Channel Myanmar
2003
My Wife Is a Gangster 2 (2003) 6.1
6.1
IMDB: 6.1/10 1,036 votes
movie
2003
DVD-Rip 720p
Final Destination 2 (2003) 6.2
6.2
IMDB: 6.2/10 147,828 votes
movie
2003
Blu-Ray 1080p 5.1 CH
Tokyo Godfathers(2003) 7.9
Tokyo Godfathers(2003) Tokyo Godfathers(2003) IMDb....7.9,,,,,Rotten ...90 "Tokyo Godfathers" ဆိုတဲ့ animation ကား​လေးကို​တော့ စာ​ရေးဆရာ Peter B. Kyne ရဲ့ ပထမဆုံးလက်​ရာဖြစ်​တဲ့ " three godfathers" ဆိုတဲ့ဝတ္ထု အ​ပေါ်အ​ခြေခံပြီး ဒါရိုက်​တာ Satoshi Kon က ရိုက်​ကူး​ရေးဆွဲထားတာပဲဖြစ်​ပါတယ်​။ ဒီဇာတ်​ကား​လေးက​တော့ မူရင်းဝတ္ထုနာမည်​ဖြစ်​တဲ့ " Three Godfathers" ဆိုတဲ့အတိုင်းပဲ တိုကျိုမြို့​ပေါ်က အိမ်​ယာမဲ့လူသား၃ဦးရဲ့ ဘယ်​က​ရောက်​လာမှန်းမသိရတဲ့ လူမမယ်​က​လေးတစ်​ဦးအ​ပေါ်မှာထားရှိတဲ့ ​မေတ္တာအတိမ်​အနက်​ကို ​ဖော်​ပြထားတဲ့ကား​လေးတစ်​ကားပဲဖြစ်​ပါတယ်​။ ဇာတ်​လမ်းအညွှန်း -ချမ်း​အေးလှတဲ့ ခရစ်​စမတ်​ည​လေးတစ်​ညမှာ တိုကျိုမြို့​ပေါ်က အရက်​သမားတစ်​​ယောက်​ ၊ ဟိုမိုတစ်​​ယောက်​ နဲ့ ဆယ်​​ကျော်​သက်​အရွယ်​အိမ်​​ပြေးမ​လေးတစ်​​ယောက်တို့က စွန့်​ပစ်​ခံထားရတဲ့ က​လေးတစ်​​ယောက်​ကို​တွေ့ရှိရာက က​လေးရဲ့မိဘ​တွေဆီကို ပြန်​ပို့​ပေးဖို့ ကြိုးစားခဲ့ပုံနဲ့ စတင်​ခဲ့ပါတယ်​။ ဒီလိုနဲ့ သွေးမ​တော်​သားမစပ်​လူမမယ်​အရွယ်​က​လေးတစ်​ဦးအတွက်​ တိုကျိုမြို့​ပေါ်က ​အေးခဲလွန်းလှတဲ့ လမ်းမ​တွေထက်​မှာ မိဘရှာပုံ​တော်​ဖွင့်​​နေရတဲ့ အိမ်​ရာမဲ့လူသား၃ဦးရဲ့ ရုန်းကန်​လှုပ်​ရှား​နေမှုများကို ကြည့်​ရှုခံစားရမှာပဲဖြစ်​ပါတယ်​။ လူတိုင်းမှာကိုယ်​စီကိုယ်​ငှ ဝမ်းနည်းရတဲ့အတိတ်​မျိုး​တွေ ရှိ​နေ​ကြောင်း၊ မိဘနှင့်​သားသမီးတို့ကြားရှိ ချစ်​ခြင်း​မေတ္တာနှင့်​ ခွင့်​လွှတ်​နားလည်​မှုများအ​ကြောင်း အပါအဝင်​ လူတိုင်းအတွက်​ မိသားစုဘဝဆိုတာအ​ရေးကြီး​ကြောင်းကို ရိုက်​ကူးပုံ​ဖော်​​ပေးထားတာပဲ ဖြစ်​ပါတယ်​။ က​လေး​လေးကို​ရော ...
7.9
IMDB: 7.9/10 24,452 votes
movie
Tokyo Godfathers(2003)
2003
Cradle 2 the Grave (2003) 5.8
Cradle 2 the Grave (2003) Cradle 2 the Grave (2003)______IMDb - 5.8/102003 က ထွက်ရှိခဲ့တဲ့ Cradle 2 the Grave ဇာတ်ကားမှာ မင်းသားကြီး ဂျက်လီ နဲ့အတူ ပါရာနာဝေးလို့ ပရိတ်သတ်တွေ သိကြတဲ့ Mark Dacascos တို့အတူတွဲဖက်သရုပ်ဆောင်ထားပါတယ် IMDb 5.8  ရရှိထားပြီး Action ကားကောင်းကောင်းကြည့်လိုသူ တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့.. ကျွမ်းကျင်သူခိုးအဖွဲ့တစ်ဖွဲ့က အဖိုးတန်ကျောက်တုံးလေးကို ခိုးယူမိပြီးသူတို့ထင်သလိုလည်းမဖြစ်လာခဲ့ဘူး..သူတို့လက်ထဲကနေ အဆင့်ဆင့်လုယူချင်နေတဲ့သူတွေကလည်းပေါများနေပါတယ် ဒီကျောက်တုံးအနက်လေးဟာ ဘယ်လိုများတန်ဖိုးရှိနေတာလဲ ပြီးတော့ အဲ့အရာကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့သူခိုးအဖွဲ့ကရော ဘယ်လိုမျိုး အခက်အခဲတွေကြုံမလဲ..ဆိုတာကို တစ်ကားလုံးစွန့်စားခန်း ဖိုက်တင်ခန်းတွေအပြည့် နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဘာသာပြန် နဲ့ အညွှန်းကတော့ Phyo Zaw ဖြစ်ပါတယ်File Size - 1 GB Quality - Blu-Ray 720p Duration - 01:41:13 Translator - Phyo Zaw Encoder - LK
5.8
IMDB: 5.8/10 40,607 votes
movie
Cradle 2 the Grave (2003)
2003
Blu-Ray 720p
Pirates of the Caribbean: The Curse of the Black Pearl(2003)[1080p5.1ch] 8.0
Pirates of the Caribbean: The Curse of the Black Pearl(2003)[1080p5.1ch] Pirates of the Caribbean: The Curse of the Black Pearl(2003)[1080p5.1ch] IMDb...8,,,Rotten....79% ((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် 1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ ခံစားနိုင်စေရန်အတွက်  ပြန်လည်တင်ဆက်ပေးလိုက်ပါသည်)))) ကျွန်တော်တို့ အသည်းကျော်ကြီး ကပ္ပတိန် ဂျက်စပဲရိုး တစ်ယောက် 2003 ခုနှစ်မှာ ထွက်ခဲ့တဲ့ Pirates of the Caribean ထဲမှာ ဘာတွေ အလုပ်ရှုပ်ခဲ့တာလဲ ဆိုတာလေး ပြန်နွေးပါရစေ.. ဒီထဲမှာ မြို့တော်ဝန်ရဲ့သမီး အဲလစ်ဇဘတ်သ်ဆွမ်း ငယ်စဉ်က သင်္ဘောပေါ်ကနေ ပင်လယ်ထဲ ငေးရင်း ကောင်လေးတစ်ယောက် မျောလာတာကနေ ဇာတ်လမ်းစထားတာပါ... သူတို့ ကြီးပြင်းလာတဲ့အခါ ရေထဲမျောပါလာတဲ့ ဝေလ်တန်နာဆိုတဲ့ကောင်လေးက ပန်းပဲဖိုက သာမန်ပန်းပဲသမားလေးတစ်ယောက် ဖြစ်လာပါတယ်..  ဒါပေမဲ့ သူ့မှာလဲ လျှို့ဝှက်တဲ့ နောက်ကြောင်းက ရှိနေပြန်ရော... တစ်နေ့မှာ အဲလစ်ဇဘတ်သ်ကို ကပ္ပတိန်ဘာဘိုဇာက ပြန်ပေးဆွဲသွားတယ် ဘာဆိုဇာဆိုတဲ့ ...
8.0
IMDB: 8.0/10 940,093 votes
movie
Pirates of the Caribbean: The Curse of the Black Pearl(2003)[1080p5.1ch]
2003
Blu-Ray 1080p 5.1 CH
Finding Nemo (2003) 8.1
8.1
IMDB: 8.1/10 919,760 votes
movie
Finding Nemo (2003)
2003
Blu-Ray 1080p
Big Fish (2003) 8.0
Big Fish (2003) IMDb Rating (8/10)Rotten Tomatoes (76%) Big Fish...“အမှန်တရားဆိုတာ သန့်ရှင်းတာ ရှားတယ် ရိုးရှင်းတယ်ဆိုတာ မရှိဘူး” ဆိုတဲ့ အော်စကာဝိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါ့အပြင် အများစုသော အမှန်တရားတွေဟာ မလှပပါဘူး…..။ အမှန်တရားဟာ ထူးခြားလားဆိုတော့လည်း မထူးခြားပါဘူးမီးတွင်းထဲက ဇနီးသည်ဆီ အချိန်မှီမရောက်ခဲ့တဲ့ ယောကျာ်းတစ်ယောက်.. သူ့ကလေးမွေးတာနဲ့ ပက်သက်ပြီး တကယ့်အမှန်တရားဟာ..သူဟာ နောက်ကျခဲ့တဲ့ ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။ ဒီအတွက် သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ရောက်ခဲ့တယ်ဆိုရင်ရော… သားဖွားခန်းထဲ ယောကျာ်းဝင်ခွင့်မရှိတဲ့အတွက် ဘာများ ထပ်ထူးခြားမလဲ။ မထူးခြားပါဘူး..ဒါပေမဲ့ နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကတော့ ငြင်းမရပါဘူး…။ဒီလို… ခါးသီးတဲ့ အမှန်တရားတွေအစား.. သူ့ကလေးကို ပျိုးထောင်ဖို့ ဇာတ်လမ်းလှလှလေးတွေ တည်ဆောက်ခဲ့ပါတယ်။သူတကယ် ကြုံခဲ့ရတဲ့ ဒုက္ခတွေအစား အမှန်တရားတချို့တဝက် သင်ခန်းစာ တချို့တဝက်နဲ့ တကယ့်အဖြစ်အပျက်တွေကို သူ့သားကို ပုံစံပြောင်း ပြောပြခဲ့ပါတယ်။ဖုံးထားတဲ့ အမှန်တရားကိုမှ မြင်ချင်တက်ကြတဲ့ လူ့ သဘာဝအတိုင်း သူ့သားက အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလာခဲ့တဲ့အခါ…….။ သူဘာတွေသိရမလဲ ခံစားကြရမှာပါ။ဘယ်တော့မှ မဟောင်းသွားတဲ့ ဟာသတစ်ပုဒ်ကို ကြားဖူးကြလား.. ပြန်ကြားရတိုင်း ပထမတုန်းက ဘာလို့ရယ်ရသလဲ မေ့သွားပြီး အသစ်ပြန်ဖြစ်သွားတဲ့ ဟာသမျိုး..။ဒီလိုမျိူး ပုံပြင်တစ်ပုဒ်ကို အကြိမ်ရေထောင်ချီ ပြောခဲ့တဲ့ လူတစ်ယောက်ကို ဒီဇာတ်ကားမှာ ခင်ဗျားတို့ တွေ့ရမှာပါ။လူတစ်ယောက်ဟာ ဒဏ္ဍာရီတစ်ပုဒ်ကို အခါခါ အထပ်ထပ်ပြောရင်း သူကိုယ်တိုင် အဲ့ဒီ ဒဏ္ဍာရီ ဖြစ်လာတယ်။.. သူတို့ မရှိတော့ပေမဲ့ အဲ့ဒီ ဒဏ္ဍာရီတွေက ရှိတုန်းပါ.. ထာဝရ ရှင်သန်နိုင်ခဲ့တယ်…။သူ့အဖေမရှိတော့ပေမဲ့ သူ့ကလေးတွေကို သူ့အဖေရဲ့အကြောင်းပုံပြင်တွေကို ပြောနေတဲ့ အဖေတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ...
8.0
IMDB: 8.0/10 379,445 votes
movie
Big Fish (2003)
2003
Hands Up (2003)
Hands Up (2003) ဒီဇာတ်ကားက လူမှုမီဒီယာတွေမှာ ဟာသဗွီဒီယိုအတိုလေးတွေအနေနဲ့ ခေတ်စားနေတုန်းပါ...အတော်ကို ရယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်...ရုပ်တည်ကြီးတွေနဲ့ အတည်ပေါက်ဟာသတွေအပြင် ကလေးဟာသတွေပါပါလို့ လူကြီးလူငယ်မရွေး ရယ်ရမယ့်ဇာတ်ကားပါ။ဇာတ်လမ်းကတော့..တရုတ်-ဂျပန် စစ်တွင်းကာလအခြေအနေတွေကို နောက်ခံထားပါတယ်။စစ်တွင်းမှာ တရုတ်ပြည်က အဖိုးတန် ဗုဒ္ဓဆင်းတုတော် တစ်ဆူကို ဂျပန်တွေ အလစ်သုတ်ပြေးချိန်..တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီဆင်းတုတော်နဲ့ ပါလာတဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦးတို့အစွန်အဖျားရွာလေးတစ်ရွာမှာ သောင်တင်ရာကနေ ဇာတ်လမ်းစတယ်။ပျောက်သွားတဲ့ ဆင်းတုတော်ရှာမယ့် လွဲနေကြဂျပန်စစ်တပ်နဲ့ လွဲနေကြရွာသားတို့ဇာတ်လမ်းပေါ့။ဒီဟာသဇာတ်ကားက ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပေမယ့် ခေတ်နောက်မကျတဲ့ ရိုက်ချက်တွေကိုတွေ့ရမှာပါ။ရာဇဝင်နောက်ခံဇာတ်ကားဖြစ်လို့ ခပ်ပေါပေါ မရိုက်တာဖြစ်နိုင်ပါတယ်။ဟာသဇာတ်ကားဆိုပေမယ့် အမျိုးသားရေးဇာတိမာန်ကိုလဲ ပုံဖော်ထားနိုင်ပါသေးတယ်။ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားရဲ့ဟာသအတိုလေးတွေကို နှစ်သက်မိလို့ စာတန်းထိုးကို ကိုယ်တိုင်ဖန်တီးပြီးတရုတ်လိုကနေ Dike Ran က တိုက်ရိုက်ဘာသာပြန်ဆိုပေးခဲ့ပါတယ်။အားပေးကြပါဦး။  File size…(900 MB) and (670 MB) Quality…HDTV-Rip 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Dike Ran
IMDB: /10 votes
movie
Hands Up (2003)
2003
Mystic River(2003) 8.0
Mystic River(2003) Mystic River(2003) IMDb....8.3,,,,Rotten...88%[{Director: Clint Eastwood} Zawgyi ဒီဇာတ်ကားကတော့ စာအုပ်လဲထွက်ထားပါတယ် ..... ဇာတ်လမ်းကလည်း ၂နာရီလောက်ကြာပါတယ် ..... တော်တော်များများရုပ်ရှင်တွေက စာအုပ်ကိုမမှီဖူးလို့ဝေဖန်ခံရလေ့ရှိပါတယ် .... ဒါပေမယ့်ဒီရုပ်ရှင်ကတော့ စာအုပ်ဖတ်ဖူးသူတိုင်းက ရုပ်ရှင်ကပိုကောင်းတယ် ပိုပြီးခံစားရတယ် .... သာမန် Thriller ရုပ်ရှင်တွေထက်ကိုသာလွန်တယ်လို့ review ကောင်းတွေရထားတဲ့ဇာတ်ကားပါ... Thriller fan တွေတကယ်ကိုလက်မလွတ်သင့်တဲ့ဇာတ်ကားပါပဲ.. ထောင်ထွက် Jimmy ရဲ့သမီးလေး အသတ်ခံရတော့ သူ့ရဲ့ငယ်သူငယ်ချင်း၂ယောက်ပါဒီကိစ္စထဲပါလာတယ်... တစ်ယောက်က Daveက သာမန်အလုပ်သမား ဒါပေမယ့်အတိတ်ဆိုးနဲ့လူ .... သူက Jimmy သမီးကိုမသေခင်နောက်ဆုံးတွေ့ခဲ့တဲ့လူဖြစ်နေတယ်.. နောက်တစ်ယောက်က Sean လူသတ်မှုတွေရဲ့စုံထောက်ပေါ့ သူကဒီအမှုကိုတာဝန်ယူထားရတဲ့လူ... သူငယ်ချင်း၃ယောက်ပြန်ဆုံဖြစ်ကြတယ်ပေါ့ ... တဖြည်းဖြည်းနဲ့ အမှုနဲ့ပတ်သက်လို့သိလာရတာတွေရှိလာတော့ Jimmy က Dave ကိုသံသယ၀င်လာတယ်... ဘယ်လိုဖြေရှင်းကြတယ် သူငယ်ချင်း၃ယောက်ရဲ့ဇာတ်လမ်းကဘယ်လိုလဲဆိုတာတော့ ဆက်ကြည့်ကြဖို့ပဲတိုက်တွန်းချင်ပါတယ်... ဒါရိုက်တာ Clint Eastwood ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့Sean Penn,Tim Robbins, Kevin Bacon တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်...အညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ်Jthekoala ပဲဖြစ်ပါတယ်... Unicodeဒီဇာတ်ကားကတော့ စာအုပ်လဲထွက်ထားပါတယ် .....ဇာတ်လမ်းကလည်း ၂နာရီလောက်ကြာပါတယ် .....တော်တော်များများရုပ်ရှင်တွေက စာအုပ်ကိုမမှီဖူးလို့ဝေဖန်ခံရလေ့ရှိပါတယ် ....ဒါပေမယ့်ဒီရုပ်ရှင်ကတော့ စာအုပ်ဖတ်ဖူးသူတိုင်းက ရုပ်ရှင်ကပိုကောင်းတယ် ပိုပြီးခံစားရတယ် ....သာမန် Thriller ရုပ်ရှင်တွေထက်ကိုသာလွန်တယ်လို့ ...
8.0
IMDB: 8.0/10 374,439 votes
movie
Mystic River(2003)
2003
Blu-Ray 720p
Spy Kids 3-D: Game Over (2003) 4.2
Spy Kids 3-D: Game Over (2003) Spy kids 3 ဇာတ်ကားကတော့အရှေ့က Spy kids 1,2 ကြည့်ပြီးသူတွေအဖို့ရှည်ရှည်ဝေးဝေး ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ကောင်းမှန်းသိကြမယ်လို့ထင်ပါတယ်။ဒါပေမယ့် ဇာတ်လေးလည်းနည်းနည်းသိအောင်အကျဉ်းချုပ်ပြောပြပါဦးမယ်။ ဒီနံပါတ်၃ကားမှာဆိုရင်တော့ Juniဟာအကြောင်းအမျိုးမျိုးကြောင့် Spy အလုပ်ကနေ အနားယူခဲ့ပြီးလစာနည်းပေမယ့် စိတ်အေးချမ်းတဲ့ဘ၀ရနိုင်တဲ့သီးသန့်စုံထောက်အလုပ်ကို ပြောင်းလုပ်ခဲ့ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ OSS အဖွဲ့ရဲ့ခေါင်းဆောင်ဆီကနေအထင်မှတ်တဲ့သတင်းတစ်ခုကြားခဲ့ရပါတယ်။ဒါကတော့ သူ့အမ Carmenဟာ OSSရဲ့ mission အမှားတစ်ခုကြောင့်ပျောက်နေတယ်ဆိုတဲ့သတင်းပါပဲ။အဲ့နောက်မှာတော့ juniဟာ OSSကိုပြန်လာပြီးသူ့အမကို ရှာဖွေဖို့ပြုလုပ်ပါတော့တယ်။အဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာဇာတ်ကားလေးထဲမှာ ဆက်လက်စီးမျောကြပါတော့....။ File size…(850 MB) and (350 MB) Quality…BR-Rip 1080p Format…mp4 Duration….01:22:37 Subtitle….Myanmar Subtitle (Hardsub) Translated by May Thazin Phoo Encoded by Naing Aung Latt
4.2
IMDB: 4.2/10 46,356 votes
movie
2003
Blu-Ray 720p
Scary Movie 3 (2003) 5.5
5.5
IMDB: 5.5/10 122,236 votes
movie
Scary Movie 3 (2003)
2003
Blu-Ray 720p
Identity(2003) 7.3
Identity(2003) Identity(2003) IMDb....7.3,,,,Rotten.....62% သရဲကားတော့မဟုတ်ပါဘူး ဒါပေမယ့် Thriller ပါ လုံးဝအာရုံအပြည့်အ၀စူးစိုက်ပြီးကြည့်ရလောက်အောင် ဆွဲခေါ်သွားမယ့်ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့ Nevada မှာရှိတဲ့ Motel တစ်ခုမှာ မုန်တိုင်းဒဏ်ကြောင့် သောင်တင်ကြတဲ့ လူ ၁၀ယောက်ရှိပါတယ်... ဒါပေမယ့်အဲ့၁၀ယောက်အတွက် ကပ်ဆိုးကြီးတစ်ခုက ဆိုက်ရောက်လာတယ်... အဲ့ဒါကတော့ ထူးဆန်းစွာပဲ၁ယောက်ပြီး၁ယောက်အသတ်ခံရတာပါ... ခင်ဗျားတို့ကိုယ်တိုင် ဘယ်သူသတ်တယ် ...ဘယ်သူက ကြံစည်နေတယ်ဆိုတာကိုတော့ အဖြေရှာကြည့်လိုက်ပါ..... Spoiler ဖြစ်သွားမှာစိုးလို့ဆက်ပဲကြည့်ကြပါလို့ အဲပြီးတော့တစ်ခုလောက်ပြောပြဦးမယ် "As I was walking up the stairs, I met a man who wasn't there. He wasn't there agian today. I wish, I wish he'd go away." ဒီစာသားလေးကအခုနေမြင်ရဖတ်ရတာတော့သာမန်လိုပဲဖြစ်နေပေမယ့် တကယ်တမ်းကတော့ ဒီစာသားက Canda ရဲ့ Antigonish Nova Scotia မြို့လေးမှာရှိတဲ့ သရဲခြောက်တဲ့အိမ်ကြီးထဲက လှေကားနားက လူတစ်ယောက်အကြောင်းကို William Hughes Mearns ရေးသားထားတဲ့ နာမည်ကြီးကဗျာထဲကစာသားလေးပါ... ဒီဇာတ်ကားကိုကြည့်ပြီးသွားတဲ့အခါ သာမန်ကဗျာစာသားကနေ ဒီစကားကိုကြားတိုင်းကြားတိုင်း ကျောချမ်းလောက်တဲ့အထိကိုဖြစ်စေတာပါ... ဇာတ်ကားကြည့်ပြီးခံစားနေတုန်းခပ်ကြမ်းကြမ်းနှလုံးခုန်သံတွေထွက်ပေါ်လာတာကို နှစ်ခြိုက်သူတွေအတွက်  ထွေးပွေ့ထားသင့်တဲ့ Thriller ကားပါ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  ညီမငယ် JtheKoala  ...
7.3
IMDB: 7.3/10 199,878 votes
movie
Identity(2003)
2003
Blu-Ray 720p
Lost in Translation (2003) 7.7
Lost in Translation (2003) Lost in Translation (2003)IMDb - 7.7/10_____Rotten - 95%Won 1 Oscar. Another 97 wins & 130 nominationsLost in Translation (2003) အေမီ၊ ဘာဘီနဲ့ ဒေစီ ဆိုတဲ့ မိန်းကလေး ၃ ယောက်စကားပြောနေတယ်ပဲဆိုပါစို့။ အေမီက ဒေစီကို အရမ်းလှတဲ့အကြောင်းပြောတယ်။ ဒေစီက အဲ့ဒါကို အေမီ သူ့ကိုချစ်လို့ပြောတယ်လို့ အဓိပ္ပါယ်ကောက်တယ်။ ကြားက ဘာဘီကတော့ အရွဲ့တိုက်ပြောတယ်လို့ အဓိပ္ပါယ်ကောက်တယ်။ တကယ်တမ်းတော့ အေမီဟာ ဒေစီ့လိုဖြစ်ချင်တာကြောင့် ပြောတာဖြစ်နေပါတယ်။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် စကားပြောရင်းပဲဖြစ်ဖြစ်၊ အမူအရာတစ်ခုကို အကဲခတ်ရင်းပဲဖြစ်ဖြစ် အဓိပ္ပါယ်ကောက်တတ်ကြပါတယ်။ စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခုတည်းကို အဓိပ္ပါယ်မျိုးစုံကောက်ကြရင်း ကိုယ့်အဓိပ္ပါယ်အတိုင်း ရှေ့ဆက်ကြပါတယ်။ဒီရုပ်ရှင်ဟာ နာမည်ကျဆင်းနေပြီဖြစ်တဲ့ ရုပ်ရှင်မင်းသားကြီးတစ်ယောက်နဲ့ ယောကျ်ားလျစ်လျူရှုတာ ခံနေရတယ်လို့ အဓိပ္ပါယ်ကောက်ထားတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဘော့ဟားရစ်လို့ခေါ်တဲ့ နာမည်ကျော်မင်းသားကြီးဟာ ...
7.7
IMDB: 7.7/10 400,640 votes
movie
Lost in Translation (2003)
2003
Shanghai Knights (2003) 6.2
Shanghai Knights (2003) ဂျက်​ကီချန်း ပရိသတ်​​တွေအတွက်​ ဇာတ်​ကား​ကောင်းတစ်​ကားနဲ့မိတ်​ဆက်​​ပေးပါရ​စေShanghai Knights ဇာတ်​ကားဟာ 2003 ခုနှစ်​ကထွက်​ရှိထားတဲ့ တရုတ်​အ​မေရိကန်​အက်​ရှင်​ကားတစ်​ကားဖြစ်​ပါတယ်​Imdb rating 6.2/10ရရှိထားပြီး Jackie Chan....Owen Wilson...Donnie Yan...Aaron Taylor စတဲ့သရုပ်​​ဆောင်​ကြီး​တွေပါဝင်​သရုပ်​​ဆောင်​ထားပါတယ်​ဇာတ်​လမ်းအကျဉ်းက​တော့Chon Wang ဟာ အမိ​မြေတရုတ်​နိုင်​ငံကိုစွန့်​ခွာပြီး အ​မေရိကန်​နိုင်​ငံ Carson မြို့​လေးမှာ အရာရှိတစ်​​ယောက်​အဖြစ်​အသက်​​မွေးဝမ်း​ကျောင်းသူပါ....ဖခင်​ဖြစ်​သူက​တော့ တရုတ်​​တော်​၀င်​နန်းတွင်းတံဆိပ်​ကိုထိန်းသိမ်းရသူတစ်​ဦးဖြစ်​ပြီး သားလုပ်​သူကိုမနှစ်​မြို့သူတစ်​ဦးဖြစ်​ပါတယ်​....​တော်​လှန်​ပုန်​ကန်​မှု​တွေဖြစ်​တဲ့အချိန်​မှာ သူပုန်​​တွေက Chon Wang အ​ဖေ့ကိုသတ်​ပြီး တံဆိပ်​တုံးလုယူသွားခဲ့ပါတယ်​.....ဒီဖြစ်​ရပ်​​ကြောင့်​ Chon Wang ဟာ ပါတနာRoy O'Bannonနဲ့ပူး​ပေါင်းပြီး လူသတ်​သမား​တွေထွက်​​ပြေးရာလန်​ဒန်​ကို လိုက်​သွားပါ​တော့တယ်​.....​နောက်​ဆုံးမှာ အ​ဖေ့အတွက်​ကလဲ့စား​ချေနိုင်​မှာလား....တရားခံ​တွေက​ရောဘယ်​သူ​တွေလဲဆိုတာ ဆက်​လက်​ကြည့်​ရှုလိုက်​ပါ.... File Size : (950 MB) and (357 MB) Quality : Blu-Ray 720p Running Time : 1hr 54min Format : Mp4 Genre :Action, Adventure, Comedy Subtitle : Myanmar ...
6.2
IMDB: 6.2/10 89,063 votes
movie
Shanghai Knights (2003)
2003
Blu-Ray 720p
American Pie 3: American Wedding (2003) 6.3
American Pie 3: American Wedding (2003) American Pie 3: American Wedding (2003) IMDb - 6.3/10_____Rotten - 54%   နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(3)ဇာတ်ကားပါ။ American Pie မင်းသားတွေ ဒီဇာတ်ကားမှာ အဆုံးသတ်သလောက်ဖြစ်သွားပြီး နောက်ကားတွေမှာ နောက်မင်းသားတွေနဲ့ ဆက်သွားတော့မှာပါ။ American Reunion (2012) ဇာတ်ကားကျမှ ဒီမင်းသားတွေပြန်ဆုံကြမှာပါ။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကိုဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.org/?s=american+pie မှာ Download လုပ်လို့ရပါတယ်။   Download Link (2) ပိုင်းလုံးကိုဒေါင်းပါ။ ၂ ပိုင်းခွဲထားလို့ပါ။   File size...(Part 1 - 534 MB) (Part 2 - 273 MB) Quality...Blu-ray Rip 720p Format...mp4 Duration....01:43:23 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
6.3
IMDB: 6.3/10 193,531 votes
movie
American Pie 3: American Wedding (2003)
2003
Agent Cody Banks (2003) 5.1
Agent Cody Banks (2003) Agent Cody Banks ဇာတ်​ကားဟာ ၂၀၀၃ ခုနှစ်​ကထွက်​ရှိထားတဲ့ အ​မေရိကန်​အက်​ရှင်​ဟာသကား​လေးဖြစ်​ပါတယ်​Imdb rating 5.1/10 ရရှိထားတဲ့ စီအိုင်​​အေလူငယ်​စုံ​ထောက်​ကား​လေးပါပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက​တော့ Frankie Muniz,Hilary Duff,Angie Harmon တို့ဖြစ်​ပါတယ်​ဇာတ်​လမ်းအကျဉ်းက​တော့ သာမန် ၁၅နှစ်​အရွယ်​ဆယ်​​ကျော်​သပ်​တစ်​ဦးဖြစ်​သူ ကိုဒီဘန့်​ခ်​မှာ လျို့ဝှက်​ချက်​တစ်​ခုရှိပါတယ်​ ဒါက​တော့ သူဟာစီအိုင်​​အေလူငယ်​​အေးဂျင့်​တစ်​​ယောက်​ပါဒီလိုနဲ့ သူ့အတွက်​ပထမဦးဆုံးတာဝန်​ထမ်း​ဆောင်​ဖို့အ​ကြောင်းဖန်​လာပါ​တော့တယ်​ ဒါက​တော့ ERIS (အားရစ်​)လို့​ခေါ်တဲ့ လျို့ဝှက်​အဖွဲ့အစည်းက ​ဒေါက်​တာကွန်​နာ ကို စုံစမ်းဖို့နဲ့ သူတီထွင်​ထားတဲ့ပစ္စည်းနမူနာကိုရယူဖို့ပါ.....​ကိုယ့်ကိုယ်ကိုေ​​ဆာ်​ကြည်​ဘဲဖြစ်​​ကြောင်းကြွားဝါထားတဲ့ ကိုဒီတစ်​​ယောက်​ ​ဒေါက်​တာကွန်​နာရဲ့သမီးဖြစ်​သူ နာတာလီကို ချဉ်းကပ်​ဖို့တာဝန်​​ပေးခြင်းခံရပါ​တော့တယ်​.....ကိုဒီတစ်​​ယောက်​ အိမ်​ကမိဘ​တွေမရိပ်​မိ​အောင်​ဖုံးကွယ်​ရ....​ကျောင်းစာတစ်​ဖက်​....တာဝန်​တစ်​ဖက်​နဲ့အတူ ဘယ်​လိုတိုင်​ပတ်​မလဲဆိုတာ ကြည့်​လိုက်​ဦး​နော်​...... File Size : (950 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre :Action, Adventure, Comedy Subtitle : ...
5.1
IMDB: 5.1/10 29,069 votes
movie
Agent Cody Banks (2003)
2003
Running on Karma(2003) 6.7
Running on Karma(2003) ဒီကားကို ကျွန်တော်ငယ်ငယ်တုန်းက ရွာလယ်က ဗီဒီယိုရုံလေးမှာ သွားကြည့်ခဲ့တာ...လူသန်ဗလကြီးက ငှက်မွေးလေးလိုပေါ့ပါးစွာခုန်ရင်း လူဆိုးတွေကို အားရပါးရ နွှာခဲ့တဲ့သူ့ကိုအရမ်းသဘောကျခဲ့တယ်....ဖြတ်ခနဲခုန်..ဒေါသတကြီး လော်ကာတွေကိုဝုန်းခနဲထိုးချ..မကောင်းမှုကျူးလွန်တဲ့သူတွေကိုနှိမ်နင်း.အင်္ဂလိပ်စာတန်းထိုးဆိုတော့နားမလည် ပါးမလည်း အရမ်းကောင်းတဲ့အက်ရှင်ကားလို့ပဲမှတ်ချက်ချခဲ့တယ်...ကောင်းခန်းရောက်မှာတိပ်ခွေက မှုန်နေလို့ ပိုက်ဆံအသစ်လေးနဲ့ပွတ်ပြီး ဖိုက်ခန်းတွေကျော်သလိုဖြစ်တဲ့ရုံပိုင်ရှင်ဦးလေးကြီးကိုပြန်ရစ်ပေးပါလို့အသံဗြဲကြီးနဲ့အော်ခဲ့တာ...ခုမြန်မာစာတမ်းထိုးလေးနဲ့ကြည့်တော့ အက်ရှင်ကားဆိုတာထက်ပိုတယ်လို့ပြောလို့ရသလို ရသမြောက် အက်ရှင်ကားလို့လည်းပြောရမယ်ထင်တယ်. ဒီလိုကောင်းလို့လည်း Best Picture,Best Actor,Best Screen Play စတဲ့ဆု(၃)ဆုတောင်ရသွားပါတယ်...Best Actor ဆုရသွားတာကတော့ခေါင်းဆောင်မင်းသား Andy Lau  ဆိုတာတော့ပြောစရာလိုမယ်မထင်ဘူး.... ကားဟောင်းလည်းဖြစ်လို့ဇာတ်လမ်းဇာတ်ကွက်တွေမပြောပြတော့ပါဘူး...... File Size…(855MB) and (355MB) Quality…BluRay 720p Format…mp4 Duration…01:33:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe
6.7
IMDB: 6.7/10 2,446 votes
movie
Running on Karma(2003)
2003