Channel Myanmar

Romance

JJ Plus E(2021) 5.3
JJ Plus E(2021) အချစ်ကား​လေး​တွေမှ ကြိုက်သူတို့အတွက် လာပါပြီဂျွန်ဂျွန်နဲ့ သူ့သူငယ်ချင်း​တွေက အ​ပေအ​တေ လူဆိုး​လေး​တွေပါအိမ်​ဖောက်ထွင်းတာက သူတို့ အလုပ်ပါဒါ​ပေမယ့် ဂျွန်ဂျွန်က​တော့ သရုပ်​ဆောင်ဖြစ်ချင်ခဲ့တာစိတ်ရင်း​ကောင်းတဲ့ ဂျွန်ဂျွန်က က​လေးမ​လေးတစ်​ယောက် ​ရေနစ်​နေတာကို ကယ်​ပေးရင်း က​လေးမ​လေးရဲ့ အစ်မကို ချစ်မိသွားခဲ့တယ်သူ​ဌေးသမီး​လေးနဲ့ ပြန်မဆုံနိုင်ဘူး ထင်ထား​ပေမယ့်အနုပညာ ​ကျောင်းတက်​တော့ တစ်တန်းတည်းကျ​ရောသူ့နာမည်က အဲဘိဇဘတ်တဲ့အဲလိဇဘတ်နဲ့ ရင်းနှီးမှု​တွေ ရလာပြီး​နောက် ချစ်သူ​တွေ ဖြစ်လာကြတယ်သူ​ဌေးဖြစ်တဲ့ သူ့အ​ဖေက ထုံးစံအတိုင်း ဆင်းရဲတဲ့ ဂျွန်ဂျွန်နဲ့ သ​ဘောမတူဘူး​ပေါ့ဘယ်လို အခက်အခဲ​တွေရှိရှိ ဆက်ချစ်​နေတဲ့ သူတို့ရဲ့ ခိုင်မြဲတဲ့ အချစ်နဲ့အတူ မိသားစုတွင်း ပြဿနာကိုပါ စိတ်ဝင်တစား ကြည့်ရမယ့် လူငယ်ဇာတ်လမ်း​လေးပါပဲ   File size…(1.3 GB)/ (701 MB)/ (294 MB) Quality…WEB-Rip 1080p /720p / 480p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….d3mon Translated by   Oleander
movie

JJ Plus E(2021)

2021
Ankahi Kahaniya (2021) 5.8
Ankahi Kahaniya (2021) Ankahi Kahaniya (2021)ဒီဇာတ်လမ်းလေးကတော့ တစ်မူထူးခြားပါတယ်ဘယ်လိုထူးခြားတာလဲဆိုရင်တော့ ဇာတ်လမ်းတစ်ပုဒ်ထဲကိုမှ ဇာတ်အိမ်သုံးမျိုးခွဲပြီးဒါရိုက်တာ သုံးယောက်က ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်ကဲ ဒါဆို ဇာတ်လမ်းအကျဉ်းလေးကို အနည်းငယ် မြည်းစမ်းကြည့်လိုက်ကြတာပေါ့နယ်မြို့လေးကနေ တစ်ကိုယ်ထဲ တက်လာပြီးမွန်ဘိုင်းမြို့ကြီးမှာ အလုပ်လာလုပ်တဲ့ ကောင်လေးတစ်ယောက်....မြို့ကြီးပြကြီးမှာ တစ်ဦးထဲနေတာ ကြာလာတဲ့ သူ့အဖို့ အရာရာဟာ အထီးကျန်ဆန်စရာကောင်းလာခဲ့ပါတယ်အထီးကျန်စရာကောင်းတဲ့ လူတွေအဖို့တော့ သူတို့နားမှာ အမြဲတစေရှိနေတဲ့ သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ်အားကိုးတကြီးဖက်တွယ်သွားတယ်ကြတာ သဘာဝပဲ မဟုတ်လားဒီလိုပါပဲ အနှီကောင်လေးကလည်း သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သက်မဲ့ပစ္စည်းတစ်ခုကိုအချစ်တစ်ခုလို စွဲလမ်းမိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမှာလဲ....???အိမ်ရဲ့အပယ်ခံလေးဖြစ်နေခဲ့ပြီး အခြားလူငယ်တွေလို ကျောင်းတက်ခွင့်မရ အိမ်မှာပဲအလုပ်လုပ်ရင်းထိန်းချုပ်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကရော....တစ်နေ့ ရုပ်ရှင်ရုံမှာအလုပ်လုပ်တဲ့ ကောင်လေးကိုတွေ့ရင်း မြင်မြင်ချင်း ချစ်မိသွားတဲ့အခါအရာအားလုံးကို စွန့်လွှတ်ပြီး အချစ်ကိုယုံစားကာ နှစ်ယောက်အတူ ထွက်ပြေးဖို့ ကြံစည်ခဲ့ပါတယ် ဒါပေမဲ့သူ ယုံစားခဲ့ရတဲ့ချစ်သူကောင်လေးကရော သူနဲ့ထပ်တူ သူ့အပေါ် ကို သစ္စာစောင့်သိသွားမှာလား ဒါမှမဟုတ် အပယ်ခံကောင်မလေးရဲ့ အချစ်ခံချင်တဲ့စိတ်ကို အသုံးချသွားမှာလား...??အိမ်ထောင်ရေးဘဝကို အများစိတ်ကူးပုံဖော်ထားသလိုမျိုး အိမ်ကြီးအိမ်ကောင်းမှာ ကြွယ်ဝချမ်းသာခင်ပွန်းနဲ့အတူဖြတ်သန်းခွင့်ရလို့ ...
movie

Ankahi Kahaniya (2021)

2021
The Legend of Condor Heroes The Cadaverous Claw (2021) 6.5
The Legend of Condor Heroes The Cadaverous Claw (2021) မေချောက်ဖုံ ဆိုတဲ့နာမည်လေးကို Conder Heros ကြည့်ဖူး ဖတ်ဖူးသူတွေအားလုံး ကြားဖူးကြမှာပါ...ရင်းလည်း ရင်းနှီးကြမှာပါ...အခု 2019 နောက်ပိုင်းမှာ Conder Herosကို version အစုံနဲ့ ပြန်ရိုက်လာတာအားလုံး သတိထားမိမယ်ထင်ပါတယ်.. ဒီဇာတ်ကားလေးလည်း Conder Herosကို ပြန်ရိုက်ထားတဲ့version တွေထဲက version တစ်ခုပါပဲဒါပေမယ့် ဒီကားကတော့ မေချောက်ဖုံရဲ့ side Story ပေါ့ဒီကားလေးရဲ့ အဓိက ဇာတ်ကောင်ကတော့ Mei Chaofeng ပါပဲ...တချို့ကလည်း လူဆိုးလို့အမှတ်ထင်ကာ အမုန်းကြီးမုန်းခဲ့သလို တချို့ကလည်းမေတ္တာငတ်သူလို့ အသနားပိုခဲ့တဲ့ ဇာတ်ကောင်တစ်ခုပါ... ဒီဇာတ်ကောင်ကိုဒီဇာတ်လမ်းထဲမှာတော့ သူ့ဘဝနဲ့ ပြောင်းလဲလာပုံ ဒီလမ်းရောက်အောင်တွန်းပို့ခဲ့တဲ့ ကံကြမ္မာဇာတ်ဆရာအကြောင်းကို ရိုက်ကူးပုံဖော်ပြထားပါ...ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် လှပတဲ့မိန်းမပျိုလေးတွေကိုတန်ဖိုးဖြတ်ရောင်းစားနေတဲ့လောကမှာ အသားနာခံမယ် ဘဝအပျက်မခံဘူးဆိုတဲ့ခံယူချက်နဲ့ သူဖုန်းစားလုပ်ဖို့ ဆုံးဖြတ်ရင်း ငတ်တစ်လှည့် ပြတ်တစ်လှည့် မသေရုံတမယ်ဗိုက်ထဲအစာရောက်ရုံလောက်သာစားရတဲ့ Mei Chaofeng တစ်ယောက်ဘဝအချိုးအကွေ့တစ်ခုမှာ ယောက်ျား ၂ ယောက်နဲ့တွေ့ခဲ့တယ်...တစ်ယောက်ကသူ့ကိုနောက်နောက်ပြောင်ပြောင်နဲ့ ချစ်လို့စတယ်ပဲ ဆိုရမလား အစသန်တဲ့ ...
movie

The Legend of Condor Heroes The Cadaverous Claw (2021)

Dil Se.. (1998) 7.6
Dil Se.. (1998) Dil Se (1998) =========IMDb Rating (7.6)တစ်ခါတလေ ကျွန်တော် တို့ နှလုံးသားမှာ မသိစိတ်နဲ့ စွဲမြဲစွာ ကပ်ငြိမိတဲ့သူ တစ်ဦးဦး ရှိနေတတ်ကြပါတယ်။ သိစိတ်နဲ့လည်း တမ်းတဖြစ်တတ်ကြပါတယ်သူနဲ့သာဆို သေအတူ ရှင်မကွာ လက်တွဲရင်း ဘ၀လမ်းကို လျှောက်လှမ်းနေချင်ခဲ့တယ်။ ဒါဟာ နှလုံးသားရဲ့ တောင့်တမှုဖြစ်ပြီး စိတ်ရဲ့ လိုအင်လည်း ဖြစ်ပါတယ်ဒါဟာ တစ်ဖက်သတ်ဖြစ်နေခဲ့လည်း ဆုပ်ကိုင်ထားတဲ့ သစ်ရွက်နု စိတ်ကူးလေးလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ်တိုင် တရားစီရင်ခဲ့တဲ့ ဥပဒေတစ်ရပ်ဆိုလည်း မမှားဝံ့ပါဘူးဤမျှထိ အစပြုလာသော အချစ်သည် ဘယ်အရပ် မှ စပါသနည်း။ Amar အတွက်တော့ နယ်စပ်ရထားဘူတာရုံငယ်လေး မှ စခဲ့ဟန်တူသည်ရေဒီယို အသံလွှင်ခြင်းကိစ္စနဲ့ပတ်သက်လို့ ခရီးထွက်ရင်း သူမကို Amar စတွေ့ခဲ့သည်။ လေကထန် မိုးကသည်း ရင်း ချမ်းအေးသော ဤချိန်၀ယ် သူမ သည် သဘက်လေးကို ဦးခေါင်းထက်ပေါ် ...
movie

Dil Se.. (1998)

Monster’s Ball(2001) 7
Monster’s Ball(2001) Monster's Ball ဆိုတဲ့စကားလုံးဟာ ရှေးအင်္ဂလိပ်အသုံးအနှုန်းတစ်ခုဖြစ်တယ်။ သေဒဏ်ကျလူတစ်ယောက်ရဲ့ နောက်ဆုံးည ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဒီကားတစ်ကားလုံးရဲ့ ဇာတ်ရှိန်နဲ့ အဖြစ်အပျက်တွေကလည်း အဲဒီညကနေ အစပြုတယ်။ ပါဝင်တဲ့ဇာတ်ကောင်တစ်ကောင်ချင်းစီဟာ သူ့ကျရာဇာတ်ရုပ်နဲ့ လုံးဝသွေဖီခြင်းမရှိလောက်အောင်ထိကို ကောင်းလွန်းခဲ့တယ်။ ကျွန်တော်အကြိုက်ဆုံး ဇာတ်ကောင်ကတော့ Heath Ledger နဲ့ Halle Berry ရဲ့ ဇာတ်ကောင်တွေပဲ။ ဒီရုပ်ရှင်ဟာ Heath Ledger ရဲ့ သရုပ်ဆောင်ဘဝ အစပိုင်းကို အရောင်တင်ပေးခဲ့တဲ့ ဇာတ်ကားဖြစ်ခဲ့တယ်။ Halle Berry အတွက်လည်း အော်စကာဆုကြီးကို ပိုင်ပိုင်နိုင်နိုင် ဆွတ်ခူးနိုင်စေခဲ့တဲ့ကားဖြစ်တယ်။ ဒီကားရဲ့ ဇာတ်လမ်းကို ပြောပါဆို ကျွန်တော်ပြောတတ်မှာမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်း မင်းသားနဲ့ မင်းသမီးညားကြတဲ့ကားဆိုပြီး ပြောလိုက်ရင် ဒီရုပ်ရှင်ကို စော်ကားရာကျသလိုဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဒီရုပ်ရှင်ကြည့်ပြီး ရလာတဲ့ ခံစားချက်တွေကတော့ တစ်ပတ်လောက်ထိ ဆက်ရှိနေမှာ အသေအချာပါပဲ။ ဒါပေမယ့် ဇာတ်လမ်းကို သေချာပိုင်းခြားလိုက်ရင် နှစ်ပိုင်းတော့ ထွက်လာနိုင်တယ်။ Hank ...
movie

Monster’s Ball(2001)

2001
Hamari Adhuri Kahani (2015) 6.7
Hamari Adhuri Kahani (2015) Hamari Adhuri Kahani (2015)======================IMDb Rating - 6.7/10ဗာဆူဒါး..."ပန်းဥယျာဉ်တစ်ခုမှာ ကြွေကျနေတဲ့ပွင့်ချပ်တွေနဲ့သစ်ရွက်ခြောက်တွေမရှိရင်အဲ့ဒီပန်းဥယျာဉ်က အစစ်နဲ့မတူဘူး""စန္ဒာလမင်းမှာတောင် ချိုင့်ခွက်လေးတွေရှိတယ်" အာရဗ်... "မင်းရဲ့နာကျင်မှုကို အလဲအလှယ်လုပ်တဲ့အနေနဲ့လောကကြီးက ပျော်ရွှင်မှုတွေအားလုံး ငါမင်းကိုပေးချင်တယ်" ဟရီ... "ဒီခန္ဓာကိုယ်ကို ငါပိုင်တယ်""ဒီအသက်ရှူသံတွေကို ငါပိုင်တယ်"−−−−−−−−−−−−−−−−−−−−−−−−−−−−−−အိန္ဒိယလူမျိုးတို့ရဲ့ ထုံးစံအတိုင်း ရိုးရာဓလေ့ဆို တသွေမသိမ်းလိုက်နာပြီး မိဘစကားဆို မြေ၀ယ်မကျနားထောင်တတ်တဲ့မိန်းမ‌ပျိုလေးတွေဟာ အိမ်ထောင်ရက်သားကျချိန်မှာလဲ . လင်ယောကျာ်းကိုဆို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေဘုရားလိုကိုးကွယ်တက်လာကြပါတယ်။ ဒါပေမယ့် အဲ့ဒီလို သိမ်မွေတဲ့ မိန်းမပျိုလေးတွေရဲ့ အနာဂတ်ဟာ လင်ယောကျာ်းအပေါ်သာ မှီခိုနေတာပဲဖြစ်ပြီး လင်ယောကျာ်းက  လင်၀တ္တရားကြေပွန်မှု မရှိတဲ့အခါ သူတို့ရဲ့ ရှေ့ရေးဟာ ရင်လေးစရာဖြစ်လာတာပေါ့။ဒီဇာတ်လမ်းလေးက နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးလေးရဲ့ အရှက်အကြောက်တရားနဲ့ ချစ်ခြင်းမေတ္တာတို့ လွန်ဆွဲရင်း ဖြစ်ပေါ်လာတဲ့အကျိုးဆက်လေးတွေကို အနုပညာဆန်ဆန် တင်ဆက်ပေးထားတာပါ....ဒီဇာတ်လမ်းရဲ့ သဘောလေးကိုက မိန်းကလေးတွေအဖို့ပညာယူစရာအတော်များသလို တချိန်မှာအိမ်ထောင်ဦးစီးဖြစ်လာမယ့် ယောက်ျားသားတို့အနေနဲ့လဲ ပညာရစေမှာမို့ CM မှ တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို သူရ နှင့် YK KY တို့မှရေးသားပေးပြီး။ ...
movie

Hamari Adhuri Kahani (2015)

2015
Mr. Hong2004) 6.5
Mr. Hong2004) Mr. Hong (သို့မဟုတ်) ခေါင်းဆောင်ဟုန်(2004)အညွှန်း***********************************************ဒီတစ်ခါမှာ​တော့ 2004ခုနှစ်က ထွက်ရှိထားတဲ့Mr.Hongဆိုတဲ့ဇာတ်ကား​လေးကို တင်ဆက်​ပေးပါ့မယ် ...အခုတ​လော hotဖြစ်​နေတဲ့ My Hometown Cha Cha Chaရဲ့ မူရင်းဇာတ်လမ်း​လေးလည်း ဖြစ်ပါတယ်...မူရင်းဇာတ်လမ်းဟာ ပိုရယ်ရတယ်လို့ထင်ပါတယ်...၂၀၀၄ ခုနှစ်က ဝါရင့်သရုပ်ဆောင်ကြီး(၂)ဦးပါဝင်ထားလို့  ဒီဘက်ခေတ်အမြင်နဲ့ကြည့်ရင် အဆင်ပြေပါ့မလားထင်ရပေမဲ့ တကမ်းတမ်းတော့တော်တော်ကြည့်ကောင်းပြီး  နင်းကန်လည်းရယ်ရပါတယ်...ဇာတ်လမ်းကျောရိုးတူပြီးသားဆိုပေမဲ့ ကွဲလွဲမှုတွေလည်းရှိလို့ထွေထွေထူးထေူးတော့ အညွှန်းမရေးတော့ပါဘူး...မတူညီတဲ့ ရသထူးလေးရမှာမို့ ခေါင်းဆောင်ဟုန်ဖန်တွေအထူးအားပေးသင့်ပါကြောင်းပြောပါရစေ... File Size :(1.4GB) and (816MB) Quality : HDTV1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae 
movie

Mr. Hong2004)

Bad Teacher (2011) 5.6
Bad Teacher (2011) Title ကိုက Bad Teacher ဆရာမအဆိုးလေးတဲ့။Poster ပေါ်မှာလဲ  Eat me ငါ့ကိုစားပါတွေရော.. She doesn't give an "F." တွေရောနဲ့  R-Rated ဇာတ်ကားလေးပါ။မင်းသမီးက ကင်မရွန်းဒိုင်ယာ့ဇ်..သူ့စတိုင်နဲ့ ဆရာမအဆိုးလေးဆိုတော့ ကွက်တိပေါ့...မင်းသားက အဆိုတော် ဂျက်စတင်တင်းဘားလိတ်...အူကြောင်ကြောင်နဲ့လိုက်တယ်..မင်းသားကြီး Jason Segel လဲပါသေးတယ်...သူကတော့အတည်ပေါက်နဲ့နောက်တတ်သူပေါ့။ဇာတ်လမ်းလေးကတော့ ...ဆရာမလေး ကင်မရွန်းဒိုင်ယာ့ဇ်ဟာ အပျင်းလဲထူသလို အရည်အချင်းလဲမရှိတဲ့အပြင်ခြူစားဖို့ကြံစည်ပြီး စေ့စပ်ထားတဲ့ သူဌေးသားလေးရဲ့ စွန့်ပစ်ခြင်းကိုပါခံလိုက်ရသူပါ...ဒါနဲ့ဘူနေတုန်းမှာပဲ...သူ့လိုပူပူနွေးနွေးလမ်းခွဲထားတဲ့ ကျောင်းဆရာ ဂျက်စတင်တင်းဘားလိတ်နဲ့ဆုံပြီးဆွဲစားဖို့ထပ်ကြံပြန်တယ်...ပုရိသတစ်ယောက်ကိုဆွဲဆောင်ဖို့မှာနို့ပြားရင် အဆင်မပြေဘူးဆိုပြီး ရင်သားအစားထိုးကုသဖို့ကြံစည်ရာကနေဘာတွေဆက်ဖြစ်ကြမလဲဆိုတာ....။  File size…(1.7 GB)/ (999 MB)/ (500 MB) Quality…BluRay Unrated 1080p /720p / 480p Format…mkv Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie

Bad Teacher (2011)

Dikkiloona (2021) 7.2
Dikkiloona (2021) Dikkiloona(2021) ---------------------- (1080pခဏနေ ရပါမယ်)Mendala ကားထဲက မင်းသားကြီးYogi Babu ပါဝင်သရုပ်ဆောင်ထားတဲ့Tamil Comedy ဇာတ်ကားသစ် ထွက်ရှိလာပါပြီခင်ဗျားမှာ Time Machine နဲ့ အချိန်ခရီးသွားဖို့အခွင့်အရေးရလာရင်ဘာလုပ်ကြမှာလဲအတိတ်ကိုရော အနာဂတ်ကိုပါ အချိန်ခရီးသွားလို့ရရင်ဘယ်အပိုင်းအခြားကို သွားဖြစ်ကြမလဲမီတာရုံးမှာ အလုပ်လုပ်တဲ့ မီးသမားလေး မာနီကတော့ဘဝမှာ ဖြစ်ခဲ့တဲ့ အန္တရာယ်အရှိဆုံးမတော်တဆမှုကြီး​ကို တားဆီးဖို့ အတိတ်ကို ပြန်သွားခဲ့ပါတယ်ဟော်ကီကစားသမားတစ်ယောက် သိပ်ဖြစ်ချင်ခဲ့တဲ့ မာနီဟာလက်တွေ့မှာ မီးသမားပဲဖြစ်နေရတယ်ယောက္ခမအိမ်မှာလည်း သူနေရတာ အဆင်မပြေသလိုသူ့မိဘအိမ်ပြန်တော့လည်း ယောက္ခမနဲ့ချွေးမမတည့်ကြလို့စိတ်ဆင်းရဲမှုများစွာနဲ့ ဖြတ်သန်းနေရတဲ့ လက်ရှိဘဝကနေအတိတ်ကို ပြန်သွားပြီး ပြင်ဖို့ဆုံးဖြတ်ခဲ့တဲ့အရာက ဘာဖြစ်မလဲ??????Fiction Comedy ဇာတ်ကားဖြစ်လို့ တစ်ကားလုံးဒိုင်ယာလော့ အလန်းစားတွေနဲ့ ရယ်နေရမှာပါအဲ့ဒါကြောင့် မရယ်ရမှာ စိတ်မပူပါနဲ့Yogi Babu တစ်ယောက်ရော ဒီကားထဲမှာဘယ်လို Character နဲ့ ပါဝင်သွားဦးမလဲဆိုတာ ကြည့်ရှုပေးကြပါဦးအညွှန်းကိုတော့ Amelia မှ ရေးသားထားပြီးဘာသာပြန်သူများကတော့ Amelia နဲ့ Jerrica တို့ပဲဖြစ်ပါတယ် File size…1.38GB/ 2.19Gb Quality…720p / 1080p ...
movie

Dikkiloona (2021)

2021
Red Carpet (2014) 6.1
Red Carpet (2014)  ငယ်စဉ်တည်းက ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ အိမ်မက်မက်ခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် Porn Director တစ်ယောက်အဖြစ်ရပ်တည်နေရတဲ့ ပတ်ဂျောင်ဝူ... အမေဖြစ်သူနဲ့ လေဖြတ်နေတဲ့အဖေ ကို သူ့ရိုက်ထားတဲ့ ဇာတ်လမ်းလေး TVမှာလာတာကို ပြချင်ခဲ့ပေမယ့် လွှင့်မရတဲ့ဇာတ်ကားဖြစ်နေတော့ အကြောင်းအမျိုးမျိုးပြပြီး လိမ်ထားရတာပေါ့ဒီလိုနဲ့တစ်နေ့ သူ့ဆီကို အိမ်ဝယ်တာ အလိမ်ခံရတဲ့ ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပါတယ် အလိမ်ခံခဲ့ရတာကြောင့် နေရာမရှိဘဲ ပတ်ဂျောင်ဝူရဲ့ အိမ်မှာ ကပ်နေရတဲ့သူကတော့ ငယ်ငယ်က ကလေးသရုပ်ဆောင်လုပ်ခဲ့ဖူးပြီး မင်းသမီးဖြစ်ချင်နေတဲ့ ဂျောင်အွန်းဆူပါရုပ်ရှင်ရိုက်ဖို့အတွက် လူသစ်မိန်းကလေးသရုပ်ဆောင်ရှာနေတဲ့ ပတ်ဂျောင်ဝူးက ဒါရိုက်တာဆိုတာသိပေမယ့် ဘာကားရိုက်တဲ့ ဒါရိုက်တာမှန်းမသိဘဲ သူလည်းသွားလျောက်လေတော့...ဘာဆက်ဖြစ်မလဲ ဒီဇာတ်ကားလေးက ဟာသဆန်ဆန်ရိုက်ကူးထားပေမယ့် ပေးချင်တဲ့ မက်ဆေ့ကတော့ တော်တော်ကောင်းပါတယ် Porn ကားရိုက်တဲ့ မိန်းကလေးတိုင်း အပျက်မ မဟုတ်ပါဘူး...အလုပ်တစ်ခုဖြစ်ပြီး ဒါဟာလည်း အနုပညာတစ်ရပ်ပါပဲ ဇာတ်ကားထဲမှာ ဘယ်လိုပဲ ဖြစ်နေပါစေ အပြင်မှာတော့ မိန်းကလေးအားလုံးနဲ့ တန်းတူဆက်ဆံရမှာပါပဲ လေးစားမှု့ရှိရမှာပါပဲ လူတွေနေ့စဉ်ဘဝမှာ ဖြစ်ပျက်နေကြအရာတွေကို ကျန်းမာရေးရှူ့ထောင့်ကဖြစ်စေ ၊ လူ့သဘောသဘာဝကို ဖြစ်စေ ဖော်ပြပေးတဲ့ဇာတ်ကားတစ်ရပ်ပါအနုပညာဆိုတာကို ကျွန်တော်တို့ ဘယ်လို ...
movie

Red Carpet (2014)

Gabi (2012) 5.9
Gabi (2012) Gabi - Russian Coffee (2012)"Russian Coffee ''ဆိုတဲ့ ဝတ္တုကို ပြန်လည်ရိုက်ကူးထားတဲ့ ၁၉ရာစုနှောင်းပိုင်း ကိုရီးယားမှာ ကော်ဖီ ဆိုတာ စတင်အခြေချလာတဲ့ ကာလနောက်ခံနဲ့အတူ ရုရှားနဲ့ကိုရီယားအပါအဝင် location အတော်များများ ပြောင်းရိုက်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်သရုပ်ဆောင်တွေကတော့ ထူးပြောပြစရာမလိုတော့တဲ့ Joo Jin Moနဲ့ တမိုးအောက်တယောက် ချောင်းဆောဂျင် (Kim So-yeon)ဖြစ်တာမို့ ကြည့်ဖို့ တန်နေပါပြီဇာတ်လမ်းအကျဉ်းပြောပြရရင်အီလီရီချဲ့နဲ့တန်ယာ နှစ်ယောက်ဟာ ငယ်ငယ်တည်းကအတူကြီးပြင်းလာပြီး သိပ်ချစ်ကြတဲ့ချစ်သူတွေပေါ့သူတို့က ဥရောပ ကုန်သည်တွေဆီက ကော်ဖီစေ့တွေကို ဓားပြတိုက်ပြီး မင်းမျိုးနွယ်တွေဆီ ပြန်ရောင်းချတဲ့အလုပ်ကို လုပ်ရင်း တနေ့ ရုရှားစစ်သားတွေဆီ မိသွားပြီး အသတ်ခံရတော့မယ့်ဆဲဆဲမှာ ဂျပန်ဘက်က ကယ်ဆယ်လိုက်ပါတော့တယ်သူတို့နှစ်ယောက်ရဲ့ အရည်အချင်းကို အသုံးချပြီး ဂျပန်တွေဘက်က ရုရှားနဲ့ ဂျိုဆွန်းနှစ်နိုင်ငံကြား ဆက်သွယ်မှုတွေကို သိရဖို့ အကြပ်ကိုင် ပြီး သူလျှိုလုပ်ခိုင်းလာတဲ့အခါ...ဘုရင့်လူယုံတော်အဖြစ်နဲ့ ဂါဘီဖျော်ဆက်သဖို့ တန်ယာဟာ ဂျိုဆွန်းနန်းတွင်းထဲ ဝင်ခဲ့ရပြီး ...
movie

Gabi (2012)

Kicking Out Shoshana (2014) 4.7
Kicking Out Shoshana (2014)  ဒီဇာတ်ကားကတော့ မမ Gal Gadot သူ့နိုင်ငံအစ္စရေးမှာ ရိုက်ကူးထားတဲ့ ဟီဘရူးစကားပြော ရှားပါးဇာတ်ကားလေးပါ...HD Quality အစစ်နဲ့ ဟီဘရူးအသံရရှိဖို့ ကိုယ်တိုင် Edit ပြန်ထိုင်ထားရတဲ့ ဇာတ်ကားလေးမို့အင်တာနက်ပေါ်မှာ CM ကလွဲပြီး ဘယ်မှာမှမရှိသေးပါဘူး။ဇာတ်လမ်းကတော့ ....ဂျေရူစလင်သားများဆိုတဲ့ ဘောလုံးအသင်းက တိုက်စစ်မှူး အာမီရှူရှန်ဟာပရီးမီးယားလိဂ်တွေ ချန်ပီယံလိဂ်တွေသွားရဖို့ထိ မျှော်လင့်ထားကြတဲ့ ဘောလုံးကစားတစ်ဦးဖြစ်ပေမယ့်အစ္စရေးလိဂ်မှာပဲ တစ်နေရတဲ့ဘဝပေါ့....မမ Gal Gadot ကျတော့ ဒီဇာတ်ကားထဲမှာ တော်တော်ဇာတ်နာရပါတယ်...ငယ်စဉ်ကတည်းက ဆင်းရဲပြီး အ‌ကြွေးပေါ်အကြွေးဆင့်နေတဲ့မိဘတွေဆီမှာမွေးဖွားလာတဲ့သူမို့သူ့ကိုကြိုက်နေတဲ့ဂိုဏ်းစတားတစ်ယောက်ရဲ့ မွေးပြီးတော့ စားခြင်းခံနေရတဲ့ဘဝပါ...တစ်နေ့တော့ မမနဲ့ မင်းသားရှူရှန်တို့ နိုက်ကလပ်တစ်ခုမှ မတော်တဆ ဆုံမိကြပါတယ်...ရှူရှန်က ဘာသားနဲ့ထုထားတာမလို့လဲ...ချက်ချင်းပဲ မမကိုကြွေကျတာပေါ့...မမရဲ့အပြုံးတွေကလဲ အပြင်ကအတိုင်းပဲလေ...သေလောက်အောင် ဆွဲဆောင်နိုင်တာကိုး...ဒီတော့ နိုင်ငံကျော်ဘောသမားနဲ့ နယ်မရွေးလူမိုက်တို့ မမရဲ့အချစ်ကိုရဖို့မယ်သီတာရဲ့ ရာမနဲ့ဒဿလို လုကြမှာပါ..သူတို့ကတော့ လေးတော်မတင် စစ်မခင်းဘဲ မီဒီယာစစ်ပွဲဆင်နွှဲကြမှာပါ...ဇာတ်လမ်းက သွက်သွက်လက်လက်နဲ့အခွီတွေပါ တင်ဆက်ထားတာမို့ ကြည့်ရင်းရယ်နေရပါတယ်...ဒါ့အပြင် LGBT နဲ့ပတ်သက်ပြီးတော့လဲ အတွေးအမြင်လေးတချို့ကို ချပြထားနိုင်ပါသေးတယ်...နောက်ထပ်အရေးကြီးတဲ့အချက်ကတော့...ဒို့မမလေ... အရမ်းကိုလှတာပဲဗျာ။  File ...
movie

Kicking Out Shoshana (2014)

Millennium Mambo(2001) 7.1
Millennium Mambo(2001) Millennium Mambo(2001) ===================IMDb Rating. = 7.1/10 Directed By Hou Hsiao-Hsienသိသလောက်တော့ နီယွန်ညရုပ်ရှင်တွေဟာ အရှေ့အာရှရုပ်ရှင်ပရိတ်သတ်တွေကြား ပြန်ခေတ်စားနေတာ သုံးလလောက်တော့ကြာပါပြီ။Edward Yangရဲ့Taipei Storyတို့ Tsai Ming Liangရဲ့ Rebels of the Neon Godတို့ အခု Hou Hsiao-Hsienရဲ့ Millennium Mamboတို့အစရှိသဖြင့်ပေါ့။Millennium Mamboဟာ ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ပြောတတ်သလိုပြောရရင်တော့ ဝေါင်ကာဝေးကားကို သရုပ်မှန်နဲ့ရိုက်ထားသလိုပါပဲ။ဒါက Themeဖြစ်တဲ့ နီယွန်ညများကနေ ဆင့်ပွားသွားလို့လို့တော့ ထင်တယ်။Houရဲ့ ကျန်တဲ့ရုပ်ရှင်တွေကိုတော့ သိပ်မသိပေမဲ့ Millennium Mamboမှာတော့ အရာရာတိုင်းဟာ သရုပ်မှန်ပါပဲ။ ဆန်းပြားလှပတဲ့ ဒိုင်ယာလော့ တွေလည်းမပါဘူး။ထူးခြားတဲ့ ဇာတ်၀င်ခန်း တွေလည်း မပါဘူး။ ရိုးရိုးရှင်းရှင်းနဲ့ နီယွန်ညထဲက ဘ၀တွေအကြောင်း ရိုက်ပြထားရုံပါပဲ။စတိုရှိခွန်ပြောဖူးတဲ့စကားထဲက အဓိကကျတဲ့ တစ်ချက်ကိုပဲ ထုတ်နုတ်ပြောရရင်။ခွန်ဟာ ပရိတ်သတ်ကို သူပြောချင်တာကို နှုတ်တိုက်သင်မပေးဘဲ သူပေးထားတဲ့ ရုပ်ရှင်နာမည်ကိုအ‌ခြေပြုပြီး ...
movie

Millennium Mambo(2001)

2001
Only Yesterday (1991) 7.7
Only Yesterday (1991) Only Yesterday (1991) ကတော့ Studio Ghibli က ထုတ်လုပ်တဲ့ ဂျပန် Animated, Drama လေးပဲဖြစ်ပါတယ်။ပုံမှန် Animation ရုပ်ရှင်တွေက ကွဲလွဲနေတဲ့အချက်ကတော့ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေအတွက် ရည်ရွယ်ထားတဲ့ သရုပ်မှန် Drama လေးတစ်ပုဒ်ဖြစ်နေတာပါပဲ။Box Office မှာလည်း အံ့သြစရာကောင်းလောက်အောင် အောင်မြင်ခဲ့ပြီးတော့ အရွယ်ရောက်ပြီးသူအမျိုးသား အမျိုးသမီးတွေက တခဲနက် အားပေးခဲ့ကြတဲ့အတွက် ဂျပန်နိုင်ငံမှာ ဝင်ငွေအများဆုံး ဇာတ်ကားတစ်ကားဖြစ်ပါတယ်။IMDB Rating က 7.7 ရရှိထားပြီး Rotten Tomato 100% ထိရရှိထားပါတယ်။     ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၂ ခုနှစ်မှာ အသက် ၂၇ နှစ် အရွယ် အိမ်ထောင်မရှိသေးတဲ့ Taeko Okajima က တိုကျိုမြို့မှာ တစ်သက်လုံး အခြေချနေထိုင်ခဲ့ပြီးတော့ အားလပ်ရက်မှာ ကျေးလက်ဒေသကို သွားပြီး လယ်အလုပ်သွားလုပ်ပါတယ်။သွားတဲ့လမ်းတလျှောက်မှာ သူ့ရဲ့ ၁၀ နှစ်အရွယ်က ...
movie

Only Yesterday (1991)

1991
[18+] Private School (1983) 5.3
[18+] Private School (1983) ဒီဇာတ်ကားကတော့ American Pie ဇာတ်ကားတွေလိုပါပဲ...ကျောင်းသားဟာသ ဗရုတ်သုက္ခဇာတ်ကားလေးပေါ့...မင်းသမီးကတော့ အချောလေး ဖိုဘီကိတ်ပါ...တခြားမင်းသမီးတွေလဲ အများကြီးပါသေးတယ်..အဲ့ခေတ်ကမင်းသမီးတွေဆိုတော့ နာမည်တွေသိပ်မသိပေမယ့် လှတာတော့ အတော်လှကြတာဗျို့...သွက်လက်ချက်ချာပြီး ချစ်စရာကောင်းနေကြပုံများ ကြည့်နေတဲ့တစ်ချိန်လုံး သဘောကျနေရမှာ...ကျောင်းသားတွေရော ကျောင်းသူတွေရော အကုန် ငပွေးလေးတွေချည်းပဲ...ခွီနေရတယ်။ကိုဗစ်ရောဂါကြောင့် အိမ်တွင်းအောင်း ကျောင်းမတက်ရ အပြင်မထွက်ရ မကဲရ စိတ်ညစ်နေရတဲ့ကာလမှာဒီလို ပေါ့ပါးပျော်ရွှင်တဲ့ဇာတ်ကားလေးတွေကြည့်ပြီး အားကျနေဖို့တင်ဆက်လိုက်ပါတယ်။Fast Times at Ridgemont High (1982) ဖိုဘီကိတ်ရဲ့ ဇာတ်ကားလိုပဲNude Scene နဲ့အပြောအဆိုတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။  File size…(1.5 GB)/ (880 MB)/ (400 MB) Quality…BluRay Remaster 1080p /720p / 480p Format…mkv Duration….01:28:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie

[18+] Private School (1983)

Beyond the Dream(2021) 7.2
Beyond the Dream(2021) Beyond the Dream(2021)အညွှန်း****************************IMDB 7.2 ရရှိထားတဲ့ ဟောင်ကောင်ဇာတ်ကားကောင်းလေးပါ ...ဆုကြီး (၅)ဆုနဲ့ အခြားဆု (၁၂)ဆုလည်း ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်...လီချီလော့ဟာ စိတ်ကျရောဂါခံစားနေရပြီး သူခံရတဲ့ရောဂါအမျိုးအစားကလည်းခပ်ဆန်းဆန်းမို့   စိတ်ကုဆရာဝန်တွေအမြဲတွေ့ပြီး ကုသနေရတဲ့သူပေါ့...တစ်နေ့တော့ ရီနန်ဆိုတဲ့ကောင်မလေးဟာ စိတ်ပညာဘွဲ့လွန်စာတမ်းတစ်ခုပြုစုစရာရှိတဲ့အတွက်လီချီလော့နဲ့ဆွေးနွေးတိုင်ပင်ရင်း သူ့စာတမ်းအတွက် အသေးစိတ်ပြင်ဆင်ဖို့ကြိုးစားပါတယ်...အဲ့ဒီနောက်မှာတော့ မထင်မှတ်တဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာပါတော့တယ်...File Size : (2.2GB)(1.1GB) and (462 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…02:00:00 Genre : Mystery , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Hay Thar Oo Encoded by Phyo Pyae
movie

Beyond the Dream(2021)

Match Point (2005) 7.6
Match Point (2005) Match point(2005) ============== IMDb Rating - 7.6/10 Directed by Woody Allenဝူဒီအယ်လန်ကားဆို စောင်တလွဲလူ့ဘောင်ကြီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့သရော်တတ်တဲ့ ရုပ်ရှင်တွေလို့ ‌ပြေးမြင်မိကြမှာပဲ။ သူ့ကားတွေဟာ ရိုမန့် ဒရာမာ ဟာသ စာရင်းဝင်ကားတွေများတယ်။ Match Point ကတော့ ကွဲလွဲတယ်ပြောရမှာမယ်။တခြားအယ်လန်ကားတွေက နာမည်ကြီးအနုပညာသမားတစ်ချို့ကို သိမှ သူသရော်တာကို နားလည်မှာတို့ ဘာတို့ ပါတတ်ပေမဲ့ ဒီရုပ်ရှင်ကတော့ ဒါမျိုးကင်းတယ်။ မသိရင် စုံထောက်ကားလိုလိုပါပဲ။ Genresအရ Romance/Dramaပေမဲ့ ကြည့်ပြီးတဲ့သူတွေက Psychological Thriller ကားလို့ ဆိုကြတယ်။သို့ပေမဲ့ သရော်တာလည်း မကင်းပါဘူး၊ ဟာသတစ်စက်မှ မနှောဘဲ သရော်သွားတာကလွဲလို့ပေါ့။ ဒီရုပ်ရှင်မှာတော့ သူ့ THEMEကတော့ ကံပါပဲ။ ကံကိုTHEME အဖြစ်သုံးပြီး စောင်တလွဲလောကကြီးရဲ့မတရားလှတဲ့ ကံကိုသရော်သွားခဲ့တယ်။ဇာတ်လမ်းအစမှာ သူက ဒီလိုပြောထားတယ် " ကျုပ်မတော်ချင်ဘူး ကံပဲကောင်းချင်တယ်လို့ ပြောတဲ့သူက ဘဝကို ကောင်းကောင်းနားလည်တဲ့သူပဲ။ ဘဝရဲ့တစ်စိတ်တစ်ပိုင်းက ကံပေါ်အများကြီး မူတည်နေတယ်ဆိုတာကို လူတွေက ...
movie

Match Point (2005)

Here and There (2021) 7.1
Here and There (2021) Here and There (2021)"သံယောဇဉ်တွေတော့ ရှိနေတယ် ချစ်သူတော့လည်း မဟုတ်ပြန်ဘူး""တစ်ယောက််အကြောင်း တစ်ယောက် အပြန်အလှန် ဖွင့်ဟနေမိကြတယ် အရင်းနှီးဆုံးသူတွေတော့လည်း မဟုတ်ပြန်ဘူး"ခံစားချက် တစ်ခုကတော့ မွေးဖွားနေတယ် ..... ဒါဟာ အချစ်လား မသေချာပြန်ဘူးလေလှိုင်းပေါ်က ဇာတ်လမ်းတစ်ပုဒ်ရယ်လို့ပဲ တင်စားရမလားCovid-19 ဆိုတဲ့ ဗိုင်းရပ်စ် ရဲ့ ရိုက်ခတ်မှုအောက်မှာ လူတိုင်းရဲ့ ကွန်းခိုရာက အင်တာနက်ဆိုတဲ့ အရာ ဖြစ်လာတယ်အထီးကျန်ဆန်သူတို့အဖို့ စိတ်အပန်းဖြေရာ ဖြစ်လာတယ်ချစ်ရသူတွေနဲ့ ဆက်သွယ်ကြတယ် ..... ချစ်သူဖြစ်လာမယ့်သူတွေနဲ့ ဆုံဆည်းခဲ့ကြတယ် ....လေလှိုင်းပေါ်က အချစ်ဟာ တည်မြဲပါ့မလားဆိုတဲ့ မေးခွန်းထက် ပို မေးချင်မိတဲ့အရာကလေလှိုင်းပေါ်ကနေ တကယ်ပဲ ချစ်မိသွားနိုင်လား ... ချစ်မိသွားရင်ရော ဘယ်လောက်ထိ နက်နဲမှာလဲတစ်ဘက်က နှစ်နှစ်ကာကာချစ်ပြီး တစ်ဖက်က ပေါ့ပေါ့တန်တန်ချစ်ခဲ့ရင်ရောနှစ်နှစ်ကာကာ ချစ်မိသူအဖို့ နာကျင်ရမှာလားသေချာတယ် ..... နာကျင်ရလိမ့်မယ်ဗျ"အချစ်ဆိုတာကတော့ နီးနီး ဝေးဝေး၊ ကြီးကြီးသေးသေး အချစ်ဟာ အချစ်ပါပဲ"တချို့ကတော့ ဆိုကြတယ် လေလှိုင်းပေါ်က အချစ်က မတည်မြဲဘူး မစစ်မှန်ဘူးသို့ပေမဲ့ လေလှိုင်းပေါ်က စပြီး သက်ဆုံးတိုင်သွားကြတာတွေလည်း ရှိနေကြပြန်ရောဒီတော့ ဒီကောင်လေးနဲ့ ကောင်မလေးရဲ့ လေလှိုင်းပေါ်က ...
movie

Here and There (2021)

2021