Channel Myanmar

Romance

The Invention of Lying (2009) 6.4
The Invention of Lying (2009) The Invention of Lying (2009) ~ IMDb - 6.4/10, Rotten Tomatoes - 55% ~မုသားမရှိတဲ့ကမ္ဘာမှာနေချင်တယ် ဘာညာ စာတိုလေးတွေ ရေးကြ ပြောကြတာတွေ တွေ့ဖူးမယ်ထင်ပါတယ်။ ကိုယ်တိုင်ရော ပြောမိကြဖူးပါသလား။ တကယ်ပဲ အဲဒီလိုကမ္ဘာထဲရောက်သွားရင်ကော ဘယ်လိုနေမယ်ထင်ပါသလဲ။ဒီဇာတ်ကားထဲမှာတော့ အဲလိုမျိုးကမ္ဘာတစ်ခုထဲက ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲကလူတွေဟာ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူတွေပါပဲ။ ကွာခြားမှုတစ်ခုတည်းရှိတာက သူတို့ဟာ မုသားဆိုတဲ့ သဘောတရားကို နားမလည်ကြဘူး၊ သိလည်းမသိ၊ ပြောလည်းမပြောတတ်ကြဘူး။ ဒီတော့ မြှောက်ပင့်ပြီးညာပြောတာမျိုး၊ အားနာလို့လိမ်ပြောတာမျိုး၊ လိုချင်တာရဖို့လိမ်ညာတာမျိုး လုံးဝမရှိပါဘူး။ သူတို့က သူတို့စိတ်ထဲရှိတာကိုပဲ အရှိအတိုင်းပြောတတ်ကြပါတယ်။ အဲလိုဆိုတော့ တစ်ခါတလေမှာ အပြောခံရသူမှာ စပ်ဖျင်းဖျင်းတော့ ဖြစ်တာပေါ့လေ။မာ့ခ် ဘယ်လီဆင်လို အသက်ကလေးဆယ်ကျော် ပိုက်ဆံကမရှိ လူက ဝပြဲပြဲ ရွက်ကြမ်းရေကျိုရုပ်နဲ့ လူ ဆိုရင် ပိုခံရခက်တာပေါ့။ ...
movie

The Invention of Lying (2009)

2009
Cobalt Blue (2021) 8.3
Cobalt Blue (2021) "ကိုယ့်ရဲ့အစ်ကိုဖြစ်သူ ဒါမှမဟုတ် ညီမဖြစ်သူနဲ့ လူတစ်ယောက်တည်းကို သဘောကျမိရင်" ဆိုတဲ့ အတွေးမျိုးတွေးမိကြဖူးလား။ကယ်ရလာဆိုတဲ့နေရာမှာနေထိုင်ကြတဲ့ ယဉ်ကျေးမှုရိုးရာကို အလွန်လေးစားတန်ဖိုးထားကြတဲ့ မိသားစုရဲ့မျိုးဆက်အငယ်လေးတွေဖြစ်တဲ့ မောင်နှမနှစ်ယောက်။ စာရေးဆရာဖြစ်ချင်တဲ့ တနေးနဲ့ ဟော့ကီကစားသမားတစ်ယောက်ဖြစ်ချင်တဲ့ အနူဂျာတို့ဟာ အိပ်မက်တွေမတူကြသလိုခံယူချက် မျှော်လင့်ချက်တို့မတူကြပါဘဲ သူတို့အိမ်မှာ လာငှားနေတဲ့လူတစ်ယောက်တည်းကိုပဲ ချစ်မိသွားခဲ့ကြတာပါ။ဒီကိစ္စကိုသိသွားတဲ့ သူတို့ရဲ့ မိသားစုကရော ဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုဖြေရှင်းမလဲ...သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ....ဘဝနဲ့အချစ်ယှဉ်လာတဲ့အခါ မေတ္တာတရားကို ဘယ်လိုတန်ဖိုးဖြတ်ကြမလဲ ဆိုတာကို သပ်ရပ်ရှင်းလင်းတဲ့ရိုက်ကွက်တွေနဲ့ ချပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။LGBTQတို့ရဲ့ လက်တွေ့ဘဝကို အကောင်းဆုံး ချပြထားတဲ့ "Cobalt Blue"ဆိုတဲ့ ဒီဇာတ်လမ်းလေး။ အပြာရောင်ဆိုတာကတော့ ဝမ်းနည်းကြေကွဲခြင်းကိုဖော်ပြတဲ့အရောင်ဖြစ်သလို ဒီဇာတ်လမ်းလေးဟာလည်း နှလုံးသားတွေကွဲကြေရတဲ့ မောင်နှမနှစ်ယောက်ကြားထဲက ခံစားချက်တွေကို ဖော်ပြနေတာများဖြစ်နေမလား။"ချစ်မိတဲ့အချိန်ကျရင် သိလာပါလိမ့်မယ်။ အချစ်က မင်းကို သန်မာလာအောင် လုပ်ပေးနိုင်တယ်"တဲ့။IMDb 8.1အထိရရှိထားပြီး 2021 Decemberကမှထွက်ထားကာ Sachin Kundalkarရဲ့ ဝတ္ထုကိုပြန်ရိုက်ထားတဲ့Cobalt Blue(ကိုဘော့ပြာရောင်)ဆိုတဲ့ အိန္ဒိယကားလေးဖြစ်ပါတယ်။ အားပေးကြည့်ရှုလိုက်ပါဉီးနော်။  File size…1.6GB / 800MB Quality…1080p ...
movie

Cobalt Blue (2021)

2021
The Mexican (2001) 6.1
The Mexican (2001) ဘရတ်ပစ်နဲ့ ဂျူလီယာရောဘတ်ကို ဒီလိုဇာတ်လမ်းမှာ တွဲပြထားတာ ထိပ်တန်းစိတ်ကူးပါပဲ...နှစ်ယောက်လုံးရဲ့သရုပ်ဆောင်မှုတွေ အသက်ဝင်ချက်တွေဆိုတာလေ ကိုယ်တိုင်နှစ်မြောသွားပြီး ပြုံးစိစိကိုဖြစ်နေတာပဲ။ခင်ဗျားအချစ်ဇာတ်လမ်းတစ်ခုရိုက်မယ်ဆိုရင် Mexico လို ဒုစရိုက်တွေပြုံနေတဲ့နေရာမှာ Romance ဆန်ဆန်ရိုက်မယ်လို့ စိတ်ကူးမလား...ပြီးရင် တကယ့်ကြေးစားနာမည်ကြီးလူသတ်သမားတွေက ဘယ်လိုနူးညံ့တယ်ဆိုတာမျိုးရော ထည့်ရိုက်မလား...ပြီးရင် ဇာတ်လမ်းနဲ့ပက်သက်ပြီး မိတ်ဆက်ရာမှာ တကယ်အပြင်မှာဖြစ်နေသလိုမျိုး ကမူးရှူးသောနဲ့ အစီအစဉ်မကျဘဲ ရိုက်မယ်ရော စိတ်ကူးဖူးလား...ဇာတ်လမ်းအမျိုးအစားက အလွဲခန်းတွေကိုထိုင်ရယ်ရမှာလို အချစ်တွေနဲ့ရင်ခုန်ရမှာလို သေနတ်ပစ်ခန်းတွေပဲရင်တုန်ရမှာလို စွန့်စားခန်းတွေကြားထဲပျော်ရွှင်ရမှာလို ရှေးခေတ်ပုံပြင်ထဲမှာပဲ မိန်းမောရမှာလိုနဲ့ တကယ့်ကမောက်ကမ ဘဝင်ကျစေမှာမျိုးကို ရိုက်မလား..ရိုက်တဲ့လူတော့ရှိပါတယ်...ခုဇာတ်ကားကိုရိုက်ထားတဲ့ ဒါရိုက်တာ Gore Verbinski ဖြစ်ပြီး သူ့ကိုတော့ Pirates of the Caribbean (1-3) ရိုက်ကူးတဲ့ဒါရိုက်တာအဖြစ် နာမည်ကျော်ကြားလူသိများပါတယ်။ဇာတ်လမ်းကတော့...ဂျယ်ရီ က ဘာမဆို နမော်နမဲ့လုပ်တတ်တဲ့လူငယ်တစ်ယောက်ပါ။ နမော်နမဲ့လုပ်တတ်လွန်းလို့လည်း မီးနီကိုမမြင်ဘဲ ဖြတ်မောင်းလိုက်တာ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ကားကို ဝင်ကျုံးမိပါလေရော။ ရဲတွေရောက်လာတော့ လူဆိုးဂိုဏ်းချုပ်ကြီးရဲ့ကားနောက်ဖုံးထဲမှာ လူတစ်ယောက်ကို ကြိုးနဲ့တုပ်ဖမ်းလာတာ တွေ့သွားကြတယ်။ အဲဒါနဲ့ပဲ ဂိုဏ်းချုပ်ကြီးခမျာ ...
movie

The Mexican (2001)

Sharmaji Namkeen (2022) 8.5
Sharmaji Namkeen (2022) Sharmaji Namkee (2022) ========================IMDb (8.3/10)အခုတစ်ခါမှာတော့ Channel Myanmar ကနေSharmaji Namkee လို့အမည်ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီရုပ်ရှင်ကတော့ ဘောလီဝုဒ်ရုပ်ရှင်လောကအတွက် စိတ်မကောင်းဖွယ်ရာဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုလည်း မမှားပါဘူးရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ B.G. Sharma နေရာကို မူလပထမက ဘောလီဝုဒ်ရဲ့နာမည်ကြီးမင်းသား Ranbir Kapoor တို့ရဲ့ဖခင် မင်းသားကြီး Rishi Kapoor ကနေ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်စိတ်မကောင်းစွာနဲ့ပဲ မင်းသားကြီး Rishi ဟာ ရုပ်ရှင်ရိုက်ကူးနေဆဲအချိန်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့အတွက်အခြားမင်းသားကြီးတစ်လက်နဲ့ အစားထိုးကာပြန်လည်ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်အစားထိုးရိုက်ကူးမဲ့မင်းသားကြီးကလည်း အခြားသူမဟုတ်ပါဘူး နာမည်ကြီး Oh My God ရုပ်ရှင်မှာဘုရားသခင်ကိုတရားစွဲခဲ့တဲ့ မင်းသားကြီး Paresh Rawal ပဲဖြစ်ပါတယ်ဒီတော့ ဇာတ်လမ်းအညွှန်းလေးကို သွားလိုက်ကြရအောင်B.G.Sharmaji ဟာ အိမ်သုံးပစ္စည်းအရောင်းဆိုင်ကနေ အနားယူပြီးတဲ့နောက် အိမ်မှာဟိုနားမတ်တပ် ဒီနားငုတ်တုတ်နဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်ပြီးသူဝါသနာပါရာ ဟင်းချက်အလုပ်ကို တစိုက်မတ်မတ် စပြီး ...
movie

Sharmaji Namkeen (2022)

2022
Kothala Rayudu (2022) 8.9
Kothala Rayudu (2022) Kothala Rayudu (2022)================= IMDb Rating - 8.9/10IMDb ကြီးမြင်ပြီး လန့်မသွားနဲ့ဦးဗျ။ ဟ Game of Thrones ကိုတောင်မီခါနီ: ပါလားတို့ဘာတို့ပေါ့။ တမီးလ် IMDb rating ဆိုတော့ ဒီလောက်တော့ နည်းနည်း ပါးပါးရှိတာပေါ့ဗျာ၊ နိုင်ငံတကာဘာညာကွိကွတွေရဲ့ မျက်စိထဲသာ ဒါဟာမသင့် တော်တဲ့ Rating ကြီးဘာညာလာမှာဗျ။ တောင်ပိုင်းကားကြိုက်နှစ်သက်သူတွေ အတွက်‌ဆိုရင်တော့ သေချာပေါက်ကို ကြည့်သင့်တဲ့ကားလေးပါ။ Action/ Romance အမျိုးအစားဆိုတော့ အက်ရှင်ခန်းကောင်းကောင်းလေးနဲ့ မေတ္တာဇာတ်လမ်းလေးခံစားချင်ရင် ကြည့်ရမယ့်ကားမျိုး။ဇာတ်လမ်းကတော့ တောင်ပိုင်းကားတို့ရဲ့ထုံစံအတိုင်း အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ လူပျိုကြီးဖြစ်တဲ့ Srikanth Meka ရဲ့ အိမ်ကပေးစားတဲ့ကောင်မလေးတွေကို ပတ်ပြေးရင်း၊ ပတ်ရှုပ်ရင်း ဇာတ်ရှုပ်ထဲကိုဝင်မယ့်ကားဗျ။ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် တစ်ကိုယ်ကြီးလူပျိုသိုးကြီး Srikanth Meka ဟာ လတ်မှတ်ရောင်းဝယ်ရေးကုမ္ပဏီကြီးမှာ မန်နေဂျာ အလုပ်လုပ်ရင်း အိမ်ထောင်မှုကိစ္စဆိုတာ အိမ်မှာထောင်ကျတာပဲဆိုပြီး ပတ်ပြေးနေတဲ့သူပေါ့။ ပတ်ပြေးနေသာပြေးတာ ကောင်မလေးချောချောလေး မြင်တာနဲ့ အီစီကလီဘာညာကွိကွပိုင်းလုပ်ဖို့ကိုတော့လည်း လက်မနှေးတဲ့ လူပျိုကြီးပါပဲ။ တစ်ချို့ကိစ္စတွေမှာ သူများကိုကူညီရင်း လူမိုက်တွေကြားထဲကို ဓါးခုတ်ရာ ဘယ်လိုလက်၀င်လျှိုမှာလဲ။ အချစ်ကိုတန်ဖိုးမထား အီစကလီတွေ များတဲ့လူပျိုကြီး တကယ်အချစ်နဲ့တွေ့တဲ့အချိန် ဘယ်လိုပြောင်းလဲသွားမှာလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ...
movie

Kothala Rayudu (2022)

2022
[21+] Pay For Sex (2020)
[21+] Pay For Sex (2020) [21+] Pay For Sex (2020) အညွှန်း မင်းသမီးကတော့ Kpop အဖွဲ့ BaBa ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်လောကထဲကို ကူးပြောင်းလာပြီး အခုလို ပုရိသတို့အကြိုက် ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတဲ့ မင်းသမီးချောလေး ဆောင်းဟာ ပါ။ ဒီဇာတ်ကားလေးကတော့ ခါးပိုက်နှိုက်လုပ်ရင်းကနေ လောင်းကစားဝိုင်းကို အမှတ်မထင်ရောက်သွားတဲ့ ဟယ်ဘင်းဆိုတဲ့ ကောင်မလေးအကြောင်းကို အခြေခံပြီး ပုံဖော်ထားတာပါလောင်းကစားဝိုင်းကို ရောက်တဲ့နေ့ကစပြီး ပြန်မရုန်းထွက်နိုင်တော့ဘဲ သူ့ဘဝရဲ့ အမှောင်အမိုက်ဆုံး အချိန်တွေ ရောက်လာတော့မယ်ဆိုတာကို မသိရှာပါဘူး။လောင်းကစားဝိုင်းရဲ့ နောက်ဆုံး ကစားပွဲကို ဘယ်သူက အနိုင်ရသွားမလဲ? ကစားပွဲတွေသိမ်းသွားတဲ့အချိန်မှာတော့ ဟယ်ဘင်းတစ်ယောက် ဘာတွေလုပ်မလဲဆိုတာ အဖြေရှာကြပါစို့။ အကြမ်းစား sex scene တွေကို ဖောဖောသီသီ မြင်တွေ့ရမှာဖြစ်ပြီး မင်းသမီးနှစ်လက်စလုံးကလည်း အချောအလှ ဖြူဖြူဥဥလေးတွေ ဖြစ်တာကြောင့် Dark Side Production ကနေ တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ ... File Size    ...
movie

[21+] Pay For Sex (2020)

2020
Hey! Sinamika (2022) 6.3
Hey! Sinamika (2022) Hey Sinamika 2022မိန်းမတွေကစကားအရမ်းများတယ်လို့ အဆိုရှိကြတယ်မလား ဒါပေမယ့်ဒီဇာတ်ကားမှာတော့ရေပက်မဝင်အောင်ပြောတဲ့ယောကျာ်းကြောင့်ကွာရှင်းချင်နေတဲ့ မိန်းမတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုကြည့်ကြရမှာပဲဖြစ်ပါတယ်Netflix ကနေထုတ်လွှင့်ပေးထားပြီး IMDb 6.3ထိရရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ မိုနာဆိုတာက ရာသီဥတုလေ့လာဆန်းစစ်သူပါတစ်နေ့မုန်တိုင်းကြားမှာ ဟိန္ဒိစကားသိပ်မပြောတတ်တဲ့ကောင်လေးတစ်ယောက်ကို စကားနည်းတယ်ဆိုပြီးမြင်မြင်ချင်းအချစ်နဲ့နှစ်ယောက်သားလက်ထပ်လိုက်ကြပါတယ် ဒါပေမယ့် လူဆိုတာကြာကြာပေါင်းမှအကြောင်းသိဆိုသလိုပဲဘာသာစကားလေ့လာတတ်ကျွမ်းသွားတဲ့ ရာလန်တစ်ယောက် တွေ့သမျှကိုမေးခွန်းထုတ်ပြီး ရေပက်မဝင်ပြောပါတော့တယ်"စကားပြောတာက အသက်ရှုနေရတာနဲ့အတူတူပဲ" ဒီစကားက ရာလန့်ကိုစကားပြောတာရပ်ခိုင်းရင်သူပြန်ပြောနေကျပါစကားပြောတာအပြင်ကိုအချက်အပြုတ်ပါ ဝါသနာပါတော့ တွေ့မြင်သမျှပေါက်ကရကအစ မိန်းမကိုကျွေးနေတော့သည်းမခံနိုင်တော့တဲ့တစ်နေ့ မိုနာ အလုပ်ကသူငယ်ချင်းတွေနဲ့ပေါင်းပြီး ကွာရှင်းဖို့နည်းလမ်းရှာပါတော့တယ်ရာလန်ကိုစိတ်ဆိုးအောင်လုပ်ပြီးကွာမယ်ဆိုတဲ့အစီအစဉ်က အောင်မြင်သွားမလား လွဲချော်ကုန်မှာလားဒါ့အပြင်မိုနာတို့ကုမ္ပဏီက တစ်နှစ်စာ‌ခရီးထွက်ဖို့ပရောဂျက်ကျလာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲမျက်ရည်ထွက်အောင်ရယ်ရတဲ့ Netflix ရဲ့ Romance/Comedyဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.34GB / 3GB  Quality…720p WEB DL  /  1080p WEB DL AAC 5.1CH Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Go-O & Honeyey & Haruko
movie

Hey! Sinamika (2022)

2022
Without Ward (2022) 5.2
Without Ward (2022) Without Ward (2022) ဇာတ်လမ်းအညွှန်းSci-Fi romantic ဇာတ်ကား အမျိုးအစားလေးတစ်ခုပါ။ အင်မတန်တော်တဲ့ တီထွင်သူ ဝေါ့ဒ်ဟာ လူတွေ ဟေ့စ်လို့ခေါ်တဲ့ ကိုယ်ပိုင် စိတ်ကူးယဉ်ကမ္ဘာထဲမှာ နေနိုင်ဖို့အတွက် ဆေးတစ်ခု တီထွင်ခဲ့တယ်။ ကမ္ဘာ့အချမ်းသာ‌ဆုံး ပုဂ္ဂိုလ်တွေကစလို့ ငွေကြေးတတ်နိုင်သူတွေဟာ စည်းစိမ်တွေပုံအောပြီး အဲ့ဆေးကို သုံးခဲ့ကြတယ်။ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကြာပြီးနောက် ကမ္ဘာ့လူဦးရေ ၅၀% ‌လောက်ဟာ အဲ့ဆေးကို သုံးပြီး ဟေ့စ်ထဲမှာပဲ ရှင်သန်ကြတော့တယ်။ အက်စကွိုင်ရာလို့ခေါ်တဲ့ သေနတ်ကိုင်ဆောင်ထားတဲ့ ရှေ့နေတွေက ဆေးသုံးသူတွေကို စောင့်ရှောက်ပေးဖို့ စာချုပ် မချိုးဖောက်ဖို့ ကြီးကြပ်ပေးရတယ်ပေါ့။တစ်ကမ္ဘာလုံးကို Contractualiam လို့ခေါ်တဲ့ အစိုးရ တစ်ရပ်က ချုပ်ကိုင်ထားတယ်။ တစ်နေ့ ဆေးကို တီထွင်သူ ဝေါ့ဒ်ဟာ ကိုယ့်ကိုယ်ကို သတ်သေလိုက်တယ်။ ဟေ့စ်ထဲမှာပဲ တစ်သက်လုံးနေပြီး မနိုးလာတော့ဘူးလို့ ယုံကြည်ခဲ့တဲ့သူတွေဟာ ဝေါ့ဒ်မရှိလို့ ဆေးပြတ်သွားပြီး လက်တွေ့ဘဝထဲမှာ နိုးလာကြတယ်။တစ်ချို့က ...
movie

Without Ward (2022)

Radhe Shyam (2022) 6.9
Radhe Shyam (2022) အိန္ဒိယမဟုတ်ဘဲ ဥရောပမှာ ဇာတ်အိမ်တည်ထားတဲ့Indian romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကို မမိတ်ဆက်ခင်မှာ အရင်မိတ်ဆက်ပေးချင်တာကတော့အဓိကဇာတ်‌ဆောင်အဖြစ် ပါဝင်သွားမယ့် မင်းသား Prabhasဖြစ်တဲ့အပြင်Quality ပိုင်းမှာလဲ ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WEB DLဗားရှင်းအကြည်ကို တင်ဆက်ပေးထားပါတယ်...Prabhas ကတော့ တခြားသူမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်လောက်ကတီဗီမှာ ပါးစပ်အဟောင်းသားကြည့်ခဲ့ရတဲ့၊ setting အလန်းစားတွေနဲ့ရိုက်ကူးထားတဲ့Baahubali ကားထဲက မင်းသားပါပဲ။ Baahubali ကားထဲမှာ ဗလကောင်းကောင်းအရပ်မြင့်မြင့်နဲ့ ဟိတ်ဟန်အပြည့်ရှိခဲ့သလိုမျိုး ဒီကားထဲမှာလည်းမတူထူးခြားတဲ့ဟန်ပန်နဲ့ ခပ်မိုက်မိုက် ခပ်လန်းလန်း ထပ်မံတွေ့ရှိရဦးမှာ ဖြစ်ပါတယ်။ခုလို ပွင့်လင်းမြင်သာတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေက prediction အစားfacts တွေကိုပဲ ပိုပြီးယုံကြည်လက်ခံလာကြပါတယ်။ ဒါပေမဲ့ ဗေဒင်လက္ခဏာတွေကိုယုံကြည်ကိုးစားသူကလည်း အများအပြား ရှိတုန်းပါပဲ။"အချစ်နဲ့ ကံကြမ္မာ အားပြိုင်မှု"....လူနှစ်ယောက်က ရေစက်ပါလို့ တွေ့ဆုံကြတဲ့အခါ အချစ်တစ်ခု ဖြစ်တည်လာပါတယ်။တကယ်လို့ အဲဒီလူနှစ်ယောက်ဟာ တွေ့ဆုံပြီး ချစ်မိခဲ့ကြပေမဲ့ ရေစက်မပါလာခဲ့ဘူးဆိုရင်ရော.....လက်တွေ့ကျတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ပြီး သက်သေပြနိုင်မှ လက်ခံတဲ့ ဆရာဝန်မလေး Prerana...."ဗေဒင်လက္ခဏာလောကရဲ့ ...
movie

Radhe Shyam (2022)

2022
4K HEVC Web-DL
Too Beautiful to Lie (2004) 7
Too Beautiful to Lie (2004) Too Beautiful To Lie(2004)မြန်မာ ပရိသတ်တွေကြားမှာ ကျီးကျင့်ဆိုပြီး နာမည်ကြီးခဲ့တဲ့ မင်းသမီး Kang Ha-nuel “အကောင်းဆုံး သရုပ်ဆောင်ဆု” ရရှိခဲ့တဲ့ ၂၀၀၄ ခုနှစ်က အချစ်ဟာသ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်Joo Yeoung Ju(Kang Ha-nuel)ဟာ လိမ်လည်မှုကြောင့်ထောင်ကျနေရာကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာပြီး အစ်မရဲ့ မင်္ဂလာဆောင်မှာ သူကိုယ်တိုင်လုပ်ထားတဲ့ ဘဲငန်းရုပ်လေးလက်ဖွဲ့ဖို့ ရထားနဲ့ ထွက်လာခဲ့ပါတယ်တစ်ဖက်မှာလည်း Choi Hee Cheol(Kang Dong Won) ဟာ သူ့အမေရဲ့ လက်စွပ်နဲ့ ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းဖို့ အဲဒီရထားပေါ်မှာပဲ လိုက်ပါလာခဲ့ပါတယ်ရထားပေါ်မှာ Choi Hee Cheol ရဲ့လက်စွပ်ကို ခါးပိုက်နှိုက်တစ်ယောက်က ခိုးသွားတာကို Joo Yeoung Ju ကမြင်လိုက်ရာကနေ ဇာတ်လမ်းစ,ပါတော့တယ်ခါးပိုက်နှိုက် ရထားပေါ်က ဆင်းသွားတဲ့အချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ သူ့ကို စွပ်စွဲမှာစိုးပြီး Joo Yeoung Ju တစ်ယောက် ခါးပိုက်နှိုက်နောက်လိုက်ပြီး လက်စွပ်ကို ပြန်ယူပါတော့တယ် လက်စွပ်ကိုတော့ ...
movie

Too Beautiful to Lie (2004)

2004
Behind Cut (2021) 6.2
Behind Cut (2021) Behind Cut (2021)BL လောကကို ကိုရီးယားကလည်း အမှီလိုက်လာပါပြီ ဒီဇာတ်လမ်းကတော့ ၂၀၂၁ ခုနှစ်က web series အဖြစ်ထွက်ပြီးမှ ၂၀၂၂ ခုနှစ်မှာ movie အနေနဲ့ထွက်လာတဲ့ ဇာတ်လမ်းလေးပါကောင်လေးနှစ်ယောက်ရဲ့ မတော်တဆတွေ့ဆုံမှုကနေ သူငယ်ချင်းဖြစ်သွားပြီးမှ ခံစားချက်တွေ မွေးဖွားလာပြီး တစ်ဆင့်တက်သွားတဲ့ ဇာတ်ကြောင်းလေးနဲ့အတူ လိုက်ပါခံစားရမှာပါအိပ်မက်တွေ တသီကြီးရှိတဲ့ ဖက်ရှင်ဒီဇိုင်နာ ဂင်ဂီဂျင်းဟာ ဖက်ရှင်ရှိုးလူရွေးပွဲအတွက် ပြင်ဆင်နေပါတယ်အဲအချိန်မှာပဲ ပစ္စည်းပို့တဲ့အလုပ်ကိုသာလုပ်ပြီး လမ်းပျောက်နေတဲ့ အွန်းယောင်အူးနဲ့တွေ့သွားပြီး အွန်းယောင်းအူနဲ့အတူ အိပ်မက်ကိုယ်စီကို ပုံဖော်သွားကြမှာပါလူငယ်တွေရဲ့ အိပ်မက်ကို ကိုယ်တိုင်ဖန်တီးကြပုံနဲ့ ပါးပါးလေးရိုသွားမယ့် ကောင်လေးနှစ်ယောက်ကိုလည်း တစ်ဝကြီးကြည့်ရှုအားပေးလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre.....BL, Romance Quality….WEB-DL 1080p and 720p File size....1.34GB and 741MB 307MB Format…mp4 Duration…. 2h Subtitle….Myanmar Subtitle (Hardsub) Translator ..... JoyZ Encoder ...
movie

Behind Cut (2021)

2021
Arthur (2011) 5.7
Arthur (2011) Arthur (2011)ယခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ ၂၀၁၁ က ထွက်ရှိခဲ့တဲ့ ရိုမန့်ဟာသ ဇာတ်ကားအမျိုးအစားဖြစ်တဲ့ Arthur ဆိုတဲ့ ဇာတ်ကားလေးပါ။ ဟာသဇာတ်ကားကြိုက်သူတွေအတွက် ဟာသကောင်းလေးတွေနဲ့ တွေးရင်း ရယ်မောနိုင်စေမှာ ဖြစ်ပါတယ်။ ကျိကျိတက်ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတဲ့ အာသာဘာ့ခ် ဆိုတဲ့ လူတစ်ယောက်။ ချမ်းသာသည့် အလျှောက် သူ့ဘဝတစ်လျှောက်လုံးမှာ ဘာတာဝန်မှ မယူဘဲ ထင်ရာစိုင်းနေခဲ့ပါတယ်။ ပြဿနာတွေရှာလိုက် အရက်တွေသောက်လိုက်၊ ပိုက်ဆံတွေဖြုန်းလိုက်၊ မိန်မတွေ ရှုပ်လိုက်နဲ့ နေလာလို့ အမေဖြစ်သူဟာ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် ဆူဆန်ဂျွန်ဆန် ဆိုတဲ့ မိန်းကလေးနဲ့ ပေးစားဖို့ စီစဥ်ပါတော့တယ်။ အကယ်၍ သူပေးစားတဲ့သူနဲ့ မယူရင် အမွေပြတ်စွန့်လွှတ်မယ်ပြောလို့ အာသာ ဟာ ရွေးချယ်စရာမရှိတော့တာနဲ့ လက်ထပ်ဖို့ သဘောတူလိုက်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ နေအိုမီ ဆိုတဲ့ ဧည့်လမ်းညွှန် ကောင်မလေးနဲ့တွေ့ဆုံဖြစ်ရာကနေ အာသာရဲ့ ဘဝ ပြောင်းလဲဖို့ အစပျိုးလာပါတော့တယ်။ အာသာ တစ်ယောက် ဘယ်လို ပေါက်တတ်ကရတွေ လုပ်မလဲ၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာ ဟာသမြောက်စွာ ...
movie

Arthur (2011)

2011
Baba, Baby O… (2022) 7.6
Baba, Baby O… (2022) Baba Baby O 2022ဒီတစ်ခါမှာတော့ IMDb 7.6/10 ထိရရှိထားတဲ့Romance/Comedyဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အချစ်ကိုစိတ်နာခဲ့ပေမယ့် ကလေးချစ်တာကြောင့်မွေးစားသားနှစ်ယောက်နဲ့ပျော်နေတဲ့လူပျိုကြီး မိဂတ်ဒ်တစ်ယောက်ရေစက်အကြောင်းဖန်လာပြီးဘရစ်ရှတီလေးနဲ့တွေ့ဆုံခဲ့ပါတယ် အချစ်ကိုကြောက်နေပေမယ့်လည်းဘရစ်ရှတီနဲ့တွေ့တဲ့အချိန်မှာတော့မိဂတ်ဒ်ရဲ့ဘဝကတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ် ပြဿနာကတော့ဘရစ်ရှတီမှာ ရှုဗစ်ဒ်လို့ခေါ်တဲ့တွဲနေတဲ့လူတစ်ယောက်ရှိနေတာပါပဲ ဒါ့အပြင်ကိုမိဂတ်ဒ်ကလည်းချစ်ရေးဆိုဖို့ကြောက်ရွံ့နေခဲ့ပါတယ် ဒါပေမယ့်အချစ်စစ်မဟုတ်ရင်ကြာလာတာနဲ့အမျှရိုးလာကြတာဆိုတော့ အချစ်စစ်မဟုတ်ဘဲအရာရာကိုပေါ့ပျက်ပျက်တွေးတဲ့ ရှုဗစ်တစ်ယောက်ကို ဘရစ်ရှတီလည်းစိတ်ကွက်လာပါတော့တယ်ဒါပေမယ့်လည်းသူတို့နှစ်ယောက်ကနိုင်ငံခြားမှာအခြေချဖို့စီစဉ်ပြီးသားဖြစ်နေပြီးသွားလာခွင့်ဗီဇာကျလာခဲ့ချိန်မှာတော့ မိဂတ်ဒ်နဲ့ဘရစ်ရှတီတို့နှစ်ယောက်လမ်းခွဲသွားမှာလားဘာတွေဆက်ဖြစ်သွားမလဲဆိုတာတော့ဆက်လက်ကြည့်ရှုဖို့ပဲညွှန်းပေးချင်ပါတယ်အသက်အရွယ်ကွာခြားတဲ့ ဦးနဲ့ကလေးအရွယ်ပုံစံဖြစ်နေတာကြောင့်အသဲတစ်ယားယားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်)  File size…1.6GB / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yunni & Jerrica
movie

Baba, Baby O… (2022)

2022
The Classic (2003) 7.9
The Classic (2003) IMDb Rating (7.9/10) Rotten Tomatoes (93%)ဒီဇာတ်ကားရဲ့ ဒါရိုက်တာက Kwak Jae-yong ဖြစ်ပြီး သူရိုက်သမျှ ကားတိုင်းက ရင်ထဲထိရှရတာချည်းပါပဲ...My Sassy Girl,Windstruck,Daisy နဲ့ ခု The Classic တို့လို ကိုရီးယားနာမည်ကျော်အချစ်ဇာတ်ကားတွေရိုက်ခဲ့သူပါ...ကိုရီးယားဇာတ်ကားတွေကို ချစ်တတ်လာဖို့ ခုဇာတ်ကားတွေက ကနဦးထိုးဖောက်နေရာယူခဲ့ပါတယ်။ဇာတ်ကားနာမည်က Classic ဆိုတဲ့အတိုင်း ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပုဒ်လို တစ်ခါကြည့်ဖူးတာနဲ့ စွဲမိနေမှာပါပဲ။မင်းသား Cho Seung-woo, Jo In-Sung တို့နဲ့ မင်းသမီး ဆွန်ရီဂျင်တို့လို တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့မို့ ပိုထိရတယ်ဆိုရင်လဲ မမှားပါဘူး။ဇာတ်လမ်းလေးကတော့...ကောင်မလေးတယောက်က သူ့အမေရဲ့ ငယ်ချစ်ဦး ဇာတ်လမ်းကိုပေးစာဟောင်းနဲ့ ဒိုင်ယာရီတွေကနေ ဖတ်မိတဲ့ ပုံမျိုးနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။သမီးနဲ့ အမေ ဇာတ်ရုပ် နှစ်ခုလုံးကို မင်းသမီးဆွန်ရီဂျင်တစ်ယောက်ထဲက သရုပ်ဆောင်ထားပြီးအမေရဲ့ ငယ်ချစ်ဦးပုံပြင်နဲ့ သမီးရဲ့ လက်ရှိ မပြီးဆုံးသေးတဲ့ အချစ်ဇာတ်လမ်းကို နှစ်ခုယှဉ်တွဲလို့ သရုပ်ဖော် ထားတာပါ။ကံကြမ္မာရဲ့ ဆန်းကျယ်ပုံ ...
movie

The Classic (2003)

Modern Times (1936) 8.5
Modern Times (1936) အသံတိတ်ရုပ်ရှင်တွေဘက်ကို ခဏလောက် ပြန်လှည့်ရအောင်ပါ CM ပရိသတ်ကြီးရေ...အသံတိတ်ရုပ်ရှင်ဆိုတာနဲ့ ကျွန်တော်တို့ မျက်လုံးထဲမှာ အရင်ဆုံး ပြေးမြင်မိတာအင်္ဂလိပ်လူမျိုး ဟာသဇာတ်ဆောင်နဲ့ ရုပ်ရှင်ဖန်တီးသူ Charlie Chaplin ပါပဲ။ဘာစကားမှ မပြောဘဲ လူတွေကို ရယ်အောင်လုပ်နိုင်တဲ့ အရည်အချင်းဆိုတာတော်ရုံ ပါရမီရှိရုံနဲ့ မရပါဘူး။ ဒါပေမဲ့ ဂုရုကြီး Charlie Chaplin ကိုတော့ မြင်လိုက်တာနဲ့အလိုလိုရယ်ချင်ပြီး သဘောကျကြပါတယ်။ ဒါကြောင့်လည်း အခုချိန်ထိတိုင်ပရိသတ်ရင်ထဲမှာ စွဲကျန်နေဆဲဖြစ်နေခြင်းပါ။ ဒီတော့ ကျွန်တော်တို့ CM ကနေတစ်ခါက နာမည်ကြီးခဲ့တဲ့ The Kid, Modern Times နဲ့ City Lightsအသံတိတ်ရုပ်ရှင် သုံးကားကို Charlie Chaplin အလွမ်းပြေအနေနဲ့ရောပရိသတ်ကြီးလည်း ရယ်‌မောပျော်ရွှင် စိတ်အပန်းပြေနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်   File size…2.19GB / 1.9 GB Quality…1080p  BluRay / 720p Format…mp4 Duration….1h 27mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated ...
movie

Modern Times (1936)

1936
City Lights (1931) 8.5
City Lights (1931) အသံတိတ်ရုပ်ရှင်တွေဘက်ကို ခဏလောက် ပြန်လှည့်ရအောင်ပါ CM ပရိသတ်ကြီးရေ...အသံတိတ်ရုပ်ရှင်ဆိုတာနဲ့ ကျွန်တော်တို့ မျက်လုံးထဲမှာ အရင်ဆုံး ပြေးမြင်မိတာအင်္ဂလိပ်လူမျိုး ဟာသဇာတ်ဆောင်နဲ့ ရုပ်ရှင်ဖန်တီးသူ Charlie Chaplin ပါပဲ။ဘာစကားမှ မပြောဘဲ လူတွေကို ရယ်အောင်လုပ်နိုင်တဲ့ အရည်အချင်းဆိုတာတော်ရုံ ပါရမီရှိရုံနဲ့ မရပါဘူး။ ဒါပေမဲ့ ဂုရုကြီး Charlie Chaplin ကိုတော့ မြင်လိုက်တာနဲ့အလိုလိုရယ်ချင်ပြီး သဘောကျကြပါတယ်။ ဒါကြောင့်လည်း အခုချိန်ထိတိုင်ပရိသတ်ရင်ထဲမှာ စွဲကျန်နေဆဲဖြစ်နေခြင်းပါ။ ဒီတော့ ကျွန်တော်တို့ CM ကနေတစ်ခါက နာမည်ကြီးခဲ့တဲ့ The Kid, Modern Times နဲ့ City Lightsအသံတိတ်ရုပ်ရှင် သုံးကားကို Charlie Chaplin အလွမ်းပြေအနေနဲ့ရောပရိသတ်ကြီးလည်း ရယ်‌မောပျော်ရွှင် စိတ်အပန်းပြေနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်  File size…2.4GB  / 2GB Quality…1080p / 720p Format…mp4 Duration….1h 27m Subtitle….Myanmar Subtitle ( Hard Sub) Encoder….YK Translated by Yoon ...
movie

City Lights (1931)

1931
Bridesmaids (2011) 6.8
Bridesmaids (2011) Bridesmaids (2011)ရုပ်ရှင်သမိုင်းမှာ အမြတ်စွန်းအများဆုံး အမျိုးသမီး R- rated ဟာသရုပ်ရှင် ဖြစ်တဲ့Bridesmaids ဟာ ဘယ်အချိန်ပြန်ကြည့်ကြည့် ဟောင်း မသွားမယ့် ရုပ်ရှင်မျိုးပါ။ကန်ဒေါ်လာ 32သန်းပဲ ရင်းပြီး 285သန်းကျော် ပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကို Empire မဂ္ဂဇင်းကြီးက2011 ခုနှစ်ကို သတ်မှတ်တဲ့ ရုပ်ရှင်အဖြစ် 30 years 30 filmsမှာ ဖော်ပြခဲ့ပါတယ်။ဒီလို R- rated comedy တွေ‌အတွက် အော်စကာဆုဆိုတာ စိတ်ကူးယဉ်ကြည့်လို့တောင်အဆင်ပြေလှတာမျိုး မဟုတ်ပေမယ့်၊ ဒီကားကတော့ ကိုင်တိုင် ဇာတ်ညွှန်းရေးသရုပ်ဆောင်တဲ့ မင်းသမီး Kristen Wig အတွက် အကောင်းဆုံး ဇာတ်ညွှန်းဆု၊မင်းသမီးကြီး Melissa McCarthy အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုတွေ ဆန်ကာတင်ဝင်ခဲ့တာပါ။ခပ်ကြမ်းကြမ်း 18+အခန်း နဲ့ စဖွင့်ထားပြီး၊ တစ်ကားလုံး လူကြီးဟာသတွေ ပြည့်နေတာတောင် ဇာတ်လမ်းကပေါမသွားပဲ တကယ်ကို အဓိပ္ပာယ်ပြည့်ဝပြီး ...
movie

Bridesmaids (2011)

2011
Loveland (2022)
Loveland (2022) ကျွန်တော် တို့လက်ရှိနေထိုင်နေတဲ့ ကမ္ဘာကြီးမှာ အတုအယောင်တွေအများကြီး ရှိနေပါတယ် ဒါတောင်မှ လူသားစစ်စစ်တွေပဲနေထိုင်ကြတုန်းရှိပါသေးတယ် လူသားတွေကြားမှာ စက်ရုပ်တွေသာရောက်လာမယ်ဆိုရင်တော့ အစစ်အမှန်နဲ့ အတုအယောင်ခွဲခြားဖို့ဆိုတာ အင်မတန်ကိုခက်ခဲ့သွားမှာပါပဲ အတုအယောင်တွေကြားထဲမှာမှ အဆိုးဆုံး အတုအယောင်ကတော့ ချစ်ခြင်းမေတ္တာပါပဲ အဲဒီလိုဖြစ်လာနိုင်ချေရှိနေတဲ့ ကမ္ဘာမြေကြီးအကြောင်းကို စဉ်းစားစရာတွေအများကြီးဖြစ်သွားအောင် ရိုက်ထားတဲ့ ခေတ်လွန်ဇာတ်ကားကောင်းလေး တစ်ကားပါပဲ အေးအေးလေးဆိုပေမယ့် စဉ်းစားစရာတွေအများကြီးနဲ့ ကျန်ခဲ့မှာတော့ အသေအချာပါပဲ တခါတလေ လမင်းကြီးကိုမြင်လိုက်လို့ အော်…..စစ်မှန်တဲ့အလှတရားဆိုတာ ရှိပါသေးလားလို့တောင် သတိရစေမယ့် အတုအယောင်တွေကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ မှတ်ချက်…… ကေတီဗွီတို့ စင်တင်တို့သွားတဲ့ ဘရိုတွေ့ဆိုရင်တော့ ပိုထိပါလိမ့်မယ်  File size…(1.33 GB )/(643.09 MB )/(422.53 MB ) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Romance, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

Loveland (2022)

Phir Bhi Dil Hai Hindustani (2000) 6.3
Phir Bhi Dil Hai Hindustani (2000) မင်းသားကြီးရှရွတ်ခန်းနဲ့ မင်းသမီးချော Juhi Chawla တို့ပါဝင်ထားတဲ့ နိုင်ငံရေးနောက်ခံ အချစ်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်...အိန္ဒိယနိုင်ငံကို အိန္ဒိယလူမျိုးတွေ နည်းမှန်လမ်းမှန်နဲ့ ချစ်ကြတဲ့ ခံစားချက်တွေကို ပေါ်လွင်ထင်ရှားအောင် ပြသနိုင်ခဲ့တဲ့ဇာတ်ကားအဖြစ် နာမည်ကြီးပါတယ်...ဇာတ်ကားနာမည်ကလဲ "ရင်ထဲကအိန္ဒိယ" တဲ့။ဇာတ်လမ်းလေးကတော့ အဂျေးဟာ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ နာမည်ကြီးသတင်းထောက်လေးပေါ့...သူ့ကိုအလဲထိုးဖို့ရောက်လာတဲ့သူကတော့ သတင်းထောက်မလေး ရီယား...မတူညီတဲ့ပြိုင်ဘက်ချန်နယ်တွေမှာ အလုပ်လုပ်ကြတဲ့ သူတို့နှစ်ယောက်ဟာ ကြောင်နဲ့ကြွက်...တကျက်ကျက်။တစ်နေ့တော့ နိုင်ငံရေးပါတီတစ်ခုရဲ့ဟောပြောပွဲတစ်ခုမှာ လူသတ်မှုတစ်ခုဖြစ်ပွားပြီးတဲ့နောက်ဒီမတည့်အတူနေ နှစ်ယောက်သား လူသတ်မှုနောက်ကွယ်က အမှန်တရားကိုလိုက်ကြရင်းနဲ့တကယ့်နိုင်ငံရေးအရှုပ်ထုပ်ထဲကို  ရောက်သွားပါတော့တယ်....ငွေနဲ့ အာဏာရဲ့ကြား သာမန်လူတစ်ယောက်ညှပ်သွားခဲ့ရင်ဒီလူဟာဘယ်လောက်ပဲရိုးသားဖြူစင်နေပါစေ ပြသနာအကြီးကြီးတက်တာပါပဲ...ငွေလည်းမရှိ အာဏာလည်းမရှိတဲ့ ဒီနှစ်ယောက်ဟာ စဉ်းလဲတဲ့နိုင်ငံရေးလောကရဲ့ ဘေးဒဏ်တွေကို ခံနိုင်ပါ့မလား...သူတို့လိုချင်တဲ့ တရားမျှတမှုကို ရအောင်ယူပေးနိုင်ပါ့မလားဆိုတာကတော့...။ File size…(4 GB)/(1.7 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:38:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie

Phir Bhi Dil Hai Hindustani (2000)

Tinted With You (2021) 6.7
Tinted With You (2021) Tinted with you (2021)လက်ရှိအချိန်မှာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် ပန်းချီကားတစ်ချပ်ကြောင့် ဂျိုဆွန်းခေတ်ကို ပြန်ရောက်သွားခဲ့တဲ့ "အွန်းဟို"အစ်ကိုတော်ရဲ့ မုန်းတီးမှုကြောင့် နယ်နှင်ဒဏ်ပေးခံရတဲ့အပြင် တစ်နည်းမဟုတ်တစ်နည်းနဲ့ လုပ်ကြံခံနေရတဲ့ အိမ်ရှေ့စံမင်းသား "အီဟွန်း" ဟာ အနာဂတ်ကလာခဲ့တဲ့ ပန်းချီကျောင်းသား "အွန်းဟို"နဲ့ တွေ့ဆုံခဲ့ရတဲ့အခါ ကံကြမ္မာရဲ့ စေခိုင်းမှုမှာ သူတို့နှစ်ယောက်ရဲ့ ဘဝအခြေအနေတွေ ပြောင်းလဲသွားမလားအရှင့်သား"အီဟွန်"းအတွက် ဘဝတစ်ခုလုံး ပေးဆပ်ပြီး ‌ ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ ကိုယ်ရံတော် "ဂွန်းလေး" နဲ့ အရှင့်သားတို့ရဲ့ ဆက်ဆံရေးမှာ "အွန်းဟို" ဝင်ရောက်လာခဲ့ပြီးတဲ့နောက် သူတို့သုံးယောက်ကြားမှာ ဘာတွေဆက်ဖြစ်လာမလဲလက်ရှိအချိန်ရဲ့ သမိုင်းစာအုပ်မှာ အဆိပ်ကြောင့် သေဆုံးခဲ့ရပြီးဖြစ်တဲ့ အိမ်ရှေ့စံမင်းသားကို "အွန်းဟို"နဲ့ "ဂွန်းလေး"တို့ ကယ်တင်နိုင်ကြပါ့မလားကံကြမ္မာကို ပြန်ရေးဆွဲဖို့ဆိုတာ ဖြစ်နိုင်ရဲ့လားHistorical/Romance/Fantasy အမျိုးအစားဖြစ်တဲ့ BL drama ဖြစ်ပြီး လက်ရှိအချိန်ကအထက်တန်းကျောင်းသား ကောင်လေးနဲ့ ဂျိုဆွန်းခေတ်က အိမ်ရှေ့စံမင်းသားလေးတို့ရဲ့ အချစ်ကိုသာမက"အွန်းဟို" ၊ "အီဟွန်း" နဲ့ "ဂွန်းလေး" တို့ သုံးယောက်ကြားထဲက ဖြူစင်တဲ့ မေတ္တာတရားကိုပါ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ် ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ...
movie

Tinted With You (2021)