Channel Myanmar

Mystery

Poker Face (2023)
Poker Face (2023)   ဒီတခါတော့ ပရိသတ်ကြီးကို IMDB 8.3 ရှိတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ် ဘဝကို ဖြစ်သလိုဖြတ်သန်းပြီး သာယာနေတဲ့ လောင်ကစားရုံက အလုပ်သမ လေးတစ်ယောက် ဟာ တစ်ရက်ကျတော့ သူ့သူငယ်ချင်းကို နှိပ်စက်တတ်တဲ့ ယောကျာ်းက သေနတ်နဲ့ပစ်သတ်လိုက်တဲ့ သတင်းကို ကြားပါလေရော ဒါပေမဲ့ တစ်ယောက်ယောက်လိမ်ရင် သိနေတတ်တဲ့သူက အဲဒီကိစ္စကို သူများတွေလို လွယ်လွယ်နဲ့ မယုံတာကြောင့် ဘာကြောင့်ဖြစ်တာလဲဆိုတာကို အရမ်းသိချင်စိတ်ပြင်းပြခဲ့တာပေါ့ အဲဒါအပြင် သူ့သူငယ်ချင်းကလည်း အသတ်မခံရခင်မှာ သူ့ဆီဖုန်းဆက်ခဲ့တာကြောင့် ဘာလို့ဆက်လဲဆိုတာကိုပါ သိချင်ခဲ့တာပေါ့ အဲဒီလိုနဲ့ ရဲစခန်းထိသွားပြီး တိုင်ကြားပေမဲ့လည်း သတ်လိုက်တဲ့သူတွေက အာဏာကြီးတဲ့ သူတွေဆိုတော့ အရာမရောက်ခဲ့တာကြောင့် ကိုယ်တိုင်ပဲ လိုက်လံစုံစမ်းရင်း ဘာတွေဖြစ်ကြမလဲ သူကရော ဘယ်လိုတွေဆက်လုပ်မလဲ သူ့ရဲ့ အရင်ကဇာတ်လမ်းတွေကရော ဘယ်လိုရှိခဲ့လဲဆိုတာ အကောင်းဆုံး သရုပ်ဆောင်ချက်တွေနဲ့ အဝကြီးကြည့်ရမဲ့ကားကောင်းလေးပါပဲFile size…686Mb / 1.32Gb Quality….Webrip 720 / 1080p Format…mp4 Duration….50 Min Genre...Mystery ...

Poker Face (2023)

Freeridge (2023) 6.1
Freeridge (2023) Freeridge(2023)Imdb 5.8, Tomatometer 88%2018ခုနှစ်တုန်းက ထွက်ခဲ့တဲ့ "On my block" ဆိုတဲ့ Teenage dramaလေးရဲ့ Spin-off seriesတစ်ခုပါ။ရှေ့က မူလစီးရီးနဲ့ အလားတူပါပဲ ဒီတစ်ခုကိုလည်း Teenage dramaလို့ သမုတ်လို့ ရပါတယ်။ ဇာတ်အိမ်ကိုတော့ Gloriaနဲ့Inesလို့ ခေါ်တဲ့ မိတဆိုးညီအစ်မနှစ်ယောက်နဲ့ သူငယ်ချင်းအုပ်စုလေးအပေါ်မှာ တည်ထားပြီး Mysteryလေးပါ ရောထားတာကို တွေ့ရမှာပါ။ ပြီးတော့ ဒရာမာတို့ရဲ့ထုံးစံအတိုင်း Comedy ကို ပါ ခပ်ပါးပါးပုတ်ထားတာမို့ ကြည့်ရမပျင်းတာတော့ အမှန်ပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်း ဒုတိယနှစ်ကိုရောက်လို့ ပျော်လို့မှမဆုံးသေးတဲ့ Gloriaခမျာ ညီမဖြစ်သူ Inesပါ ပထမနှစ်တက်ဖို့ ကျောင်းပြောင်းလာတာမို့ နဂိုတည်းက မတည့်အတူနေသမားတွေဖြစ်တာကြောင့် ကျောင်းမှာ တစ်နေ့တစ်ခါလောက် ဘိုင်ဝမ်းတီးလိုက်ကြတာ ကျောင်းဖွင့်ပြီး သုံးရက်မြောက်တဲ့နေ့မှာပဲ မိဘခေါ်ကာ ကျောင်းထုတ်ဖို့ သတိပေးခံလိုက်ရပါပြီ။ သို့သော်ငြားလည်း ဦးလေးဖြစ်သူTonioကို တစ်ဖက်လှည့်နဲ့ အဖေဟန်ဆောင်ခိုင်းပြီး ခေါ်လာတဲ့အတွက် သတိပေးခံရတာလောက်နဲ့ပဲ ပြီးသွားခဲ့တာပါ။ ကံဆိုးချင်တော့ "ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး" ဆိုတဲ့စကားပုံလိုပဲ အရင်းရှင်ဦးလေးTonioကြီးက ဝန်ဆောင်ကြေး ဒေါ်လာတစ်ထောင် ထတောင်းနေတာမို့ ...
6.1
TMDb: 6.1/10 11 votes
tv

Freeridge (2023)

2023
The Head (2020)Season(1)+(2)
The Head (2020)Season(1)+(2) IMDb - 6.8 , RT - 89%The Headဆိုတဲ့seriesကMoney Heistထဲက ပရောဖက်ဆာ Álvaro Morteနဲ့ Code Blue ထဲက Tomohisa Yamashitaတို့လို နာမည်​ကျော်သရုပ်ဆောင်မင်းသားတွေအပြင် Laura Bachနဲ့ Katharine O' Donnellyတို့လို မင်းသမီးကောင်းတွေပါဝင်သရုပ်ဆောင်ထားတဲ့ HBO Asia ရဲ့seriesကောင်းတစ်ခုဖြစ်ပါတယ်။လွန်ခဲ့တဲ့၈နှစ် အန္တာတိကမှာ ပိုလာရိုက်၅လို့ခေါ်တဲ့ ဆောင်းရာသီ၆လကြာသုတေသနကြီးကို မီးမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူတစ်ယောက်သေဆုံးသွားပြီးနောက်မှာ ခေတ္တရပ်နားခဲ့ပါတယ်။ နောင်၈နှစ်အကြာ တောင်ဝင်ရိုးစွန်းအန္တာတိကမှာ သိပ္ပံပညာရှင်အဖွဲ့ဟာ အေးခဲလှတဲ့ တောင်ဝင်ရိုးစွန်းရဲ့ဆောင်းရာသီကိုအံတုရင်း ပိုလာရိုက်၅ရဲ့အဆက် ပိုလာရိုက်၆ကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ စူးစမ်းလေ့လာမှုတွေလုပ်နေတဲ့သိပ္ပံပညာရှင်တွေရဲ့သတင်းအစနမကြားရလို့ သွားကြည့်ကြည့်တဲ့အခါ လူအများအပြားသေဆုံးနေပြီဖြစ်ပါတယ်။ သေဆုံးသွားတဲ့သိပ္ပံပညာရှင်တွေက ဘယ်လိုသေဆုံးသွားတာလဲ သူတို့ကို ဘယ်အရာ ဘယ်သူများကသတ်သွားလဲ၊ ဘာလို့သတ်သွားတာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဇာတ်လမ်းဟာ ထင်ထားတာထက်ကို Plot Twist များပြီး ဘယ်သူကဘာလဲ ဘယ်လိုလဲဆိုတာ ဇာတ်သိမ်းပိုင်းထိ ဇာတ်ရှိန်တွေနဲ့ ဆွဲခေါ်သွားပါတယ်။ မထင်မှတ်ထားတဲ့ Surpriseတွေလည်းပါပြီး ...

The Head (2020)Season(1)+(2)

Trolley (2022) 5
Trolley (2022) Trolley (2022) (အညွှန်း) =================The Policeman’s Lineage, My Name စတဲ့ အကြမ်းစားကားတွေနဲ့လန်းခဲ့တဲ့မင်းသားကြီး Park Hee Soon နဲ့ Watcher, Undercover, Hellbound တို့မှာ မိမိုက်ခဲ့တဲ့ မမလှလှ Kim Hyun Joo တို့ နှစ်ယောက်ကိုအတွဲညီညီတွေ့ရဦးမယ့် ပဟေဠိဆန်ဆန် နိုင်ငံရေးနဲ့မှုခင်းကားသစ်လေးပါ။ဒယ်ဟန်ပါတီအဖွဲ့ဝင် ရှင်းယန်းဂူကိုယ်စားပြု လွှတ်တော်အမတ် “နမ်ဂျွန်းဒို” က အသက်အရွယ်အားဖြင့် တခြားပါတီတွေကအမတ်ကြီးတွေထက် ပိုငယ်ရွယ်ပြီး ပြည်သူတွေရဲ့စကားသံကိုလည်း အလေးထားနားထောင်ပေးတတ်တဲ့သူမို့ အမတ်တစ်ယောက်အနေနဲ့ ဂုဏ်သတင်းကျော်စောသူတစ်ယောက်ပေါ့။ နိုင်ငံတော်အတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်သလို အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်တဲ့ “နမ်ဂျွန်းဒို” က ဇနီးနဲ့သားသမီးတွေအပေါ်လည်း နွေးထွေးပေးသူတစ်ယောက်ပါ။ တစ်ချိန်က ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ရာကနေ လက်ရှိမှာ စာအုပ်ပြုပြင်ထိမ်းသိန်းရေးဆိုင်လေးဖွင့်ထားတဲ့ ဇနီးဖြစ်သူ “ဂင်ဟယ်ဂျူး” ကလည်း တစ်ဖက်တစ်လမ်းကနေ အကူအညီလိုနေတဲ့ပြည်သူတွေကို အားပေးကူညီပေးတတ်တဲ့ စိတ်ထားကောင်းသူတစ်ယောက်ဆိုလည်းမမှားပါဘူး။ ဒီလိုလူမှုရေးလုပ်ငန်းတွေကိုလုပ်နေတဲ့သူတစ်ယောက်က ခင်ပွန်းဖြစ်သူရဲ့မဲဆွယ်ပွဲတွေ လူမှုရေးလုပ်ငန်းတွေကို လိုက်ကူညီပေးလေ့မရှိသလို သူ့ကိုယ်သူအမတ်ကတော်ဆိုတာကို သမီးဖြစ်သူရဲ့သူငယ်ချင်းမိဘတွေကိုတောင် အသိမပေးဘဲဖုံးကွယ်ထားသူပါ။ဒီလိုနဲ့တစ်နေ့မှာ အိမ်ကထွက်ပြေးသွားတဲ့သမီးဖြစ်သူကိုလိုက်ရှာရာကနေ သက်သက်အိမ်ခွဲနေတဲ့ အရွယ်ရောက်သားဖြစ်သူရဲ့အလောင်းကို မူးယစ်ဆေးတွေနဲ့အတူ မသင်္ကာဖွယ်အနေအထားနဲ့ရှာတွေ့လိုက်ရတဲ့အခါမှာ ..။ နိုင်ငံ့အရေးကိုဆောင်ရွက်နေတဲ့ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့သားဖြစ်သူက ဥပဒေနဲ့မကင်းတဲ့အလုပ်တွေနဲ့နွယ်နေတဲ့အခါ ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲ .. ...
5
TMDb: 5/10 1 votes
tv

Trolley (2022)

2022
Justice(2019) 7
Justice(2019) Justice(2019)************အပိုင်း (၁ မှ ၁၆) အထိ စ/ဆုံးဒီတစ်ခါတော့ ဥပဒေတွေ အမှုကိစ္စရေးရာတွေနဲ့ ပတ်သက်နေပေမဲ့ အဓိကဇာတ်ကောင်ကကောင်းတဲ့ဘက်ကရပ်တည်တာမျိုးမဟုတ်ဘဲ အကျင့်ပျက်ခြစားပြီး ကိုယ်ကျိုးပဲကြည့်တဲ့သူဖြစ်ပါတယ်..ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်လမ်းတွဲလေးတစ်ခုကို CM ကထပ်မံတင်ဆက်ပေးလိုက်ပါပြီလူငယ်ဘဝမှာ ညီဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ လက်စားပြန်ချေမယ်ဆိုတဲ့စိတ်နဲ့ရှေ့နေဖြစ်ဖို့ကြိုးစားလာခဲ့သူ အီထယ်ဂယောင်း (ချွဲဂျင်ဟျော့) ဒီနယ်ပယ်မှာကျင်လည်လာတာနဲ့အမျှ ငွေနောက်လိုက်ပြီး ထိပ်တန်းရှေ့နေတစ်ယောက်အဖြစ် လမ်းမှားကိုရောက်မှန်းမသိရောက်လာခဲ့တဲ့သူ သူ့ကို လူချမ်းသာဘော်ကြော့ ရာဇဝတ်ကောင်တွေနဲ့ ချိတ်ဆက်အမှုအပ်ပေးသူက ဘုမ်ဂျွန်ဆောက်လုပ်ရေးပိုင်ရှင် ဆုန်းဝူယွန်း(ဆွန်းဟျွန်းဂျူ)သူတို့နှစ်ယောက် Elite လူတန်းစားတွေနဲ့ လက်တွဲပြီး ကြီးပွားချမ်းသာလာရင်းနဲ့တစ်နေ့မှာတော့ ဖျော်ဖြေရေးအေဂျင်စီတစ်ခုက တက်သစ်စမင်းသမီးလေးတွေပျောက်ဆုံးသေဆုံးမှုနဲ့ဆက်စပ်နေတဲ့ အမှုတစ်ခုကို ကိုင်ဖို့ဖြစ်လာရာကသူတို့နှစ်ယောက်ကြား သဘောထားမတူမှုတွေ စပြီးဖြစ်ပေါ်လာပါတယ်အဲအမှုရဲ့ကြိုးစက ဘယ်အထိဆက်သွားမလဲ ဘယ်သူတွေနဲ့ပတ်သက်နေမလဲဆိုတာကိုတော့ဇာတ်လမ်းတွဲမှာပဲ စီးမြောကြည့်ရှုပြီးတော့ အဖြေရှာနိုင်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်ဗျ Episodes: 16File Size:900MB, 350MBQuality :Web-DL  1080p,720PGenres:  Thriller, Mystery, Law, DramaTranslated by  Ei Phyu Khin, Khine Khine Wai, Phyu ...
7
TMDb: 7/10 1 votes
tv

Justice(2019)

2019
A League of Nobleman (2023)
A League of Nobleman (2023) ဒီတစ်ခေါက်မှာတော့ မှုခင်းစုံထောက်ကားကိုမှ historical typeနဲ့ကြည့်ချင်တဲ့CM fanလေးတွေအတွက် အားလုံးသိပြီးသားဖြစ်မဲ့ Jing Bo Ranနဲ့Song Wei Longတိုမှ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။လမ်းဘေးမှာ ခေါက်ဆွဲလုပ်ရောင်းရင်း ဘဝကိုရုန်းကန်အသက်မွေးမှုပြုနေရတဲ့ -ကျန်းဖျင်လူတွေဟာ မမှီတဲ့အသီးကိုမှဆွတ်ချင်ကြတယ်ဆိုသလို ကျန်းဖျင်ဟာကိစ္စတစ်ခုကို အခြေခံသဘောတရားကနေ အမှုတစ်ခုလုံး လုံးလုံးလျားလျားပေါ်အောင်ဖော်ထုတ်နိုင်စွမ်းရှိသည့်အလျောက် ရုံးတော်ရဲ့အရေးအခင်းတွေကိုလည်း စိတ်ဝင်စားနေပြန်ပါတယ်။နန်းတွင်းဌာနမှ ရုပ်ရည်ချောမောမှုနဲ့ ဂုဏ်သတင်းပြန့်ပြီး အများမသိအောင်ဇာတ်ကြောင်းတစ်ခုကို ဖုံးကွယ်ထားတဲ့ ဒုအမတ်မင်းအပြင်ကျန်းဖျင်ရဲ့သွေးသောက်ညီနောင်အသွင်ဝန်းရံမဲ့" လန်ကျွယ်"-နန်းတွင်းမှုခင်းတွေကို စူးစမ်းလိုတဲ့ကျန်းဖျင်နဲ့ အမတ်လန်ကျွယ်တိုနှစ်ဦးပူးပေါင်းလိုက်တဲ့အခါ အမှန်တရားနဲ့တရားမျှတမှုက....တစ်လှေတည်းစီးသမား‌တွေအဖြစ် ဆက်ထိန်းထားနိုင်မလားလန်ကျွယ်ဖုံးကွယ်ထားတဲ့ ဇာတ်ကြောင်းကိုလည်းကျန်းဖျင်တစ်ယောက် သိရှိသွားလေမလား။နန်းတွင်းမှာရော မည်သည့်လျှိဝှက်ချက်တွေရှိနေဦးမလဲအဆုံးသတ်ကရော.....ဒီလိုရင်ခုန်လှုပ်ရှားစရာတွေနဲ့အဆုံးသတ်ကို ခန့်မှန်းလိုမရလေအောင်ပရိတ်သတ်တိုကို သိချင်စိတ်တဖွားဖွားဖြစ်အောင်ချပြပေးမဲ့အမိုက်စားဇာတ်လမ်းလေးတစ်ပုဒ်ကိုကြည့်စေလိုရန် CMမှာ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းရေးသားထားသူကတော့ Anle ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 29Format : mp4Genres : Thriller, Mystery, Wuxia, DramaDuration : 45 min per EpisodeSubtitle ...

A League of Nobleman (2023)

2023
Hunters – Season (01),(02) 7.2
Hunters – Season (01),(02) Hunters - Season (01),(02) =================== IMDb Rating - 7.2/10၁၉၇၀ ခုနှစ်ပတ်ဝန်းကျင်ကိုဇာတ်အိမ်တည်ထားပြီး အကြမ်းဖျဥ်းအားဖြင့် ပြောရရင်တော့ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ပြည်ထောင်စုမှာ ဇာတ် မြှုပ်နေတဲ့ နာဇီလက်ကျန်တွေကို၊ နာမည်ကျော်ဂျူးလူမျိုးတုန်းသတ်ဖြတ်မှု ကြီးကနေရှင်ကျန်ခဲ့တဲ့သူတွေကပြန်ကလဲ့စားချေဖို့ စုစည်းကြတဲ့အကြောင်းပါပဲ။ ကလဲ့စားချေတယ်ဆိုပေမယ့်ဂျူးတွေဖက်ကပဲမီးပြန်မွှေးတာမဟုတ်ပဲနဲ့ နာဇီလက်ကျန်တွေနဲ့သူတို့အသိုင်းအဝိုင်းတွေကလည်း ဒီဂျူးလက်ကျန်တွေကို ဆက်လက်မုန်းတီးပြီးအမြစ်ဖြတ်ဖို့ကြံစည်နေကြဆဲပါ။ ဒီတော့ကလဲ့စားချေတယ် ဆိုတာထက်ဦးသူစားစတမ်းဆိုတဲ့ပုံစံနဲ့အပြန်အလှန် ဗျင်းကြတဲ့သဘောပါပဲ။ဒီဇာတ်လမ်းမှာ Conspiracy လို့ခေါ်တဲ့စိတ်ကူးယဥ်သီအိုရီတွေလည်းပါပေမယ့် များသောအားဖြင့် ဖြစ်ရပ်မှန်တွေကိုအခြေခံထားတယ်လို့ဆိုပါတယ်။ ဆိုလိုတာက ဒီဂျူးတွေဖွဲ့စည်းထားတဲ့ Hunters ဆိုတဲ့အဖွဲ့နဲ့ နာဇီလက်ကျန်တွေရဲ့မြေအောက် တိုက်ပွဲက လက်တွေ့မှာတကယ်ရှိခဲ့လားမရှိခဲ့လားဆိုတာမသေချာပါဘူး။ မည်သို့ပင် ဆိုစေကာမူ ဒုတိယကမ္ဘာစစ်ကြီး၊ ဟစ်တလာ၊ နာဇီတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတဲ့ ဂျူးခြောက်သန်းကတော့ အမှန်တကယ်ပဲရှိခဲ့ပါတယ်။ သဘောအကျဆုံးအချက်ကို ပြောပါဆိုရင်တော့ ဖြစ်ရပ်မှန်နဲ့ Conspiracy ကိုဟာကွက်မရှိအောင်ပေါင်းစပ်ပြီး ချပြသွားနိုင်တာပါပဲ။ယူတတ်မယ်ဆိုရင်သူတို့ပြောသွားတဲ့ဒိုင်ယာလော့ဂ်တွေ ဇာတ်ဝင်ခန်းတွေကနေ ကိုယ် မသိသေးတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့အမြင်တွေ ဗဟုသုတတွေအများကြီးရနိုင်ပါတယ်။ Rating/Review တွေလည်းကောင်းတဲ့အပြင် ဆုနှစ်ခုနဲ့ ဇကာတင်ရွေးချယ်ခံရမှုကိုးကြိမ် ထိ ပါဝင်ထားတဲ့စီးရီးဖြစ်တာကြောင့် အများကြီးညွှန်းနေစရာလိုတော့မယ်မထင်ပါဘူး။ နောက်ဆုံးအနေနဲ့ပြောရရင် သမိုင်းကြောင်းတွေကိုအခြေခံတဲ့စီးရီးတွေကို ကြိုက်တတ် ရင်တော့တကယ်ကိုလက်မလွှတ်သင့်တဲ့စီးရီးတစ်ခုပါပဲ။ (ဒီစီးရီးရဲ့ အညွှန်းကို Min Khant Boမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများ ကတော့ Min Khant Bo, San Thu Aung, Htet Kyaw ...
7.2
TMDb: 7.2/10 38000 votes
tv

Hunters – Season (01),(02)

2020
National Treasure: Edge of History (2022) Season 01 (Complete) 7.6
National Treasure: Edge of History (2022) Season 01 (Complete) National Treasure: Edge of History (2022) Season 01 Complete National Treasure နှစ်ကားဟာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက လူတိုင်းကြိုက်ခဲ့ကြတဲ့ ပြန်ကြည့်တိုင်းလည်း ကြည့်ကောင်းနေတဲ့ ဇာတ်ကားတွေလို့ ပြောရင် လွန်ရာကျမယ်မထင်ဘူး။ နစ်ကေ့ကြီးရဲ့ ရွှေခေတ်စာရင်းလည်း ဝင်တဲ့ကားတွေလို့ ပြောရမှာပဲ။ ရတနာရှာတဲ့ကားတွေ ရှေးဟောင်းသုတေသနကားတွေ ဖောချင်းသောချင်းရှိပေမဲ့ ဒီထဲကမှ အကောင်းဆုံး ၂ခုကိုရွေးပြဆို အင်ဒီယာနာဂျုံးစ်နဲ့ ဒီ National Treasure ကိုပဲ ရွေးကြရမှာမလား။ အင်ဒီနဲ့မတူတာကတော့ ဒီကောင်က ဖောက်ပြီးရင် သူလည်း အကျိုးအမြတ်နည်းနည်းတော့ရသေးသလို နိုင်ငံတော်ပိုင်လည်း အသိမ်းခံရသေးသပေါ့။ အင်ဒီယာနာလောက် အက်ရှင်မများပေမဲ့ သမိုင်းနဲ့ချိတ်ဆက်ပြီး ပဟေဠိဖော်တာတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် တရိပ်တရိပ်ပြတတ်တယ်။ ဒီလိုပြလို့လည်း ကိုယ်သိပြီးသားအချက်တွေနဲ့ သမိုင်းတွေနဲ့ နောက်ကွယ်က အချက်တွေကြောင့် စိတ်ဝင်တစားပိုဖြစ်ပြီး အားလုံးကို ဆွဲဆောင်ထားနိုင်တာပါပဲ။ National ဆိုတဲ့ နာမည်နဲ့လိုက်အောင်လည်း ကျွန်တော်တို့ရင်းနှီးတဲ့ ...
7.6
TMDb: 7.6/10 5 votes
tv

National Treasure: Edge of History (2022) Season 01 (Complete)

2022
The Snow Girl (2023) 6.9
The Snow Girl (2023) Netflixရဲ့ စပိန်mini seriesအသစ်လာပါပြီ။ အန်နာ(မိခင်)နဲ့အဲလ်ဗာရို(ဖခင်)၊ အမရာ(သမီး) မိသားစုသုံးယောက်သား စပိန်နိုင်ငံ မက်လန်ဂါမြို့လေးမှာ ခရစ်စမတ်ညချမ်းလေးမှာကျင်းပတဲ့ အလှပြပွဲကို ပျော်ပျော်ရွှင်ရွှင် မိသားစုလိုက်သွားကြည့်ကြပါတယ်။ ပျော်ရွှင်နေကြစဥ် သမီးဖြစ်သူ ၅နှစ်သမီးလေး အမရာက ရုတ်တရပ်ပျောက်ဆုံးသွားပါတယ်။ အန်နာတို့မိဘတွေလည်း ၅နှစ်သမီးလေးပျောက်သွားလို့ သမီးဇောနဲ့လိုက်ရှာနေခဲ့တာ ၆နှစ်တောင်ရှိသွားပါပြီ။ သတင်းအစနမရလို့ သေပြီလို့လက်ခံလိုက်ရတာကနေ မထင်မှတ်ပဲ သမီးလေး အမရာရဲ့ လက်ရှိမှတ်တမ်းဗီဒီယိုတစ်ခုလက်ထဲရောက်လာပါတော့တယ်။ အမရာကို ဘယ်သူက ပြန်ပေးစွဲသွားတာလဲ၊ ဘာလို့ပြန်ပေးစွဲတာလဲ၊ ဘာလို့၆နှစ်အကြာမှ ဗီဒီယိုဖိုင်ကိုပို့ပေးတာလဲ၊ ဘာအကြောင်းတွေ​များနောက်ကွယ်မှာရှိမလဲဆိုတာကို Crime thriller ပုံစံကြည့်ရှု့ရမှာဖြစ်ပါတယ်။ Personallyအရ Netflixက trailerထုတ်ကတည်းက စောင့်နေခဲ့ရတာဆိုတော့ စောင့်ခဲ့ရတဲ့ကျိုးနပ်တဲ့ series တစ်ခုဖြစ်ပြီး ကျွန်တော့်လိုမျိုး အကောင်းကြိုက်တဲ့လူတွေအတွက် ကြည့်ရှု့ဖို့တိုက်တွန်းပါတယ်။ File size… Quality….Webrip 720 Format…mp4 Duration….50 Min Genre...Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi WinDownload LinkEpisode 1 ...
6.9
TMDb: 6.9/10 votes
tv

The Snow Girl (2023)

Lady Voyeur (2023) 7.273
Lady Voyeur (2023) Lady Voyeur (2023) ===============ရပ်ကွက်ထဲမှာ မှန်ပြောင်းတစ်လက်နဲ့ ဘယ်အိမ်က ဘာဖြစ်နေလဲ ဆိုတာကို လိုက်ကြည့်နေတတ်တဲ့ ရပ်ကွက်စီစီတီဗွီတချို့ကို မြင်ဖူး ကြတယ်ဟုတ်။ ဒီထဲက မင်းသမီးကတော့ ရပ်ကွက်ရေးရာကို လိုက် ကြည့်တာ မဟုတ်ဘဲနဲ့ သူများအတွဲတွေ ဟိုဒင်းဟိုဟာပြုကြတာကို မှန်ပြောင်းနဲ့ လိုက်ချောင်းတတ်တဲ့ ကောင်မလေးတစ်ယောက်ပါတဲ့။သူ့အခန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တိုက်ခန်းက ညငှက်မလေးတစ် ယောက်ဆီမှာ နေ့တိုင်းလာပျော်ပါးကြတဲ့ ယောက်ျားတွေရဲ့ စွမ်းရည် တွေကို ကြည့်ပြီး ခရမ်းသီးအားကိုးလုပ်နေတတ်တာပေါ့လေ။ ဒါပေမဲ့ ဒီဇာတ်လမ်းကို သာမန်ကာလျှံကာတော့ တွက်လိုက်လို့မရဘူးဗျ။ သူ(မ) ရဲ့  ဝန်ခံချက်အရ သူဟာ ယောက်ျားနှစ်ယောက်ကို ပျက်စီးစေခဲ့ပြီး တစ်ယောက်ကို သေဆုံးစေခဲ့တဲ့ မိန်းမတစ်ယောက်ပါ။ဇာတ်ကောင်တွေရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ၊ မထင်မှတ်ထားတဲ့ လူသေမှုတွေနဲ့ ဆန်းကြယ်တဲ့ ဇာတ်လမ်းတစ်ခုအသွင်ကို ပြောင်းလဲ သွားဦးမှာမို့ ချိုချဉ်ဖန်ခါးအရသာ အစုံအလင်ကို ခံစားချင်သူတွေအဖို့ အကြိုက်တွေ့စရာ ဇာတ်လမ်းတွဲတစ်ခုဖြစ်လို့လာပါလိမ့်မယ်။(ဒီစီးရီးရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာ သာပြန် ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(350 MB) / ...
7.273
TMDb: 7.273/10 55 votes
tv

Lady Voyeur (2023)

2023
Missing: The Other Side S02 (2022) [Complete] 6.714
Missing: The Other Side S02 (2022) [Complete] Missing: The Other Side S02 (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၄ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)Season 1တုန်းကလူကြိုက်များခဲ့တဲ့missing the other side series လေးက season 2 ပြန်လာပါပြီ။ဒီseasonမှာတော့ ပျောက်ဆုံးဝိညာဉ်တွေနေတဲ့ ဆမ်ဂုန်ဒန်ဆိုတဲ့ရွာအပေါ်အခြေတည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ Season 1မှာတုန်းက ရဲဘော်၃ဖော်ဖြစ်တဲ့ ဂင်ဝူ၊ဦးလေးကြီးဂျန်ဖန်ဆော့၊ဂျူံအာတို့အပြင် စုံထောက်ရှင်းဂျွန်ဟိုလည်းပါဝင်လာပြီး ဝိညာဉ်တွေရဲ့ ပျောက်ဆုံးနေတဲ့ခန္ဓာကိုယ်တွေကိုရှာပြီး သူတို့ရဲ့ သေဆုံးမှုတွေကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်လို့ သဘာဝလွန် စုံထောက်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။Missing the other side season 2 ကို တနင်္လာ၊အင်္ဂါညတိုင်း channel myanmar က ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။(အညွှန်းကိုတော့ HNDA က ရေးပေးထားပါတယ်။)Aired: Dec 19, 2022 Aired On: Monday, Tuesday Genres: Thriller, Mystery, Supernatural Duration: 60mins Episodes: ...
6.714
TMDb: 6.714/10 7 votes
tv

Missing: The Other Side S02 (2022) [Complete]

2022
The Rig (2023) Season 01 Complete 7
The Rig (2023) Season 01 Complete The Rig (2023) S01 Complete Amazon Prime က ထွက်ရှိထားပြီး GoT ထဲက Jorah Marmont မင်းသားကြီး Iain Glen အဓိကပါဝင်ထားတဲ့ Sci-Fi Thriller စီးရီးတစ်ခု တင်ဆက်​ပေးလိုက်ပါတယ်။ စ​ကော့တစ်ရှ် ကမ်းလွန်​​ဒေသရှိ ​ရေနံတူးစင်တစ်ခုမှာ အလုပ်လုပ်​နေတဲ့ ရေလုပ်သား​တွေဟာ တာဝန်ပြီးဆုံးချိန် ကမ်းပေါ်ရှိ အိမ်ကိုပြန်နိုင်ဖို့ လာကြိုမယ့် ရဟတ်ယာဉ်ကို​စောင့်ဆိုင်း​နေချိန် ဘယ်ကမှန်းမသိတဲ့ မြူခိုးတွေ ရုတ်ချည်းအုံ့ဆိုင်းလာပြီး ရဟတ်ယာဉ်လာမရတဲ့အ​ခြေအ​နေနဲ့ ​ရေနံတူးစင်မှာပဲ ပိတ်မိသွားပါ​တော့တယ်။ အဲဒီမြူ​တွေက ​ပုံမှန်မြူ​တွေမဟုတ်ဘဲ သူတို့ကို ပုံစံမျိုးစုံနဲ့ ဒုက္ခ​ပေးလာတဲ့အခါ အလုပ်သမား​တသိုက် ဒီမြူထုကြားအသက်ဆက်ရှင်နိုင်မှာလား၊ ဒီမြူ​တွေက ဘယ်လိုထွက်လာတာလဲ၊ သွေးရိုးသားရိုးဖြစ်ပါ့မလား၊ မြူ​တွေကြားမှာ ဘယ်လိုအရာ​မျိုးတွေရှိ​နေမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပါ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ X ပဲဖြစ်ပါတယ်) Size ~ 500MB+ Total - 6 Episodes Quality – 720p Duration ~ ...
7
TMDb: 7/10 47 votes
tv

The Rig (2023) Season 01 Complete

2023
11.22.63 (2016) Complete 7.8

11.22.63 (2016) Complete

2016
Elves (2021) 7
Elves (2021) Elves (2021)မြို့ပြရဲ့မွန်းကြပ်မှုတွေနဲ့ဝေးရာ လူသူအရောက်အပေါက်နည်းတဲ့ အာမန်ဆိုကျွန်းပေါ်ကို ခရစ်စမတ်ပိတ်ရက်ပျော်ပွဲစားလာကြတဲ့ မိသားစုလေးဟာ အေးဆေးဖြတ်သန်းချင်လို့ ကျွန်းပေါ်ကိုလာပါတယ်ဆိုမှ ခရီးအစမှာတင်ပျားအုံတုတ်ထိုးမိလို့  ဒုက္ခနဲ့လှလှ ပေါင်းဖက်သွားလေရဲ့။ခြံစည်းရိုးနဲ့တောင်ကာရံထားရတဲ့ဖြစ်ရပ်ဆန်းကြယ်သတ္တဝါတွေ။ ဆယ်ကျော်သက်လေးတွေရဲ့ထုံးစံအတိုင်း ကောင်မလေးရဲ့ တစ်ဇွတ်ထိုးဆန်မှုကြောင့် ပိုပိုဆိုးလာတဲ့ကိစ္စတွေ။ ဒေသခံကျွန်းသားတွေရဲ့ကိုးကွယ်ယုံကြည်မှုတွေ။ အလည်အပတ်လာတဲ့မိသားစုရဲ့မသိလိုက်တဲ့အမှားကြောင့် ပေးဆပ်လိုက်ရတဲ့တန်ဖိုး။ အသီးမစားအသားစား နွားတစ်ကောင်ကိုတောင်ယဇ်ပူဇော်ပေးရတဲ့မကောင်းဆိုးဝါးနတ်သူငယ်တွေ။ ကြမ်းကြုတ်လှတဲ့ဒီနတ်သူငယ်တွေကြားမှာ ဘယ်လိုရုန်းကန်ရှင်သန်မလဲ။ ဒီလိုဒီလိုကိစ္စတွေကြား ဘယ်လိုဆက်ဖြစ်မလဲဆိုပြီး စောင့်ကြည့်ရမယ့် Horror series လေးပါ။စဆုံး ၆ ပိုင်းပဲ ရှိမှာမို့ စိတ်အေးလက်အေးနဲ့ ကြည့်လို့ရတဲ့ မီနီစီးရီးတစ်ခုပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery, Sci-fi & Fantasy Quality…. 1080p | 720p File size… 500MB | 250MB Format… mp4 Duration…. 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... August720pEpisode 01 - Userdrive | YoteShin | Megaup | Streamsb ...
7
TMDb: 7/10 187 votes
tv

Elves (2021)

2021
Vadhandhi (2022) 5.5
Vadhandhi (2022) Vadhandhi: The Fable of Velonie (2022) CompleteIMDb 8.2/10Don ကားထဲက ကျောင်းဆရာအဖြစ်နဲ့ ပရိတ်သတ်တွေရင်ထဲဝင်ရောက်ခဲ့တဲ့ မင်းသားကြီး S.J. Surya ကို ဒီကားထဲမှာတော့ ရဲတစ်ယောက်အနေနဲ့ အမှုတွေလိုက်ပြဦးမှာပါ မင်းသမီးချောလေး Sanjana Krishnamoorthy လည်း ပါဝင်ထားပြီး IMDb rating အမိုက်စားကားဖြစ်လို့ အခုပဲဒေါင်းကြည့်လိုက်ကြပါ‌ရှင်ဇာတ်လမ်းအညွှန်း... ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က ဇာတ်လမ်းအရ လူသေအလောင်းတစ်လောင်းလိုအပ်နေပါတယ် မိတ်ကပ်ပြင်ထားတဲ့အလောင်းကိုရိုက်ကွင်းမှာတွေ့လေတော့ ရိုက်ကူးရေးစဖို့ပြင်ဆင်‌ပြီးကာမှ ဒီအလောင်းနေရာမှာသရုပ်ဆောင်ရမဲ့မင်းသမီးက အိမ်လည်းပြန်မလာသလို မိတ်ကပ်ဆရာကလည်းမပြင်ရသေးပါဘူးတဲ့ ဒီတော့ သူတို့တွေ့ခဲ့တဲ့အလောင်းကိုသေချာကြည့်တော့မှ မိတ်ကပ်ခြယ်သထားတာမဟုတ်ဘဲ သေဆုံးတာ ၃ရက်‌လောက်ရှိနေတဲ့တကယ့်လူသေအလောင်းကြီးဖြစ်နေပါတယ်အလောင်းကပုပ်ပွပြီး လူရုပ်မပေါ်တာကြောင့် ဘယ်သူဘယ်ဝါမသိနိုင်တော့တဲ့အခြေအနေမှာ ဘယ်ကစလို့စုံစမ်းရေးတွေလုပ်ကြမလဲ တရားခံက လည်းကြိုတွေးကြည့်လို့မရတဲ့ တရားခံဖြစ်နေမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်Quality : 1080p / 720pTotal Episodes : 8EpsFormat : mp4Genres : Mystery, Crime, DramaDuration : 50minsSubtitle : Myanmar Subtitle ( Hardsub )Translated by Shwe Pyae ...
5.5
TMDb: 5.5/10 2 votes
tv

Vadhandhi (2022)

2022
You Are All Surrounded(2014)[Complet] 8.5
You Are All Surrounded(2014)[Complet] You Are All Surrounded(2014)****************************အပိုင်း(၁ မှ ၂၀ )ထိ စ/ဆုံး မတူညီတဲ့ကျောထောက်နောက်ခံတွေ၊ မတူညီတဲ့အိမ်မက်တွေ၊ မတူညီတဲ့‌အကျင့်စရိုက်တွေရှိကြတဲ့စုံထောက်အသစ်လေး လေးဦးဟာ ဂန်းနမ်ရဲစခန်းရဲ့ aceဖြစ်တဲ့ မှုခင်းဌာန အဖွဲ့ ၃မှာ တွေ့ဖို့ဖြစ်လာခဲ့ကြပါတယ်။အမှန်တော့ မှုခင်းဌာနအဖွဲ့ ၃ဟာ သူတို့စိတ်ကူးထားတဲ့ လုပ်ငန်းခွင်လေးတော့မဟုတ်ခဲ့ပါဘူး။လစာများများရလို့ လာတဲ့သူ၊ မသေခင် ဂန်းနမ်မှာနေဖူးချင်လို့ လာတဲ့သူ၊ ကိုယ့်ဟာကိုယ်ဘာကြောင့်လာလာပေါ့ ဆိုတဲ့သူနဲ့ အရမ်းကို chaotic ဖြစ်တဲ့အဖွဲ့လေးပါ။ သူတို့အဖွဲ့ရဲ့အဖွဲ့မှူးကတော့ legendary စုံထောက်တစ်ဦးဖြစ်တဲ့ ဆောဖန်းဆော့ (Cha Seung Won)ပဲဖြစ်ပါတယ်။ဆောဖန်းဆော့မသိတဲ့အရာကတော့ လွန်ခဲ့တဲ့ ၁၁နှစ်က သူတာဝန်ယူခဲ့တဲ့ မာဆန်းသူနာပြုဆရာမအသတ်ခံမှုရဲ့နစ်နာသူဖြစ်သူရဲ့သားဟာ သူ့အဖွဲ့ထဲမှာ ရှိနေတယ်ဆိုတာပါပဲ။ အဖွဲ့ ၃ဟာ အစပိုင်းမှာကတောက်ကဆလေးတွေရှိခဲ့ပေမဲ့ ရာဇဝတ်မှုတွေကို teamwork ကောင်းကောင်းနဲ့ အတူတူရင်ဆိုင်ဖြေရှင်းကြပြီးတော့လွန်ခဲ့တဲ့ ၁၁နှစ်က အမှုရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်ကိုပါ ဖော်ထုတ်ကြမှာဖြစ်ပါတယ်။စုံထောက်အသစ်လေးတွေအဖြစ် Lee Seung Gi, Go Ara, ...
8.5
TMDb: 8.5/10 11 votes
tv

You Are All Surrounded(2014)[Complet]

2014
Echoes (2022) 6.9
Echoes (2022) Echoes (2022) =========== IMDb Rating - 5.9/10"တကယ်ပျောက်နေတာ ဘယ်သူလဲ" "သူတို့က တစ်ယောက်တည်းလား?" "သတိပေးစာတွေက ဘယ်သူလုပ်နေတာလဲ?" ဒါတွေကတော့ Echoes စီးရီးရဲ့ အပိုင်းတိုင်းမှာ လူမေးအများဆုံး မေးခွန်းတွေပါ။ ကြည့်ရှူသူတွေရော translator တွေပါ ခေါင်း ခြောက်ရတဲ့ ရှုပ်ထွေးတဲ့ ဇာတ်အိမ်မျိုးမို့ အဖြေရှာရတာ ကြိုက်တဲ့ သူတွေဆိုရင် ဒီစီးရီးကကြည့်ကိုကြည့်သင့်ပါတယ်။ဇာတ်လမ်းအညွှန်း - ဂျီနာ နဲ့ လန်နီ တို့က အက်ခိုးတောင်မှာ မွေးဖွားကြတဲ့ အမြွှာညီအစ်မ နှစ်ဦးပါ။ ဂျီနာက အိမ်ထောင်ကျပြီးနောက် အယ်လ်အေမှာပဲ ပြောင်း ရွှေ့နေထိုင်နေတဲ့သူဖြစ်ပါတယ်။ လန်နီကတော့ အက်ခိုးတောင်မှာပဲ မြင်းမွေးမြူရေးစခန်းတွေဆောက်ပြီး မိသားစုဘဝလေးကို တည်ထောင် ထားတဲ့သူပါ။ တစ်ရက်မှာတော့ လန်နီတစ်ယောက် မြင်းအိမ်ထဲကနေ ရုတ်တရက်ပျောက်ဆုံးသွားပြီး အစရှာမရ ဖြစ်သွားခဲ့ပါတယ်။လန်နီ့ကို ရှာဖို့ ဂျီနာ အိမ်ကို ပြန်လာခဲ့ပြီးနောက်မှာ တစ်စစီဖျက်ဆီးခံထား ရတဲ့ အရုပ်မတွေနဲ့ ထိတ်လန့်ဖွယ် ခြိမ်းခြောက်မှုတွေ စတင်ကြုံတွေ့ရပါ တော့တယ်။ မူမမှန်တာတွေကို ခံစားမိနေပေမဲ့ ဘယ်သူ့ကိုမှ အားကိုးလို့ မရတဲ့ ဂျီနာအတွက်တော့ ကိုယ်တိုင်ပဲ ပဟေဠိတွေကို ရှာဖွေသွားရပြီး အဖြစ်အပျက်တွေကိုကျော်လွှားရတော့မှာပါ။ CM ပရိသတ်တွေအကြိုက် ဖြစ်စေမယ့် ...
6.9
TMDb: 6.9/10 12000 votes
tv

Echoes (2022)

2022
The Tourist (2021) (1-6 END) 8
The Tourist (2021) (1-6 END) Fifty Shades of Grey မင်းသား Jamie Dornan ဦးဆောင်ပါဝင်ထားတဲ့ The Tourist ဆိုတဲ့ mini series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် HBO ကထုတ်လွှင့်တာကြောင့် အညံ့စားဇာတ်လမ်းတွဲဖြစ်မှာ စိတ်ပူစရာမလိုပါဘူး IMDB လည်း 7.4 လောက်ရရှိထားပြီး အပိုင်း ၆ ပိုင်းထဲအပြီးဖြစ်လို့ ၆ နာရီစာဇာတ်ကား တစ်ခုလိုမျိုး တစ်ဝကြီးကြည့်ရမှာပါဇာတ်လမ်းအညွှန်းကိုပြောရရင် လူတစ်ယောက်ဟာ အဝေးပြေးလမ်းမတစ်ခုမှာ ကားမောင်းလာရင်း သူ့ကိုထရပ်ကားတစ်စီးက အသေဆိုပြီးဝင်တိုက်ရာကနေ ကံကောင်းပြီး မသေဘဲ ဆေးရုံရောက်သွားပါတယ် ဒါပေမယ့် သူနိုးထလာတဲ့အခါမှာ သူဘယ်သူလဲ ဘယ်ကလာလဲ ဘယ်ကိုသွားနေလဲဆိုတာ ဘာမှ မမှတ်မိတော့ပါဘူး . ပိုဆိုးတာက သူကားမှောက်သွားတဲ့နေရာမှာ ရဲတွေကလည်း ပိုက်ဆံအိတ် ဖုန်း သက်သေခံအထောက်အထား ဘာတစ်ခုမှ မတွေ့ခဲ့တဲ့အတွက် သူလူဆိုးလား လူကောင်းလားဆိုတာ မသိနိုင်အောင်ဖြစ်နေပါတယ် ဒါပေမယ့် သူကားမှောက်တဲ့နေ့မှာ ဝတ်လာတဲ့ အင်္ကျီအိတ်ကပ်ထဲကနေ နေရာတစ်ခုကို ချိန်းထားတဲ့ အချိန်ရက်စွဲပါ စာရွက်ပိုင်းလေးတစ်ပိုင်းက တစ်ခုထဲသောလမ်းစဖြစ်နေပါတယ် စာရွက်မှာပါတဲ့ နေရာကို သူ့ဘဝကိုအဖြေရှာဖို့အတွက် သွားတဲ့အခါမှာ အခြေအနေတွေက သူထင်သလောက်မရိုးရှင်းနေခဲ့ပါဘူး သူ့ကိုကားနဲ့လိုက်တိုက်ပြီး လုပ်ကြံခဲ့တဲ့ လူတွေကရောဘယ်သူတွေလဲ သူ့ဘဝအမှန်ကို ပြန်မှတ်မိသွားမှာလားဆိုတာတော့ ကိုယ်တိုင်ပဲ ...
8
TMDb: 8/10 4 votes
tv

The Tourist (2021) (1-6 END)

2022
Trial By Fire(2023) 6.333
Trial By Fire(2023) Trial by Fire (2023) Crime, Drama, Mystery IMDb 8.6/10 (1.9K)ဒီတစ်ခါတင်ဆက်ပေးမယ့် ဘောလီဝုဒ်စီးရီးလေးကတော့ တကယ်ကို ရင်ထဲထိမှန်စေမယ့် စီးရီးလေးပါပဲ။ငွေများတရားနိုင်ဆိုတာ လောကကြီးမှာ တကယ်ကိုရှိနေခဲ့တဲ့ အခြေအနေလေးတစ်ခုပါပဲ။ ပိုက်ဆံ ရာထူး အာဏာ ဒီသုံးခုဟာ လူသားတစ်ယောက်ကို လူမဆန်စွာ ပြုမူလိုက်နိုင်သလို ကိုယ်ချင်းစာတရားဆိုတဲ့ လောကကျင့်ဝတ်ကို မေ့သွားစေတတ်ပါတယ်။ဒီစီးရီးလေးက အိန္ဒိယနိုင်ငံရဲ့ကြမ္မာငင်တဲ့နေ့လေး တစ်နေ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ၁၉၉၇ခုနှစ် ဇွန်လ ၁၃ရက်နေ့က အပ်ဟာရုပ်ရှင်ရုံအကြီးအကျယ် မီးလောင်မှုဖြစ်စဉ်ထဲမှာ လူပေါင်းရာချီသေဆုံးခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ဒီအမှုဟာ သူကြွယ်ကြီးတွေနဲ့ ကြမ္မာငင်ခဲ့တဲ့ကလေးမိဘတွေအကြား နှစ်ပေါင်း၂၀ကြာ အမှုရင်ဆိုင်ခဲ့ရတဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်လေးပါပဲ။ပိုက်ဆံရှိတယ်ဆိုတိုင်း ငွေဂုဏ်မောက်ပြီး ဘာမှတာဝန်ယူမှု တာဝန်သိမှုမရှိတဲ့ လူကုံထံတွေ အကြောင်းဆိုလည်း မမှားလောက်ပါဘူး။ကဲ ဆိုတော့ ရှုစားပေးကြပါဦးနော်။Quality : 1080p NFWEB DL  / 720pTotal Episodes : 7EpsFormat : mp4Genres : Crime , Drama , MysteryDuration : ...
6.333
TMDb: 6.333/10 6 votes
tv

Trial By Fire(2023)

2023
My Lethal Man (2023)
My Lethal Man (2023) CM ကနေအမြဲမျိုးစုံသောတရုတ်ဇာတ်လမ်းတွဲတွေကိုတင်ဆက်ပေးလာတာဒီတစ်ခါမှာလည်းMy Lethal Man ဆိုတဲ့မှုခင်းတရုတ်ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Shen Man Ning နဲ့ Yan Xing Cheng တိုကလွန်ခဲ့သော (၁၇) နှစ်တုန်းကဖြေရှင်းမရတဲ့ အမှုထဲကိုပါဝင်ပတ်သက်လာဖို အကြောင်းဖန်လာခဲ့တာပေါ့။ဒီလိုနဲ့ နှစ်ဦးသား အမှုရဲ့အဖြစ်မှန်ကိုဖော်ထုတ်ကြရင်းအချစ်ဇာတ်လမ်းလေးပေါက်ဖွားလာခဲ့တာပေါ့။ကဲဒီတော့ CM ပရိသတ်ကြီးတိုရေသူတိုပါဝင်ပတ်သက်တဲ့အမှုကဘာများဖြစ်မလဲ? ဘယ်လိုတွေအချစ်ဇာတ်လမ်းလေး ဖြစ်တည်လာခဲ့လဲ?ဘယ်လိုသည်းထိတ်ရင်ဖိုဖွယ်ရာအမှုကို ဖော်ထုတ်သွားမလဲအစရှိတဲ့ မေးခွန်းပေါင်းများစွာရဲ့အဖြေတွေအတွက်ဒီဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်။ဇာတ်လမ်းထဲမှာ Shen Man Ning အဖြစ် Li Mo Zhi,Yan Xing Chengအဖြစ် Fan Zhi Xin နဲ့အစရှိတဲ့သရှပ်ဆောင်ပေါင်းများစွာ သရုပ်ဆောင်ထားပါတယ်။(အညွှန်းရေးသားထားသူကတော့ Ann Chi ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 24Format : mp4Genres : Mystery, Romance, DramaDuration : 45 min per EpisodeSubtitle : ...

My Lethal Man (2023)

2023