Movies
Series
Movie Request
Report Dead Link
How To Download
DMCA
Movies
Series
Movie Request
Report Dead Link
How To Download
DMCA
Years
Movies
Series
Movie Request
Report Dead Link
How To Download
DMCA
Sport
7.5
Bigil (2019)
(Unicode) တစ်နှစ်တစ်ကား ဆိုသလို တမီးလ်မင်းသား ဗီဂျေးရဲ့ ၂၀၁၉ထွက် ကားကောင်းတစ်ကားကို မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။ Genere- Drama,Sport,Action IMDb - 7.5/10 တစ်ရပ်ကွက်လုံးရဲ့ အာဏာရှိ လူမိုက် မိုက်ကယ်၊ မိန်းမလည်း မရှိ၊ ကျားလည်းမကိုက်၊ သောက်သောက်စားစား လူရမ်းကားလေး။ တနေ့တော့ သူ့သူငယ်ချင်း ကာဒီးရ်ဟာ အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြအဖြစ်နဲ့ အသင်းအတူ ဒေလီသွားဖို့ သူ့ဆီ ဝင်ပါတယ်။ မမျှော်လင့်ဘဲ မိုက်ကယ်ရဲ့ ရန်ကြွေးတွေကြောင့် နည်းပြဆရာ ကာဒီးရ်ကို ဓားချက်ထိခဲ့ရတယ်။ ကြယ်ပွင့်လေး ၁၅ပွင့်ရဲ့ တစ်ဦးတည်းသော ကယ်တင်ရှင် နည်းပြကာသီဟာ တစ်နှစ်တာ အနားယူရမယ်လို့ သိလိုက်ရစဉ်မှာတော့..... ------------------------------------- ဒီဇာတ်ကားထဲမှာတော့ ဗီဂျေးကို ဘောလုံးသမား၊ လူမိုက်ကြီး၊ နည်းပြ စသဖြင့် ပုံစံမျိုးစုံ မြင်ရပြီး အဖေလိုတစ်မျိုး သားလိုတစ်ဖုံ တွေ့ရမှာပါ။ အဖေ ပေးတဲ့ ...
7.5
IMDB:
7.5/10
7,24 votes
movie
Bigil (2019)
2019
6.5
Overcomer (2019)
Dramaကားကောင်းလေးတွေကို နှစ်သက်သူများအတွက် rating 6.5ရထားတဲ့ Dramaကားလေးပါ။ ဂျွန်ဟာအထက်တန်းကျောင်းဆရာတစ်ယောက်ဖြစ်ပြီး ဘက်စကတ်ဘောကို အရူးရူးသွပ်တဲ့နည်းပြတစ်ဦးပါ။ ဒါပေမယ့် သူတို့မြို့ရဲ့စီးပွားရေးအကြပ်အတပ်းကြောင့် သူ့အသင်းရဲ့ကစားသမားကောင်းတွေ ကျောင်းပြောင်းသွားတဲ့အခါမှာတော့ သူ့အသင်းပျက်သွားပါတယ်။ ဒါပေမယ့် နည်းပြတွေရော ဆရာတွေရောနည်းသွားတဲ့ သူတို့ကျောင်းမှာ Cross-countryပြေးမယ့် ကျောင်းသူတစ်ယောက်ရှိတဲ့အတွက် သူ့ကိုနည်းပြလုပ်ပေးဖို့ဖြစ်လာပါတော့တယ်။ Cross-countryဆိုတာ တောလမ်းလေးကိုပြေးရတဲ့ အပြေးပြိုင်ပွဲတစ်ခုပါ။ ပြေးမယ့်တစ်ယောက်တည်းသောကျောင်းသူလေးကလည်း ပန်းနာရင်ကြပ်ရောဂါနဲ့ပါ။ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ခွန်အားတွေ ချစ်ခြင်းမေတ္တာတွေကိုဖော်ကျူးထားတဲ့ကားလေးပါ။ File Size : ( 899 MB , 421MB ) Quality : WEB-DL 720p Running Time : 1 hr 59 min Format : Mp4 Genre : Drama , Spot Subtitle : Myanmar Subtitle (Hard Sub) Translated by Moe ...
6.5
IMDB:
6.5/10
1645 votes
movie
Overcomer (2019)
2019
WEB-DL 720p
7.1
Pailwaan(2019)
Pailwaan(2019)အၫႊန္း ******************* (unicode) နပန်းလောကမှာ ဘယ်သူမှ မယှဥ်ရဲ စိန်မခေါ်ရဲတဲ့ လူရိုးလူမှန် ဆာကာ..... သူ့အတွက် နပန်းအသတ်အပုတ်ပညာတွေ တိုက်ရေးခိုက်ရေးပညာတွေလက်ဆင့်ကမ်းဖို့ရယ် နိုင်ငံဂုဏ်ဆောင်နိုင်လို့ ရမယ့် သူတစ်ဦးကိုလမ်းကြိုလမ်းကြားအိမ်ကျိုအိမ်ကြားထဲမှာ ရှားရှားပါးပါးသွားတွေ့လေရဲ့ .... ဒီကောင်လေးဟာ တစ်ယောက် ဆာကာကြီးအိပ်မက်ဖြစ်တဲ့ နိုင်ငံ့ဂုဏ်ဆောင်နပန်းသတ်သမားဖြစ်လာနိုင်မလား... ဘယ်လိုပြိုင်ဘက်တွေနဲ့ တွေ့မလဲ.... အရွယ်ရောက်တဲ့အချိန်မှာ တခြားအဖျက်အမှောက်တွေ ဝင်လာမလား.... ဒီကားက အမိုက်စားအက်ရှင်ခန်းတွေများစွာပါသလို background music တိုင်းကလည်း ကြည့်နေတဲ့သူကို သွေးတွေဆူပွက်လာအောင် စွမ်းဆောင်နိုင်တယ်..... ပြသချိန် ၂ နာရီကျော်ဆိုတာ ခဏလေးလို့ထင်ရလောက်အောင်ကို ဇာတ်လမ်းက ဆွဲခေါ်သွားလေရဲ့....အိန္ဒိယ အက်ရှင်ကားကောင်းကြိုက်သူတို့အဖို့ လက်မလွှတ်သင့် ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်မ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်..... (zawgyi) နပန်းလောကမှာ ဘယ်သူမှ မယှဉ်ရဲ စိန်မခေါ်ရဲတဲ့ လူရိုးလူမှန် ဆာကာ..... သူ့အတွက် နပန်းအသတ်အပုတ်ပညာတွေ တိုက်ရေးခိုက်ရေးပညာတွေလက်ဆင့်ကမ်းဖို့ရယ် နိုင်ငံဂုဏ်ဆောင်နိုင်လို့ ရမယ့် သူတစ်ဦးကိုလမ်းကြိုလမ်းကြားအိမ်ကျိုအိမ်ကြားထဲမှာ ရှားရှားပါးပါးသွားတွေ့လေရဲ့ .... ဒီကောင်လေးဟာ တစ်ယောက် ဆာကာကြီးအိပ်မက်ဖြစ်တဲ့ နိုင်ငံ့ဂုဏ်ဆောင်နပန်းသတ်သမားဖြစ်လာနိုင်မလား... အရွယ်ရောက်တဲ့အချိန်မှာ တခြားအဖျက်အမှောက်တွေ ဝင်လာမလား.... ဘယ်လိုပြိုင်ဘက်တွေနဲ့ တွေ့မလဲ.... ဒီကားက အမိုက်စားအက်ရှင်ခန်းတွေများစွာပါသလို background music တိုင်းကလည်း ကြည့်နေတဲ့သူကို သွေးတွေဆူပွက်လာအောင် စွမ်းဆောင်နိုင်တယ်..... ပြသချိန် ၂ နာရီကျော်ဆိုတာ ခဏလေးလို့ထင်ရလောက်အောင်ကို ဇာတ်လမ်းက ဆွဲခေါ်သွားလေရဲ့....အိန္ဒိယ အက်ရှင်ကားကောင်းကြိုက်သူတို့အဖို့ လက်မလွှတ်သင့် ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်မ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ...
7.1
IMDB:
7.1/10
914 votes
movie
Pailwaan(2019)
2019
WEB-DL 720p
6.5
Brian Banks(2018)
Brian Banks(2018)အညွှန်း ********************** IMDb....6.5 (zawgyi) ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ဘရိုင်ယန်ကိသ်ဘန့်စ်ရဲ့ ဖြစ်ရပ်မှန်ကိုယ်ရေးအတ္ထုပတ္တိအကြာင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ဘရိုင်ယန်ဟာ ငယ်စဉ်ကတည်းက အမေရိကန်ဘောလုံးကစားတာကို အရမ်းဝါသနာပါခဲ့သူဖြစ်ပြီး ထူးချွန်တဲ့ကစားသမားတစ်ဦးလဲဖြစ်ခဲ့ပါတယ်...NFLကပရိုအသင်းတစ်သင်းဖြစ်တဲ့ USCကတောင် ခေါ်ယူတဲ့အထိနီးစပ်ခဲ့တာပါ...ဒါပေမယ့်ငယ်ရွယ်တဲ့အချိန်မှာ ကံကြမ္မာရဲ့ လှည့်စားမှုတစ်ခုကြောင့် ဘရိုင်ယန်ရဲ့ဘဝအိမ်မက်တွေ ပျောက်ဆုံးခဲ့ရတယ်...အကြောင်းကတော့သူ့ကိုအမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားသူတစ်ဦးအဖြစ် တရားစွဲဆိုခြင်းခံလိုက်ရပါတယ်.. ဒါကြောင့်ပဲ သူဝါသနာထုံတဲ့ အားကစားကို ဆက်လက်ကစားခွင့်မရခဲ့တော့ပါဘူး...ဒါပေမယ့် ဘရိုင်ယန်ဟာလက်လျှော့ခြင်းမရှိခဲ့ဘဲ သူမကျူးလွန်ခဲ့တဲ့ ဒီနာမည်အမည်းစက်ဆိုးကြီးကို ချေဖျက်ဖို့ဘယ်လိုရှေ့ဆက်တိုက်ပွဲဝင်သွားမလဲဆိုတာကိုတော့...ဒီကားက စိတ်ဝင်စားစရာဖြစ်ရပ်မှန် ဖြစ်တဲ့အပြင် ဘရိုင်ယန်ရဲ့ လှုပ်ရှားရုန်းကန်ပုံတွေကို လေးစားစရာတွေ့မြင်ရသလို တစ်ချို့အရာတွေကျပြန်တော့ လည်း တကယ့်ကို သံဝေဂရစရာတွေပါပဲ... ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.... (unicode) ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ဘရိုင်ယန်ကိသ်ဘန့်စ်ရဲ့ ဖြစ်ရပ်မှန်ကိုယ်ရေးအတ္ထုပတ္တိအကြာင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ဘရိုင်ယန်ဟာ ငယ်စဉ်ကတည်းက အမေရိကန်ဘောလုံးကစားတာကို အရမ်းဝါသနာပါခဲ့သူဖြစ်ပြီး ထူးချွန်တဲ့ကစားသမားတစ်ဦးလဲဖြစ်ခဲ့ပါတယ်...NFLကပရိုအသင်းတစ်သင်းဖြစ်တဲ့ USCကတောင် ခေါ်ယူတဲ့အထိနီးစပ်ခဲ့တာပါ...ဒါပေမယ့်ငယ်ရွယ်တဲ့အချိန်မှာ ကံကြမ္မာရဲ့ လှည့်စားမှုတစ်ခုကြောင့် ဘရိုင်ယန်ရဲ့ဘဝအိမ်မက်တွေ ပျောက်ဆုံးခဲ့ရတယ်...အကြောင်းကတော့သူ့ကိုအမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားသူတစ်ဦးအဖြစ် တရားစွဲဆိုခြင်းခံလိုက်ရပါတယ်.. ဒါကြောင့်ပဲ သူဝါသနာထုံတဲ့ အားကစားကို ဆက်လက်ကစားခွင့်မရခဲ့တော့ပါဘူး...ဒါပေမယ့် ဘရိုင်ယန်ဟာလက်လျှော့ခြင်းမရှိခဲ့ဘဲ သူမကျူးလွန်ခဲ့တဲ့ ဒီနာမည်အမည်းစက်ဆိုးကြီးကို ချေဖျက်ဖို့ဘယ်လိုရှေ့ဆက်တိုက်ပွဲဝင်သွားမလဲဆိုတာကိုတော့...ဒီကားက စိတ်ဝင်စားစရာဖြစ်ရပ်မှန် ဖြစ်တဲ့အပြင် ဘရိုင်ယန်ရဲ့ လှုပ်ရှားရုန်းကန်ပုံတွေကို လေးစားစရာတွေ့မြင်ရသလို တစ်ချို့အရာတွေကျပြန်တော့ လည်း တကယ့်ကို သံဝေဂရစရာတွေပါပဲ... ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.... File Size : ...
6.5
IMDB:
6.5/10
530 votes
movie
Brian Banks(2018)
2018
6.6
Mixed Doubles (2017)
Mix (2017) ======== စားပွဲတင်တင်းနစ်ကစားသမားအဖြစ်မှတ်ယူထားသော တာမာကိုတိုမီတာဟာ ငယ်စဉ်ကလေးဘ၀တည်းက သူမအမေဆီမှ မှန်ကန်တိကျတဲ့ ကစားပုံနည်းစနစ်တွေကို ရခဲ့သူဖြစ်ပါတယ် ။ အမေ သေပြီးနောက် သူမဟာ အသက်၂၈ နှစ် အရွယ် သာမာန်ရုံးဝန်ထမ်းတစ်ယောက် အဖြစ် ရပ်တည်ခဲ့ပါတယ် ။ သူမရဲ့ရည်းစားကတော့ အာကီဟီကိုအီဂျီးမား ပါ... သူကတော့ သူမနှင့် ကုမ္ပဏီတစ်ခုတည်းကဖြစ်ပြီး စားပွဲတင်တင်းနစ်ကစားလည်း ဖြစ်ပါတယ် ။ ဒါပေမယ့် သူမရည်းစားက သူ့ရဲ့တွဲဖက်ကစားဖော်အသစ် အီရီအိုကားဆာရာဝ နှင့် တွေ့ပြီး သူမကို ထားခဲ့ပါတယ် ။ သူမလည်း စိတ်ပျက်လက်ပျက်နဲ့ သူမအမေနှင့်အတူ ကစားခဲ့သော တင်းနစ်ခုံလေးရှိရာ သူမရဲ့နယ်မှ တင်းနစ်ကလပ်သို့ ပြန်လာခဲ့ပါတယ် ။ ထိုတွင် တင်းနစ်ကစားသမား ဟီစာရှီဟဂျီဝရာနဲ့တွေ့ပြီး.... သူမဟာ သူမရဲ့ex ကို လက်စားချေဖို့ နဲ့ သူမငယ်ငယ်ကကစားခဲ့သော တင်းနစ်ကလပ် ကို ပြန်လည်ထူထောင်ဖို့အတွက် A Mixed Doubles Table Tennis Tournament မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက်.... ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့.... [ Unicode ] Mix (2017) ======== စားပွဲတင်တင်းနစ်ကစားသမားအဖြစ်မှတ်ယူထားသော ...
6.6
IMDB:
6.6/10
571 votes
movie
Mixed Doubles (2017)
2017
5
Fighting ( 2014 )
ထိုးကြကြိတ်ကြ ဖိုက်တင်ခန်းအက်ရှင်ခန်းတွေကိုမှ ကြိုက်သူတွေအတွက် ဇာတ်ကားနာမည်လေးနဲ့တင် ကြိုက်မယ်ထင်ပါတယ် ကောင်းလော့ဖေးကမိဘမဲ့ကလေးဖြစ်ပြီး သူ့ကိုမွေးစားလိုက်တဲ့လောင်ကောင်းကို အဖေလို့သူမသတ်မှတ်ထားပဲသူ့ရဲ့တကယ့်အဖေအစစ်ကိုရှာချင်နေတယ်... သူကြိုက်တဲ့ဆရာမချန်မှာလိပ်ပြာရင်ထိုးရှိပြီး ခိုးယူလာပြီးနောက်မှာ ရုတ်တရတ်ကောင်းလော့ဖေးကတရုတ်ဂျပန်စစ်ဖြစ်နေတဲ့အချိန်ကာလခေတ်ကိုရောက်ရှိသွားခဲ့တယ်... ဆရာမရန်နဲ့တွေ့ပြီးနောက်နာမည်ကျော်လက်ဝှေ့ သမားဂျပ်စင်နဲ့သေနတ်အပစ်တော်တဲ့နာမည်ကြီးတူလုံတို့ကိုသိသွားတယ်... ကိုယ့်ဇာတိမြေကိုကာကွယ်ချင်တဲ့တူလုံကလက်ဝှေ့ပြိုင်ပွဲမှာ ပထမဆုရရင်စစ်လေယာဉ်မှူးတန်းလုပ်လို့ရကြောင်းသိတဲ့အခါဝင်ပြိုင်တယ် အဲ့ကနေဘာတွေစိတ်ဝင်စားစရာတွေဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ Translated & Review By Xiao Encoded By LK
5
IMDB:
5/10
10 votes
movie
Fighting ( 2014 )
2014
8.2
Free Solo (2018)
မဖြစ်နိုင်တဲ့အရာတွေ လုပ်ပြတဲ့အခါ ကျနော်တို့ အရမ်းသဘောကျ ကြပါတယ်။ ဘယ်လိုလုပ်သွားတယ် ဆိုတာကိုလဲ သိချင်ကြပါတယ်။ ၂၀၁၇ ခုနှစ် ဂျွန်လ ၃ ရက်နေ့က မယုံနိုင်စရာ အဖြစ်အပျက်တစ်ခု ဖြစ်သွားပါတယ်။ ပေ ၇၅၀၀ ကျော်မြင့်တဲ့ အယ်လ်ကပ္ပိတန် လို့ခေါ်တဲ့ တောင်စောင်းကို လူတစ်ယောက် တက်သွားပါတယ်။ "နေပါဦး အယ်လ်ကပ် ကို လူတွေတက်နေတာ ၁၉၅၇ ခုနှစ် ကတည်းကပဲ။ ဘာများထူးဆန်းလို့လဲ" လို့မေးကောင်းမေးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့အားလုံးက ကြိုးတွေနဲ့ တက်ကြတာပါ။ အခု တစ်ယောက်ကတော့ ကြိုးမပါဘဲ တက်ခဲ့ပါတယ်။ Free Solo လို့ခေါ်တဲ့ ကြိုးမပါဘဲ တောင်တက်တဲ့ အားကစားတစ်ခု ရှိပါတယ်။ အဲ့ဒါက ဘယ်လောက်တောင်မှ ခက်ခဲပြီး အန္တရာယ်များ သလဲဆိုရင် မအောင်မြင်ရင် သေဖို့တစ်လမ်းပဲ ရှိပါတယ်။ ကြိုးမပါတဲ့ အတွက် ဒုတိယအကြိမ် ပြန်ကြိုးစားခွင့် ဆိုတာ မရှိပါဘူး။ ဒီမှတ်တမ်းရုပ်ရှင်မှာဆိုရင် အဲလက်စ်ဟွန်နိုးရဲ့ အယ်လ်ကပ်ကို ကြိုးလွတ်တက်ဖို့ ကြိုးစားတဲ့ အကြောင်းကို ကြည့်ရမှာပါ။ လူသားတစ်ယောက်အနေနဲ့ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ဖို့ ကြိုးစားရင်း ဘာတွေပေးဆပ် လိုက်ရသလဲ ဆိုတာကို ဒီရုပ်ရှင်လေးထဲမှာ အဖြေရှာနိုင်ပါတယ် ဒီ မှတ်တမ်းရုပ်ရှင်ကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Htet Wai Lwin ဖြစ်ပြီး Thit San ...
8.2
IMDB:
8.2/10
32,684 votes
movie
Free Solo (2018)
2018
9.0
Jersey(2019)
Jersey(2019) IMDb...9.0 ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ဘာမှမညွှန်းခင် သေချာပေါက်ပြောရဲတာတစ်ခုကတော့ ဒီဇာတ်ကားဟာ Top Ten India Movies of 2019 မှာ သေချာပေါက် 1 to 5 ဝင်မယ့်ကားပါ တောင်ပိုင်းကားတွေနဲ့သိပ်မရင်းနှီးတဲ့ကျွန်တော့်အတွက်တော့ ဒီဇာတ်ကားဟာ တောင်ပိုင်းဂုဏ်ဆောင်ကားတစ်ကားပါပဲ ဒီထဲက သရုပ်ဆောင်တွေဟာလည်းတော်ကြသလို ဇာတ်လမ်း၊ ဇာတ်အိမ်ကလည်း တကယ့်ကို စင်လုံးချောပါ အထူးသဖြင့် မင်းသားဖြစ်သူက သရုပ်ဆောင်တွေကလည်း အပိုအလိုမရှိ တကယ့်ကိုကောင်းပါတယ်... အိုဗာအက်တင်တွေ၊ အိုဗာအက်ရှင်တွေ၊ က,တာ ခုန်တာတွေမပါဘဲ ဇာတ်ကားကောင်းမှကြည့်ချင်သူတွေအတွက်တော့ တကယ့်ဇာတ်ကားကောင်းတစ်ကားပါပဲ အထူးသဖြင့် အိန္ဒယကားတွေဆို ကုလား၊ ကုလားနဲ့ ကြည့်မရဖြစ်နေသူတွေ ဒီကားကိုကြည့်ကြည့်ပါ သူတို့ရုပ်ရှင်အဆင်တန်းဘယ်လောက်မြင့်လဲ မြင်တွေ့ရမှာ ဒီလောက်စာတွေအများကြီးရေးနေတာ အလကားမဟုတ်ပါဘူးဗျာ ဇာတ်ကားကောင်းတစ်ကား လူတိုင်းကိုကြည့်စေချင်တဲ့ဆန္ဒကြောင့်ပါ ဘာကြောင့်လဲဆိုတော့ လက်ရှိ 2019 ထွက်ထားသမျှ အိန္ဒိယကားတွေထဲမှာ Rating အမြင့်ဆုံးလို့လည်းပြောလို့ရလို့ပါဗျာ IMDb 9/10 ထိရရှိထားပြီး ဝေဖန်ရေးသမားတွေအကြား ကောင်းသတင်းမွှေးနေပါတယ်။ ဇာတ်လမ်းလေးပြောရရင် ... အာရ်ဂျွန် . . . တချိန်က နာမည်ကြီး ခရစ်ကက်ကစားသမားတစ်ယောက် စံချိန်ကောင်းများစွာနဲ့ သူ့ခေတ်သူအခါမှာ အကောင်းဆုံးပဲ အခုတော့ အကြောင်းအမျိုးမျိုးကြောင့် ခရစ်ကက်နားလိုက်ပြီ ပိုဆိုးတာ လက်ရှိအလုပ်လေးကလည်းပြုတ်နေတာ ၂ နှစ်ရှိပြီ ဇနီးဖြစ်သူ ဆာရာကတော့ မညည်းညူဘဲ အိမ်ထောင့်တာဝန်ကိုယူထားပါတယ် ဒါပေမဲ့ ...
9.0
IMDB:
9.0/10
1,706 votes
movie
Jersey(2019)
2019
WEB-DL 720p
7.3
Submission (2019)
ISIS တွေဆီကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ မရိန်းတပ်သားနှစ်ယောက်ဖြစ်တဲ့ Blackbear နဲ့ Cowboy တစ်ယောက်က အကြမ်းဖက်သမားတွေ ထိုးပေးလိုက်တဲ့ဆေးကြောင့် ရောဂါရနေချိန်မှာ တစ်ယောက်က သူ တပ်ထဲမ၀င်ခင်က စွန့်လွှတ်ထားခဲ့တဲ့ လက်ဝှေ့လောကဆီကို ခြေပြန်ဆန့်တယ်။ သူ ဒီလောကထဲ ပြန်ဝင်ရတဲ့အကြောင်းရင်းက သူနဲ့အတူ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ သူ့သူငယ်ချင်းအတွက် ဆေးကုသစားရိတ်ကို ရှာပေးဖို့အတွက် ကြိုးဝိုင်းထဲကို ပြန်လည်ဝင်ရောက်တာပဲ ဖြစ်ပါတယ်။ လက်ဝှေ့ကြိုးဝိုင်းထဲကို သူ ပြန်ဝင်ရောက်လာတဲ့အချိန်မှာပဲ သူ့ရဲ့အတိတ်က ဇာတ်လမ်းဟောင်း၊ အဆက်ဟောင်းတွေ ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ ဇာတ်ရဲ့လှည့်ကွက်ကတော့ တစ်ရစ်ချင်း ဖြည်သွားမှာ ဖြစ်တဲ့အတွက် ဒီလောက်ပဲ ပြောပြပါရစေဦး။ လက်ဝှေ့လောကကို ချဉ်းကပ်ခွင့်ရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ဇာတ်လမ်းရဲ့အနှစ်သာရကတော့ စကားတစ်ခွန်းနဲ့တင် ပြည့်စုံပါတယ်။ "ဘ၀လို့ ကျွန်တော်တို့ခေါ်တဲ့ ခရီးရှည်ကြီးက ကျွန်တော်တို့ကို ဘယ်ဆီခေါ်ဆောင်သွားမယ် ဆိုတာကို ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒီဘ၀မှာ ဘုရားကပေးတဲ့ လက်ဆောင်တွေထဲက အကောင်းဆုံးလက်ဆောင်ကတော့ 'ခင်မင်မှု' ပါပဲ။ မေတ္တာတရား နဲ့ ခင်မင်မှု ..... ဒီနှစ်ခုကို ခွဲခြားထားလို့ မရပါဘူး" ဒီဇာတ်ကားထဲမှာ မှတ်မှတ်ရရ ရှိနေမယ့် စကားလုံးတစ်လုံးကတော့ 'Semper Fidelis' ဆိုတဲ့ လက်တင်စကားပါ။ အင်္ဂလိပ်လိုတော့ 'Always Faithful' ပါ။ အမြဲတမ်း သစ္စာရှိပါ့မယ် ဆိုတဲ့ စကားက တစ်ကားလုံးရဲ့အနှစ်သာရပါ။ လက်ဝှေ့ကားကောင်းကောင်းကို ဒရာမာလေးနည်းနည်းစွက်ထားတဲ့ မေတ္တာဖွဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ရုပ်ရှင်ကားကို Myo Nyunt က ဘာသာပြန်ပြီး အညွှန်းကိုယ်တိုင်ရေးပေးထားပါတယ်
7.3
IMDB:
7.3/10
91 votes
movie
Submission (2019)
2019
7.3
Seabiscuit(2003)
Seabiscuit(2003) IMDb....7.3,,,,Rotten....77% "ဆွဲထား...ထိန်းထား..." ဆိုတဲ့ အော်ဟစ်သံတွေနဲ့အတူ လူလေးယောက်လောက် မြင်းတစ်ကောင်ကို ဝရုန်းသုန်းကား လိုက်ထိန်းနေရတယ်... အားလုံး ဝိုင်းပြီး ထိန်းလိုက်နိုင်ချိန်မှာတော့ မြင်းပိုင်ရှင်ဖြစ်ပုံရတဲ့ လူတစ်ယောက်က စကားတစ်ခွန်းပြောတယ်.... "...သတ်လိုက်တော့..." တဲ့ ခြေတစ်ဖက်မှာ မဆိုသလောက်လေး ထိခိုက်ပြီး အရိုးအက်သွားတဲ့ မြင်းတစ်ကောင်ဟာ ပြိုင်မြင်းအဖြစ် ဆက်ပြိုင်ဖို့ မဖြစ်နိုင်သ လောက်ပါပဲ...အဲ့တာကြောင့်လည်း "သတ်လိုက်တော့" ဆိုတဲ့ စကား ခပ်လွယ်လွယ်ထွက်လာခဲ့တာပါ... ဒါပေမဲ့လည်း မြင်းတွေကိုချစ်မြတ်နိုးသူ မြင်းဝါသနာရှင်တစ်ယောက်က အဲ့ဒီအချိန်မှာပဲ အဲ့မြင်းကို ဖြတ်ဝယ်ခဲ့ပါတယ်... မြင်းလေးရဲ့ နာမည်ကတော့ Seabiscuit ပါ... ဒီမြင်းလေးဟာ ၀ယ်ပြီးတဲ့အချိန်မှာ တခြားမြင်းတွေနဲ့ မတူတဲ့ အရည်အချင်းတွေကို သွားတွေ့မိတယ်.... အဲ့ဒီနောက်မှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး.... ဒီဇာတ်ကားဟာ 1930-40 အတောအတွင်း နာမည်ကြီးခဲ့တဲ့ Seabiscuit ဆိုတဲ့ မြင်းလေးအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်...IMDbရော Rottenရော အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့ အပြင် နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်နေလေတော့ မကောင်းမှာတော့ ပူမနေနဲ့ဗျို့.... အေးဆေးကြည့်လို့ရမယ့် အချိန်လေးမှာ ဒီကားကိုကြည့်စေချင်တယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.... File Size : (1 GB) ...
7.3
IMDB:
7.3/10
63,003 votes
movie
Seabiscuit(2003)
2003
7.9
Nonsense(2019)
Nonsense(2019) IMDb....7.9 ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကျောင်းစာမှာ ထူးချွန်ပြီး Aခန်းမှာနေရတဲ့သူတွေ များသလို စာမေးပွဲတွေ တစ်ဘုန်းဘုန်းကျရင်း Z အခန်းမှာပဲ ကျောက်ချနေရတဲ့ သူတွေလည်းများပါတယ်.... ဒါပေမယ့် အားကစားသမား စီးပွားရေးသမားနဲ့အခြားသော နယ်ပယ်တွေမှာ အောင်မြင်နေတဲ့သူတွေကိုကြည့်လိုက်ရင် Z အခန်းကသူတွေကလည်း အခြားသောသူတွေနဲ့ ရင်ဘောင်တန်းရပ်တည်နေနိုင်ကြတာကိုတွေ့ကြရမှာပါ.... တကယ်တော့ ဒီအခြေအနေတွေကိုမရောက်ခင်ထိတော့ ဒီလို Z ခန်းက သူတွေဟာ တစ်လောက်ကလုံး ဒုက္ခတွေ နင်တို့ပဲ ခံကြစမ်းဟု ကြိမ်စာတိုက်ခံနေရသလိုပါပဲ.... ဒီကားထဲမှာလည်း ကောင်လေးတစ်ယောက်ရှိတယ်... လမ်းကြမ်းစက်ဘီးစတန့်အားကစားနည်းကို ခုံမင်လွန်းတဲ့တစ်ယောက်......သို့ပေမယ့် ကျောင်းစာမှာညံ့လွန်းတော့ မစ္စတာပေါက်ကရကောင်လို့တောင် ခေါ်ခံရတဲ့သူပေါ့.... စာသင်ခန်းရဲ့ အချိန်တိုင်းလိုလိုမှာ အံမ၀င်လွန်းတော့ ခွေးမောင်းသလို မောင်းထုတ်ခံရတဲ့ ထိတောင် ပေါက်ကရကောင်ဖြစ်ခဲ့တယ်.... ဒါပေမယ့်လည်း သူဟာ စက်ဘီးလေးစီးရင်း စတန့်တွေကြိုးစားလုပ်ရင်းနဲ့ ပေါက်ကရကောင်ဆိုတဲ့ နာမည်ဆိုးကိုလိုက်ခေါ်နေတဲ့သူတွေကို ခပ်ပြုံးပြုံးပြန်ကြည့်ဖို့ကြိုးစားနေလေရဲ့.... ဒီလိုကောင်လေးဟာ ဘယ်လိုတွေဆက်ဖြစ်မလဲ.... သူဘ၀အတွက် ဘယ်လိုဆက်ရပ်တည်မလဲ.... အားလုံးအမြင်မှာ အသုံးမကျတဲ့ပေါက်ကရကောင်လေးဟာ တစ်ချိန်မှာ အမြင်တွေပြောင်းသွားစေနိုင်မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့.... ကုလားကားကောင်းကြိုက်သူတို့အဖို့ ဒီကားကိုလက်မလွှတ်စေချင်ပါဘူး.... IMDb လည်း အကောင်းဆုံးအနေအထားမှာရှိသလို ကြည်နူးဖွယ် ချစ်သူပုံရိပ်တွေပါလေတဲ့ အတွက် ခံစားကြည့်ရှုသင့်ပါကြောင်း သတင်းကောင်းပါးပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah & May Tharaphi တို့ပဲဖြစ်ပါတယ်... File Size : (1.2 ...
7.9
IMDB:
7.9/10
147 votes
movie
Nonsense(2019)
2018
WEB-DL 720p
7.4
Southpaw (2015)
Southpaw(2015) ================== Southpaw လို့ကြားလိုက်တာနဲ့ သေချာတယ် ခင်ဗျားတို့ တန်းခွီကြမှာ ဒါပေမယ့်...အရင်ကြည့်ကြည့်ပါအခွီမစောပါနဲ့ ဒီ Southpaw ဆိုတဲ့လက်ဝှေ့ကားမှာ ခင်ဗျားတို့မထင်မှတ်ထားတဲ့ ဘဝတွေ မမျှော်လင့်ထားတဲ့ စွဲဆောင်အားတွေ တိမ်မြုပ်နေပါတယ် ။ ဘီလီဟုပ် ပွဲ ၄၀ ကျော်လာပြီသူ့ဘဝမှာ ရှုံးပွဲဆိုတာ တစ်ခါဖူးမျှမှ မရှိခဲ့... ပွဲတိုင်းအောင်ပွဲဆင်ခဲ့တာချည်း ဒါပေမယ့် သူ့ထိုးသတ်မှုနည်းဗျူ ဟာက အခြားသူတွေနဲ့မတူပါဘူး ။ ပြင်းထန်တဲ့ ရန်သူ့လက်သီးချက်တွေကို တပျော်တပါးကြီးခံစားပြီးမှ သွေးဆာလောင်မှုကိုမွေးမြူ တတ်သူ ။ ဒါပေမယ့်သူ့မိန်းမမော်ရင်းကအဲ့လိုထိုး သတ်တာကိုမကြိုက်ဘူး ။ တစ်ဘဝလုံးဇနီးဖြစ်သူရဲ့စီစဉ်ပေးမှုအောက်မှာပဲ နေထိုင်လာတဲ့ဘီလီတစ်ယောက်... ဇနီးဖြစ်သူက သူထိုးပါလို့ပြောတဲ့သူနဲ့မှထိုးတဲ့ အရိုင်းကောင်ကြီးဘီလီ... ကံကြမ္မာဆိုးကဆိုက်ကလုန်းလိုမွှေနောက်ပြီးတဲ့အခိုက်မှာ သမီးလေးနဲ့ နှစ်ယောက်တည်း ဖိအားတွေ အောက်မှာပြားပြားဝပ်ပေါ့ ။ လက်စားချေလိုမှုတွေအမုန်းတရားအာဃာတတွေနဲ့ ဖုံးလွှမ်းနေတဲ့ဘီလီတစ်ယောက် သူအမှောင်ထဲမှာအလင်းပြပြလေးတွေ့ခဲ့တယ် ။ ' သူ့လက်သီးချက်တွေကိုအဓိပ္ပာယ်ရှိစေမယ့်အလင်း ' ' ဒီဖိုက်တာကောင်ကြီးရဲ့မာန်စွယ်တွေကို ထက်ရှနေအောက်သွေးပေမယ့် အလင်း ' ဘီလီဟုပ် အော် ဘီလီဟုပ်တဲ့ Billy Hope ရှိနေသ၍ Hope ဆိုတဲ့မျှော်လင့်ချက်ကရှိနေဦးမှာပါပဲ ။ ဒီကားမှာ အဓိကထားပြောချင်တာတော့ JakeGyllenhaal ပါပဲ ဘယ်လိုမှ ...
7.4
IMDB:
7.4/10
198,833 votes
movie
Southpaw (2015)
2015
6.4
Pegasus ( 2019 )
ဒီကားလေးဟာ2019 februaryလမှထွက်ရှိထားတဲ့ဇာတ်ကားသစ်လေးဖြစ်ပါတယ်.. Imdb6.4ရရှိထားပြီး chinese box officeမှာ$255millionထိ ဝင်ငွေရရှိထားပါတယ်.. 5ကြိမ်ဆက်တိုက်ပြိုင်ကားမောင်းချန်ပီယံဖြစ်ခဲ့တဲ့ကျန်းချေတစ်ယောက်ဟာ တရားမဝင်ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်မိရာမှရဲတွေရဲ့ချောင်ပိတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်... သူ့ရဲ့ပြိုင်ပွဲဝင်ခွင့်ပိတ်သိမ်းခံရတဲ့အပြင် ယာဉ်မောင်းလိုင်စင်ပါပိတ်သိမ်းခံလိုက်ရပါတယ်.. ဒီလိုနဲ့၅နှစ်ကြာ ထမင်းကြော်ရောင်းပြီးဇာတ်မြှုပ်နေခဲ့ရင်း လူငယ်မျိုးဆက်တွေမှာသူ့လိုပဲ၅နှစ်ဆက်တိုက်ပြိုင်ကားမောင်း ချန်ပီယံဖြစ်လာတဲ့လင်ကျိန့်တုံးကိုတွေ့မြင်မိရာကနေ ပြိုင်ပွဲတစ်ဖန်ပြန်ဝင်လိုစိတ်တွေဖြစ်ပေါ်လာပြီး ပြိုင်ပွဲဝင်ခွင့်ရဖို့ ပြန်လည်ကြိုးစားပါတော့တယ်... ဒီလိုနဲ့ပြိုင်ပွဲဝင်ခွင့်ရဖို့ ယာဉ်မောင်းလိုင်စင်ပြန်ဖြေဆိုရချိန်မှာဘယ်လိုအခက်အခဲတွေကြုံရမလဲ.. ပြိုင်ပွဲဝင်ဖို့ ပြိုင်ကားအဆင်သင့်မရှိ...ကားအလန်းဆင်ဖို့ရာလည်း ငွေကြေးထောက်ပံမယ့်သူမရှိ..သူ့နောက်မှာဘယ်အဖွဲ့အစည်းမှ မရပ်တည်ပေးချိန်..ပြိုင်ပွဲဝင်ဖို့ ကားငှါးစင်တာကတောင် နာမည်ပျက်ရှိတဲ့သူ့ကိုကားမငှါးပေးတော့တဲ့အခါ.. သူ့ရဲ့လမ်းညွှန်တွဲဖက်ဖြစ်တဲ့ယွီရှန်နဲ့ စက်ပြင်သမားကျိရှင်းတို့နဲ့အတူ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ... အခက်အခဲမျိုးစုံကြုံတွေ့ချိန်မှာတောင်အားမလျှော့ပဲ ကြိုးစားကြပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်... ပြိုင်ကားမောင်းခရေဇီတွေအတွက်တော့ အကြိုက်တွေ့စေမယ့်ဇာတ်ကားတစ်ပုဒ်ပါပဲ.. Translated & Review By Phyo Zaw Encoded By LK
6.4
IMDB:
6.4/10
562 votes
movie
Pegasus ( 2019 )
2019
WEB-DL 720p
7.9
The Wrestler(2008)
The Wrestler(2008) IMDb...7.9,,,,,Rotten....98% ခင်ဗျားတို့ ကျွန်တော်တို့အားလုံး WWE channel က ပြသတဲ့ smack down ပွဲတွေကို ကြည့်ဘူးကြမှာပါ.... ပြောရရင် ကြိုတင်ပြဆင်ထားတဲ့အစီအစဉ်တစ်ခုကို လာကြည့်တဲ့ပရိတ်သတွေကို ရသ အပြည့်အ၀ပေးနိုင်မယ့် သတ်ပုတ်မှုမျိုးတွေကို ချပြရပါတယ်... ကြိုတင်ပြင်ဆင်ထားတဲ့အစီအစဉ်ဆိုပေမယ့် ထိုးသတ်တဲ့နေရာမှာ ပရိတ်သတ်ထောင်ပေါင်းများစွာသော မျက်လုံးတွေ့ရှေ့မှောက်မှာတော့ တကယ့်ပျင်းထန်တဲ့ရိုက်ချက်တွေနဲ့ သတ်ပုတ်ပြရပါတယ်.. ဒါ့ကြောင့်လည်း ဒီပြိုင်ပွဲတွေဟာ အတုအယောင်လို့ဆိုရပေမယ့် ကမ္ဘာကျော်နေရတာပဲဖြစ်ပါတယ်.... ၂၀၀၈ ခုနှစ်မှာ ဒါရိုက်တာ Aronofsky ရိုက်ကူးခဲ့ပြီး အဓိကဇာတ်ဆောင် နပမ်းသမား Randy the Ram (Mickey Rourke)အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဒီကားက သူ့ဘ၀ရဲ့ အနိမ့်အမြင့် အတက်အကျကို ရိုက်ပြထားပြီး သူတို့ဘ၀ရဲ့ခက်ထန်ကြမ်းတမ်းပုံတွေကိုအကောင်းမွန်ဆုံးပုံဖော်ထားပါတယ်... ကြမ်းတမ်းခက်ထန်လွန်းတဲ့ လူ့ဘီးလူးကြီးတွေရဲ့ နောက်ကွယ်က နူးညံတဲ့နှလုံးသားကိုလည်းတွေ့နိုင်ပါလိမ့်မယ်... ဒါ့ကြောင့်လည်း ဒီကားဟာ ချီးကျူးမှုပေါင်းများစွာရရှိထားသလို အော်စကာဆန်ကာတင် (၂)ဆုနဲ့ အခြားဆုပေါင်း (၅၈)ဆု ရရှိထားပါတယ်.... ပြီးတော့ ဒီကားဟာ သတ်ပွဲပေါင်းများစွာပါသလို သွေးထွက်သံယိုခန်းတွေလည်းပါတာမို့ သတိထားကြည့်စေလိုပါတယ်.... ရုပ်ရှင်ရဲ့ Rating က R ဖြစ်တာကြောင့် အဖော်အချွတ်ခန်းတွေ ပါတဲ့အတွက် မိသားစုနဲ့ အတူကြည့်ဖို့မသင့်တဲ့ ကားတကားလို့ ပြောပါရစေ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Chan Myae Thu ...
7.9
IMDB:
7.9/10
276,306 votes
movie
The Wrestler(2008)
2008
Blu-Ray 720p/1080p 5.1
7.4
Queen of Katwe(2016)
Queen of Katwe(2016) IMDb...7.4,,,,,,Rotten.....93% ဖီအိုနာဆိုတဲကော့င်မလေးဟာ ရေပုံးလေးဆွဲပြီးလမ်းလျောက်လာတယ်...လမ်းခုလတ်မှာ ကျောင်းချိန်ဆိုတော့ အဖြူအစိမ်းကျောင်းသူကျောင်းသူတွေကျောင်းတက်ဖို့သွားနေတာကိုတွေ့လေရဲ့... ဒီကောင်မလေးရဲ့မျက်နှာမှာ ကျောင်းတက်နေတဲ့သူတွေကို အားကျပြီး ကျောင်းတက်ဖို့ မတတ်နိုင်တဲ့သူမရဲ့ ဘ၀ကို အားငယ်စိတ်ပျက်ဝမ်းနည်းနေပုံပဲ... ဒီလိုနဲ့တစ်နေ့တော့ သူတို့ရပ်ကွက်ထဲမှာ Chess ကစားနည်းကို နည်းပြပေးနေတဲ့ ဆရာတစ်ယောက်ရဲ့အဖွဲထဲကို မမျှော်လင့်ဘဲတွေ့ရှိသွားတယ်...ဒီဆရာဟာ ကျောင်းမတက်နိုင်တဲ့ကလေးတွေကို သူ့အားလပ်ချိန်မှာ အခမဲ့သင်ပေးနေတာပါ... ဖီအိုနာလည်း ဘ၀တူတွေနဲ့ ချက်စ်ကစားဖို့သင်ယူရင်း အချင်းချင်း ချက်စ်ပြိုင်ပွဲလေးတွေလုပ်ကြတယ်... တစ်နေ့တော့ ဖီအိုနာဟာ သူ့ထက်စီနီယာကျနေတဲ့ကစားသမားကောင်လေးနဲ့ချက်စ်ထိုးပါလေရော.... ဒီကောင်လေးကို ဖီအိုနာဟာ အနိုင်ယူလိုက်တယ်...ချက်စ်နည်းပြဆရာဟာ ဆရာဟာ တအံတသြနဲ့ ဖီအိုနာကိုမေးတယ်.. "ဖီအိုနာ နင်ရွှေ့လိုက်တဲ့အကွက်တွေက ဆရာ့စာအုပ်တွေဖတ်ပြီး ရွှေ့လိုက်တာလား"တဲ့ ဖီအိုနာကပြန်ဖြေတယ်.. "ဆရာကလည်း သမီးမှ စာမဖတ်တတ်တာတဲ့" အဲ့ဒီနောက်မှာတော့...... ဒီဇာတ်ကားဟာ Uganda နိုင်ငံ Chess သမိုင်းမှာ သမိုင်းတွင်ခဲ့တဲ့ အမျိုးသမီး Chess ကစားသမား Phiona Mutesi အကြောင်းကို ပြန်လည်ရိုက်ကူးထားပါ... သူမရဲ့ ဘဝဖြစ်စဉ်ကို အနီးစပ်ဆုံးဖြစ်အောင် ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်... Phiona Mutesi ဟာ Uganda နိုင်ငံရဲ့ ဆင်းရဲသားရပ်ကွက်တွေထဲက တစ်ခုဖြစ်တဲ့ Katwe ရပ်ကွက်မှာ နေထိုင်ခဲ့တာပါ... ဒီကားက ပြသချိန် ၂နာရီကျော်ကြာမြင့်ပြီး အစမှ အဆုံးထိ ...
7.4
IMDB:
7.4/10
12,888 votes
movie
Queen of Katwe(2016)
2016
6.1
Born to Race (2011)
ဒီတစ်ခါတော့ ၂၀၁၁ လောက်က ကားဟောင်းလေးပြန်တင်ဆက်ပေးမှာပါ ဒန်နီရဲ့အဖေနဲ့အမေကွဲနေပြီး ဒန်နီကအမေနဲ့အတူနေတယ် ဒန်နီက ပြိုင်ကားမောင်းတာတော်ပြီး တရားဝင်ပြိုင်ပွဲမဟုတ်ဘဲ လမ်းတွေပေါ်မှာကားပြိုင်မောင်းလို့ ခဏခဏပြသနာတက်တယ် တစ်နေ့တော့ သူ့ကိုစပွန်ဆာပေးထားတဲ့ ပြိုင်ကားကြီးနဲ့ရဲကားကို ဝင်တိုက်မိရော သူ့အမေလဲ သူ့ကိုမထိန်းနိုင်တော့ဘဲ သူ့အဖေဆီပို့လိုက်တော့တယ် ဒန်နီကတော့ သူတို့ကိုထားခဲ့တဲ့အဖေဆီ မသွားချင်ခဲ့ဘူး ဒါပေမဲ့ သူ့အဖေဆိုတာကလဲ တစ်ချိန်က ကားပြိုင်တဲ့လောကမှာ ဆရာတစ်ဆူဆိုတော့ သားအအဖ ၂ ယောက်ပေါင်းပြီး ဘယ်လိုတွေ ဂေါ်မလဲဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားကြပါ File Size : (915 MB) & ( 333 MB) Quality : BluRay 720p Running Time : 1 hr 39 min Format : Mp4 Genre : Action , Sport Subtitle : Myanmar Subtitle ...
6.1
IMDB:
6.1/10
5,804 votes
movie
Born to Race (2011)
2011
Blu-Ray 720p
7.3
Coach Carter(2005)
Coach Carter(2005) IMDb...7.3,,,Rotten....64% Richmond အထက်တန်းကျောင်း ဘတ်စကတ်ဘော အသင်းဟာ တစ်ရာသီလုံးမှာ (၄)ပွဲသာအနိုင်ရရှိထားတယ်... နည်းပြအနေနဲ့လည်း ရစ်မန်မြို့ရဲ့ လူနေမှုစရိုက်နဲ့ ပေါက်ဖွားလာတဲ့ ကျောင်းသား ဘတ်စကောဘော အားကစားသမားတွေကို ထိန်းချုပ်ရတာလည်း မလွယ်ကူလှဘူး....ပွဲတွေရှုံးရတဲ့ အကြောင်းရင်းကလည်း အားကစားသမားတွေရဲ့ အရည်အချင်းကြောင့်ဆိုတာထက် အခြေခံစိတ်ဓာတ်ကြောင့်လိုဖြစ်နေတယ်...ဒီလိုလူတွေကိုနည်းပြသစ်ခန့်ဖို့ Carter ကြီးကို ကမ်းလှမ်းကြတယ်... အားကစားသမားတွေရဲ့အခြေအနေနဲ့မြို့ရဲ့လူနေမှုစရိုက်ကို သိတဲ့ Carter ကြီးက သူ့စိတ်ကြိုက်နည်းပြခွင့်ရရင် လုပ်မယ်ဆိုပြီး သဘောတူလိုက်တယ်... ဒီကားက ဘတ်စကတ်ဘော အားကစားသမားဖြစ်တဲ့ Ken Carter ရဲ့ နည်းပြဘ၀ကိုဖြစ်ရပ်မှန်ရိုက်ကူးထားတာပါ... Cater ရဲ့နေရာမှာတော့ Mother...f*****ကြီးလို့ လူသိများတဲ့ Samuel L.Jackson ကသရုပ်ဆောင်ထားပါတယ်... ဒီကားထဲမှာတော့ တစ်လုံးမှကိုမဆဲတတ်တဲ့ အလွန်ယဉ်ကျေးတဲ့ Samuel ကြီးကိုခင်ဗျားတို့တွေ့ရလိမ့်မယ်.. Carter ဟာ သူငယ်စဉ်အားကစားသမားဘ၀ထဲက ရစ်မန်ရဲ့လူနေမှုစရိုက်တွေကို ခါးသီးခဲ့ပုံရတယ်.. ဒါ့ကြောင့် သူ့ခြေသူ့လက် အားကစားသမားအားလုံးကိုထိန်းချုပ်ခွင့်ရမယ်ဆိုတဲ့သဘောတူညီချက်အတိုင်း နည်းပြပါတော့တယ်... သူရင်ဆိုင်ရတာတွေက တကယ့်ကိုမလွယ်ပါဘူး..စည်းကမ်းပျက် အသင်းသားတွေ အားကစားတစ်ခုပဲအားပေးတဲ့ မိဘတွေ ၊သူ့ရဲ့လုပ်ရပ်တွေကို စိတ်ပျက်နေတဲ့ဆရာတွေ တကယ့်ကိုမှ အများကြီးပါပဲ....သူ့လုပ်ရပ်တွေက ကျောင်းအုပ်နဲ့တောင် ထိပ်တိုက်ရင်ဆိုင်နေတဲ့အဖြစ်မျိုးပါ.. နည်းပြကြီးဘယ်လို စနစ်တွေကျင့်သုံးမလဲ...သူအောင်မြင်ပါ့မလား... ပြောရရင် ဒီကားက ဘစ်စကတ်ဘောအားကစားဆိုတာထက်အများကြီးပိုတယ်... scene တိုင်းဟာ တန်ဘိုးရှိတယ်...ပြသချိန် ...
7.3
IMDB:
7.3/10
110,709 votes
movie
Coach Carter(2005)
2005
6.9
The Cutting Edge (1992)
ဒီရုပ်ရှင်ကားက ကြည့်ဖူးသမျှ ကိုရီးယားကားတွေ တရုတ်ကားတွေထက်တောင် အရမ်း ရိုမန့် ဆန်တယ်လို့ ပြောလို့ရတဲ့ ရုပ်ရှင်ကားလေးပါ အချိန်ကာလ အားဖြင့် ၁၉၉၂ ခုနှစ်က ရုံတင်တဲ့ကားမို့ အဲ့ဒီကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား မင်းသမီး တောင် လက်ရှိအချိန်မှာ အိုနေပါပြီ အဲ့ဒါကလဲ အဒ်မင်က အသဲတွေယားပြီး Google မှာ လိုက်ရှာမိခဲ့လို့ :D ဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်နော် အိုလံပစ် အားကစားပြိုင်ပွဲမှာ စကိတ်အလှစီး တာ နဲ့ ရေခဲပြင်ဟော်ကီ တို့လဲ အပါအ၀င်ပါပဲ ... ရေခဲပြင်အလှပြစကိတ်စီး ပြိုင်ပွဲမှာတော့ အရမ်းဟော့နေတဲ့ ကောင်မလေး တစ်ယောက် ရှိတယ် ကိတ် တဲ့ ကိတ်က သူမ လူမှန်းသိတက်ကတည်းက စကိတ်စစီးနေခဲ့ပြီ အရမ်းလဲ လှသလို သူဌေးသမီးလဲ ဖြစ်တော့ အရမ်းကို မာနကြီးတယ် ဘ၀မြင့်တယ်... သူမ နဲ့ စကိတ် အတူစီးမယ့် သူတွေဆိုတာလဲ သူမ ဘယ်လောက်လှလှ ကြည့်မရကြဘူး... ကံဆိုးတယ် ပြောရမလားပဲ ပထမ ပြိုင်ပွဲမှာတင် ကိတ် ထွက်ခဲ့ရတယ်... သူ့လိုပဲ တစ်ရက်ထဲမှာ ပြိုင်ပွဲဝင်ခဲ့ရတဲ့ ဟော်ကီသမား ဒက်ဒေါ်စီ ဟာလဲ အက်စီးဒန့် ...
6.9
IMDB:
6.9/10
17,318 votes
movie
The Cutting Edge (1992)
1992
6.3
High Flying Bird (2019)
ကဲ ဒီတစ်ခါတော့ Netflix ကထုတ်တဲ့ High Flying Bird ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Rating 6.3 ရရှိထားပြီးတော့ အမေရိကန်မှာ ဘတ်စကက်ဘောလောကရဲ့ အဖွဲ့ချုပ်နဲ့ ကစားသမား သမဂ္ဂနဲ့ အသင်းပိုင်ရှင်တွေ မသင့်မမြတ်ဖြစ်ပြီး သပိတ်မှောက်ထားတဲ့ကာလအတွင်းကို ဇာတ်လမ်းဖွဲ့တင်ပြ ထားပါတယ်။ အမေရိကန်တို့ရဲ့ လှည့်စားလုပ်ဆောင်တတ်တဲ့ အတတ်ပညာတွေကို ထုတ်ပြရိုက်ကူးထားပါတယ်။ ကျွန် တော်တို့ဆီမှာဆိုရင်ရော ဒီလိုလုပ်နိုင်သူ ဒီလိုတွေးခေါ်နိုင်သူ ရှိပါ့မလား တွေးစရာပါ။ စိတ်ဝင်စားဖို့ကောင်းပြီး ပညာယူရမယ့် ဇာတ်ကားတစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်... File Size : (847 MB) & ( 321 MB) Quality : WEB-DL 720p Running Time : 1 hr 30 Min Format : Mp4 Genre : Drama , Sport Subtitle : ...
6.3
IMDB:
6.3/10
3,801 votes
movie
High Flying Bird (2019)
2019
7.1
Split (2016)
ကိုရီးယား sport/drama ကားတွေကိုမှနှစ်သက်ပါတယ်ဆိုရင်တော့ ဒီ IMDB 5.4 ရရှိထားတဲ့ ဒီဇာတ်လမ်းလေးကိုညွှန်းချင်ပါတယ် ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ နိုင်ငံ့ချန်ပီယံဘိုးလင်းအားကစားသမားတစ်ယောက် ကံကြမ္မာအလှည့်အပြောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကားအက်ဆီးဒန့်တစ်ခု... သုံးမရတော့တဲ့ ခြေထောက်တစ်ဖက်ကြောင့် မြတ်နိုးရတဲ့နိုင်ငံ့အားကစားသမားဘဝကို စွန့်လွှတ်ခဲ့ရပြီး အရက်သမားဘဝကို လုံးလုံးရောက်ခဲ့ရကာ ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရပါတယ် နောက်တစ်ဦးကတော့ ဖခင်ဖြစ်သူရဲ့အမွေ အပေါင်ခံထားရတဲ့ ဘိုးလင်းအားကစားရုံကို ကာကွယ်ချင်တဲ့ မိန်းကလေးတစ်ဦးပေါ့ သူတို့နှစ်ယောက်ပေါင်းပြီး အော်တစ်ဇင်ဖြစ်နေပေမယ့် ဘိုးလင်းအားကစားကို တစ်ဖက်ကမ်းတော်တဲ့ ကောင်လေးတစ်ယောက်ကိုရှာတွေ့သွားတဲ့အခါမှာတော့... ထုံးစံအတိုင်း လူမိုက်တွေ ဒုစရိုက်သမားတွေရဲ့ ရက်စက်မှုတွေ လူ့ပတ်ဝန်းကျင်ရဲ့ အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားစရိုက်တွေနဲ့အတူ မေတ္တာတရားကိုပါ ပိုင်ပိုင်နိုင်နိုင်ရိုက်ပြထားတာဖို့ အားပေးကြပါဥိး (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ မေမြတ်သူ ပါ) File Size : (900 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 2hr 3min Format : Mp4 Genre : Action, Drama, Sport Subtitle : Myanmar Subtitle (Hard ...
7.1
IMDB:
7.1/10
87 votes
movie
Split (2016)
2016
1
2
3
4
Next
Please Enable JavaScript