Menu
Movies
Series
How To Download
Contact Us
Search
Movies
Series
How To Download
Contact Us
Search
Years
Movies
Series
How To Download
Contact Us
Western
5
Corsicana (2022)
Corsicana (2022)~ IMDb - 5/10, Rotten Tomatoes - 79% ~အမေရိကန်တောင်ပိုင်းက အန္တရာယ်အရှိဆုံး ဥပဒေမဲ့လုပ်ရပ်တွေ လူဆိုးတွေကို နှိမ်နင်းဖမ်းဆီးပေးခဲ့တဲ့ လူမည်း Marshal အရာရှိ ဘက်စ်ရိဖ် အကြောင်း ပြောင်မြောက်တဲ့ လက်ရာတစ်ခုပါ။ဘက်စ်ရိဖ်က အသက် 23 နှစ်မှာ ကျွန်သဘောက်ဘဝကနေ ထွက်ပြေးလွတ်မြောက်လာပြီး သူ့ရဲ့ ထူးချွန်မှုနဲ့ သတ္တိကြောင့် အရာရှိအဖြစ်ရာထူးရလာပြီး နှစ်ကာလကြာရှည် အမှုထမ်းခဲ့ပါတယ်။ ရိဖ်က စာတော့မဖတ်တတ်ပါဘူး။ သူ့ကို Legend အဖြစ် တင်စားခဲ့ကြပါတယ်။အခု ဇာတ်အိမ်ကတော့ ကိုစီကန်နာပြည်နယ်က ရေနံထွက်တဲ့ စားကျက်မြေကို ၀ယ်ချင်တဲ့ သူဌေးတစ်ယောက်က ကောင်းဘွိုင်လူဆိုးဂိုဏ်းကို ငွေပေးခိုင်းတာကနေ စပါတယ်။ ရိဖ်ကလည်း ဒီလူဆိုးဂိုဏ်းကို သုတ်သင်ဖို့သူ့အပေါင်းအပါ ၂ယောက်နဲ့ လာမှာပါ။ သူ့အဖွဲ့သားတွေက မိတ်ဆွေဟောင်း ဆမ်နဲ့ သူထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တဲ့ ကယ်လီဖိုးနီးယားဆိုတဲ့ လက်ဖြောင့် သေနတ်သမား ...
movie
Corsicana (2022)
2022
6.6
Strange Way of Life (2023)
Strange Way of Life (2023)~ IMDb - 6.6/10, Rotten Tomatoes - 78% ~The Skin I Live In တို့၊ Pain and Glory တို့လို အော်စကာတန်းဝင်ကားတွေကို ရိုက်ခဲ့တဲ့ စပိန်ဒါရိုက်တာ Pedro Almodóvarရဲ့ Short film အသစ်ပါ။ Pedro Pascal နဲ့ Ethan Hawke တို့လို ထိတ်ထိတ်ကြဲ မင်းသားတွေကို သုံးထားတယ်။ Almodóvar ရိုက်ခဲ့တဲ့ ဒုတိယမြောက် အင်္ဂလိပ်စကားပြော ရုပ်ရှင်ဆိုလည်းဟုတ်တယ်။ Western Drama ပေမဲ့ ပုံမှန်မြင်နေကျ Western Drama တွေနဲ့မတူဘဲ ဇာတ်အိမ်ကို မထင်ထားတဲ့ပုံစံမျိုး သုံးပြထားတယ်။ဒီဇာတ်လမ်းဟာ နာရီဝက်သာသာပဲရှိတဲ့ ဇာတ်လမ်းပေမဲ့ Western Drama အရသာကို ပေးသင့်သလောက်ပေးနိုင်ခဲ့သလို ...
movie
Strange Way of Life (2023)
2023
8.6
1883: The road west (2022)
1883: The road west (2022) ===================== IMDb Rating - 8.6/10ရဲလိုးစတုန်းကောင်းဘွိုင်စီးရီးရဲ့ မူလဇာစ်မြစ်ကြောင်းကို ပြန်ရိုက်ထားတဲ့ "1883"စီးရီးကို (2021)ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ အခုဟာကတော့ "1883"စီးရီးရဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေနဲ့ သရုပ်ဆောင်တွေကို အင်တာဗျူးထားတာတွေပါ။ ဒီထဲမှာဆိုရင် "1883"လို စီးရီးကောင်းတစ်ခု ရလာဖို့ ဇာတ်ကောင်နေရာအတွက် ဘယ်လိုပြင်ဆင်လေ့ကျင့်ခဲ့ရပုံတွေ၊ ရိုက်ကူးရေးအဖွဲ့သားတွေ ဘယ်လိုကြိုးစားပြင်ဆင်ခဲ့ရပုံတွေအပြင် သရုပ် ဆောင်တွေရဲ့ ဒီဇာတ်ကားအပေါ်ထားတဲ့ခံစားချက်တွေကိုပါ ကြည့်ရှုရမှာပါ။ရဲလိုးစတုန်းဖန်တွေ၊ "1883"ဖန်တွေအတွက် အလွမ်းဖြေစရာလေးဖြစ်ပါလိမ့် မယ်။ တကယ်ကောင်းတဲ့ စီးရီးတွေဖြစ်ပြီး CMမှာလည်း တင်ဆက်ပေးထားတာ မို့လို့ မကြည့်ဖူးသေးတဲ့သူတွေကိုလည်း ကြည့်ကြည့်ပါလို့တိုက်တွန်းလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(767 MB) / (307 MB) Quality............WEB-DL 1080p / 720p Duration.........40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Western Translator......Ngwe Zin Encoder..........SWM
movie
1883: The road west (2022)
2022
6.0
The Killer (2017)
အသက်ရှင်နေထိုင်ဖို့ခက်ခဲလွန်းတဲ့ သဲကန္တာရမှာ လူဆိုးလူမိုက်တွေဟာအဖွဲ့ဖွဲ့ပြီးတော့ သာမန်ပြည်သူတွေဆီကနေ လုယူသတ်ဖြတ်ပြီးပိုင်ဆိုင်မှုတွေကိုအပိုင်သိမ်းကြပြီး ဒီအဖွဲ့ကို ပိုင်ဆိုင်တဲ့သူက ပြင်သစ်ကြီးမွန်ဆီယာဘလန်ရှောဖြစ်ပါတယ်။ ပြင်သစ်ကြီးဟာ မြို့မျက်နှာဖုံးဖြစ်ပြီးသူလိုချင်တဲ့မြေနေရာတွေကို မရောင်းတဲ့သူတွေ သူ့ကိုအန္တရာယ်ဖြစ်အောင်လုပ်တဲ့သူတွေကို လူသတ်သမားတွေငှားပြီးသတ်ခိုင်း လေ့ရှိပါတယ်။ မြို့မှာမန်ကီးလို့ခေါ်တဲ့ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ဆိုတာရှိတယ်ဆိုပေမယ့်ထင်သလောက် ဆောင်ရွက်နိုင်မှုမရှိပါဘူး။ အကြောင်းကတော့ ရဲတွေနဲ့ပက်သက်သူမှန်သမျှကိုသတင်းပေးသတ်ဖြတ်နိုင်အောင် ပြင်သစ်ကြီးကအတွင်းလူသူလျှိုထားထားပါတယ်။ ဥပဒေမဲ့မြို့ကို ရှက်ဂီဆိုတဲ့ လူမိုက်လေးရောက်လာပါတယ်။ ရှက်ဂီဟာမြို့ကိုမရောက်ခင်မှာ မြို့နဲ့အရမ်းအလှမ်းဝေးတဲ့သဲကန္တာရမှာနေထိုင်ခဲ့တာပါ။ရှက်ဂီကို ဆဲဗင်းအီးယားစ်ဆိုတဲ့ လူသတ်သမားကကျွေးမွေးပြုစုခဲ့ပြီး အမဲလိုက်နည်း သေနတ်ပစ်နည်း သားသတ်နည်း မျိုးစုံကိုကျွမ်းကျင့်အဆင့်ဖြစ်အောင်သင်ပေးခဲ့တာပါ။ တစ်နေ့ မြို့ကိုသွားရင်းနဲ့ဆဲဗင်းအီးယားစ်က ပြန်မလာတော့ပါဘူး။ နှစ်များစွာကြာတော့ ရှက်ဂီဟာဆဲဗင်းအီးယားစ်ကိုမြို့မှာလိုက်ရှာရင်းနဲ့ ပြင်သစ်ကြီးဆီမှာ အလုပ်လုပ်နေလိုက်တယ်။ဘာဆိုဘာမှမရှိတဲ့နေရာက လာတဲ့ ရှက်ဂီဟာ လိုချင်တာမှန်သမျှရလာပြီးလောဘတွေတက်လာတဲ့အခါမှာတော့...... File size…1.76GB / 753MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Action , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
The Killer (2017)
Sanctified (2022)
အချိန်ကာလအားဖြင့် ၁၈၉၀ကာလဖြစ်ပါတယ်။ ၀က်စ်တန်လို့အမည်ရတဲ့ တောပုန်းတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဆိုးသွမ်းတဲ့ကန္တာရအလယ်မှာ သေအံ့ဆဲဆဲဖြစ်နေချိန် လှည်းတစ်စီးနဲ့ မြောက်ဘက်ကိုခရီးသွားနေတဲ့ ခရစ်ယာန်သီလရှင်တစ်ဦးရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်။ ၀က်စ်တန်နဲ့ အန်းမက် ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက တောပုန်းခေါင်းဆောင်ဖြစ်တဲ့ မစ္စတာရှောရဲ့ မွေးစားခြင်းကိုခံခဲ့ရတာပါ။ ၀က်စ်တန်ဟာ ထူးချွန်လှတဲ့ ရိန်းဂျားတစ်ယောက်ဖြစ်တဲ့အတွက် မစ္စတာရှောဟာ ၀က်စ်တန်ကို တစ်နေ့ သူ့ရဲ့အရိုက်အရာကိုဆက်ခံပြီး တောပုန်းအုပ်စုကို ဦးဆောင်စေချင်နေပါတယ်။ ၀က်စ်တန်ကတော့ စိတ်မ၀င်စားဘဲ မစ္စတာရှောရဲ့လောင်းရိပ်အောက်ကနေ ရုန်းထွက်ပြီး ကယ်လီဖိုးနီးယားမှာ အခြေချပြီး ဘ၀သစ်ကိုတည်ထောင်ချင်နေသူပါ။ ဒီလိုနဲ့ ၀က်စ်တန်ဟာ ညီဖြစ်သူအန်းမက်ကို သူနဲ့အတူ မစ္စတာရှောဆီကထွက်သွားဖို့ စည်းရုံးရာ မစ္စတာရှောကိုသစ္စာဖောက်ဖို့ကြိုးစားတဲ့ ၀က်စ်တန် ညီဖြစ်သူရဲ့ သစ္စာဖောက်ခြင်းကိုပြန်ခံလိုက်ရပါတယ်။တောပုန်းတွေရဲ့စည်းကမ်းအရ တောပုန်းတစ်ယောက်ဟာ သူ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ အသိုက်အ၀န်းဆီကထွက်သွားချင်ရင် အလကားထွက်သွားလို့မရပါဘူး။ သွေးနဲ့ပေးဆပ်ပြီးမှထွက်သွားခွင့်ရပါတယ်။ ဆိုလိုတာက ထွက်သွားချင်ရင် သေသွားမှထွက်သွားခွင့်ရမှာပါ။ မစ္စတာရှောတစ်ယောက် ၀က်စ်တန်ကို ကန္တာအလယ်က သစ်ပင်တစ်ပင်မှာ ကြိုးချည်ကာနှိပ်စက်ပြီး ဓားဒဏ်ရာနဲ့ သေလုမျောပါးဖြစ်အောင် ...
movie
Sanctified (2022)
7.4
Open Range (2003)
ဒီတစ်ခါမှာတော့ IMDb 7.4 ထိရရှိထားတဲ့ Western action drama ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ် အရင်တုန်းက မွေးမြူရေးလုပ်တဲ့သူတွေဟာ ကျွဲနွားတွေကို ခြံနဲ့မွေးမြူတာမဟုတ်ဘဲ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာရင်း အလွတ်ထိန်းကျောင်းကြတာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးကတော့ 19ရာစုနှောင်းပိုင်း ခြံသွင်းမွေးမြူရေး စတင်ပေါ်ပေါက်လာချိန်ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပါတယ်ဘောစ့် ချာလီ မိုစ့်နဲ့ ဘတ်တွန်တို့ဟာ အလွတ်ထိန်းကျောင်းသူတွေဖြစ်ကြပြီး တစ်ရက်မှာတော့ အလွတ်ထိန်းကျောင်းခြင်းကို မကြိုက်ကြတဲ့ မြို့လေးတစ်မြိုနားကိုရောက်လာပါတယ် မြို့ထဲကိုဝယ်စရာရှိတာလေးတွေဝယ်ဖို့ လွှတ်လိုက်တဲ့ မိုစ့်တစ်ယောက် ကုန်စုံဆိုင်မှာ ရန်ဖြစ်ပြီး အချုပ်ကျသွားပါတော့တယ် အချုပ်ထဲကနေ ပြန်သွားထုတ်ကြတဲ့အချိန်မှာ မွေးမြူရေးခြံကြီးပိုင်ရှင် ဒတ်စ်တာဟာ သူတို့ကို ဒီမြို့ကနေ ထွက်သွားဖို့ ပြောခဲ့ပါတယ် ဒတ်စ်တာဟာ ဒီမြို့မှာ အာဏာရှိတဲ့ ခြံပိုင်ရှင်ကြီးတစ်ယောက်ဖြစ်ပြီး အရမ်းလည်းလောဘကြီးပါတယ် ဒတ်စ်တာရဲ့လူတွေ ဘောစ့်ရဲ့ တိရစ္ဆာန်အုပ်ကို ပြဿနာလာရှာချိန်မှာ ဘာတွေဆက်ဖြစ်ကြမှာလဲ ဒီမြို့ကနေရော အဆင်ပြေပြေထွက်သွားနိုင်မှာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တဲ့အပြင် ရှုခင်းလှလှလေးတွေနဲ့ ...
movie
Open Range (2003)
6.0
100 Rifles (1969)
လိုင်ဒက်ကာဆိုတဲ့ လူတစ်ယောက်ဟာ အရီဇိုးနားက ဘဏ်ကို ဖောက်သွားတဲ့ ဘဏ်ဓားပြတစ်ယောက်ကို ဖမ်းဖို့လုပ်ရင်း မြို့တစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အဲ့မြို့မှာ လိုက်စုံစမ်းရင်း ဘဏ်ဓားပြကို တွေ့ခဲ့ပေမဲ့ သူဖမ်းလို့ မရခဲ့ပါဘူး။ ဘဏ်ဓားပြက အဲ့မြို့မှာလည်း နောက်ပြသနာတစ်ခု ရှာလိုက်တာကြောင့်ပါ။ သူကရော အဲ့ပြသနာကြားထဲမှာ ဘယ်လို ရောပါသွားမလဲ။ သူနဲ့ ဘဏ်ဓားပြဆိုတဲ့လူကြားထဲမှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ အဲ့မြို့က ဗိုလ်ချုပ်က ရိုင်ဖယ် အလက် ၁၀၀ကို တွေ့တဲ့အခါမှာရော ဘယ်လိုတွေထပ်ပြီး ပြသနာတက်ဦးမလဲ။ သူတို့နဲ့ အဲ့ရိုင်ဖယ်တွေက ဘယ်လို ဆက်စပ်နေလဲ စတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ 1969ခုနှစ်တုန်းက ထုတ်လွှတ်ခဲ့တာ ဖြစ်ပြီး IMDB rating 6အထိရထားတဲ့ Western/Drama ဇာတ်ကား တစ်ခုပဲ ဖြစ်ပါတယ်။ File size…(2.9 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Western, Adventure, ...
movie
100 Rifles (1969)
6.2
Sweetwater (2013)
Genre – Thriller, Western IMDB – 6.2/10အမေရိကန် ၁၈၀၀ နှောင်းပိုင်း ကောင်းဘွိုင်ခေတ်မှာဇာတ်အိမ်တည်ထားပါတယ်။လှပပြီး ပြည်တန်ဆာဖြစ်ခဲ့ဖူးတဲ့ ဆာရာဟာခင်ပွန်းဖြစ်သူနဲ့ ဘဝသစ်ကိုနယူးမက်ဆီကိုနယ်မြေမှာ လာပြီး ထူထောင်လျက်ရှိပါတယ်။သူတို့နဲ့ အိမ်နီးချင်းလို့ ပြောရမယ့်လူကတော့ ဘာသာရေးအစွန်းရောက်နေတဲ့ဘုန်းကြီးတစ်ပါး ဖြစ်ပြီး မိန်းမတွေတို့ တပည့်တွေတို့နဲ့အတူတူနေပြီး သိုးမွေးထားတာလည်း ဖြစ်ပါတယ်။ဘာသာရေးသမားဆိုပေမဲ့ နောက်ကွယ်မှာကဒုစရိုက်သမားသာသာ ဖြစ်ပြီး သူ့ ခြံထဲကို ကျူးကျော်တဲ့နှစ်ယောက်ဆိုလည်းသတ်ပစ်တဲ့ထိလုပ်တတ်တဲ့ ရူူးနှမ်းနှမ်း ဘုန်းကြီးလိုမျိုးပါ။အဲဒီအချိန်မှာ ဒီအသတ်ခံလိုက်ရတဲ့ လူနှစ်ယောက်ကို လာရှာတဲ့ထူးဆန်းတဲ့ရဲမှူးတစ်ယောက်လည်း ရောက်လာတယ်။ဆာရာရဲ့ ယောက်ျားကလည်း သူ့ စိုက်ခင်းတွေကိုဘုန်းကြီးရဲ့ သိုးက စားတယ်ဆိုပြီး သွားပြဿနာရှာတဲ့အချိန်လူဆိုးသာသာ ဘုန်းကြီးနဲ့ ဘာတွေဖြစ်ကြမလဲ။ဆာရာကလည်း ဘယ်လိုဖြစ်လာမလဲ။ဘုန်းကြီးနဲ့ ရဲမှူးလည်း ထိပ်တိုက်တွေ့ကြမလားဆိုပြီး ကြည့်ရှုရမှာပါ။မင်းသမီးနေရာကတော့ X-Men First Class တို့ Unknown တို့ထဲမှာပါဝင်ဖူးတဲ့ January Jones ဖြစ်ပြီး ရဲမှူးနေရာကဗီလိန်အဖြစ် မကြာခဏ သရုပ်ဆောင်လေ့ရှိတဲ့ Ed Harris ရယ်ဘုန်းတော်ကြီးနေရာမှာ ...
movie
Sweetwater (2013)
2013
5.2
Bad Girls (1994)
ဒီတစ်ခါတော့ 1994 က action, adventure ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ် လီလီ, အနီတာ, အယ်လီနဲ့ ကိုဒီဆိုတဲ့ သူငယ်ချင်းယောက်ဟာ ပြည့်တန်ဆာအိမ်မှာအလုပ်လုပ်ကြတယ် တစ်ရက်မှာတော့ လီလီအပေါ်ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့ ကာနယ်တစ်ဦးကို ကိုဒီဟာ ပစ်သတ်လိုက်ပါတော့တယ် အဲ့ဒီအချိန်ကစပြီး သူတို့ဟာ လိုက်ဖမ်းတဲ့သူတွေဆီက ရှောင်ပုန်းပြီး စွန့်စားခန်းထွက်ကြပါတော့တယ် သူတို့ ဒီအမှူကနေ လွတ်သွားမှာလား သူတို့စွန့်စားခန်းကရော ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာတော့ စောင့်ကြည့်လိုက်ကြပါဦးခင်ဗျာ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Western, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
Bad Girls (1994)
Cabin Girl (2023)
ပုံမှန်သရဲကားတွေလိုမဟုတ်ဘဲပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ horror thriller film လေးဖြစ်ပါတယ်... အေဗာရော်ဘင်ဆိုတဲ့ကောင်မလေးကကားနဲ့ခရီးတွေသွားရင်းဘလော့ဂ်ရိုက်ရတာကိုဝါသနာပါတဲ့ဘလော့ဂါလေးပါ တစ်နေ့မှာတော့သူကားအက်စီးဒင့်ဖြစ်ပြီးခရီးမသွားတော့ဘဲမြို့ငယ်လေးတစ်မြို့မှာအခြေချဖို့ဆုံးဖြတ်လိုက်ပါတော့တယ် မြို့စွန်ကသစ်သားအိမ်လေးကိုဝယ်ခဲ့ပေမဲ့ ဖြစ်ချင်တော့အရင်ကသတ်သေသွားဖူးတဲ့ဟန်နာဆိုတဲ့ကောင်မလေးတစ်ယောက်နေသွားတဲ့အိမ်ဖြစ်နေပြီး အေဗာကတော့အိမ်ထဲမှာလည်းသရဲမကိုခနခနတွေ့နေရတာကြောင့်အဲ့အကြောင်းကိုအရမ်းစိတ်ဝင်စားသွားခဲ့ပါတယ် အေဗာတစ်ယောက် ဟန်နာရဲ့အမှုအကြောင်းကိုလိုက်စုံစမ်းရင်းဘလော့တွေရိုက်ရင်းနဲ့ဘာတွေရှာတွေ့သွားမလဲ အိမ်မှာရှိနေတဲ့သရဲကရောတကယ်ဟန်နာဟုတ်ရဲ့လား သူအေဗာ့ဆီကဘာတွေလိုချင်နေတာလဲဆိုတာကိုကြည့်ရှုရမှာပါ ။ File size…(828 MB) Quality….Webrip 720p Format…mp4 Duration….01:28:00 Genre...Western, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Cabin Girl (2023)
Ghost Town (2023)
"Ghost town" ဆိုတဲ့နာမည်နဲ့ဇာတ်ကားတွေအများကြီးရှိတဲ့အထဲကမှဒီဇာတ်ကားကတော့ horror သိပ်မဆန်တဲ့ horror/thriller အမျိုးအစားဖြစ်ပြီး ကြောက်စရာထက်ဆန်းကျယ်တာတွေပြည့်နေတဲ့ဇာတ်ကားတစ်ကားပါ ဆိုလိုမွန်မီလာဆိုတဲ့လူတစ်ယောက်ဟာ ခရီးသွားရင်းလူသူသိပ်မရှိတဲ့ခြောက်ကပ်ကပ်မြို့လေးတစ်မြို့ကိုရောက်လာခဲ့ပါတယ် အဲဒီမြို့လေးကအရက်ဘားမှာစားပွဲထိုးအဖြစ်လုပ်ကိုင်ရင်းအားလုံးကတစ်နေ့ထက်တစ်နေ့ထူးဆန်းသထက်ထူးဆန်းလာပါတော့တယ် ဆိုလိုမွန်တစ်ယောက်အဲဒီမြို့လေးမှာလူတွေနဲ့သင့်မြတ်အောင်နေထိုင်ရင်းဘာလို့ထူးဆန်းတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်နေရလဲဆိုတာကိုအဖြေရှာမရဖြစ်နေပါတော့တယ် အဲဒီမြို့ကဘာလို့ထူးဆန်းနေရတာလဲ တကယ်တမ်းမြို့ရဲ့သရုပ်မှန်ကရောဘာလဲ ဆိုတာကိုဆန်းကျယ်မှုတွေအများကြီးနဲ့ကြည့်ရှုရမှာပါ File size…(1.4 GB)/(688 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Western, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Ghost Town (2023)
Homestead (2023)
အခုပရိတ်သတ်ကြီးအတွက် american western thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းအကျဉ်းချုပ်ကတော့... အိုင်ရင်း သူ့အစ်ကိုနဲ့ သူ့အမေတို့ဟာ သူတို့အတိတ်မှာဆိုးရွားတဲ့ကံကြမ္မာတစ်ခုကိုရင်ဆိုင်ပြီးတဲ့နောက်မှာတော့ သူ့အဖေနဲ့အတူတူ လက်ရှိသာယာတဲ့ခြံလေးမှာ နေထိုင်နေပါတယ် အိုင်ရင်းဟာ သွက်သွက်လက်လက်နဲ့ လူတွေအပေါ်မှာ သိပ်ပြီးယုံကြည်တတ်တဲ့သူမဟုတ်ပါဘူး တစ်နေ့မှာတော့ သူတို့ခြံလေးကို ရထားလမ်းဖောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး လူစိမ်းတစ်ယောက် ရောက်လာခဲ့ပါတယ် သူတို့ခြံဝင်းတစ်ဝိုက်ကို လှည့်လည်စစ်ဆေးခွင့်တောင်းလိုက်ပြီး နောက်ကျသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့အိမ်မှာတည်းခိုဖို့ဖြစ်လာတဲ့ သူစိမ်းယောက်ျားကို အိုင်ရင်းကတော့ သင်္ကာမကင်းဖြစ်နေခဲ့ပေမဲ့ သူ့အမေကတော့ လှိုက်လှိုက်လဲလဲကို ကြိုဆိုနေခဲ့တာပါ.. အဲဒီသူစိမ်းယောက်ျားဟာ မိသားစုအပေါ်ကိုဂရုစိုက်တတ်ပြီး ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းချင်နေတဲ့ သူ့ရဲ့ဖခင်ရဲ့အတိတ်ကအရိပ်ဆိုးကြီးဖြစ်နေမှန်း အိုင်ရင်းတို့သိလိုက်ရတဲ့အခါမှာတော့ သူတို့အဲဒီနေ့ညမှာ ဘယ်လိုဖြစ်ရပ်ဆိုးတွေကိုကြုံတွေ့ရမှာလဲ...သွက်လက်ချက်ချာပြီး ငြိမ်ခံမနေတတ်တဲ့ အိုင်ရင်းတစ်ယောက် ဒီအခြေအနေဆိုးကြီးကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းထွက်သွားမလဲဆိုတာကို ဒီဇာတ်လမ်းမှာကြည့်ရှူရမှာပါ။ File size…(1 GB)/(440 GB)/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:20:00 Genre...Horror, Thriller, Western Subtitle….Myanmar ...
movie
Homestead (2023)
5.5
Surrounded (2023)
IMDb rating - 5.5/10 လွတ်လပ်တယ်ဆိုတာကို ပရိတ်သတ်ကြီးတို့ ဘယ်လိုခံယူထားပါသလဲ။ဒီရုပ်ရှင်မှာတော့ လူမည်းအမျိုးသမီးတစ်ယောက် ခံယူထားတဲ့ လွတ်လပ်ခြင်းရဲ့အနှစ်သာရကို ထိထိမိမိရိုက်ကူးတင်ဆက်ပြသထားပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... Mo Washington က လွတ်လပ်ခွင့်ရထားတဲ့ အမျိုးသမီးတစ်ဦးပါ။ အမေရိက civil war ဖြစ်ပြိးကတည်းက သူလွတ်မြောက်နေတာ ၅ နှစ်တာရှိပြီဆိုပေမဲ့ ဦးတည်ရာမဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ တစ်နေ့တော့ ကော်ရိုရာဒိုမှာ မြေပိုင်ဆိုင်ခွင့် သူမမှာရရှိခဲ့ပါတယ်။ ဒီတော့ သူမရဲ့မျိုးနွယ်စုအတွက် ခိုနားရာနေရာတစ်ခုအဖြစ် ဖန်တီးပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယောက်ျားလေးအသွင်ယူပြီး ကော်ရိုရာဒိုကိုသွားမယ့် လှည်းနဲ့လိုက်ပါလာခဲ့ေပမဲ့ အဲဒီလှည်းက လမ်းမှာ အတိုက်ခိုက်ခံလိုက်ရတဲ့အခါမှာ ဘဏ်ဓားပြကြီး Tom Walsh ...အလိုရှိဆုံးတရားခံအဖြစ်သတ်မှတ်ခံထားရတဲ့သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ အမျိုးသမီးတစ်ယောက်က သူကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကြားကနေ ဘယ်လိုအောင်အောင်မြင်မြင် ရုန်းထွက်သွားမလဲဆိုတာကို ဒီကြည့်ရှူခံစားရမှာပါ။ File size…(1.3 GB)/(790 MB)/(370 Mb) Quality….Webrip 1080p / 720p ...
movie
Surrounded (2023)
Hell on the Border (2019)
ဒီဇာတ်လမ်းကတော့ အမရေိကန်ပြည်ထောင်စုအနောက်ပိုင်းမှာ ပထမဦးဆုံးလူမည်းမာရှယ်ဖြစ်လာတဲ့ ဘက်စ်ရိဗ့်ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဘက်စ်ရိ့ဗ်တစ်ယောက် မာရှယ်တစ်ဦးရဲ့လက်ထောက်လုပ်နေရာမှ တစ်ရက်တော့တရားသူကြီးမင်းကို လုပ်ကြံရန်ကြိုးစားနေသူတွေလက်ထဲမှ ကယ်တင်လိုက်ပြီးနောက် ရာထူးတိုးဖို့အကြောင်းဖန်လာပါတော့တယ်။ သို့သော် ထိုခေတ်အခါက လူဖြူလူမဲခွဲခြားမှုကိုတွန်းလှန်နေဆဲကာလဖြစ်သည့်အလျောက် ဘက်စ်ရိဗ့်အား ရာထူးတိုးပေးဖို့ကိုဝိုင်းကန့်ကွက်ကြပါတော့တယ်။ အကြောင်းတိုက်ဆိုင်စွာနှင့်ပဲ ထိုသို့ငြင်းခုံနေစဉ်နာမည်ကျော်လူဆိုးကြီးတစ်ဦးမှ အသိပေးချက်တစ်ခုပို့လိုက်သောအခါ ဘက်စ်ရိဗ့်တစ်ယောက် မိမိရာထူးနှင့်ထိုက်တန်ကြောင်းသက်သေပြဖို့ အတွက်စွန့်စားခန်းစတင်ပါတော့တယ်။ ဘက်စ်ရိဗ့်နှင့်အတူ တရားစီရင်ဖို့စောင့်နေတဲ့အကျဉ်းသားတစ်ဦးကလည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရန် အပေးအယူလုပ်ပြီးလိုက်ပါလာခဲ့ပါတယ်။ နာမည်ကျော်လူဆိုးကြီးကို ဖမ်းရန်လမ်းတစ်လျောက်အခက်အခဲများနဲ့စွန့်စားခန်းများကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.7 GB)/(1.1 GB)/(560 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Western, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Hell on the Border (2019)
5.5
The Warrant: Breaker’s Law (2023)
MDB 5.5/10 April 18ရက်နေ့ကမှ စတင်ထွက်ရှိလာခဲ့တဲ့ ဒီကားဟာဆိုရင်ဖြင့် အက်ရှင် costume drama အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေကတော့ Dermot Mulroney, Neal McDonough, Bruce Boxleitner, Amy Hargreavesတို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဓိက ဇာတ်ဆောင်ဖြစ်သူ ဂျွန်ဘရိတ်ကာက သူ့ဖမ်းမိထားတဲ့ ဒက်ဒ်အိုင်းဆိုတဲ့ လူကို နိုင်ငံကိုဖြတ်ပြီး ပို့ပေးရမှာဖြစ်တယ်။ဒါပေမယ့်အဲ့မြို့ကလေးကိုရောက်သွားတဲ့အခါမှာ အဲ့မြို့မှာ သောင်းကျန်း ဆူပူပြီး မြို့ထဲက ရှိသမျှ လူတိုင်းကို သတ်ဖြတ်ရမ်းကားနေတဲ့ ဂိုဏ်းတစ်ခိုင်းကို သူတို့ကနေပြီးတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ကာကွယ်သွားမလဲဆိုတာကိုရိုက်ပြသွားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန် ကောင်းဘွိုင်းခေတ်မှာ ဇာတ်အိမ်တည်ထားတာမို့ အဲ့ခေတ်ကဇာတ်လမ်းကို ကြည့်ရတာကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့ဆို အရမ်းကိုနှစ်သက်မှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(930 MB)/(470 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Thriller, Western Subtitle….Myanmar Subtitle ...
movie
The Warrant: Breaker’s Law (2023)
5.1
Organ Trail (2023)
Drama/Thriller/Western IMDb – 5.3/10 ဒီဇာတ်လမ်းရဲ့ ပိုစတာကိုမြင်လိုက်တာနဲ့ သွေးသံတရဲရဲနဲ့ ကြောက်ဖို့ကောင်းတဲ့ခံစားချက်ဝင်မိမှာပါ ဒါပေမဲ့ ဒီဇာတ်ကားက သာမန် horror movie တွေလိုမျိုးမဟုတ်ဘဲနဲ့ ပရိတ်သတ်ကြီးကို ဇာတ်လမ်းအစကနေ အဆုံးအထိ ဇာတ်ရှိန်တဖြည်းဖြည်းတက်သွားပြီး စိတ်ဝင်စားအောင် ဖမ်းစားသွားနိုင်တဲ့ thriller ဆန်ဆန် ဇာတ်ကားကောင်းတစ်ခုပါ။အကြမ်းဖက်မှုတွေ လက်တုံ့ပြန်မှုတွေကို အနောက်ပိုင်းစတိုင် horror ဆန်ဆန်ရိုက်ကူးထားပြီးတော့ ဒီဇာတ်လမ်းကိုတော့ ၁၈၀၀ ပြည့်နှစ်တွေတုန်းက အော်ရီဂွန်ချိုင့်ဝှမ်းနဲ့ မစ်ဆူရီမြစ်ကို ဆက်သွယ်ပေးတဲ့ လှည်းလမ်းကြောင်းဖြစ်တဲ့ Orgeon Trail ကိုအခြေတည်ပြီး ဒါရိုက်တာက နာမည်ပေးခဲ့တာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... အက်ဘီဂေးလ်တို့မိသားစုလေးယောက် မုန်တိုင်းဒဏ်ကိုဖြတ်ကျော်ပြီး Orgeon Trail ကိုဖြတ်သွားတော့မယ်အချိန်မှာ သူတို့မိသားစုအတွက် ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကြီးတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။အဲဒါကတော့ အက်ဘီဂေးလ်ရဲ့အဖေက သူ့အစ်ကိုနဲ့ အမဲလိုက်ထွက်နေရင်း ဒဏ်ရာရအမျိုးသမီးတစ်ယောက်ကို ကယ်ဆယ်ခဲ့တာပါ။သူ့အဖေတို့ ဒဏ်ရာရာအမျိုးသမီးကို ကယ်ဆယ်ပေးပြီး သူတို့ယာယီစခန်းအထိ ခေါ်လာခဲ့တဲ့အချိန်မှာတော့ အက်ဘီဂေးလ်တို့ဆီကို ဘယ်လိုဒုက္ခမျိုးတွေယူဆောင်လာမှာလဲ...အက်ဘီဂေးလ်တို့ ...
movie
Organ Trail (2023)
6.9
Ravenous (1999)
ဗိုလ်ကြီး ဂျွန်ဘွိုက်က အမေရိကန်မက္ကဆီကန် စစ်ပွဲမှာ တစ်ကိုယ်တည်းရန်သူရဲ့စခန်းကို သိမ်းနိုင်ခဲ့တယ်။ အထက်အရာရှိများက အဖြစ်မှန်ကိုသိရှိသွားသောအခါ ဗိုလ်ကြီးဘွိုက်ကို ရာထူးအတိုးပြပြီးဖောဒ့်စပန်ဆာကို အပြစ်ဒဏ်အနေနဲ့လွှတ်လိုက်ပါတယ်။ ဖောဒ့်စပန်ဆာမှာ တာဝန်ထမ်းဆောင်နေစဉ် ငတ်ပြတ်ပြီးရောက်လာသော ကိုလ်ဟွန်းဟုခေါ်သည့်လူစိမ်းတစ်ယောက်က ဖြစ်ကြောင်းကုန်စဉ်ကိုရှင်းပြသောအခါ ဂူထဲမှာငတ်ပြတ်ကြသဖြင့် လူသားစားကြသည့်အကြောင်းကို သိခဲ့ရသည်။ အဖွဲ့သားအချင်းချင်းသတ်ဖြတ်ရာမှ နောက်ဆုံးသုံးယောက်ကျန်ခဲ့သည့်အချိန်တွင် အသတ်ခံရမှာကြောက်သဖြင့်ကိုလ်ဟွန်းက ထွက်ပြေးလာခဲ့ကြောင်း ဂူထဲမှာကျန်ရစ်ခဲ့သူရှိကြောင်းပြောသဖြင့် ဗိုလ်ကြီးဘွိုက်တို့အဖွဲ့က ကယ်ဆယ်ရန်သွားကြလေသည်။ကယ်ဆယ်ရန်သွားရင်းမှ အဖြစ်မှန်ကိုသိရှိတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ။ လူသားစားသုံးတဲ့သူတွေမှာ ဘယ်လိုမျိုးတွေဖြစ်လာကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Horror, Western, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Ravenous (1999)
Two Sinners and a Mule (2023)
Two Sinners and a Mule (2023)Western ကား အသစ်ကို ငတ်မွတ်နေတဲ့လူတွေအတွက် Western အက်ရှင် ဟာသ ဒရာမာကားလေးပါ။ အသစ်ကြပ်ချွတ်ကြည့်ရမယ့် ကားပေါ့။ကြမ်းတမ်းသွေ့ခြောက်လှတဲ့ Western အငွေ့အသက်ကိုမှ ပြည့်တန်ဆာတွေရဲ့ ဘဝနဲ့အဖြစ်အပျက်တွေရောပြီး ဟာသတွေနှောပေးထားတယ်။ ဇာတ်ကတော့ ဒီလိုဗျာ။ မြို့တစ်မြို့မှာ မိန်းမရွှင်နှစ်ယောက်ရှိတယ်။ နှစ်ကောင်သားက တစ်မြို့လုံးက ယောက်ျားတွေရဲ့ အကြိုက်ဖြစ်နေတော့ မိန်းမတွေက ဆန္ဒပြပြီး နှင်ထုတ်ခိုင်းရော။ ဒါကိုမှ မြို့ဝန်ရဲ့ခုံအောက်ကထွက်လာပြီး ပြဿနာထပ်ရှာလိုက်တော့ သူတို့နှစ်ယောက် နှင်ထုတ်ခံလိုက်ရတယ်။ ဒီလိုနဲ့ နောက်တစ်မြို့ကူးဖို့ အသွား ကန္တာပြင်ကို ဖြတ်သန်းဖို့အကြောင်းဖန်လာတယ်။ အဲဒီကန္တာရထဲမှာ နာမည်ကြီးလူဆိုးဂိုဏ်းတစ်ခုရှိတယ်။ ဆုကြေးဒေါ်လာ၂ထောင်အထိထုတ်ထားရတဲ့ နာမည်ကြီးလူဆိုးတစ်ကောင် ကျက်စားတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက် ဖြတ်လာရင်း လမ်းခုလတ်မှာ သေနတ်ကျည်ဗရပွမှန်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲဒီလူကိုကယ်ရင်းမှ အဲဒီလူက ခုနနာမည်ကြီးလူဆိုးကို လိုက်နေတဲ့ ဆုကြေးစားမုဆိုးမှန်းသိလိုက်ရတယ်။ ဒီတော့ မိန်းမရွှင်ဘဝက လွတ်ချင်တဲ့ ...
movie
Two Sinners and a Mule (2023)
2023
4.1
Anglerfish
Anglerfish (2023) =============ခရစ်ယာန်သမ္မာကျမ်းစာအရ ၁၉၀၆ ခုနှစ်က ကမ္ဘာပျက်ကိန်း ရှိတဲ့နှစ်ပါ။ ကမ္ဘာပျက်တော့မှာမို့ တိရစ္ဆာန်တွေ စတင်ပျက်စီး လာကြပြီး အဆက်မပြတ်သေဆုံးမှုတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် လူသူမရှိတဲ့တောထဲမှာ ထူးဆန်းတဲ့ လင်မယား နှစ်ယောက် နေထိုင်နေကြပါတယ်။ တစ်ရက်မှာတော့ ဇနီး ဖြစ်သူက လမ်းလျှောက်ထွက်လာရင်း မြစ်ကမ်းနံဘေးမှာ အလောင်းတစ်လောင်းကို မြှုပ်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့မိခဲ့တယ်။အဆိုပါ အမျိုးသမီးမြှုပ်နေတဲ့အလောင်းက ယောက်ျားဖြစ် သူရဲ့အလောင်းဖြစ်ပြီး ဒီနေရာကနေ ထွက်သွားဖို့ပဲ တတွတ် တွတ်ဆိုလာခဲ့ပါတော့တယ်။ သူတို့တွေ ကမ္ဘာသစ်ဆီ ရောက် သွားနိုင်မလား၊ ပျက်စီးတော့မဲ့ကမ္ဘာထဲမှာပဲ ပိတ်မိနေခဲ့မလား ဆိုတာကတော့........(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.3 GB) / (425 MB) / (269 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Western Translator.......May Thet Khine Soe Encoder..........SWM
movie
Anglerfish
2022
Almost Heroes (1998)
Imdb 5.7/10 rotten tomatoes 5% ဒီရုပ်ရှင်ကတော့ ၁၉၉၈ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ comedy adventure အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လက်စလီအက်ဒ်ဝေါ့ဒ်နဲ့ ဘာသိုလိုမြူး ဆိုတဲ့လူနှစ်ယောက်ရဲ့အမေရိကန်အရှေ့ဘက်ကနေ အနောက်ဘက် ပစီဖိတ်ကိုရောက်အောင် စွန့်စားသွားကြတာကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့အရာတော်တော်များများကလည်း စိတ်ဝင်စားစရာကောင်းတဲ့အပြင် အရမ်းကိုရယ်ရတဲ့အတွက် comedy ကြိုက်တဲ့လူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ Chris Farley မသေဆုံးခင်ရိုက်ကူးခဲတဲ့ ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဇာတ်အိမ်ထက် ဟာသကို ပိုပြီးဦးစားပေးထားတာမို့ ဟာသကြိုက်တဲ့လူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်File size…(1.6 GB)/(1.3 GB)/(650 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Adventure, Western, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phil
movie
Almost Heroes (1998)
1
2
3
4
Next