Channel Myanmar

2010

[18+] LelleBelle (2010) 5.5
[18+] LelleBelle (2010) LelleBelle (2010) ============="LelleBelle" ဆိုတာ "လှပတဲ့ဘယ်လာ"လို့အဓိပ္ပါယ်ရတာ ပေါ့။  ဆယ်ကျော်သက်မလေး ဘယ်လာဟာ တယောထိုးရ တာကို ကြိုက်နှစ်သက်သူပါ။ တယောထိုးပေမယ့်လည်း ခံစား ချက်မထည့်တတ်တဲ့ဘယ်လာဟာ လိင်စိတ်မှာလည်း တပ်မက် မှုမရှိပါဘူး။ မကြာခင်မှာပဲ သူနှစ်သက်တဲ့ ဂီတနဲ့ လိင်စိတ်ကင်း မဲ့ခြင်းကြားမှာရှိတဲ့ တူညီမှုတစ်ခုကို ရှာဖွေတွေ့ရှိသွားတဲ့နောက်မှာ ပရမ်းပတာဖြစ်သွားတဲ့ သူ့ရဲ့ဘဝကို ဘယ်လိုချိန်ညှိပြီးနေထိုင်သွား မလဲဆိုတာကို တွေ့ရမှာပါ။ဇာတ်လမ်းဇာတ်ကွက်ဆန်းဆန်းလေးနဲ့ကြည့်ရှုရမယ့် ၁၈+ကား လေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZMT ဖြစ်ပါတယ်)File Size..........(1.0 GB) / (465 MB) Quality............BluRay 720p / 480p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Music, Romance Translator.......ZMT Encoder..........Admin X
movie

[18+] LelleBelle (2010)

2010
BluRay 1080p 5.1CH
Nanny McPhee and the Big Bang (2010) 6.1
Nanny McPhee and the Big Bang (2010) Nanny McPhee and the Big Bang (2010)================================ နာနီမက်ဖီးရဲ့ နောက်ဆက်တွဲအနေနဲ့ ဒုတိယကား ထပ်မံထွက်ရှိလာပါတယ်.ဘယ်လိုမှဖြေရှင်းလို့မရဘူးလို့ ထင်ရတဲ့ ပြဿနာတွေ တစ်ပုံတစ်ပင်နဲ့မိသားစုတစ်စုဆီကို ကယ်တင်ဖို့ ထပ်မံရောက်ရှိလာရပါပြီ။စစ်ပွဲကာလနောက်ခံထားပြီး ကျေးလက်ဒေသ အငွေ့အသက်ကလေးတွေပါတဲ့ ဒီဇာတ်လမ်းမှာ ဝမ်းကွဲတွေ လာလည်ကြတဲ့ ထုံးစံ၊ ကျေးလက်ဒေသကကလေးတွေရဲ့ အမူအကျင့်တွေ၊ နေထိုင်မှုထုံးစံတွေနဲ့ ဒီဇာတ်လမ်းမှာတော့ပြဿနာတွေ ဖြေရှင်းဖို့ ရောက်လာတဲ့ နာနီမက်ဖီးကို ဘယ်လိုအခက်အခဲတွေက ကြိုဆိုနေမလဲ. မိသားစုတစ်စုမှာ ဘယ်လိုအရာတွေ လိုအပ်မလဲ.ဆိုတာကို သင်ခန်းစာပေးသွားမလဲ ဆိုတာကို CM ကနေ ပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.File size…1.67GB / 693MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 49m Genre ..... Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali
movie

Nanny McPhee and the Big Bang (2010)

2010
Khatta Meetha (2010) 5.8
Khatta Meetha (2010) Khatta Meetha (2010) ******************** ဒီဇာတ်ကားလေးကတော့ IMDb rating 5.8အထိရရှိထားပြီး ပရိတ်သတ်အချစ်တော် မင်းသားကြီးအက်ရှေးကုမားရ်နဲ့မင်းသမီးတရီရှာခရစ်ရှ်နန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Comedyအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဆာချင်ဟာ ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုပဲကိုယ်အာရုံစိုက်ပြီး မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွည်ချက်ရှိတဲ့ ရိုးသားကြိုးစားတဲ့ ကန်ထရိုက်တာတစ်ယောက်ပါ။ သူဟာ ဘာလုပ်လုပ် တလွဲတချော်တွေချည်း ဖြစ်ကုန်တဲ့အတွက် သူ့ကို အလုပ်ကလူတွေရော သူ့ရဲ့အိမ်သားတွေကပါ တစ်ခါမှ အကောင်းမပြောကြပါဘူး။ဒီလိုနဲ့ပဲ ကိုယ့်အတွက်ပဲ ကိုယ်သိပြီး ဘဝင်မြင့်တဲ့ ဆာချင်တစ်ယောက် တစ်နေ့မှာတော့ သူ့ရဲ့ အချစ်ဦးကို ပြန်တွေ့လိုက်ရတဲ့ခါ ဘာတွေဆက်ဖြစ်မှာလဲ ...? ဆာချင်တစ်ယောက် သူလုပ်ချင်တာကိုရော အောင်မြင်အောင်လုပ်နိုင်မှာလား ...? အချစ်၊ဟာသနဲ့ အကျင့်ပျက်ချစားမှုတွေအကြောင်း စုံစုံလင်လင်ပါဝင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဘောလိဝုဒ်ချစ်သူများ လုံးဝလက်မလွှတ်သင့်ပါကြောင်း.... ဘာသာပြန်သူတွေကတော့ Intelligence,Soe Kalayarနဲ့ Thaik Sanတို့ပဲဖြစ်ပါတယ် File size…3.13GB  / 1.59GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San & Intelligence & Soe Kalayar
movie

Khatta Meetha (2010)

2010
Crazy Little Thing Called Love (2010) First Love 7.6
Crazy Little Thing Called Love (2010) First Love ယခင်က DVD 720p အရည်အသွေးသာရှိခဲ့ပေမယ့် ယခုအခါ Netflix WEB-DL 1080p Quality ထွက်ရှိလာလို့ Update လိုက်ပါပြီ။“Crazy Little Thing Called Love” (သို့မဟုတ်) A Little Thing Called Love (သို့မဟုတ်) First Loveမင်းသားချော မာရီယိုနဲ့ မင်းသမီးချော Baifern တို့ရဲ့ နာမည်ကြီးဇာတ်ကားပါ။ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံးအချစ်ဆိုတာ ကျော်ဖတ်သွားလို့ မဖြစ်နိုင်တဲ့ ညှို့အားအပြည့်နဲ့ ဒိုင်ယာရီလေး တစ်အုပ်ပါပဲ... အချစ်တစ်ခုကို အလှဆုံးချရေးပြီး ဘဝတလျှောက်မှာ ဘယ်အချိန်ပြန်ဖတ်ဖတ် လှတယ် အချစ်ရဲ့စွမ်းအားကိုကောင်းတဲ့နေရာတွေမှာ အကျိုးရှိရှိအသုံးချရင်း ဘဝကိုအလှပဆုံးဖန်တီးသွားနိုင်သလို တစ်ခါပြန်မရနိုင်တဲ့အကောင်းဆုံးအမှတ်တရလေးတွေလဲရောက်လာအောင်ဖန်တီးပေးနိုင်ပါတယ် လူတစ်ယောက်ကို ထုတ်မပြောပဲအဝေးကနေငေးပြီး တိတ်တိတ်လေးရော ချစ်ဖူးလား??? အချစ်ဆိုတာ စည်းချက်တစ်ခုလိုပဲ ကိုယ်ပေးချင်တဲ့အချိန်သူကလိုချင်တဲ့အချိန်ဖြစ်မှ သူလိုချင်တဲ့အချိန်ကိုယ်က ပေးနိုင်ခဲ့မှ လွဲချော်သွားခဲ့ရင် အရာရာဟာ ရင်နာစရာပါပဲ... ဒါကြောင့် ဖွင့်ပြောလိုက်ပါ။အစွမ်းကုန်ချစ်ကြည့်လိုက်ပါ။ နူးညံ့တဲ့ ခံစားမှုလေးတစ်ခုဟာလူတစ်ယောက်ကို အရာရာဖန်တီးပေးနိုင်တယ် ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံးအချစ်ဆိုတာ မိုးတိတ်တဲ့အခါ ကောင်းကင်မှာ ပေါ်လာတဲ့ ...
movie

Crazy Little Thing Called Love (2010) First Love

2010
1080p WEB-DL 5.1CH
Sin Sisters 2 (2010)
Sin Sisters 2 (2010) Sin Sisters 2 (2010) ====================== Comedy, Romance, Thriller၂၀၁၀ ကထွက်ခဲ့တဲ့ ထိုင်းဟာသကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၁၈+ အခန်းနဲ့ စကားလုံးအသုံးအနှုန်းတွေပါတာကြောင့် ကိုယ့်ဘာသာ ချင့်ချိန်ကြည့်ကြဖို့ အကြံပေးပါရစေမိန်းမလှလေး ၅ ယောက်ကို အခန်းကြီးတစ်ခုထဲမှာ ကြိုးတုပ်ပြီး ဖမ်းဆီးထားရာကနေ စပါတယ် အဲ့ဒီမိန်းမ ၅ ယောက်က ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်၊သရုပ်ဆောင်၊ မော်ဒယ် နဲ့ အလှမယ် စသည်ဖြင့် လူသိရှင်ကြားနာမည်ကြီးသူတွေပါ... ဒါပေမယ့် သူတို့အားလုံးမှာ လိင်ကိစ္စနဲ့ပတ်သတ်ပြီး မကောင်းတဲ့အတိတ်တွေကိုယ်စီရှိခဲ့ပါတယ် ဒီအတိတ်တွေကို ဖမ်းဆီးပြန်ပေးဆွဲတဲ့ သူက ဝန်ခံခိုင်းပြီး အပြစ်အရှိဆုံးလို့ ယူဆရတဲ့သူကို အသက်ရှင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်... ဒီ ၅ ယောက်ဟာက သူတို့ကျူးလွန်ခဲ့တဲ့ တဏာရာဂလိင်ဇာတ်လမ်းတွေကို ဘယ်သူက အဆိုးဆုံးလဲဆိုတာကို ယှဉ်ပြိုင်ပြောဆိုရင်း အသက်ရှင်လွတ်မြောက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်...(အညွှန်းနဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။)Genre..... Comedy, Romance, Thriller Quality…. 1080p | 720p | 480p File size… ...
movie

Sin Sisters 2 (2010)

2010
Crossing Hennessy (2010) 6.3
Crossing Hennessy (2010) Crossing Hennessy (2010)Lust Caution, Decision to Leave, Long Day's Journey into Night နဲ့ The Golden Era တို့လို ကားကောင်းတွေမှာရော တခြားရုပ်ရှင်တွေမှာပါ ပါခဲ့ပြီး သရုပ်ဆောင်လည်း တော်တော်ပြောင်မြောက်သလို ပီယဓာတ်လည်း အပြည့်အဝရှိတဲ့ ထျန်းဝေနဲ့ Days of Being Wild ထဲက ဇာတ်ကောင်နဲ့ တရုတ်ရဲ့အကောင်းဆုံး ပါဖောမင့်န်ဆယ်ခုထဲက တစ်ခုမှာစာရင်းဝင်ထားတဲ့၊ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့လို ဆရာကြီးတွေနဲ့ ဇာတ်ကားတွေရိုက်ဖူးတဲ့၊ Four Heavenly Kings of Hong Kong pop music လို့ခေါ်တဲ့ ဟောင်ကောင်ပေါ့ဂီတနတ်မင်းကြီးလေးပါးထဲက တစ်ယောက်ဖြစ်တဲ့ ဂျက်ကီချောင်တို့ တွဲဖက်ပါဝင်ထားတဲ့ ရိုမန့်ကားလေးပါ။ ဒါရိုက်တာကတော့ ဟောင်ကောင်မာစတာပိစ်ကားတစ်ကားဖြစ်တဲ့ Comrades: Almost a Love Story ရဲ့ ...
movie

Crossing Hennessy (2010)

2010
Scooby-Doo! Camp Scare (2010) 7.2
Scooby-Doo! Camp Scare (2010) Scooby-Doo! Camp Scare (2010) ======================= IMDb Rating - 7.2/10မိုးအေးအေးမှာ ငယ်ငယ်က အသဲစွဲကြိုက်ခဲ့ရတဲ့ စကူဘီ-ဒူဘီ-ဒူးရဲ့ ဇာတ်လမ်းလေးကို ပြန်ကြည့်ရင်း memory recall ပြန်လုပ်လိုက်ရအောင်လား...ဇာတ်လိုက်ကျော်ကြီး စကူဘီဒူး၊ ရှက်ဂီ၊ ဗယ်မာ၊ ဒက်ဖနီ တို့ လေး ယောက်သားက ဖရက်ဒီရဲ့ ငယ်ငယ်တုန်းက အမြဲသွားခဲ့တဲ့ လစ်တဲမုစ်ဆိုတဲ့ စခန်းကို သွားလည်ကြမယ့်သူတွေပေါ့။ လစ်တဲမုစ် ဆိုတာ ယုံတမ်းစကားတွေ၊ ဒဏ္ဍာရီတွေ၊ သရဲပုံပြင်တွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဖြစ်ပြီး မြို့ပြနဲ့ ကွဲထွက် နေတဲ့ နေရာတစ်ခုပါ။အဲဒီစခန်းငယ်လေးမှာ စခန်းချသွားကြရင်း လုခ်၊ ထရူဒီ နဲ့ ဒီကွန်ဆိုတဲ့ ကလေး သုံးယောက်နဲ့ တွေ့ပြီး စခန်းကို ခြောက်လှန့်နေတဲ့ ဝုစ်မန်း၊ ဖစ်ရှ်မန်း နဲ့ အရိပ် တောင်ကြားတစ္ဆေဆိုတဲ့ မကောင်းဆိုးဝါးသုံးကောင်နဲ့ ရင်ဖိုဖွယ် နှစ်ပါးသွား ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်။ အသည်းခိုက်အောင် ကြောက် တတ်တဲ့ စကူဘီဒူးနဲ့ ရှက်ဂီတို့ ဘော်ဘော်နှစ်ယောက်နဲ့တင် ဒီဇာတ်ကားကို ကြည့်ဖို့က ပြည့်စုံနေပြီမို့ အများကြီး ...
movie

Scooby-Doo! Camp Scare (2010)

2010
BluRay 1080p 5.1CH
Predators (2010) 6.4
Predators (2010) မတူညီတဲ့ နိုင်ငံက မတူညီတဲ့ စရိုက်နဲ့ လူ ၇ ယောက် ။ လေယာဉ်ပေါ်ကနေ လေထီးနဲ့ အကန်ချခံလိုက်ရတယ် ။ သူတို့ ကျသွားတဲ့နေရာက အင်မတန်နက်ရှိုင်းတဲ့ တောကြီးမျက်မဲပေါ့ ။တကယ်တော့ အဲဒိတောနက်ကြီးက တစ်ခြားဂြိုလ်ကမ္ဘာက ဂြိုလ်သားတွေရဲ့ အမဲလိုက် ကစားကွင်းကြီးပဲ ဖြစ်နေတယ် ။ ဂြိုလ်သားတွေဟာ သူတို့ရဲ့ သူရဲကောင်းဘွဲ့အတွက် ဒီဂြိုလ်မှာ လူနဲ့ တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဖမ်းပြီး အမဲလိုက်လေ့ရှိတယ် ။အဲဒိဂြိုလ်သားတွေက လူရဲ့ နှလုံးကို အာရုံခံပြီး ဖမ်းလေ့ရှိတယ် ။ အရင်တုန်းက အဲဒီလို ဂြိုလ်သားလက်ကနေ လူတစ်ဦး လွတ်လာဖူးတယ် ။ သူက သူ့ကိုယ်ခန္ဓာကို ရွံ့ဗွက်တွေနဲ့ သုတ်လိမ်းပြီး သူ့ နှလုံးခုန်တာကို မမြင်အောင် ကာကွယ်ခဲ့တယ် ။ (Predator 1987 ဇာတ်ကားထဲမှာ)ပထမကားတုန်းကတော့ ဂြိုလ်သားက တစ်ယောက်ထဲပဲ ။ ဒီဇာတ်ကားမှာတော့ အမဲလိုက်မယ့် ဂြိုလ်သားတွေ များလာတယ် ...
movie

Predators (2010)

2010
1080p HEVC
Uncle Boonmee Who Can Recall His Past Lives (2010) 6.7
Uncle Boonmee Who Can Recall His Past Lives (2010) Uncle Boonmee Who Can Recall His Past Lives (2010)~ IMDb - 6.7/10, Rotten Tomatoes - 89% ~ရုပ်ရှင်ဆုပေးပွဲတွေထဲ အော်စကာထက်တောင် ရုပ်ရှင်ပရိသတ်တွေ အလေးထားရတဲ့ ဆုပေးပွဲကြီးဖြစ်တဲ့ ကိန်းရုပ်ရှင် ဆုပေးပွဲရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုကို ရထားတဲ့ ရှားရှားပါးပါး ထိုင်းရုပ်ရှင်ပါ။ သူ့အရင် ကိန်းမှာ Palme d'Orရထားတဲ့ အာရှကားဆိုလို့ ဂျပန်ကား၃ကားနဲ့ Farewell My Concubine ဆိုတဲ့ တရုတ်ကားပဲရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ Parasite နဲ့ Shoplifters ပဲရှိပါတယ်။ ဒီလိုဆုမျိုးကို ထိုင်းရုပ်ရှင်တစ်ကားက ရတာ ဆန်းတော့ဆန်းပါတယ်။တခြားကားမရှိလို့ ရတာလား ဆိုရအောင်လည်း Abbas Kiarostami လို ဆရာ့ဆရာကြီးရဲ့ Certified Copy, လီချန်းဒုံလို ဆရာ့ဆရာကြီးရဲ့ ...
movie

Uncle Boonmee Who Can Recall His Past Lives (2010)

2010
How to Train Your Dragon (2010) 8.1
How to Train Your Dragon (2010) CM Fan တွေ အတွက် ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ How to Train Your Dragon ကို တင်ဆက်ပေးလိုက်ပါတယ်ဇတ်လမ်း ရဲ့ အစကတော့ ဗိုက်ကင်းတွေ နေတဲ့ ကျွန်းလေးတစ်ခုကနေ အစပြုတာပါပဲ ဗိုက်ကင်း သူရဲကောင်းတွေ ရဲ့ ရွာဟာ ပြသနာ တစ်ခုကို အမြဲ လိုလို ရင်ဆိုင်နေရပါတယ် အဲ့ဒါကတော့ နဂါးတွေပါပဲ တစ်ချို့ ညတွေမှာ နဂါးတွေဟာ ခိုးဝင်လာပြီး အစားအသောက်တွေကို ခိုးယူသွားတက်ကြသလို အိမ်တွေကိုလဲ မီးရှို့သွားတက်ကြပါသေးတယ် ဗိုက်ကင်း တွေရဲ့ အိမ်တွေဟာ အမြဲလိုလို အသစ်တွေ ဖြစ်နေတာ နဂါးတွေ ရဲ့ လက်ချက်ပါပဲ...ဒီဗိုက်ကင်း ရွာလေး မှာ ဟစ်ကပ် ဆိုတဲ့ ကောင်လေးရှိပြီး သူက ဗိုက်ကင်းတွေ ထဲမှာ အားအနည်းဆုံး မို့ ရွယ်တူတွေလို နဂါးတွေ ဖမ်းရမယ့် အစား လက်နက်တိုက်မှာ အကူလုပ်နေရတာပါ ဗိုက်ကင်းတွေ ရဲ့ သတ္တိရှိမှု ရဲစွမ်းရှိမှုကို ပြဖို့ဆိုရင် နဂါးတစ်ကောင်တော့ အနည်းဆုံး ...
movie

How to Train Your Dragon (2010)

2010
4K HEVC BluRay
(21+)Nude(2010) 4.9
(21+)Nude(2010) ဒီဇာတ်ကားလေးက ထူးခြားတယ်ဗျ AV မော်ဒယ်တွေ ရဲ့ ဇာတ်ကြောင်းကို စိတ်ဝင်စားအောင်ရိုက်ပြထားတယ် ပိုစိတ်ဝင်စားဖို့ကောင်းတာက မင်းသမီးလေးက နင်းကန်ချောတာပဲ သတင်းအတိုအထွာလေးတွေထဲမှာတွေ့မိမှာပါ ဂျပန်မလေးတွေ ဘယ်လိုလုပ်ပြီး AV မင်းသမီးတွေဖြစ်ကုန်တာလဲ AV မင်းသမီးတွေ ဘာလို့ဒီလောက်များနေတာလဲ စသဖြင့်ပေါ့ စိတ်ဝင်စားစရာတော့ အတော်ကောင်းတယ်ဗျ ကျွန်တော်တို့ ကြည့်နေရတာက သူတို့ရဲ့ ကင်မရာရှေ့က သရုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ် အခုဇာတ်လမ်းလေးက သူတို့ရဲ့နောက်ကွယ်က ခံစားချက်တွေ ဆန္ဒတွေကို ပါးပါးလေး လှစ်ဟ ပြထားတာပဲဖြစ်ပါတယ်.... ဇာတ်ကြောင်းလေးကတော့ သိပ်ပြီးချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ် အိပ်မက်ကိုယ်စီနဲ့ တက်ကြွနေတဲ့အရွယ် တစ်ယောက်ကတော့ ရည်မှန်းချက် အတော်ကြီးသလို အကောင်ထည်ဖေါ်ဖို့လည်း ဝန်မလေးပါဘူး... သူမရဲ့ ရည်မှန်းချက်က အနုပညာသမားတစ်ယောက်ဖြစ်ဖို့ပါပဲ...... ရည်ရွယ်ချက် ကြီးစွာနဲ့ တိုကျိုကိုသူတက်ခဲ့တယ် အထဲမှာစောင့်ကြိုနေတဲ့ ဝိသမလောဘသားတွေ... မိန်းကလေးမြင်ရင် AV လောကထဲ ဆွဲသွင်းနေကြတဲ့ စီးပွါးရေးသမားတွေ.... ဖေါ်ချွတ်ဓာတ်ပုံ မော်ဒယ်ပဲလုပ်မယ်ဆိုတဲ့ မိန်းကလေးတွေကို လိမ္မာပါးနပ်စွာ သူတို့အကွက်ထဲဝင်အောင် ဘယ်လို ဖန်တီးကြလဲ မိန်းကလေးကရော ရုန်းထွက်နိုင်မှာလား ဆိုတာ AV လောကကို ပါးပါးလေးထိုးပြထားတာဖြစ်လို့ လက်မလွတ်တမ်း ပညာယူရင်း ဂလုဖို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်ဒါရိုက်တာကြီးပြောသွားတဲ့စကားလုံးလေးလှတယ် ဒါအချစ်ခန်းမဟုတ်ဘူး အလုပ်ခန်း တဲ့ File size…1.4GB  /  620MB Quality…1080p BluRay  / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard ...
movie

(21+)Nude(2010)

2010
Matching Jack (2010) 6.4
Matching Jack (2010) Matching Jack (2010)=================IMDb Rating - 6.4/10ဒီတစ်ခေါက်မှာတော့ imdb မှာ 6.4 ထိရရှိထားတဲ့ အင်္ဂလိပ်မိသားစု ဒရမ်မာ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေသွေးကင်ဆာဆိုတဲ့ ရောဂါဟာ ခြင်ဆီအစားထိုး ကုသမှပျောက်ကင်းနိုင်တဲ့ရောဂါမျိုးပါ။ ခြင်ဆီအစားထိုးဖို့ ဆိုရင်တောင် ထပ်တူညီတဲ့ ခြင်ဆီရဖို့ မွေးချင်းညီအစ်ကို မောင်နှမကြားတောင် သုံးပုံတစ်ပုံပဲအခွင့်အရေးရှိပါတယ်။ ဒီဇာတ်လမ်းမှာ အိုင်တွေ့တိုင်းခြေဆေးတတ်တဲ့ ဖခင်နဲ့ သားကိုသခင် လင်ကိုဘုရားအသွင် ကိုးကွယ်ထားတဲ့ မိခင်တို့ရဲ့အချစ်ဆုံးသားလေး တစ်ယောက် သွေးကင်ဆာဖြစ်လာတဲ့အခါ၊သားလေးရဲ့ခြင်ဆီနဲ့ထပ်တူညီတဲ့ ခြင်ဆီအလှူရှင်ရနိုင်ဖို့ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုများကြိုးစားမှာလဲ သူတို့အိမ်ထောင်ရေးအဆင်မပြေမှုတွေကရော ကလေး အပေါ်ဘယ်လိုအကျိုးသက်ရောက်မလဲ ကလေးရဲ့ ခြင်ဆီနဲ့ ကိုက်ညီတဲ့ ခြင်ဆီအလှူရှင်ကိုရော ရနိုင်မလားဆိုတာတော့ ရုပ်ရှင်မှာပဲ လိုက်ပါစီးမျော ခံစားလိုက်ပါဦး...ဒီဇာတ်လမ်းဟာရောဂါအသားပေးဆိုတာထက် မိဘမေတ္တာကို အဖက်ဖက်က ပုံဖော်ရိုက်ကူးထားပြီး ကလေးသရုပ်ဆောင်တွေရဲ့ ပီပြင်မှုကြောင့် ရင်ထဲတော့ တစ်ခုခု ကျန်ခဲ့မယ်လို့ ညွှန်းပါရစေဗျာ... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်) File Size..........(1.6 GB) / (765 MB) / (447 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 39mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Lwin Htoo Aung Encoder..........SWM
movie

Matching Jack (2010)

2010
The Bang Bang Club (2010) 6.9
The Bang Bang Club (2010) The Bang Bang Club (2010)အာဖရိကတိုက်ဟာ လူမျိုး‌ရေးပြဿနာတွေ၊ ပဋိပက္ခ‌တွေ၊ ငတ်မွတ်ခေါင်းပါးခြင်းနဲ့ သွေးသံရဲရဲသတ်ဖြတ်မှုတွေကြောင့် တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ရတဲ့ နေရာတစ်ခုပါ။ နေ့တိုင်း တစ်ခုမဟုတ် တစ်ခုဖြစ်နေတဲ့အရပ်မို့လို့လဲ သတင်းသမားတွေရဲ့ ရတနာသိုက်ကြီးတစ်ခု ဖြစ်လာတော့တာပေါ့။သတင်းသမားဆိုတာနဲ့ လူ့ကျင့်ဝတ်ကို ဘေးဖယ်ထားလိုက်ရတော့တာပါပဲလေ။ ကိုယ့်ရှေ့မှာ လူသတ်နေရင် ဝင်ကူညီဖို့ထက် ရှင်းလင်းပြတ်သားမြင်သာတဲ့ ဓာတ်ပုံတစ်ပုံ ရိုက်နိုင်ဖို့က ပိုအရေးကြီးတာကိုး။ ဒါ့ကြောင့်ပဲ သတင်းထောက်တွေကို နှာခေါင်းရှုံ့ကြတယ်ပဲ ထင်ပါရဲ့။သတင်းသမား‌တွေအတွက် ဓာတ်ပုံတစ်ပုံဟာ ရွှေထက်ပိုတန်ဖိုးရှိတာပေါ့။ သတင်းဓာတ်ပုံဆု ပူလစ်ဇာ ဆိုတာက သတင်းထောက်တစ်ယောက်ကို စင်ပေါ်တင်ပေးလိုက်ပြီး ငွေပုံပေါ် ထိုင်လို့ရသွားစေတာကိုး။ သတင်းဌာနတွေက အလုအယက်ဝိုင်းခေါ်၊ လစာတွေတပုံကြီးပေးပစ်လိုက်ကြတာမျိုးပဲ။ကဲ ဒီလောက်ဆိုရင် အမြည်းသဘော သိရပြီမလို့ အကြောင်းအရာလေးတစ်ခု ထပ်ပြောပါ့မယ်။ လူကြီးမင်းတို့ထဲမှာ မှတ်မိလိုက်ကြသူတွေလည်း ရှိမှာပေါ့။ အာဖရိက ဆူဒန်တောင်ပိုင်းမှာ ငတ်မွတ်ခေါင်းပါးမှု အကြီးအကျယ်ဖြစ်တော့ လူအမြောက်အများ သေကြေခဲ့ရဖူးတယ်။ ထမင်းငတ်လို့ သေတဲ့မသာတွေပေါ့ဗျာ။ အဲဒီထဲမှာမှ ...
movie

The Bang Bang Club (2010)

2010
(18+)Room in Rome (2010) 6.1
(18+)Room in Rome (2010) Room in Rome (2010) ===================တချို့ချစ်ခြင်းတွေဟာ ဆန်းကြယ်လှပါတယ်.... လူနှစ်ယောက်အမှတ်မထင်တွေ့ဆုံမှုကနေ အမှတ်တရတွေဖြစ်ဖို့ အချိန်ဘယ်လောက်လိုမယ်ထင်ပါလဲ.....တပတ်လား တလလား တနှစ်လား.... ကိုယ့်ရင်ထဲမှာချစ်ခြင်းမေတ္တာသာအစစ်မှန်ရှိရင် ကိုယ့်အတွက် ၁ရက် ဒါမှမဟုတ် ၁နာရီ ၁မိနစ်ကလဲ အမှတ်တရဖြစ်စေနိုင်မှာပါ.....ဒီဇာတ်လမ်းလေးကလဲ ဒီသဘောကို အခြေခံပြီး မိန်းမနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတရားကို ပါးပါးလေးနဲ့ ရင်ထဲထိအောင် ပြသနိုင်မှာပါ...ရောမမြို့ရဲ့ ဆောင်းအကုန်နွေဦးညကို ကူးပြောင်းမယ့်ညတညမှာ သူတို့နှစ်ဦး ဘားမှာ ဆုံမိခဲ့ကြတယ်....မိန်းမသားနှစ်ဦးမို့ ဘားမှာစကားလက်ဆုံကြရင်း ဟိုတယ်ကိုအပြန်လမ်းထိ စကားစမပြတ်ပဲ တဦးကိုတဦး ဆွဲငင်မှုတွေနဲ့အတူ ဒီတညတာကိုတူတူကုန်ဆုံးဖို့ ဆုံးဖြတ်လိုက်ရင်း Midnight Thoughtsတွေကို ပြောကြရင်း ရင်ခုန်သံတွေထပ်တူကျနေတာကို သိသွားတဲ့အခါမှာတော့......  File size…1.37GB / 567MB Quality…1080p Blu Ray AAC 5.1Ch / 720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark
movie

(18+)Room in Rome (2010)

2010
1080p Blu-ray 5.1CH
Norwegian Wood (2010) 6.3
Norwegian Wood (2010) Norwegian Wood (2010)Norwegian Wood (2010)မူရာကာမိရဲ့ ၀တ္တုရှည်ကို ပြန်ရိုက်ထားပြီး နာမည်ကျော်တဲ့ တစ်ကားတည်းသောကားပါပဲ။ သို့ပေမဲ့ မူရာကာမိ၀တ္တုတိုတွေကို ရိုက်ထားတဲ့ ကျန်တဲ့နာမည်ကျော်ရုပ်ရှင်တွေဖြစ်တဲ့ Burningတို့ Drive My Carတို့လို မာစတာပိစ်အဆင့်ထိတော့ ဖြစ်မသွားပေမဲ့ Norwegian Woodကို ရိုက်တဲ့ ပြင်သစ်အခြေစိုက် ဗီယက်နမ် ဒါရိုက်တာTran Anh Hung ဟာ The Scent of Green PaPayaတို့ Cycloတို့လို အရည်အသွေးမြင့် Art Filmတွေကို ရိုက်ခဲ့တဲ့သူဆိုတော့ ခပ်ညံ့ညံ့ကားတော့ မဟုတ်ခဲ့ပါဘူး။ စာမျက်နှာ ၃ရာကျော်စာအုပ်ကြီးကို ခြုံလွှမ်းရိုက်ရတာဆိုတော့ စာအုပ်ဖတ်ဖူးတဲ့သူတွေက စာအုပ်ကပေးချင်တဲ့ အချက်ကိုမရဘူးပြောကြပေမဲ့ စာအုပ် မဖတ်ထားရင် သူ့နည်းသူ့ဟန်ကို ကောင်းကောင်းမြင်နိုင်တယ်ဆိုကြပါတယ်။Cinematographerက ထိုင်၀မ်သား Mark Lee Ping-bingပါ။ ...
movie

Norwegian Wood (2010)

2010
A Turtle’s Tale: Sammy’s Adventures (2010) 6.0
A Turtle’s Tale: Sammy’s Adventures (2010) A turtle's tale: Sammy's adventures (2010) ==================================================== လူတွေရဲ့ ကျူးကျော်မှုတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် တိရစ္ဆာန်လေးတွေရဲ့ ပိုင်နက်မြေက တစ်နေ့ထက်တစ်နေ့ ကျဉ်းမြောင်းလာပါတယ်။ အဲဒီလိုပဲ စက်ရုံတွေတည်ဆောက်တာ၊ အမှိုက်တွေ စွန့်ပစ်တာကြောင့် Global warming ဖြစ်လာပြီး ကုန်းနေ၊ ရေနေတိရစ္ဆာန်လေးတွေရဲ့ဘဝကို ထိခိုက်နေပြန်ပါတယ်။အဲဒီလိုနဲ့ နောက်ပိုင်းမှာ လူသားတွေက ကိုယ့်လုပ်ရပ်ကိုယ် သိရှိလာပြီး ပြုပြင်ထိန်းသိမ်းမှုတွေလုပ်တာလည်း ရှိလာပါတယ်။ "လူသားတွေက ထူးဆန်းတယ်။ တချိုက ရှင်းလင်းသုတ်သင်နေချိန်မှာ တချိုကတော့ အမှိုက်ဖွနေတုန်းပဲ"တဲ့။ ဘယ်လိုပဲဆိုပါစေ လူသားနဲ့တိရစ္ဆာန် အတူယှဉ်တွဲနေထိုင်ရတဲ့လောကကြီးမှာ အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ။ဒီကားလေးမှာတော့ ပင်လယ်လိပ်ကလေးတစ်ကောင် ဥကနေ အကောင်ပေါက်တဲ့အချိန်ကစလို့ လောကဓံတရားတွေကို ရင်ဆိုင်ရတာတွေ၊ သူငယ်ချင်း ချစ်မေတ္တာအပြင် ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လိုရှာဖွေတွေ့ရှိမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။    ထူးခြားတာကတော့ ဇာတ်ဝင်တေးတွေအဖြစ် Bruno Mars ရဲ့ "Count on me" နဲ့ "Talking to the moon", Michael Jackson cover ...
movie

A Turtle’s Tale: Sammy’s Adventures (2010)

2010
Joe Maddison’s War (2010) 6.9
Joe Maddison’s War (2010) Joe Madison's War (2010)  ငါက ပထမကမ္ဘာစစ်ရဲ့ စစ်သားတစ်ယောက်။ အဲဒီစစ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုထိ ခြောက်လှန့်နေဆဲ။ညဘက် အိပ်မက်ဆိုးတွေမက်ရင်း မျက်ရည်ကျမိတယ်။စစ်ပွဲကြီးအပြီး တို့နိုင်လိုက်ပြီပဲ ထင်ခဲ့တာပေါ့။ ဒီလိုစစ်ပွဲမျိုး ထပ်မဖြစ်နိုင်တော့ဘူး ထင်ခဲ့မိ။ငါလည်း သင်္ဘောကျင်းလုပ်သားတစ်ယောက်အဖြစ် ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ နေထိုင်လာခဲ့တယ်။ငါနဲ့တိုက်ဖော်တိုက်ဖက်ရောင်းရင်းတွေလည်း ငါ့လိုပဲ စစ်ပွဲကြီးကို မမေ့နိုင်ကြသူတွေပါ။ဒါပေမဲ့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်တယ်။ တစ်ကမ္ဘာလုံးချီတဲ့စစ်ဖြစ်လာသလို ငါ့ကမ္ဘာငယ်‌လေးတစ်ခုလုံးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။ငါ့သားကိုစစ်ထဲဝင်ဖို့ ဆင့်ခေါ်ကြတယ်။ ငါ့သမီးရဲ့ခင်ပွန်းသည်လည်းပါတာပေါ့။ လက်ထပ်ပြီးလို့မှမကြာခင် ခွဲကြရရှာတယ်။ ကမ္ဘာစစ်ဆိုတာကို ကောင်းကောင်းကြုံခဲ့ရတဲ့ငါ့အတွက် ပထမအကြိမ်ကထက် ပိုပြီးလက်နက်တွေထွန်းကားလာပြီဖြစ်တဲ့ ဒီတစ်ပွဲက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လိမ့်မယ်ဆိုတာ မတွေးရဲဘူး။ငါ့ဒုက္ခတွေက ဒီလောက်နဲ့မဆုံးခဲ့။ ငါ့ဇနီးသည်ကပါ ငါ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ အဝေးကိုထွက်သွားပြန်တယ်။ ဘာကြောင့်မှန်းလည်း ငါမသိရပါလား။ သူ အကတော်သလောက် ငါက လုံးဝမကတတ်လို့လား မသိပါဘူးလေ။ အဲဒီအချိန်မှာပဲ ဟစ်တလာရဲ့လေတပ်မတော်က ဗြိတိန်နိုင်ငံရဲ့ မြို့ကြီးတွေပေါ်ကို နေ့စဉ်ရက်ဆက် ဗုံးမိုးတွေရွာချပေးကြတော့တယ်။ ...
movie

Joe Maddison’s War (2010)

2010
Firebreather (2010) 6.2
Firebreather (2010) Firebreather (2010)ဒီ animation ဇာတ်ကားကောင်းလေးကို မသိတဲ့သူတော်တော်ရှားမယ်ထင်ပါတယ်။ ကျွန်တော်တို့တွေ ကလေးဘ၀မှာ အသည်းစွဲဖြစ်ခဲ့ရတဲ့ ကာတွန်းကားလေးတစ်ကားဆိုရင်လည်း မှားမယ်မထင်ပါဘူး။မကြည့်ဖူးသေးတဲ့သူတွေရော ကြည့်ပြီးတဲ့သူတွေပါ ဘာသာပြန်ကောင်းကောင်းလေးနဲ့ သေချာပြန်လည်ခံစားလို့ရအောင်လို့ Channel Myanmar ကနေ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့......ကမ္ဘာကြီးဟာ ကိုင်ဂျူးလို့ခေါ်တဲ့ ဧရာမသတ္တဝါကြီးတွေနဲ့ လူသားတွေ ရောထွေးနေထိုင်တဲ့ နေရာတစ်ခုဖြစ်လာပါတယ်။ မျိုးနွယ်နှစ်ခုကြား စစ်ပွဲရှည်ကြီး တစ်ခုဖြစ်လာခဲ့ပြီး ဒီစစ်ပွဲကို အဆုံးသတ်ပေးလိုက်တာကတော့ မားဂရက်ဆိုတဲ့ လူသားမျိုးနွယ် မိန်းကလေးတစ်ဦးနဲ့ ကိုင်ဂျူးဘုရင်ကြီး ဘယ်လော့ခ် တို့ရဲ့ ချစ်ကြိုက်မှုပဲ ဖြစ်ပါတယ်။စစ်ပွဲကြီးရပ်တန့်သွားပြီးနောက် ကိုင်ဂျူးတွေဆိုတာလည်း ဒဏ္ဍာရီသဖွယ် ဖြစ်လာခဲ့ပါတော့တယ်။ ဒါပေမယ့် ဒန်ကန်ဆိုတဲ့ ကိုင်ဂျူးတစ်၀က် လူသားတစ်၀က် ဆယ်ကျော်သက်ကောင်လေးကတော့ ဒဏ္ဍာရီမဟုတ်ခဲ့ပါဘူး။ကိုင်ဂျူးတစ်ကောင်ရဲ့အစွမ်းတွေနဲ့ လူသားလေး ဒန်ကန်ဆီကို တစ်ရက်မှာ ကိုင်ဂျူးဘုရင် ဘယ်လော့ခ်ကြီးက ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့...... (ဇာတ်ကားနဲ့ အညွှန်းကို Chuck Chuck မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.3GB, 608MB Quality - ...
movie

Firebreather (2010)

2010
Harry Potter and The Deathly Hallows: Part 1 (2010) 7.7
Harry Potter and The Deathly Hallows: Part 1 (2010) Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie

Harry Potter and The Deathly Hallows: Part 1 (2010)

2010
4K HEVC BluRay
Tooth Fairy (2010) 5
Tooth Fairy (2010) Tooth Fairy (2010)လူသားဆန်ပစ်လိုက်ဆိုတဲ့ဘိုးတော် Viral ဖြစ်သွားတော့ ဒီဘဲ ဝါဒီကိုအတော်များများကသဘောကျကြတယ်ပေါ့ဗျာ။ သဘောလည်းကျချင်စရာပဲ လက်တွေ့ဆန်တာကိုးဗျ။ လူသားဆန်ပစ်လိုက်ဆိုတဲ့ ဘဲကဘယ်နှခုနှစ်ကပြောလဲမသိပေမဲ့ ကျွန်တော်တို့ရဲ့ ဒဝိန်းဂျွန်ဆင်ကြီးကတော့ ၂၀၁၀ ထဲက လူသားဆန်နေတာပါ။ဒဲရစ် သွန်မဆင်ဆိုတဲ့ ဟော့ကီးသမားကတော့ ပရိသတ်တွေကြားမှာ သွားနတ်သားလို့နာမည်ပြောင်ရထားပြီး fantasy တွေကိုလည်း bullshit လို့တွေးထားသူတစ်ယောက်ပါ၊ ကလေးတွေနဲ့တွေ့ရင်လည်း ကျွန်တော်က နာမည်ကြီး ဟော့ကီးကစားသမားဖြစ်ချင်တာဗျဆိုရင် မင်းထက်တော်တဲ့ကောင်တွေအများကြီးရှိသေးတယ်၊ ဘဝမှာအများကြီးမျှော်လင့်မထားနဲ့ ဆိုပြီး ပြောတတ်တဲ့သူမျိုးပေါ့။ဒီလို ဘုလကန့်ဂွစာလူ၊ Fantasy တွေကိုမယုံတဲ့သူကိုအပြစ်ပေးဖို့ဆိုပြီး ဆင့်ခေါ်စာရောက်လာခဲ့ပါတယ်၊ fantasy တွေကိုမယုံတဲ့သူ့ခမျာ Fantasy Land ဖြစ်တဲ့နတ်သူငယ်တိုင်းပြည်ကိုရောက်သွားပါတော့တယ်။Family/Comedy ကားဖြစ်ပြီးတော့ အိပ်မက်တွေကိုဆက်လက်ရှင်သန်နေစေဖို့ မဖြစ်နိုင်ဘူးဆိုတာ အတွေးသပ်သပ်ဖြစ်ပြီး ဘဝမှာ မဖြစ်နိုင်တာတွေလည်း ဖြစ်လာနိုင်တယ်ဆိုတာ ပြောပြထားတဲ့ကားကောင်းလေးတစ်ကားပါ။Keep Dreaming! လူသားဆန်ပါ။ လူသားဆိုတာ အိပ်မက်တွေနဲ့ကင်းလို့မရနိုင်ပါ...။(ဇာတ်ကားနဲ့အညွှန်းကို ပြန်ဆိုရေးသားပေးထားသူကတော့ Murphy ပဲ ဖြစ်ပါတယ်)Size - 1.6GB, 910MB Quality ...
movie

Tooth Fairy (2010)

2010