Channel Myanmar
2020
Baba Yaga: Terror of the Dark Forest (2020) 6.2
Baba Yaga: Terror of the Dark Forest (2020) 2020ထွက် Horror/Supernatural ဇာတ်ကားကောင်းလေးပါ. ဇာတ်လမ်းလေးက ရှရှားရိုးရားပုံပြင်တပုဒ်ကို အခြေခံထားတာပါ။ လူ့လောကရဲ့ နယ်စပ်ဖြစ်တဲ့ သေခြင်းနဲ့ရှင်ခြင်းနယ်မြေကြားမှာ ကလေးတွေရဲ့ ဝိညာဉ်ကို စားသုံးတဲ့ စုန်းမတစ်ကောင် ရှိပါတယ်. အဲ့ဒီစုန်းမဟာ ကလေးတွေကို Navsလို့ ငှက်တပိုင်းလူတပိုင်း သတ္တဝါကို စေလွှတ်ပြီး ကလေးတွေကို ဖမ်းခိုင်းခဲ့ပါတယ်. တနေ့မှာတော့ သူဖမ်းတဲ့ကလေးထဲမှာ တောက်ပတဲ့ဝိညာဉ်ကလေး တစ်ယောက်ပါလာပြီး အဲ့ဒီကလေးကပဲ သူ့ကို သေခြင်းနယ်မြေမှာ အကျဉ်းချထားခဲ့ပါတယ်. အချိန်တွေကြာလာတာနဲ့ အမျှ လူတွေဟာ ပုံပြင်ကို မေ့လာခဲ့ကြပေမယ့် တနေ့မှာတော့ အီဂေါဆိုတဲ့ ကောင်လေးဟာ သူ့ညီမပျောက်သွားတာကို သတိထားမိပေမယ့် မိဘတွေရော တခြားလူတွေကပါ သူ့ညီမရှိတာကို မေ့ကုန်ကြတာပေ့ါ ရှာဖွေဖော်ထုတ်ရင်း ဒဏ္ဋာရီထဲက အရာတွေ အမှန်ရှိပြီး ဘယ်လို လှည့်ကွက်တွေ ဘယ်လို ဒုက္ခပေါင်းစုံကို ရိုက်ပြထားပြီး background soundတွေကလဲ တကယ့်ကိုထိတ်လန့်စိတ်၀င်စားဖွယ်အသံတွေကို ထည့်ထားတာကြောင့် horrorချစ်သူတို့ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းပါ‌ရစေ   File Size - 1 gb Quality - web-dl 1080p Subtitle -  burmese Translator - YK Encoder - Thit San Khant
movie
Baba Yaga: Terror of the Dark Forest (2020)
2020
Beyond That Mountain (2020) 7.3
Beyond That Mountain (2020) ဒီဇာတ်ကားကတော့ 1982ခုနှစ်တုန်းက ရိုမန်ကတ်သလစ် ဘုန်းတော်ကြီး စတီဖန် ကင်ဆွန်းဟွမ်း ရဲ့ငယ်ဘဝအကြောင်းကို အခြေတည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ အဆိုပါဘုန်းတော်ကြီးဟာ တောင်ကိုရီးယားနိုင်ငံရဲ့ စစ်တပ်အုပ်ချုပ်မှုလက်အောက်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းတဲ့ အရေးအခင်းကာလမှာပါဝင်ခဲ့တဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဉီးဖြစ်ပြီး လူအများလေးစားအားကြခံရတဲ့ သူလည်းဖြစ်ပါတယ် ။ ဒီဇာတ်ကားထဲမှာတော့ ဘုန်းတော်ကြီးရဲ့ငယ်ဘဝ ကို ဘယ်လိုသရုပ်ဖော်ထား မလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှု့ပေးကြပါအုံးရှင်။   File Size - 1.2 gb Quality - web-dl 1080p Subtitle -  burmese Translator - Kim Hana Encoder - Thit San Khant
movie
Beyond That Mountain (2020)
2020
Crime Solving Special Squad (2020) 8.0
Crime Solving Special Squad (2020) ဒီကားလေးကတော့စုံထောက်ဇာတ်လမ်းလေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့သူတွေအကြိုက်တွေ့ကြမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက ရဲတွေလက်လှမ်းမမှီတဲ့ အမှုတွေနဲ့ရဲတွေက လာဘ်စားထားပြီး ဖြေရှင်းမပေးတဲ့ အမှုတွေကို ဒီအဖွဲ့က လူတော်တွေကဖြေရှင်းကြတာပဲဖြစ်ပါတယ်။ အဖွဲ့ထဲမှာအတိုက်အခိုက်ကျွမ်းသူတွေ၊ စကားပြောကောင်းသူ၊ပုံဖျက်အယောင်ဆောင်ကျွမ်းကျင်သူ၊ ကွန်ပြူတာကျွမ်းကျင် hackerအထိရှိပြီး သူတို့အားလုံးပေါင်းပြီးတရားမဝင်အလုပ်တွေလုပ်ကိုင်နေကြတဲ့ လောဘသားတွေကိုစုံစမ်းကြရပါတယ်။ သူတို့အထက်မှာအမိန့်ပေးနေတဲ့သူလည်းရှိသလိုအဲ့လူကိုတော့ သူတို့တခါမှမမြင်ဖူးကြပါဖူး။ ဒီလိုနဲ့ ကျောင်းသားငယ် အသက်မပြည့်သေးတဲ့ကလေးတွေကို တရားမဝင် ကျွန်အရောင်းအဝယ်စာချုပ်လိုမျိုးချုပ်ပြီး အလုပ်ခိုင်းနေတဲ့ အဖွဲ့ကိုစုံစမ်းဖို့ဖြစ်လာပါတယ်။ ဒီအဖွဲ့ကလည်း ကျောင်းသားငယ်လေးတွေ ငွေနဲ့မျှားပြီး အသုံးများတဲ့ app တစ်ခုကနေ မက်လုံးပေးအလုပ်ခေါ်တာပါ။ ဒါကိအြပျော်အပါးမက်တဲ့သူတွေဝင်လုပ်ကြရင်း ဒီအလုပ်ထဲနစ်မှန်းမသိနစ်ကုန်ကြပါတယ်။ ဒီလိုကလေးတွေကိုကာကွယ်ဖို့ ဒီအထူးအဖွဲ့ကစတင်လှုပ်ရှားရပါတယ်။ ဒီလိုနဲ့ နောက်ကြောင်းလိုက်ရင်း နောက်ကွယ်က ခိုင်းစေသူတွေကို စုံစမ်းကြည့်တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ သူတို့အဖွဲ့ဒီအမှုကိုဖြေရှင်းနိုင်ပါမလားနောက်ကွယ်ကလက်မဲကြီးတွေကကော ဘယ်သူတွေလဲ ဒီ appကကောဘာလဲဆိုတာတော့ စိတ်ဝင်စားဖွယ်တင်ဆက်ထားတာတွေ့ရမှာဖြစ်လို့ အိမ်မှာနားနေတဲ့အချိန် အေးအေးအေးဆေး ကြည့်ကောင်းတဲ့ကားလေးတစ်ကားဖြစ်တယ်လို့ ညွှန်းချင်ပါတယ်    File Size -  867mb Quality - web-dl 1080p Subtitle -  burmese Translator - Moe Pwint Encoder - Thit San Khant
movie
Crime Solving Special Squad (2020)
2020
Bori (2020) 7.8
Bori (2020) မိသားစုမှာ ကိုယ်တစ်ယောက်တည်း ကွဲပြားနေတယ်လို့ ခံစားရဖူးပါသလား ကျန်တဲ့သူတွေက အတူပျော်ရွှင်နေပြီး ကိုယ်တစ်ယောက်တည်းပဲအထီးကျန်နေတယ်ဆိုတဲ့စိတ်ကိုဖြေသိမ့်ချင်တယ်ဆိုရင် ဒီကားလေးကိုညွှန်းပေးချင်ပါတယ် အဖေ အမေ မောင်လေးဂျောင်ဝူး နဲ့ ဘိုရီ တစ်မိသားစုလုံးမှာ တစ်ယောက်တည်းပဲနားကြားရတဲ့ ဘိုရီလေးဟာ မိသားစုတွေ လက်ဟန်ခြေဟန်နဲ့စကားပြောတဲ့အချိန် သူတစ်ယောက်တည်းကွဲပြားနေပါလားဆိုတဲ့ အထီးကျန်စိတ်နဲ့ ဝမ်းနည်းနေတတ်တဲ့ကလေးမလေးပါ မိသားစုဝင်တွေလိုပဲ အသံတွေပျောက်သွားချင်တယ်ဆိုတဲ့စိတ်နဲ့ ဘိုရီတစ်ယောက် တကယ်ပဲအသံမကြားရတော့တဲ့အချိန် မိသားစုဝင်တွေတွေ့ကြုံရတဲ့ အခက်အခဲတွေကိုကြုံလာရတဲ့အခါ သူ့စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ အတူတူဖြစ်သွားပြီလို့တွေးမှာလား မိသားစုဝင်တွေအတွက် သူဘယ်လောက်အရေးကြီးခဲ့လဲဆိုတာ သိလာမှာလား တကယ်ပဲအသံအပြီးပျောက်သွားတာဟုတ်ရဲ့လားဆိုတာ ဒီကားလေးထဲမှာ အဖြေရှာစေချင်ပါတယ် ဇာတ်ကားလေးက လှပတဲ့ဒရာမာဇာတ်လမ်းလေးပါ မိသားစုနဲ့ပတ်သတ်တဲ့ခံစားချက်တစ်ခု ရင်ထဲမှာကျန်နေခဲ့မှာ အသေအချာပါပဲ   File Size - 1.2 gb Quality - web-rip 1080p Subtitle - burmese Translator - Phu Nge Nge Thein Encoder - Thit San Khant
movie
Bori (2020)
2020
The Pale Door (2020) 7.3
The Pale Door (2020) ဒယ်တန် ဂိုဏ်သားတွေက ရထားတစ်စီးကို ဓားပြဝင်တိုက်ရင်းနဲ့ သူတို့ခေါင်းဆောင်က သေနတ်မှန်သွားပါတယ် သေနတ်ဒဏ်ရာရနေတဲ့ ခေါင်းဆောင်ကို ကယ်ဖို့ကြိုးစားရင်း တောထဲမှာ ပြည့်တန်ဆာအိမ်တစ်ခုကို တွေ့လိုက်ရပါတယ် ဒါပေမယ့် သူတို့ကို ကြိုဆိုနေတဲ့ မိန်းမချောလေးတွေက တစ်ခုခု မူမမှန်ဘူး ဖြစ်နေတာကို အားလုံးက သတိမထားမိကြပါဘူး ဒဏ်ရာရနေတဲ့ ခေါင်းဆောင်နဲ့ အဖွဲ့သားတွေ အသက်ရှင်ရက် ပြန်လာနိုင်မလား? တောနက်ထဲက ပြည့်တန်ဆာအိမ်က မိန်းမချောလေးတွေက ဘယ်သူတွေလဲ? ကောင်းဘွိုင်ခေတ်ကို အခြေခံထားတဲ့ ထိတ်လန့်သည်းဖို့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ The Pale Door ဟာ Horror ဖန်တွေ သဘောကျနိုင်တဲ့ ဇာတ်ကားတစ်ကားပါ   File Size - 1 gb Quality - web-dl 1080p Subtitle -  burmese Translator - Htet Wai Lwin Encoder - Thit San Khant
movie
The Pale Door (2020)
2020
Offering to the Storm (2020) 7.2
Offering to the Storm (2020) Offering to the stormက The Bazatan Trilogy ရဲ့ နောက်ဆုံးရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ စုံစမ်းရေးမှူး အမာရာဆယ်လာဇာတစ်ယောက် ကလေးငယ်တွေ ရုတ်တရက်သေခြင်းဆိုပြီး ဖုံးကွယ်ထားတဲ့ ဓလေ့ရိုးရာကလေးသတ်သမားတွေရဲ့ မကောင်းမှုကြီးကို နောက်ဆုံးတစ်ခေါက် စစ်ဆေးဖို့ ပြန်လာတဲ့အခါ............. ဒီရုပ်ရှင်ကားဟာ လျှို့ဝှက်ချက်တွေ၊ စဥ်းစားစရာတွေနဲ့ အတက်အကျပြင်းထန်ပြီး Rosemary's Baby (1968)ရဲ့ ရင်ထိတ်ဖွယ်ရာ ခံစားချက်က်ို ပြန်လည်အမှတ်ရသွားစေပါတယ်။ လူသားတွေရဲ့ အလိုဆန္ဒပြည့်ဖို့နဲ့ပတ်သက်ရင် စိတ်ကူးကြည့်လို့တောင်မရတဲ့ ဆိုးရွားမှုတွေ၊ ငွေအတွက်၊ လိုချင်တာရဖို့ ဘာမဆိုပေးဆပ်ကြတဲ့ ချောက်ချားဖွယ်ရာစိတ်ဓာတ်တွေကို ပေါ်လွင်စေတဲ့ စိတ်ဝင်စားဖွယ်ရာ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ စုန်းအတတ်တွေ၊ ရှေးဒဏ္ဍာရီတွေနဲ့ အယူသီးတာတွေနဲ့ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် စိတ်မခိုင်တဲ့လူတွေအတွက်တော့ သူငယ်ချင်းနဲ့ အတူကြည့်ပါ။ ဇာတ်ကားတစ်ကားလုံးက ၂နာရီကျော်ကြာပေမယ့် နောက်ဆုံးဇာတ်သိမ်း အထိ ဘာဖြစ်မလဲ ဘာဖြစ်မလဲ တဖြေးဖြေးနဲ့ ဇာတ်ကားထဲ စိတ်ရောကိုယ်နစ်သွားပြီး အချိန်ကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ တစ်ခုရှိသေးတယ်။ဇာတ်သိမ်းပိုင်းက တကယ့်အသက်ပါ။ မထင်မှတ််ထားတွေနဲ့ တကယ့်ကို ပါးစပ်အဟောင်းသာ ဖြစ်ရပါတယ်။ အမာရာနဲ့ သူ့ရဲ့လက်အောင်ငယ်သားတွေရဲ့ ဆက်ဆံရေး၊ အခက်အခဲကြုံတဲ့အခါ တစ်ယောက်ကို တစ်ယောက် ဘယ်လိုကူညီလဲ၊ အမာရာအပေါ် ဘယ်လိုယုံကြည်ပေးကြလဲဆိုတာက ကြည့်ရှုပရိသတ်တွေရဲ့ စိတ်ခံစားချက်တွေကို အမျိုးမျိုးဖြစ်ပေါ်သွားစေပါတယ်။ ဇာတ်လမ်းက rating နည်းတဲ့အထဲပါပေမယ့် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ပုဒ်ပါ။ လူမဆန်စွာ အယူသီးတဲ့ ယဇ်ပူဇော်မှုတွေ၊ လူ့လောဘ၊ အာဃာတတွေအကြောင်း ...
movie
Offering to the Storm (2020)
2020
Peninsula – Train to Busan 2 (2020) 6.0
movie
2020
Wonderful Woman (2020) 7.2
Wonderful Woman (2020) လည်ပင်းအကျိတ်ကင်ဆာကနဦးအဆင့်ဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝဖြတ်သန်းပုံကို ဖော်ပြပေးထားတဲ့ဇာတ်ကားတစ်ကားပါ လိင်ဝန်ဆောင်မှုပေးတဲ့အနှိပ်ခန်းမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးမစ္စဂင်ကို ဆယ်နှစ်ကျော်ကွဲကွာနေတဲ့ သမီးဖြစ်သူက ပြန်လည်ဆက်သွယ်လာပြီး အဖေနဲ့အမေဖြစ်သူကို မင်္ဂလာပွဲလာပေးဖို့ပြောလာတဲ့အခါမှာ မစ္စဂင်တစ်ယောက် ၁၀နှစ်ကျော်ကွဲကွာနေတဲ့ခင်ပွန်းဟောင်းဖြစ်သူကို ပြန်ရှာဖို့လုပ်ရင်း သူဖြတ်သန်းရတဲ့ဘဝအခြေအနေကို ပေါ်လွင်အောင်တင်ပြထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် Slice of Life ပုံစံမျိုးတင်ဆက်ထားပြီး မမြင်နိုင်တဲ့ဘဝအခြေအနေတွေကို လစ်ဟပြသသွားတာပဲဖြစ်ပါတယ် life drama နှစ်သက်သူတစ်ယောက်အတွက် စိတ်မပျက်စေတဲ့ဇာတ်ကားဖြစ်ပါလိမ့်မယ် Nude scene အနည်းငယ်ပါဝင်ကြောင်းလည်း ထပ်လောင်းသတိပေးပါရစေ   File Size - 1.1 gb Quality - web-dl 1080p Subtitle - burmese Translator - Phu Nge Nge Thein Encoder - Thit San Khant
movie
Wonderful Woman (2020)
2020
The Final Level: Escaping Rancala (2020) 6.2
The Final Level: Escaping Rancala (2020) ကောင်လေးတစ်ယောက် ဂိမ်းဆိုင်မှာ ဂိမ်းဆော့ရေရင်း   လေထဲမှာပျောက်သွားသလိုမျိုး ဘာအစမှရှာမရ‌ေတာ့ဘဲပျောက်သွားတယ်။ လိုက်ရှာတဲ့ရဲတွေရော မိသားစု၀င်တွေရော သူငယ်ချင်းတွေရောက ဘယ်လိုမှရှာမရတဲ့အဆုံးလက်လျော့လိုက်ကြတယ်။ ဒါပေမယ့် နှစ်တွေကြာလာတော့ပျောက်သွားတဲ့ကောင်မလေးရဲ့အမက သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဂိမ်းဆိုင်တစ်ဆိုင်ဖွင့်တဲ့အခါ သူ့မောင်လေးပုံပါနေတဲ့ ဂိမ်းတစ်ခုကိုသွားတွေ့တယ်။ သူငယ်ချင်းသုံးယောက်သား ယောင်ချာချာနဲ့ ဂိမ်းထဲရောက်သွားပြီး သူတို့မောင်လေးဟာ ပျောက်သွာစတာမဟုတ်ဘဲ ဂိမ်းထဲရောက်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ အဲ့ဒီ့လိုနဲ့ သူငယ်ချင်းသုံးယောက်သားမောင်လေးကို ကယ်ဖို့ကြိုးစားကြပါတော့တယ်။ ဒီအမျိုးသမီးသုံးယောက်ဂိမ်းထဲမှာ ဘယ်လိုတွေစွန့်စားခန်း ဖွင့်သွားကြမလဲဆိုတာ ခံစားကြည့်ကြပါဦး   File Size -  943 mb Quality - bluray 1080p Subtitle - burmese Translator - Nay Myo Thu Encoder - Thit San Khant
movie
The Final Level: Escaping Rancala (2020)
2020
Roped (2020) 7.3
Roped (2020) ဒီတစ်ခေါက်တော့ စီအမ်ပရိတ်သတ်ကြီးအတွက် ၂၀၂၀ မှာထွက်ထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းကတော့ အမေရိကန်က ပေါတာခရိမြို့က ကောင်းဘွိုင်တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ပေါတာခရိမြို့မှာ ထရေစီ ရဲ့ အဖေက မြင်းရိုင်းထိန်းပွဲတွေကို ပိတ်ပင်ဖို့အတွက်ဦီးစီးဉီဆောင်ပြုပြီး ဆောင်ရွက်နေပါတယ် ဒါပေမယ့် သူ့သမီး ထရေစီကတော့ ကောင်းဘွိုင်တစ်ယောက်ဖြစ်တဲ့ ကော်တန်ကို မြင်မြင်ချင်း စိတ်ဝင်စားခဲ့ပါတယ် အဲ့ဒီမှာ သူ့အဖေက ကောင်းဘွိုင်နဲ့ ဝေးဝေးနေခိုင်းပါတော့တယ် နောက် ထရေစီရဲ့ရည်းစားကလည်း ကောင်းဘွိုင်နဲ့ မတည့်ပါဘူး သူတို့ရဲ့ အချစ်ရေးက ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုရမှာပါ နောက်ပြီးတော့ ထရေစီရဲ့ အဖေက ကောင်းဘွိုင်တွေကို မြင်းပွဲ ကိစ္စတွေကြောင့် တယူသန် အမြင်မကြည်ဖြစ်နေတာတွေ ရှိနေပါတယ် အဲ့ဒီလို ခံယူချက်ချင်း ကွဲလွဲပြင်းထန်နေတဲ့အခါ ကောင်းဘွိုင်လေးနဲ့ ထရေစီရဲ့ အချစ်ရေးက ဘယ်လိုမျိုး ရှေ့ဆက်ဖို့ ရှိလာနိုင်မလဲ ဒါကို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ် File Size - 975 mb Quality - web-dl 1080p Subtitle - burmese Translator - Pyae Shan Tun Wai Encoder - Thit San ...
movie
Roped (2020)
2020
Ginger’s Tale (2020) 7.8
Ginger’s Tale (2020) CM ပရိသတ်ကြီးအတွက် ရုရှားanimation ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဂျင်းဂျားဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်တည်းက တိရစ္ဆာန်လေးတွေကိုလည်း အရမ်းချစ်တတ်ပြီး ဒုက္ခရောက်နေတဲ့သူတွေကိုလည်း အရမ်းကူညီပေးတတ်တဲ့သူ... ဒါပေမဲ့ ရှပ်ပြာရှပ်ပြာနိုင်လွန်းလို့ သူ့ကြောင့်မြို့ရဲ့ အထင်ကရရေပန်းကြီးပျက်စီးသွားရတဲ့အခါ စေတနာကနေ ဝေဒနာဖြစ်ပြီး မြို့သူမြို့သားတွေရဲ့ ဝိုင်းအပြစ်တင်တာကိုခံရတဲ့ကောင်မလေး ပေါ်တာဆိုတဲ့ အိုးဖုတ်သမားကောင်လေးကတော့ ဂျင်းဂျားနဲ့ငယ်ငယ်တည်းက ကစားဖော်ကစား​ဖက်... ငွေရေးကြေးရေးမပြည့်စုံလို့ အကြွေးပတ်လည်ဝိုင်းနေပြီး အိုးဖုတ်ကိရိယာကောင်းကောင်းမရှိလို့ အိုးကောင်းတွေလည်းမဖုတ်နိုင်... သူ့အရွယ်တုန်းက သူ့အဘိုးဆို မြို့ရဲ့အထင်ကရရေပန်းကြီးကိုတောင် ဆောက်ပေးနေနိုင်ပြီဆိုပြီး လူတကာက ဝိုင်းလက်ညှိုးထိုးအထင်သေးခံရတဲ့ကောင်လေး ဒီလိုနဲ့တစ်နေ့ ရွှေတွေငွေတွေထွက်တဲ့ ရတနာသိုက်မီးကျောက်တုံးကြီး ပေါ်တာ့ဆီမမျှော်လင့်ဘဲရောက်လာတဲ့အခါ... ငွေတွေ၊ အာဏာတွေက လူတွေကိုဘယ်လိုပြောင်းလဲသွားစေလဲ ချစ်ခြင်းတရားနဲ့ အတောမသတ်နိုင်တဲ့လောဘတွေ လွန်ဆွဲလာတဲ့အခါ ဘယ်အရာကအနိုင်ရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုပေးကြပါဦး File Size - 952 mb Quality - web-rip 1080p Subtitle -  burmese Translator - MTA Encoder - Thit San Khant
movie
Ginger’s Tale (2020)
2020
Run Boy Run (2020) 7.8
Run Boy Run (2020) ဒီကားကတော့ ၂၀၂၀မှာထွက်ရှိထားတဲ့ ကျောင်းသားဒရမ်မာကားလေးဖြစ်ပြီး The Tale of Nokdu ထဲက မင်းသားပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒုန်ဝွန်းဆိုတဲ့ကောင်းသားလေးက ခြေထောက်ဒဏ်ရာရပြီးနောက်ဆိုးလ်မြို့ကျောင်းအဆင့် အပြေးပြိုင်ပွဲ ကနေရွှေတံဆိပ်ရပြီးမှ နားလိုက်ရပြီး ကျောင်းကိုလည်း သူမွေးရပ်ကျောင်းကိုပြောင်းလိုက်ရပါတယ်။ အဲ့ကျောင်းကိုရောက်တဲ့အခါ ကိုရီးယားကျောင်းတွေရဲ့ ထုံးစံအတိုင်း ကြီးနိုင်ငယ်ညှင်းအင်အားရှိတဲ့သူတွေက အနိုင်ကျင့်ကြပေမယယ့်ဒုန်ဝွန်းကတော့ ငြိမ်ခံနေတတ်တဲ့ သူမျိုးမဟုတ်ပါဖူး။ တစ်ရက်အဲ့ကျောင်းက ကျောင်းသားတွေနဲ့ ကျောင်းသားသစ်ဒုန်ဝွန်းတို့ ရန်ဖြစ်မလိုဖြစ်နေတုန်း အမှတ်မထင်ရန်ပွဲကို ဖြန်ဖြေဖို့လာတဲဲ့ ငယ်သူငယ်ချင်း ဂျင်းဆူနဲ့သွားတွေ့ပါတယ်။ အဲ့ကနေတစ်ဆင့် ဂျင်းဆူ မိတ်ဆက်ပေးလို့ နောက်ထပ်ငယ်သူငယ်ချင်းမလေးချယ်ယောင်းနဲ့လည်းတဖန်ဆုံခွင့်ရခဲ့ပါတယ်။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးအစပျိုးမယ်ကြံတုန်း ဂျင်ဒဆူတယောက် လူမိုက်အဖွဲ့ထဲဝင်ထားမိပြန်တော့ စီနီယာကျောင်းသားတွေရဲ့ဗိုလ်ကျစေခိုင်းမှုမှန်သမျှကိုလည်း လုပ်ရပြန်ပါတယ်။ အဲ့ဒါတွေကို ဂျင်းဆူတစ်ယောက် မလုပ်ချင်ပဲ လုပ်ရရင်းဂျင်းဆူနဲ့ ဒုန်ဝွန်း သူငယ်ချင်းနှစ်ယောက်ကြားအထင်လွဲစရာအကြီးကြီးဖြစ်လာခဲ့ပြန်ပါတယ်။ ပြီးတော့ဒုန်ဝွန်းတယောက် ခြေထောက်ကဒဏ်ရာကောဘယ်လိုဆက်ဖြစ်လာမလဲ။ သူအရမ်းကြိုက်နှစ်သက်တဲ့ ပြေးတာကို ပြန်လုပ်နိုင်ပါ့မလား။ ဘယ်လိုဖြစ်မယ်ဆိုတာတော့ ဇာတ်ကားပဲ ဆက်လက်ကြည့်ရှုစေချင်ပါတယ်။ ဇာတ်လမ်းကိုအဓိကညွှန်းချင်တာက သူငယ်ချင်းအချင်းချင်းနောက်ဆုံးအချိန်အထိ သူငယ်ချင်းဆိုတဲ့ သစ္စာ၊တယောက်ကိုတယောက်အရမ်းချစ်ပြီး ကာကွယ်ပေးတတ်တာစတဲ့ သူငယ်ချင်းသံယောဇဉ်ကို အသားပေးဖော်ပြထားပြီး ကိုရီးယားကျောင်းသားလောကရဲ့ ရန်ပွဲကို ဇာတ်လမ်းသွားလေးနဲ့ လေ့လာကြည့်ရှု ခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကလည်း အေးမယ်ထင်ရပေမယ့် ကြည့်လို့ ကောင်းသလို မင်းသားကလည်း ကောင်မလေးတွေအကြိုက် The Tale of Nokdu ထဲကအချောလေးဆိုတော့ မင်းသားကြည့်ရတာနဲ့တင် တန်မှာပါလို့ညွှန်းဆိုပါစေ။   File Size - 1.1 gb Quality - web-dl 1080p Subtitle -  burmese Translator - Moe Pwint Encoder - Thit ...
movie
Run Boy Run (2020)
2020
Gunjan Saxena: The Kargil Girl (2020) 6.2
Gunjan Saxena: The Kargil Girl (2020) ဒီတခါတော့ CMပရိတ်သတ်ကြီးအတွက် ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတပုဒ် တင်ဆက်ပေးလိုက်ပါပြီ. ဇာတ်လမ်းလေးကိုတော့ ပိုင်းလော့ဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကြိုးပမ်းမှုကို ရိုက်ပြပြီး တင်ဆက်ထားတာပါ. ငယ်ငယ်တည်းက အဖေရဲ့အလိုလိုက်ချစ်မြတ်နိုးခြင်းကို ခံရတဲ့ ဂွန်ဂျူးဟာ မိန်းကလေးဖြစ်ပေမယ့် ပိုင်းလော့တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်. စာဆိုလဲ အရမ်းတော်ပေမယ့် သူ့ရဲ့တခုတည်းသော ရည်ရွယ်ချက်က ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ပါပဲ. ဒါပေမယ့်လည်း အန္ဒိယလိုနေရာမျိုးမှာ အမျိုးသမီးပိုင်းလော့က ရှားတာကြောင့် လူအတော်များများက ဝိုင်းတားခဲ့ကြပါတယ်. ဂွန်ဂျူးကတော့ လက်မလျှော့ခဲ့ပါဘူး. သူတို့နိုင်ငံရဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ အခြေခံလိုအပ်ချက် ၁၀တန်းဆိုပေမယ့် ဂွန်ဂျူးသွားလျှောက်ချိန်မှာ ၁၁တန်းထိအောင်ဖို့ လိုနေခဲ့ပါတယ်. ဒါကြောင့် ဂွန်ဂျူးကလဲ ၁၁တန်းကို ဆက်တက်ပြီး အောင်မြင်ခဲ့ပါတယ်. ထပ်သွားလျှောက်ချိန်မှာလဲ တခြား ပညာရေးအဆင့်တွေ လိုအပ်နေသေးတာကြောင့် ဂွန်ဂျူးက နှစ်အတော်ကြာကြိုစားခဲ့ပါတယ်. နောက်ဆုံး ပညာရေးအဆင့်တွေ မှီသွားတဲ့အချိန်မှာတော့ ပိုင်းလော့သင်တန်းစရိတ်ကြောင့် သူဟာ နှစ်များစွာကြိုးစားခဲ့သမျှကို လက်လျှော့ရမလို ဖြစ်နေခဲ့ပါတယ်. ဂွန်ဂျူးသူ့ရည်ရွယ်ချက်ကို ဘယ်လိုဘယ်ပုံကြိုးစားအားထုတ်ခဲ့တယ် ဘယ်အထိ ဖိနိုပ်ခံခဲ့ရတယ် ဂွန်ဂျူးရဲ့အာဂသတ္တိကို လေးစားဖွယ်တင်ဆက်ပြသထားတဲ့ အန္ဒိယဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါရစေဗျာ.   File Size - 1.2 gb Quality - web-dl 1080p Subtitle - burmese Translator - YK Encoder - Thit San Khant
movie
Gunjan Saxena: The Kargil Girl (2020)
2020
{DS} GYM Trainer Babe (2020) 8.0
{DS} GYM Trainer Babe (2020) အသက် (၁၈) နှစ် အောက် ကလေးသူငယ်များ မကြည့်ရ   ဒီတခါတော့ dark sideဖန်ကြီးအတွက် ဆင်ဆာမပါဘွင်းဘွင်းရှင်းရှင်း ဇာတ်လမ်းတပုဒ်ထပ်တင်ပေးလိုက်ပါပြီ.ဇာတ်လမ်းအကျဉ်းကတော့ ကျော်ကြီးကြိတ်ကြွေနေရတဲ့ လေ့ကျင့်ခန်းနည်းပြ မမhianဆိုတာရှိပါတယ် လေ့ကျင်ခန်းလုပ်တဲ့ မမဆိုတော့ သိတဲ့အတိုင်း ဖွံထွားတဲ့ရင်သား စွင့်ကားတဲ့ တင်ပါးရှိတော့ ကျော်ကြီး သားရည်ကျချင်စရာကြီးပေါ့ဗျာ.ဒါနဲ့  ကျော်ကြီးကလဲ ဘယ်ချိန်စားရမလဲချောင်းနေတဲ့ကျားဆိုးကြီး ဖြစ်နေတာပေါ့. ဒီလိုနဲ့ တနေ့ ထရိန်နာမမက အကြောလျော့လေ့ကျင့်ခန်းလာပြတုန်း  ကျော်ကြီးက အကြောတင်မကဘူး ရသမျှအကုန်လျော့လိုက်တာကို ဘွင်းဘွင်းရှင်းရှင်းတင်ဆက်ထားတဲ့   ၂၁+ဇာတ်ကားကောင်းလေးမို့ Dsဖန်တွေ  အားပေးဖြစ်အောင် အားပေးဖို့ တိုက်တွန်းပါရစေ အားကစား လိုက်စားသူတွေ မဖြစ်မနေ ကြည့်သင့်တဲ့ အားကစား ၊ ဒရာမာ ၊ ရိုမန့် အမျိုး အစားဖြစ်ပါတယ်
movie
{DS} GYM Trainer Babe (2020)
2020
God of Gamblers ( 2020 ) 5
God of Gamblers ( 2020 ) Game of Gambler ဆိုတဲ့နာမည်ကို မစိမ်းကြဘူးထင်ပါတယ်...ဒါပေမယ့် ဒီ ၂၀၂၀ မှာရိုက်ထားတဲ့ ကားကတော့ ဇာတ်အိမ် ဇာတ်ရိုးဆန်းနေမှာ သေချာပါတယ်ဘာလို့လဲဆိုတော့ အရင်က ကြည့်နေကြ ကားတွေမှာဆို Game of Gambler ကိုလူကောင်း လူဖြောင့် လူထူးလူဆန်းအနေနဲ့ role မြှင့်ထားနေကြကနေဇာတ်အိမ်အချိုးအကွေ့ဆန်းဆန်းပြောင်းရိုက်ထားတာကြောင့်ပါပဲ...ဇာတ်လမ်းလေးက ထုံးစံအတိုင်း သာမန်ကောင်လေးတစ်ယောက်ကGame of Gambler ကို ကယ်လိုက်ရာက စတာပေါ့...မတူတာက ကောင်လေးက လောင်းကစားကို နာကျည်းနေတဲ့ နောက်ခံရှိနေတာပဲဒါကြောင့် သူက ငါးဖမ်းပြီး ငါးရောင်းစားနေတဲ့ တံငှါလေးပေါ့...ဒီလိုကောင်လေးက အခြေအနေတစ်ခုကြောင့် လောင်းကစားလောကထဲဘယ်လိုရောက်သွားပြီး ဘယ်လိုအလှည့်အပြောင်းတွေနဲ့ရင်ဆိုင်ရမယ်ဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားဖွယ်မြင်တွေ့ခံစားရမယ့် ကားကောင်းလေးတစ်ခုပါလို့ ညွှန်းပေးလိုက်တယ်နော် Translated & Review By Chu ChuEncoded By LK
movie
God of Gamblers ( 2020 )
2020
Project Power (2020) 6.1
Project Power (2020) Project Power (2020)================IMDb Rating - 6.1/10#UnicodeAugust 14 ရက်နေ့က Netflix ကနေပြသသွားတဲ့ Action, Crime, Sci-Fi ကားကောင်းလေးကိုတင်ပေးချင်ပါတယ်။ ဇာတ်လမ်း အကျဥ်းလေးကိုပြောပြရရင်တော့ . . .နယူးအော်လင်းမြို့ရဲ့ လမ်းတွေပေါ်မှာ ဆေး အသစ်အဆန်းတစ်မျိုးရဲ့ သတင်းက ပျံ့နှံနေပါတယ်။ထိုဆေးက မူးယစ်စေတဲ့ ဆေးမဟုတ်ဘဲ သောက်လိုက်တဲ့လူကို ၅ မိနစ်ခန့် စူပါစွမ်းအားပေးတဲ့ဆေးပါ။ကိုယ်က ဘာအစွမ်းရမယ်ဆိုတာကိုတော့ သောက်ပြီးမှပဲ သိရမှာပါ။ တစ်ချို့က ကိုယ်ပျောက်နိုင်တယ်။တစ်ချို့က သေနတ်ပြီး တယ်။ အဲဒီလိုကွဲပြားတဲ့ အစွမ်းတွေပေးတဲ့ဆေးကို အသုံးချပြီး လူတွေက ပစ်မှုတွေကျူးလွန်လာတဲ့အခါမှာတော့ ရဲတွေအနေနဲ့ ဘယ်လိုဖြေရှင်းကြမလဲ။ ဒီဆေးတောင့်တွေ ဘယ်ကရောက်လာတာလဲ။ ဒီဆေးကိုဖန်တီးရတဲ့ ရည်ရွယ်ချက်ကဘာလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Htet Wai Lwin ပဲဖြစ်ပါတယ်။)#ZawgyiAugust 14 ရက်နေ့က Netflix ကနေပြသသွားတဲ့ Action, ...
movie
Project Power (2020)
2020
Tribal Get Out Alive (2020) 7.3
Tribal Get Out Alive (2020) တပ်ကနေမနားယူလာတဲ့ Caitlin နဲ့ Bredဆိုတာက တစ်ကယ်ကိုခင်တဲ့သူငယ်ချင်းတွေ ...... တစ်နေ့မှာသူတို့နှစ်ယောက်ကို တာ၀န်တစ်ခုပေးလာတယ် အဖေ့ဆီကအမွေကတဲ့အိမ်ကြီးကို သ ားဖြစ်သူကအမွေရတာကနေ အိမ်ပေါ်တတ်နေတဲ့ အိမ်ယာမဲ့တွေကို ရှင်းပေးဖို့ ပြသာနာကအာ့ဒီမှာစတာဘဲ အိမ်ရှင်းလင်းဖို့လုပ်ကြရင်းနဲ့ လူတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်သွားတဲ့အပြင် အိမ်ပိုင်ရှင်ဟောင်း‌ဆရာ၀န်ရဲ့ဓာတ်ခွဲခန် းမှာ ထူးဆန်းတဲ့ ဆေးရည်ပုလင်းတွေကိုလည်းတွေ့ကြရတဲ့အခါ...... အိမ်ယာမဲ့တွေကို ပိုင်ရှင်ဟောင်းဆရာ၀န်ကြီးကဘာလို့လက်ခံထားတာလဲ..... Caitlinတို့ကရော လူတွေပျောက်ရတဲ့အကြောင်းကိုရှာတွေ့နိုင်မှာလားဆိုတာကို စိတ်၀င်တစားကြည့်ရမှာပါ... Actionခန်းတွေကတစ်ကယ်မိုက်တာမို့၊ ကြည့်သင့်တဲ့ကားကောင်းလေးပါဘဲ    File Size - 1 gb Quality - web-dl 1080p Subtitle -  burmese Translator - Yamin Ou Encoder - XCode
movie
Tribal Get Out Alive (2020)
2020
Theatre: A Love Story (2020) 7.3
Theatre: A Love Story (2020) ဒီတခါတော့ ၂၀၂၀ထွက် ဂျပန်romance/dramaဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်. တကယ်ကို ရင်ထဲမှာ ခံစားသွားရစေမယ့် အချစ်ဇာတ်လမ်းလေးတပုဒ်ဆိုလဲ မမှားပါဘူး. ဇာတ်လမ်းအကျဉ်းလေးကတော့ Nagataဟာ သိပ်ကို အနုပညာဘက်မှာ ထူးချွန်ချင်တဲ့ လူတစ်ယောက်ပါ. သူဟာ ပြဇာတ်တွေအတွက် ဇာတ်ညွှန်းရေးတဲ့ စာရေးဆရာဖြစ်ပြီး အဲ့ဒီအလုပ်ကလွဲရင် တခြားဘယ်အလုပ်ကိုမှ မလုပ်ချင်တဲ့ခေါင်းမာတက်တဲ့ လူလဲဖြစ်ပါတယ်. တနေ့မှာတော့ သူ့ဘဝထဲကို သိပ်ကိုဖြူစင်ပြီး လှပတဲ့ နတ်သမီးလေး Sakiဝင်ရောက်လာခဲ့ပါတယ်. Nagataဟာ ပြဇာတ်တွေရေးရတာကို ဝါသနာပါပေမယ့် ပါရမီတော့ မပါခဲ့ပါဘူး. ဒီတော့ လူတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး သူ့အဖွဲ့ဟာလဲ ပျက်သွားခဲ့ပါတယ်. အဲ့ဒီအချိန်မှာ Sakiကို သူက သရုပ်ဆောင်ခိုင်းကြည့်ခဲ့ပါတယ်, သွက်သွက်လက်လက်နဲ့ ပါရမီရှိတဲ့ Sakiလေးပါတော့ ပရိတ်သတ်တော်တော်များများက သဘောကျကျပြီး သူ့ဇာတ်လမ်းလဲ ပေါက်သွားခဲ့ပါတယ်. ဒါပေမယ့် သူကတော့ နောက်ပြဇာတ်တွေမှာ Sakiကိုထပ်မသုံးတော့ပါဘူး ဘာလို့လဲဆိုတော့ သူ့ကောင်မလေးဖြစ်တဲ့ Sakiကပါရမီရှိတာသိသာလေလေ သူကအရှုံးသမားဆိုတာ ပိုပြီးသိသာလာလေလေလို့ သူတွေးမိခဲ့လို့ပါပဲ. အပြစ်ကင်းတဲ့ Sakiလေးကတော့ ဒါတွေကို နားမလည်ခဲ့ပါဘူး. သူတို့နေတဲ့ တိုက်ခန်းခတွေ အသုံးစရိတ်တွေကို ပေးနိုင်ဖို့ အလုပ်ကိုနေ့ရောညရော လုပ်နေခဲ့ပါတယ်. Sakiက ပိုပြီးဖြူစင်တာကို သိလာလေလေ Nagataဟာ ပိုပြီး အပြစ်ရှိခံစားစိတ်ဖြစ်လာလေလေပါပဲ. သူတို့နှစ်ဦးရဲ့ဇာတ်သိမ်းက ဘယ်လိုများဖြစ်မလဲ? Sakiနဲ့Nagataပေါင်းဖက်နိုင်ရဲ့လားဆိုတာကို ဇာတ်သိမ်းပိုင်းထိ ဆွဲဆောင်နိုင်ပြီး ရင်ထဲမှာ ခံစားချက်တစ်ခု ထည့်ပေးနိုင်တဲ့ ဂျပန်ဒရာမာ ဇာတ်လမ်းလေးဖို့ ကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ.   File Size - ...
movie
Theatre: A Love Story (2020)
2020
Nikah Yuk (2020) 7.3
Nikah Yuk (2020) ဒီတခါတော့ ကိုဗစ်ကာလမှာ စိတ်ပင်ပန်းနေကြတဲ့ CMချစ်ပရိတ်သတ်ကြီးအတွက် အင်ဒိုးနီရှားအချစ်ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်. ဇာတ်လမ်းလေးက တကယ်ကို ချစ်ဖို့ကောင်းပြီး မိဘမေတ္တာနဲ့အချစ်ရဲ့လျှို့ဝှက်ဆန်းကြယ်ပုံကို ဟာသနှောပြီးရိုက်ထားတဲ့ ဇာတ်ကားလေးပါ. ဇာတ်လမ်းအကျဉ်းကတော့ တဉီးတည်းသော သားဖြစ်တဲ့ Aryaဟာ ကိုယ်စွမ်းကိုယ်စနဲ့ ဓာတ်ပုံဆရာတစ်ဉီးဖြစ်ချင်နေတာပါ. သူ့ရဲ့ပင်တိုင်မော်ဒယ်ကတော့ သူ့ချစ်သူကောင်မလေးပေါ့. ဒါပေမယ့်လဲ သူ့မိဘအကူအညီက Aryaဟာ မလွတ်နိုင်ခဲ့ပါဘူး. တဘက်မှာလဲ သူ့ချစ်သူမော်ဒယ်မလေးဟာ နောက်မီးလင်းချင်နေပြီး လက်ထပ်ခွင့်တောင်းတော့လဲ လက်မခံတာကြောင့် စိတ်ညစ်နေရပါတယ်. ဒါပေမယ့် သူ့ဘဝကို ပြောင်းလဲပေးနိုင်မယ့် ကောင်မလေးတ်ယောက်နဲ့ ဆုံခဲ့ပါတယ်. Liaဆိုတဲ့ ပန်းချီဆရာမလေးပေါ. Liaနဲ့တွေ့ပြီးနောက်မှာ Aryaပြုံးပျော်နိုင်လာတာကြောင့် မသေခင်အိမ်ထောင်ကျစေချင်တဲ့ Aryaအမေဟာ အကွက်ချပြီး သူတို့နှစ်ဉီးကို လက်ထပ်စေခဲ့ပါတယ်. လက်ထပ်ပြီးနောက်မှ တစ်ခုပြီးတစ်ခုလွဲပြီး ရယ်စရာတွေ ဖြစ်လာတဲ့ အချစ်ဟာသဇာတ်မြူးလေးပေါ့ဗျာ. ဒီဇာတ်လမ်းလေးကြည့်ရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြပါဦး....   File Size -  1 gb Quality - web-dl 1080p Subtitle -  burmese Translator - YK Encoder - XCode
movie
Nikah Yuk (2020)
2020