Channel Myanmar

2022

Heart Parade (2022) 4.9
Heart Parade (2022) Heart Parade (2022)ဒီနေ့မှာတော့ Netflix movie လေးတစ်ကားဖြစ်တဲ့ Polish romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမောင်ခွေးတို့ရေးတဲ့ရွှေဖူးစာလို့ပဲပြောရမလား .. Magda က နာမည်ကြီးရုပ်မြင်သံကြားအစီအစဥ်ရဲ့ထူးချွန်ဝန်ထမ်းတစ်ယောက်ပါ။ အနာဂတ်မှာ programming ဒါရိုက်တာရာထူးကို လက်လွှဲယူဖို့အလားအလာအများကြီးရှိတဲ့သူဆိုရင်လည်း မမှားဘူးပေါ့။ လက်ရှိဒါရိုက်တာမှာ Tod လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိတယ်။ ဒီကားလေးရဲ့ထူးခြားချက်က တစ်ကားလုံးမှာ ပါသမျှခွေးတွေအကုန်လုံးကDachshund လို့ခေါ်တဲ့ အလျားရှည်ခွေးပုလေးတွေချည်းပါပဲ။ အကုန်လုံးက Hot Dog ချောင်းလေးတွေလိုချစ်စရာလေးတွေပါ:3 ဆက်ရရင် ဒါရိုက်တာရာထူးကို လက်လွှဲယူရတဲ့ Magda က ခွေးလုံးဝမချစ်တတ်ပေမယ့်သခင်မဖြစ်သူကိုဖားပြီး Tod ရဲ့ဝေယျာဝေစ္စတွေ အကုန်လုပ်ရတယ်ပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ Magda ရဲ့ပေါ့ဆမှုTod တစ်ကောင်နေမကောင်းဖြစ်သွားတာမို့ ဒါရိုက်တာကစိတ်ဆိုးပြီး Magda ကို အလုပ်ထုတ်လိုက်ပါတော့တယ်။  တစ်ဖက်မှာလည်း သားဖြစ်သူ Karol ရယ် Trombone လို့ခေါ်တဲ့ခွေးလေးရယ်နဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့Krzystof က ဇနီးဖြစ်သူဆုံးပါးပြီးတဲ့နောက် အချစ်သစ်မရှာတော့ဘဲ သားဖြစ်သူကိုတစ်ယောက်တည်းပျိုးထောင်နေတဲ့ ဖခင်တစ်ယောက်ပါ။ လက်ရှိမှာ Dachshundပွဲဈေးတန်းလေးကို ...
movie

Heart Parade (2022)

2022
Trees of Peace (2022) 6.5
Trees of Peace (2022) Trees of Peace (2022)လူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်း ရုပ်ရှင်တွေ စီအမ်မှာ တော်တော်လည်း မနည်းတော့ပါဘူး။ ကမ္ဘာကြီးဟာ ကျွန်တော်တို့ထင်တာထက် ရက်စက်တဲ့နေရာတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့တဲ့အဖြစ်အပျက်တွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်တွေပေါ့။ ဒီတစ်ခါ လူမျိုးသုဉ်းသတ်ဖြတ်မှုကတော့ အရှေ့အာဖရိကက ရဝမ်ဒါဆိုတဲ့နေရာလေးမှာ ၁၉၉၄မှာ ဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါလူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်းပါ။ ဟူးတူးနဲ့ တက်စီဆိုပြီး အဓိကလူမျိုးစုနှစ်ခုရှိနေရာက ဟူးတူးတွေက တက်စီတွေကိုသာမက ဟူးတူးပဲ ကျန်ရမယ်ဆိုပြီး အစွန်းမရောက်တဲ့ဟူးတူးတွေကိုပါ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ သတ်ဖြတ်မှုကြီးပါ။ဒီလိုသတ်ဖြတ်မှုတွေစစချင်းမှာ မတူညီတဲ့နောက်ခံ မတူညီတဲ့အခြေအနေအမျိုးမျိုးက အမျိုးသမီးလေးယောက်ဟာ မြေတိုက်ခန်းတစ်ခုမှာပုန်းနေခဲ့တယ်။ အန်းဖရန့်လိုပေါ့။ ဒီအခန်းကျဉ်းလေးမှာ ရက်ပေါင်းများစွာပုန်းနေရခြင်း သူတို့စိတ်တွေကို တတိတိလှိုက်စားခဲ့တာတွေကိုပြထားတယ်။ အမေရိကန်ရယ် ဟူးတူးရယ် တက်စီရယ် လူမျိုးစုတွေ အယူဝါဒတွေမတူကြတော့ ပြဿနာတွေလည်း တက်တယ်။ အပြင်က ရက်ရက်စက်စက်သတ်ဖြတ်မယ့်လူတွေရယ် အထဲကပြဿနာတွေရယ်ကြား ဘေးကြပ်နံကြပ်နဲ့နေနေရတဲ့ အကြောင်းတွေပါပဲ။ ဒီလိုနေရာကျဉ်းကျဉ်းလေးမှာ ရက်ပေါင်းများစွာနေလိုက်ရတဲ့နောက် အပြစ်ရှိစိတ်တွေ ယုံကြည်ချက်တွေကြား စိတ်တွေပါ ရူးမလိုလိုဖြစ်ကုန်ကြတာကို ပြထားတဲ့ရုပ်ရှင်ပါ။ ပြီးတော့ လွတ်မြောက်ဖို့နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ မျှော်လင့်ချက်အကြေင်းရောပေါ့။ဒီကာလမှာ အမျိုးသမီး၅သိန်းဝန်းကျင်လည်း မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်မှာတော့ ကံကောင်ခဲ့းတဲ့ အမျိုးသမီးလေးယောက်ကို ပြထားတာပါ။ သူတို့ကံကောင်းတယ်ဆိုတာတောင် ဘယ်လောက်ခက်ခဲခဲ့လဲ ကောင်းကောင်းကြီး ပြထားတဲ့ ရုပ်ရှင်ဆိုတော့ ကံဆိုးခဲ့တဲ့အမျိုးသမီး ၅သိန်းအကြောင်းကိုတော့ ကျွန်တော်တို့ ကြည့်ရက်စရာမရှိဘူးပေါ့။အညွှန်း နဲ့ ...
movie

Trees of Peace (2022)

2022
Pa-Thirsty (2022)
Pa-Thirsty (2022) Pa-Thirsty (2022)ဒီတစ်ခါမှာ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ ဖိလစ်ပိုင် အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ် ။အားလပ်ရက်မှာ အချစ်ငတ်နေတာကို ဖြေဖျောက်ဖို့ အခင်ဆုံးသူငယ်ချင်း နှစ်ယောက် ဖြစ်တဲ့ Kween Pearl နဲ့ Kween Achilles တို့ ခရီးထွက်လာရာကန ကောင််လေးတစ်ယောက်တည်းကို အတူတူချစ်မိသွားပါတော့တယ် ။အချစ်ကိုရှာဖွေရာကနေ အချစ်အတွက် တိုက်ပွဲဝင်ကြတဲ့ Kween PEARL နဲ့ Kween ACHILLES တို့ သူငယ်ချင်းနှစ်ယောက်ကြား ဘာတွေဆက်ဖြစ်လာဦးမှာလဲ ။LGBT တွေရဲ့ အကြောင်းကို ရိုက်ပြထားတာမလို့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတစ်ချို့ကိုလည်း သိမြင်နိုင်ဦးမှာပါ ။ဒီကားလေးထဲမှာ အချစ်က ဘယ် gender အတွက်ဆိုပြီး ခွဲခြားထားခြင်းမရှိဘဲ လူတိုင်းက တန်းတူ အချစ်ခံထိုက်ကြောင်းကိုလည်း ပြသထားပါတယ် ။***** မသင့်တော်တဲ့ အခန်းတစ်ချို့ရယ် စကားလုံးခပ်ကြမ်းကြမ်းတွေရယ်ကြောင့် 18+ အဖြစ် သတ်မှတ်ထားလို့ လူကြီးတွေနဲ့ အတူတူ မကြည့်မိဖို့ သတိပေးချင်ပါတယ် ။ *****အညွှန်း ...
movie

Pa-Thirsty (2022)

2022
Rise (2022) 7.2
Rise (2022) Rise (2022)==========IMDb Rating  7.2/10Disney +က​နေ အသစ်ထွက်ရှိထားတဲ့ Sport Drama ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို တင်ဆက်​ပေးချင်ပါတယ်။ IMDb ratingမှာ 7.2 ရရှိထားပါတယ်။နိုင်ဂျီရီးယားနိုင်ငံက​နေ "တစ်ရွာမ​​ပြောင်း သူ​ကောင်းမ​ဖြစ်"ဆိုတဲ့ စကားနဲ့အညီ ဂရိနိုင်ငံကို ​ရွေ​ပြောင်းလာကြတဲ့ ချားစ်နဲ့ ဗာရိုနီကာ အဒီတိုကွန်ဘို လင်မယား၂​ယောက်ဟာ သား၄​ယောက်နဲ့ အတူတူ တရားမဝင်နိုင်ငံသားဖြစ်​ရတဲ့ ဒုက္ခ​တွေကို ခါးစည်းခံ​နေကြတာပါ။ ဒီထဲကမှ အကြီးဆုံးသား၂​ယောက်ဖြစ်တဲ့ သန်နာဆစ်နှင့် ဂီယန်နစ် ၂​ယောက်က ဘတ်စကတ်​ဘောကို အ​တော်​ဝါသနာကြီးပြီး အဆင့် တစ်ခု​ရောက်​အောင် ကြိုးစား​နေသူ​တွေပါ။ အစ်ကို သန်နာဆစ်က ပါရမီရှိပေမယ့် ဒဏ်ရာ​​ကြောင့် ​တက်လမ်း​နှောင့်​နှေးသွားပါတယ်။ညီဖြစ်တဲ့ ဂီယန်နစ်က​တော့ ဘတ်စကတ်​ဘောမှာ လုံးဝထူးချွန်သူ မဟုတ်​ပေမယ့် ကြိုးစားမှုနဲ့အတူ ​​အေးဂျင့်​တွေ စိတ်ဝင်စားတာကို ရထားသူပါ။ ဒါ​ပေမဲ့ တရားဝင်နိုင်ငံသားမဟုတ်တဲ့ ပြဿနာ​တွေ ၊ အဆက်အသွယ်မရှိတဲ့ ပြဿနာ​အပြင် နိုင်ငံရပ်ခြားမှာ မိသားစုနှင့် ခွဲခွာကစားရမယ့်အဖြစ်က​နေ ကမ္ဘာ​ကျော် NBA ပြိုင်ပွဲလူ​​​ရွေးပွဲကို ကံကြမ္မာရဲ့ ​ဖေးမမှုနဲ့အတူ ဝင်​ရောက်ခွင့်ရသွားပါတယ်။ ရလာတဲ့ အခွင့်အ​ရေးကို ဂီယန်နစ်အသုံးချနိုင်မှာလား၊ သူ​ခါးစည်းခံထားတဲ့ မိသားစုပြဿနာ​တွေကို ဘတ်စကတ်​ဘောသမားဘဝက ​ဖြေရှင်း နိုင်မလားဆိုတာကို ကြည့်ရှုခံစားရမှာပါ။ဒီကားထဲက အန်တီတိုကွမ်ပိုညီအစ်ကို​တွေဟာ ...
movie

Rise (2022)

2022
Pada (2022) 7.9
Pada (2022) Pada (2022)IMDb Rating 7.9ဒီဇာတ်လမ်းလေးကတော့ ၁၉၆၆မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မြေယာတွေရဲ့ ဉပဒေကို ထိန်းချုပ်ခန့်ခွဲပြီး မြေယာအခွန်ကောက်ခံတဲ့ တရားဉပဒေပညာရှင်တွေရှိပါတယ်။ ၁၉၆၆မှာ အဲ့ဒီမြေယာခွန်ရှေ့နေတစ်ယောက်ရဲ့ရုံးခန်းထဲကို "Ayyankali Pada"တွေလို သူတိုကိုယ်သူတို ထုတ်ဖော်ပြောကြားတဲ့ လူငါးယောက် ဝင်လာပြီး ကယ်ရလာဉပဒေအဖွဲအစည်းက ပြင်ဆင်ချက်ထုတ်ခဲ့တဲ့ အာဒီဗာစီမြေယာအက်ဉပဒေကို ပယ်ဖျက်ပေးဖို တောင်းဆိုကြပါတယ်။ ဒါကို မြေယာခွန်ရှေ့နေက လက်မခံတဲ့နောက်မှာ သူတိုဟာ အဲ့လူကို ဓားစားခံအဖြစ် ဖမ်းဆီးလိုက်ကြပါတယ်။ သူတိုပြောတဲ့စကားကတော့ "ကျုပ်တိုက မတရားမှုကို စိန်ခေါပြီး ရင်ဆိုင်တိုက်ခိုက်တဲ့သူတွေပါ"တဲ့။  ဒီလူတွေဟာ ကြီးမားတဲ့တော်လှန်ရေးအတွက် ပြင်ဆင်နေကြတဲ့သူတွေပါ။ သူတိုရဲ့မြေ၊ သူတိုရဲ့တောအုပ်၊ သူတိုအိမ်ဖြစ်တဲ့ အာဒီဗာစီကို ထိပါးလာတဲ့ အစိုးရအာဏာပိုင်တွေကို ရင်ဆိုင်ပြီး မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းပြန်လည်တောင်းဆိုဖို စိုင်းပြင်းနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ ဘယ်သူမှ ကိုယ်ချစ်ရတဲ့အရာတစ်ခုကို ထိလာရင် သွေးမအေးနိုင်ကြပါဘူး။ ဒါက ကိုယ်တွေရဲ့မြေပါ။ ကိုယ်တွေရဲ့ အိမ်ပါ။ ရဲရဲတောက်နေတဲ့ ဒီလိုစိတ်ထားမျိုးနဲ့ အင်အားကြီးလို လက်ဝါးကြီးအုပ်တဲ့ အစိုးရကို ဘယ်လို တော်လှန် သွားမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နဂိုRatingမြင့်တာအပြင် ...
movie

Pada (2022)

2022
Jerry And Marge Go Large (2022) 6.9
Jerry And Marge Go Large (2022) Jerry And Marge Go Large (2022) ~ IMDb - 6.9/10, Rotten Tomatoes - 62% ~အငြိမ်းစားဘဝဆိုတာ တော်တော်ကို ပျင်းစရာကောင်းတဲ့ ဘဝပါပဲ။ ဂျယ်ရီလို အလုပ်ကြိုးစားတဲ့ စံပြဝန်ထမ်းတစ်ယောက်အတွက်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။၄၂ နှစ်လုံးလုံး အလုပ်ကလွဲပြီး ဘဝရယ်လို့ မယ်မယ်ရရ မရှိခဲ့တဲ့သူပါ။ ကံကောင်းထောက်မလို့ ပါရမီဖြည့်ဖက် မာ့ဂ်ျနဲ့ သားသမီးနှစ်ယောက်တော့ ထွန်းကားခဲ့ပေမဲ့ အလုပ်ကလွဲပြီး ကျန်တာကို မတွေးတတ်တဲ့ သင်္ချာဉာဏ်ကြီးရှင် ဂျယ်ရီ အလုပ်က အငြိမ်းစားယူရတော့မယ်ဆိုတော့ အကြီးအကျယ်စိတ်ဆင်းရဲသွားရပါတယ်။ဝီရိယအားကိုးတဲ့ ဉာဏ်ကြီးရှင် ဂျယ်ရီက ကံကိုအားကိုးတဲ့ ထီကို လုံးဝစိတ်မဝင်စားပါဘူး။ ထီထိုးရမှာတောင်ရှက်နေမိတတ်တဲ့လူမျိုးပါ။ ဒါပေမဲ့ အငြိမ်းစားယူထားတဲ့လူတွေရဲ့ ထုံးစံအတိုင်း စိတ်ဝင်စားစရာရှာဖို့ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း WinFall ထီမှာ ထိုးတိုင်းပေါက်နိုင်တဲ့ ဟာကွက်တစ်ခုကို ရှာတွေ့သွားပါတယ်။ဇာတ်လမ်းကတော့ အဲဒီမှာပဲ စတာပေါ့ဗျာ။သင်္ချာဉာဏ်ကြီးရှင်တစ်ယောက် ဘဝက ဂဏန်းတွေနဲ့ပဲ ဖွဲ့စည်းထားတာ ...
movie

Jerry And Marge Go Large (2022)

2022
Vietnamese Horror Story (2022) Complete 4.7
Vietnamese Horror Story (2022) Complete Vietnamese Horror Story (2022)ဒီစီးရီးကတော့ ဗီယက်နမ်နိုင်ငံ ကျေးလက်ဒေသရဲ့ ကျောချမ်းစရာကောင်းတဲ့ ပုံပြင်ယုံတမ်းစကားတွေအပေါ်မှာအခြေခံပြီး ရိုက်ကူးထားတဲ့ Netflix ရဲ့ Series တစ်ခုဖြစ်ပါတယ် တစ်ပိုင်းကို ပုံပြင်တစ်ပုဒ်နှုန်းနဲ့ အပိုင်းစုစုပေါင်းအပိုင်း ၃ပိုင်းထွက်ထားပါတယ်ဗျ Epi (1)- The Sugarcane Juice Lady======================== လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက "လန်ဟုန်"ဆိုတဲ့ လျှမ်းလျှမ်းတောက်ကျော်ကြားတဲ့ မင်းသမီးတစ်ယောက်ဟာမျက်နှာအက်ဆစ်အပက်ခံရပြီးရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ် သူ့အိမ်ကိုတော့ နာမည်ကျော်မင်းသမီးတစ်လက်ပြီးတစ်လက် ဆက်နေခဲ့ပါတယ်...တစ်နေ့ "နော့မင်" တစ်ယောက် မင်းသမီး"အိုင်နူ"(လက်ရှိလန်ဟုန်အိမ်၌နေနေသူ)ရဲ့ တပည့်အဖြစ်အရွေးခံရပါတယ် အိုင်နူကလည်းအေးသလောက်သူ့ကို မတရားဂရုစိုက်ပြီးချစ်ပေးပါတယ်...ဒါပေမဲ့ အိမ်ကြီးထဲမှာ ဘာလှည့်ကွက်တွေရှိနေမှာလဲ နေ့ာမင်ရဲ့ကံကြမ္မာကရော ဘယ်လိုဆက်ဖြစ်လာမလဲ.... Epi(2)- The Magician============== မျက်လှည့်ဆရာတစ်ယောက်က တစ်နေ့ ကလေးမလေးတစ်ယောက်ကို နောက်တစ်နေ့ကျရင်မျက်လှည့်ပြပေးမယ်လို့ ကတိပေးခဲ့ပါတယ် သို့သော်အကြောင်းအမျိုးမျိုးကြောင့်ပျက်ကွက်ခဲ့တဲ့အတွက် ထူးဆန်းတဲ့ကလေးမလေးအတွက် ကတိဖျက်သလိုဖြစ်သွားခဲ့ပါတယ်....ကတိကိုမတည်နိုင်ဘဲ ပေးခဲ့တဲ့ မျက်လှည့်ဆရာတစ်ယောက် ဘာတွေဆက်ပြီး ကြုံတွေ့လာရမှာလဲ... Epi(3)- Three Souls and Seven Spirits========================== ဒါကတော့ ယောက်ျားဖြစ်သူ"ဒင်" နဲ့ မိန်းမဖြစ်သူ"ဟန်" ဆိုတဲ့ ...
movie

Vietnamese Horror Story (2022) Complete

2022
Morbius (2022) 5.1
Morbius (2022) မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီးဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။ ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲသိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ သွေးစုပ်ကောင်မုဆိုးဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကိုပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။ကြည့်ကြည့်လိုက်ကြပါဦး။  File size…3.6GB / 1.6GB / 900MB Quality… 4k HEVC WEB DL  SDR AAC5.1Ch /1080p BLU RAY 5.1CH / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson
movie

Morbius (2022)

2022
4K HEVC Web-DL
Anek (2022) 7.5
Anek (2022) ခုတစ်ခါထွက်ရှိလာတဲ့ မင်းသားချော အရွရ်ှမန်းရဲ့ဇာတ်ကားလေးကလည်း စိတ်ဝင်စားဖို့ကောင်းသလို ဗဟုသုတတွေလည်း အများကြီးရပါတယ်နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေနဲ့အကြမ်းဖက်မှုတွေ ဒေသခံပြည်သူတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ကြား မြေစာပင်ဖြစ်ရမှုတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ မှတ်သားလောက်ပါပေတယ်..ထောက်လှမ်းရေးအရာရှိလေး အမန်းက အငြင်းပွားဖွယ်ဖြစ်နေတဲ့ နယ်စပ်ဒေသတစ်ခုရဲ့ အကြမ်းဖက်မှုတွေ ပြေငြိမ်းဖို့ အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုတဲ့ နေရာမှာ ကူညီပေးဖို့ တာဝန်ကျလာတယ်...သူ အဲ့ဒီဒေသကို ရောက်သွားတဲ့အခါ ဒေသခံတွေ ညှင်းပန်းနှိပ်စက်ခံရမှုတွေ မစွမ်းသာတဲ့အဆုံး လူငယ်လေးတွေ ကြမ္မာနွံထဲ နစ်ခဲ့ရပုံတွေကို မြင်တွေ့ခဲ့ရပါတယ်...တကယ်တော့ ငြိမ်းချမ်းရေးဆိုတာကို လူတိုင်းက မလိုလားကြပါဘူး... တချို့လူတွေက သူတို့ကိုယ်ကျိုးအတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်သယောင်နဲ့ အကြမ်းဖက်နေတာတွေကို မြင်တွေ့လာရတဲ့အခါ...မှန်တယ်ထင်တာကို လုပ်မယ့် ဒီအရာရှိလေးရဲ့ စစ်ဆင်ရေးခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာတော့...။အစိုးရတစ်ရပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကြား တကယ်တမ်း အေးချမ်းမှုလိုအပ်နေသူနဲ့ ပြေလည်မှုလိုလားသူကြား ကွာဟချက်ကိုလည်း ဒီဇာတ်ကားမှာ ကောင်းကောင်းကြီး မြင်တွေ့ရမှာဖြစ်လို့ ရှုစားပေးကြပါဦးရှင့်...   File size…3.05GB / 1.38GB Quality…720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A.Y.L.O.R
movie

Anek (2022)

2022
Home2Home (2022) 7.8
Home2Home (2022) Home2Home (2022) ================ IMDb Rating - 7.8/10ဒန်းနစ်ကိုင်လန်း ဆိုတဲ့ ဂျာမန်လူမျိုးတစ်ယောက်က မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၇ နိုင်ငံကို စက်ဘီးနဲ့ပတ်ပြီး သူသွားတဲ့ နိုင်ငံတိုင်းက လူတွေရဲ့အမျိုးမျိုးအဖုံဖုံသော ဘဝတွေနဲ့ ရှုခင်းအလှအပတွေကို ဒီ documentary ‌လေးထဲမှာကြည့်ရမှာ ဖြစ်တယ်။ဒီကားက ကမ္ဘာပတ်ပြီး ရိုက်ပြထားတဲ့ documentary ဆိုတော့ ညွှန်းစရာသိပ်မရှိတဲ့အတွက် CM ပရိတ်သတ်ကြီးကပဲ ကိုယ်တိုင် ကြည့်ရှုခံစားပေးလိုက်ပါဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(2.85 GB) / (1.4 GB) / (887 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 51mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Documentary Translator.......Khant Sett Naing Encoder..........SWM
movie

Home2Home (2022)

2022
Forensic (2022) 6.4
Forensic (2022) ForensicIMDb - 6.9ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားချောလေး ဗစ်ကရန့်မက်စီပါဝင်သရုပ်ဆောင်ထားတဲ့မှုခင်းစုံထောက်ကားလေးပဲဖြစ်ပါတယ်.. ဒီမင်းသားကိုတော့ ပရိသတ်တွေမစိမ်းဘူးလို့ထင်မိပါတယ်Haseen Dilruba ထဲမှာ တာ့ပ်ဆီးပါနူးနဲ့ တွဲရိုက်ထားတဲ့ ညီ​ဖြစ်သူနဲ့ မိန်းမကဖောက်ပြန်လို့လက်ဖြတ်ပေးပြီး ပြန်ချစ်ပြတဲ့ အချစ်သူရဲကောင်းကြီးဆို သိကြမယ်ထင်ပါတယ်။2020မှာထွက်ရှိခဲ့တဲ့ Forensicကိုပဲ Remake ပြန်ရိုက်ထားတဲ့ 2022 Versionပါ။ 2020တုန်းကထွက်ရှိခဲ့တဲ့ကားမှာ Bad Reviewတစ်ချို့ရှိနေခဲ့ပေမဲ့ ဒီ2022ထုတ်အနေနဲ့ကတော့ ဒါရိုက်တာVishal Furiaကရုပ်ရှင် Plotအပြင် သရုပ်ဆောင်တွေ၊ အမှုအခင်းတွေကိုပါ အဆင့်မြှင့်ပြီး ထပ်မံရိုက်ကူးလိုက်တာပဲ ဖြစ်ပါတယ်။ Mussorieဆိုတဲ့ တောင်ကုန်း မြို့လေးမှာ စတင်လာတဲ့ ကွင်းဆက်လူသတ်မှု။ ကွင်းဆက်လူသတ်မှုတွေတိုင်းမှာသူတို့ရဲ့တစ်မူထူးတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီလူသတ်မှုမှာတော့ အသတ်ခံရတဲ့သူတွေကထူးထူးဆန်းဆန်း သူတို့ရဲ့မွေးနေ့မှာ အသတ်ခံရတာပဲဖြစ်ပြီး အသတ်ခံရတဲ့သူတွေအားလုံးကလည်းကလေးမလေးတွေပါပဲ။ အာဏာပိုင်ရဲတွေကတောင် လက်လျှော့ပြီး ဖုံးလိုက်ရတဲ့ ဒီအမှုကိုဘယ်လိုပဲဖြစ်ဖြစ် မိအောင်လိုက်မယ်လို့ဆုံးဖြတ်ထားတဲ့ ရဲမေတစ်ယောက်နဲ့ မှုခင်းဆေးပညာရှင်တစ်​ယောက်ပူးပေါင်းပြီးလိုက်ကြတဲ့နောက်မှာ အမှုကို လိုက်နေတဲ့ ရဲမေရဲ့ တူမဖြစ်သူ အန်နေယာဆိုတဲ့ကလေးမလေးကလည်း ပျောက်ချင်းမလှပျောက်သွားတဲ့နောက်.... တဖြည်းဖြည်းပုံပေါ်လာတဲ့ကွင်းဆက်တွေ၊သံသယရှိသူတွေနဲ့ ရှုပ်ထွေးတဲ့အမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုတာကို ...
movie

Forensic (2022)

2022
Doom of Love (2022) 5
Doom of Love (2022) Doom of Love (2022) မိုးတွင်း ညိုမှိုင်းအုံ့ဆိုင်းနေတဲ့အချိန်လေးမှာ ခံစားပြီး ကြည့်ရှုဖို့ သင့်တော်တဲ့ တူရကီ romance drama ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဖရက်တ်ဆိုတဲ့ ကောင်လေးက သူ့ရဲ့ ကြော်ငြာ အေဂျင်စီလုပ်ငန်း ရှုံးနိမ့်ပြီး အကြွေးနွံနစ်သွားတယ်။ စိတ်ပြေလက်ပျောက် သူငယ်ချင်းတွေနဲ့ ယောဂ စိတ်အပန်းဖြေ တရားစခန်းကို လိုက်သွားပြီး အဆိုတော်မလေးကို ချစ်ကြိုက်မိသွားတယ်။ဒီလိုနဲ့ ဖရက်တ်တစ်ယောက် အချစ်ရေးမှာ ဘယ်လို အဆုံးသတ်မယ်ထင်လဲ? ဇာတ်ကားထဲက cinematography က အရမ်းလှပြီး သုံးထားတဲ့ music ကလည်း ငြိမ့်ငြိမ့်လေးနဲ့ လိုက်ဖက်ပါတယ်။ ဇာတ်ကားတစ်လျှောက် တရားထိုင်တာ ယောဂ အားထုတ်တာကတစ်ဆင့် ဘဝအတွက် ဘယ်လို အဓိပ္ပါယ်ရှိတယ် ဆိုတာတွေကိုပါ ထည့်သွင်း ဖော်ပြထားပါသေးတယ်။ကိုယ်တွေ ရှင်သန်နေရတဲ့ ဘဝကြီးက အဓိပ္ပါယ်ရော ရှိရဲ့လား? ဘာကြီးလဲ ဝေခွဲမရဖြစ်နေရင် ဒီကားလေး ကြည့်ပြီး အတွေး တစ်ခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ...
movie

Doom of Love (2022)

2022
Watcher (2022) 6.7
Watcher (2022) Watcher (2022)Box office တန်းဝင်တဲ့ သည်းထိပ်ရင်ဖို ဇာတ်ကားမျိုး ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက်ပါ။ဇာတ်လမ်းအညွှန်းလေးကတော့ ... ဂျူလီယာက သူ့ရဲ့ ချစ်ခင်ပွန်းနဲ့ ရိုမေးနီးယားကို ပြောင်းရွှေ့လာခဲ့တဲ့ အမေရိကန်သူလေးပေါ့။ရိုမေးနီးယားစကားမပြောတတ်တော့ တိုင်းတစ်ပါးကို ရောက်ခါစမှာ သူ အတော်လေး အထီးကျန်ရပါတယ်။ အထီးကျန်ရတဲ့ကြားထဲမှာမှ သူ့ကို စောင့်ကြည့်နေတဲ့ သူ တစ်ယောက်က ရှိနေပြန်ပါတယ်။ အဲဒီအကြောင်း သူ့ယောက်ျားကို ပြောပြပေမဲ့ အလုပ်များတဲ့ horror ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း ယောက်ျားဖြစ်သူက မယုံပြန်ပါဘူး။တကယ်တမ်း စောင့်ကြည့်နေတဲ့ အဲဒီလူရဲ့ ရည်ရွယ်ချက်က ဘာလဲ? လူကောင်းလား? လူဆိုးလား? ဂျူလီယာတစ်ယောက် ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမလဲ? ဆိုတာကို ဇာတ်ကောင် ဂျူလီယာ နဲ့အတူ အသည်းတယားယား စောင့်ကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 1.2GB, 471MB & 236MB Quality : 1080p WEB-DL ...
movie

Watcher (2022)

2022
Ben & Jody (2022) 5.4
Ben & Jody (2022) Ben & Jody (2022) ဘန်ကတော့ သူ့ရဲ့  မွေးရပ်ဇာတိလေးမှာပဲ အေးအေးလူလူနဲ့ ကော်ဖီလုပ်ငန်းလေး လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။တစ်နေ့မှာတော့ ကုမ္ပဏီကြီးတစ်ခုက ဘန်တို့ ရွာသားတွေ လယ်သမားတွေရဲ့  မြေတွေကို အတင်းအဓမ္မ သိမ်းယူဖို့ ပြင်ဆင်နေတယ်ဆိုတာကို သိလိုက်ရတဲ့အတွက် ဘန်က လယ်သမားတွေကို ဦးဆောင်ပြီး ဆန္ဒပြ ဆန့်ကျင်ခဲ့ပါတယ်။ဒီလိုတွေဖြစ်ပြီး သိပ်မကြာလိုက်ပါဘူး ဘန် ကို ကုမ္ပဏီက ငှားထားတဲ့ လူမိုက်တွေက ရိုက်နှက်ပြီး ဖမ်းဆီး ထားလိုက်ပါတော့တယ်။ ဘန်လိုပဲ အခြား ဖမ်းဆီး ရီုက်နှက်ခံရတဲ့ ရွာသားတွေကလည်း အများကြီး ... တစ်နေ့မှာတော့ ဘန် တစ်ယောက် သူ့ရဲ့ ကော်ဖီဆိုင်ဖွင့်ပွဲကို မရောက်လာလို့ ဆိုပြီး ဘန်ရဲ့ သူငယ်ချင်း ဂျိုဒီက ရွာကို လာပြီး အကျိုးအကြောင်း စုံစမ်းမေးမြန်းတော့မှ ဖြစ်ကြောင်းကုန်စင် သိသွားပြီး ဘန်နဲ့ အဖမ်းခံထားရတဲ့ လူတွေကို ကယ်တင်ဖို့ ကြိုးစားတဲ့အခါ ...
movie

Ben & Jody (2022)

2022
They Live in The Grey (2022) 5
They Live in The Grey (2022) They Live in The Grey (2022) ပရလောကဘက်ကို မြင်နေရတဲ့ ကလယ်ရီဆိုတဲ့ အမျိုးသမီးဟာ လူတွေမယုံကြမှာစိုးလို့ သူ့အစွမ်းကို ဘယ်သူ့ကိုမှ အသိမခံဘဲ မျိုသိပ်နေရတဲ့သူပေါ့။ သူ့အလုပ်က အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ ကလေးတွေရှိရင် အဲဒီကလေးတွေဘက်ကနေပြီး မိဘတွေကို ပြန်တရားစွဲတဲ့အလုပ်မျိုးပေါ့။ ကလေးသူငယ်ကာကွယ်ရေးလို့ဆိုရမယ်။ တစ်နေ့ကျ သူကလေးတစ်ယောက်ကိုစစ်တော့ ကလေးက သူ့မိဘတွေ အနိုင်ကျင့်တာခံနေရတာမဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်‌နေမှန်း သိလိုက်ရတယ်။ သရဲတစ်ကောင်က ကလေးကို အန္တရာယ်ပေးနေတာ‌ပေါ့။ ဒီတော့ သူက ကလေးမိဘဘက်ကနေပြီး အမှုကို ဆိုင်းငံ့ထားသလို သရဲကို ရှင်းဖို့လည်း အကြောင်းဖန်လာတယ်။ဒီလိုမျိုးကူညီချင်တဲ့သူပေမဲ့လည်း သူကိုယ်တိုင်လည်း သူ့ကလေးကို သူ့အမှားကြောင့်နဲ့ ဆုံးရှုံးထားတာမကြာသေးသလို၊ သူ့ကလေးကိုလည်း သူမြင်နေရသလို ဝမ်းနည်းစိတ်နဲ့ စိတ်ကျရောဂါခံစားနေရတဲ့သူပါ။ သူကိုယ်တိုင်ရဲ့ အခက်အခဲတွေကြားက ဒီသရဲတွေ အနိုင်ကျင့်ခံနေရတဲ့ကလေးကို ကူညီပေးနိုင်မလား...သရဲကားပေမဲ့ IMDb 5/10 အထိရထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်လမ်းအချိုးအကွေ့တွေမှာ ပရိသတ်ကို စိတ်ဝင်စားစေမိမယ့် ရုပ်ရှင်ပါပဲ။ ...
movie

They Live in The Grey (2022)

2022
My Fake Boyfriend (2022) 4.6
My Fake Boyfriend (2022) My Fake Boyfriend (2022)Pride Month ဖြစ်တဲ့အတွက် LGBT ကားလေး ထပ်ပြီးတင်ဆက်ပေးလိုက်ပါပြီဇာတ်ကားနာမည်အတိုင်းပဲ အန်ဒရူးတစ်ယောက် ကောင်လေးအတု တစ်နည်းပြောရရင် အယောင်ဆောင်ကောင်လေးထားတဲ့ ဇာတ်လမ်းလေးပါဇာတ်လမ်းက ဘယ်ကစလဲဆို အန်ဒရူးတစ်ယောက် သူ့ရဲ့ပထမဆုံးလိင်တူချစ်သူဖြစ်တဲ့ နီကိုသစ္စာဖောက်တာခံလိုက်ရာကနေ စတာပါသစ္စာဖောက်ခံရ၊ အလိမ်ခံရတာ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ် အကြိမ်ပေါင်းများစွာခံရပေမဲ့ အန်ဒရူးတစ်ယောက် အမှတ်မရှိဘဲ နီကို့အပေါ်မပြတ်နိုင်တဲ့အခါ သူ့အခင်ဆုံးသူငယ်ချင်းကြီး ဂျိတ်တစ်ယောက် ခရစ္စတီယာနိုဆိုတဲ့ အွန်လိုင်းကောင်လေးတစ်ယောက်ဖန်တီးပြီး နီကိုနဲ့ပြတ်အောင် ဉာဏ်ဆင်ပါတော့တယ်ဒီလိုနဲ့ တကယ်မရှိတဲ့ ခရစ္စတီယာနိုဆိုတဲ့ အွန်လိုင်းလူသားတစ်ယောက်က ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ကမ္ဘာကျော်သွားပြီး အန်ဒရူးနဲ့ခရစ္စတီယာနိုအတွဲက ဟိုးလေးတကျော်ကျော်ဖြစ်လာတဲ့အခါ....တကယ်မရှိတဲ့ ဟန်ပြနာမည်တစ်ခုကို ကောင်လေးအဖြစ် လူသိရှင်ကြားတွဲနေရတဲ့ အန်ဒရူးတစ်ယောက် တကယ့်အချစ်စစ်နဲ့တွေ့တဲ့အခါ ဘယ်လိုဖြစ်မလဲလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဆိုပြီး အားလုံးကလေးစားချစ်ခင်နေကြပေမဲ့ အပြင်မှာတကယ်ရှိမနေတဲ့ ခရစ္စတီယာနိုရဲ့ နောက်ဆက်တွဲတွေကိုပါ ကြည့်ရှုလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ MTA ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size…  1.4GB | 710MB | 282MB Format… mp4 Duration…. ...
movie

My Fake Boyfriend (2022)

2022
Collision (2022)
Collision (2022) Collision (2022)အာဖရိက ရုပ်ရှင်တွေကို စင်တင်ပေးဖို့ ကြိုးစားနေတဲ့ Netflix ရဲ့ ကြိုးစားအားထုတ်မှုလေးပါ။ ဒီဇာတ်ကားလေးကတော့ တောင်အာဖရိကနိုင်ငံ ဂျိုဟန်ဘတ်မြို့ကို အခြေတည်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအစမှာတော့ ယာဉ်တိုက်မှု တစ်ခုနဲ့ အစပြုထားပြီး အဲဒီနောက်မှာတော့ ဂျိုဟန်ဆိုတဲ့ ကုမ္ပဏီလုံခြုံရေးခေါင်းဆောင်က ဘဏ္ဍာစီမံမှူးအဖြစ် ရာထူးတိုးဖို့ ကြိုးစားနေတာတွေ့မြင်ရမှာပါ။ ခေတ်ကာလကတော့ လူဖြူလူမည်း ခွဲခြားမှုတွေ ရှိနေဆဲအပြင် ဂျိုဘတ်မြို့သားတွေက နိုင်ဂျီးရီးယန်းတွေနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေကိုပါ မကျေမနပ် ဖြစ်နေကြတဲ့ အချိန်လေးပေ့ါ။ ဂျိုဟန်ရဲ့ ဇနီးနဲ့ ဂျစ်ကန်ကန်သမီး နစ်ကီတို့က အမေရိကန်သွားဖို့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများနေကြပါတယ်။ နစ်ဟာ အမေရိကား ခရီးကို လုံးဝစိတ်မဝင်စားဘဲ ကျောင်းလစ်ပြီး လူမည်း ရည်းစား ဆီဆဲလ်နဲ့ အတူ ကလပ်တက် ဆေးရှူ လုပ်ဖို့လောက်ပဲ စိတ်ဝင်စားပါတယ်။တစ်ဖက်မှာတော့ ဘရာဆိုးဆိုတဲ့ လူဆိုးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ကို အမေချစ်သား အနေနဲ့လည်း မျက်နှာနှစ်ဖက်နဲ့ တွေ့မြင်ရမှာပါ။ ပိုက်ဆံငါးသန်း မရှာနိုင်ရင် သူ့ရဲ့ ...
movie

Collision (2022)

2022
Dashcam (2022)
Dashcam (2022) Dashcam (2022)ဇာတ်လမ်းနာမည် အတိုင်းပါပဲ။ ကားရှေ့မှာ တပ်ထားတဲ့ ကင်မရာကတစ်ဆင့် မြင်ရတဲ့ အနေအထားမျိုးနဲ့ ဇာတ်လမ်းကို တင်ပြသွားတာပဲ ဖြစ်ပါတယ်။ ဒီကားကတော့ တခြား Horror ကားတွေနဲ့ မတူဘဲ တစ်ကားလုံးမှာ မင်းသမီးက livestream နေမှာဖြစ်ပြီး Live တစ်ခုကို ကြည့်နေရသလို ကြည့်ရမှာပါဇာတ်ကောင်နဲ့အတူ စီးမျောရင်း ကြောက်လန့်မှုကို ခံစားရမယ့် ကားမျိုးပါ။ဇာတ်လမ်းအကျဉ်းကတော့ .....အန်နီဟာဒီ covid ကာလ lockdown တွေလုပ်ထားတဲ့အချိန်မှာ ကားမောင်းရင်း livestream လွှင့်ပြီး သီချင်းလက်တန်းရွတ်ဆိုပြတဲ့သူပါ။တစ်ရက်မှာတော့ အမေရိကန်ကနေပြီးတော့ အင်္ဂလန်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီအလည်သွားပါတယ် အဲဒီမှာ သူ့သူငယ်ချင်းနဲ့ ပြဿနာတက်ပြီး ကားကိုခိုးသွားရင်းနဲ့ အဖွားကြီးတစ်ယောက်ကို လိုက်ပို့ပေးဖို့ အကူညီတောင်းခံရတော့ သူလည်း လိုက်ပို့ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအဖွားကြီးက သာမန်အဖွားကြီးတစ်ယောက်မဟုတ်နေခဲ့တဲ့အခါမှာတော့ ....ဒီကားကတော့ သာမန် Horror ကားမျိုးနဲ့ မတူဘဲ တစ်ကားလုံးမှာ မင်းသမီးက livestream နေမှာဖြစ်ပြီး Live တစ်ခုကို ကြည့်နေရသလို ကြည့်ရမှာပါဇာတ်ကားကို ကြည့်ရင်း အတူတူ ကြောက်လို့ ရမယ့် ရုပ်ရှင်မျိုးပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ...
movie

Dashcam (2022)

2022
Saunkan Saunkne (2022) 6.3
Saunkan Saunkne (2022) Saunkan Saunkne 2022=====================IMDb 6.4 ရရှိထားပြီး တစ်ချိန်လုံးထိုင်ရယ်နေရမယ့် Romance/Comedy ကားလေးလာပါပြီလက်ထပ်ပြီးတာနှစ်ကြာနေပေမယ့် ကလေးမရတဲ့လင်မယားနှစ်ယောက်..ကလေးရဖို့ဆရာဝန်တွေပယောဂဆရာတွေဆီ စုံနေအောင်ပတ်ပြပေမယ့် အကုန်လက်လျော့နေတဲ့အနေအထားမှာယောက္ခမဖြစ်သူကချွေးမကို ကိစ္စတစ်ခုတိုင်ပင်လာပါတယ် တခြားတော့မဟုတ်ပါဘူးသူ့သားမျိုးဆက်ပြတ်သွားမှာစိုးတာကြောင့် နောက်အိမ်ထောင်ထပ်ပြုခိုင်းဖို့ပါမျိုးဆက်ကြောင့်ရော သူကိုယ်တိုင်ကြောင့်ပါ ကလေးမရဖြစ်နေတဲ့ချွေးမလုပ်သူကမတတ်သာတဲ့အဆုံးသဘောတူလိုက်ပြီး တစ်ရွာဝင်တစ်ရွာထွက် ဒုတိယမိန်းမကိုသူကိုယ်တိုင်လိုက်ရှာပါတော့တယ် မယားငယ်ကို မယားကြီးကိုယ်တိုင်ကလိုက်ရှာနေရတဲ့အဖြစ်ဟာတွေးကြည့်ရုံနဲ့တင် ဂွကျနေမှာပါ ဒီမှာလည်းအလွဲအလွဲအမှားမှားတွေနဲ့နောက်ဆုံး အပြင်လူထက် အတွင်းလူကပိုစိတ်ချရတယ်ဆိုပြီး ညီမဖြစ်သူကိုသွားတွေးမိတဲ့အခါ...ဘာတွေဆက်ဖြစ်လာမလဲ ညီမဖြစ်သူကရော သူတို့အကြံကိုသဘောတူပါ့မလားတစ်လင်တစ်မယားစနစ်မဟုတ်ဘဲ တစ်လင်နှစ်မယားစနစ်နဲ့ ဗရုတ်ကျစရာမိသားစုကြောင့်၂နာရီခွဲကြာချိန်လေးမှာ ရယ်မောနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်   File size…2.3GB / 1.09GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & OeliuJ & Honeyey  
movie

Saunkan Saunkne (2022)

2022