Channel Myanmar

Crime Solving Special Squad (2020)

N/A    

PG-13 AsianCrimeDrama

8.0
IMDB: 8.0/10 181,528 votes

N/A

Korean

1038642

Report error

ဒီကားလေးကတော့စုံထောက်ဇာတ်လမ်းလေးတွေကို

ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့သူတွေအကြိုက်တွေ့ကြမယ့်

ကားလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းက ရဲတွေလက်လှမ်းမမှီတဲ့

အမှုတွေနဲ့ရဲတွေက လာဘ်စားထားပြီး ဖြေရှင်းမပေးတဲ့

အမှုတွေကို ဒီအဖွဲ့က လူတော်တွေကဖြေရှင်းကြတာပဲဖြစ်ပါတယ်။

အဖွဲ့ထဲမှာအတိုက်အခိုက်ကျွမ်းသူတွေ၊

စကားပြောကောင်းသူ၊ပုံဖျက်အယောင်ဆောင်ကျွမ်းကျင်သူ၊

ကွန်ပြူတာကျွမ်းကျင် hackerအထိရှိပြီး

သူတို့အားလုံးပေါင်းပြီးတရားမဝင်အလုပ်တွေလုပ်ကိုင်နေကြတဲ့

လောဘသားတွေကိုစုံစမ်းကြရပါတယ်။

သူတို့အထက်မှာအမိန့်ပေးနေတဲ့သူလည်းရှိသလိုအဲ့လူကိုတော့

သူတို့တခါမှမမြင်ဖူးကြပါဖူး။

ဒီလိုနဲ့ ကျောင်းသားငယ် အသက်မပြည့်သေးတဲ့ကလေးတွေကို

တရားမဝင် ကျွန်အရောင်းအဝယ်စာချုပ်လိုမျိုးချုပ်ပြီး

အလုပ်ခိုင်းနေတဲ့ အဖွဲ့ကိုစုံစမ်းဖို့ဖြစ်လာပါတယ်။

ဒီအဖွဲ့ကလည်း ကျောင်းသားငယ်လေးတွေ

ငွေနဲ့မျှားပြီး အသုံးများတဲ့ app တစ်ခုကနေ မက်လုံးပေးအလုပ်ခေါ်တာပါ။

ဒါကိအြပျော်အပါးမက်တဲ့သူတွေဝင်လုပ်ကြရင်း

ဒီအလုပ်ထဲနစ်မှန်းမသိနစ်ကုန်ကြပါတယ်။

ဒီလိုကလေးတွေကိုကာကွယ်ဖို့ ဒီအထူးအဖွဲ့ကစတင်လှုပ်ရှားရပါတယ်။

ဒီလိုနဲ့ နောက်ကြောင်းလိုက်ရင်း နောက်ကွယ်က ခိုင်းစေသူတွေကို

စုံစမ်းကြည့်တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမယ်ဆိုတာ

ဆက်လက်ကြည့်ရှုလိုက်ကြပါ။

သူတို့အဖွဲ့ဒီအမှုကိုဖြေရှင်းနိုင်ပါမလားနောက်ကွယ်ကလက်မဲကြီးတွေကကော

ဘယ်သူတွေလဲ ဒီ appကကောဘာလဲဆိုတာတော့

စိတ်ဝင်စားဖွယ်တင်ဆက်ထားတာတွေ့ရမှာဖြစ်လို့

အိမ်မှာနားနေတဲ့အချိန် အေးအေးအေးဆေး

ကြည့်ကောင်းတဲ့ကားလေးတစ်ကားဖြစ်တယ်လို့ ညွှန်းချင်ပါတယ်

 

 

File Size –  867mb

Quality – web-dl 1080p

Subtitle –  burmese

Translator – Moe Pwint

Encoder – Thit San Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies