Channel Myanmar

Drama

Missing You (2012) 7.1
Missing You (2012) Missing You (2012)********************အပိုင်း (၁ မှ ၂၁) စ / ဆုံး ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့အတွက် မမချော Yoon Eun Hye , Park Yoo Chunနဲ့Yoo Seung Hoတို့အပြင် Kim So Hyunနဲ့ Yeo Jin Gooတို့ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ပါဝင်ထားတဲ့ နာမည်ကြီး Seriesဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ဇာတ်လမ်းအကျဥ်းလေးကတော့...အီဆူယွန်းဟာ လူသတ်သမားရဲ့သမီးဆိုတဲ့ အကြောင်းပြချက်နဲ့ အပယ်ခံဘဝမှာနေထိုင်လာခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အီဆူယွန်းရဲ့ ဘဝထဲကိုထီးအဝါလေးနဲ့ ဟန်ဂျောင်အူဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်ရှိလာခဲ့ပြီးသံယောဇဉ်တွေခိုင်မာလာတဲ့ သူတို့အကြား မထင်မှတ်ထားတဲ့ ကံကြမ္မာမုန်တိုင်းတစ်ခုဝင်ရောက်လာပြီး ကွဲကွာသွားပါတော့တယ်။ ဟျောင်းဂျွန်းကလည်း တစ်လောကလုံးမှာအီဆူယွန်းကို အတွယ်တာဆုံးဖြစ်ပြီး ကံကြမ္မာဆိုးထဲကျရောက်ခဲ့တဲ့ ဆူယွန်းအတွက်လည်းတစ်ဦးတည်းသော မှီခိုရာ မိသားစုဝင်ဖြစ်လာခဲ့ပါတယ်။ထီးအဝါလေးတွေနဲ့ ကိုယ်စီရဲ့ ငယ်ချစ်ဦးဖြစ်ခဲ့ကြတဲ့ ဂျောင်အူနဲ့ ဆူယွန်းတို့ဘယ်လိုပြန်လည်ဆုံဆည်းကြမလဲ...။သူတို့ နှစ်ယောက်ကို ဝေးကွာစေခဲ့တဲ့ တရားခံကရော ဘယ်သူများလဲ..။‌ဟျောင်းဂျွန်းကရော ဆူယွန်းထင်သလို ...
7.1
TMDb: 7.1/10 16 votes
tv

Missing You (2012)

2012
The Ipcress File (2022) Complete 7.3
The Ipcress File (2022) Complete The Ipcress File (2022) ~ IMDb - 7.3/10, Rotten Tomatoes - 96% ~ ဒါကတော့ ၁၉၆၂ တုန်းကထွက်ရှိခဲ့တဲ့ နာမည်တူ စပိုင်ဝတ္ထုကို ပြန်လည်အသက်သွင်းထားတဲ့ စီးရီးတစ်ခုပါ။ ၁၉၆၅ မှာလည်း မင်းသားကြီး Michael Caine ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားထွက်ထားပါသေးတယ်။ ခုဟာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ 96% ရထားတာဖြစ်တဲ့အတွက် တန်းတစ်ခုဝင်တဲ့ ဇာတ်လမ်းတွဲလို့ပြောရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုတော့ အင်္ဂလန်ကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့ ဗြိတိသျှ သိပ္ပံပညာရှင်တစ်ယောက်ကို တစ်ချိန်ကမှောင်ခိုသမားဘဝကနေ စပိုင်တစ်ယောက်ဖြစ်လာတဲ့ ဟယ်ရီပါလ်မာကနေ လိုက်ပြီးရှာဖွေရာကနေ အစပြုထားပါတယ်။ ဟယ်ရီဟာ ဘာလင်မှာရှိတဲ့ သူ့ရဲ့အဆက်အသွယ်ကိုသုံးပြီး သိပ္ပံပညာရှင်ကြီးကို ကယ်ပေးမှ လွတ်ငြိမ်းခွင့်ပေးမယ်ဆိုပြီးတော့ အကြပ်ကိုင်ခံထားရတာပေါ့။ ဘာမှမသိတဲ့ ဟယ်ရီတစ်ယောက်ဟာ ရတဲ့အခွင့်အရေးကိုယူပြီး ရန်သူ့နယ်မြေထဲသွားခဲ့ရပါတယ်။ စစ်ဆင်ရေးကိုထမ်းဆောင်နေရင်း မတော်တဆမှုတစ်ခုနဲ့ ...
7.3
TMDb: 7.3/10 40 votes
tv

The Ipcress File (2022) Complete

2022
Hidden Agenda (2023) 10
Hidden Agenda (2023) Hidden Agenda (2023)အခုတစ်ခါ တင်ဆက်ပေးသွားမှာကတော့ Hidden agenda ဆိုတဲ့ BLကားလေးပဲဖြစ်ပါတယ်။ ဇာတ်လိုက်နှစ်ယောက်က Star In My Mind မှာကတည်းက လိုက်ဖက်ညီကြတာမလို့ ပရိသတ်အတော်များများက Hidden agenda ကိုလည်း အတော်လေးမျှော်လင့်ထားကြပါတယ်။ဒီကားထဲမှာတော့ ဇို ဆိုတဲ့တက္ကသိုလ်ကျောင်းသားလေးက သူအချိန်အကြာကြီး crush ခဲ့ရတဲ့ နိတာ ကိုလိုက်ဖို့အတွက်ကြိုးစားရာမှာ မအောင်မြင်ခဲ့တာမလို့ နောက်ဆုံးမှာ သူငယ်ချင်းရဲ့အကြံအတိုင်း နိတာရဲ့ ရည်းစားဟောင်းလည်းဖြစ်ပြီး အခုအချိန်မှာ နိတာ အကြောင်းအသိဆုံးသူဖြစ်တဲ့ ဂျုပ်ဆိုတဲ့သူကို အကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဂျုပ်ကလည်း အပြန်အလှန်အနေနဲ့ နိတာနဲ့ ဇိုတို့ရှိ‌နေတဲ့ စကားရည်လု clubကို သူဝင်ခွင့်ရအောင် ကူညီရမယ်ဆိုပြီးပြောခဲ့ပါတယ်။ ဇို ဆိုတဲ့ကောင်လေး နိတာကိုလိုက်တာကရော အောင်မြင်ပါ့မလား? ဂျုပ် ကို club ထဲဝင်နိုင်ဖို့ ကူညီပေးရင်း သူတို့နီးစပ်သွားကြမှာလားဆိုတာတွေကို အသည်းတယားယားနဲ့ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အညွှန်းကိုတော့ Kim က ရေၕးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ May, Kim, Su Myat တို့ပဲ ...
10
TMDb: 10/10 2 votes
tv

Hidden Agenda (2023)

2023
The Curse – Season (01), (02) 6.7
The Curse – Season (01), (02) The Curse - Season (01), (02) ===================== IMDb Rating - 6.7/10အချိန်အားဖြင့် ၁၉၈၀ ကာလအစောပိုင်းတစ်ခု၊ နေရာအားဖြင့် မြို့တော် လန်ဒန်မှာ ကုန်လှောင်ရုံဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဓားပြတွေ ကတော့ မိန်းမမျက်နှာ တစ်ကမ္ဘာ‌ဆိုတဲ့ အဲလ်ဘတ်ရယ်၊ ဘာနေနေသံယောင် လိုက်တတ်တဲ့ မစ်ခ်ရယ်၊ မိန်းမဖောက်ပြန်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကြေကွဲလူငယ်ဖြစ်နေတဲ့ ဆစ် ဒနီရယ်၊ စဆရကသိပ်လုပ်တတ်တဲ့ ဖေးလ်ရယ် မတည့်မတူနေ သူငယ်ချင်း တွေပါ။ ဒေါ်လာငါးသောင်းရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဓားပြတိုက်ပွဲဝင် ခဲ့ကြတဲ့သူတွေပေါ့။ဒါပေမဲ့ ဒေါ်လာငါးသောင်းမကတန်တဲ့ ရွှေတုံးတွေပါ အဲဒီကုန်လှောင်ရုံထဲကို ရောက်ရှိနေခဲ့ပါတယ်။ အခွင့်အရေးဆိုတာ လက်မလွှတ်ကောင်းဘူးဆိုတော့ လည်း ရှိတဲ့ရွှေတွေပါ မကြတော့တာပေါ့။  ဒါပေမဲ့ သူတို့မသိလိုက်တာက အဲဒီ ရွှေတွေက ဆိုးရွားတဲ့ ကျိန်စာမိထားတဲ့ရွှေတွေပါ။  ဒီတော့ သူတို့တွေ အဲဒီရွှေ တုံးတွေနဲ့ ဘယ်လိုနှစ်ပါးသွားဆက်ကကြမလဲဆိုတာ ရယ်ရင်းမောရင်းနဲ့ပဲ ကြည့် ရှုကြရဦးမှာပေါ့ဗျာ။လန်ဒန်မှာဆိုတော့ လန်ဒန်ရဲတွေ ရှိတာပေါ့ ဆိုသလိုပဲ ကိုယ်လူချောတို့ ရဲတွေ လက်ကနေ ဘယ်လိုလွတ်အောင် ပြေးကြဦးမလဲပေါ့။ သေချာတာတော့ မအေး အေးဝင်း စီစဉ်တဲ့စီးရီးမဟုတ်တာမို့ အဆုံးသတ်ကိုတော့ ...
6.7
TMDb: 6.7/10 2100 votes
tv

The Curse – Season (01), (02)

2022
Dear Child (2023) Complete 7.6
Dear Child (2023) Complete Dear Child (2023) A Netflix Mini Series ~ IMDb - 7.5/10, Rotten Tomatoes - 84% ~ Stockholm Syndrome ဆိုတာကတော့ ပြန်ပေးဆွဲခံရတဲ့သူတွေမှာဖြစ်တတ်တဲ့ စိတ်အခြေအနေတစ်မျိုးပါ။ ပြန်ပေးဆွဲခံရသူတွေက သူတို့ကို ပြန်ပေးဆွဲတဲ့သူတွေအပေါ် နားလည်ပေးပြီး ပြန်ပေးဆွဲတဲ့သူတွေ လိုချင်ရချင်တာကို ရအောင်ကူညီပေးတတ်တဲ့ အခြေအနေပါ။ ပြန်ပေးဆွဲသူနဲ့ ပြန်ပေးဆွဲခံရသူက ခပ်ဆင်ဆင်ဖြစ်လာတဲ့သဘောမျိုးလို့ပြောလို့ရပါတယ်။ ကိုယ့်ကိုပြန်ပေးဆွဲတာပဲကွာ ဘာလို့ကိုယ်က ပြန်ပေးဆွဲတဲ့သူကိုသနားရမှာလဲ မဖြစ်နိုင်ပါဘူးကွာလို့တော့ မထင်ပါနဲ့။ ပြန်ပေးဆွဲခံရတဲ့သူတွေရဲ့ ၈% လောက်က ဒီလို အခြေအနေမျိုးဖြစ်တတ်ကြပါတယ်။ ဒီဂျာမန် Mystery, Crime, Drama Series လေးက ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းလေးပါ။ ရိုးရိုးပြန်ပေးဆွဲတဲ့ဇာတ်လမ်းတော့မဟုတ်ပါဘူး။ ဇာတ်လမ်းအစမှာ ပြန်ပေးဆွဲခံရတဲ့သူက ထွက်ပြေးလာတယ်။ ပြေးလာရင်း ကားတစ်စီးနဲ့ တိုက်မိတယ်။ သူ့ကို ကားနဲ့တိုက်မိတဲ့သူက ဆေးရုံကားခေါ်ပေးပေမဲ့ ဆေးရုံကားရောက်လာတဲ့အချိန်မှာတော့ ကားတိုက်ခံရတဲ့သူနဲ့ သူ့သမီးလို့ပြောတဲ့ ကောင်မလေးတစ်ယောက်ကိုပဲတွေ့ရတယ်။ ...
7.6
TMDb: 7.6/10 42 votes
tv

Dear Child (2023) Complete

2023
Aakhri Sach (2023)
Aakhri Sach (2023) Aakhri Sach (2023) IMDb 7.9ယခုတစ်ခေါက်မှာတော့ Disney+Hotstar ကနေ လောလောလတ်လတ်ထွက်ရှိလာပြီး ဖြစ်ရပ်မှန် ပေါ်အခြေခံရိုက်ကူးထားတဲ့စီးရီးလေးကို တင်ဆက်ပေးထားပါတယ်ဒီစီးရီးဟာဆိုရင်ဖြင့် ၂၀၁၈ခုနှစ် ဇူလိုင်လ၁ရက်နေ့ အိန္ဒိယနိုင်ငံ ဒေလီမြို့ Burari မှာတွေ့ရှိခဲ့တဲ့ "Burari Deaths" ဆိုတဲ့ မိသားစုဝင် ၁၁ယောက် သေဆုံးရမှုပေါ် အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါဒီဖြစ်ရပ်မှန်နဲ့ပတ်သက်ပြီး "House of Secrets : The Burari Deaths "ဆိုတဲ့ Documentary တစ်ခုလည်းထွက်ရှိထားပြီး ဒီ Documentary ကြောင့် မိသားစုဝင် ၁၁ယောက် သေဆုံးရခြင်းက လူသိများခဲ့ရပါတယ် ဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့် မတူတဲ့ခံစားချက်ကို ရစေမှာဖြစ်ပြီး ‌ဘောလိဝုဒ်ချစ်သူတို့အသည်းစွဲ မင်းသမီးချောလေး Tamannaah Bhatia က ရဲမေအဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်ဇာတ်လမ်းအညွှန်း... မိသားစုဝင် ၁၁ယောက် သေဆုံးမှု.. ဒီသတင်းကဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့ပါတယ် ဖြစ်ဆိုသေဆုံးပုံတွေကလည်း မြင်နေကျနဲ့မတူ ၁၀ယောက်က ကြိုးဆွဲချအနေအထားနဲ့ ‌သေဆုံးနေတာဖြစ်ပြီး တစ်ယောက်ကတော့ အခန်းထဲမှာ သေဆုံးနေတာပါ ကြိုးဆွဲချထားတဲ့လူတွေက လက်ကိုနောက်ပြန်ကြိုးတုပ် မျက်လုံးကိုအဝတ်တွေနဲ့စည်းထားပြီး တန်းစီချိတ်ဆွဲထားပုံတွေက သွေးလန့်ခြောက်ခြားဖွယ်ရာ မြင်ကွင်းတစ်ခုလို..အခင်းဖြစ်ပွားရာမှာလည်း ‌ ...

Aakhri Sach (2023)

2023
Wrong Carriage Right Groom ( 2023 )
Wrong Carriage Right Groom ( 2023 ) ဒီတစ်ခါCMကနေတင်ဆက်ပေးမှာကတော့ ဟာသလေးလေးနှော ရိုမန့်လေးလည်းပါတဲ့ historical ကားကောင်းလေးတစ်ကားပါ ထန်မင်းဆက်ခေတ် ယန်ကျိုးဆိုတဲ့ချမ်းသာကြွယ်ဝတဲ့မြို့လေးမှာ အာဏာကြီးမားတဲ့တုမျိုးန်နဲ့လီမျိုးနွယ်တို့ဟာ သူတို့သမီးတွေကို လက်ထပ်ထိမ်းမြှားပေးဖို့ စီရင်ကြပါတော့တယ်မျိုးနွယ်နှစ်ခုလုံးရဲ့ လက်ထပ်ပွဲနေ့ဟာလည်း တစ်ချိန်ထဲတစ်နေ့ထဲ ကျရောက်ခဲ့ပြန်ပါရော တုပင်းယန်နဲ့လက်ထပ်မဲ့ သတို့သားကတော့ ကျန်းမာရေးချူချာတဲ့ ချီမျိုးနွယ်တတိယသား ချီထျန်လိန်ပါ ချီမျိုးနွယ်တွေမျှော်လင့်တာက ချီသခင်လေးရဲ့ ဆိုးဝါးတဲ့အခြေအနေကံတရားကြောင့် ချောမောတဲ့သတို့သမီးလေးက လှည့်ပြန်ခဲ့ရင် သူတို့ချမ်းသာမှုကိုဘယ်သူမှမပေးရတော့ဘဲ ဆက်တည်ရှိနေမှာပါအဲ့ဒါကြောင့် ချီသခင်လေးက သေခါနီးဖြ​စ်နေပါပြီလို့ ကောလဟာလတွေ ထုတ်လွှင့်ပါတော့တယ် ချီသခင်လေးရဲ့ကောလဟာလကြောင့် တုပင်းယန်ဟာ စိတ်ပျက်မိပေမဲ့ မိဘတွေဆန္ဒအတိုင်း လက်ထပ်ပွဲကိုလက်ခံလိုက်ပါတော့တယ်တစ်ဖက်မှာလည်း လီမိသားစုဟာ လီယွီဟူကို ရက်စက်ပြီးကြမ်းကြုတ်တယ်လို့ နာမည်ကျော်ကြားတဲ့ ယွမ်ပုချူနဲ့ လက်ထပ်ပေးဖို့ စီစဥ်ပါတော့တယ် ယွမ်ပုချူရဲ့သတင်းကြောင့် လီယွီဟူကလည်း လက်မထပ်ချင်စိတ်ညစ်မိပေမဲ့ မိဘတွေသဘောအတိုင်း လက်ထပ်ပွဲကိုသဘောတူလိုက်ပါတော့တယ် လက်ထပ်မဲ့နေ့မှာ လက်ထပ်ပွဲဆီ သတို့သမီးနှစ်ဦးလုံးကို လိုက်ပို့ချိန် မိုးရွာလာတဲ့အတွက် ဘုရားကျောင်းမှာ မိုးဝင်ခိုကြပါတော့တယ် အဲ့အချိန်မှာပဲ ဘုန်းတော်ကြီးက ဓားပြတွေလာပြီလို့ပြောလိုက်သောအခါ အစေခံတွေအားလုံး ကြောက်လန့်ထွက်ပြေးကုန်ကြပါရောအဲ့လိုရုတ်ရင်းဆန်ခတ်ဖြစ်ပြီး သတို့သမီးနှစ်ယောက် လှည်းမှားပြီးလက်ထပ်ပွဲဆီရောက်လာသောအခါ....... ဒါကသူတို့အတွက် ကံကြမ္မာကစီစဥ်ပေးထားတဲ့ ဖူးစာလား? အဲ့အမှားကြောင့် ဘာတွေဆက်တွေ့ကြုံရမလဲ? သူတို့လေးယောက်လုံးဘယ်လိုရင်ဆိုင်ကြမလဲ?ဆိုတာ ဟာသလေးနှော အချစ်လေးရောပြီး စောင့်ကြည့်ပေးပါဦးနော်==================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Drama , Romance ...

Wrong Carriage Right Groom ( 2023 )

2023
Sex Education Season (2018) 8.3
Sex Education Season (2018)  အရွယ်ရောက်ပြီးသားလူတွေအတွက်တော့ဒီစီးရီကပုံမှန်18+အခန်းတွေအများကြီးပါတဲ့ဟာသစီးရီးတစ်ခုပါပဲဒါပေမယ့်အခုချိန်ထိလိင်ပိုင်းဆိုင်ရာကိုသေချာရေရေရာရာမသိသေးတဲ့လူတွေအတွက်တော့လိင်ပညာပေးစာအုပ်၁၀အုပ်လောက်နဲ့ညီသွားနိုင်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ကိုးကွယ်တဲ့ဘာသာအရလိင်ကိစ္စဟာဂုဏ်ယူစရာကိစ္စမဟုတ်သလိုစူးစမ်းသင့်တဲ့ကိစ္စလည်းမဟုတ်ပါဘူးအဲ့အတွက်ကြောင့်safe sexကိုတောင်သေချာမသိလို့ပြသနာတက်နေကြတာတွေလည်းအခုထိရှိပါသေးတယ်သူတို့နိုင်ငံကဆယ်ကျော်သက်တွေရဲ့sex lifeကရော ဘယ်လိုမျိုးလဲပြီးတော့ဆယ်ကျော်သက်တွေအဓိကပြသနာတွေကိုဘယ်လိုရှင်းရမလဲဆိုတာဒီစီးရီးမှာအကုန်မြင်နိုင်ပါတယ်ဟာသစီးရီးဖြစ်တာကြောင့်ပျင်းဖို့လည်းလုံးဝမကောင်းတဲ့အပြင်တက်သစ်စသရုပ်ဆောင်တွေရဲ့ရုပ်ရည်နဲ့ပီပြင်မှုတွေကစီးရီးတစ်ခုလုံးကိုပြည့်စုံနေစေပါတယ် ဇာတ်လမ်းပုံစံကတော့ အိုတစ်ဆိုတဲ့ကောင်လေးဟာတစ်ကိုယ်ရည်အာသာဖြေလို့မရပါဘူးသူရဲ့အမေကလိင်ပိုင်းဆိုင်ရာအကြံပေးဖြစ်ပြီးသူ့နေ့စဉ်ဘဝကိုအဲ့အရာကအတော်သက်ရောက်နေပါတယ်မမျှော်လင့်ပဲသူတို့ကျောင်းကသူငယ်ချင်းတစ်ယောက်ဘောကြီးချင်လို့ecee2သုံးလုံးသောက်မိပြီးအဆမတန်ကြီးသွားတာကိုမေ့ဖ်လို့ခေါ်တဲ့ကောင်မလေးနဲ့အတူတွေ့သွားပါတော့တယ်ဘာလို့သောက်မိလဲဆိုတာကိုပြန်ရှင်းပြတဲ့အခါမှာတော့သုတ်မလွှတ်နိုင်တဲ့ပြသနာရှိနေကြောင်းဆေးသောက်လိုက်ရင်သုတ်လွှတ်နိုင်မယ့်ထင်လို့သောက်မိကြောင်းပြောပြပါတော့တယ် အိုတစ်ဟာသူ့အမေရဲ့ဆွေးနွေးတဲ့ပုံစံကိုနေ့တိုင်းကြားပြီးအဲ့ကောင်လေးကိုစကားပြောပေးပါတယ်ပါလာတဲ့ပါရမီကြောင့်ပဲပြောရမလားမသိပေမယ့်သုတ်လွှတ်နိုင်သွားပါတယ်မေ့ဖ်ဟာအဲ့ပါရမီကိုသတိထားမိပြီးသူတို့နှစ်ယောက်စပ်တူလုပ်ငန်းတစ်ခုကိုထူထောင်လိုက်ပါတော့တယ်အဲ့တာကတော့SEX EDUCATIONပါပဲ    File size…  700 mb /  300 MB Quality… WEB Rip 1080p / 720p Format… mp4 Duration….  48 m Genre .....  Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant . August . Sithu Translated by.. Mr.Anderson, Garfield , El MoH, Act Molemy, Shwe Yee Oo, Wai Zin, Linn Kyaw Swar Aung, Hein Thet Naing , HWL, JimX, Chit Tee, Charm ...
8.3
TMDb: 8.3/10 6557 votes
tv

Sex Education Season (2018)

2019
Harlan Coben’s Shelter (2023) 6.4
Harlan Coben’s Shelter (2023) Harlan Coben's Shelter (2023) ====================== IMDb Rating - 6.4/10သည်းထိတ်ရင်ဖိုနဲ့ လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတွေရေးတဲ့ အမေရိကန် စာရေးဆရာ Harlan Cobenရဲ့ "Shelter"ဆိုတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ စီးရီးလေးလာပါပြီ။ ဆယ်ကျော်သက်ကျောင်းသား တစ်စုရင်ဆိုင်ရမဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေကို အခြေတည်ထား တာမို့ ဒါမျိုးပုံစံကြိုက်တတ်တဲ့သူတွေအတွက် အရမ်းကြည့်ကောင်းမဲ့စီးရီး လေးပါ။အောက်မှာဇာတ်လမ်းအညွှန်းလာပါပြီ။ ဆယ်ကျော်သက်ကောင်လေးမစ်ကီဟာ ကားအက်ဆီးဒင့်တစ်ခုကြောင့် အဖေကိုဆုံးရှုံးခဲ့ရပြီး အမေကိုလည်းဆုံးရှုံးလုဆဲဆဲအခြေအနေမှာ အဒေါ် ဖြစ်သူရဲ့ယာယီအုပ်ထိန်းမှုနဲ့ သူ့အဖေနေခဲ့တဲ့ ခက်ဆယ်လ်တန်က အထက် တန်းကျောင်းကို ပြောင်းလာရပါတယ်။ ခက်ဆယ်လ်တန်၊ ဟိုဘာ့လမ်းက သရဲခြောက်တဲ့အိမ်ကြီးတစ်ကြီးမှာ လင်းနို့မိန်းမကြီးနေတယ်လို့ ယုံတမ်းပုံပြင် တွေရှိပါတယ်။ တစ်ရက်ကျ အဲဒီမိန်းမကြီးနဲ့ မထင်မှတ်ဘဲဆုံလိုက်ရတဲ့ တ ခဏမှာ လင်းနို့မိန်းမကြီးက "မစ်ကီ မင်းအဖေ မသေသေးဘူး အသက်ရှင်နေ သေးတယ်"ဆိုပြီး ပြောလိုက်တော့ အဲဒီကတည်းကနေ မစ်ကီဟာ သူ့အဖေ တကယ်ရောသေလို့လားဆိုတဲ့ သံသယတွေဝင်လာပြီး အဲဒီလင်းနို့မိန်းမကြီးနဲ့ ထပ်တွေ့ရဖို့ကြိုးစားပါတော့တယ်။ထူးခြားတာတွေက ဒါတင်ပဲမဟုတ်သေးပါဘူး။ ကျောင်းပထမဆုံးတက်တဲ့နေ့က သူနဲ့ခင်ခဲ့တဲ့ ကောင်မလေးဟာ စာမလာအကြောင်းမကြား၊ ချိန်းထားတဲ့နေရာကို လည်းမလာဘဲ နောက်တစ်နေ့မှာပဲ ပျောက်ချင်းမလှပျောက်သွားပါတယ်။ ကောင် မလေးဟာ သူ့အကြောင်းဘယ်သူမှရေရေရာရာမသိဘဲ တည်ရှိမှုတစ်ခုလုံးပျောက် သွားသလိုမျိုးကို ဖြုတ်ခနဲပျောက်သွားတာပါ။ အဲလိုနဲ့ မစ်ကီဟာ လင်းနို့မိန်းမကြီး ကိုရော အဲဒီကောင်မလေးကိုပါ ...
6.4
TMDb: 6.4/10 1553 votes
tv

Harlan Coben’s Shelter (2023)

2023
Midnight at the Pera Palace (2023) 7.1
Midnight at the Pera Palace (2023)  ဒီဇာတ်ကားက ၂၀၁၄ မှာထွက်ရှိတဲ့ Charles King ရေးသားထားတဲ့သမိုင်းဝင် ဝတ္ထုစာအုပ်"Midnight at the Pera Palace: The Birth of Modern Istanbul" ကိုအခြေခံပြီး ရိုက်ကူးထားတာပါ။စိတ်ဝင်စားဖို့ကောင်းတာက ဇာတ်လမ်းမှာပါဝင်တဲ့ ဇာတ်ကောင်တွေ၊ နေရာဒေသတွေ၊အဖြစ်အပျက်တွေက အပြင်မှာတကယ်ရှိတဲ့ ဖြစ်ရပ်မှန်အဖြစ်အပျက်တွေတစ်စိတ်တစ်ပိုင်း ပါဝင်တယ်ဆိုတာပါပဲ။ဒီဇာတ်ကားကို ရိုက်ကူးထားတဲ့ Pera Palace ဟိုတယ် ဆိုတာကလည်းအပြင်မှာတကယ်ရှိပြီးတော့ အစ္စတန်ဘူလ်မှာ လျှပ်စစ်မီးနဲ့ ရေပူရရှိတဲ့အပြင်ပထမဆုံးဓာတ်လှေကားရှိတဲ့ ကနဦး အဆင့်မြင့်ဟိုတယ်ကြီး တစ်ခုပါ။ဇာတ်လမ်းထဲမှာပါတဲ့ အခန်းပြင်ဆင်ပုံ၊ နေရာထားသိုပုံတွေ သမိုင်းကြောင်းမိတ်ဆက်ပုံတွေကအစ အစစ်အမှန်တွေကိုပဲ ချပြထားပါတယ်။လက်တွေ့မှာလည်း Pera Palace ကို ဇာတ်လမ်းထဲမှာပြောသလို တူရကီသမ္မတနိုင်ငံကိုတည်ထောင်ခဲ့သူ Mustafa Kemal Atatürk မူစတာဖာ ကယ်မာ၊နာမည်ကြီး ဝတ္တုစာရေးဆရာ Agatha Christie၊ King Edward VIII၊ Queen Elizabeth IIအစရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ ...
7.1
TMDb: 7.1/10 29 votes
tv

Midnight at the Pera Palace (2023)

2022
Bard of Blood (2019) (Complete) 7
Bard of Blood (2019) (Complete) ဒီတခေါက်တင်ဆက်ပေးမယ့် စီးရီးကတော့ ဘောလိဝုဒ်ပရိသတ်တို့အကြိုက် အက်ရှင်ဇာတ်ကြမ်းပဲဖြစ်ပြီး ၇ပိုင်းနဲ့ netflix ကနေ တင်ဆက်ပေးထားပါတယ်...ရိတ်တင်မှာဆိုရင်လဲ 6.8/10ကို voting users 12kကပေးထားတာဖြစ်ပြီး ဘောလိဝုဒ်နာမည်ကြီးမင်းသားတဦးဖြစ်တဲ့ အင်မရန်းဟရှ်မီက ခေါင်းဆောင်းမင်းသားအဖြစ် ပါဝင်ထားပြီး Night Manager စီးရီးတည်းက အတော်လန်းတဲ့မင်းသမီးဆိုဘီသာကပါ ပါဝင်အားဖြည့်ထားတာကြောင့် တပိုင်းပြီးတပိုင်း ဆက်ကြည့်ချင်မယ့်စီးရီးမျိုးဆိုလဲ မမှားပါဘူး...အညွှန်း ------- အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အေးဂျင့်ဗစ်ကရမ်နဲ့ အဘီရ်နှစ်ဦးသားဟာ ဘာလိုချီစတန်မြို့ကို မစ်ရှင်တခုရှိတာကြောင့် သွားရင်း မထင်မှတ်ထားပဲ လမ်းမှာ တိုက်ခိုက်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်...ကြိုတင်ပြင်ဆင်မထားပဲ တိုက်ခိုက်ရတာကြောင့် အဘီရ်ကိုဆုံးရှုံးလိုက်ရပြီး ဌာနချုပ်ကလဲ မသေတဲ့ ဗစ်ကရမ်ကို ရာထူးဖြုတ်ချ ကြိုးစားခဲ့သမျှကို အသိအမှတ်တောင်မပြုပဲ အေဂျင်စီကနေ ထုတ်လိုက်တဲ့အခါ....သူငယ်ချင်းဖြစ်သူကိုလဲ ဆုံးရှုံးရ ရာထူးလဲဖြုတ်ချခဲ့ရတဲ့ ဗစ်ကရမ်ဟာ စိတ်ထိခိုက်ပြီး ကျောင်းဆရာအဖြစ်နဲ့ အသက်မွေးရင်း အတိတ်ကဒဏ်ရာတွေကို ကုစားနေတုန်း သူ့ရဲ့ဆရာဟောင်းဆာဒစ် ရောက်လာပြီး မစ်ရှင်တခုကို ဆောင်ရွက်ပေးဖို့ တောင်းဆိုလာတဲ့အခါဒီမစ်ရှင်ကရော ဘာများလဲ .....သူ့သူငယ်ချင်းသေဆုံးမှုကရော သွေးရိုးသားရိုးဟုတ်ရဲ့လား...စတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းတွေနဲ့ တပိုင်းပြီးတပိုင်း ဆက်လက်ဆွဲခေါ်သွားမယ့် စီးရီးကောင်းတခုပဲဖြစ်ပါတယ်Quality : 1080p WEB DL  / 720pTotal Episodes : 7EpsFormat : mp4Genres ...
7
TMDb: 7/10 27 votes
tv

Bard of Blood (2019) (Complete)

2019
The Afterparty Season 1 + 2 8.1
The Afterparty Season 1 + 2 The After-party  Season 1 (2022)ခုတစ်ခေါက် တင်ဆက်ပေးမယ့်ကားလေးကတော့ လတ်တလောထွက်ရှိနေတဲ့ပဟေဠိ‌ပေါင်းများစွာပါ၀င်တဲ့ မှုခင်းကားကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ "The After-party" ဆိုတဲ့ စီးရီးလေးပဲဖြစ်ပါတယ်အထက်တန်းတုန်းက ကျောင်းသားဟောင်း‌တွေရဲ့ ပြန်လည်တွေ့ဆုံပွဲမှာ မထင်မှတ်ပဲ နာမည်ကြီးအနုပညာရှင်တစ်ယောက်ချောက်ကမ်းပါးပေါ်ကပြုတ်ကျ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ လူသတ်မှုမှန်း စုံထောက်ဒန်နာသိလိုက်ရတဲ့အချိန်မှာလက်ထောက်ဖြစ်တဲ့ ကော့ပ်နဲ့ ပွဲတက်သူအားလုံးကိုစပြီး စစ်ဆေးမေးမြန်းပါတော့တယ်။ အားလုံးကလည်း ကိုယ့်နေရာကနေကိုယ့်ရှူထောင့်ကနေ ကိုယ့်ဖြစ်ရပ်တွေ‌ကိုပြောပြကြတော့ မတူညီတဲ့ဇာတ်ကြောင်းတွေထွက်လာတဲ့အခါမှာတော့စုံထောင်ဒန်နာ အမှုကို ဘယ်လိုဖြေရှင်းမလဲ။လူသတ်သမားက ဘယ်သူမှန်းရေရေရာရာမသိကြပဲ ဖော်ထုတ်ရင်းနဲ့ နောက်ဆုံး ဘယ်သူကလူသတ်သမားဖြစ်နေမလဲဆိုတာကို ပဟေဠိပေါင်းသောင်းခြောက်ထောင်နဲ့ ဟာသနှောပြီးရိုက်ကူးတင်ဆက်ထားတာကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရမယ့်မှုခင်းကားတစ်ကားပဲဖြစ်ပါတယ် File Size – 300MB@EpisodeQuality – 720p WEB DL AAC 5.1CH Duration – 35minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy , Crime ...
8.1
TMDb: 8.1/10 10 votes
tv

The Afterparty Season 1 + 2

2022
Heels Season 1 + 2 (2023) 7.6
Heels Season 1 + 2 (2023) ဒီ အပတ် Sunday လောက်မှာပဲArrow ဇတ်လမ်းတွဲ နှင့် လူသိများနာမည်ကြီး ခဲ့တဲ့ မင်းသား Stephen Amell ရဲ့ဇတ်လမ်းတွဲ အသစ် Heels အပိုင်း ၁ စတင်ထွက်ရှိခဲ့ပါတယ်....WWE လို နပန်းဖျော်ဖြေရေး ပွဲ တွေ ကြိုက်နှစ်သက်တဲ့Fan တွေ အတွက်တော့ လုံး၀ အကြိုက်တွေ့မယ့် စီးရီးပါဇတ်လမ်းပုံစံကတော့ DWL (နပန်းဖျော်ဖြေရေးရုံ) ကို စတင် တည်ထောင်ခဲ့သူKing Spade ရဲ့ သားကြီး ဖြစ်သူ Jack Spade ဟာ ဖခင်မရှိတော့တဲ့နောက်DWL ကို အတော်ကြီး ကြိုးစား ရုန်းကန် တောင့်ခံထားရပါတယ်နပန်းဖျော်ဖြေရေး ပွဲတွေ အတွက်လဲ ဇတ်ညွှန်းတွေ နဲ့ သွားရတာပါDWL ကို ဖခင်မရှိတော့တဲ့ နောက် နာမည်မပျက်အောင် မကျအောင်ကြိုးစားထိန်းသိမ်းရင်း ဇနီးဖြစ်သူ နဲ့ တိုင်ပင်ရင်း ရှေ့ဆက်နေခဲ့ပါတယ်ညီဖြစ်သူ Ace ...
7.6
TMDb: 7.6/10 11 votes
tv

Heels Season 1 + 2 (2023)

2021
Be Mine SuperStar (2023)
Be Mine SuperStar (2023) Be Mine, Superstar / ချစ်ခွင့်ဖန်ဆင်း ကြယ်မင်းချစ်သူ (2023)Punn က ရုပ်ရှင်မေဂျာကို အဓိကယူထားတဲ့ တက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး Ashi ကတော့ Punn ၉ နှစ်လုံးကြိတ်သဘောကျလာခဲ့ရတဲ့ Punn ရဲ့စူပါစတားတစ်ဖြစ်လဲ နာမည်ကျော်မင်းသားတစ်ယောက်ပါ။ ပရိသတ်မှန်ရင် ကိုယ်ချစ်တဲ့အနုပညာရှင်နဲ့ဆုံဖူးချင်ကြသလို Punn ကလည်း Ashi နဲ့ ဆုံဖူးချင်တာမှ အရူးအမူးပါပဲ။ ဒီလိုနဲ့ကျောင်းပြီးလို့ ဘွဲ့ယူဖို့နီးလာတာနဲ့အမျှ အလုပ်သင်လုပ်ဖို့လိုရာကနေ Ashi ရဲ့ရုပ်ရှင်ရိုက်ကွင်းမှာ အလုပ်သင်ခွင့်ကြုံလာရတဲ့အခါ .. Punn တစ်ယောက် စိတ်ကူးထဲကမင်းသားလေးနဲ့ ဘယ်လိုတွေရှေ့ဆက်ကြမလဲဆိုတာကို အရိုတွေ အချိုတွေတသီကြီးနဲ့ ရှုစားရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီး‌တော့ ဘာသာပြန်ထားတာကတော့ Laii, Mary, May, Myo တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar ...

Be Mine SuperStar (2023)

2023
Foundation Season 1 + Season 2 (2021) 8.5
Foundation Season 1 + Season 2 (2021)  ~ဒီ Seriesဟာ Apple Tvက​နေ ထုတ်လွှင့်ထားတဲ့ Scientific drama seriesပဲဖြစ်ပါတယ်၊အ​မေရိကန်စာ​ရေးဆရာ Issac Asimovရဲ့နာမည်​ကျော် Foundation ဝတ္ထုသုံးအုပ်တွဲကို အ​ခြေခံရိုက်ကူးထားတာပါ၊ဇာတ်လမ်းအညွှန်းက​တော့ မ​ဝေး​တော့တဲ့အနာဂတ်မှာဖြစ်လာမယ့် Galactic Empireထဲကသင်္ချာပညာရှင် Hari Seldonဟာသူကျွမ်းကျင်တဲ့ Psychohistoryပညာရပ်မှတဆင့်ဒီEmpireကြီးဟာ ​နောက်လာမယ့် ရာစုနှစ်အတွင်း ပျက်​ဆီးခြင်းကပ်ဆိုက်​တော့မှာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပါတယ်၊Psychohistroyဆိုတာက လူသားမျိုးနွယ်စုတစ်ခုလုံးရဲ့ အပြုအမူ​တွေက​နေ အနာဂတ်ကိုသင်္ချာနည်းနဲ့ကြိုတင်ခန့်မှန်းတဲ့ ပညာရပ်ပါ၊ ကောင်းတဲ့သူတတ်​မြောက်သွားရင်အကျိုးရှိသ​လောက်၊ မ​ကောင်းတဲ့သူ တတ်​မြောက်သွားရင် လူသားမျိုးနွယ်ကြီး ပျက်စီးမယ့်ကိန်းဆိုက်နိုင်တဲ့ ပညာပါအဲ့ဒီပျက်စီးခြင်းကပ် လူသား​တွေရဲ့အ​မှောင်ခတ် (Dark Age)ဟာ လုံးဝမလွှဲ​ရှောင်နိုင်ပဲကျိန်း​သေဖြစ်​ပေါ်လာပြီး နှစ်​ပေါင်း ၃၀၀၀၀အထိ ကြာမြင့်နိုင်တာ​ကြောင့်Hail Seldonတစ်​ယောက် အနှစ် ၁၀၀၀​​လောက်ပဲ ကြာမယ့်နည်းလမ်းကို စဉ်းစားရပါ​တော့တယ်၊သူ​တွေ့တဲ့အ​ဖြေက​တော့ လက်ရှိ​ခေတ်ရဲ့ဗဟုသုတ​တွေ၊ နည်းပညာ​တွေကို Dark Age ရောက်တဲ့အထိထိန်းသိမ်းထားနိုင်တဲ့ Foundationဆိုတဲ့အဖွဲ့ကြီးကိုတည်​ထောင်ဖို့ပါ၊ ဒီနည်းလမ်းနဲ့ပဲDark Ageရဲ့သက်တမ်းကို ချုံ့နိုင်မယ်လို့ယုံကြည်ထားတာပါ၊ဒီလိုနဲ့ပဲ Hail Seldonနဲ့ သူ့ရဲ့ဉာဏ်ကြီးရှင်တပည့်မ​လေး Gaal Dornickတို့ဟာEmpireသ​ဘောမတူတဲ့ကြားက​နေFoundationကို တည်ထောင်ဖို့ ...
8.5
TMDb: 8.5/10 2 votes
tv

Foundation Season 1 + Season 2 (2021)

2021
Burning Body (2023) Complete 7
Burning Body (2023) Complete Burning Body (2023) Netflix's Mini Series Money Heist ထဲမှာ တိုကျိုအဖြစ် သရုပ်ဆောင်ပြီး ကျွန်တော်တို့အားလုံးရဲ့ အချစ်ကိုရသွားခဲ့သူ မမ Úrsula Corberó ရဲ့ ဖြစ်ရပ်မှန် စပိန်စီးရီးအသစ်ဖြစ်ပါတယ်။ သူက Snake Eyes မှာလည်းပါခဲ့သလို G.I. Joe: Ever Vigilant မှာလည်း ပါလာဦးမှာပါ။ သူ့အပြင် Isak Férriz တို့၊ Quim Gutiérrez တို့၊ နောက် Money Heist ထဲကပဲ မေတ္တာတုံးကြီး ဂန်ဒီယာနေရာက José Manuel Poga တို့လို စပိန်က နာမည်ရှိတန်းရှိသရုပ်ဆောင်တွေလည်းပါသလို ဇာတ်လမ်းလည်းကောင်းတာမို့ စပိန်စီးရီးတွေကြည့်ရတာကြိုက်တဲ့သူတွေ စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲအသစ်တစ်ခုပါပဲ။ ဇာတ်ကတော့ သူ့နာမည်အတိုင်း... ကားတစ်စီးထဲမှာ မီးကျွမ်းနေတဲ့ အလောင်းတစ်လောင်းကနေစတဲ့ ဇာတ်ပါပဲ။ အဲဒီအလောင်းက ယာဉ်ထိန်းရဲတစ်ယောက်ရဲ့အလောင်း။ သူ့ဇနီးဟောင်းရော လက်ရှိဇနီးရောက ...
7
TMDb: 7/10 7 votes
tv

Burning Body (2023) Complete

2023
Love in Lies (2023) 8.4
Love in Lies (2023) အကြင်နာမုသားနာဆစ် အဖြစ် Bank Artit ရမ် အဖြစ် Anna Glucks ခနွတ် အဖြစ် Bom Phongsakorn ခနစ်ထာ အဖြစ် Jean Chartinnaraဇာတ်လမ်းအကျဉ်းနာဆစ်က အာဆနပ်မွန်တရီကုမ္ပဏီကြီးရဲ့ ပိုင်ရှင် ခွန်ဆဆစ်နဲ့ ခွန်နေရီတို့ရဲ့တစ်ဦးတည်းသောသားဖြစ်ပါတယ်ခွန်ဆဆစ်က မယားငယ်ရှိနေခဲ့တယ်ဆိုတဲ့သံသယကြောင့် ခွန်နေရီနဲ့ ခွဲနေခဲ့ပေမဲ့ ကုမ္ပဏီရှယ်ယာပိုင်ဆိုင်မှုတွေမှာတော့ ရှင်းလင်းပြတ်သားမှုရှိမနေခဲ့ပါဘူးတစ်နေ့ ခွန်ဆဆစ်ဆီ မယားငယ်ရဲ့သမီးဖြစ်သူလို့ယူဆရတဲ့ ရမ်ရဒါတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်ရမ်ရဒါနဲ့နာဆစ်က အရင်ကတည်းက သိကျွမ်းဖူးကြပြီး နာဆစ်တစ်ယောက်သဘောကျနေခဲ့တဲ့မိန်းကလေးလည်းဖြစ်နေခဲ့တယ်ဒါပေမဲ့ သဘောကျရတဲ့မိန်းကလေးက သူအရမ်းမုန်းရတဲ့ သူတို့မိသားစုကိုဖျက်ဆီးခဲ့တဲ့မယားငယ်ရဲ့သမီးလို့ထင်သွားခဲ့တဲ့အခါမှာတော့ နာဆစ်တစ်ယောက် ဘယ်လိုဆက်လုပ်မလဲခွန်ဆဆစ်က တကယ်ရောမယားငယ်ရှိခဲ့တာလား ရမ်ရဒါကရော တကယ်မယားငယ်ရဲ့သမီးဖြစ်နေခဲ့တာလား မိဘတွေရဲ့ အငြိုးတွေ လှည့်စားမှုတွေကြားမှာ နာဆစ်နဲ့ရမ်တို့အချစ်ရေးဘာတွေဆက်ဖြစ်လာမလဲဆိုတာ "အကြင်နာမုသား"ဇာတ်လမ်းတွဲမှာကြည့်ရှုကြရအောင်(အညွှန်းရေးသားသူမှာ Kyi Nue Zin ဖြစ်ပါတယ်)Native Title: รักในรอยลวง Episodes: 17 Aired: Jul 18, 2023 - ? Aired On: Monday, Tuesday Original Network: Channel 7 Duration: 1 hr. 25 ...
8.4
TMDb: 8.4/10 votes
tv

Love in Lies (2023)

2023
Sunshine by My Side ( 2023 )
Sunshine by My Side ( 2023 ) ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မင်းသားချောလေး Xiao Zhan ရဲ့ဇာတ်လမ်းအသစ် "Sunshine By My Side" လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ဘဝကို ကြိုးစားစွာဖြတ်သန်းနေတဲ့ ဒီဇိုင်နာလေး ရှန့်ယန်နဲ့ ကြော်ငြာလောကမှာ နာမည်ကြီးဒါရိုက်တာဖြစ်သူ ကျန်ပင်းတို့နှစ်ယောက် မတော်တဆတွေ့ဆုံမိပြီးနောက်မှာ အချင်းချင်းထွန်းလင်းပေးပြီး အချင်းချင်းကူညီပေးခဲ့ကြတဲ့အကြောင်းဖြစ်ပါတယ်။ရှန့်ယန်ဟာ ကျန်ပင်းရဲ့ထောက်ခံမှုနဲ့ အားပေးမှုကြောင့် အဆက်မပြတ်တိုးတက်လာပြီး လုပ်ငန်းမှာ အောင်မြင်မှုတွေ ရလာခဲ့ပါတယ်။ ကျန်ပင်းကလည်း ရှန့်ယန်ရဲ့ ဂရုစိုက်မှုနဲ့ အဖော်ပြုမှုတွေမှတစ်ဆင့် ဘဝနဲ့ အချစ်အပေါ် ယုံကြည်မှုတွေ ပြန်ရခဲ့တဲ့အကြောင်းလေး ဖြစ်ပါတယ်။မမနဲ့မောင်လေးတို့နှစ်ယောက် အလုပ်နဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဇာတ်လမ်းလေးနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ ခေတ်ကားဒီဇိုင်းနဲ့ မမြင်ရတာကြာပြီဖြစ်တဲ့ အစ်ကိုရှောင်းကျန့်ရဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲနော်။Episode 1 (720p) - Yoteshin / Usersdrive / MegaUp / StreamVidEpisode 1 (1080p) - Yoteshin / Usersdrive / MegaUp / StreamVid Episode 2 (720p) ...

Sunshine by My Side ( 2023 )

2023
The Pact (2021) Season 01 + 02 Complete 7
The Pact (2021) Season 01 + 02 Complete The Pact (2021) Season 01 Complete ~ IMDb - 6.9/10, Rotten Tomatoes - 92% ~ ဉာဏ်ကြီးရှင် စုံထောက်တွေနဲ့ ဉာဏ်ကြီးရှင် ရာဇဝတ်ကောင်တွေ ပညာပြိုင်ပြီး ပစ်နေခတ်နေ ချနေနှက်နေ ရှုပ်ယှက်ခတ်နေတဲ့ စုံထောက်ကားတွေကို အနားပေးပြီး အေးဆေးဆေးဆေး စုံထောက်ဇာတ်လမ်းကို ကြည့်ချင်ရင်တော့ ဒီ Series လေးကို အကြိုက်တွေ့မှာသေချာပါတယ်။ Cruel Summer လို၊ American Horror Story လို Anthology Series မျိုးဖြစ်လို့ ပထမ Season နဲ့ နောက် Season ကတော့ ဇာတ်လမ်းတူမှာမဟုတ်ပါဘူး။ ဒီ Series တွေရဲ့ ပုံစံကတော့ အသိုင်းအဝိုင်းလေးတစ်ခုထဲမှာ ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ခုဖြစ်သွားပြီး ခက်ခဲတဲ့အခြေအနေမှာ သူတို့ကြားက သစ္စာရှိမှုကို မှတ်ကျောက်တင်မယ့် အဖြစ်အပျက်လေးတွေကို ပြထားပါတယ်။ ...
7
TMDb: 7/10 32 votes
tv

The Pact (2021) Season 01 + 02 Complete

2021
Escape to Homestay (2023)
Escape to Homestay (2023) Escape to Homestay / လွတ်ငြိမ်းရာအိမ်ကလေး (2023)ထိုင်းဇာတ်လမ်းတွဲတွေထဲကမှ ရှားရှားပါးပါး ထွက်ရှိလာတဲ့ Healing Drama လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ‌ဘီယာဆိုင်အရှံးပေါ်မှုကြောင့် တော့ပ်က သူငယ်ချင်းတွေဖြစ်တဲ့ ဂန်းနဲ့ ဖလင်ကိုပါခေါ်ပြီး မြို့ပြနဲ့ဝေးရာ အဘွားရှိရာနယ်မြို့လေးဆီ ပြေးထွက်လာပါတော့တယ်။ ကိုယ်စီပြဿနာ အခက်အခဲတွေနဲ့ သူတို့ ၃ ယောက်သား အဘွားရဲ့တည်းခိုအိမ်မှာ စိတ်အနားပေးဖို့လာကြရင်း နယ်မြို့အရာရှိ "တာ"၊ ကော်ဖီဆိုင်ပိုင်ရှင် "ဂျန်" တို့အပြင်၊ သက်တူရွယ်တူ အိမ်ပြေးမလေး "သောင်"၊ တစ်တော့ကာ "ဘဲလ်"တို့နဲ့ သိကျွမ်းလာကြပါတော့တယ်။ မြို့ငယ်လေးမှာ ကိုယ်စီစိတ်အစိုင်အခဲတွေကို ခြေဖျက်ဖို့ ကြိုးစားကြရင်း အဘွားရဲ့ တည်းခိုအိမ်ရိပ်မှာ အေးချမ်းမှု၊ ဆိတ်ငြိမ်မှုကို ရှာကြမယ့် ဇာတ်လမ်းလေးမို့ နယ်မြို့လေးရဲ့ အငွေ့အသက်တွေကို ကိုယ်ပါ ဝင်ခံစားနိုင်မယ့် ဇာတ်လမ်းလေးပါပဲ။သရုပ်ဆောင်တွေကလည်း အားလုံးနဲ့ မစိမ်းလောက်မယ့် သူတွေမို့ လူငယ်ဒရမ်မာဇာတ်လမ်းကို အပူအလောင်ကင်းကင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Su Myat က ရေးဖထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Su ...

Escape to Homestay (2023)

2023