Channel Myanmar

Romance

Josee, the Tiger and the Fish (2020) 8.0
Josee, the Tiger and the Fish (2020) အချစ်ဟာ သိပ်ကို ဆန်းကြယ်လှပါတယ်.တခါတလေ နေ့ခင်းဘက်ကြီး မီးထိုးလိုက်ရှာရင်းတောင်မတွေ့တက်ပေမယ့် တခါတလေမှာတော့အချစ်ဟာ မှာ ဝှီးချဲပေါ်ကနေကိုယ့်ဆီကို ဒိုင်ဗင်ပစ်ပြီးလည်း ရောက်လာတတ်ပါတယ်မိဘတွေရဲ့ အလိုလိုက်ခြင်းကို ခံထားရတဲ့ ခပ်ဆိုးဆိုးကောင်မလေးနဲ့ခပ်ရိုးရိုးတက္ကသိုလ်ကျောင်းသားလေးတို့ရဲ့ အချစ်ဇာတ်လမ်းကိုAnimeရုပ်ထွက်လှလှလေးနဲ့ ကြည့်ရမှာပါ.............ဇာတ်လမ်းအကျဉ်း ---------------အိပ်မက်တွေကို လက်တွေ့အကောင်ထည်ဖော်ဖို့အတွက် အလုပ်ကြိုးစားနေတဲ့Suneo ဆိုတဲ့တက္ကသိုလ်ကျောင်းသားလေးဟာတစ်နေ့အလုပ်ကအပြန် ဝှီးချဲပေါ်ကနေသူ့အပေါ်ကိုပြုတ်ကျလာတဲ့ကောင်မလေးနဲ့အမှတ်မထင်တွေ့ဆုံမိရာကနေ အဲ့ကောင်မလေးအိမ်မှာအလုပ်လုပ်ဖို့အကြောင်းဖန်လာပါတော့တယ်အလိုလိုက်ခံထားရလို့ ဆိုးနေတဲ့ကောင်မလေးရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို Suneo တစ်ယောက်သည်းခံရင်းနဲ့နောက်ဆုံးမှာ အားငယ်စိတ်ကိုဖုံးကွယ်ထားတဲ့ သူမရဲ့ပုံစံအမှန်ကို သိသွားမလားစာအုပ်တွေအရမ်းဖတ်ပြီး ပုံဆွဲတော်တဲ့ Josee နဲ့ ငါးလေးတွေကိုချစ်ပြီး စာတော်တဲ့ Suneo တို့နှစ်ယောက်ကိုနီးစပ်သွားစေတဲ့အရာကရောဘာများဖြစ်မလဲဆိုတာကို ရင်ထဲနွေးထွေးသွားအောင် ရိုက်ကူးပြသထားတဲ့Anime ဇာတ်လမ်းတပုဒ်ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်  File size…1.45GB / 700MB / 400MB Quality…1080p / 720p / 480p Format…Mp4 Duration….1h 39mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie

Josee, the Tiger and the Fish (2020)

2020
Meet Joe Black (1998) 7.2
Meet Joe Black (1998)   ဒီတစ်လော မင်းသားကြီး Brad Pitt ရဲ့ ရုပ်ရှင်ကားတွေပြန်ကြည့်ဖြစ်ရင်း Meet Joe Black ဆိုတဲ့ ကားကိုCM မှာ တင်ပေးဖို့ သတိထားမိသွားပါတယ်ဒီကားကို တိပ်ခွေခေတ်က ခဏ ခဏ ကြည့်ဖူးပါတယ်DVD ခွေတွေ ထွက်တဲ့အခါလဲ BluRay အခွေဝယ်သိမ်းတဲ့ အထိ ကြိုက်ခဲ့မိပါတယ်...ဒီရုပ်ရှင်ကားမှာ မင်းသားကြီး Brad Pitt သရုပ်ဆောင်တဲ့အချိန်က ၁၉၉၈ ခုနှစ်ဖြစ်ပြီး Brad Pitt ရဲ့ အသက်က၂၁ နှစ်ပဲ ရှိပါသေးတယ်...နာမည်ကျော်မင်းသားကြီး ရဲ့ ငယ်ရွယ်နုပျိုချောမောနေမှုကပျိုတိုင်း ယိုင်လဲလောက်ပါတယ်...အပြုံး အကြည့် ခပ်ပေပေ ပုံစံလေးတွေက အစဆွဲဆောင်မှု ရှိနေတာမျိုးပေါ့...ဒီရုပ်ရှင်ကားကလဲ မိသားစုလိုက်ကိုကြည့်သင့်တဲ့ ကားမျိုးဗျ မိသားစု မေတ္တာကိုပိုအသားပေး ထားတာမျိုးပဲဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်နော်စပွိုင်လာ ဖြစ်ချင်လဲ ဖြစ်နိုင်တာမို့ ကြည့်ဖို့ ရည်ရွယ်ထားရင်ဆက်မဖတ်နဲ့တော့....ဆက်သွယ်ရေးလုပ်ငန်းကြီး တစ်ခု ရဲ့ ဥက္ကဌ ဖြစ်သူ ဘေးလ် ဟာတစ်ညသော ...
movie

Meet Joe Black (1998)

1998
His (2020) 7.5
His (2020) His 2020ကိုယ်ကြိုက်ချင်တဲ့လူကို ကြိုက်ခွင့်ရှိတာက လူတယောက်ရဲ့ လွတ်လပ်ခွင့်တဲ့ ကဲ အဓိပ္ပါယ်လေးကတော့ ထိထိမိမိနဲ့ ရှင်းရှင်းလေးပါပဲကျွန်တော်တို့ လူ့ပတ်ဝန်းကျင်ဆိုတဲ့ သဘောသဘာဝကြီးကတော့ လွတ်လပ်ခွင့်တွေကို အပြစ်တင် ဝေဖန်တတ်ကြစမြဲဒါပေမယ့်လည်း အဲ့ပတ်ဝန်းကျင်ကြီးမှာပဲ နေသားတကျဖြစ်အောင်နေရင်း ရှေ့ဆက်လျှောက်လှမ်းကြရတာပါပဲအဲ့လိုရှေ့ဆက်လျှောက်လှမ်းကြမယ့် ကောင်းလေးနှစ်ယောက်ရဲ့ အချစ်ရေးအကြောင်းကို ဒီဂျန်ကားလေးထဲမှာ စီးမျောကြည့်ဖို့ အကျဉ်းချုပ်လေး ပြောပြရရင်ရွှမ်နဲ့ နာဂီဆာ တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းသားဘဝတည်းက ချစ်သူဖြစ်ခဲ့ကြပြီး တက္ကသိုလ်ထိလည်း ဆက်ဆံရေးလေးဟာ ချိုမြိန်နေခဲ့ပါတယ်ဘွဲ့ရခါနီး တနေ့မှာတော့ မထင်မှတ်စွာပဲ နာဂီဆာက ရွှမ်ကို လမ်းခွဲပြီး ထားပစ်ခဲ့ပါတော့တယ်စိတ်ဒဏ်ရာတွေကြောင့် ရွှမ်တယောက် လူတွေနဲ့ သိပ်မဆက်ဆံရတဲ့ ကျေးလက်ဒေသလေးမှာ ဇာတ်မြုှပ်နေခဲ့ပြီး နှစ်တွေကြာပြီးနောက်နာဂီဆာဟာ သူ့ရဲ့ချစ်စရာ သမီးလေး ဆိုရာကိုခေါ်ပြီး ရွှမ့်ဆီ ပြန်ရောက်လာတဲ့ခါ...ပျော်ရွှင်စရာအခိုက်အတန့်လေးတွေဖြစ်နေရင်တောင် သူတို့ရဲ့လွမ်းဆွတ်အားငယ်စရာ ခံစားချက်တွေကို သိမြင်ခံစားလာစေမယ့် မိသားစုဆန်ဆန် BLကားလေးဖြစ်လို့ ရင်ထဲတခုခု စွဲကျန်နေခဲ့မှာ အသေအချာပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ...
movie

His (2020)

Love Story in London (2021) 5.7
Love Story in London (2021) Love Story In London (2021)ကျွန်​​တော်တို့ ဆယ်​ကျော်သက်ဘ၀မှာ ကိုယ့်ဘ၀ထက်​တောင် ပိုပြီးချစ်ခဲ့မိတဲ့ အချစ်ဆုံးလူသား​လေးတစ်​ယောက်​တော့ လူတိုင်းမှာရှိခဲ့ကြမှာပါ။ပိုင်ဆိုင်ရသည်ဖြစ်​စေ၊ မပိုင်ဆိုင်ရသည်ဖြစ်​စေ၊ သူ့အ​ကြောင်း​တွေးမိလိုက်တိုင်း ..... ရင်ထဲ​​နွေး​ထွေးသွားရတဲ့ အခိုက်အတန့်​​လေးတွေက​ တန်ဖိုးမဖြတ်နိုင်​လောက်​အောင်ပါပဲ။ဒီကား​လေးဟာလည်း ဆယ်​ကျော်သက်ဘဝ လွမ်း​​မောဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖော်ကျူးပြသထားတာဖြစ်ပါတယ်။ကျွန်​တော်က​တော့ ဒီကား​လေးက "You Are The Apple Of My Eye" ရဲ့ အရိုက်အရာကို ဆက်ခံနိုင်လိမ့်မယ်လို့ထင်တယ်ဗျာ။ဒါဆို ဇာတ်ညွှန်း​လေးကို စလိုက်ကြရ​အောင်။ကျန်းဟယ် မှာ ငယ်ငယ်ကတည်းက ရင်းနှီးလာခဲ့တဲ့ ဂူရှင်းလဲ့ဆိုတဲ့​ကောင်​လေးတစ်​ယောက်ရှိတယ်။ဂူရှင်းလဲ့ က စာ​​ဖက်မှာလည်း မထူးချွန်သလို အားကစားဖက်ကြည့်ပြန်​တော့လည်း ညံ့မြဲညံ့ဆဲပါ အဲ့တာ​ကြောင့် ကျန်းဟယ်က သူ့ကို "ငတုံးဂူ" လို့ နာမည်​​ပြောင်ပေးထားခဲ့တယ်။ကျန်းဟိုင် က​တော့ ဂူရှင်းလဲ့နဲ့ ဆန့်ကျင်ဖက် အရာရာပြီးပြည့်စုံပြီး ကျန်းဟယ်ရဲ့တစ်ဖက်သတ်ကျိတ်ချစ်ခြင်းခံရသူဆိုလည်း မမှားပါဘူး။ သူတို့​နှစ်​ယောက်ဟာ အ​တော်ထူးချွန်တဲ့အတွက် ပြိုင်ပွဲ​​ပေါင်းများစွာမှာ ဆု​တွေအသီးသီရရှိဆွတ်ခူးထားကြတာပါ။ဒီလိုနဲ့အတန်း​တွေကြီးလာတဲ့အခါ နှစ်​​ယောက်စလုံးဟာ အင်္ဂလန်နိုင်ငံ က နာမည်ကြီးတက္ကသိုလ်တွေရဲ့ ဖိတ်ကြားစာ အသီးသီးလက်ခံရရှိကြပြီး ပညာ​တော်သင်သွားဖို့ ပြင်ဆင်ကြပါ​တော့တယ်။နိုင်ငံခြားမှာ ကျန်းဟိုင်နဲ့အတူ ပညာ​တော်သင်သွားရဖို့က ကျန်းဟယ် မမက်ရဲခဲ့တဲ့ အိပ်မက်ဖြစ်ပြီး၊ ကျန်းဟယ်နဲ့ အမြဲအတူရှိ​နေချင်တာက ဂူရှင်းလဲ့ရဲ့အိပ်မက်ပါ။သုံးပွင့်ဆိုင်ဖြစ်​နေကြတဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်း​လေးကို မျက်ရည်ခိုင်ခိုင်ထားပြီး ကြည့်ဖို့​တော့လိုမယ်ဗျာ။ဘာပဲ​ပြော​ပြော ဒီကား​လေးက ...
movie

Love Story in London (2021)

2021
Loved Like a Flower Bouquet (2021) 7.1
Loved Like a Flower Bouquet (2021) I Fell in Love Like a Flower Bouquet (2021)အသက်၂၁နှစ်အရွယ် တက္ကသိုလ် ကျောင်းသားချစ်သူနှစ်ဦးကြားက ချိုချဉ်ခါးအရသာအစုံ ပေးမယ့် ဂျပန်ရိုမန့်ခပ်ငြိမ့်ငြိမ့်လေးလာပါပြီဗျာရာမာနဲမူကီနဲ့ ဟာချီရာကီနှစ်ယောက် ရထားဘူတာမှာ ဆုံတွေ့ခဲ့ရင်းက ထူးဆန်းစွာပဲ အကြိုက်ချင်း ဝါသနာချင်း အသေးစိတ်လေးကအစ တူညီနေကြတာကို သိလိုက်ရပါတယ်ထပ်တူကျတဲ့ ဝါသနာအကြိုက်လေးအကြောင်းတွေကို ဖလှယ်ရင်း ဆွေးနွေးရင်း နောက်တော့ တရက် မတွေ့ရမနေနိုင်ဖြစ်သွားပြီး ချစ်မိခဲ့ရောပေါ့အဲ့လိုနဲ့ နှစ်ယောက်သား living together နေကြရင်း ဖြတ်သန်းလာကြရတဲ့ ၄နှစ်တာ ချစ်သူမက ဆက်ဆံရေးမှာ လူမှုရေးကိစ္စပြသနာတွေနဲ့ အမြင်ကွဲလွဲမှုတွေဝင်ရောက်လာတဲ့အခါ... စိတ်တူကိုယ်တူသူတို့နှစ်ယောက်ကြား ပျော်ရွှင်မှုဆိုတာ တည်မြဲနိုင်ခဲ့သလားဆိုတာကိုလူငယ်နှစ်ယောက်ရဲ့ အချစ်ရေး စလယ်ဆုံး အမျိုးစုံကြိုးခုန် အဖြစ်အပျက်တို့ကို လက်တွေ့ဆန်ဆန် ပုံဖော်ထားတဲ့ ဒီကားလေးမှာကြည့်ရှုရမှာပါမိုးအေးအေးလေးမှာ ကွေးကွေးလေးနဲ့ အတည်ကြီး ဖီးလ်တတ်ရင် ကြည်နူးမိရင်း ငိုချင်မိသလိုဖြစ်သွားစေမှာလည်း အမှန်အကန်ပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann ...
movie

Loved Like a Flower Bouquet (2021)

He’s All That (2021) 4.2
He’s All That (2021) He's all that (2021)ကဲ ပေါ့ပေါ့ပါးပါးနဲ့ teen romantic comedy ကြည့်ချင်သူတွေအတွက် he's all that လာပါပြီဒီကားဟာ 1999 ခုနှစ်တုန်းက She's All That ဆိုတဲ့ ဇာတ်လမ်းကို Gender swap လုပ်ပြီး update ပြန်မြှင့်ရိုက်ကူးထားခြင်း ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ပတ်ဂျက်ဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ရုပ်လေးကလည်း ချော၊ ဆိုရှယ်မီဒီယာမှာလည်း နာမည်ကြီးစပွန်ဆာတွေလည်းရ၊ ရည်းစားကလည်းရှိနဲ့အခု ဖတ်နေသူနဲ့တော့ ဆီနဲ့ရေပဲဗျာဒါပေမဲ့ တစ်နေ့မှာ တက်သစ်စအဆိုတော်ဖြစ်တဲ့သူ့ဘဲကို ရိုက်ကွင်းမှာ surprise လုပ်ဖို့ သွားကာမှချစ်သော ကိုကိုက back-up dancer မနဲ့ နောက်မီးလင်းနေတာကို မြင်ပြီးရိုက်ကွင်းမှာတင် ပတ်ဂျက်တစ်ယောက် "ခင်မို့မို့အေး" လုပ်ပါတော့တယ်သူမသိလိုက်တာက သူ ပွဲကြမ်းသမျှက သူ့အကောင့်မှာ live လွှင့်နေတယ်ဆိုတာပါပဲဘဲနဲ့ပြတ်ရတဲ့အထဲ တစ်ပူပေါ် တစ်ပူမက နှစ်ပူဆင့်ပြီးနာမည်လည်းပျက် အလုပ်ကလည်း စပွန်ဆာ ရပ်မယ် ပြောလာတော့ပတ်ဂျက်တစ်ယောက် သူ့နာမည် ...
movie

He’s All That (2021)

2021
Kabir Singh (2019) 7.5
Kabir Singh (2019) IMDb Rating (7.1)၂၀၁၉ ခုနှစ် ဘောလိဝုဒ် Box Office မှာ အောင်ပွဲခံသွားခဲ့တဲ့ Kabir Singh အကြည်ထွက်လာလို့ အမြန်ဆုံးပဲတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့ အိန္ဒိယကားတွေနဲ့မစိမ်းတဲ့လူတိုင်းလိုလိုသိပြီးသားပါပဲ ၂၀၁၇ မှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ Telugu ဇာတ်ကား Arjun Reddy ရဲ့ Remake ဖြစ်ပါတယ်အဲ့ဒီတော့ Arjun Redddy မကြည့်ရသေးသူတွေအတွက် ဇာတ်လမ်းလေးနည်းနည်းလောက်ပြောပြပါမယ်ဒေါက်တာ ကဗီး(ရ်) ရာဂျ်ဒီးဆင့်ဟာ ဒေလီဆေးသိပ္ပံရဲ့ ဘက်စုံထူးချွန်တဲ့ အလုပ်သင်ဆရာဝန်ဆိုးလေးပေါ့ နေရာတကာလည်း ဒေါသကြီးသလို ထင့်ကနဲ့ဆို လက်ပါမယ်ဆိုတာချည်း ဒါပေမဲ့ တစ်ခုတည်းသော သူ့အားနည်းချက်ကတော့ ပရီသီးဆိုတဲ့ကောင်မလေးပါပဲ"သဘာဝတရားတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့လောကကြီးထဲမှာ ငါတို့နေထိုင်ကြတယ် အဲ့ဒီထဲမှာ ငါသဘောပေါက် နားလည်လာတာတစ်ခုကတော့ ငါတို့တစ်ခုခုဖြစ်ခဲ့ရင် အထိခိုက်နာကျင်ရဆုံးလူတစ်ယောက်ရှိတယ် ငါ့အတွက်ကတော့ ဒီကောင်မလေးပဲ သူသာတစ်ခုခုဖြစ်ရင် အခံစားရဆုံးဖြစ်မယ့်သူက ငါပဲ အဲ့ဒီတော့ သူ့ကို ထိခိုက်အောင်မလုပ်ကြပါနဲ့"ဒီလို အသည်းသန်ချစ်ရတဲ့ ပရီသီးနဲ့ ကဗီး(ရ်)ဟာ မထင်မှတ်ထားဘဲ ကွဲကွာသွားတဲ့အခါမှာတော့....။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်)Arjun Reddy (2017) Original ဇာတ်ကားကို https://channelmyanmar.org/arjun-reddy-2017/ မှာကြည့်လို့ရပါတယ်။  File size…(2.8 GB) / ...
movie

Kabir Singh (2019)

2019
Arjun Reddy (2017) 8.1
Arjun Reddy (2017) Arjun Reddy (2017) ••••••••••••••••••••••••• "တစ်နည်းနည်းအားဖြင့် တစ်ယောက်က ပြိုလဲခဲ့ရင် ကျန်တဲ့ တစ်ယောက်က ပို ပူဆွေးရတယ်။ ဒါ့ကြောင့် ငါ ချစ်တဲ့သူကို မထိခိုက်စေပါနဲ့ " - [Arjun Reddy ]ဇာတ်လမ်းအကျဉ်း ______________ နောက်ဆုံးနှစ် ဆေးကျောင်းသား Arjun ဟာ ဒေါသသိပ်ကြီးတတ်တဲ့ လူငယ်ဗီဇ နဲ့ မွေးဖွားလာသူပါ။ စာပေမှာလည်း တော်သလို အားကစားမှာလည်း ထူးချွန်ပါသေးတယ်။ ဒါပေမယ့် ဖြစ်သမျှ ဘောလုံးရန်ပွဲတွေကတော့ သူနဲ့ မကင်းခဲ့ရပါဘူး။ ဌာနမှူးက တော့ သြဝါဒတွေ အလီလီခြွေလို့။ " ဆေးပညာရပ်မှာ ဒေါသမထိန်းနိုင်တဲ့သူက ခွဲစိတ်ဓားကိုင်တဲ့ လူသတ်သမားနဲ့ တူတယ် Arjun " ဒီလို ဆုံးမလည်း Arjun ကတော့ မထူးလှ။ ကိုယ့်ခံယူချက်နဲ့ကိုယ်မို့ ကျောင်းတစ်လ နားခံရလည်း ဂရုမစိုက်တတ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ပထမနှစ်ကျောင်းသူလေး Preethi ကို တွေ့ခဲ့မိပါပြီ။ဒီတော့ Arjun ဟာ Preethi ကို သိပ်ချစ်တတ်ခဲ့တယ်။ ကမ္ဘာတစ်ခုလုံးကို အရှုံးပေးရလောက်အောင် အရူးအမူးပါပဲ။ သူ ...
movie

Arjun Reddy (2017)

Annette (2021) 6.6
Annette (2021) Annette (2021)=============IMDb Rating - 6.6/10 Adam Driver နဲ့ Marion Cotillard တို့ ပါ၀င် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းဟာဆိုရင် musical filmငတ်နေသူတွေအတွက်တော့ဘ၀င်ကျစရာပါပဲ၊ La La Land တို့ The Greatest Showman တို့လို ဇာတ်လမ်းအဖြစ်အပျက်ကို သီချင်းတွေ သီဆိုရင်း အနုပညာမြောက်မြောက် တင်ဆက်ထားတာ တွေ့ရပြီး နားကြပ်လေးသာတပ်ကြည့်ရင် ဂီတအနှစ်သာရခံစားရတာ ပိုပြီးကောင်းပါလိမ့်မယ်။Musical film ဖြစ်တဲ့အတွက် Plot ကိုပဲ အာရုံစိုက်ပြီး ကျန်တာဘေးထားကြည့်နိုင်ရင်တော့ အပန်းဖြေစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဟင်နရီဆိုတဲ့ လူဟာ stand-up comedian တစ်ယောက်၊ အန်ဆိုတဲ့ အမျိုးသမီးက operasinger တစ်ယောက်၊ ၂ ယောက်လုံးဟာ သူ့နယ်ပယ်မှာသူ ဒိတ်ဒိတ်ကြဲအောင်မြင်နေသူတွေ ဒီလိုအချိန်မှာ ရုတ်တရက်လက်ထပ်လိုက်ကြပြီး အန်းနက်ဆိုတဲ့ သမီးလေးမွေးဖွားလာတယ်။ သို့ပေမဲ့ အန်းနက်ဆိုတဲ့ ကလေးမလေးဟာ ...
movie

Annette (2021)

2021
Pardes (1997) 7.0
Pardes (1997) Pardes (1997) *****IMDb Rating (7.0) / Rotten Tomatoes (72%)Pardes (နယ်မြေရပ်ခြားနိုင်ငံခြား) ဟာ ၁၉၉၇ ၊ ဩဂုတ်လ ၊ (၈)ရက် မှာ အိန္ဒိယနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် ။ ဘောလီးဝုဒ်ဒါရိုက်တာ ဆရာကြီး ဆူဘတ်ရ်ှဂိုင်း ၊ ဇာတ်လမ်းဇာတ်ညွှန်း ဆူဘတ်ရ်ှဂိုင်း ၊ နီရတ်ဂ်ျပသစ်ခ် ၊ ဂျာဗေ့ဒ်ဆစ်ဒီကီးတို့မှရေးသားကာ ဒါရိုက်တာဆူဘတ်ရ်ှဂိုင်းရိုက်ကူးပြီး ၊ အမ်မရစ်ရ်ှပူရီး ၊ အာလိုခ်နတ် ၊ ရှာရွတ်ခန်၊ မာဟီမားကျောင်ဒရီး ၊ အပူရ်ဗားတို့မှ ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားကြပါတယ် ။ ဇာတ်လမ်းအကျဉ်း ************* ကစ်ရှိုးလားဂျီးဟာ အမေရိမှာ အခြေတကျအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက် ။ အမေရိကမှာနေပေမဲ့ ကိုယ့်နိုင်ငံရိုးရာ ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်သလို သူ့ရဲ့တစ်ဦးတည်းသောချစ်သားလေးရာဂျစ်အတွက် ချွေးမလောင်းလေးဟာလဲ ရိုးရာဓလေ့နဲ့လူ့ကြီးသူမကို လေးစားရိုသေ အလုပ်အကျွေးပြုတတ်သူ အလိမ္မာအိမ်ပါ အိန္ဒိယသူစစ်စစ်ဖြစ်ရမယ်ရယ်လို့ ...
movie

Pardes (1997)

1080p Untouched
Poongsan (2011) 6.6
Poongsan (2011) PoongSan (2011)လျှို့ဝှက်သူလျှို မစ်ရှင်တွေနဲ့အတူ အပစ်အခတ်အနှိက်အစက် အက်ရှင်ကားမျိုးကြိုက်သူများ အကြိုက်တွေ့စေမယ့် ကားကောင်းလေးလာပါပြီမြောက်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြားက စစ်မဲ့ဇုန်ကိုဖြတ်ပြီး ကွဲကွာနေကြတဲ့ မိသားစုတွေကို ပြန်ဆုံစည်းဖို့ မှောင်ခိုခေါ်ထုတ်ပေးနေတဲ့လူငယ်တယောက်...သူက ပွန်ဆန်းဆေးလိပ် သောက်လေ့ရှိပြီး အံ့သြစရာ အစွမ်းအစတွေနဲ့သူလို့ သိရတာကလွဲ နာမည်ကိုတောင် မသိရတဲ့သူပေါ့ တနေ့ မြောက်ကိုရီးယားပြည်ပြေး တောင်ကိုရီးယားမှာရှိနေတဲ့ ရာထူးကြီးအကောင်တကောင်က မြောက်ပိုင်းမှာရှိတဲ့ သူ့ချစ်သူလှလှလေးအင်အုတ်ကို တောင်ပိုင်းဆီခေါ်ဖို့အတွက် တောင်ကိုရီးယားအစိုးရအေးဂျင့်အကူအညီနဲ့ ပွန်ဆန်းလူငယ်လေးကို မစ်ရှင်ပေးခဲ့ပါတယ်မထင်မှတ်ဘဲ ခေါ်ထုတ်လာတဲ့လမ်းမှာပဲ အင်အုတ်နဲ့လူငယ်လေးတို့ ချစ်မိသွားကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရင်းတောင်နဲ့မြောက်ကိုရီးယား လူမျိုးတို့ရဲ့ ပဋိပက္ခကြားက သူလျှိုတွေရဲ့ဘ၀ ၊ သစ္စာစောင့်ထိန်းမှုနဲ့ အတူ တောင်မြောက်ဆက်ဆံရေးကို မီးမောင်းထိုးပြထားကိုပါ သိရမယ့် အက်ရှင် ရိုမန့်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )Quality__1080p, 720p, 360p IMDb Rating__6.6/10 Format__mp4 Duration__02:00:00 Type__Action , Drama ...
movie

Poongsan (2011)

The Spectacular Now (2013) 7.1
The Spectacular Now (2013) IMDb Rating (7.1) / Rotten Tomatoes (91%)ဒီဇာတ်ကားဟာRating  မြင့်တဲ့အချစ်ကားလေးဖြစ်သလို သရုပ်ဆောင်တွေကလဲ မခေသူတွေချည်းပါပဲ...Fantastic Four ထဲက မင်းသား Miles Teller , Divergent နဲ့ The Fault in Our Stars ထဲက မင်းသမီးချောလေး Shailene Woodley နဲ့Marvel  ရဲ့  Captain Marvel တဖြစ်လဲ မင်းသမီး Brie Larson တို့ဖြစ်ပါတယ်။အချစ်ဆိုတဲ့အရာကို တချို့ကခံစားတယ်..တချို့ကခုတုံးလုပ်ပြီး အသုံးချတယ်..တချို့က မသိကျိုးကျွံပြုတယ်...ဘယ်လိုပဲအချစ်ကိုသုံးဆောင်သုံးဆောင်ပေါ့...တကယ်တန်ဖိုးထားသူဆီမှာသာ အချစ်တွေက အမြဲနေတတ်တာမျိုးပဲ။ဇာတ်လမ်းလေးကတော့ ၃ ပွင့်ဆိုင် ဇာတ်လမ်းပါ...ဆက်တာဟာ အနာဂတ်ကိုမတွေးထားဘဲ အရာရာကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းတတ်တဲ့ လူငယ်လေးတစ်ယောက်ပေါ့။ကပ်စ်စီလီဆိုတဲ့ သူသိပ်ချစ်တဲ့ ကောင်မလေးနဲ့ အထင်လွဲခံရမှုတစ်ခုကြောင့် ပြတ်အပြီး စိတ်လေနေချိန်မှာအေမီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ မထင်မှတ်ဘဲ သူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။အေမီဟာ ရည်းစားတောင်မထားဖူးသလို အနေအေးတဲ့ ဖြူစင်တဲ့ကောင်မလေး..ဆက်တာဟာ ...
movie

The Spectacular Now (2013)

Man in Love ( 2021 ) 7
Man in Love ( 2021 ) ဒီတစ်ခေါက်တော့ CMကနေ ခပ်မိုက်မိုက် ထိုင်ဝမ် အချစ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် IMDB ကလည်း 7.0 ပါဇာတ်ကြောင်းလေးကတော့...အားချန်ဟာ မဖြစ်သာတဲ့ အကြောင်းအမျိုးမျိုးကြောင့် အကြွေးသိမ်းသမားတစ်ယောက်ဖြစ်ခဲ့ရပေမဲ့သူ့ရဲ့ အတွင်းစိတ်က နူးညံ့ပြီး အကြွေးသွားတောင်းတိုင်း တစ်ဖက်လူကိုအဆင်ပြေရင်ပြေသလောက်ကူညီပေးတတ်သူပါ တစ်နေ့မှာ ဟောက်ထင်ဆိုတဲ့ကောင်မလေးကို အကြွေးသွားတောင်းရင်း နှလုံးသားပျော့ပြောင်းတဲ့အားချန်တစ်ယောက်သူများတွေနဲ့မတူ အလွယ်လမ်းမလိုက်တတ်တဲ့ ဟောက်ထင်ကိုကြွေဆင်းသွားပါတော့တယ် ဟောက်ထင်ဆိုတဲ့ ကောင်မလေးကတော့အဖေ့အကြွေးတွေနဲ့ လူမမာအဖေကြီးကို ပြုစုရင်း သူ့ရဲ့ဘဝကြီးကအလင်းတွေကွယ်ပျောက်ကာ အမှောင်တွေဖုံးနေသူပါ ဒီလိုနဲ့ သူ့ရဲ့မှောင်မိုက်နေတဲ့ဘဝကြီးထဲမှာ အားချန်ဆိုတဲ့ အလင်းပျပျလေး ပေါ်လာခဲ့ပါတယ်အကြွေးသိမ်းသမားနဲ့ အကြွေးဆပ်မဲ့ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေတိုးပြီးအချသ်တစ်ခုပေါက်ဖွားလာတဲ့အခါ မဖြစ်နိုင်တဲ့ အချစ်ကိုသူတို့တွေ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါ Quality : WEB-DL 720pFormat : mp4During : 1h 55minGenres : Drama , RomanceSubtitle : Myanmar Subtitle ( Hardsub )Translator ...
movie

Man in Love ( 2021 )

Kabhi Khushi Kabhie Gham(2001) 7.4
Kabhi Khushi Kabhie Gham(2001)  Kabhi Khushi Kabhie Gham(2001)IMDb Rating (7.4) / Rotten Tomatoes (100%)အမီတာဘဂျမ်း..ရှရွတ်ခန်း...လက်ပွားမင်းသား ရိုရှမ်..မင်းသမီးကာဂျိုး...ကရီနာကပူးလ်စတဲ့ ဘောလိဝုဒ်ရဲ့တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေ ပြုံပြီးသရုပ်ဆောင်သလို ဇာတ်လမ်းကလဲတကယ်ကောင်းပါတယ်။ပြသချိန် ၃နာရီခွဲ ကြာတဲ့ဇာတ်ကားဆိုပေမယ့် ခနလေးလိုပဲ ထင်ရလောက်အောင်ကောင်းတာပါ။ဇာတ်လမ်းကတော့...ယာရှ်နဲ့ နန်ဒနီတို့ဟာ သားသမီးမဖွားမြင်တာကြောင့် ရာဟုလ်ကိုမွေးစားဖို့အိမ်ခေါ်လာပါတယ်။သားအရင်းမဟုတ်ပေမယ့်သားအရင်းတစ်ယောက်လို ချစ်ကြပါတယ်။တစ်နေ့ ရာဟုလ်က အဖြစ်မှန်ကို သိသွားခဲ့ပေမယ့် အဲဒီစကားကို အဲဒီအိမ်မှာဘယ်တော့မှထပ်မပြောကြဖို့ ယာရှ်က ဆုံးဖြတ်လိုက်တယ်။ယာရှ်ဟာ မျိုးရိုးဂုဏ်အရှိန်အဝါနဲ့ ဓလေ့ထုံးတမ်းအစဥ်အလာတွေကို အလေးထားတဲ့သူဖြစ်တာကြောင့် ရာဟုလ်ကိုအဆင့်အတန်းတူတဲ့ မျိုးရိုးက ဆင်းသက်လာသူနဲ့သာ ပေးစားချင်နေတယ်။ ဒါပေမယ့် အမျိုးဇာတ်နိမ့်တဲ့ ကောင်မလေးတစ်ယောက်ကို ရာဟုလ်က ချစ်မိသွားတဲ့အခါမှာတော့...။ဒရမ်မာဇာတ်လမ်းရှည်ကြီးတွေကို တစ်ရှူးအပြည့်နဲ့ကြည့်တတ်သူတွေ လုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူး။(Thaik San မှ ဘာသာပြန်တင်ဆက်ထားတာပါ။)  File size…(3.5 GB) / (2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….03:29:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung Translated by Thaik San
movie

Kabhi Khushi Kabhie Gham(2001)

August Never Ends (2021) 4.1
August Never Ends (2021) August never Ends (2021)MyDramalist - 7.1 /10ကျွန်မအတွက်တော့ အတောမသတ်တဲ့ ဩဂတ်စ်ပါပဲ မောင် ......' ဩဂတ်စ် က ကျွန်မအတွက် ဘယ်တော့မှလည်း အဆုံးသတ်မှာ မဟုတ်ပါဘူး။ဩဂတ်စ်မိုးတွေ ရွာတာ ကျွန်မမျက်ရည်ကို မှီနိုင်မတဲ့လား?????မောင်ရယ် ..... သူရယ် ..... ကျွန်မရယ် ......အစကတော့ သူနဲ့ကျွန်မပဲပေါ့ ..... မောင်။သူက မောင်နဲ့ သက်ဆိုင်သူမှန်း ကျွန်မ မသိခဲ့တာ အမှန်ပါ။ကျွန်မဘဝထဲ မောင် ဝင်မှန်းမသိ ဝင်လာတဲ့အချိန်မှာ ...... အချိန်အတော်နှောင်းသွားခဲ့ပြီ .......ကျွန်မလည်း ငယ်ငယ်ကတည်းက ကျိုးပျက်နေတဲ့ မိသားစုထဲက မွေးဖွားလာခဲ့သလို သူကလည်း ငယ်ငယ်ကတည်းက ကျိုးပျက်နေတဲ့ မိသားစုထဲက မွေးဖွားခဲ့ကြတာမို့သူနဲ့ကျွန်မ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပေါ့ မောင်ရယ် .....အမေ့အတွက် ကျွန်မက တစ်ဦးတည်းသော မိသားစုဝင်ဖြစ်သလို တစ်ဦးတည်းသော ရန်သူဆိုလည်း ဟုတ်တယ်။အမေက ကျွန်မကို အိမ်မြှောင်က မွေးတဲ့ကလေးတဲ့။ သွေးအေးပြီး နှလုံးသား မရှိတဲ့လူပေါ့လေ။ဒါပေမယ့် အမေသိပ်မှားတယ် ...
movie

August Never Ends (2021)

2021
Reminiscence (2021) 7.1
Reminiscence (2021) IMDb Rating (7/10)Nick Bannister (Hugh Jackman) ကစစ်ပြန်တစ်ယောက်၊ သူ့လက်ထောက် Watts (Thandie Newton) နဲ့ အလုပ်စပ်တူလုပ်ကြတယ်.. သူတို့လုပ်တဲ့အလုပ်ကတော့ စိတ်ဝင်စားစရာပါ... အတိတ်ကိုပြန်တမ်းတလွမ်းဆွတ်နေတဲ့ လူတွေကို စက်ကိရိယာတွေဆေးဝါးတွေ အကူအညီနဲ့ သူတို့တမ်းတနေတဲ့အတိတ်ဆီကို တစ်ဖန်ပြန်ပြီးခေါ်ယူသွားပေးနိုင်တဲ့ Reminiscence လို့ ခေါ်တဲ့ ပရိုဂရမ်တစ်ခုကိုလုပ်ကြတာပါပဲအတိတ်လောက်စွဲလန်းစေတဲ့အရာ ဘယ်အရာမှမရှိဘူးမဟုတ်လား? လူတွေဟာ သူတို့ချစ်ရတဲ့သူတွေနဲ့ နောက်တစ်ကြိမ်တွေ့ခွင့်ရချင်ကြတယ်၊ ဘဝရဲ့အဓိပ္ပါယ်အရှိဆုံးအချိန်လေးတွေမှာ ပြန်လည်နေထိုင်ချင်ကြတယ်မဟုတ်လား?ဒီလိုနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ သူတို့လုပ်ငန်းဆီကို Mae (Rebecca Ferguson) ဆိုတဲ့မိန်းမလှလေးတစ်ယောက် ရောက်လာပါတယ်.. သူ့ပြသနာကတော့ အိမ်ခန်းသော့ပျောက်နေလို့ပါတဲ့ ပြီးခဲ့တဲ့မနက်က သူ့အတိတ်ဆီပြန်ခေါ်သွားပေးဖို့တောင်းဆိုလာပါတယ်.. Watts ကသဘောမတူချင်ပေမယ့် အဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းစွဲလန်းသွားမိတဲ့ Nick ကတော့ချက်ချင်းသဘောတူပြီး ကောင်မလေးကိုလိုက်လျောရာကနေ သူတို့နှစ်ဦးဇာတ်လမ်းဖြစ်သွားပါတော့တယ်။ဒါပေမယ့် တစ်နေ့မှာတော့ ဆူးညှောင့်ခလုတ်မရှိသာယာနေတဲ့ သူတို့ဇာတ်လမ်းလေးကနေ Mae တစ်ယောက်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ အတိတ်တွေဟာ အမြဲမလှပနိုင်ဘူးလေ... တစ်ခါငိုရရင် တစ်ခါမကပြုံးခဲ့ဖူးတာလဲ မင်းမမေ့နဲ့ဦးဆိုတဲ့ သီချင်းလိုပဲပေါ့.. ဘဝတွေက ဆင်းရဲရင် ပိုနက်နဲရှုပ်ထွေးတတ်တာပဲ...ကဲ...ဒီတော့ Mae တစ်ယောက် ဘာကြောင့်ပျောက်သွားတာလဲ... သူ့ရဲ့အတိတ်တွေကရော ဘာတွေဖြစ်နေမလဲ... အတိတ်ကိုတူးဖော်မယ့် Reminiscence နဲ့အတူ လိုက်ပါစီးမျောကြည့်ကြပါစို့။  File size…(2 GB) / (1.1 GB) ...
movie

Reminiscence (2021)

Devdas (2002) 7.6
Devdas (2002) IMDb Rating(7.6) / Rotten Tomatoes (89%)တည်ငြိမ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ထည်ဝါလွန်းတဲ့ အိမ်တော်ကြီး တစ်ခုမှာ ထူးထူးခြားခြား ဆူညံပွက်လောရိုက်နေတယ်ဘာကြောင့်လဲဆိုတော့ ဒေ့ဗ်ဒါးစ် ပြန်လာမယ်လို့ စာရေးလိုက်လို့.. ဒေ့ဗ်ဒါးစ် ဆိုတာ ငယ်စဉ်ကတည်းက လန်ဒန်ကို ပညာသင်လွှတ်လိုက်တဲ့ ဒီအိမ်တော်ကြီးရဲ့ သခင်လေးသားကိုတွေ့ရတော့မှာမို့ ပျော်လွန်းလို့ မျက်ရည်ကျနေတဲ့ အမေ ဘာလုပ်လို့ ဘာကိုင်ရမသိဖြစ်နေတဲ့ အစေခံတွေ "ငါ့သားလေးကို ငါအရင်တွေ့ပါရစေ အားလုံး မျက်လုံးတွေ မှိတ်ထားပေးကြပါ "============================================"နင် လန်ဒန်ကို ရောက်နေတော့ ငါ့ကို သတိရလား တစ်ခါမှ မရပါဘူးငါ့မှာတော့ အကြိမ်ပေါင်း ၂၈၅၀ လောက်စာတွေ ရေးခဲ့တယ် နင့်အတွက် ရည်စူးပြီး ထွန်းညှိထားတဲ့ ဆီမီးတိုင်က ၈၇၆၀၀ နာရီလောက်ကြာအောင် တောက်လောင်နေတာနင့်ကို သတိရတဲ့ တစ်ချိန်တော့ ရှိပါတယ်ဟာ ငါ့ အသက်တစ်ကြိမ် ရှုလိုက်တိုင်းမှာပေါ့"******************************************အမေဖြစ်သူမှာ အရင်တွေ့ချင်ပေမယ့် မြင်တွေ့ခွှင့်မရပဲ ဘေးအိမ်က ပါရိုဆီကို အပြေးသွားခဲ့လေသူ ဒေ့ဗ်သားဖြစ်သူရဲ့ ဦးစားပေးမှုကို လုယူခံလိုက်ရလို့ ပါရိုကို သမီးတစ်ယောက်လို ...
movie

Devdas (2002)

2002
Spin (2021) 5.8/10
Spin (2021) အိန္ဒိယအမေရိကန်ကပြားတစ်ယောက်အဓိကဇာတ်ကောင်အနေနဲ့ပါတဲ့Disney Channel ရဲ့ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။တစ်ကားလုံး အင်္ဂလိပ်စကားပြောတာမို့အိန္ဒိယကားမဟုတ်တဲ့အတွက် အကတွေအဆိုတွေဟာဇာတ်လမ်းအရ ယုတ္တိရှိရှိပဲ ပါတာမျိုးဖြစ်ပါတယ်။ရီယာဟာ အဖေဖြစ်သူရဲ့ဆန္ဒအရကွန်ပြူတာကုတ်ရေးပညာကိုကျောင်းမှာသင်ယူရင်းမိသားစုစားသောက်ဆိုင်အလုပ်ကိုကူညီနေရသူပါ။သူဟာ ကျောင်းပွဲတော်မှာဖျော်ဖြေမယ့်ဒီဂျေသမားကောင်လေး မက်စ်ကို သဘောကျရာကနေဒီဂျေသင်ယူဖို့ကြိုးစားရင်းBeat တွေဖန်တီးတဲ့နေရာမှာ ပါရမီပါတာသိလိုက်ရပါတယ်။မက်စ်စပ်ထားတဲ့ သီချင်းကို ကျောင်းပွဲတော်စီစဉ်သူကသဘောမကျတဲ့အခါ ရီယာဟာပညာရေးနဲ့ မိသားစုအလုပ်တွေကြားကလုံးပမ်းရင်းသူ့အတွေးအမြင်သစ်တွေ ခံစားချက်သစ်တွေနဲ့ဆန်းသစ်တဲ့တီးလုံးတွေဖန်တီးဖို့မက်စ်ကိုကူညီပေးပါတော့တယ်။အိန္ဒိယမင်းသမီးဇာတ်ကောင်နဲ့အမေရိကန်ဇာတ်ကားတစ်ကားဖြစ်ပြီးအိန္ဒိယရိုးရာနဲ့ အနောက်တိုင်း DJ ကိုရောစပ်ပြသထားတဲ့musical အမျိုးအစားမို့ဆန်းသစ်တဲ့မြူးမြူးကြွကြွကားမျိုးကြိုက်သူတွေအတွက်တင်မကပဲDJ တီးလုံးဖန်တီးမှုတွေပါ အသားပေးဖော်ပြထားတဲ့ကားမို့ သာမန်မဟုတ်ပဲစိတ်ဝင်စားစရာကောင်း ရသပေါင်းစုံရစေတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဘာသာပြန်ပေးထားသူတွေကတော့JimX , JoJoVa , Pyi T Nyein , Yoon Sandi Aung တို့ ဖြစ်ပြီးThit San Khant မှ Encode တင်ဆက်ပေးထားပါတယ် Quality - 1080P & 720P Web Dl Subtitle - Burmese Duration -  01:34:15 Format - MP4 File Size - 1.45 GB & ...
movie

Spin (2021)

2021
77 Heartwarmings (2021) 4.2
77 Heartwarmings (2021) 77 Heart Warmings (2021)၇၇ ကြိမ်လောက် အသည်းကွဲပြီးတော့ ..... ၇၇ ကြိမ်လောက် အသည်းကျွမ်းဖို့ CM ပရိသတ်ကြီးကို ဖိတ်ခေါ်လိုက်ပါတယ်။ဒီကားမကြည့်ခင် 77 Heartbreaks လေးတော့ ပြန်ကြည့်သင့် .....။ဒီကားမှာတော့ ထိုင်းမင်းသားချောလေး မာရီယိုကပါ ပါဝင်ပြီး စိတ်လှုပ်ရှားပေးမှာမို့ ရင်ခုန်စရာဇာတ်လမ်းလေးကို ခံစားကြည့်ရအောင်နော်။"ပျော်ရွှင်မှု" ဆိုတာ အဝေးကြီးမှာ ရှာဖွေစရာမလိုပါဘူး။ ရိုးရိုးရှင်းရှင်းလေးနဲ့ ကိုယ့်အနား ရောက်လာတဲ့ခံစားမှုကို ပျော်ပျော်ရွှင်ရွှင်လေးခံစားတတ်ဖို့ပဲလိုတာပါ။၇၇ ခါမြောက် စိတ်လှုပ်ရှားရဖို့ ၇၇ ကြိမ်လောက် စိတ်ပင်ပန်းခဲ့ရတယ်။ နောက်ဆုံးတစ်ခါ စိတ်ပင်ပန်းခဲ့ရတာကတော့ သူသစ္စာဖောက်တာကို လက်ပူးလက်ကြပ်မိတဲ့အချိန်ပေါ့။သူဘယ်လိုပဲပြင်ပါ့မယ်လို့ပြောပြော စိတ်ထဲမှာတော်တော်ကြောက်နေခဲ့တာ။ သူ့ရဲ့အပြောအဆို၊ အယုအယတွေအောက် ကိုယ်ထပ်ပြီး ကျရှုံးသွားမှာ ကြောက်နေခဲ့မိတယ်။ထပ်ပြီးစိတ်ထိခိုက်မှာကို ကြောက်နေခဲ့မိတယ်။အခုတော့ သူက သူနဲ့မတူအောင်ကို ကိုယ့်အတွက်စဉ်းစားပေးလို့ ပျော်ရွှင်ခဲ့ရတယ်။နောက်ပြီးတော့ ဟိုတစ်ယောက်... ထူးဆန်းတဲ့ပုံစံတစ်မျိုးနဲ့ ကိုယ့်ဆီချဉ်းကပ်လာခဲ့တယ်။အဖြစ်အပျက်တွေ အရမ်းကိုမြန်ဆန်လွန်းပေမယ့် သူနဲ့ဆို လွတ်လပ်သလိုခံစားရတယ်။ ကိုယ့်ကို လက်တွေ့ဘဝထဲက ရုန်းထွက်လာပြီး သူနဲ့အတူတူ ပျော်ရွှင်ရအောင်တဲ့...ကိုယ်ဘယ်လိုလုပ်ရမလဲ.... ? ကိုယ်ဘာကိုရွေးရမလဲ .....? ခံစားချက် နဲ့ ဘဝ ...
movie

77 Heartwarmings (2021)

2021
Dilwale Dulhania Le Jayenge (1995) 8.1
Dilwale Dulhania Le Jayenge (1995) IMDb (8.1/10) / Rotten Tomatoes (94%)"ပြဿနာမရှိပါဘူး မိန်းမလှလေးနိုင်ငံကြီးတွေမှာ ဒီလိုအသေးအမွှားလေးတွေ ဖြစ်တတ်ပါတယ်"Dilwale Dulhania Le Jayenge (1995) ဆိုတဲ့ နာမည်မြင်ရုံနဲ့ ဘောလိဝုဒ်ပရိသတ်တင်မကဘဲရုပ်ရှင်ချစ်သူအားလုံး ဒီကားကိုကြည့်ဖူးကြမယ်ထင်ပါတယ်ဇာတ်ကားမကြည့်ဖူးရင်တောင် ဒီဇာတ်ကားထဲကဇာတ်ဝင်တေးတွေကိုတော့ နားရေဝနေလောက်ရောပေါ့အခုချိန်ထိ ဒီဇာတ်ကားထဲက သံစဉ်တွေကို ဖုန်း Ring Tone ထားတဲ့သူတွေ တပုံကြီးပဲဗျာဒီဇာတ်ကားရဲ့အောင်မြင်မှုနဲ့ ရ,ထားတဲ့ဆုတွေကလဲ ဘောလိဝုဒ်မှာ စံချိန်တင်ပါပဲ...ယနေ့အချိန်ထိ DDLJ ကို ရုံတင်နေဆဲ ရုပ်ရှင်ရုံတွေ အိန္ဒိယမှာရှိသေးတယ်ဆိုပဲ..ထွက်နေသမျှ ဘောလီဝုဒ်အချစ်ကားတွေမှာလည်း ဒီကားနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေဒီဇာတ်ကားထဲက ဇာတ်ဝင်တေးတွေ နာမည်ကြီးဇာတ်ဝင်ခန်းတွေကို ပြန်လည်ဂုဏ်ပြုထည့်သွင်းလေ့ရှိနေကျပဲ.ဒီတော့ ဒီကားကို ကျွန်တော်မညွှန်းခင် အားလုံးသိပြီးကြလောက်မှာပါKing Khan ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတစ်ကားလို့လည်း ဆိုလို့ရသလိုSRK ကို Romance King ဖြစ်စေခဲ့တာ ဒီလိုဇာတ်ကားတွေကြောင့်ဆိုတာ ငြင်းလို့မရပါဘူးမင်းသမီး Kajol ဆိုတာကလဲ ရှရွတ်ခန်နဲ့အလိုက်ဖက်ဆုံးမင်းသမီးအဖြစ်နာမည်ကြီးသလို ဘောလိဝုဒ်နတ်ဘုရားမပဲကိုး...လိုက်ဖက်တဲ့သူတို့နှစ်ယောက်ကြောင့် ဒီဇာတ်ကားနာမည်ကြီးလှတာ သိပ်တော့မဆန်းလှပါဘူး..ဇာတ်လမ်းလေးညွှန်းဆိုရရင်ရာဂျ်ဆိုတဲ့ကောင်လေးလေးနဲ့ ဆင်မ်ရန်းဆိုတဲ့ကောင်မလေးဟာ ...
movie

Dilwale Dulhania Le Jayenge (1995)

1995