိုဆက်ကြည့်ကြပါ.... သရုပ်ဆောင်တွေကတော့... ပရော်ဖက်ဆာ ဂေဘရီယယ် အဖြစ် နာမည်ကျော်မင်းသားကြီး Giulio Berruti နဲ့ ဂျူလီယန် အဖြစ် မင်းသမီး Melanie Zanetti တို့က အတွဲညီညီပါ၀င်ထားပါတယ်… ဝုန်းဒိုင်းကျဲနေတဲ့ဇာတ်ကားတွေကြည့်တာ ခဏရပ်ပြီး Romance စစ်စစ်ကိုခံစားကြည့်မယ်ဆိုရင်တော့ ဒီကားလေးကို 100% recommend ပေးပါတယ်ခင်ဗျာ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့Thar Htet ပဲဖြစ်ပါတယ် …File Size : (850MB) and (404MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : ...
movie

Gabriel’s Inferno 2(2020)

Gabriel’s Inferno(2020) 6.9
Gabriel’s Inferno(2020) Gabriel's Inferno(2020)အခု တခေါက်ဇာတ်ကားလေးကတော့ ကန်နေဒီရန်စာရေးဆရာတစ်ယောက် ရေးသားထားပြီးNew York မြို့မှာ ရောင်းအားအကောင်းဆုံးစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့ ပရော်ဖက်ဆာနဲ့ ရည်မှန်းချက်ကြီးမားပြီးတချိန်က ချစ်ခဲ့ရတဲ့ချစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရဖို့ ကြိုးစားနေတဲ့ scholarship ကျောင်းသူတစ်ဦးရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။အချစ်စစ်တို့မည်သည်‌ ဖြောင့်ဖြူးခြင်းမရှိဟု ဆိုလေ့ရှိသည့်အတိုင်း သူတို့ခက်ခဲပင်းပန်းပြီး အချစ်စစ်တစ်ခုဆုံဆည်းဖို့ကြိုးစားကြတာကိုအခုလိုမိုးရာသီချိန်မှာ မိမိချစ်ရတဲ့သူ ဒါမှမဟုတ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့်romance ဇာတ်ကားလေး တစ်ကားပါပဲ။ပရော်ဖက်ဆာ Gabriel Emerson နဲ့ Scholarship ကျောင်းသူ Julianne Mitchell တို့ရဲ့ပတ်သက်မှုက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ်ရာဇာတ်လမ်းဇာတ်ကွက်များနှင့် ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်...File Size : (1.03GB) and (454MB) Quality : WEB-DL 720p Format…mp4 Duration…02:03:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Gabriel’s Inferno(2020)

Royalteen (2022) 5.3
Royalteen (2022) လူဆိုတာ ဘဝမှာ တစ်ကြိမ်တစ်ခါတော့မှားတတ်ကြတာပါပဲ အဲဒီအမှားကို ပြန်ပြင်နိုင်ဖို့ကသာ အရေးကြီးတာပါ အဲဒီအမှားရဲ့နွံထဲမှာပဲ နစ်မြှုပ်နေမယ်ဆိုရင်တော့ လူ့ဘဝကြီးက ဘာမှကို အဓိပ္ပါယ်ရှိမှာမဟုတ်တော့ပါဘူး ဒီတစ်ခါတော့ နော်ဝေနိုင်ငံရဲ့ အိမ်ရှေ့မင်းသားလေးနဲ့ အညတရ ကောင်မလေးတစ်ယောက်အကြောင်းရိုက်ပြထားတဲ့ လူငယ်ဆန်ဆန်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ် တခြားမြို့ကနေ ကျောင်းပြောင်းလာပြီး တော်ဝင်အမျိုးအနွယ်တွေတက်တဲ့ ကျောင်းမှာလာတက်တဲ့ လန်နင် ဆိုတဲ့ ကောင်မလေးကို အိမ်ရှေ့မင်းသားလေးက သဘောခွေ့သွားပြီး နှစ်ယောက်သားပျော်ရွှင်နေခဲ့ကြရတာပါအဲဒီအချိန်မှာပဲ မထင်မှတ်ထားတဲ့ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံရပါတော့တယ် အိမ်ရှေ့မင်းသားလေးရဲ့ ညီမကလည်း ကောင်မလေးကိုမကြည် ကောင်မလေးကလည်း တကယ့်အမှားကြီးတစ်ခုကို ကျူးလွန်မိခဲ့တာဆိုတော့ အိမ်ရှေ့မင်းသားလေးနဲ့ ဘာတွေဆက်ဖြစ်ကြမလဲ ကောင်မလေးကရောဘယ်လောက်ဆိုးဝါးတဲ့ အမှားကိုကျူးလွန်ခဲ့မိလို့ အိမ်ရှေ့မင်းသားလေးရဲ့ အစ်မကလုံးဝ ခါးခါးသီးသီးဖြစ်နေရတာလဲ လူတွေအသုံးပြုနေတဲ့ လူမှုကွန်ယက်ရဲ့ ရိုက်ခတ်မှုကဘယ်လောက်ထိ ပြင်းထန်နိုင်လဲဆိုတာကို လူငယ်တွေ့နဲ့ ပေါ့ပေါ့ပါးပါးလေး ကြည့်ကောင်းအောင်ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ကားမို့ အမြန်ဆုံးသာ ကြည့်လိုက်ကြပါတော့ဗျာ......File size…(2.18GB)/(1.17B)/(592MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama ...
movie

Royalteen (2022)

Som Pla Noi (2021) 4.5
Som Pla Noi (2021) Som Pla Noi ( 2021 ) အညွှန်း** အရင်တစ်ခါ တင်ထားတုန်းက ဘာသာပြန်လိုအပ်ချက်လေးတွေ ရှိနေလို့ ပြန်လည်ပြင်ဆင်ပြီး တစ်ဖန် တင်ဆက်ပေးခြင်းဖြစ်ပါတယ် ခင်ဗျာ **အခုတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ 2021 တုန်းက ထွက်ရှိခဲ့တဲ့ " Som Pla Noi " ဆိုတဲ့ အချစ် ဟာသ ရုပ်ရှင် ဇာတ်ကားကောင်းလေး တစ်ကားဘဲ ဖြစ်ပါတယ်။Main Cast တွေ အနေနဲ့ကတော့ ဆုမ် အဖြစ် Oom Eisaya Hosuwon, နွိုင် အဖြစ် Tono Phakin Khamwilaisak, ပလား အဖြစ် Toey Apiwat Boonanak တို့က ပါဝင် သရုပ်ဆောင်ထားကြတာဖြစ်ပြီး ဝါရင့်သရုပ်ဆောင်များစွာလည်း အားဖြည့်ပါဝင်ထားကြပါတယ်။ဇာတ်လမ်း အကျဥ်းလေးကတော့...ဒီကားကတော့ နောက်ထပ်ထိုင်းဟာသကားဇာတ်လမ်းလေးတစ်ခုပါပဲ။ ဇာတ်လမ်းနာမည်အတိုင်း စုမ် .. ...
movie

Som Pla Noi (2021)

2021
My Little Monster (2018) 5.9
My Little Monster (2018) My Little Monster (2018)~ MyDramaList - 7.8/10 ~ဂျပန်ပရိသတ်တွေ အတော်ရင်းနှီးလောက်မယ့် မင်းသား၊ မင်းသမီးတွေ ခေါင်းဆောင်ပါဝင်ထားတဲ့ ဂျပန်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Shizuku ဆိုတဲ့ကောင်မလေးရှိတယ်။ စာအရမ်းတော်တယ်။ အတန်းထဲမှာလည်း ထိပ်ဆုံး။ သူဟာ ပန်းခေတ်က လမင်းလေးပေါ့။ ကြယ်မြင်လမြင် လောကဓံတွေကိုလည်းမသိဘူး။ စာကလွဲ ဘာမှမသိတဲ့ သူ့ကမ္ဘာလေးဟာ ကျဉ်းကျဉ်းလေးပေါ့။ ‌သူ့ရဲ့ နေ့ရက်အချိန်အခါတွေကို ကျက်စရာ စာတွေကပဲ ကြီးစိုးထားခဲ့တယ်။ ဒီလိုနဲ့ တစ်ခုသောနေ့ကို ရောက်လာခဲ့တယ်။အဲဒီနေ့မှာ Shizuku ဟာ Haru လို့ခေါ်တဲ့ ပင်လယ်တစ်၀က် တောင်တန်းတစ်၀က် လူပေလူတေလေးနဲ့ ကံကြမ္မာမိုး‌မည်းတွေရွာနေတုန်း ချစ်ခြင်းတရားမှတ်တိုင်ကလေးမှာ အတူတူထိုင်ပြီး မိုးအတူခို မိုးအတူစိုခဲ့ရတယ်။ စစချင်းတော့ သူတို့ဇာတ်လမ်းဟာ ပန်းလက်ဖဝါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေးနဲ့ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းပေါ့။ Haru ဟာ လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်ကို ရေးရင်း ...
movie

My Little Monster (2018)

2018
One Week Friends ( 2022 ) 6.0
One Week Friends ( 2022 ) 2017 က ထွက်ခဲ့တဲ့ နာမည်ကြီး Movie One Week Friends ဆိုတဲ့ ဂျပန်ကားလေးရဲ့ Remake Version လေးဖြစ်ပါတယ် ဂျပန်မင်းသားချောYamazaki Kento ဇာတ်ကားကောင်းတွေထဲကတစ်ကားပေါ့... အခုတော့ တရုတ် Remake Versionလေးမှာဘာတွေပြောင်းပြီး ဘာတွေမတူလဲမေးရင်တော့ ဇာတ်ကားလေးကြည့်လိုက်လို့ပဲပြောချင်ပါတယ်... ဗားရှင်း ၂မျိုးလုံးကို ကြိုက်လို့ပါ...အခု တရုတ်ဗားရှင်းမှာဆိုရင် lin yi လေးနဲ့တင် ကြည့်ရတာတန်တဲ့အပြင်တခြားမင်းသား မင်းသမီးအားလုံးလည်း ရူပါပါရမီပြည့်တာမို့ ကြည့်လို့ကောင်းနေတယ်... ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် ယုံရှုဆိုတဲ့ကောင်လေးက ကျောင်းပြောင်းလာတဲ့ လင်ရှန်းကျီဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်း ဘာကြောင့်မှန်းမသိအရမ်းစိတ်ဝင်စားပြီး သူ့အနားရောက်ဖို့ ကြိုးစားခဲ့တာပေါ့...တစ်ချိန်တည်းမှာ လင်ရှန်းကျီကလည်း ပစ်ပစ်ခါခါ ခါးခါးသီးသီးကို ယုံရှုရဲ့ ကြိုးစားမှုတိုင်းကို ငြင်းဆန်တာပေါ့... ဘာလို့လဲဆိုတော့ လင်ရှန်းကျီဟာ ငါးမှတ်ဉာဏ်လိုမျိုးပဲ တစ်ပတ်တာ မှတ်ဉာဏ်ပဲရှိသူမလို့ပါ... ဒါပေမယ့် ဇွဲကောင်းသူ ယုံရှုကတော့ အကြိမ်ကြိမ် အပတ်တိုင်း ပြန်ခင်ဖို့ကြိုးစားတာပေါ့...ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ သူငယ်ချင်းအုပ်စုထဲက ကျန်းဝူနဲ့ရှောင်နန်တို့က လင်ရှန်းကျီရဲ့ လျို့ဝှက်ထားတဲ့ အတိတ်က အဖြစ်ပျက်ကို သိသွားခဲ့တယ်.... ဒီအဖြစ်အပျက်က ထူးခြားစွာနဲ့ပဲ ယုံရှုနဲ့ပတ်သက်နေတယ်...ကျန်တာဆက်ပြီးတော့ မ spoil တော့ပါဘူး... ဇာတ်ကားလေးကြည့်လိုက်ပါတော့... Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance Runtime : ...
movie

One Week Friends ( 2022 )

The Blue Skies at Your Feet (2022) 5.4
The Blue Skies at Your Feet (2022) The Blue sky at your feet (2022)"တစ်နေ့ကျရင် မိုးတိမ်ကင်းစင်ပြီး ဖဝါးအောက်မှာ ကောင်းကင်ပြာကြီးဖြန့်ကျက်နေတဲ့တစ်နေ့ကို ရောက်လာဦးမှာပါ။ မင်းသာ ပြုံးထားမယ်ဆိုရင် သေချာပေါက် ရောက်လာမှာပါ"ဂျပန် ကျောင်းသားကား romance/dramaကားလေးတွေကြိုက်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက် လောလောလတ်လတ်ထွက်ရှိထားတဲ့ ဇာတ်ကားလေးကို တင်င်ဆက်ပေးလိုက်ပါတယ်။အထက်တန်းတက်နေတဲ့ မိယုနဲ့ ရှုယတို့က တွဲနေတာ ၂နှစ်နီးပါးပါပြီ။ လတိုင်း ၁ရက်နေ့မှာ ရုပ်ရှင်အတူတူကြည့်မယ်လို့ ကတိပေးထားပြီး ကတိအတိုင်းလည်း တောက်လျှောက်ကြည့်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတစ်လောမှာတော့ ရှုယအနားမှာ "တိုမိုက"ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ နိုဝင်ဘာလ၁ရက်နေ့မှာ ထုံးစံအတိုင်း သူတို့နှစ်ယောက်ရုပ်ရှင်သွားကြည့်ဖို့ ရုပ်ရှင်ရုံကိုသွားကြပါတယ်။ ဒါပေမဲ့ မကြည့်ခင်မှာ ရှုယဆီကို ဖုန်းကောတစ်ခုဝင်လာခဲ့ပါတယ်။ အဲဒီဖုန်းကောကြောင့် ရှုယက ရုပ်ရှင်ကြည့်ဖို့ကတိကို ဖျက်ပြီးထွက်သွားပါတယ်။အဲဒီနောက်တော့ ရှုယကပြန်ရောက်လာပြီး မိယုကိုစိတ်မဆိုးအောင် ရှင်းပြဖို့ကြိုးစားပါတယ်။ ဒါပေမဲ့မိယုကလက်မခံဘဲထွက်သွားဖို့လုပ်တာကို လိုက်တားရင်းနဲ့ ကားမတော်တဆမှုနဲ့ကြုံရပြီး ၂ယောက်လုံးသတိမေ့သွားပါတယ်။မိယုပြန်နိုးလာတဲ့အခါ နောက်တစ်ရက်ကိုရောက်မသွားဘဲ နိုဝင်ဘာ၁ရက်နေ့ကိုပဲ ပြန်ရောက်နေတာကို သိလိုက်ရပါတယ်။ အဖြစ်အပျက်တွေက အရင်နေ့ကနဲ့အတူတူပဲမို့ ရှုယကို ...
movie

The Blue Skies at Your Feet (2022)