Movies
Series
VIP Plan
How To Download
DMCA
Movies
Series
VIP Plan
How To Download
DMCA
Years
Movies
Series
VIP Plan
How To Download
DMCA
2000
8.1
In the Mood for Love (2000)
In the Mood for Love (2000) IMDb - 8.1/10_____Rotten - 90% Romance/Drama Genre မှာ တကယ်တမ်း ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ပြီးအမြဲတမ်း သတိတရဖြစ်နေစေတဲ့ရုပ်ရှင်က တော်တော်လေးရှားတယ်လို့ ပြောလို့ရပါတယ်။ဇာတ်သိမ်းမှာ ချစ်တာနဲ့ ကွဲတာနှစ်မျိုးပဲ နှစ်ပင်လိမ်ပြီး ဇာတ်အိမ်တွေ အက်ကြောင်းထပ်နေတဲ့ခေတ်ကာလမှာ Lost in Translation, Eternal Sunshine of the Spotless Mind, In the Mood for Loveလို ဇာတ်ကားမျိုးတွေဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုဆိုတာထက် အများကြီးပိုမိုပြသသွားနိုင်ခဲ့ပါတယ်။ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့ ဟောင်ကောင်ဒါရိုက်တာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့တင်စားခေါ်ဝေါ်ကြတဲ့ In the Mood for Love ဆိုတဲ့ဇာတ်ကားပါ။ဝမ်ကာဝေဟာ အရှေ့တိုင်းရုပ်ရှင်လောကရဲ့ဆရာတစ်ဆူဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပါတယ်၊အဲ့ဒီဇာတ်ကားတွေထဲမှာIn the Mood for Love ကတော့ သူရိုက်ကူးခဲ့တဲ့ တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ မတူပဲ ...
8.1
IMDB:
8.1/10
117,668 votes
movie
In the Mood for Love (2000)
2000
Blu-Ray 720p
7.5
[18+] Malena (2000)
Malena (2000) IMDb Rating (7.5/10) Rating - R၁၉၄၁ ခုနှစ်က စစ္စလီကျွန်းပေါ်မှာနေတဲ့ အသက် ၁၃ နှစ်သား ကောင်လေးတစ်ယောက်စွဲလမ်းခဲ့ရတဲ့ မာလိနာဆိုတဲ့ မိန်းမတစ်ယောက်အကြောင်း.....။ဒုတိယကမ္ဘာစစ်ကြောင့် ခိုကိုးရာမဲ့သွားတဲ့မိန်းမတစ်ယောက်၊လှပလွန်းသောကြောင့် ယောက်ကျားတိုင်းက စိတ်ဝင်စားပြီးတစ်ခြားမိန်းမတွေက မနာလိုဖြစ်ခြင်းခံနေရတဲ့ မိန်းမတစ်ယောက်၊ကံဆိုးမှု တွေကြောင့် ဖခင်ဖြစ်သူရဲ့ အထင်လွဲမှုကို ခံရပြီးစားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတဲ့ မိန်းမတစ်ယောက်၊အရာရာကို ခွင့်လွှတ်သည်းခံပြီး ချစ်သူခင်ပွန်းရဲ့ဖေးမမှုနဲ့ ဘဝကိုတည်ငြိမ်စွာပြန်လည်လျှောက်လှမ်းနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အကြောင်း.....။ဒီဇာတ်ကားထဲမှာ လူတွေရဲ့ မနာလိုစိတ်တွေ၊ အချောင်ရလိုမှုတွေ၊အားနည်းသူကို ပျက်စီးစေချင်ကြတဲ့စိတ်တွေနဲ့ယောင်္ကျားတွေရဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြထားပါတယ်။ကြီးကောင်ဝင်စ လူငယ်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့လူတွေအကြောင်း သင်ယူခဲ့မှုတွေကိုလည်း အထင်အရှားမြင်ရမှာ ဖြစ်ပါတယ်။မင်းသမီးကတော့ သိပ်ညွှန်းစရာလိုမယ် မထင်ပါဘူး။ဆိုဖီယာလော်ရင့်ပြီးရင် အီတလီရဲ့ နာမည်အကြီးဆုံးမင်းသမီးဖြစ်တဲ့ Monica Bellucci ပါ။ဒီဇာတ်ကားထဲမှာ အလှပဆုံးအချိုးအစားလို့ ပြောကြတဲ့ ၃၆-၂၄-၃၅ ဆိုတဲ့ သူမရဲ့အလှအပကို သေသေချာချာ မြင်ရမှာဖြစ်ပါတယ်။သူရဲ့ခန္ဓာကိုယ်အလှအပအပြင် သူ့ရဲ့သရုပ်ဆောင်မှုတွေကြောင့်လဲဝေဖန်ရေးဆရာတို့ရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။"သရုပ်ဆောင်တယ်ဆိုတာ စကားလုံးတွေနဲ့တင်မဟုတ်ဘဲ ...
7.5
IMDB:
7.5/10
88,270 votes
movie
[18+] Malena (2000)
2000
HEVC 1080p 5.1
5.9
The Land Before Time VII: The Stone of Cold Fire
THE LAND BEFORE TIME VII Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ၁၉၈၈ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ The Land Before Time ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းမပြောခင် သိစေချင်တာလေးတစ်ခုရှိပါ တယ်။ ဘာလဲဆိုတော့ ဒီဇာတ်လမ်းကို ဖန်တီးသူတွေအကြောင်းပါ …. Producer တွေကတော့ ဂျော့်ဂျ်လူးကပ်စ် နဲ့ စတီဗင်စပီးဘာ့ဂ် တို့ ဖြစ်ကြပြီး ဒါရိုက်တာကတော့ ဒွန်ဘလုသ် ပဲ ဖြစ်ပါတယ်။ သူတို့လို ရုပ်ရှင်အကျော်အမော်ကြီး ၃ ယောက်ဆုံထားတဲ့ ဒီလိုစီးရီးမျိုးဟာ Movie Industry မှာ ဒီတစ်ခုတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေ အကြောင်းကို ဇာတ်အိမ်တည်ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆော သူငယ်ချင်းလေးတစ်စုရဲ့ ချစ်ခြင်းမေတ္တာတွေကို ရိုက်ပြထားတာပါ။ ကာတွန်းကားဆိုပေမယ့် …… ကမ္ဘာဦးတုန်းက ...
5.9
IMDB:
5.9/10
votes
movie
The Land Before Time VII: The Stone of Cold Fire
2000
8.2
Yi Yi (2020)
ဒီဇာတ်ကားကိုဘာလို့အဲ့ဒီနာမည်ပေးထားလဲမသိပါဘူး ပေါ့ပေါ့ပါးပါးဟာသတွေကြည့်ချင်တဲ့သူတွေတော့ ဘာလဲဆိုပြီးဖြစ်သွားမှာပါ ဇာတ်လမ်းပုံစံကပြောရရင် နုနုရည်(အင်းဝ)ရဲ့ မြစိမ်းပြာကမာရွတ်နဲ့ ဆင်တူတယ်ထင်မိပါတယ် ဘဝတွေရဲ့အကြောင်းကိုရိုက်ပြထားတယ်ပေါ့ တခြားကားတွေလို ပြချင်တဲ့ အကြောင်းအရာကိုဇောင်းပေးမရိုက်ပဲ လူ့လောကမှာနေ့စဥ်ဖြစ်နေကြဘဝတွေ လည်ပတ်နေတဲ့ဘဝအသီးသီးကိုရိုက်ပြထားပါတယ် File Size - 1.8 gb Quality - bluray 1080p Subtitle - burmese Translator - Nay Chii Encoder - XCode
8.2
IMDB:
8.2/10
321,741 votes
movie
Yi Yi (2020)
2000
6.6
U-571(2000)
U-571(2000) IMDb...6.6,,,Rotten ....68% ဒီကားက ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ် စစ်သင်္ဘောတွေကို တစ်ဒိန်းဒိန်းပစ်ခေတ်ပြီး ရောက်အောက်ကိုနှစ်မြှုတ်ခဲ့တဲ့ ဂျမာန် u-571 စစ်သင်္ဘောအကြောင်းကို အဓိက ထားရိုက်ပြထားပါတယ်...ဂျာမန်စစ်သင်္ဘောတွေရဲ့ ပစ်ခတ်ဖျက်ဆီးခြင်းကို ဖွဲအိတ်ကြီးလို ခံနေရတဲ့ အဓိက အကြောင်းရင်းက Enigma ဆိုတဲ့ ဝှက်စာကြောင့်ပါ...ဒီကားအညွှန်းကို မပြောခင် အရေးကြီးဆုံးအကြောင်းအရာဖြစ်တဲ့ Enigma ဆိုတဲ့ ဝှက်စာ အကြောင်းကိုပြောပြပါ့မယ်...ဒါတွေမသိလည်း ကြည့်လို့ကောင်းတဲ့ စစ်ကားကြီးဖြစ်ပေမယ့် သိသွားတဲ့အခါမှာ ဗဟုသုတလည်းရတဲ့အပြင် ကြည့်ရတာ ဇာတ်ရှန်အမြင့်ဆုံးကိုရောက်သွားစေနိုင်တာကြောင့်ပါ..Enigma ဆိုတာက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလမှာ ဂျာမန်တွေတီထွင်ခဲ့တဲ့ ဝှက်စာ စက်ဖြစ်ပါတယ်။Mechanical နဲ့ electrical ကို ပေါင်းထားတဲ့ စက်ဖြစ်ပြီး U boat နဲ့ ၈ျာမန်စစ်သင်္ဘောတွေက ပင်နယံ ၄ ဆင့်နဲ့ အထက်ပါတဲ့ Enigma ကို သုံးခဲ့ပါတယ်။ပင်နယံဝိုင်းတွေမျှားလေ ပိုလုံခြုံလေမို့ နောက်ပိုင်းမှာ ပင်နယံဝိုင်း ၈ ဆင့်အထိသုံးခဲ့ပါတယ်။Enigma ဟာ လက်နှိပ်စက်လိုဖြစ်ပြီး ဝှက်စာစနစ်ထည့်သွင်းထားတဲ့အတွက် ...
6.6
IMDB:
6.6/10
71,189 votes
movie
U-571(2000)
2000
7.2
Men of Honor(2000)
Men of Honor(2000) ***************** IMDb.....7.2 ကားနာမည်ကိုမြင်လိုက်ရုံနဲ့ ခင်ဗျားတို့ဟာ ဒီဇာတ်ကားရဲ့ အတိမ်အနက်ကို အနည်းငယ်ခန့်မှန်းမိလောက်မယ်ထင်မိပါရဲ့....ဇာတ်ကားရဲ့နာမည်က လေးနက်သလို ဒီကားထဲက သရုပ်ဆောင်တွေ ဇာတ်လမ်းဇာတ်ကွက်တွေ စကားပြောတွေ ပေးချင်တဲ့ message တွေဟာလည်း ခမ်းနားလှပလွန်းပါတယ်....ဒီကားက အမေရိကန် ရေတပ်မတော်မှာ ပထမဆုံးသော လူမည်းရေငုတ်သမားဘဝကို ဖိနှိပ်တားဆီးမှုကြားကကြိုးစားခဲ့ရတဲ့ ကားလ်ဘရေးရှီးရှား Carl Brashear ရဲ့ ဘဝဖြစ်စဉ်ကို ရိုက်ပြထားတာဖြစ်ပါတယ်...ဒီကားထဲက မင်းသားကြီးတွေဖြစ်တဲ့ Robert De Niro နဲ့ Cuba Gooding Jr. တို့ကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်....ဇာတ်လမ်းနဲ့ပတ်သက်ပြီး ကျွန်တေ်ာဒီလောက်ပဲပြောပြချင်တယ်...ဒီကားက ဟာသတွေ CGI နည်းပညာတွေ မျက်ရည်ချူကွက်တွေ ရိုဆန်ဆန်အမူအရာတွေ တစ်ခုမှ မပါ ပါဘူး...သို့ပေမယ့် ခင်ဗျားဟာ ဇာတ်လမ်းအမျိုးအစားရွေးချယ်ကြည့်ရှုရာမှာ ဘယ်လောက်ပဲ ဇီဇာကြောင်နေနေ ...ဒီကားကချွင်းချက်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မဝံမရဲ အာမခံပေးလိုက်ပါ့မယ်...ခံစားကြည့်လိုက်ပါဦးဗျ....File Size : (950 MB) Quality : Blu-Ray ...
7.2
IMDB:
7.2/10
97,537 votes
movie
Men of Honor(2000)
2000
6.1
Mission: Impossible II (2000)
Mission: Impossible II (2000)=======================IMDb Rating 6.1/10 With computer genius Luther Stickell at his side and a beautiful thief on his mind, agentEthan Hunt races across Australia and Spain to stop a former IMF agent from unleashinga genetically engineered biological weapon called Chimera. This mission, should Huntchoose to accept it, plunges him into the center of an international crisis of terrifying magnitude. Quality ...
6.1
IMDB:
6.1/10
301,176 votes
movie
Mission: Impossible II (2000)
2000
Blu-Ray 1080p 5.1 CH
7.4
Mission: Impossible IV – Ghost Protocol (2011)
Mission: Impossible - Ghost Protocol (2011)================================IMDb Rating 7.4/10 Ethan Hunt and his team are racing against time to track down a dangerous terroristnamed Hendricks, who has gained access to Russian nuclear launch codes and is planninga strike on the United States. An attempt to stop him ends in an explosion causingsevere destruction to the Kremlin and the IMF to be implicated ...
7.4
IMDB:
7.4/10
441,114 votes
movie
Mission: Impossible IV – Ghost Protocol (2011)
2000
Blu-Ray 1080p 5.1 CH
5.9
Shaft (2000)
5.9
IMDB:
5.9/10
69,960 votes
movie
Shaft (2000)
2000
Blu-Ray 720p
7.8
Cast Away (2000)
2000 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cast Away ဇာတ်ကားမှာဆိုရင် မင်းသားကြီး Tom Hank ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒီဇာတ်ကားဟာ. အောင်မြင်မှုတွေများစွာရရှိခဲ့ပါတယ် ပါဝင်ရိုက်ကူးသမျှ ဇာတ်ကားတိုင်းကို အောင်မြင်စေသည့် မင်းသားတစ်လက်ဟုပင် တွမ်ဟန့်ခ်စ်ကို ညွှန်းဆိုရမှာဖြစ်ပါတယ်... Forrest Gum၊ Big၊ Sleepless in Seattle၊ Apollo 13၊ Saving Private Ryan၊ Catch Me If You Can၊ The Green Mile၊ Cast Away၊ Toy Story အစရှိသည့် ဇာတ်ကားများတွင် ဟန့်ခ်စ်ပါဝင်ခဲ့ပြီး ယင်းရုပ်ရှင်များ ရုံတင်ရာမှ ရရှိသည့် ရုံဝင်ကြေးသည် အမေရိကန် တစ်နိုင်ငံတည်းတွင်ပင် ဒေါ်လာ ၄.၂ ဘီလီယံမျှ ရှိခဲ့ပါတယ်.. တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဆိုလျှင်မူ အဆိုပါ ငွေပမာဏ၏ နှစ်ဆအထိ တိုးသွားမည်ဖြစ်ပါတယ်... အော်စကာနှစ်ဆုရှင် ဟန့်ခ်စ်ကို ဟောလိဝုဒ် သမိုင်းတွင် အကျိုးအမြတ် အဖြစ်ထွန်းဆုံး စာရင်းဝင် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံထားရပြီး သူ့ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ကြွယ်ဝမှုမှာမူ ဒေါ်လာသန်းပေါင်း ၃၅၀ ကျော်မျှ ရှိပါတယ်... Cast Away ကြည့်ခဲ့သမျှတွေထဲက စိတ်ထဲ ...
7.8
IMDB:
7.8/10
478,472 votes
movie
Cast Away (2000)
2000
Blu-Ray 1080p
7.7
Battle Royale (2000)
Battle Royale (2000) ဒီကားအကြောင်းကို မပြောခင် Pubg ဆိုတဲ့Gameကို အားလုံးသိကြမယ်ထင်ပါတယ် Pubg ကို ရေးဆွဲခဲ့တဲ့ သူက ဒီကားကိုကြည့်ခဲ့ပြီး ဂိမ်းအဖြစ်ပြန် အသက်သွင်းဖို့ အကြံရခဲ့တယ်လို့ဆိုထားပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့က ဂျပန်နိုင်ငံဟာ လူဦးရေတွေထူထပ်လျက်ရှိပြီး အလုပ်အကိုင်လဲရှားပါးနေပါပြီ အထက်လူကြီးတွေရဲ့ မစီမံနိုင်တဲ့အပေါ် ကျောင်းသား လူငယ်တွေကလဲ သပိတ်မှောက်ကြပါတယ် ဒီမှာတင် အစိုးရအဖွဲ့က ကျောင်းသင်ခန်းစာအသစ်တစ်ခုတိုးပေးလ်ုက်ပါတယ် BR actလို့ခေါ်တဲ့ ဒီသင်ခန်းစာဟာ ကျောင်းသားတွေကို ကျွန်းတစ်ကျွန်းပေါ်ပို့ အချိန်၃ရက်အတွင်း ရှင်သန်သူတစ်ယောက်ထဲကျန်တဲ့အထိ အချင်းချင်းသတ်ဖြတ်စေပါတယ် နှစ်စဉ် နိုင်ငံတစ်ဝှမ်းလုံးက ၈တန်းကျောင်းသားတွေထဲက အတန်းခွဲတစ်ခုကို ကျပန်းရွေးချယ်ပြီး ကျင်းပလေ့ရှိတဲ့ BR actသင်ရိုးကို နာနာဟာရာတို့အတန်းက ကံထူးပြီးသင်ရတဲ့အခါမှာတော့... ဘာတွေဖြစ်လာမလဲ ဆက်လက်ကြည့်ရှူလိုက်ကြပါ File Size : (1gb) and (600 MB) Quality : blu-ray 720p Running Time : 1h 54min Format : Mp4 Genre : Adventure, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Bluray.1080p.x264-RSG Translated by Waizin ...
7.7
IMDB:
7.7/10
159,849 votes
movie
Battle Royale (2000)
2000
Blu-Ray 720p
6.4
Rules of Engagement(2000)
Rules of Engagement(2000) ဒီရက်ပိုင်း ပျင်းပျင်းနဲ့ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း အသိအစ်ကိုတစ်ယောက် ထည့်ပေးထားတဲ့ ထဲက ဇာတ်ကား တစ်ကား ကြည့်ဖြစ်လိုက်တယ် ကောင်းနိုး ကောင်းနိုးနဲ့ ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း ကြည့်မိလိုက်တာက rules of engagement ဆိုတဲ့ကား ဇာတ်လမ်းက စစချင်း အမေရိကန် ဗီယက်နမ် စစ်ပွဲထဲက တိုက်ပွဲတစ်ခုကနေ စတည်ထားတယ် စိတ်ထဲထင်လိုက်တာက စစ်ကားတစ်ကားပေါ့ စစ်ကားတွေလည်း မကြည့်ဖြစ်တာလည်း ကြာ နောက်ပြီး Marvel heroes ဇာတ်ကားတွေက မျက်စိတစ်ဖက်လပ်နဲ့ခပ်ကြမ်းကြမ်းဘဲကြီး Agents of shield ဒါရိုက်တာ Nick Fury အနေနဲ့လူသိများတဲ့ မင်းသား ကြီး Samuel L. Jackson တစ်ယောက် ဘယ်လိုပွဲထွက်လာမလဲ သိချင်လို့ဆက်ကြည့်ဖြစ်လိုက်တယ် ကြည့်နေရင်း ကြည့်နေရင်းနဲ့ဇာတ်ကားက အသွင်ပြောင်းလာတယ် သေနတ်သံတွေ တစ်ဒိုင်းဒိုင်းပစ်တာ မမြင်ရတော့ဘဲ စကားသံတွေပဲ အဆက်မပြတ်ကြားလာရတယ် ရုပ်ဆိုးဆိုး အဘိုးကြီး နှစ်ယောက်ဦးဆောင်ထားတဲ့ကား စကားတွေချည်းပဲ ပြောနေလို့ဇာတ်ကားပေါ် အာရုံတစ်ချက် လွတ်မသွားစေရဘူး သေသပ်တဲ့ ဒိုင်ယာလော့တွေ ဖုံးကွယ်ထားတဲ့ မြျုပ်ကွက်တွေ ...
6.4
IMDB:
6.4/10
40,850 votes
movie
Rules of Engagement(2000)
2000
7.7
O Brother, Where Art Thou? (2000)
O Brother, Where Art Thou?(2000) IMDb....7.7/10_______Rotten - 77% အဲဗရက် ဒယ်လ်မာ နဲ့ ပိဒ်တို့ တို့ သူငယ်ချင်း (၃)ယောက်ဟာ ခပ်ဆိုးဆိုး ဘော်ဒါတွေ.... တစ်ရက်တော့အမှုတစ်ခုကြောင့် ၃ယောက်လုံးထောင်ကျသွားတယ်.... ဒါပေမယ့် ထောင်မကျခင်တုန်းမှာ ရတနာတွေကို သူတို့ဖွက်ထားနိုင်ခဲ့တယ်.... ဒီရတနာတွေကြောင့် သူတို့ (၃)ယောက်ဟာ ထောင်ကထွက်ပြေးပြီး ရတနာတွေကိုရှာဖွေဖို့ကြိုးစားကြတော့တယ်.... သူတို့ ထောင်ကလွတ်မြောက်မလား...ဖွက်ထားတဲ့ရတနာတွေရောပြန်တွေ့မလား.... ဒီကြားထဲ သူတို့ထောင်ပြေးလုပ်နေစဉ်ကာလအတွင်းမှာ ရင်ဆိုင်ရတဲ့ အန္တရယ်ပေါင်းစုံကိုလည်း ကျော်လွှားနိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး........ ဒီကားက IMDb 7.7, Rotten Tomatoes 77% ရရှိထားပြီး လူ(၃)ယောက်စရိုက် ၃မျိုးနဲ့ ထွက်ပြေးစဉ်ကာလတစ်လျှောက် လူတွေရဲ့သဘော မနောတွေ အာဏာရူးတဲ့သူတွေအကြောင်း သူငယ်ချင်းမေတ္တာတရားတွေအကြောင်းကို ဟာသလေးတွေနှောပြီး ပညာသားပါပါလေးရိုက်ကူးပြထားတာပါ...အတင်းကလိထိုးရယ်ခိုင်းတဲ့အကွက်တွေလုံးဝမပါပဲ တွေးတွေးပြီးပြုံးနေရတဲ့အခန်းမျိုးတွေပါ... 1930 ခုနှစ်လောက်က အမေရိကန်တောင်ပိုင်းရဲ့ ကျေးလက်ဒေသ အလှအပတွေကို တစ်ဝကြီး ရှုစားရမှာဖြစ်တဲ့အပြင် Cinematography ပိုင်းကလည်းပြောစရာမလိုအောင် လှပတဲ့ ရှုခင်းတွေ ကို ခံစားရမှာဖြစ်ပါတယ်... မင်းသားကြီးတွေကလည်း နာမည်ကြီးမင်းသားတွေဖြစ်တဲ့ George Clooney, John Turturro, Tim Blake Nelson တို့ဖြစ်ပါတယ်... Comedy,Drama ကားကောင်းတစ်ခုဖြစ်သလို Folk ...
7.7
IMDB:
7.7/10
276,552 votes
movie
O Brother, Where Art Thou? (2000)
2000
6.0
Bedazzled (2000)
IMDB Rating (6/10)အဲလိယော့ဟာ သူ့ရဲ့ကြောင်တောင်တောင် အမူအကျင့်ကြောင့် အပေါင်းအသင်းလဲဝင်မဆန့်လုပ်ဖော်ကိုင်ဖက်တွေကပါ ရှောင်ဖယ်ကြတဲ့ လူတစ်ယောက်ပါ။ သူကတော့ အဲ့ဒါတွေကို အမှုမထားပဲ ခပ်တည်တည်နဲ့ဝင်ရောလေ့ရှိပါတယ်။ တစ်နေ့ သူ့ကိုရှောင်ချင်လို့ တမင်မမြင်ချင်ယောင်ဆောင်နေတဲ့ အလုပ်ကလူတွေဝိုင်းကို ၀င်နှောင့်ယှက်ရင်းကနေ သူ ကြိတ်ကြွေနေတဲ့ မိန်းမလှလေးဖြစ်တဲ့ အလီဆင်ကို တွေ့မိချိန်မှာတော့ ပါးစပ်ကနေ 'သူ့ကိုသာ ရမယ်ဆိုရင် ဘာပဲပေးရပေးရ' လို့ လွှတ်ကနဲ ရေရွတ်မိသွားတယ်။ အဲ့ဒီအချိန်မှာ သူ့ရှေ့ကို ဘိလိယက်ဘောလုံးလေးတစ်ခု လွင့်လာပါတယ်။ ဘောလုံးကလေးရဲ့ ပိုင်ရှင်ကလဲ မိန်းမလှတစ်ယောက်ပါပဲ။ အနီရောင်ဝတ်စုံဝတ် ညို့အားပြင်းပြင်း ရဲတင်းသွက်လက်မယ့်ပုံစံနဲ့ မိန်းမလှတစ်ယောက်။ အဲ့ဒီမိန်းမလှက သူ့ကိုယ်သူ မိတ်ဆက်လာတယ်။ သူဟာ နတ်ဆိုးတစ်ကောင်ဖြစ်ပြီး အဲလိယော့ရဲ့ဝိဥာဉ်ကို ရောင်းမယ်ဆိုရင် ဆုတောင်းခုနှစ်ခုဖြည့်ပေးမယ့်အကြောင်း။ အလီဆင့်ကိုရရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ အဲလိယော့ သူ့ဝိဥာဉ်ကိုရောင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ အဲ့ဒီမှာကြုံရတဲ့ အလွဲအချော်တွေနဲ့ ကြောင်တောင်တောင် အဲလိယော့ ဒုက္ခရောက်ရပုံတွေနဲ့ တစ်ကားလုံးခွီနေရပါတယ်။ ပြီးတော့ နတ်ဆိုးအဖြစ် သရုပ်ဆောင်တဲ့ တစ်ချိန်က မမလှလှ အဲလိဇဘတ်ဟာလေးရဲ့ တစ်ခန်းပြီးတစ်ခန်းမရိုးရတဲ့ ဖက်ရှင်အလန်းစားတွေကလဲဆွဲဆောင်မှုအပြည့်ပါ။ File size…(999 ...
6.0
IMDB:
6.0/10
91,426 votes
movie
Bedazzled (2000)
2000
7.4
X-Men (2000)
Two mutants, Rogue and Wolverine, come to a private academy for their kind whose resident superhero team, the X-Men, must oppose a terrorist organization with similar powers. Xmen Universe ကို Extended Version 1080p BluRay 5.1 Audio နဲ့ တင်ဆက်လိုက်ပါတယ်....ယခင်တင်ဆက်ခဲ့တုန်းက လိုအပ်ချက်တချို့ရှိခဲ့တဲ့ စာတန်းထိုးတွေကိုလဲ ပြန်လည်ဖြည့်စွက်ပြင်ဆင်ထားပါတယ်။X-men ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/x-men/ မှာဒေါင်းလို့ရပါတယ်။ File size…(1.8 GB) and (1 GB in Openload and Stream) Quality…Extended Blu-Ray Rip 1080p 5.1 Format…mp4 Duration….02:10:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Min ...
7.4
IMDB:
7.4/10
516,917 votes
movie
X-Men (2000)
2000
Blu-Ray 1080p 5.1 CH
6.8
Dhadkan (2000)
Dhadkan (2000) ============= အချစ်ဦးနဲ့ အချစ်ဆုံးဟာ တချို့လူတွေမှာ တစ်ယောက်ထဲ မဟုတ်ကြပါဘူး။ အချစ်ဦးက တာထွက်နဲ့တူပြီး အချစ်ဆုံးကတော့ ပန်းတိုင်နဲ့ တူပါတယ်။ တာထွက် ဘယ်လောက်ပဲ နောက်ကျ နောက်ကျ ပန်းဝင်တာ လှနေရင်တော့ ဘ၀ဟာ ချိုမြိန်ခြင်းအတိပေါ့။ တချို့သောအချစ်တွေဟာ နောက်ကျပေမယ့် ပိုပြီး တန်ဖိုးကြီးမားပါတယ်။ အချစ်ဦးနဲ့လွဲလို့ စိတ်မညစ်ကြပါနဲ့။ ဘ၀မှာ အချစ်ဆုံးနဲ့ ကြုံကြရဦးမှာပါ။ အချစ်ဆုံးကို တွေ့ရှိပြီးကာမှ အချစ်ဦးနဲ့ ပြန်လည်ဆုံတွေ့ရမယ် ဆိုပါစို့..... ပန်းတိုင် နဲ့ တာထွက်ကို ဘ၀မှာ ရွေးချယ်ရတော့မယ် ဆိုပါစို့..... တာထွက်ကို အကောင်းဆုံးဖြစ်အောင် ပြန်ပြီး ကြိုးစားမလား????? ပန်းတိုင်ကို အလှပဆုံးဖြစ်အောင် မွမ်းမံမလား????? အချစ်မှာ မေတ္တာတရားမပါရင် အချစ်ဟာ တန်ဖိုးရှိသင့်သလောက် မရှိပါဘူး။ ကိုယ်ချစ်တဲ့သူကို ချစ်တတ်ရုံနဲ့ မရပါဘူး။ မေတ္တာထားတတ်ဖို့က ပိုပြီး လိုပါတယ်။ မေတ္တာတရားနဲ့ အသက်သွင်းထားတဲ့အချစ်က ပိုပြီး ခိုင်မာပါတယ်။ ပိုပြီး တန်ဖိုးရှိပါတယ်။ မေတ္တာတရားဟာ အရာရာကို အောင်နိုင်စွမ်းပါတယ်။ ချစ်သူကိုလည်း အောင်နိုင်ပါတယ်။ ရန်သူကိုလည်း အောင်နိုင်ပါတယ်။ မေတ္တာတရားရဲ့တန်ဖိုးကို ဒီဇာတ်ကားမှာ အပြည့်အ၀တွေ့ရပါမယ်။ အချစ်အကြောင်းဖွဲ့နွဲ့ရင် Hindi ကားတွေက လှလှပပ ဖွဲ့နွဲ့နိုင်ပါတယ်။ ၂၀၀၀ ခုနှစ် ၀န်းကျင်က ကားဆိုတာ့ သီချင်းတွေ အကအလှတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့လည်း ကြည့်ရပါမယ်။ ဒီဇာတ်လမ်းမှာ ...
6.8
IMDB:
6.8/10
6,161 votes
movie
Dhadkan (2000)
2000
5.7
Reindeer Games (2000)
ရူဒီဒွန်ကန်နဲ့ နစ်ခ်ဟာ တစ်ခန်းတည်း အတူကျနေသလို လွတ်ရက်ကလဲ နှစ်ရက်လောက်ပဲလိုတော့တဲ့ အခန်းဖော် အကျဉ်းသား သူငယ်ချင်းနှစ်ယောက်ပါ။ ထောင်ကနေလွတ်တဲ့အခါ ရူဒီက မွေးရပ်မြေကိုပြန်ပြီး သူ့အဖေနဲ့ ဘောလုံးပွဲကြည့် ခရစ်စမတ် ညစာစားဖို့ စိတ်ကူးယဉ်သလို နစ်ခ်ကလဲ သူနဲ့ လူချင်းမတွေ့ဖူးပဲ စာတွေနဲ့ပဲ ရင်းနှီးနေတဲ့ မိန်းမလှလေး အက်ရှ်လေနဲ့ တွေ့ဆုံ ဘ၀ခရီးဆက်ဖို့ မျှော်လင့်ထားပါတယ်။ သူ့အခန်းနံရံတွေပေါ်မှာလဲ အက်ရှ်လေ ပုံတွေချည်းပါပဲ။ တကယ်တမ်းထောင်ကလွတ်ဖို့ ရက်ပိုင်းအလိုမှာတော့ ထောင်တွင်းအကြမ်းဖက်မှုတစ်ခုမှာ ရူဒီကိုယ်စားဝင်ခံရင်း နစ်ခ် အသက်ဆုံးရှုံးခဲ့ရတယ်။ ရူဒီ ထောင်ကအထွက် နစ်ခ်ကိုလာကြိုနေတဲ့ အက်ရှ်လေ အလှမှာ မိန်းမောရာကနေ နစ်ခ်အယောင်ဆောင်ဝင်ရောမိပါတော့တယ်။ သူ ပျော်ရွှင်နေသေးလို့မ၀ခင်မှာပဲ လက်နက်ကိုင် လူတစ်စုက သူတို့တည်းခိုတဲ့အခန်းကို ၀င်စီးပြီး သူနဲ့အက်ရှ်လေကို ဖမ်းခေါ်သွားတဲ့အချိန်ကျမှ သိလိုက်ရတာက နစ်ခ်နဲ့ အက်ရှ်လေဟာ ထောင်ကလွတ်ရင် နစ်ခ် အရင်က အလုပ်လုပ်ဖူးတဲ့ ကတ်စီနို တစ်ခုကို ၀င်စီးဖို့ တိုင်ပင်ထားတယ်။ သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင်ခေါင်းဆောင်ဟာ အက်ရှ်လေ အစ်ကို ဖြစ်ပြီး ကတ်စီနိုကို ၀င်စီးတဲ့အခါကျရင် အဲ့ဒီနေရာကိုရင်းနှီးကျွမ်းဝင်ပြီးသား ...
5.7
IMDB:
5.7/10
35,357 votes
movie
Reindeer Games (2000)
2000
7.2
Ditto (2000)
" ကမ္ဘာ တစ်ဖက်မှာ နင်နေထိုင်တယ် ကမ္ဘာ တစ်ဖက်မှာ ငါနေထိုင်တယ် " ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် သီချင်းလိုပါပဲ ဒီဇတ်လမ်းကို ကြည့်မိတဲ့ အချိန်က နှလုံးသားထဲမှာ ဆွေးဆွေးမြေ့မြေ့ ကို ဖြစ်လာတာပဲ ဒီဇတ်လမ်းက ဆိုအွန်း ဆိုတဲ့ ကောင်မလေး နဲ့ ဂျီအင်း ဆိုတဲ့ ကောင်မလေး တို့ နဲ့ ဇတ်လမ်းစတာပဲ ဆိုအွန်းမှာ မီးသတ်တပ်ဖွဲ့တွေ သုံးတဲ့ ရေဒီယို တစ်လုံး ရှိနေတယ် တစ်ရက်သော နေ့မှာတော့ အဲ့ဒီရေဒီယိုကနေ အသံတစ်ခုကြားရတယ် တစ်ဖက်က ဆက်သွယ်လာတဲ့ အသံတစ်ခုပေါ့ အသံပိုင်ရှင်က ဂျီအင်း လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက် ပုံမှန်ပဲ မိတ်ဆက်ကြတာပေါ့ ဂျီအင်း နဲ့ ဆိုအွန်း တို့ တစ်ယောက်နဲ့ တစ်ယောက် ကျောင်းမှာ ချိန်းကြတယ် အဲ့ဒီ နေ့က စိတ်တွေ လှုပ်ရှားနေကြတယ်... ဆိုအွန်း ကျောင်းရဲ့ နာရီစင်ရှေ့မှာ စောင့်နေတယ် ဂျီအင်းက ပေါ်မလာခဲ့ဘူး.... ဂျီအင်း ကိုယ်တိုင်ကလဲ ဆိုအွန်းကို မိုးရေတွေထဲ ကျောင်းရှေ့ စောင့်နေခဲ့တာပါပဲ သူတို့ ၂ ယောက် စိတ်ပျက်လက်ပျက် နဲ့ အိမ်ပြန်လာခဲ့ကြတယ်... သူတို့ စကားမပြောဖြစ်ကြတော့ဘူး တစ်ခုခု ...
7.2
IMDB:
7.2/10
1,582 votes
movie
Ditto (2000)
2000
8.3
Snatch(2000)
Snatch(2000)IMDb....8.3,,,,Rotten....73%Snatch ဇာတ်လမ်းအကြောင်းမပြောခင် ဒီကားရဲ့ ဒါရိုက်တာဖြစ်တဲ့ Guy Ritchie အကြောင်းကိုပြောရမယ်ထင်တယ်... ဒီဘိုးတော်ကြီးက အောင်မြင်မှုရနိုင်ခြေနည်းတဲ့ King Arthur လိုကားမျိုးကိုတောင် ရင်ထဲစွဲကျန်နေအောင်ရိုက်နိုင်တဲ့အပြင် အခုလည်း လက်ရှိ မူလကျောရိုးအတိုင်းရိုက်ပေမယ့် အောင်မြင်မှုရနေတဲ့ Aladdin ရုပ်ရှင်ကားတို့ရဲ့ ဒါရိုက်တာဖြစ်တယ်....ပြောရရင်အထက်ပါ ၂ကားဟာ ပရိတ်သတ်ရင်ထဲကို ပုံရိပ်ဟောင်းပေါင်းများစွာလွှမ်းမိုးမှုရှိပေမယ့် သူကတော့ သစ်လွင်သောခမ်းနားခြင်း ရသတွေနဲ့ဖမ်းစားနိုင်ခဲ့လေရဲ့... ဒီ Snatch ကားကလည့်း  စိန်တုံးကြီးတစ်တုံးကအခြေ တည်ပြီး လက်ဝှေ့ပွဲစီစဉ်သူရယ် အူကြောင်ကြားဓားပြတစ်ဖွဲ့ရယ် ဂျူးကျောက်မျက်ကုန်သ ည်ရယ် လက်နက်မှောင်ခိုသမားရယ် လူမိုက်ဂိုဏ်းခေါင်းဆောင်ရယ်တို့ရဲ့ကြား က စိန်တုံးကိုလိုက်ရင်း လူ့သဘော လူမနောတွေကို ဟာသတွေနှောရင်း အလှပဆုံးပုံဖော်ထားလို့ UK 2001 ရဲ့ ဒါရိုက်တာ Empire Award ဆုကိုရရှိခဲ့တယ်... Bratt Pitt ကြီးကတော့ အကောင်းဆုံးဇာတ်ပို့ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆု(၄)ဆုလည်း ရရှိခဲ့တယ်....ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့....File Size : (950MB) and (390 MB) Quality : Blu-Ray 720p Format…mp4 Duration…01:42:00 Genre : Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated ...
8.3
IMDB:
8.3/10
715,073 votes
movie
Snatch(2000)
2000
6.1
Ringu 0 (2000)
Ringu 0: Birthday (2000) 1998 နဲ့ 1999 တုန်းက ထွက်ရှိခဲ့တဲ့ Ring ဇာတ်ကားတွေရဲ့ ပုံပြင်လိုဖြစ်တဲ့ဒီဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့နှစ် ၃၀ ကအကြောင်းကို တင်ဆက်ပေးထားပါတယ်… ငယ်ရွယ်ပြီးလှပတဲ့ ဆာဒါကိုလေးဟာ သူ့ရဲ့ ရှုပ်ထွေးပြီးပြဿနာများတဲ့ အတိတ်ကနေ လွတ်မြောက်ဖို့အတွက် ပြဇာတ်အဖွဲ့ထဲမှာ ပျော်ရွှင်မှုကို ရှာတွေ့ပြီး သရုပ်ဆောင်မင်းသမီးဖြစ်ဖို့ မျှော်လင့်လာတာပါပဲ… ‘ဒါပေမယ့်လည်း ထူးဆန်းတဲ့အမြင်အာရုံနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝလွန်အစွမ်းတွေဟာ လူတွေသတိထားမိလာအောင်လုပ်မိရာကနေစတင်လာပါတယ်… ပြဇာတ်အဖွဲ့မှာပါတဲ့သူတွေဟာ တူညီတဲ့အိမ်မက်ကို မက်လာကြတယ် တစ်ချို့တစ်လေဆို သူ့နောက်မှာ တစ်ယာက်ယောက်ရပ်နေတာကိုမြင်တယ်ဆိုပြီး ထိတ်လန့်လာကြတယ် အားလုံးကြည့်ဖူး ကြားဖူးကြလို့ ဇာတ်လမ်းအဆုံးသတ်ကို သိထားမှာမှန်ပေမယ့် ကြောက်စရာကောင်းတဲ့ ဆာဒါကိုကို ဒီဇာတ်လမ်းလေးထဲမှာတော့ တည်ငြိမ်တဲ့ဘဝကိုရဖို့ကြိုးစားနေတဲ့ အမြဲတမ်းအေးဆေး တိတ်ဆိတ်ပြီး ရှက်တတ်တဲ့ လူတစ်ယောက်အနေနဲ့ ခံစားကြည့်ရှူရမှာဖြစ်ပါတယ် ပရိသတ်အားလုံးအတွက် မရိုးနိုင်တဲ့ ရသကိုပေးနိုင်မယ့် ဒီဇာတ်လမ်းလေးဟာ 2000 ခုနှစ်မှာ Rating 6.1 နဲ့ရပ်တည်ခဲ့ပါတယ်… ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးတာကတော့ Htoo Htoo Ka Joe ဖြစ်ပါတယ်
6.1
IMDB:
6.1/10
7,600 votes
movie
Ringu 0 (2000)
2000
1
2
3
Next