Channel Myanmar

Romance

Band Baaja Baaraat (2010) 7.2
Band Baaja Baaraat (2010) IMDb Rating (7.2)မင်းသား ရန်ဗီးဆင်းနဲ့ မင်းသမီး အနွရှ်ကားတို့ ပါဝင်ထားတဲ့ ဒီဘောလိဝုဒ်ဇာတ်ကားက Rating မြင့်တဲ့ အချစ်ဟာသရုပ်ရှင်ဇာတ်ကားကြီးပါ။ဇာတ်လမ်းကတော့...ရွာပြန်ပြီးလယ်လုပ်ရတော့မယ့်ကောင်လေးနဲ့ အိမ်ကယောကျ်ားအတင်းပေးစားခံနေရတဲ့ကောင်မလေးတို့နှစ်ယောက်မင်္ဂလာဆောင်တစ်ခုမှာ အမှတ်မထင်ဆုံကြတဲ့အခါ...ကောင်မလေးရဲ့ချစ်စဖွယ်အမူအရာတွေကို ချစ်မိသွားတဲ့ ကောင်လေး...ပိုင်ရှင်လျာထားခံရတဲ့ကောင်မလေးတို့ဇာတ်လမ်းဘယ်လိုတွေရှေ့ဆက်ဖြစ်မယ်ဆိုတာ...။မင်းသားရော မင်းသမီးရော ချစ်စရာကောင်းသလို ဇာတ်လမ်းလေးကလဲ အရိုအကအလှတွေနဲ့ကြည့်ကောင်းလှတာမို့ဘောလိဝုဒ်ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။ File size…(10 GB)/(3.7 GB)/(1.5 GB) Quality….BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:23:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

Band Baaja Baaraat (2010)

4K HEVC
The Cougar Queen (2018)
The Cougar Queen (2018) The Cougar Queen (2018)======================ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် ဗီယက်နမ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ နာမည်ကြီးအစီအစဥ်တင်ဆက်သူ အပျိုကြီးမမ မင်းသမီးရဲ့ နောက်ကွယ်က ဘဝကို ရိုက်ကူးထားတဲ့ အချစ် ဟာသဇာတ်မြူးကားလေးပဲ ဖြစ်ပါတယ်။ဒီအပျိုကြီးမမက အသက်ရလာပေမယ့် အိမ်ထောင်မပြုချင်ဘဲ ယောကျာ်းတွေကို အပျော်ပဲတွဲနေတတ်သူပါ။တစ်ညတာ စံစားဖို့ တစ်ဘဝစာ ချုပ်နှောင်စရာမလို မှော်တုတ်တစ်ချောင်း ကောင်းကောင်းဆောင်ထားရင် ဖြစ်ပြီလို့ ခံယူပြီး သူငယ်ချင်းတွေနဲ့ Single life ကို ပျော်ပါးနေသူပါ။ဒါပေမဲ့ သူတင်ဆက်နေတဲ့ အစီအစဥ်က ရုတ်တရက် ဆိုင်းငံ့ခံလိုက်ရပါတယ်။ဒီလိုဆိုင်းမပါ ဗုံမဆင့်ဘဲ ဖြစ်သွားတဲ့အခါ ကြံရာမရဖြစ်ပြီး နည်းလမ်းစုံသုံးကာ ကြံဖန်ရပါတော့တယ်။ဒီလိုနဲ့ ဖူးစာရှင်ကို ရွာလည်ပြီးတွေ့လေမလား အခက်အခဲတွေပဲ ပိုဆိုးလာမလားဆိုတာဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြရအောင်ဒီကားထဲမှာ တောင့်တောင့်ဖြောင့်ဖြောင့် ဖြူဖြူဖွေးဖွေး ဗီယက်နမ်သူအချောလေးတွေကို ရှုစားရမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။Genre.....Comedy, Romance Quality….WEB-DL 1080p and 720p File size…1.5GB and 763MB and 286MB Format…mp4 Duration….1h 45min Subtitle….Myanmar ...
movie

The Cougar Queen (2018)

2019
Moulin Rouge!(2001) 7.6
Moulin Rouge!(2001) Moulin Rouge!(2001) အညွှန်း**************************IMDb...7.4ဒီဇာတ်ကားကြီးဟာ အော်စကာ ၂ဆုတောင်ရရှိခဲ့ပါတယ်...Nicole Kidman နဲ့ Ewan McGregor  နဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... "သဝန်တိုမှုကင်းသော အချစ်စစ်ဟူသည်မရှိ" ဆိုတဲ့စကားလေးရှိတယ်...လူတွေဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာသဝန်တိုစိတ်ဟာ အလိုလိုကပ်ပါလာတတ်ပါတယ်.... နည်းနည်းလေးသဝန်တိုတတ်တဲ့လူရှိသလို ဖြစ်သမျှအကြောင်း သဝန်တိုကောင်းလို့ခံယူထားတဲ့ဆန်းဆန်းတင့်ချစ်သူများလည်းရှိတတ်ပါတယ်... အဲ့လိုဆန်းဆန်းတင့်တွေဟာ ဒီမင်းသားနေရာမှာသာဆိုရင်တော့ သေပန်းတွေပွင့်ရပြီပေါ့ ဘာလို့လဲဆိုတော့ မင်းသမီးဟာ ပြည့်တန်ဆာပါ.... အရင်ခေတ်တွေတုန်းက ပြည့်တန်ဆာဆိုတာ နှိမ်ချတဲ့အသုံးမဟုတ်ဘဲတိုင်းပြည်ရဲ့ အဆင်တန်ဆာလို့ခေါ်စမှတ်ပြုရလောက်တဲ့အထိ အမြတ်တနိုးထားကြတာမို့ ပြည်၏တန်ဆာ "ပြည့်တန်ဆာ" လို့ခေါ်တယ်ဆိုပြီးလည်း ပြောကြပါတယ်.... အခုမင်းသမီးဟာလည်း အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ပါ ငွေရရင် အချစ်နဲ့ရမ္မက်ကို ရောရောင်းတဲ့လူမျိုးပေါ့.... ဒါပေမဲ့ သူဟာ သူ့ချစ်သူလိုပဲ အနုပညာကိုချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ.... အကောင်းဆုံးဆိုတဲ့အနုပညာကိုပုံဖော်ဖို့အတွက် အရာရာကိုပေးဆပ်နိုင်သူတစ်ယောက်ပေါ့.....သူတို့ (၂)ဘယ်လိုတွေဆုံစည်းပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းက Romance နဲ့ Musical အမျိုးအစားဖြစ်တော့ သီချင်းလေးတွေအကလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ခံစားကြည့်ရှုနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File Size : (3.6GB)(1.2GB) And (580 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…02:07:00 Genre : ...
movie

Moulin Rouge!(2001)

Kissable Lips (2022) 6.3
Kissable Lips (2022) Kissable Lips (2022)ဒီကားလေးက blကိုမှ သွေးစုပ်ဖုတ်ကောင်နဲ့သွေးသန့်လူသားတို့ရဲ့အချစ်ဇာတ်လမ်းလေးwpတွေမှာ အရမ်းစိတ်ကူးယဥ်ပြီးရေးဖူးတာတွေတွေ့မှာပါ ဒီကားလေးကလည်းအဲ့လိုပါပဲ။"ချန်ရစ်ခဲ့သူနဲ့ကျန်ရစ်ခဲ့သူတွေမှာ အခံစားရဆုံးက ကျန်ရစ်ခဲ့သူတွေ" လို့ ပြောကြတယ် အဲ့ထဲမှာမှ ကိုယ့်ကြောင့်ချစ်ရတဲ့သူက ထွက်သွားရတာဆို လုံးဝဖြေမဆည်နိုင်အောင်ပါပဲဇာတ်လမ်းလေးထဲမှာလည်း ဂျန်ဟိုဆိုတဲ့သွေးစုပ်ဖုတ်ကောင်ဟာ သူ့စိတ်မထိန်းနိုင်မှုကြောင့် သူ့ချစ်သူဒိုဟွန်းကိုဆုံးရှုံးခဲ့ရပါတယ်ပိုဆိုးတာက သူတို့သွေးစုပ်ဖုတ်ကောင်တွေမှာလဲ စည်းမျဥ်းတွေရှိနေတာပါပဲ လူသား (သို့မဟုတ်) မျိုးတူအချင်းချင်းကိုသတ်မိရင် အဲ့ဒီသွေးစုပ်ဖုတ်ကောင်ဟာ ၁၀ နှစ်အတွင်းပျောက်ကွယ်သွားမှာပါခုလည်းချစ်သူလူသားကိုသတ်မိတဲ့ ဂျန်ဟိုဟာ ပျောက်ကွယ်ဖို့အချိန်နီးကပ်လာပါတော့တယ် ဒါပေမဲ့ ရှင်သန်ချင်ရင် နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး အဲ့ဒါကတော့ သွေးသန့်လူသားကို ရှာပြီးသူ့သွေးကိုစုပ်ရမှာပါ သွေးသန့်လူသားကလည်း ရာစုနှစ်တစ်ခုကြာမှတစ်ယောက်ပဲမွေးဖွားပါတယ်လူသားဖြစ်ဖို့နည်းလမ်းရှာနေတဲ့ဂျန်ဟိုတစ်ယောက် သွေးသန့်လူသားချွဲမင်ဟျွန်းကိုတွေ့တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုကြိုးစားမလဲ စိတ်ဝင်စားစရာလေးမို့ကြည့်ကြည့်ပါနော်ပြီးတော့ uke လေးရော seme လေးရောအရမ်းချောတာမို့ ကြည့်ရတာတန်ပါတယ်ရှင်ဂျန်ဟိုအဖြစ် Kim Ji Woong ချွဲမင်ဟျွန်းအဖြစ် Yoon Seo Bin ဟေးဆိုးအဖြစ် Moon Ji Hoo တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။Genre.....BL, Drama, Romance Quality….WEB-DL ...
movie

Kissable Lips (2022)

2022
Forever Out of My League (2021) 5.4
Forever Out of My League (2021) Forever Out of My League (2021)=======================တစ်ခါတလေကျ ချစ်ခြင်းမေတ္တာက နားလည်ရခက်တယ်ဗျ။ အသွားရှိမှ အပြန်ရှိမယ်ပြောကြေးဆို အသွားအပြန်မမျှော်ကိုးဘဲ ချစ်နေတတ်တဲ့ ချစ်ခြင်းမေတ္တာတွေကို ဘယ်လိုရှင်းပြနိုင်မလဲဗျ။ တစ်ခါတလေကျ ပြန်တော့ လည်း သံယောဇဉ်ကြိုးဆိုတာ တစ်ချို့လူတွေအတွက်တော့ ကမ္ဘာ့အခိုင့်ခံဆုံး၊ ဖြတ်ရအခက်ဆုံးကြိုးဆိုပေမဲ့ တစ်ချို့တွေကျတော့လည်း အပ်ချည်မျှင်လေး တစ်ကြိုးလို ထောက်ခနဲဖြတ်တောင်နိုင်တာမျိုးပေါ့။ဒီထဲမှာမှ ကျွန်တော်တို့နားလည်ရခက်၊ ရှင်းပြရခက်တဲ့ ချစ်ခြင်းတွေထဲမှာ မိသားစုချစ်ခြင်းဟာ ထိပ်ဆုံးကနေဦးဆောင်နေစမြဲ။ တုနှိုင်းမရအောင် ခိုင်မာ တတ်သလို၊ နားလည်ရခက်‌လောက်အောင်လည်း ခက်ထန်တတ်စမြဲ ဖြစ်တတ်ခြင်း သဘောတွေဟာ ဒီချစ်ခြင်းရဲ့သဘောတွေပဲထင်ပါရဲ့။ တစ်ချို့မိသားစုတွေရဲ့ ချစ်ခြင်းဟာ တကယ့်ကို နှစ်ထောင်းအာရရှိပြီး အားကျချင်စရာကောင်းချိန် တစ်ချို့မိသားစုချစ်ခြင်း အပေါ်ယံဟန်ဆောင် သကာရည်ဖြူး၊ တစ်ချို့ကျ နှစ်ထောင်းအားရစရာမရှိပေမဲ့ သကာရည်မပါဘဲ တစ်ကယ့်ချစ်ခြင်းတွေပါဝင်စမြဲပါပဲလေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)File Size - (983 MB) / (493 MB) Quality – Web-DL 1080p / 720p Duration - 1Hr 54mins Subtitle – ...
movie

Forever Out of My League (2021)

2021
Lan Yu (2001) 7.1
Lan Yu (2001) Lan Yu (2001) Demi gods and Semi Devils, Sword Snow Stride (2021) တို့မှာ လူကြိုက်များပြီး နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Hu Jun နုပျိုစဉ်ကာလက ရိုက်ကူးခဲ့တဲ့ကားလေးပါ။အကောင်းဆုံးတရုတ်LGBTကားတွေထဲမှာပါဝင်ပြီး ဆုတွေအများကြီးရရှိထားတဲ့ R-rated ဒရမ်မာ‌ကားကောင်းတစ်ကားပါ။၁၉၈၈မှာ ကလောင်အမည်ပဲပါပြီး ဘယ်သူဘယ်ဝါရေးမှန်းမသိတဲ့ ပုံနှိပ်တိုက်တွေကမထုတ်ဝေရဲတဲ့ အွန်လိုင်းပေါ်က ဝတ္ထုတစ်ပုဒ်ကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ၁၉၈၀နောက်ပိုင်းခေတ်တွေကို ဇာတ်အိမ်တည်ထားပါတယ်။ ဘဝမှာဝန်မခံချင်ရင်တောင်မှ နှစ်တွေဘယ်လောက်ပဲကြာပါစေ၊ ဘာတွေပဲပြောင်းလဲသွားပါစေ တချိန်ကလူတစ်ယောက်နဲ့ပတ်သတ်ဖူးတဲ့ကိစ္စတွေက လက်ဆတ်နေဆဲ၊ အတွေးထဲဝင်ရောက်နေဆဲဖြစ်တတ်ကြပါတယ်။ဒီလိုပဲ လိင်တူစွဲလမ်းမှုရှိပြီး ကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဆီကိုလည်း လန်ယုဆိုတဲ့ ပိုက်ဆံပြတ်နေတဲ့ မထုံတတ်တေးကောလိပ်ကျောင်းသားတစ်ယောက်က အခကြေးငွေယူပြီး လိင်ဖျော်ဖြေပေးဖြစ်တဲ့အခါမှာတော့ မငြင်းဆန်နိုင်တဲ့ အချစ်နှောင်ကြိုးတွေက တသက်တာလုံး တသသ လွမ်းမဝ ဖြစ်လာအောင် ရစ်ပတ်လာခဲ့ပါတယ်။လိင်တူချစ်ကြိုက်တာတွေကိုပွင့်လင်းစွာချပြခွင့်မသာတဲ့ခေတ်ကာလက ရှူးဂါးဒယ်ဒီနဲ့ သိမ်မွေ့တဲ့ကောင်လေးလန်ယုတို့ရဲ့ချစ်ခြင်းတစ်ခုကို ဒရမ်မာဆန်ဆန်ကြည့်ရှုခံစားရမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ 333 ပါ။) File Size      ...
movie

Lan Yu (2001)

2001
366 (2022) 4.6
366 (2022) 366 (2022)ဖိလစ်ပိုင်အချစ်ကားတွေမှာ ဟိုးတုန်းကတော့ တော်တော်ဖီးလ်ရအောင် လုပ်တတ်တဲ့ကားကောင်းတွေရှိခဲ့ပါတယ်။ ဒီတစ်ခါလည်း ဖိလစ်ပိုင်တွေဟာ ပရိသတ်ကို ဖီးလ်ရအောင်လုပ်နိုင်တဲ့ ရုပ်ရှင်တစ်ကားထပ်ထုတ်လိုက်ပါတယ်။ အာရှရိတ်တင်တွေလည်း ကောင်းတဲ့ရုပ်ရှင်ပါပဲ။ အချစ်ကား အဆွေးကား ကြိုက်တဲ့သူတွေနဲ့ သင့်တော်တဲ့ဇာတ်လမ်းပါ။" ၃၆၅ " သံယောဇဉ်ဟာ တစ်ပင်ချင်းနွယ်တတ်သလို တစ်လွှာချင်းကြွေကျတတ်တဲ့အရာပေါ့။ လူတစ်ယောက်ကို သေသေချာချာချစ်မိဖို့ ၃၆၅ရက်လိုသလို လူတစ်ယောက်ကို သေသေချာချာမေ့ပစ်ဖို့လည်း ၃၆၅ရက်လိုတယ်တဲ့။ ဒီရုပ်ရှင်ဟာ လူ၂ယောက်ရဲ့ဘဝတွေ ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးနိုင်ကြတော့တဲ့အခါ မပိုင်ဆိုင်နိုင်တော့တဲ့ အချစ်တစ်ခုကို မေ့ပစ်ဖို့ ကြိုးစားကြတဲ့လူတွေရဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။"ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူး"ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူးနှင်းဆီကိုချစ်တတ်အောင် သင်ကြားပေးဖို့ပေါ့ စောင်းတွေက ဆူးကို ကြိုးညှိပေးခဲ့ရတာပေါ့ တစ်ညနေခင်းလုံး ငါ့ဆီမှိုင်ငေးနေတဲ့တိမ်တွေ အလွမ်းက ကျွတ်လွတ်ဖို့ မြူဆွယ်အားကောင်းကောင်း ကံတရားလှပတာလိုချင်ရဲ့ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူးကိုယ့်အရိပ်ကိုတောင် မရိပ်မိနိုင်တော့တဲ့ နှင်းနဲ့ လောင်ကျွမ်းနေသူ ဆောင်းလေ.... ငါ့ကိုရှာဖွေဆဲ....မောင်သိန်းဇော်" ၃၆၆ "အချစ်မှာ ယုံယုံကြည်ကြည်လည်း မျှော်လင့်ဖူးကြတယ်။ မျှော်လင့်ချက်မဲ့တဲ့နေ့တို့လည်းရှိဖူးကြတယ်။ ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးနိုင်တော့တဲ့အခါတော့ လက်လွတ်တတ်ဖို့ သင်ယူခဲ့ကြတယ်။ တစ်ခါတလေကျ ချစ်ခြင်းဟာ ရှင်သန်ခြင်းပဲဖြစ်နေပြန်တော့ သတ်မှတ်ချက် ၃၆၅ကို ကျော်လွန်မျှော်လင့်ခဲ့မိကြတာတွေလည်းရှိတာပါပဲ။ ...
movie

366 (2022)

Painted Skin (2022)
Painted Skin (2022) Painted Skin 2022 7.4/10 on MyDramaList Action/Romance/ Drama/ Fantasyအသစ်ထွက်ရှိလာတဲ့ Painted Skin ဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ဒီနာမည်နဲ့ ဇာတ်ကားအမျိုးမျိုးထွက်ဖူးတဲ့ လူနဲ့မိစ္ဆာကြားက အချစ်မေတ္တာဇာတ်ကားလေးဆိုလည်းဟုတ်ပါတယ်။အရင်ဇာတ်ကားတွေထက် မနိမ့်တဲ့ တင်ဆက်မှုတွေနဲ့ မိမိုက်နေဆဲ Fantasy Drama ဇာတ်ကားပါ။အချစ်နဲ့ဘဝ..ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း...ယင်နဲ့ယန်...လူနဲ့မိစ္ဆာမတူတဲ့အခြေအနေ ၂ ခု တွေ့ဆုံမှုတိုင်းဟာ ရင်နင့်အောင် ခံစားရတာချည်းပါပဲ။ဇာတ်လမ်းဇာတ်ကွက်လဲမဆိုးလှသလို CGI တွေလဲ မိုက်တာမို့Fantasy ပရိတ်သတ်တွေဆိုရင်တော့ လုံးဝလက်လွတ်လို့မရတဲ့ဇာတ်ကားပါ။ File size…(1 GB)/(530 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:24:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

Painted Skin (2022)

The Taming of the Shrewd (2022)
The Taming of the Shrewd (2022) The Taming of the Shrewd (2022)========================Netflix ကနေ အသစ်ထွက်ရှိလာတဲ့ romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရည်းစားက သစ္စာဖောက်လို့ အသည်းကွဲလာတဲ့ သိပ္ပံပညာရှင် ကတ်စ်ကာဆိုတဲ့ ပိုလန်သူလေးက ချီကာဂိုကနေ သူ့ရဲ့မွေးရပ်မြေ ပိုလန်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ပိုလန်က သူ့အစ်ကိုဖြစ်သူ ရန်ဒရုရှ် ကတော့ သူတို့နှစ်ယောက်ပိုင်တဲ့ မိဘပိုင်မြေကို ရောင်းထုတ်ချင်နေတာပါ။ သူမပြန်ရောက်လာတော့ ကတ်စ်ကာက သဘောမတူတာကြောင့် အစ်ကိုဖြစ်သူက ညီမကို လင်ပေးစားဖို့ ကြံစည်ပါတော့တယ်။ ပိုလန်ရောက်တော့ သူမ ဘဝသစ်ကို စတင်ဖို့ ကြိုးစားရင်း ခပ်လန်းလန်းကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံတာ ကနေပါ Romance ဇာတ်လမ်းလေးဖြစ်လာတယ်ဆိုပါတော့။အဲ့တော့ ကတ်စ်ကာဟာ ပိုလန်မှာပဲ အခြေချဖြစ်မှာလား၊ ခပ်လန်းလန်း ကောင်လေးကရော သူမနားကို ဘယ်လိုပုံစံနဲ့ရောက်လာမလဲဆိုတာ ဒီ Comedy, Romance ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှူပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (1.71 GB) / (877 MB) / (568 MB) Quality – WebRip ...
movie

The Taming of the Shrewd (2022)

2022
Till We Meet Again (2021) 7.5
Till We Meet Again (2021) ယခုတစ်ခါမှာတော့ CM fan တွေအတွက် Till We Meet Again ဆိုတဲ့ Taiwan Movie လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးက‌တော့ ဇာတ်လမ်းဇာတ်အိမ်လေးတစ်မျိုးဆန်းသစ်ပြီး IMDB rating လည်း 7.5 ထိ ရရှိထားပါတယ်ဇာတ်လမ်းအကျဉ်းရှီရှောင်လန်ဟာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့တယ် ခေါင်းကို မိုးကြိုးထိခဲ့တာကြောင့် သူ့ရဲ့မသေခင်က မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ပါတယ ရှောင်လန်က ငရဲပြည်ကိုရောက်တဲ့အချိန်မှာ ပြန်လည်မွေးဖွားဖို့ မရွေးချယ်ဘဲ အချစ်နတ်ဘုရားအဖြစ် အလုပ်လုပ်ပြီး နောက်ဘဝ လူဖြစ်ဖို့ ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ရွေးချယ်ခဲ့တယ်အချစ်နတ်ဘုရားရဲ့ တာဝန်ကတော့ လူနှစ်ယောက်ပေါင်းဖက်နိုင်အောင် ဖူးစာကြိုးနီလေး ချည်ပေးရမှာပါ လူနှစ်ယောက်ကို ဒီလို ဖူးစာဖက်ပေးဖို့အတွက် အချစ်နတ်ဘုရားတွေဟာ နှစ်ယောက်တစ်တွဲအလုပ်လုပ်ရတယ်ပင်ကီက ရှီရှောင်လန်ရဲ့ တွဲဖက်နတ်ဘုရားဖြစ်လာခဲ့ပြီး ရှောင်လန် လူပြည်မှာ ပထမဆုံးထမ်းဆောင်ရမယ့်တာဝန်က လူ့ဘဝမှာကျန်ခဲ့တဲ့ သူ့ချစ်သူအတွက် ဖူးစာဖက်ရှာပေးဖို့ဖြစ်နေခဲ့တယ် ရှောင်လန်တစ်ယောက် လူ့ဘဝရဲ့ မှတ်ဉာဏ်တွေ ပြန်ရသွားတဲ့အခါ...ပုံမှန်အချစ်ဇာတ်လမ်းတွေနဲ့ မတူ တစ်မိုထူးခြားပြီး Fantasy ဆန်ဆန်ရိုက်ကူးထားတာမို့ ရသတစ်မျိုး ကြည့်ရှု့ခံစားရမှာပါ ။( ဘာသာပြန်ပြီး ...
movie

Till We Meet Again (2021)

[18+] Lost in Beijing (2007) 6.8
[18+] Lost in Beijing (2007) တရုတ်နိုင်ငံရဲ့ အချောအလှစာရင်းဝင် မင်းသမီး ဖန်ပင်းပင်းရဲ့ ၂၀၀၇ ခုနှစ်က Drama ဇာတ်ကား​ကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီထဲက ဖန်ပင်းပင်းရဲ့ သရုပ်ဆောင်ချက်တွေဟာ ဝေဖန်သူတွေကြားထဲ လက်ခုပ်သံရရှိစေခဲ့ပါတယ်။ IMDB မှာလဲ 6.8 ရရှိထားပြီး Deep ဖြစ်တဲ့ Drama ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်း...​နယ်ကနေ ဘေကျင်းကိုတက်လာပြီးကြုံရာအလုပ်လုပ်တဲ့ လင်မယားနှစ်ယောက်၊ မိန်းမဖြစ်သူက အပျိုဟန်ဆောင်ပြီး Foot Message မှာ အလုပ်ဝင်လုပ်သလို၊ ယောကျာ်းဖြစ်သူကလည်း အထပ်မြင့်မှန်တွေသန့်ရှင်းရေးလုပ်ကာ ဘဝကိုရုန်းကန်နေရင်း တစ်နေ့တော့.......အဲ့ဒီတစ်နေ့ကြောင့်ပဲ ဘဝမှာ ငွေလား အချစ်လား ရမ္မက်လား မေးခွန်းတွေပေါ်ထွက်လာပါတော့တယ်။ ငွေဟာ လူ့သည်းခြေကြိုက်ဒုတိယဘုရားသခင်ဖြစ်ပေမယ့် တကယ့်ရွေးချယ်စရာ အချို့နဲ့ကြုံလာရင်တော့......ဇာတ်လမ်းကိုပဲ စီးမျောခံစားကြည့်လိုက်ပါ။Drama ဇာတ်လမ်းမျိုးဖြစ်ပေမယ့် ဖန်ပင်းပင်းရဲ့ အလှကောက်ကြောင်းတွေနဲ့ စကားကြမ်းကြမ်း အခန်းကြမ်းကြမ်းတွေပါတာမို့ ၁၈ နှစ် အထက်မှသာ ကြည့်ရှုဖို့ သင့်တော်ပါလိမ့်မယ်။ File size…(3.2 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:54:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie

[18+] Lost in Beijing (2007)

It’s Your Fault that My Heart Beats (2021) 7.2
It’s Your Fault that My Heart Beats (2021) It's your fault that my heart beats (2021)အထက်တန်းကျောင်းရဲ့ နွေရာသီ ချစ်ဦးပုံပြင်လေးတစ်ပုဒ်ပါ။ ငယ်ချစ်ဦးဇာတ်လမ်းတွေကိုသဘောကျတဲ့သူ၊ လူငယ်ဘဝdramaတွေ သေချာပေါက်ကြိုက်နှစ်သက်မဲ့ ဂျပန်ဇာတ်ကားလေးပါပဲ။"ဆုကစ"ဆိုတဲ့ကျောင်းသူလေးက ကျောင်းအမြဲနောက်ကျတတ်ပြီး ဖရိုဖရဲနိုင်တဲ့ကောင်မလေးတစ်ယောက်ပါ။ အထက်တန်းကျောင်း ပထမနှစ်မှာ ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် "အရိမ"က သူ့ကိုအမြဲကူညီပေးတတ်တဲ့သူတစ်ယောက်ပေါ့။ ဆုကစရဲ့သူငယ်ချင်းတွေကလည်း သူတို့နှစ်ယောက်က အပြန်အလှန်ကြိုက်တာသေချာတယ်လို့ပြောတာကြောင့် သူလည်း ကြင်နာတတ်တဲ့ အရိမကို ဖွင့်ပြောခဲ့ပါတယ်။ အရိမ က "နင်နဲ့အတူရှိနေရင်တောင် ယောက်ျားလေးသူငယ်ချင်းနဲ့ရှိနေတယ်လို့ပဲ ခံစားရတယ်"လို့ပြောပြီးငြင်းလိုက်ပါတယ်။ ဒါပေမဲ့ ဆုကစကတော့ ငြင်းရင်တောင် ဆက်ပြီးချစ်နေမှာပဲလို့ပြောပြီး အနားမှာဆက်ရှိနေပေးခဲ့ပါတယ်။ ဆုကစကို ဂရုစိုက်တဲ့သူနောက်တစ်ယောက်ကတော့ playboyလေး "ဟဆဲဘဲ" ပါပဲ။ မိန်းမရှုပ်ပေမဲ့ ဆုကစကိုတော့ တိတ်တခိုး ဂရုစိုက်ပြီး ချစ်နေခဲ့တဲ့သူပါ။ဒီလိုနဲ့ ၃ယောက်သား ကျောင်းကနွေရာသီcampကိုသွားကြတဲ့အခါ အရိမရဲ့ရည်းစားဟောင်းနဲ့ပြန်ဆုံခဲ့ပါတယ်။ ရည်းစားဟောင်းဖြစ်သူက ဆုကစတို့ ကမ်းခြေကိုခရီးထွက်တဲ့အခါမှာလည်း သူတို့နဲ့အတူလိုက်လာခဲ့ပါတယ်။ ရည်းစားဟောင်းဖြစ်သူက အရိမကိုပြန်လိုချင်တာကြောင့် ဆုကစကို အောင်သွယ်လုပ်ပေးဖို့ပြောတဲ့အခါ ဆုကစတစ်ယောက် ခံစားချက်တွေကိုဖုံးကွယ်ပြီး သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်နဲ့ ကူညီဖို့ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း အရိမက ဆုကစကို တကယ်မချစ်တာမဟုတ်ဘဲ သူကအချစ်နဲ့မထိုက်တန်သူလို့ ...
movie

It’s Your Fault that My Heart Beats (2021)

Blueming (2022) 8.3
Blueming (2022) Blueming (2022)ဒီလထဲမှာ အသစ်ထွက်ထားတဲ့ Korea BL mini series လေးတစ်ခုကို BL fan တွေအတွက် CM ကနေ တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းက "Who Can Define Popularity?" ဆိုတဲ့ Webtoon လေးကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်ကလေးတွေရဲ့ ငယ်ဘဝမှာ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုလည်း ဒီဇာတ်လမ်းထဲမှာ ထည့်သွင်းပုံဖော်ပြထားပါတယ်ဇာတ်လမ်းအကျဥ်းချာရှီဝန်ဆိုတဲ့ ကောင်လေးဟာမိဘတွေရဲ့ အဆင်မပြေမှုအပြင် သူ့ရဲ့ မလှပတဲ့ပုံပန်းသွင်ပြင်​ကြောင့်ပါ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းခဲ့ရပါတယ်ရှီဝန်ဟာ သူ့ကိုယ်သူပြစ်ချက်မရှိအောင်နေရင်းနဲ့ လူတွေကြားထဲမှာ အမြဲပေါ်ပြူလာဖြစ်ဖို့ ကြိုးစားခဲ့တယ် လူတွေရှေ့မှာ အမြဲဟန်ဆောင်အပြုံးလေးနဲ့နေခဲ့တယ်ဒါပေမယ့် ရှီဝန်တို့မေဂျာမှာ ပေါ်ပြူလာဖြစ်တဲ့ နောက်ထပ်ကောင်လေးတစ်ယောက်လည်းရှိပါတယ် သူကတော့ အရာရာပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် သူ့အကြောင်းကို လျှို့ဝှက်ပြီးနေတတ်တဲ့ ယောင်းဒါအွန်ဆိုတဲ့ကောင်လေးပါရှီဝန်နဲ့ ဒါအွန်တို့ မေဂျာတူကျောင်းသားတွေဖြစ်ပြီး assignment လုပ်ဖို့လည်း အမြဲတမ်း တစ်ဖွဲ့တည်းအတူတူကျခဲ့တယ် အဲဒီနောက် ရှီဝန်ရဲ့ဟန်ဆောင်မှုတစ်ချို့ ဒါအွန့်ရှေ့မှာ မထင်မှတ်ဘဲပေါ်သွားတဲ့အခါ...ဘာဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီရှင်( ဘာသာပြန်ပြီး ...
movie

Blueming (2022)

(18+)Nine 1/2 Weeks (1986) 5.9
(18+)Nine 1/2 Weeks (1986) Nine Half Weeks ဆိုတဲ့ဇာတ်ကားလေးကတော့ မိသားစု‌ေတွနဲ့ အတူကြည့်ဖို့ မသင့်တဲ့လူကြီးတွေကို လူကြီးပညာသင်တဲ့ ဇာတ်ကားကောင်း‌လေးပဲဖြစ်ပါတယ်။1986 ခုနှစ်လောက်က Cinematography နဲ့ ခန္ဓာကိုယ်ရဲ့ အနုပညာကောက်ကြောင်းတွေကိုဘယ်လိုရိုက်ပြထားလဲဆိုတာကို ကြည့်ရှုလေ့လာရင်း ပညာတွေအများကြီးတိုးပွားစေမယ့် ဇာတ်ကားလေးပါ။လိင်ကိစ္စဆိုတာ ကြာလာတာနဲ့ တစ်ယောက်နဲ့တစ်ယောက်စိတ်လှုပ်ရှားမှု‌တွေ လျော့ကျသွားတတ်ပါတယ်..ဒါပေမယ့် ဘယ်လိုနည်းမျိုးတွေနဲ့ စိတ်လှုပ်ရှားမှုတွေကို ပြန်ပြီးရှာဖွေပြီး သာယာမှုကိုပြန်ရှာဖွေမလဲ။ကိုယ့်ရဲ့ ပါတနာကို လွှမ်းမိုးတဲ့နေရာမှာလဲ အတိုင်းအတာဆိုတာ ဘယ်လောက်ရှိလဲ။သာယာမှုတွေ အလွန်မှာရော ဘယ်လိုဆိုးကျိုးတွေ စောင့်ကြိုနေလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ကိုယ်တိုင်ကြည့်ရှုခံစားကြည့်လိုက်ကြပါ။ File size…3.2GB / 1.2GB Quality…1080p BluRay AAC5.1Ch / 720p Format…mp4 Duration….1h 57mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thu Ra Hein  
movie

(18+)Nine 1/2 Weeks (1986)

1986
[18+] Eros (2004)
[18+] Eros (2004) [18+] Eros (2004) ဝေါင်ကာဝေး၊ စတီဗင် ဆိုဒါးဘတ်၊ မိုက်ကယ်အိန်ဂျလို အန်တိုနီယိုနီ စတဲ့ ဟောင်ကောင် အမေရိကန် အီတလီက နာမည်ကျော် ဒါရိုက်တာ၃ယောက်ဟာ Eros ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတို သုံးခုကို Erotic ဆန်ဆန်ရိုက်ဖို့ တွဲဖက်ပေးခံခဲ့ရပါတယ်။ ဇာတ်လမ်းသုံးခုလုံး ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်တွေပါပဲ။ သုံးယောက်လုံး နာမည်ကျော်တွေပေမဲ့ ဝေါင်ကာဝေးရဲ့ The Hand ကတော့ အသပ်ရပ်ဆုံး အလှပဆုံးပါပဲ။ - "The Hand" By Wong Kar Waiအပြာရောင်ရဲရဲသမိုင်းနဲ့ မကင်းတဲ့သူတွေ မရေနိုင်မတွက်နိုင် ရှိကောင်းရှိဖူးကြမှာပဲ။ အားလုံးနီးပါးပဲ ထင်ပါတယ်။ တစ်ခါတလေတော့လည်း သိ‌နေပြီးတဲ့ အရာရာတိုင်းကို သိဖို့မလိုဘူးပေါ့။ ဒီနည်းနဲ့ ထားသင့်အရာတွေကို ထားသင့်တဲ့နေရာမှာထားပြီး ကျွန်တော်တို့‌ ကမ္ဘာမပြိုပျက်ဖို့ နံရံတစ်ခုခြားခဲ့ကြတာပါပဲ။အနုပညာပစ္စည်းတစ်ခုမှာ ကျန်တာထက် အခရာကျတဲ့ အရည်အသွေးက ရိုးသားမှုလို့ ကျွန်တော်တော့ မှတ်ယူတာပဲ။ ဖန်တီးသူဟာ သူ့ခံစားချက် ...
movie

[18+] Eros (2004)

2004
Dil Chahta Hai (2001) Dil Chahtha Hain 8.1
Dil Chahta Hai (2001) Dil Chahtha Hain IMDb Rating (8.1)/ Rotten Tomatoes (95%)ဒီဇာတ်ကားလေးမှာ မင်းသားကြီး အမီရ်ခန်းရယ် ဆေ့ဖ်အလီခန်းရယ် အက်ရှေးခန်နားတို့ ပါဝင်သရုပ်ဆောင်ထားတယ်Rating တွေ ကောင်းတဲ့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကြောရိုးကတော့ ရိုးရှင်းပါတယ်...ပေါ့ပေါ့ပါးပါးလေးနဲ့ ရင်ထဲတစ်ခုခုကျန်စေမယ့် ကားမျိုး...သူငယ်ချင်းသုံးယောက်ရှိတယ်...စမီရ် ဆစ်ဒ် နဲ့ အာကာရှ်မိဘတွေကငွေကြေးပြည့်စုံကြတော့ သူတို့ဘဝက လိုလေသေးမရှိပေါ့...လူငယ်သဘာဝပျော်မယ် ပါးမယ် ကဲမယ် ဘဝရဲ့ဒဿနလည်းမသိ အချစ်ရဲ့အနက်အဓိပ္ပါယ်လည်းမမှုတစ်ခါတလေ ဘဝက သင်ခန်းစာပေးတယ်လို့ ပြောတတ်ကြတယ်မလားအဲ့ဒီလိုပဲ သူတို့သုံးဦးရဲ့ဘဝကိုယ်စီမှာ သင်ခန်းစာတစ်ခုဆီရလာကြတဲ့အခါ ဒီလူငယ်လေးတွေ ရင့်ကျက်လာတဲ့အကြောင်းကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ...အချစ်ဆိုတာမျိုးက လုပ်ယူဖန်တီးလို့မရသလို ဘဝကြီးမှာလည်း ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတတ်ပါဘူး...ဒါပေမဲ့ တချို့အရာတွေက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုမရှိဘဲ ပိုင်ဆိုင်ရတာမျိုးမရှိတတ်ပါဘူး ကိုယ်တကယ်ချစ်တဲ့သူကို ဒီဇာတ်ကားလေးနဲ့ အဖြေရှာကြည့်ပြီး ကြည်နူးနိုင်ပါတယ်။ File size…(3.8 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….03:05:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie

Dil Chahta Hai (2001) Dil Chahtha Hain

Old Monk(2022) 8.2
Old Monk(2022) Old Monk(2022)ကိုယ့်ရဲ့ရုံးက HRတစ်ယောက်က ရုံးအတွင်းမှာ ချစ်သူရည်းစားမထားရဘူးဆိုတဲ့ စည်းကမ်းကိုထုတ်ထားပြီးချစ်လို့လက်ထပ်ကြမယ့် ချစ်သူတိုင်းရဲ့ မင်္ဂလာပွဲတိုင်းကို လိုက်ဖျက်နေမယ်ဆိုရင်လို့ တွေးကြည့်ကြပါ။ တော်တော်ကို ဒုက္ခရောက်မယ့်အမျိုးပါပဲ။ဒီကားလေးကတော့ Rating 8.3ရရှိထားပြီး 2022ခုနှစ်မှာပဲ ထွက်ရှိထားတဲ့ Old Monkဆိုတဲ့ Comedy, Romance ကားလေးပဲဖြစ်ပါတယ်။နတ်ပြည်မှာနေထိုင်တဲ့ နာရဒါမူနီဆိုတဲ့သူဟာ တစ်ကိုယ်တည်းသမားဖြစ်ပြီး အရှင်ခရစ်ရှနာရဲ့ အမျိုးသမီးဖြစ်သူ ရက်ဒါရဲ့မွေးနေ့မှာ ခရစ်ရှနာသူ့ချစ်သူရဲ့မွေးနေ့ကိုမေ့နေတာကို ဆေးထိုးလိုက်ရာကနေ ခရစ်ရှာနာရဲ့ အမျက်ရှပြီး လူ့ပြည်ကို ကျိန်စာတစ်ခုနဲ့စေလွှတ်ခံလိုက်ရပါတယ်။အဲဒီကျိန်စာကတော့ "မိန်းကလေးတစ်​ယောက်နဲ့ ချစ်ကြိုက်ပြီး အဲဒီမိန်းကလေးနဲ့လက်ထပ်ရဖို့ မိဘတွေကို စည်းရုံးရမယ်"ဆိုတာပါပဲ။ဒီကျိန်စာနဲ့လူ့ပြည်ကိုရောက်လာတဲ့ သူက မွေးဖွားလာကတည်းက ကောင်မလေးတွေတစ်ယောက်ပြီးတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်မလိုဖြစ်ပေမဲ့တိုင်ပင်တွေလွဲလွဲပြီး အချစ်ရေးမှာ ဆက်တိုက်ဆိုသလို အလွဲလွဲအချော်ချော်တွေဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ မစားရတဲ့အမဲသဲနဲ့ပက်ဆိုသလို တခြားလူတွေလည်းရည်းစားမရပါစေနဲ့ဆိုတဲ့ အတွေးနဲ့ ရုံးမှာ HRရာထူးကို ကြိုးစားယူပြီး ယောကျာ်းနဲ့မိန်းမဆိုတာနဲ့မျက်လုံးချင်းတောင်မဆုံစေဖို့ လိုက်တားမြစ်ပါတော့တယ်။ ဒီလို သူများတကာအတွဲတွေကို ညစ်တီးကျထားတဲ့အာပနာတစ်ယောက် သူတကယ်ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ထပ်တွေ့လိုက်ရတဲ့အချိန်မှာ....ခရစ်ရှာနာရဲ့ ကျိန်စာကိုဖျက်နိုင်ပါ့မလား။ ...
movie

Old Monk(2022)

Battle: Freestyle (2022) 4.8
Battle: Freestyle (2022) Battle: Freestyle (2022)=================စတိုင်ကျကျကပြတဲ့ ကားတွေကို ကြိုက်သူများအတွက် Netflix က အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ ကားနာမည်ကတော့ Battle: Freestyle တဲ့ . . .ဒီကားထဲမှာ အမ်မလီက ချစ်သူမီကယ်ရဲ့အကအဖွဲ့မှာ ပါဝင်တဲ့သူလည်း ဖြစ်သလို၊ တစ်နေ့မှာ အမ်မလီတို့အဖွဲ့ ပါရီမှာ ပြိုင်ပွဲ ယှဥ်ပြိုင်ဖို့အတွက် ရွေးချယ်ခံလိုက်ရတဲ့အခါ အမ်မလီတစ်ယောက် ဝေးကွာနေတာကြာပြီဖြစ်တဲ့ အမေဖြစ်သူနဲ့ တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။ နောက်ပြီးအမ်မလီအမေက အကသင်တန်းကျောင်းရဲ့ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး အမ်မလီ တစ်ယောက် အမေဖြစ်သူနဲ့တွေ့တဲ့ချိန်မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ကုန်မှာလဲ၊ အကပြိုင်ပွဲမှာရော သူတို့မျှော်မှန်းထားတဲ့ ဆုကြေးတွေ သိမ်းပိုက်နိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှု ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေး သားပေးသူကတော့ Shwe Pyae, Jerrica တို့ဖြစ်ပါတယ်)File Size - (1.6 GB) / (813 MB) / (538 MB) Quality – WEB-DL 1080p / 720p/480p Duration - 1h ...
movie

Battle: Freestyle (2022)

2022
Moonshot (2022) 5.5
Moonshot (2022) Moonshot (2022)ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာအသစ်ထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။Walt ဆိုတဲ့ကောင်လေးတစ်ယောက်က ငယ်ငယ်လေးကတည်းက အာကာသတစ်ခွင် လျှောက်သွားချင်နေခဲ့တာပါ။ Kovi Industries Student Mars Program ဆိုတာကတော့ ကောလိပ်ကျောင်းသားတွေကို အင်္ဂါဂြိုလ်ဆီ ပို့ပေးနေတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Walt ရဲ့ရည်းစားဖြစ်သူကလည်း အင်္ဂါဂြိုလ်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ။ Walt တစ်ယောက် အင်္ဂါဂြိုလ်သွားဖို့ကို အကြိမ်ကြိမ်ပယ်ချခံရပြီးနောက်မှာတော့ Sophie ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Sophie ကတော့ ထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်သလို သူ့ရည်စား Kelvin ကလည်း အင်္ဂါဂြိုလ်ပေါ်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ တစ်နေ့မှာ Sophie ဟာသူ့ရည်စားနဲ့ တွေ့ဖို့အတွက် အင်္ဂါဂြိုလ်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီမှာ အင်္ဂါဂြိုလ်ရူး Walt ကလည်း Sophie ကိုအသုံးချပြီး ယာဉ်ပေါ်ကို ခိုးပြီးလိုက်ပါသွားပါတော့တယ်။ Walt ခိုးပြီးတော့လိုက်ပါလာတာကို Sophie သိသွားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက် အာကာသခရီးစဉ်တစ်လျှောက် ဘယ်လိုနှစ်ပါးဆက်သွားကြမလဲ၊ သူတို့ရဲ့ ရည်းစားတွေနဲ့ရော အင်္ဂါဂြိုလ်ပေါ်မှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကတော့ C ...
movie

Moonshot (2022)

2022
The English Patient (1996) 7.4
The English Patient (1996) ဒုတိယ ကမ္ဘာစစ်ကိုဇာတ်လမ်းတည်ပြီးရိုက်ထားတဲ့ အချစ်ဇာတ်လမ်းလေးပါ အချစ်က လူတိုင်းကို ရူးသွပ်စေနိုင်တယ်ဆိုတာလေးပါ ဖော်ပြပေးထားတာပါ ဂျော့ဖရီ နဲ့ ကတ်သရင်းတို့ လင်မယားနှစ်ယောက်က လေ့လာရေးခရီးထွက်ပြီး မြေပုံဆွဲနေတဲ့အဖွဲ့ဆီ ရောက်လာတာကနေ ဇာတ်လမ်းလေးက စတာပါ အဖွဲ့ထဲမှာ ကတ်သရင်းကို သဘောကျနေတဲ့ အယ်မာဆီဆိုတဲ့တစ်ယောက်ကလည်း ရှိနေပါသေးတယ် တစ်နေ့တော့ ဂျော့ဖရီက အစိုးရအတွက် အလုပ်လုပ်ပေးဖို့ သွားတော့ ကတ်သရင်းကို လေ့လာရေးအဖွဲ့နဲ့ ထားခဲ့ပါတော့တယ် အဲဒီအချိန်မှာပဲ ရှုပ်ထွေးပွေလီလှတဲ့ အချစ်ရဲ့ နိယာမတွေကို တစ်ခုချင်းစီ ကွက်ကွက်ကွင်းကွင်းမြင်ပြီး ငြိမ့်ငြိမ့်လေးနဲ့ ခံစားနေရာကနေ မျက်ရည် ဘူးသီးလောက်ကျအောင် ဆွဲခေါ်သွားနိုင်တာမို့ ဆု အများကြီးရထားပြီး လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ  File size…(1.7 GB)/(928.32MB) Quality….Webrip  720p / 480p Format…mp4 Duration….02:42:00 Genre...Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

The English Patient (1996)