Channel Myanmar

Western

Young Guns (1988) 6.8
Young Guns (1988) Young Guns (1988)ကြမ်းကြမ်းရမ်းရမ်း ကောင်းဘွိုင်ကား အနောက်ပိုင်းကား ကြိုက်တဲ့လူတွေအတွက် အလန်းစားရုပ်ရှင်လို့ ပြောလို့ရပါတယ်။ Billy the Kid လို့ခေါ်တဲ့ နာမည်ကြီး ဝရမ်းပြေး သေနတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို ပုံစံသစ်နဲ့ ပြန်ပြောင်းပြောပြထားတဲ့ ဇာတ်လမ်းလည်းဟုတ်တယ်။ သူက အသက် ၂၁ မှာသေသွားပေမဲ့ သူမသေခင် ခပ်ငယ်ငယ်မှာတင် လူ ၂၁ ယောက်ကို သတ်ခဲ့တယ်လို့ တစ်ချို့ကပြောကြတယ်။ နယူးမက္ကစီကိုမှာဖြစ်ခဲ့တဲ့ လင်ကွန်းကောင်တီဝါးကိစ္စမှာလည်း လူသုံးယောက်သတ်ခဲ့တယ်ပြောကြတယ်။ ဒီကားကလည်း အဲဒီလင်ကွန်းကောင်တီဝါးမှာဖြစ်ခဲ့တဲ့ကိစ္စကိုပဲ ရိုက်ပြထားတာ။ Young Guns ဟာ Billy the Kid အကြောင်းရိုက်ထားတဲ့အထဲက သမိုင်းအချက်အလက်နဲ့ အကိုက်ဆုံးရုပ်ရှင်လို့လည်း ပြောကြတယ်။ ကားနာမည်နဲ့လိုက်အောင်ပဲ ဒီကားထဲက သေနတ်သမားတွေအကုန်လုံးဟာ အသက် ၂၀ အောက် ဖိုက်တာတွေချည်းပါပဲ။ ဒီရုပ်ရှင်က ၂ထွက်ထားသလို ၃လည်းလာဖို့ရှိပါတယ်။၁၈၇၈ နယူးမက္ကစီကိုမှာ ဂျွန်လို့ခေါ်တဲ့လူက လမ်းဘေးက အလေနတောသေနတ်သမားလေးတွေကိုခေါ် ...
movie

Young Guns (1988)

1988
Mysterious Circumstance: The Death of Meriwether Lewis(2022)
Mysterious Circumstance: The Death of Meriwether Lewis(2022)   1800ခုနှစ်ကျော်က အမေရိကန်နာမည်ကျော် Lewis and Clarke Expedition က နယ်မြေရှာဖွေသူ Meriwether Lewis ရဲ့ဆန်းကြယ်တဲ့သေဆုံးမှုအကြောင်းကိုရိုက်ကူးထားတာပါ။ Lewis ဟာပြည်နယ်အုပ်ချုပ်ရေးမှုးအဖြစ်နဲ့အပေါင်းအပါတွေနဲ့ အစိုးရအလုပ်ခရီးစဉ်အတွင်းမှာပဲ တည်းခိုခန်းတစ်ခုမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးသွားပါတယ်။ Lewis သေဆုံးမှုကို ကိုယ့်ကိုယ်ကိုသတ်သေမှုလို့ ကောက်ချက်ချခဲ့ပေမယ့် တွေ့ရတဲ့ဒဏ်ရာနဲ့မကိုက်ညီပါဘူး။ နောက်နှစ်နှစ်အကြာမှာLewis ရဲ့မိတ်ဆွေတစ်ဦးက ဖြစ်ရပ်မှန်ကိုစုံစမ်းဖို့ အခင်းဖြစ်ရာတည်းခိုခန်းကိုရောက်ရှိလာပြီး သက်သေဖြစ်တဲ့ပိုင်ရှင်လင်မယားနှစ်ယောက်ကိုစုံစမ်းရာကနေ Meriwether Lewis ရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုးအမှုလား ဖုံးကွယ်ထားတာတွေရှိလား.. အမေရိကန်သမိုင်းကြောင်းစိတ်၀င်စားရင် ကြိုက်မယ့်ကားလေးပါ။ နှစ်ပေါင်းများစွာ သမိုင်းပညာရှင်တွေ အဖြေရှာမရတဲ့အမှုကို ရိုက်ကူးပြထားပါတယ်။File size…(2.18GB)  / (906B) /528MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...Mystery / Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  SP
movie

Mysterious Circumstance: The Death of Meriwether Lewis(2022)

The Old Way (2023) 5.4
The Old Way (2023) မင်းသားကြီး Nicolas Cage ရဲ့အသစ်ထွက်ရှိလာတဲ့ကောင်းဘွိုင်ကားလေးပါ။ လက်မရွံ့လူသတ်သမားကြီး Colton Briggs ဟာကြေးစားတစ်ယောက်အနေနဲ့ အသက်မွေးပြီး လူတွေအများကြီးကို သွေးအေးအေးနဲ့သတ်ဖြတ်ခဲ့ပါတယ်။ နှစ်တွေကြာအပြီးမှာတော့ Colton လည်းအချစ်ကိုရှာတွေ့ပြီး မိန်းမတစ်ယောက်နဲ့အိမ်ထောင်ကျကာ ကြေးစားဘ၀ကိုစွန့်လွှတ်လိုက်ပါတယ်။ စတိုးဆိုင်အသစ်ဖွင့်ပြီး သမီးလေးတစ်ယောက်နဲ့မိသားစုတစ်ခု ပျော်ရွှင်စွာနေရာကနေ တစ်နေ့မှာတော့ Colton ရဲ့အတိတ်ကအရိပ်မည်းကြီးက လာခြောက်ပါတော့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က Colton သတ်ခဲ့တဲ့လူရဲ့သားဖြစ်သူက လက်စားချေဖို့ အိမ်ရှေ့၀ကိုရောက်လာတဲ့အခါ...File size…(1.58GB)  / (`833.2MB) / (400.15MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre...  Action / Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Old Way (2023)

Heart of the Gun  (2021) 5.1
Heart of the Gun (2021) Heart of the Gun (2021) =================ဂျက်ထရီဗာဆိုတဲ့ အမေရိကန်တပ်သားတစ်ယောက်က သူ့မိန်းမကိုရှာဖွေဖို့ တပ်ပြေးလုပ်ခဲ့ပါတယ်။ ဘယ်လောက် တောင်စိတ်နာလဲဆိုရင် တွေ့တာနဲ့သတ်ပစ်မယ်ဆိုပြီး ကြိမ်း ဝါးထားပါသေးတယ်။ ဒီလိုနဲ့ အချိန်တော်တော်ကြာအောင် ရှာဖွေပြီးတဲ့နောက်မှာ လူအုပ်စုလိုက်ကြီး အသတ်ခံရတဲ့စခန်း ဆီ ရောက်သွားပါတော့တယ်။ဆာရာ.. မသေဘဲနဲ့ကျန်ခဲ့တဲ့မိန်းကလေး... မျက်နှာမှာတော့ ဓါးခြစ်ရာတွေကြောင့် ဒဏ်ရာရနေခဲ့တဲ့သူ။ ထရီဗာက ဆာရာ ကိုကယ်တင်ပေးခဲ့ပြီးတော့ နှစ်ယောက်အတူတူ အနောက်ပိုင်း ကို ခရီးဆက်ခဲ့ပါတယ်။ ဆာရာကလည်း သူ့နေရာသူပြန်မယ်၊ ထရီဗာကလည်း ရှာစရာရှိတာရှာမယ်ပေါ့။မထင်မှတ်ဘဲ သူတို့နှစ်ယောက်ရဲ့ပန်းတိုင်ကိုမရောက်ခင် ပြဿနာ တွေက သူတို့ကိုအရင်လာရှာနေပါပြီ။ မသေဘဲကျန်ခဲ့တဲ့ ဆာရာ နောက်ကို အင်ဒီးယန်းတွေလိုက်လာပြီးတော့ ထရီဗာနောက်ကို လည်း တပ်ဘက်ကလိုက်လာခဲ့ပါတယ်။ ပြဿနာတွေတန်းစီနေပြီး တော့ ထရီဗာတစ်ယောက် ဆာရာကိုစောင့်ရှောက်နိုင်ပါ့မလား၊ သူရှာနေတဲ့ သူအမျိုးသမီးနဲ့တွေ့နိုင်ပါ့မလားဆိုတာကိုတော့ ဒီ ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.2 GB) / (429 MB) / (285 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 34Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Jo Jo Va Encoder..........SWM
movie

Heart of the Gun (2021)

2021
The Last Manhunt (2022) 4.2
The Last Manhunt (2022) 1909 ခုနစ်က အမေရိကန်ဖြစ်ရပ်မှန် လူဖမ်းပွဲအကြောင်းကိုရိုက်ပြထားတာပါ။ Cowboy ကားတွေမှာပါလေ့ရှိတဲ့အတိုင်း ပြည်သူထဲစေတနာ့၀န်ထမ်းတွေကို Sheriff တစ်ယောက်ကဦးစီးပြီး လူဆိုးဖမ်းတဲ့စနစ်ကိုနောက်ဆုံးကျင့်သုံးခဲ့တဲ့အမှုပါ။ Willie Boy ဟာ Native American တစ်ယောက်ဖြစ်ပြီး Carlota ဆိုတဲ့သူ့ချစ်သူကိုခိုးပြေးပါတယ်။ ကောင်မလေးရဲ့ဖခင်ဖြစ်သူ က သဘောမတူဘဲပိတ်ပင်လို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး Willie Boy ဟာမတော်တဆ သူ့ချစ်သူရဲ့ဖခင်ကိုသတ်လိုက်မိပါတယ်။ ထွက်ပြေးသွားတဲ့Willie Boy တို့စုံတွဲကို လိုက်ဖမ်းဖို့ Sheriff Frank Wilson လည်း လူစုပြီး ခြေရာခံဖို့ကြိုးစားရာက‌နေ ပြင်ပပယောဂတွေကြောင့် အခြေအနေကပိုရှုပ်ထွေးလာရပါတယ်။ နာမည်ကျော်မင်းသားကြီး Jason Mamoa ကိုယ်တိုင်ပူးတွဲရေးသားပြီး ပါ၀င်သရုပ်ဆောင်ထားပါတယ်။ အရည်အချင်းရှိတဲ့ Native American သရုပ်ဆောင်များစွာလည်း ပါ၀င်ထားတဲ့ Western ကားလေးပါ။ File size…(1.96GB)  / (1.01GB) / (493MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre...Western Subtitle….Myanmar ...
movie

The Last Manhunt (2022)

Dead for a Dollar (2022) 4.9
Dead for a Dollar (2022) Dead for a Dollar (2022)Christoph Waltz နဲ့ Willem Dafoe တို့လို Legend ကြီး ၂ယောက်ကို တွဲမြင်ရမယ့် Western ကားလေးပါ။ Western Thriller ကားမို့ Western ကား ကြိုက်တဲ့လူတွေ အကြိုက်တွေ့ကြမှာပါ။ 79 ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာလည်း ပြခဲ့ပါသေးတယ်။Waltz က အလိုရှိလူဆိုးတွေကို ဖမ်းပြီး သတ်ပြီး ဆုကြေးရယူနေတဲ့ ဆုကြေးစားပါ။ တစ်နေ့ကျ သူ့ကို သူဌေးတစ်ယောက်က အလုပ်တစ်ခုအပ်လာပါတယ်။ တပ်ပြေးတစ်ကောင်က သူ့မိန်းမကို ပြန်ပေးဆွဲပြီး ဟိုဘက်နယ်စပ်ခေါ်သွားပြီး ပြန်ပေးငွေတောင်းလာလို့ပါ။ ဒီလိုနဲ့ သူဌေးကောင်က Waltz ကို ငှားပြီး သူ့မိန်းမကို သွားပြန်ခေါ်ခိုင်းပါတယ်။ တပ်ပြေး ဘယ်မှာနေလဲသိတဲ့ တပ်ပြေးရဲ့ သူငယ်ချင်းကိုလည်း အဖော်ထည့်ပေးလိုက်ပါတယ်။ ဟိုရောက်တော့ တပ်ပြေးက ဟိုက တစ်မြို့လုံးကို ပိုင်တဲ့ လူဆိုးတွေနဲ့ ...
movie

Dead for a Dollar (2022)

2022
Blackwood (2022) 4.0
Blackwood (2022) Blackwood (2022) ==============ပိုက်ဆံရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်တတ်တဲ့ဝရမ်းပြေး ဝိုင်လ်ဒါနဲ့ သူ့အဖွဲ့က Blackwood။ တောအုပ်ထဲမှာရွှေရှာသမားတွေနောက်လိုက်ပြီး ရွှေတွင်းတွေကိုတစ်ဖက်လှည့်နဲ့လုယူဖို့ ခိုင်းစေခြင်းခံခဲ့ရပါတယ်။သူ့လူတစ်ယောက်ကိုသတ်သွားပြီးမြင်းကိုပါယူသွားတဲ့ အင်ဒီယန်းမလေး နောက်လိုက်ရင်း ဝိုင်လ်ဒါတို့အဖွဲ့ အိပ်ယာဝင်ပုံပြင်လိုဒဏ္ဍာရီဇာတ်လမ်းရှိတဲ့ Blackwood တောထဲရောက်လာရာကနေ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ကို ကိုယ်တွေ့ကြုံဖို့ဖြစ်လာခဲ့ကြတဲ့အခါမှာတော့။၂၀၂၂ထွက် ကောင်းဘွိုင်းဇာတ်လမ်းဇာတ်သွားမျိုးနဲ့ ထိတ်လန့်သည်းဖို ဇာတ်ကားလေးတစ်ကားကို ကြည့်ရှူခံစားသွားရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size..........(1.93 GB) / (584 MB) / (516 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Western Translator.......Chit Tee Encoder..........SWM
movie

Blackwood (2022)

2022
{21+}Double D Dude Ranch (2016) 5.8
{21+}Double D Dude Ranch (2016) တစ်ချိန်ကဆွဲဆောင်မှုအရှိဆုံး အလှပဂေးတွေ အပြိုင်ကြဲထားတဲ့ အရှုပ်တော်ပုံ လူကြီးကြည့်စရာဇာတ်ကားလေးဖြစ်ပါတယ်လောကမှာ သူများပစ္စည်း မတရားလိုချင်သူတွေ နောက်ဆုံးရသွားတဲ့ အရာတွေကဘာတွေဖြစ်မယ်ထင်လဲဒိုင်ယာနာဟာ သူ့မိသားစု အစဉ်အဆက်က ပိုင်ဆိုင်လာတဲ့ ဒါဘယ်ဒီ လို့ခေါ်တဲ့ အနားယူအပန်းဖြေ စံအိမ်ကို ဦးစီးနေသူတစ်ယောက်ပါ နေရာကလဲသန်ပြန့်ပြီး ကျယ်ဝန်းလှတာမို့ အနောက်ပိုင်းမှာ နာမည်ကောင်းနဲ့ကျော်ကြားနေတဲ့ အပန်းဖြေနေရာလေးဖြစ်ပါတယ် အဲဒီနေရာကို ဝိသမလောဘနဲ့ ငမ်းငမ်းတက်လိုချင်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိလာပါတယ်သူကကြိုက်ဈေးပေးပေမဲ့ ဒိုင်ယာနာက မရောင်းပါဘူး ဒါပေမဲ့ လူယုတ်မာတို့ထုံးစံအတိုင်း မရမကမကောင်းတဲ့စိတ်တွေနဲ့ရယူဖို့ဆုံးဖြတ်လိုက်ကြပါတယ် ဒီလို မတရားမှုတွေကို ဒိုင်ယာနာ နဲ့ လာလည်တဲ့ဧည့်သည်တွေဘယ်လိုစုပေါင်းပြီး ခုခံကြမလဲဆိုတာ စိတ်ဝင်စားဖွယ်အနု အလှ အကြွ အရွ တွေအစုံနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ File size…2.13GB / 990MB Quality…1080p WEB RIP AAC5.1CH / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki  Mu Chi    
movie

{21+}Double D Dude Ranch (2016)

2016
Jane Got a Gun (2015) 5.9
Jane Got a Gun (2015) Jane Got a Gun (2015)ဒီရုပ်ရှင်ကို ဘာကြောင့်တင်ဆက်ဖြစ်သလဲဆို တစ်အချက် နာတာလီ ပေါ့တ်မန်း၊ နှစ်အချက် နာတာလီ ပေါ့တ်မန်း၊ သုံးအချက် နာတာလီ ပေါ့တ်မန်းပါပဲ။ ပေါ့တ်မန်းဟာ ငယ်ငယ်ကတည်းကကို Léon: The Professional လို မာစတာပိစ်ရုပ်ရှင်ကားမှာ အဓိကနေရာက ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဖြစ်ပြီး V for Vendetta တို့ Heat တို့ Jackie တို့လို တကယ့်ကားကောင်းတွေမှာပါခဲ့သလို Black Swan နဲ့လည်း အော်စကာရထားတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခုထိကို တကယ့်မင်းသမီးကောင်းတစ်လက်ဖြစ်နေသေးသလို ဒါကလည်း သူအဓိကနေရာက ပါတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာ ပူစရာမရှိဘူးပေါ့။ပေါ့တ်မန်းအပြင် နောက်ထပ်အကြောင်းရင်းတွေကတော့ The Great Gatsby မှာပါခဲ့တဲ့ တွမ်ဘူချာနန်မင်းသား Joel Edgerton နဲ့ ကျွန်တော်သိပ်ချစ်တဲ့ သိပ်နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ခံနဲ့ Ewan ...
movie

Jane Got a Gun (2015)

2015
Terror on the Prairie (2022) 6.7
Terror on the Prairie (2022) Terror on the Prairie (2022) ဂျပ်ဘ်မက်အယ်လစ်စတာဟာ တစ်ချိန်ကခွဲထွက်ရေးဝါဒီစစ်သားတစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ မွန်တာနာကိုမိသားစုနဲ့အတူပြောင်းရွှေ့နေထိုင်ရင်းခြံလုပ်ငန်းနဲ့အသက်မွေးနေပါတယ်။ ဇနီးဖြစ်သူဟတ်တီက သူ့အတိတ်နောက်ကြောင်းကိုသိပေမယ့် အပြည့်အဝမဟုတ်ပါဘူး။ ဒါပေမဲ့လည်း တစ်နေ့မှာတော့ ဂျပ်ဘ်ရဲ့ အတိတ်တွေဟာ ကပ္ပတိန်နဲ့ သူ့ဓားပြတွေအသွင်နဲ့ သူတို့ဆီကိုပြန်လည်ခြောက်လှန့်ဖို့ရောက်ရှိလာပါတော့တယ်။ အဲ့ဒီအချိန်ဟာ ဂျပ်ဘ်မြို့ကိုတက်သွားချိန်၊ အိမ်မှာ ဇနီးသည်မိန်းမသား ဟတ်တီနဲ့ လူမမယ်ကလေးနှစ်ယောက်ပဲ ရှိနေချိန်ဖြစ်ပါတယ်။တစ်ချိန်က စစ်ပြန်တွေ၊ အခုချိန်မှာ ဓားပြအဖြစ် အသက်မွေးနေတဲ့ လက်နက်အပြည့်အစုံ ယောက်ျားရင့်မာတစ်အုပ်ကို သူတို့ ဘယ်လိုရင်ဆိုင်တွန်းလှန်ကြမလဲ?Western ရုပ်ရှင်တစ်ခုကို ခေတ်ပေါ် home invasion thriller ဇာတ်ကားတွေလိုမျိုး suspense တွေ လှည့်ကွက်တွေအပြည့်နဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Alias ပါ။)File Size : 1.6GB, 670MB & 334MB Quality : 1080p WEBRip, 720p WEBRip & 480p Format : mp4 Duration ...
movie

Terror on the Prairie (2022)

2022
The Proposition (2005) 7.3
The Proposition (2005)   ဒါကတော့ western ကားလေးပါ။ Australia ရဲ့တရားဥပဒေစိုးမိုးမှုးအားနည်းသေးတဲ့၁၈၈၀ပြည့်နှစ်တွေမှာဇာတ်တည်ထားပါတယ်။Charlie Burns ဟာနာမည်ကျော်ရာဇ၀တ်သားတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာတော့သူနဲ့သူ့ညီကို ရဲတွေကပစ်ခတ်ဖမ်းဆီးလိုက်ပါတယ် ရဲဗိုလ်ကြီး Stanley က ချာလီသာ မုဒိန်းမှု၊လူသတ်မှုနဲ့အလိုရှိနေတဲ့ သူ့အကိုဖြစ်သူ Arthur Burns ကိုဖမ်းပေးနိုင်ရင်သူနဲ့သူ့ညီကိုလွှတ်ပေးမယ်၊မဖမ်းနိုင်ရင်တော့ သူ့ညီကိုကွပ်မျက်မယ်လို့ အကျပ်ကိုင်ပါတယ်။ချာလီက သဘောတူပြီး သူနဲ့ကွဲနေတဲ့ ဆိုးသွမ်းလှတဲ့အကိုဖြစ်သူကို အရှာထွက်ရာကနေ ဒေသခံလူမည်းတွေ၊ကြေးစားတွေရန်ကိုပါရင်ဆိုင်ရပါတယ်။  File size…(1.6GB)/(864MB) Quality…. 1080p/720p HDCAM/ 480p Format…mp4 Duration….01:44:00 Genre...Crime /Drama/ western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP
movie

The Proposition (2005)

Hostile Territory (2022)
Hostile Territory (2022)      အမေရိကန်ရဲ့ ပြင်းထန်တဲ့ ပြည်တွင်းစစ်ပွဲကြီးပြီးသွားတဲ့အချိန်က မိဘမဲ့တွေဖြစ်သွားခဲ့ရတဲ့ ကလေးတွေကိုဇာတ်အိမ်တည်ထားတဲ့ ကားကောင်းလေးတစ်ကားပါပဲ စစ်ပွဲတစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာဘယ်လောက်ဆိုးရွားလဲဆိုတာနဲ့ မိသားစုရဲ့ချစ်ခြင်းမေတ္တာတွေဟာ ဘယ်လောက်ကြီးမားလဲဆိုတာကိုသေသေချာချာရိုက်ပြသွားတဲ့ကားကောင်းလေးတစ်ကားပါပဲ ဂျက်ဆိုတဲ့သူဟာ သူ့သားနဲ့အတူ ပြည်တွင်းစစ်ကြီးအတွက်စစ်တိုက်ထွက်သွားတဲ့ အချိန်မှာတောကလေး၃ယောက်နဲ့ မိန်းမကကျန်ခဲ့ပါတော့တယ် အဲဒီလိုနဲ့ စစ်ပွဲမှာ ဂျက်က ဒဏ်ရာရပြီး အဖမ်းခံလိုက်ရတော့သေပြီဆိုပြီး သူ့မိန်းမကလည်းဝမ်းနည်းကြေကွဲရာကနေတီဘီရောဂါနဲ့ဆုံးပြန်ပါရော အဲဒီအချိန်မှာ စစ်ပွဲကြောင့် မိဘမဲ့ဖြစ်ရတဲ့ကလေးအတွက် စီစဉ်ပေးထားတဲ့ လှုပ်ရှားမှုတစ်ခုမှာ ဂျက်ရဲ့ကလေးတွေပါသွားရင်း ဇာတ်လမ်းလေက စတာပါပဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ကြည့်နူးမှု ဝမ်းနည်းမှုတွေနဲ့အတူ မိသားစုရဲ့ချစ်ခြင်းမေတ္တာတွေကို တဝကြီးခံစားရင်း ကြည့်ရှုခံစားလိုက်ပါဦး File size…(1.6GB)/(866.22MB)/(601.62MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:33:00 Genre...Drama /History/Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Garfield 
movie

Hostile Territory (2022)

No Name and Dynamite (2022)
No Name and Dynamite (2022) ကောင်းဘွိုင်ကား ကောင်းကောင်းလေးတစ်ကားတော့ရောက်လာပါပြီ အမေရိကန်သမ္မတ လုပ်ကြံခံရတဲ့အချိန်ကို ဇာတ်လမ်းတည်ပြီးရိုက်ထားတာပါ အမည်မဲ့နဲ့ ဒိုင်းနမိုက်ဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ဟာ ဝရမ်းပြေးတွေကို ဖမ်းပြီး ဆုငွေထုတ်စားနေကြသူတွေပေါ့ တစ်နေ့မှာ အမေရိကန်သမ္မတ အင်ဗရာဟင်လင်ကွန်းကို သတ်ခဲ့တဲ့အမှုအတွက် ဆုငွေထုတ်ထားတဲ့ တစ်ယောက်ကို မသိဘဲကယ်တင်လိုက်မိရာကနေ ဘာတွေဖြစ်လာမှာလဲ သူတို့ ဆုငွေရဖို့ ဘာတွေကြံစည်ကြမလဲ ရုပ်တည်ကြီးနဲ့ လုပ်တဲ့ ဟာသတွေထဲမှာ ပြုံးစိစိနဲ့ စီးမျောခံစားလို့ကောင်းမယ့်ကားလေးတစ်ကားပါပဲ  File size…(1.4 GB)/(600 Mb)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

No Name and Dynamite (2022)

True Grit (2010) 7.6
True Grit (2010) True Gritတဲ့ တစိုက်မတ်မတ်ပြီးဆုံးတဲ့ထိ လုပ်တဲ့လူပေါ့ ဒီရုပ်ရှင်ဟာ ၁၉၆၉ ကထွက်ပြီးသားရုပ်ရှင်ကို ကိုအန်ညီအစ်ကိုနှစ်ယောက်က ၂၀၁၀မှာ remakeပြန်ရိုက်ထားတာ ကိုအန်ညီအစ်ကိုဆိုတာလည်း No Country for old men တို့လို မာစတာပိစ်တွေရိုက်တာဆိုတော့ ထူးထူးထွေထွေ ညွှန်းမနေချင်ဘူး ပါတဲ့လူတွေပြောမယ်ဗျာ Hawkeye မင်းသမီး ဟေလီစတိန်းဖီးလ် နောက်မက်ဒေမွန် Hell or High Water ထဲက ဂျက်ဘရစ်ဂျက်စ် နောက်ဗီလိန်က မောင်သားနို့စ် ဂျို့ရှ်ဘရိုလင် ဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးပါပဲ ၁၈၇၀ဝန်းကျင် အမေရိကန်မှာ ကောင်းဘွိုင်တွေ ရိန်းဂျားတွေ မာရှယ်တွေ အခြေချနေထိုင်သူတွေ အင်ဒီးယန်း အတိုအရှည်မျိုးစုံနဲ့ မြင်းတွေစီး လူသတ်ဓါးပြတိုက် တဖောင်းတဒိုင်းဒိုင်းကာလပေါ့ ကောင်မလေးက အပျိုဖြန်းလေးတန်မဲ့ ကြမ်းကြမ်းရမ်းရမ်း တစ်ယောက်နဲ့ တစ်ယောက်ကလည်း အစေးမကပ်တဲ့ လူနှစ်ယောက်နဲ့ အဖေကိုသတ်တဲ့လူနောက် လိုက်တဲ့ စွန့်စားခန်းပါ ခရီးအတူသွားချင်း သံယောဇဉ်နဲ့ စာနာမှုတွေ ...
movie

True Grit (2010)

A Million Ways to Die in the West (2014) 6.1
A Million Ways to Die in the West (2014) A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie

A Million Ways to Die in the West (2014)

2014
For a Few Dollars More (1965) 8.2
For a Few Dollars More (1965) For a Few Dollars More (1965) ~ IMDb - 8.2/10, RT- 92%, Meta - 74%နာမည်မရှိသော ကောင်းဘွိုင်ကြီး လာပါပြီခင်ဗျာ။ ဇာတ်ကားသုံးကားကို သုံးနှစ်ဆက်တိုက် ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့၊ ကောင်းဘွိုင်ကားသမိုင်းမှာ မှတ်ကျောက်တင်ခဲ့တဲ့ Clint Eastwood ရဲ့ သမိုင်းမှတ်တိုင်တွေပါ။ အခုကားကတော့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကောင်းဘွိုင် ယန်းကီးလေးဟာ ဆုကြေးစား လူဆိုးဖမ်းသမား ဖြစ်နေပြန်ပါပြီ။ အရင်ဇာတ်ကားကရခဲ့တဲ့ ပိုက်ဆံတွေ ဘယ်တည်းခိုခန်းမှာ ဖြုန်းလိုက်လဲ မသိပါဘူးဗျာ။ အခုတော့ ဒေါ်လာတစ်ထောင်တန် လူဆိုးလေးတွေ လိုက်ဖမ်းနေလေရဲ့။အချီကြီးကြံတတ်တဲ့ ပုဂ္ဂိုလ်ဆိုတော့လည်း တကယ့် ဒိတ်ဒိတ်ကြဲ လူဆိုးဂိုဏ်းနောက်ကို အမဲလိုက်ဖို့ ဖြစ်လာတာပေါ့။ တစ်ခါတလေမှာ မုဆိုးက ကျားစာမိသွားတာမျိုးလည်း ရှိတတ်တာမျိုးလေ။ အဲဒီမှာ ပုဂ္ဂိုလ်ရေးရန်ငြိုးနဲ့ လိုက်လာတဲ့ ဘဲကြီးတစ်ပွေရယ်၊ နာမည်မရှိတဲ့ ယန်းကီးလေးရယ်တို့ ခြင်္သေ့ဂူထဲဝင်ပြီး လူဆိုးတစ်သိုက်နဲ့ ဘတပြန် ...
movie

For a Few Dollars More (1965)

1965
A Fistful of Dollars (1964) 8
A Fistful of Dollars (1964) A Fistful of Dollars (1964) ~ IMDb - 8/10, RT - 98% ~ဇာတ်ကား သုံးကားမှာ အဓိက သရုပ်ဆောင်ဖြစ်ပေမယ့် ဇာတ်ကားထဲမှာ သူ့နာမည်ကို ဘယ်သူမှ မသိကြဘူး။ သိတဲ့သူတွေကလည်း သူ့နာမည်ကို မခေါ်ကြဘူး။ ဒီတော့ ကောင်းဘွိုင်ရုပ်ရှင်ချစ်ပရိသတ်က သူ့ကိုချစ်စနိုးခေါ်ကြတာ Man with No Name တဲ့။ နာမည်မရှိတဲ့လူသားကြီး၊ လူကြမ်းကြီး၊ ခြေသလုံးအိမ်တိုင်၊ လေနှင်ရာလွင့်၊ ရောက်တဲ့အရပ်မှာ ဘဝကို ကုလားဖန်ထိုး၊ မတရားတာတွေ့ရင် ဓားခုတ်ရာ လက်ဝင်လျှိုတတ်သေး။အမေရိကန်မြောက်ပိုင်းသား ယန်းကီး၊ မြင်းနဲ့ မြည်း စပ်ပြီးကျလာတဲ့ mule တစ်ကောင်နဲ့၊ ပွိုင့် 45 ပစ္စတို (ခြောက်လုံးပူး) တစ်လက်နဲ့၊ ဘယ်အချိန်မဆို ဘိုင်ကျ အိတ်ကပ်ခါလီသမား။ ခါးကြားကဗျောက်ကိုထုတ် တစ်စက္ကန့်အတွင်းမှာ 6 rounds (ကျည်ခြောက်တောင့်) လုံးကို ...
movie

A Fistful of Dollars (1964)

1964
Pale Rider (1985) 7.3
Pale Rider (1985) Pale Rider (1985) ~ IMDb - 7.3/10, Rotten Tomatoes - 93% ~ချစ်ရတဲ့သူ ပြောတဲ့စကားကို ချစ်ခြင်းအားဖြင့် ယုံကြည်ပေးမှ အချစ်စစ်တယ်တဲ့။ အဲဒီစကားက သူတို့နှစ်ယောက်ကို ထာဝရ မဆုံဆည်းနိုင်မယ့် စကားဖြစ်နေရင်တောင်မှပဲပေါ့။ - ဘုန်းတော်ကြီး (ဘွဲ့တော်မရှိ)အမျိုးသမီးတစ်ယောက်အတွက် သူချစ်မြတ်နိုးရတဲ့ယောက်ျားရယ်၊ အနားမှာ အမြဲရှိနေမယ့် ယောက်ျားရယ် နှစ်‌ယောက်ထဲက တစ်ယောက် ရွေးရတော့မယ်ဆိုရင် ဆင်းရဲအတူ ချမ်းသာမခွဲ နေပေးမယ့် ‌ယောက်ျားကိုပဲ ကျွန်မရွေးမယ်။ - ဆဲရာ ဝီလာအံ့ချီးဖွယ် ကံကြမ္မာကို ကိုယ်တော်ဆီ ဆုတောင်းခဲ့ဖူးတယ်။ ရှင်ရောက်လာတဲ့နေ့မှာ အဲဒီဆုတောင်း ပြည့်ခဲ့တယ်။ - မယ်ဂန် ဝီလာနာမည်မရှိသော ကောင်းဘွိုင်ကြီး Clint Eastwood ကို နာမည်မရှိသော သေနတ်သမားဟောင်း ဘုန်းတော်ကြီးအဖြစ် ခံ့ခံ့ညားညားကြီး ပြန်လည်မြင်တွေ့ရတဲ့ ဇာတ်လမ်းပေါ့။ချွေးစက်တွေကို ရွှေမှုန်အဖြစ် ပြောင်းသူ ရွှေကျင်သမားတစ်အုပ်ရဲ့ ဘဝအဖုံဖုံမှာ တခဏတာ လာပတ်သက်သွားတဲ့ ...
movie

Pale Rider (1985)

1985
The Power of the Dog (2021) 7
The Power of the Dog (2021) မင်းသားကြီးဘန်နီဒစ် ကမ်းဘာဘက်ချ်ရဲ့ ရုပ်ရှင်အသစ်လေးကို ကြည့်လိုက်ရအောင်။ ဒီရုပ်ရှင်ဟာ Drama, Romance, Western အမျိုးအစားဖြစ်ပြီး ခေါင်းစဉ်ဖြစ်တဲ့ Power of the dog ဆိုတာ ခွေးအကြောင်း မဟုတ်ပါဘူး။ ခွေးမပါပါဘူး။ သမ္မာကျမ်းစာထဲက Deliver my soul from the sword; my darling from the power of the dog. ဆိုတဲ့စာလေးကို တင်စားပြီး သုံးစွဲထားတာပါပဲ။ နားလည်သလို ဘာသာပြန်ရရင် ကျွနု်ပ်ရဲ့ဝိညာဉ်ကို ဓားသွားဆီကနေ ကယ်တင်တော်မူပါ၊ ကျွန်ုပ်ရဲ့ ဘဝကို လူယုတ်မာများဆီကနေ ကယ်တင်တော်မူပါလို့ ပြောရမယ်ထင်ပါတယ်။ ခွေးဆိုတာ သစ္စာရှိခြင်းကို ရည်ညွှန်းသလို တစ်ခါတရံမှာလည်း ယုတ်မာတာကို ရည်ညွှန်းတတ်ပါတယ်။ တစ်ခါတလေမှာ ကြမ်းတမ်းသလို တစ်ခါတလေမှာ သိမ်မွေ့တတ်ပါတယ် ဘာကြောင့်လဲဆိုတာတော့ ရုပ်ရှင်ကိုကြည့်ပြီး စဉ်းစားကြတာပေါ့။ ဒီကားကတော့ award သုံးခုနဲ့ norminee ခြောက်ခုထိ ဝင်ထားနိုင်ပြီး၊ နိုင်ငံတကာမှာပြသနေဆဲကားပါ. ကျွန်တော်တို့ရဲ့ သခွားသီး Benedict ...
movie

The Power of the Dog (2021)