Channel Myanmar

Sci-fi

Ahsoka (2023) 8.333
Ahsoka (2023) စတားဝေါစီးရီးအသစ်တစ်ခု ဒစ္စနေးကနေ ထွက်ရှိလာပါပြီ။ ဒီတစ်ခါကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်တဲ့ အာဆိုးကာ တာနိုရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ အာဆိုးကာ တာနာဟာ ကလုန်းစစ်ပွဲကာလမှ နာမည်ကြီးလာတဲ့ ဂျဒိုင်းသူရဲကောင်းဖြစ်ပြီး၊ စွမ်းအားအကြီးဆုံး ဂျဒိုင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ အနာကင်စကိုင်းဝေါ်ကာ (ဒါ့ဗိတ်ဒါ)ရဲ့ လက်ထောက်တပည့်ရင်းလည်းဖြစ်ခဲ့ပါတယ်။ အာဆိုးကာဟာ ဂျဒိုင်း ကာရိုက်တာတွေထဲမှာ လူကြိုက်အများဆုံးထဲက တစ်ယောက်ဖြစ်ပြီး တူဂရူတာ မုဆိုးဂြိုလ်သားမျိုးနွယ်ဝင်လည်း ဖြစ်ပါတယ်။ ဆစ်သ်တွေထဲက နာမည်ကြီး ဒါ့သ်မောကိုလည်း ကလုန်းစစ်ပွဲကာလအတွင်း အနိုင်တိုက် ဖမ်းဆီးနိုင်ခဲ့ပြီး ဂျဒိုင်းတွေနဲ့ မန်ဒါလိုရီရန်တွေကြားက အငြိုးတွေကို ကျေလည်စေခဲ့ပြီး မန်ဒါလိုရီရန်သူတစ်ယောက်ဖြစ်တဲ့ ဆဘင်းဝရန်ကိုလည်း လက်ထောက်အဖြစ် လက်ခံသင်ကြားပေးခဲ့ပါတယ်။ကလုန်းစစ်ပွဲအစမှာ အာဆိုးကာဟာ အလင်းဓားအဖြူတစ်ချောင်းနဲ့ ထူးထူးခြားခြားစတင်ခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ အလင်းဓားနှစ်ချောင်းနဲ့တိုက်ခဲ့တဲ့သူ ဖြစ်လာခဲ့ပါတယ်။ ရန်သူရဲ့အလင်းဓားတွေကိုပါ ပိတ်ပစ်နိုင်တဲ့ အစွမ်းရှိတဲ့လူသုံးယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်လာပါတယ်။ ကျန်တဲ့နှစ်ယောက်က မာစတာယိုးဒါးနဲ့ The Son ပါ။ ဒီဇာတ်လမ်းမှာတော့ အင်ပါယာကျဆုံးပြီး ပြည်ထောင်စုသစ် ဖြစ်ခါစ ...
8.333
TMDb: 8.333/10 9 votes
tv

Ahsoka (2023)

2023
SF8 (2020) 7.3
SF8 (2020) SF8 (2020) Limited Series ~ IMDb - 6.3/10, MyDramaList - 7.5/10 ~ ကိုရီးယားသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကို ကျွန်တော်တို့မြင်ရသလောက်ဆို သိပ်တော့လည်း အားရစရာကောင်းမနေပါဘူး။ ကော်ပီဖြစ်ရင်ဖြစ် မဖြစ်ရင်လည်း သိပ်ဇာတ်မနိုင်လှတာကို တွေ့ရမှာပါ။ ဆန်းတော့လည်းမဆန်းဘူးထင်ပါတယ်။ အကုန်မဟုတ်တောင် ၁၀ခုမှာ ၇ခုလောက်က အစကောင်းတောင် အဆုံးဂွမ်းသွားတာများပါတယ်။ SF8 ကတော့ ပုံမှန်မြင်နေကျ ကိုရီးယား သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့ Anthology စီးရီးပါပဲ။ ၈ပိုင်းပါဝင်ပြီး Anthology စီးရီးဆိုတော့ ၈ပိုင်းလုံး ဇာတ်အိမ်သီးခြားစီနဲ့ပါ။ ထူးတာက ဒီအပိုင်းတွေအားလုံးမှာ အထူးပြုလုပ်ချက်ဆန်းဆန်းပြားပြားတွေ မပါပေမဲ့လည်း ဇာတ်အိမ်ကိုတော့ ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ ချပြထားပါတယ်။ ၈ပိုင်းလုံး သူ့ Concept နဲ့သူ ရပ်တည်နေပြီး ၈ပိုင်းလုံး ပစ်စရာမရှိလောက်အောင် ကောင်းပါတယ်။ သရုပ်ဆောင်တွေလည်း ထိပ်တန်းကြီးတွေတော့မဟုတ်ပေမဲ့ ပေါပေါပဲပဲသုံးထားတာမဟုတ်ပါဘူး။ An Old Lady ထဲက မင်းသမီးကြီး ...
7.3
TMDb: 7.3/10 7 votes
tv

SF8 (2020)

2020
Invasion (2021) S1 + S2 10
Invasion (2021) S1 + S2 Invasion series(2021) ရုပ်ရှင် အညွှန်း အခု Apple TV + မှာ ထွက်ရှိထားတဲ့ sci-fi /drama seriesကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်X-Men ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Simon Kinberg ကိုယ်တိုင် ပါဝင်ဖန်တီးထားတာလည်းဖြစ်ပါတယ်ခေါင်းစဥ်အတိုင်းပဲ ဂြိုလ်သားတွေ ကမ္ဘာကို ကျူးကျော်လာမယ့် ပုံစံမျိုးဖြစ်ပေမယ့် တခြား မြင်တွေ့နေကျ ဂြိုလ်သား ကျူးကျော်တဲ့ movies တွေ seriesတွေနဲ့ လုံးဝ ကွဲထွက်နေမှာ ဖြစ်ပါတယ်ပုံမှန်လိုမျိုး မိသားစု တစ်စု က ဂြိုလ်သားကျူးကျော်မှုကြောင့်ဖြစ်လာတဲ့ အပျက်အစီးတွေကြား လွတ်မြောက်အောင်ရှင်သန်ဖို့ ကြိုးစားရတဲ့ ပုံစံမျိုး မဟုတ်ပါဘူး ဘယ်ကမှန်းမသိတဲ့ ဂြိုလ်သားတွေက ကမ္ဘာကိုရောက်လာပြီး လူတွေဖြစ်တည်မှုကို ခြိမ်းခြောက်ဖို့ကြိုးစားတဲ့အ​ဖြစ်အပျက် ကို နေရာဒေသမတူတဲ့ လူ ငါးယောက်က ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ပြီး ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို မြင်တွေ့ရမှာပါ အမေရိကန် ကျေးလက်ဒေသ၊ အာဖဂန်နစ်စတန်နိုင်ငံ ကနေ ဂျပန်မြို့ပြ အထိ မတူညီတဲ့နေရာတွေမှာ ရိုက်ကူးထားပါတယ်season 1အနေနဲ့ ဆယ်ပိုင်းထွက်ရှိမှာဖြစ်ပြီး လောလောဆယ် ၃ပိုင်းအရင် ထွက်ရှိထားပါတယ်File Size ...
10
TMDb: 10/10 2 votes
tv

Invasion (2021) S1 + S2

2021
The Changeling (2023) 6.2
The Changeling (2023) ကလေးချင်းလဲတဲ့ မကောင်းဆိုးရွား ခေါ် Changeling ဒီ နာမည်ကိုတော့ Supernatural ဖန်တွေ၊ အခြားမှော်ကားတွေ ကြိုက်တတ်တဲ့သူတွေ ကြားဖူးနေမှာပါ။ မွေးကင်းစကလေးလေးတွေကို အမေလက်ကနေ မသိအောင်ခိုးပြီး သူတို့ရဲ့ မကောင်းဆိုးရွားကလေးတွေနဲ့ ပုံစံတူ လဲလှယ်ထားတာပါ။ဒီနေရာမှာ အချို့ မူကွဲပုံပြင်တွေလည်း ရှိတတ်ပါသေးတယ်။ နတ်မှင်စာငယ်တွေက ကလေးချင်းလဲတဲ့ ပုံပြင်မျိုးလည်းရှိပါတယ်။ ဒီစီးရီးကတော့ ပဟေဠိဆန်ဆန်ရိုက်ထားတာမို့ ကလေးအလဲခံရတယ်ဆိုတာလည်း သက်သေမပြနိုင်သေး၊ ထူးဆန်းတာတွေဖြစ်နေပေမဲ့ အကြောင်းရင်းကို မသိသေးဘဲ အဖြေရှာရတဲ့အမျိုးအစားမို့ သို့လော သို့လောနဲ့ ရင်တထိတ်ထိတ်ကြည့်ရအောင် ဖန်တီးထားတာပါ။ပဟေဠိဆန်တဲ့ မိသားစုနောက်ခံနဲ့ လူတစ်ယောက်က အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်မိပြီး လက်ထပ်သွားကြတယ်။ အမျိုးသမီးလေးရဲ့မိသားစုနောက်ခံကလည်း ပဟေဠိဆန်နေပြန်တယ်။ ပိုဆိုးတာက အဲဒီအမျိုးသမီးဟာ ကလေးမရခင်မှာ စုန်းမလိုလို နတ်သမီးလိုလို သူတစ်ယောက်ဆီကနေ ဆုသုံးခုတောင်းလိုက်မိတယ်။ အဲဒီဆုတွေကိုလည်း မပြထားဘူး။ ဒီတော့ အဲဒီမိသားစုမှာ ကြောက်စရာတွေဖြစ်လာတဲ့အခါ ဇာတ်ဆောင်တွေနဲ့အတူ လိုက်အဖြေရှာရမဲ့ ဇာတ်လမ်းတွဲမျိုးမို့ အရသာရှိရှိ ကြည့်ရမှာပါပဲ။File ...
6.2
TMDb: 6.2/10 353 votes
tv

The Changeling (2023)

2023
The Wheel of Time (2021-2023) 9.7
The Wheel of Time (2021-2023) The Wheel of Time (2021)အမေဇုံရဲ့ ဘက်ဂျက်အကြီးစားနဲ့ စီးရီးလာပါပြီ။ ဇာတ်လမ်းကတော့ the lord of the rings နဲ့ ပိုဆင်ပါတယ်။ first age, second age, thrid age စသည်ဖြင့် သမိုင်းရှိပါတယ်။ ဇာတ်လမ်းအကျဉ်း စွမ်းအားကြီးတွေနဲ့ မွေးဖွားလာတဲ့ လူတွေဟာ အမှောင်သခင်ကို အကျဉ်းချထားနိုင်မယ်လို့ ယုံကြည်မိပေမဲ့ မအောင်မြင်ခဲ့တဲ့အခါ ကမ္ဘာကြီး ပျက်စီးလာခဲ့တယ်။ အဲဒီပျက်စီးခြင်းကို ယူဆောင်လာသူကို ဒရက်ဂွန်လို့ ခေါ်ကြတယ်။ အဲဒီပျက်စီးပြီးခေတ်နောက်ပိုင်းမှာ ကမ္ဘာကြီးကို အိုက်ဆီဒိုင်းညီအစ်မအဖွဲ့ဆိုတဲ့ တန်ခိုးရှင်တွေဟာ မျှော်စင်ဖြူကြီးကနေ ထိန်းသိမ်းနေခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာကြီးအပေါ်ကို လူတွေပြန်ဝင်စားဖို့အတွက် အချိန်စက်ဘီးဆိုတဲ့ အရာကြီးက လည်ပတ်နေပြန်တယ်။ ဒီတော့ အခု ဇာတ်လမ်းစတင်ချိန်မတိုင်ခင် အနှစ် ၂၀ တုန်းက ကမ္ဘာကြီးကို ပျက်စီးစေခဲ့တဲ့ ဒရက်ဂွန် ပြန်လည်မွေးဖွားလာပြီဆိုပြီး ဟောကိန်းတွေ ထွက်လာခဲ့တာပေါ့။ ဒရက်ဂွန်ဟာ ယောကျာ်းလား မိန်းမလား ဘယ်သူလဲဆိုတာ မသိကြပါဘူး။ ဟောကိန်းအရတော့ ကမ္ဘာကြီးကိုပျက်စီးစေခဲ့တဲ့ ဒရက်ဂွန်ကပဲ ကမ္ဘာကြီးကို ပြန်ကယ်တင်မယ်တဲ့။ ဒီတော့ အဲဒီဒရက်ဂွန်ကို အိုက်စီဒိုင်းအဖွဲ့ကရော အမှောင်သခင်ရဲ့ အဖွဲ့ကရောပါ လိုက်ရှာကြတဲ့အခါ... ရှုပ်ထွေးတဲ့ ဒဏ္ဍာရီတွေနဲ့ တိုက်ပွဲကြီးတွေ ပေါ်ပေါက်လာပါတော့တယ်။Wheel ...
9.7
TMDb: 9.7/10 10 votes
tv

The Wheel of Time (2021-2023)

2021
Moving (2023) [Complete]
Moving (2023) [Complete] Moving (2023)*************** အပိုင်း ( ၁ မှ ၂၀ ) ထိ စဆုံးရပါပြီ[ 4K Quality ထိတင်ဆက်ထားပါပြီ။]ဒီ “Moving”ဆိုတဲ့ ဇာတ်ကားလေးကတော့ 200m viewsတောင် ရရှိထားတဲ့ Webtoonကို ပြန်လည်အသက်သွင်းထားတဲ့ သဘာဝလွန် ကိုရီးယားစီးရီး ဇာတ်လမ်းလေးဖြစ်ပါတယ်။ Disney+ ကနေ ဒီနေ့ပဲထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ budgetကလည်း K series သက်တမ်းတစ်လျှောက် အမြင့်ဆုံးလို့တောင် ပြောလို့ရပြီး သရုပ်ဆောင်တွေကလည်း Ryu Seung Ryong၊ Jo In Sung၊ Han Hyo Joo၊ Kim Sung Kyun၊ Cha Tae Hyunတို့လို နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေနဲ့အတူ Go Youn Jung၊ Lee Jung Ha၊ Kim Do Hoon တို့လို လူငယ်သရုပ်ဆောင်တွေတင်သာမက အရံတွေထိ ဒိတ်ဒိတ်ကြဲတွေ သုံးထားတာမို့ လုံးဝလန်ထွက်နေမှာနော်....ဇာတ်လမ်းအကျဥ်းလေးကတော့.. အမျိုးသားလုံခြုံရေးဌာနက သူမတူတဲ့ သဘာဝလွန်စွမ်းအားပိုင်ရှင်တွေဖြစ်တဲ့ ဂျန်ဂျူဝန်း၊ ဂင်ဒူရှစ်၊ ...

Moving (2023) [Complete]

2023
49 Days (2011)[Complete] 8.213
49 Days (2011)[Complete]   ရှင်းဂျီဟွန်း(Nam Gyuri)ဟာ ချမ်းသာတဲ့ မိဘ၊ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ခပ်မိုက်မိုက် သတို့သားလောင်းပါ ပိုင်ဆိုင်ထားပြီး ပြည့်စုံတဲ့ဘ၀မှာ နေနေတဲ့ကောင်မလေးတစ်ယောက်ပါ. တစ်နေ့တော့ သူမဟာ အမှတ်မထင် ကားမတော်တဆမှုတစ်ခုကြောင့်ကိုမာ၀င်သွားပြီး ဝိဉာဉ်ဘ၀ရောက်သွားတဲ့အခါ သေသူလည်းမဟုတ်လူလည်းမဟုတ်တဲ့ အခြေအနေမှာ အသက်ပြန်ရှင်ဖို့နည်းလမ်းတစ်ခုကို သိခဲ့ရပါတယ်အဲ့နည်းလမ်းကတော့ 49 အတွင်း သူ့ကို တကယ်ချစ်ခင်နှစ်သက်ပြီး စိတ်ရင်းနဲ့ငိုပေးတဲ့သူ သုံးယောက်ရဲ့ မျက်ရည်သုံးစက်ကို စုရမှာပဲဖြစ်ပါတယ်။ဘ၀ကို အရှုံးပေးထားပြီး အသက်ဆက်မရှင်တော့တဲ့ ဆုန်းအီဂယောင်း(Lee Yo Won)နဲ့ ဆုံတဲ့အခါ သူ့ရဲ့ ခန္ဓာကိုယ်ကို ငှားပြီး မျက်ရည်စုဖို့ ဖြစ်လာပါတယ်။သူမျက်ရည်သုံးစက် ပြည့်နိုင်မလား တကယ် စိတ်ရင်းနဲ့ ငိုပေးတဲ့သူတွေကရောဘယ်သူတွေဖြစ်မလဲဆိုတာကို စိတ်၀င်တစားနဲ့ ကြည့်ရမဲ့ Fantasy DramaလေးပါNam Gyuri, Lee Yo Won, Jo Hyun Jae, Seo Ji Hye, Jung Ii Woo, Bae Soo ...
8.213
TMDb: 8.213/10 68 votes
tv

49 Days (2011)[Complete]

2011
Mrs. Davis (2023) 7.333
Mrs. Davis (2023) ဒီဇာတ်ကားကတော့ မရိုးနိုင်တဲ့ quest တစ်ခုဖြစ်တဲ့ ယေရှုခရစ်တော်ရဲ့ သောက်တော်ရေခွက် ဟိုလီဂရေးကို လိုက်ရှာရတဲ့ ပုံစံမျိုးကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတာက သူက Sci-fi ဆိုလည်း ဟုတ်နေပြန်တယ်။ အနာဂတ်မှာ လူတွေက ဖေ့စ်ဘုတ်တွေ၊ အင်စတာဂရမ်တွေ မသုံးတော့ဘဲ မစ္စစ်ဒေးဗစ်လို့ခေါ်တဲ့ အဲလ်ဂိုရစ်သမ်ကြီးတစ်ခုကို တစ်ကမ္ဘာလုံးက အသုံးပြုကြတယ်။ဒီအဲလ်ဂိုရစ်သမ်ကြီးက ပြောရရင် ဘုရားလိုပဲ ဘာမှ မသိတာမရှိဘူး၊ လူတွေကို ပျော်အောင်ထားသလိုလိုနဲ့ ထိန်းချုပ်ထားတယ်ပေါ့။ သူ့မှာ တခြားဆိုရှယ်မီဒီယာတွေမှာ Blue mark ရသလိုမျိုး Wings ဆိုတာကို ရအောင်လုပ်ကြတဲ့ လူတွေ ရှိတယ်။ သူကလည်း သူခိုင်းချင်တယ်ဆိုရင် Wings နဲ့ ဆွဲဆောင်တာပေါ့။ လစ်ဇီက ဒီအဲလ်ဂိုရစ်သမ်ကြောင့် သူ့အဖေသေခဲ့ရတာဖြစ်တဲ့အတွက် ဒီဟာကြီး မကောင်းကြောင်းကို သိထားတဲ့သူ။အဲဒါကြောင့် အဲလ်ဂိုရစ်သမ်ကို မသုံးဘဲ နေနေတဲ့ လူနည်းစုထဲမှာ ပါပြီး ဒီဟာကြီးကို ...
7.333
TMDb: 7.333/10 18 votes
tv

Mrs. Davis (2023)

2023
Black Knight (2023) [Complete]
Black Knight (2023) [Complete] Black Knight(2023)******************အပိုင်း(၁ မှ ၆ ) စ/ဆုံးအားလုံးစောင့်မျှော်နေကြတဲ့ Netflix Series အသစ် Black Knight ဟာဆိုရင် 2071 ခုနှစ် မှာဇာတ်အိမ်တည်ထားတာဖြစ်ပြီးလေထုအဆိပ်သင့်မှုပြင်းထန်လာတာနဲ့အညီ ကမ္ဘာကြီးမှာရှိတဲ့ လူဦးရေရဲ့ ၁% ပဲ အသက်ရှင်ကျန်တော့တဲ့ခေတ်ကာလပါ...ဒီလိုခေတ်ကာလမှာတော့ လူတွေက အိမ်ထဲကအိမ်ပြင်မထွက်ကြတော့ပါဘူး...အိမ်အပြင်ကိုထွက်ကြတာနဲ့လည်း အောက်စီဂျင် Mask တွေ တပ်ကြရတာမို့လို့ တစ်ဦးနဲ့တစ်ဦး ပေးပို့ချင်တာ စားနပ်ရိက္ခာပစ္စည်း စတာတွေကို Knight လို့ ခေါ်ကြတဲ့ Delivery သမားတွေက ပို့ပေးကြရပါတယ်....အန္တရာယ်တွေကြား သူခိုးဓါးပြတွေကြားကနေ Delivery လိုက်ပို့ပေးရတဲ့ Knight တွေထဲမှာကိုယ်ခံပညာအကျွမ်းကျင်ဆုံးနဲ့ အတော်ဆုံးကတော့ Knight 5-8 (Kim Woo Bin) ပဲဖြစ်ပါတယ်...ကမ္ဘာပျက်ကာလရဲ့ သူရဲကောင်း 5-8 နဲ့ အပြိုင်ဇာတ်လမ်းမှာပါလာမယ့် ဗီလိန်ကတော့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကမ္ဘာကြီးကိုအုပ်စိုးဖို့ ကြိုးစားနေတဲ့ ဥက္ကဌကြီး Ryu Hae Jin ရဲ့ ...

Black Knight (2023) [Complete]

2023
Hello Tomorrow! (2023) 6.3
Hello Tomorrow! (2023) Hello Tomorrow! (2023) ================= IMDb Rating - 6.3/10 Comedy, Drama, Sci-fiComedy-Scifi အမျိုးအစားဇာတ်လမ်းတွဲတွေရှားပါးတဲ့ အထဲမှာ Apple TV ကနေ ထုတ်လုပ်တဲ့ Hello Tomorrow ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုမြည်းစမ်းကြည့်‌စေချင်ပါတယ်။ ယနေ့ခေတ်မှာ လကမ္ဘာပေါ်ဟန်းနီးမွန်းထွက်ပြီး အခြေချ နေထိုင်ဖို့ဆိုတာ သန်းကြွယ်သူဌေးကြီးတွေအတွက်တောင် စိတ်ကူးယဉ်ဆန်‌နေပါလိမ့်မယ်။များမကြာမီ အနာဂတ်အချိန်တစ်ခုမှတော့ လူသားကမ္ဘာ ခေတ်မီတိုးတက်လာပြီး လူနာအခြေစိုက်စီမံကိန်းဆိုပြီး လကမ္ဘာပေါ်မှာ လူသားများအခြေချနေထိုင်လာပါပြီ ။ အောက်ခြေလူတန်းစားတွေအတွက်လည်း လကမ္ဘာပေါ်က ဘ၀နေထိုင်မှုတစ်ခုဟာ သိပ်ပြီးအလှမ်းမဝေးတော့ပါဘူး။ ဒီစီးရီးမှာ အဓိကကြည့်ရမှာက လကမ္ဘာမှာ အိမ်‌ခြံမြေအကျိုး ဆောင်လုပ်တဲ့ လူတစ်စုရဲ့ ဘ၀အကြောင်းနဲ့ လုပ်ငန်းခွင် comedy များကို သိပ္ပံစိတ်ကူးယဉ်ဆန်ဆန် စိတ်၀င်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။စုစုပေါင်း(၁၀)ပိုင်းရှိတဲ့ ဒီစီးရီးကို CMမှ ဆက်တိုက်တင် ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(190 MB) / (500 MB) Quality...............WEB-DL 720p / 1080p Duration............30Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Comedy, Drama, Sci-Fi Translator..........Thiha Yan Nainng Encoder..............SWM 720P (190 Mb)-----------------------------------Episode(1) - Yoteshin ...
6.3
TMDb: 6.3/10 2800 votes
tv

Hello Tomorrow! (2023)

2023
Sweet Tooth Season2 7.9
Sweet Tooth Season2 Sweet tooth ( season 2 ) ======================Season 1 တုန်းက ထင်တာထက်ပိုကောင်းပြီး၊ emmy ဆုတွေ ရတဲ့ထိအောင်မြင်ခဲ့တဲ့ Sweet tooth ဇာတ်လမ်းတွဲရဲ့ season 2 ဟာ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ season မှာတော့ တစ်စစီပြန့်ကြဲနေခဲ့တဲ့ အစပျိုးထားသမျှ ဇာတ်ကောင်တွေကို ချိတ်ဆက် ပေါင်းစည်းပြပြီးတော့မှ ပရိသတ်တွေ ကလိကလိဖြစ်အောင် ဟက်ကော့ကြီးဇာတ်သိမ်းသွားခဲ့ပါတယ်။ဇာတ်လမ်း ပြန်ဆက်ရရင်တော့ ရောဂါလှိုင်း နောက်တစ်လှိုင်းပြန်စလို့ ဖြေဆေး အသည်းအသန်လိုချင်နေကြတဲ့ နောက်ဆုံးလူသားတွေဟာ မျိုးစပ်ကလေးတွေကို ရိုးတွင်းချဉ်ဆီထုတ်ဖို့အတွက် ဖမ်းထားကြပြီး မျိုးစပ်ကလေးတွေကလည်း သူတို့နည်းသူတို့ဟန်နဲ့ လွတ်မြောက်ဖို့ကြိုးစားနေကြပါတယ်။ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်သွားလဲ၊ အခု season 2 ကရော season 1 ရဲ့ tempo ကို မီရဲ့လား၊ hype ထားရတာနဲ့ တန်ရဲ့လားဆိုတာတွေကို ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်နိုင်ဖို့ သမင်ချိုနဲ့ကောင်လေး ဆွိတုရဲ့ ဇာတ်လမ်းတွဲကို ချန်နယ်မြန်မာကနေ ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါတယ်...။Quality :1080p WEBRIP / 720pTotal ...
7.9
TMDb: 7.9/10 1092 votes
tv

Sweet Tooth Season2

2023
La Brea (2022) Season 2 7.387
La Brea (2022) Season 2 NBC ရဲ့ အချိန်ခရီးသွား၊ မိသားစုဒရာမာ၊ အက်ရှင်၊ စွန့်စားခန်း၊ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲ La brea ရဲ့ အတွဲ ၂ ပြန်လာပါပြီဗျ။ ပြီးခဲ့တဲ့ season 1 မှာတော့ ဂျော့ရှ်နဲ့ ရိုင်လီဟာ အိုင်းဆက်ယတို့နဲ့အတူ ၁၉၈၈ ကိုပါသွားခဲ့ပြီး ဂေဗင်တို့သုံးယောက်ကတော့ ဘီစီ ၁၀၀၀၀ ကို ရောက်လာခဲ့ကြပါတယ်။စကော့နဲ့ အဲဒရစ်ဟာလည်း ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ မိုးမျှော်တိုက်ကြီးကို ရှာလို့တွေ့သွားကြပါတယ်။ season 2 ရောက်တဲ့အခါမှာတော့ ဘီစီ ၁၀၀၀၀ မှာ အနာဂတ်ကလာတဲ့သူတွေနဲ့ တွန်ဗာမျိုးနွယ်စုတွေအပြင် အိတ်ဇိုင်းစ်လို့ခေါ်တဲ့ ဝတ်စုံအနက်တွေဝတ်၊ မြင်းတွေစီးပြီး သံနဲ့လုပ်ထားတဲ့လက်နက်တွေကိုင်ဆောင်ကြတဲ့ လက်ရဲဇက်ရဲ အဖွဲ့တစ်ဖွဲ့ပါ ထပ်ပြီး ပါလာခဲ့ပါပြီ။ဒီ season မှာရော အတိတ်နဲ့ အနာဂတ်ရဲ့ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ဦးမလဲ၊ ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ ခေတ်လွန် အဆောက်အအုံကြီးကရော ဘာကြီးလဲ၊ ဘယ်သူတွေက ဘာကိစ္စတွေကို ဖုံးကွယ်ထားသေးလဲ၊ season 1 ရဲ့ အရှိန်ကိုရော ထိန်းထားနိုင်မလားဆိုတာကို အားလုံး မြင်တွေ့ကြရမှာဖြစ်ပါတယ်။ La Brea season 2 ...
7.387
TMDb: 7.387/10 936 votes
tv

La Brea (2022) Season 2

2021
The Man Who Fell to Earth (2022) 7.2
The Man Who Fell to Earth (2022) Showtime က ထုတ်ထားတဲ့ အမိုက်စား Sci-Fi Drama စီးရီးတစ်ခုပါ။1976 တုန်းက ထွက်ခဲ့တဲ့ ဒီနာမည်နဲ့ ရုပ်ရှင်ကိုပဲ ပြန်လည် Adapt လုပ်ထားတာပါ။ဇာတ်လမ်းအကျဥ်း: မျိိုးသုဥ်းပျောက်ကွယ်ရတော့မယ့်ပြဿနာနဲ့  ရင်ဆိုင်နေရတဲ့ သူတို့ရဲ့မျိုးစိတ်တွေကိုကယ်တင်ဖို့အတွက် အန်သီရာလို့ခေါ်တဲ့ ဂြိုလ်ပေါ်က ဂြိုလ်သားတစ်ယောက်ဟာ ကမ္ဘာမြေပေါ်ကို စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ဖို့ရောက်ရှိလာပါတယ်။အဲဒီလိုရောက်ရှိလာတဲ့အခါ သူ့အတွက် လူသားတွေကြားထဲ လိုက်လျောညီထွေ ဆင့်ကဲပြောင်းလဲနေထိုင်ရမှာဖြစ်ပြီး လူသားတစ်ယောက်အဖြစ် သတ်မှတ်ခံနိုင်ဖို့လိုလာပါပြီ။ သူ့ရဲ့စစ်ဆင်ရေးကို ပြီးမြောက်စေနိုင်မယ့် အဓိကသော့ချက်ကတော့ နယူးမက္ကစီကိုမှာရှိတဲဲ့ အမျိုးသမီးလေးတစ်ဦးပဲဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာမြေပေါ်ကိုဆင်းသက်ပြီး လူတွေအကြောင်းဘာမှမသိတဲ့ ဂြိုလ်သားတစ်ယောက်ဟာ သူ့ရဲ့စစ်ဆင်ရေးအောင်မြင်ဖို့အတွက် ဒီအမျိုးသမီးကို လိုက်လံရှာဖွေရပါတော့တယ်။ဒီစီးရီးဟာ အလွန်စိတ်ဝင်စားဖို့ကောင်း တွေးလို့ကောင်းပြီး Deepဖြစ်တဲ့ဘက်ကို သွားပါတယ်။ မင်းသား Chiwetel Ejiofor ကိုလည်း 12 years a Slave တို့ Doctor Strange တို့မှာ ကျွန်တော်တို့တွေ့ဖူးမှာပါ။ ဂြိုလ်သားတစ်ယောက်အဖြစ် သူ့ရဲ့သရုပ်ဆောင်ချက်တွေကလည်း တော်တော်လေးမိုက်တယ်လို့ပြောရမယ်။ Storyline ကလည်း တော်တော်ကောင်းပြီး တစ်ပိုင်းပြီးတစ်ပိုင်း ...
7.2
TMDb: 7.2/10 votes
tv

The Man Who Fell to Earth (2022)

The Rig (2023) Season 01 Complete 7
The Rig (2023) Season 01 Complete The Rig (2023) S01 Complete Amazon Prime က ထွက်ရှိထားပြီး GoT ထဲက Jorah Marmont မင်းသားကြီး Iain Glen အဓိကပါဝင်ထားတဲ့ Sci-Fi Thriller စီးရီးတစ်ခု တင်ဆက်​ပေးလိုက်ပါတယ်။ စ​ကော့တစ်ရှ် ကမ်းလွန်​​ဒေသရှိ ​ရေနံတူးစင်တစ်ခုမှာ အလုပ်လုပ်​နေတဲ့ ရေလုပ်သား​တွေဟာ တာဝန်ပြီးဆုံးချိန် ကမ်းပေါ်ရှိ အိမ်ကိုပြန်နိုင်ဖို့ လာကြိုမယ့် ရဟတ်ယာဉ်ကို​စောင့်ဆိုင်း​နေချိန် ဘယ်ကမှန်းမသိတဲ့ မြူခိုးတွေ ရုတ်ချည်းအုံ့ဆိုင်းလာပြီး ရဟတ်ယာဉ်လာမရတဲ့အ​ခြေအ​နေနဲ့ ​ရေနံတူးစင်မှာပဲ ပိတ်မိသွားပါ​တော့တယ်။ အဲဒီမြူ​တွေက ​ပုံမှန်မြူ​တွေမဟုတ်ဘဲ သူတို့ကို ပုံစံမျိုးစုံနဲ့ ဒုက္ခ​ပေးလာတဲ့အခါ အလုပ်သမား​တသိုက် ဒီမြူထုကြားအသက်ဆက်ရှင်နိုင်မှာလား၊ ဒီမြူ​တွေက ဘယ်လိုထွက်လာတာလဲ၊ သွေးရိုးသားရိုးဖြစ်ပါ့မလား၊ မြူ​တွေကြားမှာ ဘယ်လိုအရာ​မျိုးတွေရှိ​နေမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပါ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ X ပဲဖြစ်ပါတယ်) Size ~ 500MB+ Total - 6 Episodes Quality – 720p Duration ~ ...
7
TMDb: 7/10 47 votes
tv

The Rig (2023) Season 01 Complete

2023
Taaza Khabar (2023) 6
Taaza Khabar (2023) Taaza Khabar 2023IMDb-8.4/10ဒီတစ်ခါတော့ အိန္ဒိယရဲ့ပထမဆုံး subscriber 10 သန်းရရှိခဲ့တဲ့နာမည်ကြီး youtuber Bhuvan Bam အဓိကပါဝင်သရုပ်ဆောင်ထားတဲ့စီးရီးလေးတင်ဆက်ပေးချင်ပါတယ် ဒီထဲမှာတော့သူက ဗက်စ်ရာဆိုတဲ့ ကောင်လေးအနေနဲ့သရုပ်ဆောင်ထားပါတယ် အိန္ဒိယမှာတော့သူပါတယ်ဆိုတာနဲ့တင် ကြည့်ရှူသူများစွာရခဲ့တဲ့စီးရီးဖြစ်ပါတယ်ဗက်စ်ရာဆိုတဲ့ကောင်လေးဟာ ဆင်းရဲနုံချာလွန်းတဲ့အတွက် အများပိုင်အိမ်သာမှာ အစောင့်လုပ်ရသူပါ အရင်တည်းကချမ်းသာချင်လွန်းတဲ့သူဟာ တစ်နေ့အမေကိုသူ့အလုပ်ရှင်က နှိပ်စက်နေတာမြင်တော့ ပိုလို့ချမ်းသာကြွယ်ဝချင်လာပါတော့တယ် ပင်ကိုယ်စိတ်ရင်းကောင်းတဲ့သူဟာ ဘယ်သူကမှအရေးမလုပ်အိမ်သာထဲလဲနေတဲ့အဘွားကြီးကို ကယ်ဆယ်ရာကနေ သူ့ဘဝကိုပြောင်းလဲပေးတဲ့အစွမ်းတွေရလာပါတော့တယ် အရာအားလုံးကို လူတိုင်းထက်နှာတစ်ဖျားသာရစေဆိုတဲ့ဆုပါပဲ ဒီလိုနဲ့သူဟာရှေ့ဖြစ်လာမယ့်အရာတွေကိုကြိုသိလာခဲ့ပြီး သူ့အပါအဝင်သူ့ဘေးကလူတွေပါ ချမ်းသာကြွယ်ဝလာပါတော့တယ် အားလုံးအဆင်ပြေပြီး တတိုင်းရနေတော့ရော ဘဝကြီးကပြီးပြည့်စုံသွားပါပြီလား တစ်သက်လုံးမတွေးဖူးတဲ့အရာတွေကြုံတွေ့ပိုင်ဆိုင်လာရသူဟာ အကောင်းလောကဓံတွေကို ကြံ့ကြံ့ခံနိုင်ပါရဲ့လား ဗက်စ်ရာကရော သူပိုင်ဆိုင်လာရတာတွေနဲ့ ပျော်ရွှင်စွာနေသွားကြလေသတည်းဖြစ်ပါ့မလားဆိုတာ ပရိသတ်ကြီးရှုစားကြည့်ပါအဓိကဇာတ်ဆောင် Bhuvan Bam ဟာ စကားပြောစွမ်းရည်ကောင်းသူလို့နာမည်ကြီးသူဖြစ်ပါတယ် Comedy Thriller ဖြစ်တဲ့ ဒီကားမှာလည်း သူ့ရဲ့စကားပြောစွမ်းရည်နဲ့ ဟာသလေးတွေထည့်သွင်းထားတာဟာ ကလိထိုးရယ်ရမယ့်ပေါကားစာရင်းထဲတော့ပါမှာမဟုတ်ပါဘူး လက်တွေ့ဘဝထင်ဟပ်တဲ့ plot တွေနဲ့ တွေးတွေးပြီးရယ်နေရတဲ့ဟာသကားလေးဟာ တစ်ပိုင်းပြီးတစ်ပိုင်း မနားတမ်းကြည့်စေချင်လောက်သည်ထိစွဲရတယ်ဆိုတဲ့ အညွှန်းတွေရထားတာဖြစ်ပါတယ်File Size – 600MB / 300MBQuality – 1080p HS WEB DL / 7200Duration – 30minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat ...
6
TMDb: 6/10 7 votes
tv

Taaza Khabar (2023)

2023
Reborn Rich(2022)[Complete]
Reborn Rich(2022)[Complete] Reborn Rich(2022)*******************အပိုင်း( ၁ မှ ၁၆)ထိ စ/ဆုံး Yoon Hyun Woo (Song Joong Ki)က အင်အားကြီးလုပ်ငန်းစုကြီးဖြစ်တဲ့Soonyang Group မှာ သူဌေးမိသားစုရဲ့ လူယုံအတွင်းရေးမှူးအဖြစ် ၁၀ နှစ်ကြာအလုပ်ကျွေးပြုခဲ့ပါတယ်ဒီမိသားစုဆီမှာပဲ အစေခံတစ်ယောက်လို အလုပ်ကြိုးစားခဲ့ပေမဲ့ တစ်နေ့မှာတော့အလွဲသုံးစားမှုနဲ့စွပ်စွဲခံရပြီး အသတ်ခံခဲ့ရတယ် .. သေဆုံးသွားပေမဲ့ အံ့ဩဖို့ကောင်းစွာနဲ့ပဲ သူ့ဝိညာဥ်ဟာSoonyang Group CEO Jin Yang Cheol (Lee Sung Min) ရဲ့အငယ်ဆုံးသားလေးJin Do Joon ခန္ဓာကိုယ်ထဲကနေ နောက်တစ်ကြိမ်ပြန်နိုးလာတဲ့အခါမှာတော့ ..အဖြစ်အပျက်တွေအားလုံးကို မှတ်မိနေတဲ့ Jin Do Joon တစ်ယောက် ..သူ့ကိုသတ်ခဲ့တဲ့ ဂျင်မိသားစုကို ဘယ်လိုလက်စားပြန်ချေမလဲ ..“Soonyang Group Grim Reaper”လို့ လူသိများတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကအမှုစစ် Seo Min Young (Shin Hyun Bin) နဲ့ ...

Reborn Rich(2022)[Complete]

2022
Sketch (2018) [Complete] 6.6
Sketch (2018) [Complete] Sketch (2018) [အစ-အဆုံး]အပိုင်း - ၉ မှ ၁၆ (ဇာတ်သိမ်းပိုင်း)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၈ ကထွက်ခဲ့တဲ့ Sketch ဆိုတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ကိုယ်တွေရဲ့ အချစ်ဦး RAIN နဲ့ မင်းသားကြီး Lee Dong Gun ပြီးတော့ WORK LATER DRINK NOW က မမ LEE SUN BIN တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် IMDB rating လည်း 7.6 ရရှိထားတာမို့ ဇာတ်လမ်းဇာတ်အိမ်ဆန်းဆန်းနဲ့ ဒီဇာတ်လမ်းတွဲလေးကို မလွတ်တမ်းကြည့်ရှုလိုက်တော့နော် ။ဇာတ်လမ်းအကျဉ်း ...ဂန်ဒုံဆူကတော့ အမြဲတမ်းတက်ကြွပြီး တရားခံတွေကို အလွတ်မပေးတတ်တဲ့ စုံထောက်တစ်ယောက်ပါ။ ယူရှီဟျွန်းကတော့ အနာဂတ်မှာ ဖြစ်လာမဲ့ လူသေမှုတွေကို ကြိုမြင်နိုင်တဲ့လူတစ်ယောက်ပေ့ါ။ရဲတပ်ကြပ်တစ်ယောက်ဖြစ်တဲ့ ရှီဟျွန်းက သူမြင်တဲ့ အနာဂတ်ကို ပုံကြမ်းလေးတွေဆွဲပြီး အမှုတွေဖြစ်မလာဖို့ ကာကွယ်တဲ့နေရာမှာ အသုံးချနေခဲ့တာပါ။တစ်ရက်မှာတော့ ...
6.6
TMDb: 6.6/10 8 votes
tv

Sketch (2018) [Complete]

2018
Chicago Typewriter(2017)[Complete] 7.522
Chicago Typewriter(2017)[Complete] Chicago Typewriter(2017) [Complete]****************************************အပိုင်း (၁ မှ ၁၆ ) အထိ စ/ဆုံးဒီစီးရီးကတစ်နှစ်တာအကောင်းဆုံး Drama of the Year ဆန်ကာတင်စာရင်းဝင်သလို အခြားဆုပေါင်းများစွာနဲ့ Rating ကောင်းတွေရရှိထားတဲ့စီးရီးဖြစ်ပါတယ်..၁၉၃၀ ပြည့်နှစ် ကိုရီးယားနိုင်ငံ ဂျပန်အုပ်ချုပ်မှုအောက်ရောက်နေတဲ့ ကာလတုန်းက လူ ၂ ယောက်ဟာဒီဘက်ခေတ်မှာ လူပြန်ဝင်စားခဲ့ပါတယ်...Han Se Joo က အတိတ်ဘဝမှာ စာရေးဆရာတစ်ယောက်ဖြစ်ပြီး .. လက်ရှိဘဝမှာလည်းရောင်းအားအကောင်းဆုံးစာရေးဆရာဖြစ်တဲ့အပြင်ရုပ်ရည်ချောမော ခန့်ညားမှုကြောင့် မိန်းကလေးတွေကြား ရေပန်းစားသူတစ်ယောက်ပါ...Yu Jin Oh ကတော့ အတိတ်ဘဝမှာ ဘားတစ်ခုပိုင်ဆိုင်ခဲ့ပြီး .. လက်ရှိမှာတော့ ဝိညာဥ်စာရေးဆရာအဖြစ်Han Se Joo ကို ကူညီပေးရင်း Jeon Seol အနားမှာ နေချင်သူပါ .. Jeon Seol ကတော့ သူ့ကို မမြင်နိုင်ပါဘူးJeon Seol က အတိတ်ဘဝမှာ ...
7.522
TMDb: 7.522/10 23 votes
tv

Chicago Typewriter(2017)[Complete]

2017
Glitch S01 (2022) [Complete]
Glitch S01 (2022) [Complete] Glitch S01 (2022)[အစ-အဆုံး]အပိုင်းသစ် - (၁ မှ ၁၀)(1080p များလည်း ကြည့်ရှုနိုင်ပါပြီ)Vincenzo ထဲက ဟုံးချာယောင်း(Jeon Yeo Been) နဲ့ Kill It ထဲက ဒိုယောင်းဂျင်း(Nana) တို့ရဲ့ Glitch ဆိုတဲ့ အလန်းစား Thriller, Comedy, Sci-Fi ဒရမ်မာလေးလာပါပြီ။ Season 1 အနေနဲ့ 10 ပိုင်းထွက်ရှိမယ်လို့ ကနဦး သိထားရပြီး နောက်ထပ် 6 ပိုင်းကိုတော့ Season 2 အနေနဲ့ ထုတ်လွှင့်ပြသသွားဖို့ရှိပြီး Season 2 ပြသမဲ့ရက်ကိုတော့ ကြေငြာထားခြင်း မရှိသေးပါဘူး။ဇာတ်လမ်းအညွှန်း ... ဟုံးဂျီဟိုဆိုသူ အမျိုးသမီးရဲ့ ချစ်သူကောင်လေးအီရှီဂုဟာ ညတစ်ညမှာ အမည်မသိမီးရောင်တွေနဲ့အတူ ခြေရာလက်ရာမရှိ ပျောက်ဆုံးသွားခဲ့ပါတယ်။ဟောဘိုရာကတော့ မအောင်မြင်သေးတဲ့ streamer တစ်ယောက်ဖြစ်ပြီး YouTube နဲ့ Twitch တို့မှာ subscriber ...

Glitch S01 (2022) [Complete]

2022
The Man in the High Castle (2019) Season 4 7.547
The Man in the High Castle (2019) Season 4 The Man in the High Castle(2019) Season 4***********************************************အပိုင်း  (   ၁   မှ   ၁၀   )  စ  /  ဆုံး အညွှန်းကိုတော့ စပွိုင်လာဖြစ်နေမယ်စိုးလို့ Season 1 က ဟာကိုပဲကူးယူဖော်ပြထားပါတယ်....The Man in the High Castle (ရဲတိုက်ကြီးပေါ်ကလူ) ဆိုတဲ့ စီးရီးဟာအတော်လေး ထူးခြားတဲ့ စီးရီးတစ်ခုပါပဲ။Doctor Strange တို့ဘာတို့မှာကြည့်ရတဲ့ အပြိုင်စကြဝဠာ၊အချိန်ခရီးသွားခြင်းတွေလိုပါပဲ။ ဇာတ်ကောင်တွေနေနေတဲ့ ကမ္ဘာဟာကျွန်တော်တို့ရဲ့ ကမ္ဘာကြီးနဲ့မတူညီပါဘူး။ ဘာလို့မတူညီတာလဲဆိုတော့ဒုတိယ ကမ္ဘာစစ်မှာ နာဇီတွေ ဂျပန်တွေ စစ်နိုင်သွားပြီးကမ္ဘာကြီးကို ဖက်ဆစ်စနစ်နဲ့ အုပ်စိုးနေတဲ့ ကမ္ဘာကြီးဖြစ်နေလို့ပါပဲ။ဒီနေ့ခေတ်အထိ ဂျူးတွေကိုအဆိပ်ပေးသတ်ခွင့်ရှိတယ်၊ကင်ပေတိုင်တွေ SS တွေကြီးစိုးတယ်။ချွေးတပ်စခန်းတွေထားတယ်။ သေဒဏ်တွေ၊ဖမ်းဆီးနှိပ်စက်တာတွေ၊ မိသားစုလိုက်ကို ဒုက္ခပေးတာတွေအကြပ်ကိုင်တာတွေ အားလုံးကို အစိုးရက တရားဝင်လုပ်ဆောင်နေတဲ့ ကမ္ဘာပါပဲ။ဒီတော့ ဒီအစိုးရတွေကို တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့တွေ ရှိလာတာပေါ့။ဒါပေမဲ့ အင်အားအရမ်းနည်းနေပြီး ...
7.547
TMDb: 7.547/10 923 votes
tv

The Man in the High Castle (2019) Season 4

2015