Channel Myanmar

Drama

Evilive (2023) [Complete]
Evilive (2023) [Complete] Evilive(2023)*************အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံးHan Dong Soo ဟာရှေ့နေ့တစ်ယောက်ဖြစ်ပြီး သူ့ရည်မှန်းချက်ကတော့အရမ်းချမ်းသာချင်တာပါပဲ...ဒီတော့သူဟာ အမှုသည်တွေရှာတဲ့နေရာမှာဂွင်ကောင်းကောင်းရိုက်ဖို့ ပစ်မှတ်ထားလေ့ရှိတယ်.....ဉာဏ်ရည်ထက်မြက်လှပြီးအကွက်မြင်တတ်တဲ့သူ့အတွက် လူဆိုးဂိုဏ်းတွေနဲ့ အခြားမကောင်းတာလူတဲ့လူတွေကြားမှာ သူ့နာမည်ဟာရေပန်းစားလာတယ်...ဒီလိုနဲ့ သူဟာ တဖြည်းဖြည်းရှေ့နေကောင်းဆိုတာထက် လူမိုက်ဆန်ဆန် မကောင်းတာလုပ်တဲ့ ဘဝကိုရောက်မှန်းမသိရောက်လာတယ်...တစ်နေ့တော့ သူ့ကိုရွေးပြီးမှ ရှေ့နေလုပ်ခိုင်းတဲ့ထောင်သားတစ်ယောက်ပေါ်လာတယ်...ဒီလူဟာ နာမည်ကြီး လူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့အပြင် ငယ်ရွယ်ပြီးအမြော်အမြင်ရှိတဲ့ သူဖြစ်လေတော့ ရှေ့နေကို နည်းမျိုးစုံနဲ့ချောင်ပိတ်ရိုက်ဖို့ကြိုးစားလာတဲ့အခါမှာတော့....ဒီစီးရီးက ဆရာကြီးတွေကြီးပါဝင်ထားသလို  Crime အမျိုးအစားဖြစ်လေတော့တော်တော်ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းမှာတော့သေချာတယ်...ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ အပတ်စဥ် Sat Sun တိုင်းမှာစောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Aired: Oct 14, 2023 - Nov 13, 2023 Aired On: Sunday, Monday Genres:  Thriller, Mystery, Crime, Drama Duration: 60 mins Episodes: 10 Original Network: ENA Translated by  Estel, Shwe Pyae, Emily, Lai Lai, Htoo Hto Aung, ...

Evilive (2023) [Complete]

2023
My Dearest (2023)S1+S2 [Complete]
My Dearest (2023)S1+S2 [Complete] My Dearest (2023)****************** ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားကြီး NamKoong Minနဲ့ မကြာသေးခင်ကလွှင့်ထားတဲ့  The Good Bad Mother ထဲက မင်းသမီး Ahn Eun Jinတို့က အဓိက ပါဝင်ထားပါတယ်....ယူဂီချယ်ဆိုတဲ့ ကောင်မလေးက ချမ်းသာတဲ့မိသားစုကနေ ပေါက်ဖွားလာပြီးလိုတရနေတဲ့ဘဝမှာနေနေရတာဆိုတော့ မာနကြီးပြီး အရာအားလုံးအပေါ်အထင်သေးအမြင်သေးဆက်ဆံတတ်လေ့ရှိတယ်...အရာအားလုံးက သူမ အတွက် ရေကန်အသင့်ကြာအသင့်နေရတဲ့ဘဝဆိုတော့အပူအပင်လည်းမရှိရှာဘူးပေါ့..တစ်နေ့မှာတော့ ရာသီဉတုကပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာတဲ့နောက် သူမ ဘဝအတွက်အလှည့်အပြောင်းတစ်ခုရှိလာပါတော့တယ်...အီဂျန်ဟွန်းဆိုတဲ့ အမျိုးသားကတော့ လျှို့ဝှက်တတ်တဲ့ လူတစ်ယောက်ဖြစ်ပြီးဘာကိုမှ အလေးမထားသလို စမ်းချောင်းကစမ်းရေသံလေးနားထောင်ရမြက်ခင်းပြင်ပေါ်လမ်းလျှောက်ရ ရုံဖြင့် တခြားပိုင်ဆိုင်မှုတွေမရှိသော်ငြားဘဝကိုပြီးပြည့်စုံတယ်လို့ ထင်တဲ့သူတစ်ယောက်ပေါ့...သို့ပေမဲ့သူ့မှာလူသိမခံတဲ့လျှို့ဝှက်ချက်များစွာလည်းရှိတဲ့သူတစ်ဦးပါ...အဲဒီနောက် မမျှော်လင့်ဘဲ ယူဂီချယ်ဆိုတဲ့ ဂုဏ်ရှင်မလေးနဲ့ တွေ့တဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်ကြမလဲ စောင့်ကြည့်ရအောင်နော်.....File Size –  1.2GB/500MBQuality –1080p, 720pDuration – 1h  (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama / ...

My Dearest (2023)S1+S2 [Complete]

2023
Wicked City (2022) – Season (01) 6
Wicked City (2022) – Season (01) Wicked City (2022) - Season (01)=============================== ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ စီးရီးလေးကတော့ လတ်တလောလူမေးများနေတဲ့ မှော်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဆယ်ကျော်သက်ကောင်မလေး ခမေးလ် ဟာ သူ့အိမ်ကိုပြန်ရောက်တော့ အမေဖြစ်သူက ဗိုက်မှာဓားဒဏ်ရာနဲ့ ကြမ်းပြင်မှာသေလုဆဲဆဲဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ မိခင်ရဲ့အသက်ကိုလုဖို့ အတတ်နိုင်ဆုံးကြိုးစားပေမဲ့လည်း သူ့အမေက ခမေးလ်မှာ အန္တရာယ်ရှိနေပြီဆိုတဲ့အကြောင်းနဲ့ ဂျော်ဂျီယာ က အက်တလန်တာမြို့မှာ ကေဒန် ဆိုတဲ့သူကိုသွားရှာဖို့သာ နောက်ဆုံးအနေနဲ့မှာခဲ့ပြီး အသက်ထွက်သွားခဲ့ပါတယ်။ ခမေးလ် ကို သူ့အမေပေးခဲ့တဲ့လိပ်စာက မှော်ပညာနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေရောင်းတဲ့ စတိုးဆိုင်လေးဖြစ်ပြီး အဲ့ဒီဆိုင်ကို တက်ဘသာ ဆိုတဲ့ သက်လတ်ပိုင်းအမျိုးသမီးက ပိုင်ပါတယ်။ တက်ဘသာ ဟာ စုန်းမတစ်ယောက်ဖြစ်ပြီးတော့ ခမေးလ် နဲ့ မတိမ်းမယိမ်း တပည့်လေးယောက်လည်းရှိပါတယ်။ သူတို့ဟာ မတူညီတဲ့မှော်စွမ်းအားအသီးသီးပိုင်ဆိုင်ကြပေမဲ့ ဂျော်ဒန် ဆိုတဲ့စုန်းမလေးကတော့ မှော်စွမ်းအားကို အသုံးချလို့မရဘဲ အာရုံခံလို့သာရတဲ့အတွက် ရှေ့ဖြစ်ဟောအတတ်မှာသာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပြီး သူ့ကိုယ်သူ အားမလိုအားမရဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ မိခင်သေဆုံးရတဲ့ နောက်ကွယ်ကအကြောင်းကိုစုံစမ်းဖို့ ခမေးလ် ...
6
TMDb: 6/10 3 votes
tv

Wicked City (2022) – Season (01)

2022
The Escape of the Seven (2023)
The Escape of the Seven (2023) The Escape of the Seven: War for Survival (2023)မိန်းကလေး တစ်ယောက် ပျောက်ဆုံးသွားတဲ့ အမှုမှာ ပါဝင်ပတ်သတ်နေတဲ့ လူ ၇ယောက်ရဲ့ အရှုပ်တော်ပုံ...ဒီလူ ၇ ယောက်ကတော့တောင်ကိုရီးယားနိုင်ငံ အကြီးမားဆုံးဖုန်းကွန်ရက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပေမဲ့ နောက်ကွယ်မှာ ထူးဆန်းမှုတွေအများကြီးရှိနေတဲ့ Uhm Ki-Joon, ပိုက်ဆံနဲ့ အောင်မြင်မှုကိုပဲ ရှေ့တန်းတင်တတ်တဲ့ ရုပ်ရှင်ထုတ်ရေးကုမ္ပဏီပိုင်ရှင် Hwag Jung-Eum, သစ္စာဖောက်ခြင်းအမျိုးမျိုးကို ကြုံတွေ့ခဲ့ရတဲ့ ဂန်စတားတစ်ယောက်ဖြစ်ခဲ့သူ Lee Joo, အလိမ်အညာတွေနဲ့ပဲ ပြည့်နှက်နေတဲ့ဘဝနဲ့ အိုင်ဒေါဖြစ်ဖို့ လောဘတက်နေတဲ့ Lee Yoo-Bi, သူဌေးအဘိုးကြီးတစ်ယောက်နဲ့ ပိုက်ဆံကြောင့် အတူနေနေတဲ့ Shin Eun-Kyung , လောဘကြီးပြီး ဒေါသထွက်ရင် ဘာမှမမြင်တော့တဲ့ ချယ်ရီအင်တာတိန်းမန့်ရဲ့ စီအီးအို Yoon Jong-Hoon, ကိုယ့်အားနည်းချက်ကို ကာကွယ်ဖို့ ကျောင်းမှာ ထူးဆန်းတဲ့ ကောလဟာသလွှင့်ခဲ့တဲ့ အနုပညာကျောင်းဆရာမ Jo Yoon-Hee တို့ပဲ ဖြစ်ပါတယ်။အကြောင်းအရင်းအမျိုးမျိုးနဲ့ ဒီအမှုရဲ့ တရားခံဖြစ်နိုင်နေတဲ့ ...

The Escape of the Seven (2023)

2023
Love is Panacea ( 2023 )
Love is Panacea ( 2023 ) love is panacea ဆိုတဲ့ဇာတ်ကားကောင်းလေးကိုတော့ ပရိတ်သ‌တ်တွေ အားလုံးလည်းရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီးမင်းသား Luo Yun Xi နဲ့ မင်းသမီး Zhang Ruo Nan တို့က အဓိကမင်းသား မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးတော့ : ဆေးပညာအသိုင်းအဝိုင်းကနေမွေးဖွားလာတဲ့ Gu Yun Zheng လို့ခေါ်တဲ့ လူငယ်လေးဟာ ဆေးဘက်ဆိုင်ရာဉာဏ်ကြီးရှင်တစ်ဦးလည်းဖြစ်တဲ့အပြင် နိုင်ငံတွင်း အငယ်‌ဆုံး အာရုံကြောခွဲစိတ်အထူးကု ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ် ။ သူက ဉာဏ်ကောင်းကာ ချောမောပြီး ဆေးရုံမှာဆို ဆွဲဆောင်မှု့အရှိဆုံးဆရာဝန်‌တစ်ယောက်ဖြစ်ပါတယ် ။ အဲဒီလိုချောမောပြီး ဉာဏ်ကောင်းလွန်းတာကြောင့် သူကောလိပ်တက်နေစဉ်ကတည်းက မိန်းကလေးတော်တော်များများရဲ့ စိတ်ကူးယဉ်အိပ်မက်ကလေးလည်း ဖြစ်ခဲ့ရပြန်ပါတယ် ။ဒေါက်တာကုရဲ့ တစ်ဘဝစာ ရည်မှန်းချက်ပန်းတိုင်ကတော့ " လူငယ်အာရုံကြောခွဲစိတ် ဆရာဝန်တွေကိုပေးအပ်တဲ့ Wang Zhong Cheng ဆုတံဆိပ်" ကိုရရှိဖို့ပါတဲ့ ။ ဒါပေမဲ့ သူအာဖရိကမှာအလုပ်လုပ်နေစဉ်အတောအတွင်းမှာပဲ ဒေါက်တာကုဟာ MBBS ပဉ္စမနှစ်ကျောင်းသူလေး Su Wei An လို့ခေါ်တဲ့ သူ့ဘဝရဲ့ ချစ်ခြင်းမေတ္တာလေးနဲ့တွေ့ဆုံခဲ့ပါတော့တယ် ။ Su Wei An ...

Love is Panacea ( 2023 )

2023
PLUTO (2023) 8.451
PLUTO (2023) IMDB 8.5 နဲ့ MAL rating 8.7 ရရှိထားတဲ့ဒီ anime ဟာစက်ရုပ်တွေက လူတွေလိုခံစားချက်ရှိလာပြီး လူတွေနဲ့ရောထွေးနေထိုင်လာနိုင်တဲ့အထိဉာဏ်ရည်ရှိလာတဲ့ အနာဂတ်အချိန်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းက အဓိကဇာတ်ကောင်ဖြစ်တဲ့ စုံထောက်လည်းဟုတ်စစ်သားဟောင်းလည်းဟုတ်တဲ့ Gesicht ဟာ ထူးဆန်းတဲ့လူသတ်မှုအမှုနှစ်ခုကို လက်ခံပြီးစုံစမ်းတဲ့အခါမှာစပါတယ်။လူသတ်မှုနှစ်ခုမှာ တစ်ခုကစက်ရုပ်ကိုသတ်ထားတာဖြစ်ပြီးနောက်တစ်ခုက လူတစ်ယောက်ကိုသတ်ထားတာဖြစ်တယ်။ထူးဆန်းတာက အသတ်ခံရတဲ့နှစ်ယောက်မှာစက်ရုပ်ကတစ်ကမ္ဘာလုံးကချစ်ခင်လေးစားတဲ့ စက်ရုပ်ဖြစ်နေပြီးလူကတော့လူတွေမုန်းတီးကြတဲ့လူဖြစ်နေပါတယ်။ပိုပြီးထူးဆန်းတာက စက်ရုပ်တွေဟာ လူတွေကိုထိခိုက်မလို့မရအောင်ပရိုဂရမ်ဆွဲထားသလိုအခင်းဖြစ်တဲ့နေရာမှာ လူဝင်ထွက်သွားတဲ့ လက္ခဏာတွေလည်းမတွေ့ခဲ့ရပါဘူး။ပြီးတော့ လူသတ်သမားက အလောင်းတွေကို ချိုပုံစံအရာနှစ်ခုစိုက်ထားခဲ့တာကြောင့်အမည်မသိလူသတ်သမားကို ချိုပါတဲ့ဂရိမရဏနတ်ဘုရား Pluto လို့ခေါ်လိုက်ပါတယ်။Gesicht ရဲ့စုံစမ်းမှုအတွင်းမှာ Pluto ဟာ ကမ္ဘာပေါ်ကဉာဏ်ရည်အမြင့်ဆုံးစက်ရုပ် ၇ ရုပ်ကိုပစ်မှတ်ထားနေတယ်ဆိုတာ သိလိုက်ရသလို Gesicht ကအဲဒီ ၇ ရုပ်ထဲကတစ်ရုပ်ဖြစ်နေတာပါပဲ။အဲဒီမှာ Gesicht ဟာ ကျန်ရှိနေသေးတဲ့စက်ရုပ်တွေကိုအချိန်တိုအတွင်းမှာကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ဒီ anime က Astro Boy ကိုပြန်လည်အခြေခံထားတဲ့ပုံပေါ်ပေမဲ့အများကြီးပိုနက်နဲပြီး ဇာတ်လမ်းဇာတ်အိမ်အရမ်းကောင်းတဲ့ anime တစ်ခုပါ။အဲလိုပြောပေမဲ့ Astro Boy ကြည့်ထားစရာမလိုပါဘူး။Sci-fi ကိုမှ Murder ...
8.451
TMDb: 8.451/10 41 votes
tv

PLUTO (2023)

2023
The Killing Vote (2023) [Complete]
The Killing Vote (2023) [Complete] The Killing Vote (2023) [အစ-အဆုံး]အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း)Glory ထဲက အချစ်တော်မင်းသမီး Lim Ji-Yeonက ခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်ထားပြီး မင်းသားကြီးတွေဖြစ်တဲ့ Park Sung-Woongနဲ့ Park Hae-Jinတို့ရဲ့ အပီကြမ်းမယ့် The Killing Voteစီးရီးကတော့ ဒီညမှာပဲထွက်လာပါပြီ။ဇာတ်လမ်းအညွှန်းကတော့ ...ရဲမှူးဖြစ်တဲ့ Kim Moo-Chanဟာ သူ့အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်တဲ့သူတစ်ယောက်ပါ။ Kwon Seok Joo ဆိုတဲ့လူကတော့ နာမည်ကျော် တရားရေးရာ ပညာရှင်ဖြစ်ခဲ့ပေမယ့် သူ့သမီးကိုတိုက်ခိုက်ခဲ့တဲ့ မုဒိန်းကောင်ကိုသတ်ပြီးတော့ ရဲစခန်းမှာဝန်ခံခဲ့ပြီး ထောင်ကျခဲ့သူပါ။ Joo Hyun ကတော့ ဆိုးလ်ရဲစခန်းမှာ ငါးနှစ်ကြာလုပ်ခဲ့တဲ့ ရဲမေတစ်ယောက်ပါ။ဒီဇာတ်လမ်းတစ်ခုလုံးကို မွှေမှာကတော့ Dog Maskဆိုတဲ့ အိုင်ဒီနဲ့ အမည်မသိလူတစ်ယောက်ပေါ့။ စက်ဆုပ်စရာကောင်းတဲ့ ရာဇဝတ်သားတွေဟာ ဥပဒေရဲ့အပြစ်ဒဏ်ကို ရှောင်ဖယ်တဲ့အခါ အသက်၁၈နှစ်နဲ့အထက်မြို့သားတိုင်းဆီကို သေဒဏ်မဲပေးဖို့အတွက် မက်ဆေ့တစ်စောင် ရောက်လာပါတော့တယ်။ သေဒဏ်မဲပေးနှုန်း၅၀%ကျော်တာနဲ့ Dog Maskကတော့ အဲဒီမဲပေးခံရတဲ့သူကိုစမုံတုံးပြီးသတ်ပစ်ပါတယ်။ရဲတွေကလည်း ...

The Killing Vote (2023) [Complete]

2023
Masterpeace (2023)
Masterpeace (2023) Master Peace (TV Series)(2023) IMDb-6.4/10Disney+ Hotstarကနေ ထုတ်လွှင့်ခဲ့တဲ့ အပိုင်းငါးပိုင်းနဲ့ မိသားစုဟာသဇာတ်မြူးစီးရီးလေးကိုတင်ဆက်ပေးချင်ပါတယ်။ လင်မယားနှစ်ယောက်ပြဿနာကြားမှာ မိဘတွေပါလာရာကစ အလွဲလွဲအချော်ချော်တွေနဲ့ ဟာသနှောရိုက်ကူးတင်ဆက်ထားတာပါ။ဒီဇာတ်လမ်းကို ကြည့်ရှူသူတွေဆီ ပြောပြနေသူကတော့ ဧည့်ခန်းမှာချိတ်ထားတဲ့ ပန်းချီကားထဲက မိုနာလီဇာကြီးဖြစ်နေပါရောလား။ ဓားတစ်ချောင်းကနေ စတဲ့ဇာတ်လမ်း။လင်ဖြစ်သူကို ဓားနဲ့ရွယ်ရာကစလို့ ဘေးမှာလူသူလေးပါးလည်းမရှိပါဘဲနဲ့ ယောက္ခမဖြစ်သူသိသွားပါလေရော။သိသွားတော့ နှစ်ဖက်မိဘတွေတိုင်ပင်ကြပြီး သူတို့သားသမီးတွေနေထိုင်ရာ တိုက်ခန်းဆီကို လိုက်လာရာကစ လင်မယားနှစ်ယောက်ကို ပြေလည်ရာပြေလည်ကြောင်း ဆုံးမမယ့်အစီအစဉ်ကနေ ဘယ်လိုတွေ သဘောထားကွဲလွဲ အချင်းများကြမလဲဆိုတာ ပြုံးရင်းရယ်ရင်း ခံစားကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)Quality : 1080p DSNP WEB DL / 720pTotal Episodes : 5EpsFormat : mp4Genres : Drama ~ ComedyDuration : 36minsSubtitle : Myanmar Subtitle ...

Masterpeace (2023)

2023
The Winter King (2023) 5.0
The Winter King (2023) The Winter King (2023) ==================Bernard Cornwellရဲ့ The Warlord Chronicles ကို အခြေခံရိုက် ကူးထားတဲ့ Historical Fiction, Fantasy Drama ဖြစ်ပြီး အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မာလင်၊ အာသာ၊ မောဒရက်၊ အူသာ ပန်ဒရာဂွန် တို့ကို မြင်တွေ့ရဦးမှာပါ။ ဇာတ်လမ်းဇာတ်ကြောင်းကတော့ Arthurian legend ကို ဇာတ်ကြောင်းပြန်ပြောထားတာဖြစ်ပြီး ဗြိတိသျှအမှောင်ခေတ် ကာလကို နောက်ခံဝန်းကျင်ထား ရိုက်ကူးထားပါတယ်။စစ်နယ်ရှင် အာသာပန်ဒရာဂွန် နယ်နှင်ခံလိုက်ရချိန်နောက်ပိုင်း အရိုက် အရာဆက်ခံသူ ကင်းမဲ့နေတဲ့ တိုင်းပြည်ကြီးကို ဖခင်ဖြစ်သူ အူသာဟာ ထီးနန်းကို နမော်နမဲ့ အုပ်ချုပ်နေခဲ့ပါတယ်။ တိုင်းပြည်ရဲ့ နယ်စပ်ဒေသ တွေမှာလည်း ရန်သူ့တပ်တွေက အခွင့်ရရင်ရသလို ဝင်စီးနေချိန်လည်း ဖြစ်တယ်။အချိန်တစ်ခုရောက်တော့ နန်းအရာ ဆက်ခံမယ့် မြေးဖြစ်သူ မော်ဒရက် မွေးဖွားလာတယ်။ ဒါပေမဲ့ မာလင့်ရဲ့ နိမိတ်အရ ဒီကလေးက တိုင်းပြည်ကို ဇောက်နက်ထဲထိ ဆွဲချမယ့် လူသား။ အာသာတစ်ဦးတည်းကသာ တိုင်းပြည် ကို ကယ်တင်နိုင်မယ့်သူဖြစ်လို့ မာလင်တစ်ယောက် ပန်ဒရာဂွန်သွေးစစ်သူကို ရှာဖွေရင်းနဲ့ ဒီဇာတ်လမ်း ...
5.0
TMDb: 5.0/10 1768 votes
tv

The Winter King (2023)

2023
Don’t Touch My Gang (2023)
Don’t Touch My Gang (2023) Don’t touch my gang / ကျောင်းတော်ကြီးမှ အလွဲများ (2023)ကျေးလက်က လူငယ်လေးလေးယောက်၊ သူတို့ရည်မှန်းချက်က ဘန်ကောက်မှာ ကျောင်းသွားတက်ရင်း ဘဝအတွက် စွန့်စားမယ်ဆိုတော့ ရွာကျောင်းက သူငယ်ချင်းတွေက လှောင်ကြတယ်။ သူတို့ရည်မှန်းချက်အတွက် သက်သေပြဖို့ ပညာသင်ဆုထောက်ပံ့တဲ့ ဘန်ကောက်ကကျောင်းတွေကို လိုက်ရှာရင်း သူတို့သဘောကျတဲ့ ကျောင်းတစ်ကျောင်းကို လျှောက်လိုက်ပါတယ်။ ဖြစ်ချင်တော့ ကွန်ပျူတာကီးဘုတ်က ဟောင်းနွမ်းစုတ်ပြတ်နေပြီး စာလုံးတစ်လုံးကကျွတ်ထွက်နေတော့ အဲဒီစာလုံးကို မရိုက်ဘဲလျှောက်လိုက်တာ ကျောင်းနာမည်ဆင်တူတဲ့ Vocational School တစ်ခုကို လျှောက်မိရက်သားဖြစ်သွားပါတယ်။ ပညာသင်ဆုရလို့ လေးယောက်သား ပျော်ရွှင်ပြီး ဘန်ကောက်ကို ထွက်လာတဲ့အချိန်ကျမှ သူတို့လျှောက်မိတဲ့ကျောင်းက လွဲနေတယ်ဆိုတာ သိလိုက်ရပြီး အဲဒီကျောင်းမှာ လူမိုက်တွေကြီးစိုးတဲ့အပြင် တစ်နှစ်မှာ ၃၆၅ ရက်လောက် ရန်ပွဲတွေဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ဘယ်လိုအလွဲတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာ အတူတူကြည့်ကြမယ်နော်။အညွှန်းကိုတော့ Moh Moh က ‌ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh, Kaung, Kong, Khaing ပဲ ဖြစ်ပါတယ်။Genre..... Drama, Comedy, School Quality…. ...

Don’t Touch My Gang (2023)

2023
Twinkling Watermelon (2023) [Complete] 10
Twinkling Watermelon (2023) [Complete] Twinkling Watermelon (2023)******************************အပိုင်းသစ် (၁၆) ဇာတ်သိမ်းပိုင်း 1995 ခုနှစ် တောင်ကိုရီးယား နွေဦးရဲ့ ဖရဲသီးလေးတွေဆီ တစ်ခေါက်သွားကြည့်ရအောင်..Eun Gyeol (Ryeo Un) က ဆွံ့အနားမကြားမိဘတွေနဲ့ တူတူနေနေတာဖြစ်ပြီးဂီတဘက်မှာ ပါရမီပါတဲ့သူပါ။ နေ့ဘက်မှာ စံပြကျောင်းသားဖြစ်ပြီး ညဘက်မှာတော့band တစ်ခုမှာ guitar တီးပါတယ်။ တစ်နေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ဂီတတူရိယာဆိုင်ကနေတစ်ဆင့် မထင်မှတ်ဘဲ 1995 ခုနှစ်ကို အချိန်ခရီးသွားနိုင်ခဲ့တယ်။18 နှစ်အရွယ် အထက်တန်းကျောင်းသား သူ့အဖေ Lee Chan (Choi Hyun Wook),သူ့အမေ Cheong A (Shin Eun Soo) နဲ့ Se Kyung (Seol In Ah) တို့ကိုပြန်တွေ့ခဲ့ရပြီးတော့ Watermelon Sugar ဆိုတဲ့ band လေးကို အတူတူ ဖွဲ့စည်းခဲ့ပါတယ်အဲဒီအချိန်မှာ သူ့အဖေ Lee Chan ကတော့ Seowon ...
10
TMDb: 10/10 1 votes
tv

Twinkling Watermelon (2023) [Complete]

2023
The Wedding Contract (2023)
The Wedding Contract (2023) ဘွာတေးမခံတဲ့ စွာလေးလန်ချစ်သူမလေး(2023)မိဘတွေ စက်ရုံမှာမီးလောင်ပြီး မဆုံးခင်အထိ ဖင်မ် အရာရာတိုင်းပြည့်စုံခဲ့ပါတယ် သို့ပေမဲ့ ကံကြမ္မာဆိုးကြီးကြောင့် ဖင်မ် မိဘမဲ့ခဲ့ရပါတယ်ဒါတင်မကဘဲ အကြွေးတွေပါ တင်ခဲ့ပါတယ် ဖင်မ် သူ့အဘိုး သူ့အစ်ကိုနဲ့ နယ်က အိမ်ကို ပြောင်းပြီး ခြံအလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်ဆာရန်က ဖင်မ်တို့ ခြံရဲ့ဘေးချင်းကပ် ခြံပါ ဖင်မ်ရဲ့အဘိုးကို ကူညီပေးခဲ့တဲ့သူဆိုလည်း မမှားပါဘူး ဖင်မ်နဲ့တော့ သိပ်ပြီးမတည့်ပါဘူး ကြောင်နဲ့ကြွက်လိုပေါ့တစ်နေ့ ဖင်မ်ရဲ့အစ်ကို ဖြစ်သူ ရဝီးက သူ့အဘိုးခြံကို ထင်မိုင်ဆိုတဲ့ သူဌေးဆီ အကြွေးဆပ်ဖို့ ရောင်းလိုက်ပါတယ် ဒါတင်မကဘဲ သူ့အကြွေးအတွက် သူ့ညီမကိုပါ ပေးမယ်လို့ အပေးမယူလုပ်ခဲ့ပါတယ် ဆာရန် သိသွားတော့ တင်နေတဲ့အကြွေးတွေကို ပြန်ဆပ်ပေးပြီး ဖင်မ်နဲ့လက်ထပ်မှတ်ပုံတင်လိုက်ပါတော့မယ် လက်ထပ်မှတ်ပုံတင်လိုက်တဲ့အကြောင်းရင်းကတော့ ဖင်မ်ကို ထင်မိုင်သူဌေးဆီက လွှတ်မြောက်အောင် ကူညီချင်လို့ပါပဲ ဆိုတော့ ဖင်မ်နဲ့ဆာရန်တို့ လက်ထပ်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုသံယောဇဉ်ဖြစ်သွားကြမှာလဲ မတည့်ကြတဲ့လူနှစ်ယောက်က အတူတူနေနိုင်ပါ့မလားဆိုတော့ စောင့်ကြည့်လိုက်ပါ(အညွှန်းရေးသားသူမှာ Fake Love ဖြစ်ပါတယ်)Translated by Nang Mwe Kham & ...

The Wedding Contract (2023)

2023
Blooming Days ( 2023 )
Blooming Days ( 2023 ) လော့ချင်းလျန်ဟာ အားကိုးရတဲ့ခင်ပွန်းကောင်းတစ်ယောက်ရှာပြီး ဘဝကိုအေးအေးချမ်းချမ်းနေသွားချင်တဲ့မိန်းကလေးတစ်ယောက်ပါ။ ဒါပေမယ့် လော့ချင်းလျန်က မင်းသားကြီးရဲ့တတိယသား ဟယ်လျန်ရှင်းရဲ့ကိုယ်လုပ်တော်ဖြစ်လာခဲ့ပါတယ်။သူဟာဒီအာဏာလုတဲ့အရှုပ်အထွေးတွေကြားက လွတ်မြောက်ချင်ပေမယ့် အချိန်ကြာလာတဲ့အမျှဟယ်လျန်ရှင်းဟာ သူထင်သလိုဆိုးရွားတဲ့သူမဟုတ်ပဲ ပြည်သူတွေကိုဂရုစိုက်တဲ့လူကောင်းတစ်ယောက်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ဟယ်လျန်ရှင်းဘေးမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီလိုနဲ့ သူတို့နှစ်ယောက်ဟာအာဏာလုပွဲကိုအတူတူရင်ဆိုင်ကြရင်း အချစ်တွေပိုတိုးလာတဲ့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ထိုင်ဝမ်မင်းသားကြီး Peter Hoက ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ထားပါတယ်။============================Quality : WEB-DL 1080p , 720p Total Episodes : 36 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK============================Ep 1 ( 720p ) - Yoteshin / Usersdrive / MegaUp / StreamVid / StreamWishEp 1 ( 1080p ) ...

Blooming Days ( 2023 )

2023
All the Light We Cannot See (2023) 7.516
All the Light We Cannot See (2023)  ကမ္ဘာပေါ်မှာ ကမ္ဘာစစ်ကြီး နှစ်ခါဖြစ်ခဲ့တယ်။ လူငယ်အရွယ်ကောင်းလေးတွေ အမျိုးသမီးတွေ ကလေးငယ်တွေ သန်းပေါင်း ၈၀ နီးပါး သေကြေပျက်ဆီးခဲ့ရတယ်။ ဒီလို လူအသေအပျောက်များလှတဲ့ စစ်ပွဲကြီးတွေကို လူတွေကပဲ ဖန်တီးတာ‌ပေါ့လေ။ဒီလိုမျိုး လူတွေထဲက လူတွေထဲမှာ ငြိမ်းချမ်းရေးကိုပဲ တစိုက်မက်မက် ချစ်မြတ်နိုးသူရယ်၊ သွေးဆာကြမ်းတမ်းပြီး သေနတ်တစ်ကမ်းအာဏာကို ရူးသွပ်ကြသူတွေရယ်၊ ဘာကိုမှနားမလည်ပဲ တစ်သွေးတစ်သံအမိန့်အောက်မှာ သေနတ်မောင်းကို အရာရှိလက်ညှိုးညွှန်ရာ မျက်စိစုံမှိတ် ဆွဲကြသူတွေ။ဒီတော့ စာရေးဆရာက သိပ်ကိုလှပပြီး စိတ်ဝင်စားစရာ သီအိုရီတစ်ခု ချပြခဲ့တယ်။ အလင်းရောင်နဲ့ အမှောင်အကြောင်းပါပဲ။ ဘဝမှာ အရေးအကြီးဆုံးအလင်းရောင်က ကိုယ့်မျက်လုံးနဲ့ မမြင်ရတဲ့ အလင်းရောင်ပါတဲ့။ ဒီတော့ အလင်းရောင်ကို မြင်ရသူနဲ့ မမြင်ရသူ ကွာသွားလို့ လူတွေ ကွာခြားသွားတာပေါ့။အနီးစပ်ဆုံး ဥပမာကိုပြောရရင် ကျွန်တော်တို့ရဲ့ ဦးနှောက်ပါပဲ။ သူက ကျွန်တော်တို့ခေါင်းခွံထဲမှာ ကြည်လင်တဲ့အရည်ကြည်တစ်ခုထဲ ပေါလောပေါ်နေတာပါ။ ဦးနှောက်ဆိုတဲ့အရာက သူအလုပ်စလုပ်ချိန်ကနေပြီး လုပ်ငန်းတွေ ရပ်သွားတဲ့အချိန်အထိ အလင်းရောင်နဲ့ ...
7.516
TMDb: 7.516/10 64 votes
tv

All the Light We Cannot See (2023)

2023
Aspirants (2023) Season 2 7.446
Aspirants (2023) Season 2 Aspirants Season 2(2023) (သို့) ဇွဲဆုရှင်IMDb-9.2/10အရာရှိဖြစ်ဖို့ UPSC စာမေးပွဲဝင်ဖြေခဲ့ရတဲ့ အဘီလာ့ရှ့်ရဲ့ အခက်အခဲအ‌ဖုံဖုံအကြောင်း ၂၀၂၁ Season 1 မှာ ကြည့်ရှူခဲ့ပြီးတဲ့ CM ပရိသတ်ကြီးအတွက် Season 2 ထပ်မံထွက်ရှိလာပါပြီဒီမှာတော့ အဘီလာ့ရှ်တစ်ယောက်ဟာ သိပ်လိုချင်ခဲ့တဲ့ အရာရှိရာထူးနေရာကိုရရှိသွားခဲ့ပါပြီ ဒါပေမဲ့ မကုန်မခန်းနိုင် ပိုမိုခက်ခဲတဲ့ ဘဝအရည်အချင်းစစ်စာမေးပွဲကြီးနဲ့ တစ်ခါနဖူးတွေ့ဒူးတွေ့ကြုံရပြန်‌ပါတော့တယ်အတူတူခင်မင်ကြီးပြင်းလာပြီး ဘဝအတွက် ကိုယ့်လမ်းကိုယ်ရွေးချယ်ခဲ့ကြတဲ့ SK ဂူရီနဲ့ အဘီလာ့ရှ်တို့ သုံးယောက်သားရဲ့ လုပ်ငန်းချင်းနီးစပ်ရာက ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ ၊ ဌာနအတွင်း ခက်ခဲအားပြိုင်ပြင်းထန်မှုတွေ ၊ တာဝန်ကျေအောင်ဆောင်ရွက်ရင်းက ကြုံတွေ့လာရတဲ့ ဘေးပတ်ဝန်းကျင်က စိတ်ရှုပ်စရာတွေ ၊ ဖိအားမျိုးစုံရဲ့ ဒဏ်တွေဟာ သူခက်ခက်ခဲခဲဖြေဆိုခဲ့ရတဲ့စာမေးပွဲထက် ခက်ခဲနေချိန်မှာတော့...ဒီအခက်အခဲတွေ ဘယ်လိုကျော်လွှားပြသွားမလဲ ခံစားကြည့်ပါဦး( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ...
7.446
TMDb: 7.446/10 28 votes
tv

Aspirants (2023) Season 2

2023
Dexter Season 1+2+3+4+5 +6+7(2006) 8.184
Dexter Season 1+2+3+4+5 +6+7(2006) အခုတင်ပေးထားတဲ့ စီးရီးကတော့ စိတ္တဇလူသတ်သမား သတ်သမားတစ်ယောက်အကြောင်းပါပဲ။ စာမှားရိုက်ထားလားဆိုပြီး နှစ်ခါပြန်မဖတ်ပါနဲ့ မှန်ပါတယ်။ စိတ္တဇလူသတ်သမားတွေကိုမှ တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်ချင်တဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပါ။ စိတ္တဇလူသတ်သမား သို့မဟုတ် ကွင်းဆက်လူသတ်သမားတွေကိုက အခြားလူသတ်သမားတွေနဲ့မတူပါဘူး။ အရမ်းပိရိတယ်၊ အကွက်ကျတယ်၊ ဉာဏ်များတယ်။ ဒီတော့ ဒီလိုလူတွေကိုမှပြန်လိုက်သတ်ဖို့ဆိုရင် ကတုံးပေါ်ထိပ်ကွက် ဂျင်ပေါ်ကထုံးလိုဖြစ်နေဖို့လိုပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းသွားတာက သူဟာ ရဲဌာနမှာအလုပ်လုပ်နေတဲ့ သွေးကျွမ်းကျင်မှုခင်းပညာရှင်ဖြစ်နေတာပါပဲ။ ဒီတော့ အမှုတွေကိုစုံစမ်းလိုက်ပြီးရင် ရဲဌာနတစ်ခုလုံးမရိပ်မိအောင် လိုက်ဖြုတ်လိုက်နဲ့ အတော်ကို ဥာဏ်များရတဲ့အလုပ်ပါပဲ။ ကြည့်ကြည့်လိုက်ကြပါဦး။File size…(1.4 GB)/(600 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:00 Genre...Drama, Crime, Mistery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by VaderDownload LinkEpisode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / Streamvid ...
8.184
TMDb: 8.184/10 3466 votes
tv

Dexter Season 1+2+3+4+5 +6+7(2006)

2006
One Night Stand (2023)
One Night Stand (2023) One Night Stand / သတ်ပုံမှားတဲ့ည (2023)ကွင်း အဖြစ် Pim Pimprapa ကေလ် အဖြစ် Esther Supreeleela ဖဖျန် အဖြစ် Punpun Sutatta Udomsilpဇာတ်လမ်းအကျဉ်းပြောရရင် ကွင်း ကေလ် ဖဖျန် သူငယ်ချင်းသုံးယောက်ရဲ့ဇာတ်လမ်းလေး‌ပေါ့တစ်ညမှာ သူငယ်ချင်းသုံးယောက် night out ထွက်ကြပြီး ထိန်းမ‌နိုင်အောင် မူးရူးပျော်ပါးခဲ့ကြပါတယ် မနက်ရောက်တော့ ကွင်းရဲ့ အလောင်းကို တွေ့မြင်ခဲ့ရပါတယ် ကျန်ရှိနေတဲ့ ကေလ်နဲ့ဖဖျန်က သံသယရှိသူတွေ ဖြစ်သွားပြီးတော့ သူတို့ အဲ့ဒီညက အဖြစ်အပျက်ရဲ့ အမှန်တရားကို ရှာဖွေပါတော့တယ်ကွင်းသေဆုံးမှုမှာ ကေလ်နဲ့ဖဖျန် ပါ၀င်ပတ်သက်နေမလား ကွင်းကို သတ်တဲ့သူက ဘယ်သူဖြစ်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်အညျွန်းကို‌တော့ Fake Love က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Nang Mwe Kham & Fake Love & Lei Wutyi Tun တို့ပဲ ဖြစ်ပါတယ်။Genre.....Drama Quality…. 1080p | 720p File ...

One Night Stand (2023)

2023
[18+] Da Vinci’s Demons (2013) 7.579
[18+] Da Vinci’s Demons (2013)  Historical fantasy ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Da Vinci's Demons နဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်လမ်းတွဲဟာဂန္ဓဝင်ပန်းချီကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ငယ်ဘဝကိုအခြေခံထားပြီးအပြင်မှာတကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ နောက်ခံသမိုင်းကြောင်းတွေကိုစိတ်ကူးယဉ်နဲ့ရောမွှေဖန်တီးထားတာဖြစ်ပါတယ်။လီယိုနာဒိုဟာ ဖလောရင်စ့်မြို့မှာနေထိုင်ကျက်စားနေပြီး ပန်းချီပညာအပြင်သူစိတ်ဝင်စားတဲ့ ပစ္စည်းကိရိယာအသစ်အဆန်းတွေကို တီထွင်စမ်းသပ်ရင်းအချိန်ကုန်လေ့ရှိပါတယ်။ အဲ့ဒီအချိန်မှာပဲ သူနေထိုင်ရာမြို့ကို ရောမက မျက်စိကျကျုးကျော်လာမယ့်အခြေအနေကိုကြုံလာရပါတယ်။တစ်ချိန်တည်းမှာ ငယ်စဉ်ဘဝကတည်းက ပျောက်ဆုံးခဲ့တဲ့ သူ့မိခင်နဲ့ပတ်သက်ပြီး သဲလွန်စရစေမယ့် နည်းလမ်းတစ်ခုကိုလျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတစ်ဆင့် သိခွင့်ရခဲ့ပါတယ်။အဲ့ဒီနည်းလမ်းဟာ vault of heaven လို့ခေါ်တဲ့လျှို့ဝှက်နေရာတစ်ခုမှာရှိပြီး အဲ့ဒီနေရာကိုရောက်ဖို့အတွက် သူဟာပဟေဠိအမျိုးမျိုးနဲ့ရန်စွယ်အသွယ်သွယ်ကိုဖြတ်ကျော်ရမှာပါ။ အဲ့ဒီခေတ်ကာလက ရောမ၊ဒီမက်ဒီချီ မိသားစု၊ ပတ်ဇာ မိသားစုတို့ကြားက ဉာဏ်ကစား အားပြိုင်မှုတွေ၊ လျှို့ဝှက်ရတနာသိုက်ရှာပုံတော်တွေကိုသမိုင်းထဲက ဂန္ဓဝင်ပုဂ္ဂိုလ်တွေဖြစ်ရပ်တွေရဲ့ နောက်ခံအခင်းအကျင်းနဲ့ရှုမြင်ရမှာဖြစ်ပါတယ်။ အလွန်ကြမ်းတမ်းတဲ့ ဝတ်လစ်စလစ်ဇာတ်ဝင်ခန်းတွေ၊ သွေးထွက်သံယိုခန်းတွေပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်တဲ့အခါမှာတော့ သတိထားစေချင်ပါတယ်။ File size…(1.4 GB)/(690 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:01:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias  Season 1Episode ...
7.579
TMDb: 7.579/10 568 votes
tv

[18+] Da Vinci’s Demons (2013)

2013
Duranga (2023) Season 2 5.8
Duranga (2023) Season 2 Duranga 2-2023 (အတိတ်နဲ့ ပစ္စုပ္ပန်ကြားက အားပြိုင်မှု)IMDb-7.5/10မနှစ်က CM ကနေတင်ဆက်ပေးခဲ့တဲ့ Psychology Thriller ကား Duranga ရဲ့ Season 2 လည်းထွက်ရှိလာပြီမို့ CM ပရိသတ်ကြီးအတွက် လက်မနှေးတင်ဆက်ပေးလိုက်ပါတယ်Season 1 မှာ လူသတ်မှု အယောင်ဆောင်မှု စိတ္တဇလူသတ်သမားကျူးလွန်တဲ့ ကွင်းဆက်လူသတ်မှုတွေနဲ့ သပွတ်အူဆန်ဆန်ရှုစားခဲ့ရပြီး အခုထွက်လာတဲ့ ၈ ပိုင်းကတော့ ရှေ့အတွဲမှာပါခဲ့တဲ့ မြှုပ်ကွက်တွေ ဇာတ်အလှည့်အပြောင်းလေးတွေကို တစ်ခုချင်းဖြေထုတ်ပြသွားမှာပဲဖြစ်ပါတယ်အတိတ်ကို ပြည်ဖုံးကားချပြီး ဆာမစ်ဗာဒယ်အသွင်နဲ့ ဘဝကိုမိသားစုအတွက်ရှင်သန်တော့မဲ့အဘီရှက်ခ်ဘန်နီ... အဲဒီချိန်မှာပဲ ဆာမစ်ဗာဒယ်အစစ်အမှန်က ကိုမာကနေနိုးထလာခဲ့ပြီး အဘီရှက်ခ်ဘန်နီရဲ့ ဇနီးဖြစ်သူရဲအရာရှိကလည်း သူအရင်ကကျူးလွန်ခဲ့တဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကအမှုတွေရဲ့တရားခံကို လိုက်ဖော်ထုတ်နေတယ်မိသားစုအေးချမ်းရေးအဓိကထားနေချိန်မှာမှ သမီးဖြစ်သူကလည်း ကျောင်းမှာအနိုင်ကျင့်စော်ကားခံနေရတယ်ပြောင်းလဲဖို့ကြိုးစားနေပေမဲ့ ဟိုးအတိတ်ကိုပဲ ပြန်‌ဆွဲခေါ်နေတဲ့ အခြေအနေပေါင်းများစွာကြားမှာ ဘဝကို မယိမ်းမယိုင်ရပ်တည်နိုင်မလား အတိတ်တစ်ဖန်ပြန်လည်သွားဦးမလားစိတ္တဇဆန်ဆန်လူသတ်မှုတွေထက် လူတစ်ယောက်ရဲ့ အကောင်းအဆိုးစိတ် လွန်ဆွဲမှုတွေ ၊ မိသားစု ဇနီး ခင်ပွန်းကြားကကွဲလွဲနေတဲ့ အလွှာပါးလေးတွေကြား ရင်ဆိုင်တိုက်ခိုက်မှုတွေကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ Alex ~ Yunni ~ V ~ ...
5.8
TMDb: 5.8/10 5 votes
tv

Duranga (2023) Season 2

2022
The Golden Bull Agent (2023) 8
The Golden Bull Agent (2023) ရွှေကျွဲရိုင်းရဲ့လျှို့ဝှက်မစ်ရှင် (၂၀၂၃)ဒီဇာတ်ကားကတော့ လူဆိုးသူဌေးဆင်ကို နှိမ်နင်းကြမယ့် ကျားလေးကောင် စစ်ဆင်ရေးပါ ကျတ် ခထာ ဆန်နဲ့မိုင့်အိတ်ဆိုတဲ့ ကျားလေးကောင် ဂိုဏ်းကို ဆေယတ်က သူကြီးအာ့အကူအညီနဲ့ လျှို့ဝှက်ဖွဲ့စည်းထားပါတယ် သူတို့လေးယောက်က ထွေ့ကရထင်ထောင်းရွာမှာ ဒုစရိုက်မှုကျူးလွန်နေတဲ့ သူဌေးဆင်ကို အမြစ်ဖြတ်ဖို့ မစ်ရှင်တစ်ခုလုပ်ရမှာပါ မစ်ရှင်ကာလအတွင်းမှာ ခထာဟာ သူဌေးဆင်ရဲ့သမီးဒွတ်ဒေါင်ကို သဘောကျမိခဲ့တယ် သူလျှိုလုပ်နေတဲ့ကျတ်က သူကြီးသမီး ရဲမေကတီးကိုမှ ချစ်မိတော့ သူဌေးဆင်ကို နှိမ်နင်းမဲ့ဒီမစ်ရှင်ဟာ ဘယ်လိုတွေဆက်ဖြစ်မလဲ ဘယ်လိုအက်ရှင်တွေနဲ့ ဟာသတွေကို ကြည့်ရှုခံစားရမလဲဆိုတာကတော့ ဒီဇာတ်လမ်းလေးမှာ ဟာသ အက်ရှင် ဒရမ်မာ အကုန်ရောယှက်ထားလို့ မပျင်းရဘဲကြည့်ရှုရမှာ ဖြစ်ပါတယ်အညွှန်းကို Lei က ရေးထားပေးပြိးတော့ ဘာသာပြန်တွေကတော့ Nang Mwe Kham, Fake Lovန, Tawa, lei wutyi Tun တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy , Drama Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. ...
8
TMDb: 8/10 10 votes
tv

The Golden Bull Agent (2023)

2023