Channel Myanmar

2010

The Experiment (2010) 6.5
The Experiment (2010)  လူကိုယစ်မူးစေတဲ့ ထဲမှာ အာဏာကလည်း အဆိုးဆုံးအရာတစ်ခုပါ။ သာမာန်လူတစ်ယောက်က တခြားသာမာန်လူတစ်ယောက် အပေါ် လွှမ်းမိုးမှုရှိနေရတာဆိုတာ တကယ်ကို ယစ်မူးချင်စရာပါပဲ။ ကမ္ဘာဦးအစမှာကတည်းက အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ယူတယ်။ အခုအချိန်ထိလည်း အင်အားပုံစံတွေသာပြောင်းသွားတယ် အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်တတ်နေတုန်းပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့တွေ အဲဒီဖြစ်စဉ်ကနေ မတိုးတက်သေးတဲ့အတွက် တိုးတက်ဖို့လိုနေပါပြီဆိုတာကို The Experiment(2010) ဇာတ်ကားက သက်သေပြထားပါတယ်။ ဒီဇာတ်ကားလေးက IMDB Rating 6.5/10 ထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူ ၂၆ ယောက်ကို အစောင့်နဲ့ အကျဉ်းသားခွဲပြီး ထောင်ပုံစံစမ်းသပ်မှုပြုလုပ်ရင်း ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကိုပြထားတာပါ။ ကျွန်တော့်အထင်တော့ ဒီဇာတ်ကားမှာ လူသားဆန်မှုဆိုတာ ဘယ်လိုလဲလို့ ရှာတွေ့နိုင်မယ်ထင်ရဲ့ဗျာ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 860 MB) and ( 300 MB) Quality__BR-Rip 720p IMDb Rating__6.5/10 Format__mp4 Duration__01:36:05 Type__Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by d3mon Encoded by Naing Aung Latt
movie

The Experiment (2010)

2010
Toy Story 3 (2010) 8.3
Toy Story 3 (2010)   Toy Story ဟာ ကျနော်တို့ မျိုးဆက်အတွက် တော့ ငယ်ဘဝဖြစ်ခဲ့ပါတယ်။ တစ်သက်လုံးလည်း Andy Woody Buzzlight Year တို့ကို မေ့ရနိုင်မယ် မထင်ပါဘူး။ ထွက်ခဲ့တဲ့ သုံးကားလုံးဟာ စိတ်ကြည်နူးဖွယ် ကောင်းပေမယ့် နောက်ဆုံးထွက်ခဲ့တဲ့ Toy Story 3 ကတော့ ရင်ထဲအထိဆုံးပါပဲ။ ဒီကားမှာ Andy ဟာလည်း တော်တော်လေး ကြီးနေပြီဖြစ်ပြီး သူရဲ့ အရုပ်တွေကို မှားပြီးတော့ Day Care centre တစ်ခုကို ပေးခဲ့ပါတယ်။ အဲ့မှာ တော်တော်လေး ဆိုးတဲ့ အရုပ်တွေလက်ကနေရုံးထွက်ခဲ့ရပြီးနောက် နောက်ဆုံးခန်းမှာ Andy ဟာ သူရဲ့အရုပ်တွေကို ကောင်မလေးတစ်ယောက်ကို ပေးခဲ့ပါတယ်။ ပေးပြီးတော့ အဲ့ကောင်မလေးနဲ့ အတူတူ အရုပ်တွေနဲ့ ကစားလိုက်ပါသေးတယ်။ ဒီလိုကစားတာဟာ Andy အတွက် Woody Buzz တို့နဲ့နောက်ဆုံးကစားတာဖြစ်တဲ့ အပြင် ကျနော်ကလေးဘဝရဲ့ ...
movie

Toy Story 3 (2010)

2010
From Paris with Love (2010) 6.5
From Paris with Love (2010) From Paris with Love (2010) ဒီဇာတ်ကားရဲ့နာမည် နဲ့ ပိုစတာကို ယှဉ်ကြည့်ပြီးRomance လား Drama လား Action လား ဇဝေဇဝါဖြစ်မိကြပါလိမ့်မယ်တကယ်တော့ ဒီဇာတ်ကားလေးဟာ Action ကြမ်းကြမ်းထဲDrama လေး နည်းနည်းကဲထားတဲ့အပြင် လှည့်ကွက်ကလေးတွေနဲ့ပါထပ်ပေါင်းထားတာကြောင့် ရသစုံလင်တဲ့ ဇာတ်ကားလို့ ဆိုရမှာပါဒီဇာတ်ကားကို ကြည့်ဖူးသူတွေ အများကြီးရှိပါလိမ့်မယ်မြန်မာစာတန်းထိုးလေးနဲ့ ပြန်ကြည့်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်Face Off မင်းသားကြီး ဂျွန်ထရာဗိုလ်တာ ရဲ့ ပြောင်မြောက်လှတဲ့သရုပ်ဆောင်ပညာကို ဒီကားမှာ ထပ်မံမြင်တွေ့ကြရမှာပါ IMDb 6.2 ရရှိထားပါတယ်ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးရဲ့ ကိုယ်ရေးအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ချက်စ် ကစားသမား ဂျိမ်းစ်ရိစ် ဟာအမှန်တကယ်တော့ အသေးစားလျို့ဝှက်တာဝန်များကို ထမ်းဆောင်နေတဲ့စီအိုင်အေ အေးဂျင့်တစ်ဦး ဖြစ်ပါတယ်တစ်နေ့မှာတော့ ဂျိမ်းစ်ရိစ်ရဲ့တည်ငြိမ်အေးဆေးလှတဲ့နေ့ရက်တွေထဲချာလီဝက်စ် ဆိုတဲ့ ကောင်းဘွိုင်ဆန်ဆန် စီအိုင်အေ အေးဂျင့်တစ်ဦးရောက်ရှိလာတဲ့အခါမှာတော့ တည်ငြိမ်နေတဲ့ရေကန်ထဲခဲပစ်ခံရသလို ဖြစ်လာပါတော့တယ်ဘာတာဝန်နဲ့မို့ ချာလီဝက်စ် ပဲရစ်အထိ ရောက်လာခဲ့တာလဲ............အထက်အရာရှိတွေက ဘာ့ကြာင့်များ အသွင်မတူတဲ့အေးဂျင့်နှစ်ဦးကို ...
movie

From Paris with Love (2010)

2010
Dear John (2010) 6.3
Dear John (2010) ဒီဇာတ်ကားလေးက အရမ်းနာမည်ကြီးတဲ့The Notebook ကိုရေးတဲ့ စာရေးဆရာ Nicolas Sparks ရဲ့ Dear John ၀တ္တုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အမေရိကန် အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ စစ်သားလေး “ဂျွန်” ဟာ ခွင့်ရစဉ်ဇာတိမြို့လေးကိုခဏပြန်လာတဲ့အချိန်မှာ ကောလိပ်ကျောင်းသူလေး “ဆာဗားနား” နဲ့ချစ်ကြိုးသွယ်ခဲ့မိပါတယ်။ ဒီနောက်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်စာလေးတွေမှန်မှန်ရေးကြရင်း ဒီဇာတ်လမ်းလေးကို အရှိန်မြင့်စေပါတယ်။ ဘယ်လောက်စစ်မှန်တဲ့a ချစ်ခြင်းမေတ္တာဖြစ်ဖြစ် ကံကြမ္မာရဲ့ အလှည့်အပြောင်း ဇာတ်ဆရာအလိုကျ ချစ်ရတဲ့ချစ်သူနှစ်ယောက် ဘယ်လိုအဆက်ပြတ်သွားကြမလဲ ဘယ်လောက်ကြိတ်မှိတ်ခံစားရတယ်ဆိုတာကို ထိထိမိမိရိုက်ပြသွားပါတယ်…. ဒါ့အပြင် ဖခင်တစ်ယောက်နဲ့သားတစ်ယောက်ရဲ့ ဆက်ဆံရေး၊ နှုတ်ကဖွင့်မပြောတတ်တဲ့ ယောင်္ကျားသား (၂) ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း သဘောပေါက်နိုင်ပါတယ်။ နောက်ထပ်လည်း ဒင်္ဂါးလေးတွေ အကြောင်းလည်း ဗဟုသုတရဖွယ်ဖော်ပြသွားလို့ တော်တော်ကြည့်ပျော်တဲ့ကားလေးလို့ပဲ ညွန်းဆိုပါရစေ မိသားစုနဲ့ ကြည့်ဖို့သင့်တော်တဲ့ အမေရိကန် Romance ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ။ IMDB Rating 6.3 ရရှိထားတဲ့ ကားတစ်ကားပါ။ (ဇာတ်လမ်းအညွှန်းရေးသားသူ နဲ့ ဘာသာပြန်သူကတော့ ကိုသက်ဖြိုးဦး ပဲ ဖြစ်ပါတယ်။)
movie

Dear John (2010)

2010
Blue Valentine (2010) 7.4
Blue Valentine (2010)  အချစ်ဆိုတာဟာ လူတိုင်းဖြစ်နေကြုံနေကြရပြီး ဘယ်သူမှညဏ်မမှီနိုင်သေးတဲ့ ကိစ္စရပ်တစ်ခုလို့ ဆိုချင်တယ်။ သေသေချာချာ အဓိပ္ပါယ်တွေ ဘယ်မှာမှ မရှိနေဘူး။ ရူးသွပ်ကြသူတွေအတွက် တစ်သက်တာတည်မြဲသွားတာလည်း ဖြစ်နိုင်သလိုလို တစ်ချို့သော လူတို့အတွက် အင်မတိအင်မတန် ခေတ္တယာယီ ဆန်လွန်းတာလည်း ဖြစ်နိုင်တယ်။ဒီဇာတ်လမ်းလေးကတော့ တစ်ချို့ အချစ်တို့ရဲ့ မတည်မြဲမှုတွေအကြောင်းပေါ့။ Romance သိပ်ဆန်တာလဲ ဟုတ်တယ်။ Reality သိပ်ကျတာလဲ ဟုတ်တယ်။ ယူသလိုပဲရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကြားဖူးတဲ့ သီချင်းစာသားလေးထဲကလိုပါပဲ သေချာတာတော့ အချစ်ဆိုတာဟာ အတိတ်နဲ့အနာဂတ်လည်း မရှိသလို ထာဝရတွေ ခေတ္တတွေအတွက်ကို မရည်ရွယ်ပါဘူး။ ပြောင်းလဲမှုတစ်စုံတစ်ရာတွေရှိရင်တောင်မှပဲ လူရဲ့ဖြစ်တည်မှုမှာ အမြင့်မြတ်ဆုံးအရာဟာ ချစ်ခြင်းမေတ္တာဖြစ်နေတုန်းပါပဲ။ ကျွန်တော် မပြောပြခဲ့တဲ့ အကြောင်းတွေကို ဒီရုပ်ရှင်ကားလေးမှာ ကိုယ်နှလုံးသားနဲ့ ကိုယ်ခံစားကြည့်ကြပါ။ " မင်းကကောင်းကင်...ကိုယ်က မြေကြီးမို့ မင်းသိပါတဲ့...ဘုရားဖြစ်လတ္တံ့သော... အတွေးအခေါ်များလည်း မလိုဘူးလေ... ကိုယ့်ရှိပါတဲ့....ခေါက်ရိုးကျိုးးလေပြီးသော ဒုက္ခဒဏ်ရာများလည်း မငိုဘူးလေ...ဆေးလိပ်မီးခိုးငွေ့တွေနဲ့ မနက်ခင်းရဲ့အယ်ကိုဟော... ဖျောက်ဖျက်မရတဲ့မှတ်ညဏ်တွေက ရှိသေးတယ်ဘေဘီ။ လက်စွပ်ကလေးမရှိတော့တဲ့ လက်သူကြွယ်ပေါ်က နေလောင်မထားတဲ့ အရစ်ကြောင်းလေးရှိဆဲ...။ "(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 960 MB) and ( 400 MB) Quality__BR-Rip ...
movie

Blue Valentine (2010)

2010
Letters to Juliet (2010) 6.5
Letters to Juliet (2010) Letters to Juliet (2010) IMDb - 6.5/10_____Rotten - 41%  ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ဆုံတွေကြတဲ့ အခါ အတော်များများမေးလေ့ရှိကြတယ် ..ဟဲ့ နင်တို့ (၂)ယောက်ဘယ်လိုကနေဘယ်လိုချစ်သွားကြတုန်းတဲ့... ချစ်ခဲ့ကြဖို့အတွက် အခက်အခဲပေါင်းများစွာကြုံခဲ့ရသလို ကြည်နူးစရာပေါင်းများစွာကြုံခဲ့ရပေမယ့် ပြန်ပြောပြဖို့ကြတော့ ဝါကျ(၃)ကြောင်းလောက်နဲ့ပြီးသွားတတ်တယ်.. ကြိုးစားပြီးပြောပေမယ့် ကိုယ်ကြုံခဲ့ရတာတွေကများသလောက်  ဖွဲ့နွဲ့ပြဖို့ခက်တော့ မြန်မြန်နိဂုံးချုပ်လိုက်ရတယ်.. ဒါတွေကို FAတွေတော့ သိပ်နားလည်မယ် မထင်ဘူး... တစ်ချို့ပြောတတ်ဆိုတတ်တဲ့သူတွေအတွက်တော့ ဇာတ်လမ်းတစ်ပုဒ်နီးပါး နားထောင်ကောင်းနေတတ်မျိုးတော့ရှိတာပေါ့လေ... ဒီလိုပဲ အချစ်စာအုပ်ကောင်းတစ်အုပ် အချစ်ဇာတ်လမ်းကောင်းတစ်ကားကို ညွှန်းဆိုဖို့ကြတော့လည်း အတော်ခက်ပါတယ်.. ကြည့်နူးစရာတွေ ကြုံရမြင်ရ ခံစားရတာတွေများပေမယ့် ညွှန်းဆိုဖို့ကြတော့ခက်ပါတယ်..ပြီးတော့ တခြားသူညွှန်းပြီးသား အချစ်ကားတွေပြန်ကြည့်ရင် ခံစားရတာ ပေါ့နေသလိုဖြစ်နေတတ်တယ်...ဒါကြောင့် ထွေထွေထူးတော့ပြောမနေတော့ပါဘူး.... ဒီအချစ်ကားနဲ့ပတ်သက်ပြီးပြောလို့ရတာက ဇာတ်လမ်းလေးက တခြားအချစ်ဇာတ်လမ်းတွေထက်ကို   ပိုစိတ်ဝင်စားဖို့လည်းကောင်း၊ကြည်နူးဖို့လည်းကောင်း၊ မြင်ရတဲ့အရာတွေကလည်း သိပ်ကိုလှ ၊ဗဟုသုတတွေလည်းရတယ်လို့ပြောပါရစေ... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...   File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…01:45:00 Genre :  Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Phyo Pyae
movie

Letters to Juliet (2010)

2010
[18+]Flower & Snake 3 (2010) 5.6
[18+]Flower & Snake 3 (2010) ကဲဒီတခါတော့ Hardcoreအမျိုးအစားကိုမှ ကြိုက်​တဲ့သူတွေအတွက်​ ကားလေးတကားနဲ့ မိတ်​ဆက်​ပေးလိုက်​ပါတယ်​။ အဲ့ကားကတော့ Flower and Snake 3လို့ဆိုတဲ့ ဂျပန်​Drama လို့အမည်​ခံထားတဲ့လူကြီးကားလေးဖြစ်​ပါတယ်​....။ ၁၈+ ကားတွေရဲ့ထုံးစံအတိုင်းပဲဇာတ်​လမ်းအညွှန်းကိုတော့ နည်းနည်းပဲညွှန်းရေးပေးလိုက်​ပါတယ်​နော်​။ဇာတ်​လမ်းကတော့ စီးပွားရေးသမားတွေ တယောက်​ယောက်​ပြိုင်​ဆိုင်​ကြပြီးတော့ ပြိုင်​ဖက်​စီးပွားရေးသမားကျရှုံးသွားတဲ့အခါ သူ့ရဲ့ဇနီးကိုအကြွေးနဲ့သိမ်းပြီးတော့ ပရောဖက်​ရှင်​နယ်​Porn star တယောက်​ဖြစ်​အောင်​ ဘယ်​လိုလေ့ကျင့်​ပေးခဲ့သလဲ....ပြီးတော့ဘာတွေဆက်ဖြစ်​မလဲဆိုတာ ကြည့်​ရှုခံစားကြရမှာဖြစ်​ပါတယ်​...။မှတ်​ချက်​ --အချစ်​ရေးအချစ်​ရာကားဖြစ်​လို့ ကလေးသူငယ်​များမကြည့်​သင့်​ပါဘူး ငိငိJake(NNL) ရမ်းသမ်းဖောရှောဘာသာပြန်ထားခြင်းဖြစ်ပါတယ်။File size__( 900 MB) and ( 400 MB) Quality__BR-Rip 720p IMDb Rating__5.7/10 Format__mp4 Duration__01:45:46 Type__Asian, Adult, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Jake(NNL) Encoded by Dark Devil 
movie

[18+]Flower & Snake 3 (2010)

2010
Justice League: Crisis on Two Earths (2010) 7.3
Justice League: Crisis on Two Earths (2010) Justice Leauge: Crisis On Two Earths ကြည့်သင့်တဲ့အကြောင်းပြချက်တွေအများကြီးထဲကတစ်ခုပြပါဆို ဒီကားကparallel earthကိုအခြေခံထားတာပါပဲ လူဆိုးတွေကလူကောင်းဖြစ်နေမယ် လူဆိုးတွေကလူကောင်းဖြစ်နေမယ် အထာကျမှုတွေများစွာနဲ့characters developmentတွေကိုမြိုင်မြိုင်ဆိုင်ဆိုင်တွေ့နိုင်ပါတယ် ဒီကားကကျွန်တော်တို့သိထားတဲ့Lex Luthorနဲ့Jokerရဲ့အကြောင်းတော့မဟုတ်ဘူးဗျ အနည်းဆုံးတော့သူတို့တွေသာလူကောင်းတွေဖြစ်ခဲ့ရင်... ကျွန်တော်တို့သိနေခဲ့တဲ့လူကောင်းတွေကသာလူဆိုးတွေဖြစ်နေခဲ့ရင်... Crime Syndicate HqကနေLexနဲ့Jokerတို့ဟာdimensional travel deviceကိုဝင်ခိုးတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီး မထင်ထားတဲ့စတေးခံမှုတွေနဲ့ပါးစပ်အဟောင်းသားဖြစ်သွားစေနိုင်plotနဲ့စထားတာမို့ လုံးဝမပျင်းစေရဘူးဆိုတာတော့အာမခံပါရစေ Lex ဟာသူ့အဖွဲ့တိုင်ပင်ပြီးနောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ကမ္ဘာကိုရောက်လာပြီးJLကိုအကူအညီလာတောင်းပါတော့တယ် Supermanရဲ့x rayနဲ့Lexဟာအခြားparallel earthကဖြစ်ကြောင်းအတည်ပြုပြီးတဲ့အခါမှာတော့ Lexကိုကူညီပေးကြဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ် ဘယ်လိုတွေကူညီကြမယ်ဆိုတာတော့... အညွှန်းနဲ့encodeထားပေးတာတော့sithuဖြစ်ပါတယ်
movie

Justice League: Crisis on Two Earths (2010)

2010
Confessions (2010) 7.8
Confessions (2010) Confessions(2010) IMDb...7.8,,,Rotten...81% Confessions ဆိုတဲ့ကား​လေးက​တော့ ရုပ်​ရှင်​​ဝေဖန်​​ရေး​လောကမှာ​ရော စီးပွား​ရေးအရ​ပါ ​​သောက်​​သောက်​လဲအောင်​မြင်​ခဲ့တဲ့ psycho-thriller အမျိုးအစား ရုပ်​ရှင်​ဖြစ်​ပါတယ်​ ဒီဇာတ်​ကားထဲမှာ​တော့ Yuko Moriguchi ဆိုတဲ့ ​ကျောင်းဆရာမတစ်​​ဦးက အ​မေတစ်​ခု သမီးတစ်​ခု ဘဝနဲ့ ​နေ​ ​နေ တဲ့ Single mother တစ်​​ယောက်​ပါ။ တပည့်​​တွေထက်​ သမီးဖြစ်​သူကို ဦးစား​ပေးလွန်းတာ​ကြောင့်​ တပည့်​​တွေရဲ့ အမြင်​မကြည်​ခြင်း ခံ​နေရသူလည်း ဖြစ်​ပါတယ်​။ တ​နေ့ ဒီလိုချစ်​ရတဲ့ တစ်​ဦးတည်း​သော သမီး​လေး မ​တော်​တဆ​သေသွားတဲ့အခါမှာ​တော့ ဆောက်​တည်​ရာမရဖြစ်​ခဲ့ပါတယ်​။ ​ နောက်​ပိုင်း ဒီ​သေဆုံးမှုက ​သွေးရိုးသားရိုးမဟုတ်​ဘဲ အသတ်​ခံရတယ်​ဆိုတာ သိသွားချိန်​မှာ​တော့ သမီးအတွက်​ပူ​ဆွေး​နေတဲ့ ​သောက​တွေက​ ရက်​စက်​ခြင်းအဖြစ်​ ကူး​ပြောင်းသွားပါ​တယ်​။ ​ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး....အကောင်းဆုံးဒါရိုက်တာဆု။မင်းသမီးဆု၊ဇာတ်ပို့ဆုနှင့်း အခြားဆုများအပါအ၀င်စုစုပေါင်း(၈)ဆုရရှိခဲ့ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumi ပဲဖြစ်ပါတယ်.. File Size : (884 MB) and (330 MB) Quality : Blu-Ray 720p Format…mp4 Duration…01:46:00 Genre : Drama , Thriller  Subtitle : Myanmar Subtitle (Hard ...
movie

Confessions (2010)

2010
Hold Up(2010) 6.5
Hold Up(2010) Hold Up(2010) IMDb...6.5 NOKAS ဆိုတာက နော်ဝေနိုင်ငံအခြေစိုက် ငွေကြေးလုံခြုံရေးအတွက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုပါ။ အဲဒီလိုနေရာကို ဓားပြတိုက်ဖို့အတွက် စနစ်တကျအကွက်ဆင်ပြီး အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တဲ့ ဓားပြတစ်စုရဲ့ ဖြစ်ရပ်မှန်အကြောင်းကို ဇာတ်ကားအသွင်နဲ့ NOKAS ဆိုတဲ့နာမည်နဲ့ပဲ ၂၀၁၀ မှာ တင်ဆက်ပေးခဲ့တာပါ။ ဒီဇာတ်လမ်းမှာ အဲဒီနေ့က သုံးနာရီကနေ ရှစ်နာရီ ခွဲအထိဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို တွေ့ရမှာပါ။ IMDB 6.1 ထိရရှိထားပြီး အကောင်းဆုံးဒါရိုက်တာဆုလည်းရရှိခဲ့သလို အခြားဆု(၃)ဆုလည်းရရှိခဲ့ပါတယ်... ဘဏ်ဓားပြကားကောင်းတွေကြိုက်နှစ်သက်သူတွေအဖို့ ခံစားကြည့်လိုက်ပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်... File Size : (850 MB) and (210 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre :  Action , Biography , Crime  Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Phyo Pyae  
movie

Hold Up(2010)

2010
Saranae Siblor (2010) 6.5
Saranae Siblor (2010) Saranae Siblor ဇာတ်ကားဟာဆိုရင်တော့ Director : Nareubadee wetchakam ရိုက်ကူးထားပြီး မင်းသား Mario အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 6.3/10ဒီဇာတ်ကားထဲ့မှာဆိုရင် ထိုင်းမင်းသား Mario က ဇာတ်လမ်းစစခြင်းမှာ ခြောက်နေတာကြောင့် သူ့အဖေက ယောကျာ်းစစ်စစ်ဖြစ်အောင် သူ့ဦးလေးရှိရာဆီသို့ ပို့လိုက်ပါတယ်။ သူ့ဦးလေးအိမ်မှာဆိုရင် အော့ဒ် နဲ့ အဒ် အမွှာညီအကိုရှိပါတယ်။ Marioဟာ သူ့ဦးလေးဆီရောက်နေစဉ်မှာပဲ ဘီဘီ ဆိုတဲ့ ကောင်မလေးကို ကြိုက်သွားပါတယ်။ နောက်ပိုင်း ကောင်းမလေးက ပြန်ကြိုက်မလား... ဖွင့်ပြောပြီးတဲ့နောက် ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှု့ကြပါတော့...။ ဒီဇာတ်ကားဟာဆိုရင် သရဲကားဆန်ဆန် ရိုက်ကူးထားပေမယ့် သိပ်ကြောက်ဖို့မကောင်းပါဘူး။ အရမ်းရယ်ရပြီး မျက်နှာပြောင်တဲ့ ဇာတ်ကားဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ May Thin Kyu ဖြစ်ပါတယ်)File size__( 900 MB) and ( 350 MB) Quality__HD 720p IMDb Rating__6.3/10 Format__mp4 Duration__01:44:57 Type__Comedy Subtitle__Myanmar Subtitle (Hardsub) Translated by May Thin Kyu  Encoded by Naing Aung Latt
movie

Saranae Siblor (2010)

2010
Superman/Batman: Apocalypse 7.2
Superman/Batman: Apocalypse Superman Batman: Apocalypse 2010 ကမို့ ကြာခဲ့ပါပြီ... သို့သော် Superman နဲ့ Supergirl ရဲ့ Super Action တွေဟာ ခုအချိန်ထိ မဟောင်းသေးပါဘူး။ Sir Bat က Action နည်းတယ်လို့ပြောလို့ရပေမယ့် သူ့လုပ်ကွက်တွေကလဲ ခုချိန်ထိ အရမ်းကို Batman ဆန်နေဆဲပါ။ Batman ဆန်နေမှတော့ ကြည့်လို့ကောင်းပြီရယ်ပေါ့။ အကောင်းဆုံး ဇာတ်ကားတစ်ကားလို့မပြောပေမယ့် အစကနေ ပြီး အဆုံးထိ ပေါ့ပေါ့ပါးပါးလေး သူခေါ်သွားပါလိမ့်မယ်။ DC Trinity ရဲ့ ချစ်စရာ အမူအကျင့်လေးတွေကို Supergirl ရဲ့ အပြစ်ကင်းစစ် ချစ်စရာကောင်းမှု နဲ့ အတူ ကြည့်ရမှာပါ။ BatFan တွေ ကြိုက်ကြသလို Superman Fan တွေလဲ အားရကြပါတယ်... DC ဟာ Animation မှာ နာမည်ရှိပါတယ်.... အဲ့လိုဖြစ်စေတဲ့ Animations များစွာထဲမှာ ဒီ Animation လေး အပါအဝင်ပါပဲ... ဒီ Animation Movie လေးကို ဘာသာပြန်ပေးထားတာကတော့ Han Minn ဖြစ်ပြီး Review ကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။   Thit ...
movie

Superman/Batman: Apocalypse

2010
Blu-Ray 1080p
A Nightmare on Elm Street 2010 5.2
A Nightmare on Elm Street 2010 Horror ကားကြိုက်သူတွေအတွက် အိပ်မက်ထဲက လူသတ်သမားကြီးဖရက်ဒီဆိုရင် လူသိများကြမယ်ထင်ပါတယ် ဖရက်ဒီအကြောင်းပြောရမယ်ဆိုရင်တော့ သူဟာသူသတ်ချင်တဲ့သူကို အိပ်မက်ထဲမှာသတ်လိုက်ဆိုရင် အပြင်မှာ တကယ်သေသွားရတယ်…. သူသည်ဘာလို့ အဲ့ဒီလိုမျိုးဘာလို့လိုက်သတ်ရသလဲ…. အဲ့ဒီမြုပ်ကွက်ကိုက စိတ်ဝင်စားစရာကောင်းပါတယ် သူသည် အလကားသက်သက် ဖရက်ဒီဆိုတဲ့ နာမည်ကြီး လူသတ်သမားတယောက်ဖြစ်ခဲ့တာမဟုတ်ပါဘူးဇာတ်လမ်းအကျဉ်း : ဇာတ်လမ်းအစကတည်းက အိမ်မက်တခုနဲ့အစပျိုးထားပြီး ကော်ဖီဆိုင်တခုထဲမှာအိမ်မက်မက်နေတဲ့ ဒင်းန် တယောက် လန့်နိုးသွားပါတယ်..သူ့သူငယ်ချင်းရောက်လာတော့ ဒီအိမ်မက်တွေအကြောင်းကိုပြောပြဖြစ်တယ်.. တကယ်လိုခံစားနေရတဲ့အကြောင်း လုံးဝမအိပ်ရဲတော့တဲ့အကြောင်းကိုပြောပြပေမယ့် သူ့သူငယ်ချင်းခရစ်က ဒါတွေဟာ အိမ်မက်သက်သက်သာဖြစ်ပြီး စိတ်မပူဖို့ပြောပြီး သန့်စင် ခန်းထသွားခဲ့တယ် တချက်ပြန်ပြီးအိပ်ပျော်သွားတဲ့အခါမှာတော့ ဒင်းန်တစ်ယောက်အသက်ပါပေးလိုက်ရပါတော့တယ် နောက်ပိုင်းမှာ ခရစ်ကလည်း ထိုအိမ်မက်တွေမြင်မက်.. တစ်ယောက်ပြီးတစ်ယောက်သေဆုံးပြီးတော့ ဘာကြောင့်ဒီလိုအိမ်မက်တွေသူတို့မှလာဖြစ်ရတာလဲ.. ဆိုပြီး ကြားထဲက ဆက်နွယ်မှုတစ်ခုကို နောက်ဆုံးကျန်နေတဲ့ ကွမ်တင် နဲ့ နန်စီ တို့ စုံစမ်းရင်းနဲ့ကနေပြီးတော့ ရလာတဲ့ရလဒ်ကတော့ ဆက်လက်ကြည့်ရှုခံစားကြပါ  Download Here ( 800 MB ) - Google Drive | Openload | MegaUp
movie

A Nightmare on Elm Street 2010

2010
The Nutcracker in 3D(2010) 4.4
The Nutcracker in 3D(2010) The Nutcracker in 3D(2010) ဇာတ်လမ်းသဘောတရားလေးကတော့ အရမ်းစိတ်ကူးယဉ်တတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကာတွန်းဇာတ်ကောင်ရုပ်လေးတွေနဲ့ ဖန်တီးရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်... ဇာတ်လမ်းထဲကမိန်းကလေးရဲ့စိတ်ကူးထဲမှာ အရုပ်တွေဟာအမှန်တကယ် အသက်ရှိတယ်လို့ယုံကြည်မှုရှိပြီး တစ်နေ့မှာတော့ မထင်မှတ်ပဲ သစ်သားရုပ်တစ်ရုပ်ဟာ သူ့ကိုစပြီး စကားပြောလာခဲ့တယ် ... အဲ့နောက်မှာတော့ အဲ့ဒီအရုပ်လေးရဲ့နောက်ကြောင်းနဲ့ရာဇဝင်နဲ့ သူ့ရဲ့ရန်သူဖြစ်တဲ့ကြွက်တွေအကြောင်းတွေကို သိလာခဲ့ရတယ်.... အဲ့ဒီရန်သူကြွက်တွေကို မိန်းကလေးနဲ့သစ်သားရုပ်လေးတို့ ဘယ်လိုဆက်ပြီးရင်ဆိုင်ကြမလဲ ဆိုတာကိုတော့ လက်တွေ့နဲ့စိတ်ကူးယဉ်မှုအကြား ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးကိုပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါတော့.. Fantasy  ကားလေးတွေကိုသဘောကျတဲ့သူအတွက်ကြည့်လို့ကောင်းတဲ့ကားလေးပါ...ဒီကားကို CM ဘာသာပြန်တစ်ဦးဖြစ်တဲ့ Ko Zwel Zan Aung မှသူ့ချစ်သူကောင်မလေးအတွက်ရည်ရွယ်ပြီးဘာသာပြန်ပေးထားတာပါ... မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ Channelmyanmar မှလည်း Fantasy ရုပ်ရှင်ချစ်သူတွေအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါသည်.... File Size : (850 MB) and (317 MB) Quality : Blu-Ray 720p Format…mp4 Duration…01:50:00 Genre :  Action , Family , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded ...
movie

The Nutcracker in 3D(2010)

2010
Blu-Ray 720p
Incendies (2011) 8.2
Incendies (2011)   နော်ဝယ်မာဝမ်ဆိုတဲ့အရှေ့အလယ်ပိုင်းသူ က သူမသေဆုံးခင် သေတမ်းစာရေးခဲ့ပါတယ်သူ့သေတမ်းစာကို သူ့အလုပ်ရှင်ရှေ့နေကြီးဆီမှာပဲယုံကြည်စွာအပ်နှံခဲ့ပါတယ် သူမသေဆုံးသွားပြီးတဲ့နောက်မှာတော့ ရှေ့နေကြီးက သူရဲ့ သားသမီးဖြစ်တဲ့ အမွှာမောင်နှမ၂ယောက်ရှေ့မှာပဲဖွင့်ဖတ်ပြခဲ့ပါတယ် သူရေးခဲ့တဲ့သေတမ်းစာကသူများတွေသေတမ်းစာနဲ့မတူ တမူထူးခြား နေပါတယ် ထူးခြားတဲ့တောင်းဆိုချက်တွေထဲမှာမှ သမီးဖြစ်သူဂျန်မာဝမ်အတွက် စာအိတ်တစ်အိတ်ပေးပြီး အဖေဖြစ်သူကိုရှာပြီး အဲ့စာအိတ်လေးပေးပေးဖို့တောင်းဆိုခဲ့သလို သားဖြစ်သူ စီမွန်မာဝမ်ကိုတော့ သူ့ရဲ့နောက်ထပ်အစ်ကိုဖြစ်သူကိုရှာပြီး ပေးဖို့ စာအိတ်တစ်အိတ်ပေးခဲ့ပါတယ် သားအမိ၃ယောက်ထဲနေခဲ့ပြီးမှ အဖေနဲ့နောက်ထပ်အစ်ကိုလုပ်သူကို ရှာရတော့မယ်ဆိုတော့အကုန်လုံးကလက်မခံနိုင်စရာတွေဖြစ်ခဲ့ပါတယ် သို့သော်လဲ သင်္ချာပညာရှင် ဂျန်မာဝမ်ကပုစ္ဆာတစ်ခုကိုအရှင်းဆုံးပုံစံထိ အဖြေရှာတတ်တဲ့သူဖြစ်တာကြောင့်မောင်လုပ်သူတားနေတဲ့ ကြားက သူ့တာဝန်ဖြစ်တဲ့ အဖေဖြစ်သူကိုရှာပြီးစာအိတ်ပေးဖို့ ခရီးစထွက်ပါတော့တယ် အဖေဖြစ်သူကိုရှာဖို့က အမေရဲ့အတိတ်ကို မလွှဲအသေပြန် တူးဖော်ရတော့မှာဖြစ်ပြီး သူ့အမေရဲ့အတိတ်တွေကို သူတို့မောင်နှမတွေ သိလာရတဲ့အခါမှာတော့.. IMDb 8.2/10ရထားတဲ့ ဒီကားလေးက အေးအေးဆေးဆေးဇာတ်လမ်းကိုကြည့်ချင်တဲ့သူတွေ အကြိုက်ဖြစ်မှာပါ ကျွန်တော်ကိုယ်တိုင်ကြည့်ပြီးတဲ့ အခါရင်ထဲစို့နင့်သလိုလို ခံစားရပါတယ် အင်္ဂလိပ် ပြင်သစ်နဲ့ အာရေဗီဘာသာစကားသုံးထားတဲ့ဒီကားလေးက အကောင်းဆုံးနိုင်ငံခြားဘာသာစကားသုံး ဇာတ်ကားအနေနဲ့ အကယ်ဒမီဆန်ကာတင် စာရင်းဝင်ခဲ့ပါတယ်... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ CM Translator  Wai Zin ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်  
movie

Incendies (2011)

2010
Blu-Ray 1080p
The Wolfman (2010) 5.8
The Wolfman (2010)  The Wolfman ဇာတ်ကားကို Director:Joe Johnston က ၂၀၁၀ခုနှစ်မှာရိုက်ကူးပြသခဲ့တာဖြစ်ပါတယ်။ ရုံတင်ပြီးနောက် American Box Office 139.8 millionထိ ရရှိထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ IMDb Rating -5.8/10  မင်းသား Benicio Del Toro ၊ မင်းသမီး Emily Blunt နဲ့ မင်းသားကြီး Anthony Hopkins တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဖြူစင်တဲ့နှလုံးသားပိုင်ရှင်တောင် လပြည့်ည ၀ုဘိန်းပန်းတွေပွင့်တဲ့အချိန် ဆုတောင်းမှားခဲ့မယ်ဆိုရင် သမန်းဝံပုလွေတစ်ကောင်အဖြစ်ကျိန်စာသင့်သွားစေနိုင်ပါတယ်။ ဇာတ်လမ်းကတော့ ၁၈၉၁ ခုနှစ်လောက်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင်တော့ Gwen ဆိုတဲ့အမျိုးသမီးတစ်ယောက်က သူနှင့်စေ့စပ်ထားသောBenဆိုသောသူ ရုတ်တရက် ပျောက်သွားတာကြောင့် သူ့ညီဖြစ်သူ လောရန့်ဆီသို့ အကူအညီတောင်းရန်သွားခဲ့ပါတယ်။ လော့ရန့် က သူ့နေရပ်ဖြစ်တဲ့ Blackmoorမြို့ကို ရောက်တဲ့အချိန်မှာဆိုရင်တော့ သူ့အကိုရဲ့ ရုပ်ပျက်ဆင်းပျက်အလောင်းကိုသာတွေ့ရပါတော့တယ်။ လောရန့်ဟာ သူ့အကို သေရတဲ့အမှု့နဲ့ပတ်သက်ပြီး စုံစမ်းရန် Blackmoorမြို့မှာပဲနေမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ Blackmoorမြို့သူမြို့သားတွေကတော့ လပြည့်ညလိုနေ့မျိုးဆို အပြင်မထွက်ကြတော့ပါဘူး။ ဒါပေမယ့် တစ်ခြားမြို့ကပြန်လာသော လောရန့်တစ်ယောက်ကတော့ Blackmoorမြို့သူမြို့သားတွေပြောနေကြတဲ့ သတ္တ၀ါဆိုးကြီးဆိုတဲ့ ကောလဟာလကို သေချာသိချင်တာကြောင့် သတ္တ၀ါဆိုးကြီးကို ဖမ်းရန်လုပ်နေသော အဖွဲ့များနှင့်လိုက်သွားခဲ့ပါတယ်။ ထိုလပြည်နေ့ညမှာဆိုရင်တော့ အေးဆက်နေသော လမင်းထံမှ ကြမ်းတမ်းလှစွာသော သေခြင်းတရားများကို ပေးသွားခဲ့ပါတယ်။ ဒါပေမယ့် လောရန့်တစ်ယောက် ထိုသတ္တ၀ါဆိုးကြီးအကိုက်ခံရပြီးနောက် အသက်ရှင်နေသေးတာကြောင့် Blackmoorမြို့သို့ပြန်ခေါ်ပြီး ကုသခဲ့ပါတယ်။ လူတိုင်းကသေလောက်ပြီဟုထင်မှတ်နေပေမယ့်လည်း သူရဲ့ဒဏ်ရာတွေက မထင်မှတ်စွာပဲ အလိုလိုပြန်ကောင်းလာခဲ့ပါတယ်။ ထို့နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ရှု့စားကြပါတော့...။ ဒီဇာတ်ကားဟာဆိုရင် Best ...
movie

The Wolfman (2010)

2010
Unrated Blu-Ray 720p
Time Traveller: The Girl Who Leapt Through Time (2010) 6.5
Time Traveller: The Girl Who Leapt Through Time (2010) IMDb Rating (6.5/10)ဒီဇာတ်ကားလေးက ငယ်ကချစ် အနှစ်တစ်ရာမမေ့သာ ဆိုတဲ့စကားပုံလေးကိုဖေါ်ပြထားတဲ့ ငြိမ့်ငြိမ့်ဆိမ့်ဆိမ့်လေး ခံစားရမယ့် အချစ်ဇာတ်ကားလေးပါ။ဇာတ်လမ်းပိုင်းကိုပြောပြရင်တော့.. အမေလုပ်တဲ့သူဟာ ငယ်ငယ်ကတစ်ကြိမ်လောက်ပဲဆုံပြီး သူအချစ်ကြီးချစ်ခဲ့ရတဲ့သူရှိပါတယ်... သူ့တစ်ဘဝလုံး အတိတ်ကိုပြန်သွားဖို့ ဆေးရည်ဖျော်စပ်ရင်း အချိန်ကုန်မှန်းမသိ ကုန်နေခဲ့ပါတယ်။အသက်တွေကြီးလာမှ အတိတ်ကဓါတ်ပုံလေးတစ်ပုံကို ပြန်ရလိုက်တဲ့အချိန်မှာ သူဖေါ်စပ်ခဲ့တဲ့ အတိတ်ကိုပြန်သွားနိုင်တဲ့ဆေးရည်ကိုအသုံးပြုဖို့ကြိုးစားပါတော့တယ် ...အကြောင်းမတိုက်ဆိုင်ပဲ နာမကျန်းဖြစ်သွားရတော့ သမီးဖြစ်တဲ့သူကို သွားဖို့ပြောပြီး အကူအညီတောင်းခဲ့တယ် သမီးလုပ်တဲ့သူက ပြာကလပ်စိန် ရှပ်ပြာလေး ... အဲ့မှာပဲ သွားခိုင်းတဲ့ ခုနှစ်အစား ၂နှစ်လောက်နောက်ကျပြီးမှ ရောက်သွားတော့ ဘာတွေဖြစ်မလဲ ဆက်လက်ကြည့်လိုက်ပါဦးနော်။အရမ်းချစ်ဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတွေ ပျော်စရာအလွဲလေးတွေနဲ့ မင်းသမီးလေးရဲ့ချစ်စရာကောင်းမှုလေးတွေ သီချင်းတွေက ဘယ်လိုတွေဖီးလ်လို့ကောင်းလိုက်လဲ ဆိုတာ ကြည့်သာကြည့်လိုက်ကျပါတော့နော်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Thinzar Htet ပါ။) File size…(999 MB) and (500 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:02:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thin Zar Htet
movie

Time Traveller: The Girl Who Leapt Through Time (2010)

2010
Alice in Wonderland (2010) 6.4
Alice in Wonderland (2010) Alice in Wonderland (2010)IMDb - 6.4/10_____Rotten - 51%Won 2 Oscars. Another 33 wins & 63 nominations.   [unicode]ဒီဇာတ်ကားလေးဟာ Imdb 6.4 ထိရရှိထားပြီး စာရေးဆရာ lewis Carrol ရဲ့ နာမည်ကျော်စိတ်ကူးယဉ်ဝတ္ထုစာအုပ်ကိုနာမည်ကျော်ဒါရိုက်တာကြီး Tim burtonကရုပ်ရှင်အဖြစ်ပြန်လည်းအသက်သွင်း ရိုက်ကူးခဲ့တဲ့ Adventure,Fantasy အမျိုးအစား မိသားစုကြည့်ရှုနိုင်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းဆိုရင် အဲလစ် ဟာ အင်္ဂလိပ်တော်ဝင်မိသားစုတစ်က ဆယ့်ကိုးနှစ်အရွယ်ရှိ စေ့စပ်ကြောင်းလမ်းပြီးထားတဲ့သမီးငယ်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ စေ့စပ်ပွဲမှာ သူမဟာ အသိုင်းအဝိုင်းကြားက မာနတွေ အတ္တတွေ ဖိနှိပ်ချုပ်ချယ်မှုတွေကိုသည်းမခံနိုင်တော့တာကြောင့် ခြေဦးတည့်ရာပြေးထွက်ခဲ့ရင်း ပန်းဥယျာဉ်တစ်နေရာအရောက်မှာ ထူးဆန်းတဲ့အသွင်ရှိတဲ့ ယုန်တစ်ကောင်နောက်ကိုလိုက်ရင်းနဲ့ ကျင်းနက်ကြီးထဲကိုပြုတ်ကျသွားခဲ့ပါတော့တယ်။သူမ ရောက်ရှိသွားခဲ့တဲ့ ထူးဆန်းတဲ့ပုံသဏ္ဍာန်တွေနဲ့ပြည့်နှက်နေတဲ့ နေရာကတော့ "Underland" လို့ခေါ်တဲ့ ထူးဆန်းအံ့ဩဖွယ်ရာမှော်မြို့တော်ကြီးဖြစ်နေပြီးတော့ နေရာအနှံ့မှာ စကားပြောတတ်တဲ့ တိရိစ္ဆာန်တွေ ထူးဆန်းတဲ့ပုံစံနဲ့ ကလေးငယ်တွေ အကျင့်မကောင်းတဲ့ မှော်ဘုရင်မနဲ့ စစ်သည်တော်တွေ ...
movie

Alice in Wonderland (2010)

2010
TRON: Legacy (2010) 6.8
TRON: Legacy (2010) virtual world designer Kevin Flynn တယောက် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်နှစ်ပေါင်း ၂၀ ကြာပြီးတဲ့နောက်မှာ သားဖြစ်သူ Sam တယောက် ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်ဖြစ်လာခဲ့ပါပြီAlan bradly တယောက် Samကို ဖခင်ဖြစ်သူရဲ့ ဗီဒီယိုထဲကနေ ထူးဆန်းတဲ့ ပေးပို့ချက်တခုကို ဖော်ထုတ်ဖို့ တောင်းဆိုခဲ့ပါတယ်ဒီနောက်မှာတော့ Sam တယောက် ကွန်ပျုတာထဲကနေမှ ဖွက်ထားတဲ့ အောက်ခြေအဆင့်အပိုင်းကို ရှာတွေ့သွားတော့တဲ့နောက် ENCOM ရဲ့ အဓိက မိန်းဖရိန်နဲ့မဟုတ်ပဲ သက်သက်ကွဲထွက်နေတဲ့ အပိုင်း Grid ကနေ သတင်းပေးပို့ချက်ကို ရရှိခဲ့ပြီးတဲ့နောက် The Rinzler လို့ခေါ်တဲ့ ပရိုဂရမ်နဲ့ ယှဉ်ပြိုင်ဖို့ ဖိအားပေးခြင်းခံရပါတော့တယ်SAm တယောက်ထိခိုက်မိပြီး သွေးထွက်လာခဲ့တဲ့နောက် Rinzler က Samဟာလူသားဂိမ်းဆော့သူဖြစ်တယ်ဆိုတာ သိရှိသွားတဲ့အခါ ?ဒါ့အပြင် Grild ရဲ့ စည်းမျဉ်းပရိုဂရမ်ကို တပ်ဆင်ခဲ့သူက ဖခင်ဖြစ်သူ Kevin ...
movie

TRON: Legacy (2010)

2010
Blu-Ray 720p