Channel Myanmar
Sci-fi
The Man in the High Castle(2015) Season 1 7.561
The Man in the High Castle(2015) Season 1 The Man in the High Castle(2015) Season 1 ဇာတ်လမ်းတွဲ***************************************************အပိုင်း ( ၁ မှ ၁၀   ) အထိ စ/ဆုံးThe Man in the High Castle (ရဲတိုက်ကြီးပေါ်ကလူ) ဆိုတဲ့ စီးရီးဟာအတော်လေး ထူးခြားတဲ့ စီးရီးတစ်ခုပါပဲ။Doctor Strange တို့ဘာတို့မှာကြည့်ရတဲ့ အပြိုင်စကြဝဠာ၊အချိန်ခရီးသွားခြင်းတွေလိုပါပဲ။ ဇာတ်ကောင်တွေနေနေတဲ့ ကမ္ဘာဟာကျွန်တော်တို့ရဲ့ ကမ္ဘာကြီးနဲ့မတူညီပါဘူး။ ဘာလို့မတူညီတာလဲဆိုတော့ဒုတိယ ကမ္ဘာစစ်မှာ နာဇီတွေ ဂျပန်တွေ စစ်နိုင်သွားပြီးကမ္ဘာကြီးကို ဖက်ဆစ်စနစ်နဲ့ အုပ်စိုးနေတဲ့ ကမ္ဘာကြီးဖြစ်နေလို့ပါပဲ။ဒီနေ့ခေတ်အထိ ဂျူးတွေကိုအဆိပ်ပေးသတ်ခွင့်ရှိတယ်၊ကင်ပေတိုင်တွေ SS တွေကြီးစိုးတယ်။ချွေးတပ်စခန်းတွေထားတယ်။ သေဒဏ်တွေ၊ဖမ်းဆီးနှိပ်စက်တာတွေ၊ မိသားစုလိုက်ကို ဒုက္ခပေးတာတွေအကြပ်ကိုင်တာတွေ အားလုံးကို အစိုးရက တရားဝင်လုပ်ဆောင်နေတဲ့ ကမ္ဘာပါပဲ။ဒီတော့ ဒီအစိုးရတွေကို တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့တွေ ရှိလာတာပေါ့။ဒါပေမဲ့ အင်အားအရမ်းနည်းနေပြီး ဖက်ဆစ်တွေကလည်းကမ္ဘာတစ်ခုလုံးကို အုပ်စိုးထားပြီဆိုတော့ တော်လှန်ရေးအောင်နိုင်ချေကမဖြစ်နိုင်သလိုပါပဲ။ ဒါ့အပြင် ဒီဖက်ဆစ်တွေလက်အောက်မှာကိုမှမသေရုံတမယ် ...
7.561
TMDb: 7.561/10 881 votes
tv
The Man in the High Castle(2015) Season 1
2015
Escaype Live (2022) Complete 8
Escaype Live (2022) Complete Escaype Live (2022)ဒီနေ့မှာတော့ IMDb 8.2/10 ရ အိန္ဒိယ social thriller web series ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။“Escaype Live” ဆိုတာ ဘာလဲ? အနီးစပ်ဆုံးပြောရရင်တော့ Tik Tok တို့ Instagram reels တို့လိုတရုတ်အခြေစိုက် video sharing app တစ်ခုပါပဲ။ ကိုယ်ကြိုက်တဲ့ဗီဒီယိုတွေရိုက်တင်မယ် .. live လွှင့်မယ် ..သဘောကျနှစ်သက်တဲ့သူတွေက အသည်းလေးတွေပေးမယ် ..တချို့ပိုကဲတဲ့သူတွေကကျ ပိုက်ဆံနဲ့ပေးဝယ်ရတဲ့စိန်တုံးတွေဝယ်ပေးမယ်။ဒီမှာဘာပိုမက်မောစရာဖြစ်သွားလဲဆိုတော့ စိန်တုံးရတဲ့သူတွေကကိုယ်ရတဲ့စိန်တုံးအရေအတွက်အလိုက်ပိုက်ဆံရမှာဖြစ်ပြီး အဲဒီပိုက်ဆံကိုတော့ ကုမ္ပဏီနဲ့ 50-50 ခွဲဝေယူရမှာပါ။ ဒီလိုအပေါ်ယံကြည့်မယ်ဆိုရင်တော့ဒီ App ကသုံးပျော်စရာပေါ့ .. ကိုယ်နှစ်သက်ရာကိုလည်း လူတွေနဲ့ဝေမျှလို့ရမယ် ပိုက်ဆံလည်းရမယ်ဆိုတော့ .. ။“ဖုန်းရှိတဲ့သူတိုင်း စတားတစ်ယောက်ဖြစ်နိုင်ပါတယ်” ဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားတဲ့ဒီကုမ္ပဏီက တစ်နေ့မှာတော့ တစ်လအတွင်း စိန်တုံးအများကြီးရတဲ့ပါရမီရှင်ကို ရူပီး သန်း 30 ဆုချမယ်ဆိုပြီးမက်လုံးပေးကြေညာလိုက်ပါတော့တယ်။ အကဝါသနာရှင်, prank လုပ်ရတာပျော်တဲ့သူ, ...
8
TMDb: 8/10 1 votes
tv
Escaype Live (2022) Complete
2022
Grid(2022) 10
Grid(2022) Grid(2022)Disney+ ကနေ ထွက်ရှိလာတဲ့ Kdrama လေးလာပါပြီRo-com ဇာတ်လမ်းတွေကနေ ခွဲထွက်ပြီးကြည့်လိုတဲ့Kdrama fan များအတွက် မဖြစ်မနေကြည့်ရှုသင့်တဲ့Action,Sci-fi,Thriller အမျိုးအစားပဲဖြစ်ပါတယ်၁၉၉၇ ခုနှစ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ တစ္ဆေတစ်ကောင်ဟာလူသားတွေကို ကယ်တင်ပြီး ပျောက်ကွယ်သွားခဲ့ပါတယ်ဒီလိုနဲ့ နောက်ထပ် ၂၄ နှစ်ကြာတဲ့အခါ ထပ်မံပေါ်ထွက်လာပြီးကွင်းဆက်လူသတ်သမား ကင်မန်နော့ကို လွတ်မြောက်အောင်ကယ်တင်ပေးခဲ့ပါတယ်လျှို့ဝှက်အမှုစုံစမ်းစစ်ဆေးရေးက စုံထောက်တွေဖြစ်ကြတဲ့ဂင်ဆယ်ဟာ၊ဂျန်ဆယ်ဗြောနဲ့ ဆုန်းအူဂျင်းတို့ကဒီအမှုကို ဘယ်လိုဖော်ထုတ်ကြမှာလဲလူသားနဲ့ တစ္ဆေတစ်ကောင်ကြားက အားပြိုင်မှုတွေကိုစောင့်ကြည့်ရမှာ ဖြစ်ပါတယ်Episode-10 ပိုင်းပါဝင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းChannel Myanmar ကနေ တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်(အညွှန်းကိုတော့ Amelia မှရေးသားထားပြီးဘာသာပြန်ဆိုသူများကတော့ Shwe Pyae,Shwe Pwint,Amelia,Yunniတို့ပဲ ဖြစ်ကြပါတယ်) File Size – 312MB @Episode / 681MB @Episode Quality – 720 AAC 2.0 / 1080p AAC 2.0CHDuration – 48minute (@Episode)Total Episodes: 10Subtitle ...
10
TMDb: 10/10 2 votes
tv
Grid(2022)
2022
Severance (2022) 7.1
Severance (2022) အလုပ်ခေါ်စာတွေထဲမှာ မိသားစုအလုပ်လေးပါတို့၊ ဝိုင်းလုပ်ဝိုင်းစားတို့၊ အောက်သက်ကြေအောင် သင်ပေးမှာပါတို့နဲ့ ချင်းတွေထည့်ခံရဖူးကြသေးလား။ Apple tv+က နာမည်ကြီးနေတဲ့ series လေးကိုကြည့်ကြည့်လိုက်ပါ။ Lumon ဆိုတဲ့ ကုမ္ပဏီလေးအကြောင်းပေါ့။ အလုပ်သမားတွေကို စေတနာနဲ့ အလုပ်ချိန်မှာ တောင်တောင်အီအီမတွေးနိုင်အောင် ဦးနှောက်ကို ခွဲစိတ်ပေးထားလိုက်ပါတယ်။ အလုပ်ချိန်မှာ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘာမှမမှတ်မိသလို၊ အပြင်ကိုရောက်ရင်လည်း အလုပ်ထဲကကိစ္စတွေ ဘာမှမမှတ်မိတော့ပါဘူး။ ဘယ်လောက်အလုပ်ဖြစ်လဲ။ Mark ဆိုတဲ့လူငယ်တစ်ဦးဟာ သူ့မိန်းမဆုံးသွားတဲ့အတွက် ပူ‌ဆွေးမှုကို သက်သာအောင် Severanceဆိုတဲ့ ခွဲစိတ်မှုကို ပြုလုပ်ပြီး Lumon ဆိုတဲ့ အဲဒီ ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Lumon ကုမ္ပဏီဆိုတာကလည်း အများထင်သလို မဟုတ်ဘဲအထဲမှာရော ဘာတွေဖြစ်ပျက်နေတာလဲ? သူ့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ဘဝရယ် ကုမ္ပဏီရဲ့လျို့ဝှက်ချက်တွေရယ် တဖြည်းဖြည်းပေါ်လာတာကို ပဟေဠိအနေနဲ့ ကြည့်ရှုရမှာပါ။နာမည်ကြီး သရုပ်ဆောင် Ben Stiller ကဒါရိုက်တာအနေနဲ့ရိုက်ကူးထားတဲ့ thriller series ဖြစ်ပြီး Adam Scott,Brit Lower ...
7.1
TMDb: 7.1/10 11 votes
tv
Severance (2022)
2022
Snowpiercer ( 2020 to 2022 ) Season 1 + 2 + 3 8
Snowpiercer ( 2020 to 2022 ) Season 1 + 2 + 3 Parasite ကားနဲ့ အော်စကာ ရခဲ့တဲ့ ဒါရိုက်တာကြီး ဘွန်ဂျိုဟိုရဲ့ နာမည်ကျော်လက်ရာ တစ်ခု ကြည့်ခဲ့ဖူးလား မသိဘူး။ Snow Piercer လို့ ခေါ်တဲ့ ရုပ်ရှင်ပါ။အခု အဲဒီဇာတ်လမ်းကိုပဲ စီးရီးအနေနဲ့ ရိုက်ကူးထားပါပြီ။ တစ်ပတ်ကို တစ်ပိုင်း ထွက်တာမို့ အပတ်စဉ် တင်ပေးထားတာပါ။စနိုးပီရာဆာ မကြည့်ဖူးသေးတဲ့လူတွေအတွက် အကျဉ်းလေး ပြောပြပါ့မယ်။အနာဂါတ်ကာလတစ်ခုမှာ ကမ္ဘာကြီး တစ်ခုလုံး အနုတ် ၁၁၉ ဒီဂရီအထိ အေးခဲသွားပြီး တစ်ကမ္ဘာလုံးမှာ သက်ရှိတွေအကုန် သေဆုံးသွားပါပြီ။ဒါပေမယ့် ဒီအဖြစ်ကို ကြိုမြင်တဲ့ ဝဲလ်ဖို့ဆိုတဲ့ လူကြီးက အတွဲပေါင်း ၁၀၀၁ တွဲ ပါတဲ့ ဧရာမ ရထားကြီးကို တည်ဆောက်ထားခဲ့တယ်။အဲဒီရထားကြီးကို လုံးဝမရပ်နားဘဲ ကမ္ဘာကြီးကို တစ်ပတ်ပြီး တစ်ပတ် ပတ်နေခဲ့တာ ၇ နှစ်တိုင်လာခဲ့တယ်။ရထားမောင်းနေတဲ့ အရှိန်ကနေ စွမ်းအင်ကိုထုတ်ပြီးသုံးတယ်။ ရထားတွဲတွေမှာ စိုက်ပျိုးရေး မွေးမြူရေးတွေ အကုန်ပါတယ်။ကမ္ဘာပျက်ချိန်မှာ အဲဒီရထားပေါ်ကို ...
8
TMDb: 8/10 36 votes
tv
Snowpiercer ( 2020 to 2022 ) Season 1 + 2 + 3
2020
Touch (2012) 6.6
Touch (2012)  ရုပ်ရှင်စီးရီးတွေထဲမှာ လူတိုင်းကြည့်ဖူးပြီး ကြိုက်ကြတဲ့ နာမည်ကျော်စီးရီးတွေရှိသလို စီးရီးချစ်သူတစ်ယောက်ချင်းစီမှာ သီးခြားအကြိုက်ဆုံးလေးတွေ ရှိတတ်တာပါပဲ။ ဒါကတော့ အက်မင်ရဲ့ ကိုယ်ပိုင် ဖေးဘရိတ်စီးရီးပါပဲ။ တင်ပေးချင်ပေမဲ့ မအားတာနဲ့ အကြောင်းအမျိုးမျိုးနဲ့ နောက်ဆုတ်နောက်ဆုတ်ဖြစ်နေတာပါ။ အခုတော့ အစအဆုံးတင်ပေးပါတော့မယ်။ စုစုပေါင်း စီစန် ၂ ခုပဲ ရှိပြီး တစ်ခုကို ၁၃ ပိုင်းပဲရှိပါတယ်။ Manifest လို ပဟေဠိဆန်တဲ့စီးရီးမျိုးကိုကြိုက်တဲ့သူတွေအတွက်ပါပဲ။၂၀၁၂ခုနှစ်က ပြသခဲ့တာဖြစ်ပြီး IMDb 7.4 အထိရခဲ့ပါတယ်။ကမ္ဘာမြေကြီးပေါ်မှာ တည်ရှိနေမှုတွေ ဖြစ်ပျက်နေမှုတွေက ပရမ်းပတာ ကျပန်းဖြစ်ပျက်နေတယ်လို့ ထင်ပါသလား? တကယ်လို့ စကြဝဠာကြီးရဲ့ဖွဲ့စည်းပုံ၊ ပန်းကလေးတွေရဲ့ဝတ်ဆံ၊ ခရုခွံလေးတွေရဲ့ အရစ်လေးတွေကအစ ကိန်းဂဏန်းတွေနဲ့ ဆက်စပ်ပြီးတိကျစွာဖြစ်တည်နေတယ်ဆိုရင်ရော? ဒါဆိုရင် အဲဒီ ကိန်းဂဏန်းတွေအတွက် တိကျတဲ့ ကိန်းစဉ်လေးတစ်ခုရှိပါလိမ့်မယ်။ အဲဒီကိန်းစဉ်နဲ့ ကမ္ဘာကြီးတစ်ခုလုံးရဲ့ လှပတဲ့ဆက်နွယ်မှုကြီးကို မြင်နိုင်စွမ်းရှိလာတဲ့အခါ ဒီနေ့ လူဘယ်နှယောက်မွေးဖွားမယ်၊ဘယ်နှယောက်သေဆုံးမယ်၊ လူတွေ စကားဘယ်နှခွန်းပြောပြီး၊ စာဘယ်နှစောင်ပို့ကြမယ်ဆိုတာကို ကြိုတင်ဆုံးဖြတ်နိုင်လာပါလိမ့်မယ်။ အလွယ်ပြောရရင် အနာဂါတ်ကို အလှပဆုံးနည်းလမ်းနဲ့ ကြိုတင်တွက်ဆနိုင်သွားပါလိမ့်မယ်။ ဥပမာ ...
6.6
TMDb: 6.6/10 195 votes
tv
Touch (2012)
2012
Raised by Wolves Season 1+2 (2020-2022)
Raised by Wolves Season 1+2 (2020-2022) HBO ရဲ့ စီးရီး အသစ်တစ်ခု လာပါပြီ။ HBO စီးရီးအများစုက ကောင်းတတ်တယ် ဒါကိုလည်းမျှော်နေတာ ကြာပါပြီ။ ထွက်လာတော့လည်း တကယ်ကောင်းတာမို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲဖြစ်ပြီး အနာဂါတ်မှာ အခြေတည်ထားပါတယ်။ ခုနှစ ၂၁၅၀ ဝန်းကျင်မှာ ဖန်ဆင်းရှင်ကိုယုံကြည်သူတွေနဲ့ ဘာသာမဲ့တွေ စစ်ပွဲကြီး ဖြစ်ပြီး ကမ္ဘာပျက်သွားခဲ့ပါတယ်။ ယုံကြည်သူတွေဘက်ကတော့ အနိုင်ရခဲ့တာပေါ့။ အဲဒီ ကိုးကွယ်သူတွေကတော့ သမ္မာကျမ်းစာထဲက နောဧရဲ့ လှေကြီးဖြစ်တဲ့ Ark ဆိုတဲ့နာမည်နဲ့ ယာဉ်ကြီးတွေ တည်ဆောက်ပြီး အာကာသထဲကို လွတ်မြောက်သွားခဲ့ပါတယ်။ သီးသန့်ရွေးချယ်ထားတဲ့ လူတွေ၊ တိရစ္ဆာန်တွေနဲ့ ကမ္ဘာသစ်ကို ရှာဖွေဖို့ပါပဲ။ စစ်ရှုံးခဲ့တဲ့ ဘာသာမဲ့တွေဘက်ကလည်း စက်ရုပ် ၂ ရုပ် ထွက်ပြေးလွတ်မြောက်လာပြီး သူတို့နဲ့အတူ သန္ဓေသားလောင်း ၈ ခု ပါလာခဲ့ပါတယ်။ ဂြိုလ်တစ်ခုမှာ အခြေချပြီး အဲဒီကလေးတွေကို စက်ရုပ်အမက ကိုယ်ဝန်ဆောင်ပြီး မွေးဖွားခဲ့ပါတယ်။ ...
Raised by Wolves Season 1+2 (2020-2022)
Bulgasal: Immortal Souls (2021)
Bulgasal: Immortal Souls (2021) Bulgasal : Immortal souls (2021)Dan hwal (Lee Jin-Wook)ကအမြဲတမ်းထာဝရရှင်သန်နေတဲ့ လွန်ခဲ့သောနှစ်ပေါင်း 600 က လူသားတစ်ဦးဖြစ်ပါတယ် ရှေးခေတ်မှာ တပ်မှူးတစ်ယောက်အဖြစ် တာဝန်ကို ထမ်းဆောင်နေပြီး နှစ်ပေါင်း 600 လုံးလုံး မသေနိုင်ခဲ့ပါဘူးMin Sang Woon(Kwon Na-Ra) ကလည်းမသေနိုင်တဲ့လူဖြစ်ခဲ့‌ပေမယ့် အခုတော့ သူမက လူသားအဖြစ်ကို ပြန်လည်ဝင်စားပြီးတော့ လူသားအဖြစ် နေထိုင်‌နေပါတယ် သူမရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုကို ဖြတ်သန်းပြီးတော့ သူမရဲ့ တကယ့်နာမည်နှင့် အထောက်အထား‌တွေကို ပြောင်းလဲပြီး နေထိုင်နေခဲ့ပါတယ် သူမရဲ့ကြေကွဲစရာအဖြစ်အပျက်ကို လက်စားချေဖို့ ပြင်ဆင်ရင်း လျှို့ဝှက်စွာ နေနေခဲ့ပါတယ် အတိတ်မှာ Dan Sol က Dan Hwal ရဲ့ ဇနီးဖြစ်ခဲ့ပြီး သူမမှာ ထူးခြားမှုတစ်ခုရှိနေပါတယ်Ok Eul Tae ကလည်း Dan Hwal လိုမျိုး မသေနိုင်တဲ့လူသားပါ ဒါပေမယ့် သူကတော့ သေရမှာကိုမကြိုက်တဲ့သူ၊ ဒီလိုရှင်သန်နေရတာကို ပျော်မွေ့နေတဲ့သူပါအဲ့တော့ သူက ဗီလိန်ဖြစ်လာမှာလား...မွေးကတည်းက ကျိန်စာတိုက်ခံရပြီး သေခြင်းမှ ...
Bulgasal: Immortal Souls (2021)
2021
Chosen (2022) 5.0
Chosen (2022) Chosen (2022)===========ဒါက​တော့ ဒီ​​နေ့ထွက် Drama, Sci-fic, Mystery series အသစ်ဖြစ်ပြီးEpisode 6ပိုင်းပါဝင်တဲ့ ဒိန်းမတ်seriesတစ်ခုပဲဖြစ်ပါတယ်၊ Middleboဆိုတဲ့မြို့​လေးဟာ အရင်က အင်မတန်စည်ကားတဲ့ သင်္ဘောကျင်းမြို့ဖြစ်​ပေမဲ့ သင်္ဘောကျင်းပိတ်သွားပြီး​နောက် အင်မတန်​ခေါင်တဲ့ မြို့​လေးဖြစ်သွားပါတယ်။ဒါ​​ပေမဲ့ လွန်ခဲ့တဲ့၁၇နှစ်က မြို့​ပေါ်ကို ဥက္ကာခဲတစ်ခုပြုတ်ကျပြီး မြို့ရဲ့ကံကြမ္မာကလည်း ​နေ့ချင်းညချင်း​ကြီး ပြောင်းလဲသွားပြီး ခရီးသွားမြို့ကြီးအဖြစ် အသွင်​ပြောင်းသွားပါတယ်။ဒါ​ပေမဲ့ဒီဥက္ကာခဲဟာ ​​သွေးရိုးသားရိုးမဟုတ်ဘဲ ကမ္ဘာ​မြေပြင်ပ သက်ရှိမျိုးစိတ်နဲ့ ဂြိုလ်သား​တွေနဲ့ ပတ်သတ်​နေပြီး မျိုးစုံ​သော သဘာဝလွန်ဖြစ်တည်မှု​တွေနဲ့ သက်ရှိ​တွေ Middlebo မြို့​​မှာ ဖြစ်လာတဲ့အခါ ဇာတ်လိုက် Emmaနဲ့ သူငယ်ချင်း ၅​ယောက် တို့ မိမိဇာတိမြို့ကို ဂြိုလ်သား​တွေရန်မှ ကာကွယ်ဖို့ အ​ကြောင်း ဖန်လာပါ​တော့တယ်။(ဒီဇာတ်လမ်းဟာ စုစုပေါင်း(၆)ပိုင်းတစ်ပြိုင်တည်းထွက်ထားပါတယ်။) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size - (330 MB) Quality – WEBRIP 720p Duration - 40 mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Sci-Fi, Mystery Translator ...
5.0
TMDb: 5.0/10 1200 votes
tv
Chosen (2022)
2022
Archive 81 (2022) (1-8 END) 7.2
Archive 81 (2022) (1-8 END)  Sci- ficဆိုတာမျိုးကို သ​ဘောကျ၊ Mysteryဆိုရင် မ​​နော​ခွေ့ Horror​ ပါမှ ကြည့်ရတာမြိန်တဲ့ CM ပရိတ်သတ်​တွေအတွက် ဒီ​နေ့ထွက်Netflix seriesအသစ်ကို တင်ဆက်​​ပေးလိုက်ပါတယ် Series နာမည်က​တော့ Archive 81 ဖြစ်ပြီး IMDb rating 7.4 ရရှိထားပါတယ်ဒန်တာနာက တိပ်​ခွေပြုပြင်ကျွမ်းကျင်ပညာရှင် တစ်​ယောက်ဖြစ်ပြီး နယူး​ယောက်ပြတိုက်မှာ အလုပ်လုပ်တဲ့သူပါ၊ တစ်​နေ့မှာ သူ့ဆီကို LMGလုပ်ငန်းစုဆိုတဲ့ ကုမ္ပဏီက တိပ်​ခွေတစ်​ခွေ လာအပ်ပါတယ်၊ တိပ်​ခွေကို ပြင်ဆင်ပြီး ဖွင့်ကြည့်လိုက်တဲ့​နောက်မှာ ၁၉၉၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဗစ်ဆာApartment မီး​မ​​​လောင်ခင်အချိန်က ရိုက်ကူး ထားတဲ့ မှတ်တမ်းဗီဒီယိုဖြစ်​နေခဲ့ပါတယ်မီးဒဏ်​ကြောင့် လုံးဝမရနိုင်​တော့ဘူးထင်တဲ့ တိပ်​ခွေကိုပြန်ပြင်နိုင်တဲ့ တာနာရဲ့အစွမ်း​ကြောင့် ဗစ်ဆာကိုLMGကုမ္ပဏီက​နေ မက်လုံး​ပေးပြီး ဗစ်ဆာတိုက်ခန်းမီး​လောင်မှုရဲ့ ​နောက်ဆက်တွဲတိပ်​ခွေ​တွေကို LMG ရဲ့ သီးသန့်​မြေကွက်တစ်ခုတည်းမှာ တစ်​ယောက်တည်း သွားပြင်ခိုင်း ခဲ့ပါတယ်တိပ်​ခွေ​တွေကို ပြင်ဆင်ရင်းနဲ့ ဗစ်ဆာတိုက်ခန်းကြီးရဲ့ မီး​​​​လောင်မှုက ​သွေးရိုးသားရိုး​မဟုတ်ဘဲ ​များစွာ​လေးနက်ပြီး ကြောက်မက်ဖွယ်၊ ပ​ဟေဠိဆန်ဆန် လျှို့ဝှက်ချက်​ပေါင်းများစွာ ရှိ​နေသလို တာနာရဲ့ မိသားစု​နောက်​ကြောင်းနဲ့ပါ ပတ်သတ်​နေတဲ့အခါဗစ်ဆာတိုက်ခန်းကြီးရဲ့ မီး​​​လောင်မှု​နောက်ကွယ်မှာ ရှိ​နေတာ လူလား နာနာဘာဝလား၊ ဘယ်​လောက်ထိ ဆိုးရွားတဲ့အဖြစ်အပျက်​တွေ အဲဒီ တိုက်ခန်းမှာ ဖြစ်ခဲ့တာလဲ၊ နှစ်​ပေါင်းများစွာကြာပြီဖြစ်တဲ့ ...
7.2
TMDb: 7.2/10 11 votes
tv
Archive 81 (2022) (1-8 END)
2022
The Silent Sea ( 2021 )
The Silent Sea ( 2021 ) မှင်စာဦးဦးနဲ့အတူ လကမ္ဘာကိုသွားဖို့စောင့်နေကြတဲ့ CM ပရိသတ်ကြီးအတွက်သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်တဲ့ The Silent Sea ဆိုတဲ့ဇာတ်ကားလေးကတော့ ထွက်ရှိလို့လာပါပြီ။ ကမ္ဘာမြေပေါ်မှာ တဖြည်းဖြည်းကုန်ဆုံးသွားတော့မယ့် သဘာဝရင်းမြစ်တွေရဲ့ပြဿနာကိုအဖြေရှာဖို့အတွက် ကပ္ပတိန် Han Yoon-jae ဦးဆောင်တဲ့အဖွဲ့ဟာလကမ္ဘာပေါ် မှာရှိတဲ့ သုတေသနစခန်းတစ်ခုမှာ ဇီဝပစ္စည်းတစ်ခုကို သွားယူဖို့တာဝန်ပေးအပ်ခြင်းခံလိုက်ရပါတယ်။ လကမ္ဘာပေါ် စွန့်စွန့်စားစားသွားခဲ့ပြီးနောက်သုတေသနစခန်းအဟောင်းကြီးထဲမှာ ကြောက်စရာကောင်းတဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေ နဲ့ ထိတ်လန့်စရာကိစ္စတွေကို တွေ့ကြုံလိုက်ရတဲ့အခါဒီကိစ္စတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို အဖြေရှာဖို့ကြိုးစားကြမလား ?သူတို့မစ်ရှင်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်သွားမလား ?အန္တရာယ်တွေကြား သူတို့အဖွဲ့ဝင်တွေရော ဘေးကင်းနိုင်ကြမလား ?ဆိုတာကိုတော့ ဒီကားလေးထဲမှာ ရင်တဖိုဖိုနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။လကမ္ဘာကိုသွားမယ့် အာကာသယာဥ်မှူးတွေအဖြစ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Gong Yoo ၊ Bae Doona ၊Lee Joon ၊ Heo Sung Tae ၊ Lee Moo Saeng နဲ့ Kim Sun Young ...
The Silent Sea ( 2021 )
2021
Hellbound (2021) 10
Hellbound (2021) Hellbound (2021)အားလုံးမျှော်လင့်နေကြတဲ့ Hellbound ကတော့ ထွက်ရှိလို့လာပါပြီHellbound ဆိုတာ ဘယ်လိုဇာတ်လမ်းမျိုးလဲ??Webtoon ကို အခြေခံထားပြီး နာမည်ကြီး Train to Busan ရုပ်ရှင်ရဲ့ ဒါရိုက်တာ ကိုယ်တိုင် ရိုက်ကူးပုံဖော်ပေးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ် ဒါရိုက်တာတင် နာမည်ကြီးရုံမကပါဘူး Yoo Ah In,Woo jin A,Kim Hyun Joo စတဲ့ နာမည်ကြီးမင်းသားမင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတာမလို့ ပရိတ်သတ်အားလုံး အကြိုက်တွေ့စေမှာ သေချာပါတယ်"မင်းမကြာခင်သေဆုံးတော့မယ်" ဆိုတဲ့ စကားကိုကြားမိရင် တုန်လှုပ်မိမှာလား ဒါမှမဟုတ် မဖြစ်နိုင်တဲ့ ပေါက်ကရစကားတွေကို နားကြားမှားတာလို့ ထင်မိကြမှာလား????ဒီဇာတ်လမ်းလေးမှာတော့ လူတွေဟာ သူတို့သေဆုံးတော့မယ်ဆိုရင် ကြိုတင်နိမိတ်ပြတဲ့အနေနဲ့ "မင်းမကြာခင်သေဆုံးတော့မယ်"ဆိုတဲ့စကားကို ကြားရလေ့ရှိပါတယ် အဲ့လိုကြားပြီး သေဆုံးမဲ့အချိန်မှာမှ ငရဲသားတမန်တော်က သူတို့ရှေ့မှာပေါ်လာပြီးတော့ သူတို့ကိုသတ်ပစ်တာပါဇာတ်ကောင်တွေကို မိတ်ဆက်ကြည့်ရအောင်...Jung Jin Soo ကတော့ ဘာသာရေးအသင်းအဖွဲ့ အသစ် Saejinrihwe ရဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ် သူက ဒီငရဲသားတမန်တော်တွေက ငရဲကလာတဲ့အကြောင်း ဘုရားသခင်ရဲ့တည်ရှိမှုကိုဖော်ပြတဲ့အကြောင်း စတဲ့ ဘာသာရေးအယူဝါဒတွေကို ဟောပြောတဲ့သူပါJin Soo ...
10
TMDb: 10/10 1 votes
tv
Hellbound (2021)
2021
Into the Night Season 2(2021) Complete 7.5
Into the Night Season 2(2021) Complete Into The Night (2021) ၂၀၂၀ခုနှစ်မှာ ကမ္ဘာတစ်ဝန်းက အက်ရှင်သိပ္ပံကားကြိုက်သူများကို သိမ်းသွင်းခဲ့တဲ့ "Into The Night"ဟာ Season 2 ထွက်ရှိလာပြီဖြစ်ပါတယ်။Rating လည်းမြင့်ပြီး ဝက်ဝက်ကွဲ​အောင်မြင်ခဲ့တဲ့​ကား​လေးကို မသိသူမရှိ​လောက်​​ပေမယ့် အမြည်းဇာတ်ညွှန်း​လေး​တော့ ရေး​ပါရ​စေဗျာ။အကယ်၍များ ကျွန်​တော်တို့သက်ရှိ​သတ္တဝါတွေကို နေလုံးကြီးက လိုက်သတ်​နေရင် ဘယ်လိုလုပ်ကြမလဲဗျ။ကျွန်​တော်တို့ အသက်ရှင်နိုင်ကြပါ့မလား။အသက်ရှင်တယ်ဆိုရင်​တောင် ရှင်သန်လှုပ်ရှားဖို့ဖြစ်နိုင်ပါ့မလား။ဘယ်လိုစား​သောက်​နေထိုင်ကြမှာလဲ။စဥ်းစားကြည့်​တော့လည်း မဖြစ်နိုင်သလိုပဲ​နော်။ဒါ​​ပေမယ့် ဒီကား​လေးက အ​ပေါ်ကမေးခွန်း​တွေကို အ​ခြေခံပြီး ရိုက်ကူးထားပါတယ်။နေ​ရောင်​ကွယ်တဲ့ မြေ​အောက်စခန်းထဲက မွန်းကြပ်မှု​တွေ အသက်ရှင်နိုင်ဖို့ ရုန်းကန်ရတာ​တွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။Season 1 မှာ​ လေယာဥ်တစ်စီးနဲ့ ကမ္ဘာပတ်​ပြေးခဲ့ရတဲ့ လူတစ်ခုဟာ အခု season 2 မှာ​တော့ မြေ​အောက်စစ်တပ်စခန်းတစ်ခုမှာ နေရာကျသွားကြပါပြီ။ဒါ​ပေမဲ့ အခက်အခဲ​တွေ​တော့ရှိ​​နေပါ​သေးတယ်။ သို​​လှောင်ထားတဲ့ ရိက္ခာများပျက်စီးမှု​​ကြောင့် ငတ်မွတ်​ခေါင်းပါးမှု​ဘေးနဲ့ကြုံ​တွေ့နေရပါတယ်။ရွေးချယ်စရာရှိတာက မြေ​​အောက်မှာ အစာပြတ်လတ်ပြီး​​သေမလား မြေပြင်​ပေါ်တက်ပြီး စွန့်စားကြမလားဆိုတာပါပဲ။ဒါ​ကြောင့်သူတို့ဟာ နော်​ဝေနိုင်ငံမှာရှိတဲ့ မျိုး​စေ့တွေကို လေယာဥ်နဲ့သွားယူဖို့ ဆုံးဖြတ်လိုက်ကြတယ်။အဲ့​တော့နေ​လုံးကြီးရဲ့ အန္တရာယ်ကို​ရှောင်ကွင်းပြီး ...
7.5
TMDb: 7.5/10 259 votes
tv
Into the Night Season 2(2021) Complete
2020
Into the Night (2020) Season 1[COMPLETE] 7.6
Into the Night (2020) Season 1[COMPLETE] နက်ဖလစ်ရဲ့ စီးရီးအသစ်လေး တစ်ခု တင်ပေးထားပါပြီ။  ဒီကားကတော့ Survival အမျိုးအစားပါပဲ။ကပ်ဘေးတစ်ခုကနေ အသက်ရှင်အောင် ကြိုးစားရတာမျိုးပေါ့။  ကပ်ဘေးကတော့ နည်းနည်းဆန်းပါတယ်။တစ်ကမ္ဘာလုံးက လူတွေအားလုံး နေရောင်နဲ့ ထိတာနဲ့ သေဆုံးကုန်ပါတယ်။အိမ်တွေထဲမှာနေတာတောင် မရပါဘူး။ဒီတော့ အဲဒီကပ်ဘေးစတင်ချိန်မှာ ကမ္ဘာကြီးရဲ့ နေမထွက်သေးတဲ့နိုင်ငံကလူတွေလည်း အသည်းအသန် ထွက်ပြေးဖို့ပုန်းခိုဖို့တွေလုပ်ပြီး ကမ္ဘာပျက်ကိန်းကြီး စလာပါတော့တယ်။ဒီထဲက အဓိက ဇာတ်ကောင်တွေကတော့ လေယာဉ်တစ်စီးထဲ စီးမိတဲ့ သူတွေဖြစ်ပြီး ကမ္ဘာက နေကိုပတ်နေတဲ့လမ်းကြောင်းနဲ့ဆန့်ကျင်ဘက်ကို တစ်ဆင့်ပြီးတစ်ဆင့် ပတ်ပြေးဖို့ ကြိုးစားကြပါတော့တယ်။ဇာတ်လမ်းနာမည် ဖြစ်တဲ့ Into the night ဆိုတာ ဒါပါပဲ။ညဆီကို တိုးမဝင်နိုင်ဘဲ ကျန်ခဲ့တဲ့ လူအားလုံး သေရပါလိမ့်မယ်။ဒီကပ်ဆိုးကနေ ဘယ်လိုအလွတ်ရုန်းကြပြီးဘယ်လို အဖြေရှာကြမလဲဆိုတာ ကြည့်ရမှာပါပဲ။၆ ပိုင်းပဲ ရှိတာမို့ ဆက်တိုက်စဆုံး တင်ပေးသွားပါ့မယ်။(ဘာသာပြန်တင်ဆက်ထားသူကတော့ Littleneo ပဲ ဖြစ်ပါတယ်)Quality – 720p NF WEB-DLDuration – 40min (@Episode)Subtitle ...
7.6
TMDb: 7.6/10 28 votes
tv
Into the Night (2020) Season 1[COMPLETE]
2020
Disney Intertwined (Entrelazados Season1+2 ) (2021) Complete 8
Disney Intertwined (Entrelazados Season1+2 ) (2021) Complete Disney က ၂၀၂၁ ခုနှစ်က ပြသခဲ့တဲ့ Fantasy/musical/drama အမျိုးအစား စပိန်စီးရီးလေးက Season 2 ထွက်ရှိလာပါပြီ။ IMDB 6.8/10, Rotten Tomatoes 92 % ရရှိထားတဲ့ ဒီစပိန်စီးရီးလေးမှာ လူငယ်သရုပ်ဆောင်လေးတွေရဲ့ ငယ်ရွယ် ဆန်းသစ်မှုတွေကို သီချင်းလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်း Season 1 မှာတုန်းက မှော်လက်ပတ်ကိုအမှတ်မထင်ရရှိသွားပြီး အယ်လေဂရာတစ်ယောက် အမေဖြစ်သူရဲ့ငယ်ရွယ်စဉ် ၁၉၉၄ခုနှစ်ကို အချိန်ခရီးသွားခဲ့ရာက သိချင်တာတွေကို သိခဲ့ရပြီးနောက်မှာတော့ အမေနဲ့ အဘွားနဲ့ သုံးယောက်သား ဆက်ဆံရေးပြန်လည် ကောင်းမွန်သွားခဲ့ပါတယ်။ဒါပေမယ့် အံ့ဩစရာကောင်းလောက်အောင် ၁၉၉၄ ခုနှစ်က မာကိုတစ်ယောက် မှော်လက်ပတ်ကို ရရှိပြီး အယ်လေဂရာရှိရာ ၂၀၂၁ ခုနှစ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ချိန်မှာတော့ အယ်လေဂရာနဲ့ သူ့သူငယ်ချင်း ဖီးလစ်တို့ ကြံရာမရ ဖြစ်ကုန်ကြပါတော့တယ်။ မာကို့ကို လူမမြင်ဖို့အရေး ကြံစည် တွေးတောကြရင်း ...
8
TMDb: 8/10 39 votes
tv
Disney Intertwined (Entrelazados Season1+2 ) (2021) Complete
2021
Dark Hole(2021) 8
Dark Hole(2021) Dark Hole(2021)အညွှန်း*********************အပိုင်းသစ်(၁ မှ ၁၂ ထိ ) စ/ဆုံးဒီစီးရီးက ကားနာမည်နဲ့လိုက်အောင် အမှောင်လောကနဲ့ ပြည့်နှက်နေပုံပဲ...ဇာတ်လမ်းတွဲစစချင်းမှာကိုမင်းသားနဲ့မင်းသမီးဟာ ဖုတ်ကောင်တွေနဲ့ သတ်ြဖတ်ပြေးလွှားနေတဲ့အခန်းနဲ့စထားတယ်...ဘယ်လိုတွေကြောင့် ဖုတ်ကောင်တွေဖြစ်လာတယ်.. ဒီအကောင်တွေရဲ့ အားနည်းချက် အားသာချက်တွေကိုတော့မဖော်ထားသေးဘူး..ြမို့ကြီးမှာ လူမိုက်တွေပေါနေသလို အယူသီးလွန်းတဲ့ နတ်ကိုးကွယ်သူ လူတွေလည်းများပြားလှတယ်....ထူးထူးဆန်းဆန်းလူသတ်မှုတွေ ဆက်တိုက်ရှိနေသလို ရဲတွေကလည်း တရားခံအမှန်ထွက်ပေါ်ရေး အသည်းအသန်ကြိုးစားနေကြတယ်....Dark Hole ဆိုတာကြီးကို အနည်းငယ်ပြထားသလို လူတွေကို ဝင်ပူးတဲ့ ဖြစ်ရပ်တွေလည်း တစ်စွန်းတစ်စပြထားတယ်..ပြောရရင် တော်တော်ကြမ်းမဲ့ဇာတ်လမ်းတွဲလို့ဆိုရမယ်....အချစ်စီးရီးတွေအနည်းငယ် ငြီးငွေ့နေတဲ့သူတွေအတွက်ရွှေလို့ပြောရမလားပဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ရအောင်ဗျား..... Native Title: 다크홀Also Known As: Dakeuhol , Another Class , 어나더 클래스 , eonadeo keullaeseuDirector: Kim Bong JooScreenwriter: Jung Yi DoGenres: Action, Thriller, Mystery, Sci-FiTranslated by Lwin Lwin Aung, Ei Phyu Khin  , Khine Khine Wai &Dalla MyoEncoded by Phyo Pyae  Episode ...
8
TMDb: 8/10 1 votes
tv
Dark Hole(2021)
2021
The Book of Boba Fett (2021) Season 1 8.5
The Book of Boba Fett (2021) Season 1 Star Wars ထဲက နာမည်ကြီး ဇာတ်ကောင်တစ်ကောင် ဖြစ်တဲ့ ဘိုဘာ ဖက်ထ်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ စီးရီးအသစ်ဖြစ်ပါတယ်။ ဘိုဘာဖက်ထ်ကတော့ နာမည်ကြီး ကြေးစားမုဆိုးပါပဲ။ မန်ဒါလိုရီးရန်းလည်း ဖြစ်ပါတယ်။ မန်ဒါလိုရီးရန်းတွေက ကျည်မတိုးတဲ့ ချပ်ဝတ်တွေ ဝတ်ပြီး လက်နက်မျိုးစုံကို ကျွမ်းကျင်တဲ့ မျိုးနွယ်စုတွေပါပဲ။ ဒီစီးရီးအစမှာတော့ ဘိုဘက်ဖက်ထ်တစ်ယောက် သဲနွံထဲကနေ ပြန်တက်လာပြီး ဂျက်ဘာ သယ် ဟက်ထ်ရဲ့ နေရာကိုယူလိုက်တဲ့ ဇာတ်ကြောင်းကနေ စတာဖြစ်ပါတယ်။ မန်ဒါလိုရီးရန်းစီးရီးရဲ့ Timeline နဲ့လည်းအတူတူပဲမို့ နောက်ပိုင်းမှာ crossover တွေ မြင်ရဦးမှာပါပဲ။ စုစုပေါင်း ၇ ပိုင်းရှိပြီး တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့ ထွက်မှာဖြစ်ပါတယ်။ Translated and Encoded by Mr. Anderson Duration...40 Min Total...7 Episodes (weekly) Genre...Scifi, Fantasy, Action, Adventure ZIP  Yoteshin / VIP ...
8.5
TMDb: 8.5/10 4 votes
tv
The Book of Boba Fett (2021) Season 1
2021
Missing: The Other Side (2020) 7.0
Missing: The Other Side (2020) နောက်ထပ် Ongoing Series အသစ်လေးတစ်ခု တင်ပေးလိုက်ပါတယ်OCN ရုပ်သံလိုင်းကနေ အပတ်စဉ် စနေ နဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်ပေးမယ့် SERIES လေးပါအပိုင်း 12 ပိုင်းအထိ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ် ဇာတ်လမ်း ဆန်းဆန်းလေးမို့ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ကားလေးဖြစ်မှာပါဇာတ်လမ်းအကျဉ်းသေဆုံးသွားပြီးနောက်အလောင်းရှာ မတွေ့သေးတဲ့ လူတွေရဲ့ ဝိညာဉ် တွေဟာ ဒူအွန်လို့ခေါ်တဲ့ ဝိညာဉ္ပေျာက်ရွာမှာ နေထိုင်ကြပါတယ်သူတို့ အလောင်းတွေကို ရှာမတွေ့မချင်း ဒီရွာကနေ ထွက်လို့မရသလို ကျွတ်လွတ်ကြမှာလည်း မဟုတ်ပါဘူးဂင်ဝု ဟာ ရုပ်ရည်ပြေပြစ်ပြီး စကားပြော အလွန်ကောင်းတဲ့ လူလိမ်တစ်ယောက်ပါတစ်နေ့မှာ ပြန်ပေးဆွဲမှုတစ်ခုကို မျက်မြင်တွေ့ခဲ့တာကြောင့် လိုက်သတ်ခံရရင်း ဒူအွန်ရွာကို ရောက်သွားခဲ့ပါတယ်အသက်ရှင်လျက်နဲ့ရောက်ရှိသွားခဲ့တဲ့ ဂင်ဝု တစ်ယာက် ဒီရွာမှာ သေပြီးသား ဝိညာဉ် တွေနေတယ်ဆိုတာကို သိရှိသွားတဲ့အခါ ဘာဆက်ဖြစ်မှာလဲလူတွေကရော သူ့စကားကို ယုံကြည်ပါ့မလားဒီဝိညာဉ် တွေရဲ့ အလောင်းတွေကိုကော ရှာဖွေပေးနိုင်မှာလားဆိုတာဒီဇတ်ကားမှာ ဆက်လက်ကြည့်ရှုကြပါနော်...။( အညွှန်းရေးသားထားသူကတော့ Hay Thar Oo ဖြစ်ပါတယ် ...
7.0
TMDb: 7.0/10 votes
tv
Missing: The Other Side (2020)
2020
The Rain (The Final Season) 7.2
7.2
TMDb: 7.2/10 362 votes
tv
2018
Cursed (2020) 6.3
Cursed (2020) Cursed (2020)============IMDb Rating - 6.3/10#Unicodeနက်ဖလစ်ရဲ့ မှော်စီးရီး အသစ် ထွက်လာပါပြီ။ ၁၀ ပိုင်း ပါဝင်ပြီး အခုကနေ စပြီး . မနက်ဖြန်အထိ စဆုံးတင်ဆက်ပေးပါ့မယ်။မင်းသမီးကတော့ 13 reasons why ထဲက ကတ်သရင်းလန်းဖို့ ပါပဲ။ ဇာတ်လမ်းကတော့ အာသာဘုရင် နဲ့မှော်ဆရာ မာလင်တို့ခေတ်ကို အခြေခံထားပါတယ်။ အာသာတစ်ယောက် ဘုရင်ဖြစ်မလာခင်၊ မာလင်နဲ့မတွေ့ခင်မှာ အာသာကို ကူညီခဲ့တဲ့ မှော်ဆရာမ တစ်ယောက်ရဲ့ အကြောင်းပါပဲ။ အာသာမတိုင်ခင် အိတ်စ်ကလီဘာ ဓားကို ကိုင်ပြီး တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်ပြီး မွေးရာပါ မှော်အစွမ်းတွေနဲ့ စုန်းမ နီမွေး အဖြစ် ကတ်သရင်းကသရုပ်ဆောင်ထားပါတယ်။ အာသာဘုရင်မတိုင်ခင် အူသာ ပန်ဒရက်ဂွန် ဘုရင်ဖြစ်နေတဲ့ခေတ်ဖြစ်ပြီး စုန်းတွေကို လိုက်သတ်တဲ့ ဖာသာ ကာဒန် နဲ့ သူရဲကောင်းနီတွေက စုန်းတွေရှိတယ်ဆိုတဲ့ Fey ရွာတွေကို ...
6.3
TMDb: 6.3/10 5000 votes
tv
Cursed (2020)
2020