Channel Myanmar

KBS2

Jinxed At First (2022)
Jinxed At First (2022) ဒရမ်မာစီးရီးအလောင်တွေကြား ဆန်းဆန်းပြားပြားလေးနဲ့ရိုမန့်စ်ကားကိုကြည့်ချင်ကြသူတွေအတွက်အခုတင်ဆက်ပေးလိုက်တဲ့ကားလေးကတော့Jinxed at first ဆိုတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။အမြဲတမ်းကံဆိုးခြင်းတွေကိုပဲ ကြုံရလေ့ရှိတဲ့ငါးဆိုင်ကကောင်လေးGong Soo Gwang ဟာချစ်စရာကောင်မလေးတစ်ယောက်နဲ့ ခဏတာဆုံပြီးနောက်မှာဘဝမှာ ထူးခြားတဲ့အရာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။သူနဲ့တွေ့ခဲ့ရသူလေးကတော့ လူတစ်ဦးကိုထိမိလိုက်တာနဲ့အဲ့လူရဲ့အနာဂါတ်ကိုကြိုသိနိုင်တဲ့ကောင်မလေး Lee Seul biပဲဖြစ်ပါတယ်။ကံကောင်းခြင်းနတ်ဘုရားမလေးတစ်ပါး ဘဝထဲကို ဝင်လာပြီးထူးဆန်းတဲ့အရာတွေခံစားခဲ့ရတဲ့ Gong Soo Gwang တစ်ယောက်၇နှစ်အကြာ Lee Seul Bi နဲ့ ပြန်လည်ဆုံတွေ့ရာမှာတော့ဘယ်လိုထူးဆန်းမှုတွေကို ဆက်ရင်ဆိုင်ရဦးမလဲ၇နှစ်တာကာလပတ်လုံး Lee Seul Bi တစ်ယောက် ဘယ်တွေရောက်နေခဲ့တာလဲသူတိုနှစ်ယောက်ကြုံတွေ့ရမှာက ကံကောင်းခြင်းတွေလား ကံဆိုးခြင်းတွေလား....စတာတွေကို ဂျွန်လရဲ့မိုးအေးအေးကြား အချစ်ဇာတ်လမ်းလေးရောပြီးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ပရိသတ်အသည်းစွဲ Seo Hyun လေးနဲ့Mr.Queen က သနားခဲ့ရတဲ့ ကျန်ရစ်လေး Na In Woo တိုရဲ့Chemistry ကလည်းတော်တော်လေးမိနေတာမို ရိုချင်သူတိုလက်လွှတ်မခံသင့်တဲ့ကားလေးလိုညွှန်းဆိုလိုက်ပါတယ်နော်(အညွှန်းရေးသားထားသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်) Quality : WEB-DL 720p,1080pTotal Episodes : 16Format : ...

Jinxed At First (2022)

2022
Dear.M (2022)
Dear.M (2022) Dear.M (2022) ===========ဆောယွန်းတက္ကသိုလ်ကြီးက "M" ဆိုတဲ့အမည်အသိတဲ့ လူတစ်ယောက်က ပို့စ်မတင်ခင်ထိ အေးချမ်းနေခဲ့တယ်။ သူ့ရဲ့ပို့စ်တစ်ခုတည်းနဲ့ ကျောင်းတော်ကြီးတစ်ခုလုံး ဂယက် ထသွားခဲ့တယ်။ ကျောင်းသားတွေကလည်း "M" ရဲ့အမှန် တရားကို ဖော်ထုတ်ဖို့အတွက် လွယ်ကူတဲ့ task တွေကို လုပ်ဆောင်ရပါတယ်။တစ်ဘဝလုံးအိပ်မက်မရှိ မျှော်လင့်ချက်မရှိနေထိုင်လာတဲ့ မာဂျူအာက ကျောင်းတော်ကြီးရဲ့ပဟေဠိကိုတော့ အားတက် သရော အဖြေရှာချင်နေခဲ့တယ်။ သူနဲ့အတူ ကွန်ပြူတာသိပ္ပံ ကျောင်းသား ချာမင်ဟို၊ စီးပွားရေးမေဂျာကျောင်းသူ ဆောဂျီမင်းနဲ့ စီးပွားစီမံမေဂျာက ဘတ်ဟာနူးတို့က "M" ရဲ့ပုံစံအမှန်ကိုဖော် ထုတ်ဖို့ အတူကြိုးစားကြပါတယ်။စွန့်စားမှုခရီးကြီးကို အတူလျှောက်လှမ်းရင်း သူတို့ကြားထဲက အခြေအနေလေးတွေက သူငယ်ချင်းသံယောဇဉ်ကနေ တိုးတက် လာကြတယ်။ ရင်ခုန်သံစည်းချက်တွေ မြန်ဆန်လာသလို "M" ရဲ့ သရုပ်မှန်လည်း ပိုပြီးရှုပ်ထွေးလာခဲ့တော့ "M" ရဲ့သရုပ်မှန်ကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုရမှာပါ။မာဂျူအာ အဖြစ် Park Hye-Soo ချာမင်ဟို အဖြစ် NCT Jung Jae Hyun Seo Jimin အဖြစ် Roh Jeong Hui ဘတ်ဟာနူး အဖြစ် Bae Hyun Sung တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ June 29 ...

Dear.M (2022)

2022
Bloody Heart (2022) 8.3
Bloody Heart (2022) Bloody Heart (2022)=================အာဏာတွေ လွန်ဆွဲကာ အပြိုင်ချကြမယ့် ရဲရဲတောက်ထီးနန်းလု ဇာတ်ကားသစ် "အနီရောင်နှလုံးသား"ဆိုတဲ့ ကိုရီးယားနန်းတွင်း Historical drama အသစ်လေးထွက်ရှိလာပါပြီ။ အားလုံးသိပြီးသားဖြစ်တဲ့ ဝါရင့်မင်းသားကြီး အာဂျောရှီး Jang Hyuk ပါဝင်ထားတဲ့ အပြင် Bulgasal ထဲက ဗီလိန်မင်းသားလေး Lee Joon က အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတာမို့လို့အရမ်းမိုက်မယ့် ဒရမ်မာလေးပါ။ မင်းသမီးကလည်း ပြောစရာမလို Moon Lovers တို Start-Up တို့ထဲက ဇာတ်ပို့ရော ဗီလိန်တင်မက အဓိကသရုပ်ဆောင်နေရာပါ ပိုင်နိုင်တဲ့ မင်းသမီး Kang Han-Na ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကတော့ Lee Tae (Lee Joon) ရဲ့ အဖေဖြစ်သူက Park Gye-Won (Jang Hyuk) ရဲ့ အကူအညီနဲ့ ယခင်မင်းကြီးကို ဖယ်ချနိုင်ပြီး ဘုရင်အသစ်ဖြစ်လာခဲ့တယ်။ အဲလိုနဲ့ သူ့အဖေရဲ့ အရိုက်အရာကိုဆက်ခံပြီးနောက် မင်းသား Lee Tae နောက်တက်တဲ့ဘုရင်ဖြစ်လာတဲ့အခါ... တရားမျှတမှုနဲ့ ကိုယ် နန်းတက်တာ ကိုယ့်အရည်အချင်းကြောင့်လို ယုံကြည်ထားတဲ့ မင်းသား Lee Tae ...
8.3
TMDb: 8.3/10 3000 votes
tv

Bloody Heart (2022)

2022
1 Night 2 Days 7.2
1 Night 2 Days 1 Night 2 DaysVariety Show ပရိတ်သတ်ကြီးအတွက် Channel Myanmar မှ 2Day1Night ဆိုတဲ့ Show တစ်ခုကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။တစ်နိုင်ငံလုံးအနှံ့က စိတ်ဝင်စားဖွယ်နေရာတွေကို 2 ရက်တာစီ ခရီးတိုအနေနဲ့ သွားလာရင်း အဖွဲ့ဝင် ခြောက်ယောက် ပျော်ရွှင်ဖွယ် ဂိမ်းတွေဆော့ကြမှာ ဖြစ်ပါတယ် ။ကိုးရီးယားနိုင်ငံရဲ့သဘာ၀ အလှတရားတွေ ၊ နိုင်ငံခြားခရီးသွားတွေကိုဆွဲဆောင်နေတဲ့ ရိုးရာယဉ်ကျေးမှုတွေကို တစ်ဝကြီး မြင်တွေ့ခံစားရမဲ့ Show တစ်ခုလည်း ဖြစ်ပါတယ်။အဖွဲ့ဝင်တွေ အနေနဲ့ Yeon Jung-hoon , Kim Jong-min, Moon Se-yoon , DinDin, Ravi နဲ့ ပါးချိုင့်ပိုင်ရှင် အကြည်ဓာတ်လေး Kim Seon-ho တို့ပါဝင်ကြမှာ ဖြစ်ပါတယ်။ထူးခြားဆန်းပြားတဲ့ အလှတရားတွေအပြင် အဖွဲ့ဝင်တွေရဲ ့ပျော်ရွှင်စရာ ပုံစံများကြောင့် CM ပရိတ်သတ်ကြီးကို စိတ်အပန်းပြေစေမဲ့ Showတစ်ခုဖြစ်မှာသေချာပါတယ် ။အညွှန်းကိုတော့ Nanthin Myint Zu က ရေးပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ CM Variety Team ...
7.2
TMDb: 7.2/10 15 votes
tv

1 Night 2 Days

2007
Love All Play (2022)
Love All Play (2022) Love all play (2022)Love ဆိုတာကတော့ ကြက်တောင်မှာ သုည ဆိုတဲ့ အဓိပ္ပါယ်ပါ။ Love all play ဆိုတာကတော့ အချစ်ကို ဗလာသက်သက်က စမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ဒီဇာတ်လမ်းရဲ့ နောက်ထပ်နာမည်တစ်ခုလည်း ရှိပါသေးတယ်။ The Speed to you is 493 km ပါ။ အဲဒါကတော့ ကြက်တောင်လောကရဲ့ လက်ရှိဂင်းနစ်စံချိန် ဖြစ်တဲ့ တစ်နာရီကို ၄၉၃ ကီလို နှုန်းပါ။ ဒီတော့ မင်းဆီကို ငါက ၄၉၃ ကီလိုမီတာ အမြန်နှုန်းနဲ့ လာခဲ့မယ် ဆိုတာပါပဲ။အခုကားထဲမှာတော့ Nevertheless ထဲက မောင်ကျန်ရစ်ဖြစ်ခဲ့သူ အာလူးလေးရဲ့ Main Lead ကားလေးလာပါပြီ မင်းသမီးကတော့ Mouse ထဲက အိုဘုံရီအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးလေးဆိုတော့ နှစ်ယောက်သား ဓာတုဗေဒတွေ မိနေမှာတော့ အသေအချာပါပဲနော်ဇာတ်ကြောင်းလေးကတော့...​ကြက်တောင်လောကကို မိသားစုစီးပွားရေးကြောင့်ရောက်လာပြီး အားကစားကို စီးပွားတစ်ခုလိုသတ်မှတ်တဲ့ သူဌေးသားလေး Park Tae Joonကြက်တောင်ရိုက်အားကစားကို အရမ်းချစ်ပေမဲ့ ...

Love All Play (2022)

2022
Witch at Court (2017) 9.1
Witch at Court (2017)  စီးရီးသစ်တွေ အများကြီးထွက်လို့ ဗြာများပြီး ဘယ်ဟာကောင်းလဲမသိရွေးချယ်ရခက်နေသူ CM fan တွေအတွက် ၂၀၁၇ က ထွက်ထားပြီး နာမည်ကြီး မင်းသားကြီးတွေပါတဲ့ NETFLIX က Crime , Mystery အမျိုးအစား ဇာတ်လမ်းတွဲကောင်းတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ် ။ ဒီဇာတ်လမ်းမှာတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်ခံရတဲ့ အကြမ်းဖက်မှုတွေနဲ့ လိင်အကြမ်းဖက်မှုတွေကို အသားပေးရိုက်ကူးထားပါတယ် ။ဇာတ်လမ်းအကျဥ်းပျောက်ဆုံးသွားတဲ့ မိခင်ဖြစ်သူကိုရှာဖွေနိုင်ဖို့ အမှုစစ်တစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့တဲ့ မာအီဒွန်...စိတ်ရောဂါအထူးကုဆရာဝန်အဖြစ်ကနေ နှုတ်ထွက်ပြီး အမှုစစ်တစ်ယောက်ဖြစ်လာတဲ့ ယောဂျင်အု...အီဒွန်က အထက်လူကြီးတွေဆီကအာရုံစိုက်မှုရဖို့နဲ့ ရာထူးတိုးဖို့အမြဲကြိုးစားပြီး ကိုင်တဲ့အမှုတိုင်းနိုင်ဖို့အတွက် နည်းလမ်းမျိုးစုံ လှည့်ကွက်မျိုးစုံကိုသုံးလေ့ရှိပါတယ် ၊ဂျင်အုကတော့ အမှန်တရားဘက်မှာ အမြဲနေပြီး စည်းမျဥ်းစည်းကမ်းအတိုင်း သေချာလုပ်ဆောင်တတ်တဲ့ အမှုစစ်တစ်ယောက်ပါမထင်မှတ်တဲ့ပြဿနာတွေဖြစ်ပြီး အမျိုးသမီးနှင့်ကလေးသူငယ်မှုခင်းဌာကို ပြောင်းရွှေ့ခံလိုက်ရတဲ့ မာအီဒွန်နဲ့အမျိုးသမီးနဲ့ကလေးငယ်တွေဘက်က ရပ်တည်ပေးဖို့ အဖွဲ့ပြောင်းလာတဲ့ ယောဂျင်အုတို့နှစ်ယောက် တွေ့ကြတဲ့အခါ...သူတို့နှစ်ယောက်ဘယ်လိုဆက်ပြီး အတွဲညီညီ အမှုတွေကို ဖော်ထုတ်သွားမလဲဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီရှင် ။*** တစ်ရက် ၂ ပိုင်းနှုန်း ...
9.1
TMDb: 9.1/10 7 votes
tv

Witch at Court (2017)

2017
Love Twist (2021) [Complete]
Love Twist (2021) [Complete] Love Twist (2021) ဇာတ်လမ်းတွဲအညွှန်း(အစ-အဆုံး)***********************************အပိုင်း - ၁၀၃ (ဇာတ်သိမ်းပိုင်း) နောက်ထပ်ကြည့်လို့ကောင်းတဲ့ အပိုင်း (၁၀၀) မိသားစုကားလေးနဲ့မိတ်ဆက်ပေးပါရစေ။"Twist" လို့ခေါ်တဲ့ အသေးစားကုမ္ပဏီလေးတစ်ခုကို တည်ထောင်ထားတဲ့ ဆိုးရီ၊ ဟာရူ နဲ့ ယွန်းနာတို့က အရမ်းရင်းနှီးတဲ့ဆက်‌ဆံရေးတွေရှိကြပါတယ်။ မိဘအချင်းချင်းရဲ့ဆက်ဆံရေးကြောင့် မောင်နှမလိုဖြစ်နေတဲ့ ဆိုးရီနဲ့ဟာရူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားကြတဲ့အခါ အချစ်ဇာတ်လမ်းလေးပေါ်ပေါက်လာခဲ့ပါတယ်။ဒါပေမယ့် တစ်ဖက်မှာ ယွန်းနာကလည်း ဟာရူကိုတစ်ဖက်သတ် သဘောကျနေတော့ ကြည်နူးဖွယ်အချစ်ဇာတ်လမ်းလေးကနေ သုံးပွင့်ဆိုင်ဖြစ်လာတဲ့အခါမှာ သူတို့ကြားပဋိပက္ခတွေ ပေါ်လာခဲ့ပါတယ်။အဲဒါအပြင် ဆိုးရီနဲ့ဟာရူကို သဘောမတူတဲ့ ဆိုးရီရဲ့အဖေကြောင့်လည်းတစ်ဖန် သူတို့အချစ်ရေးအတွက်ပြဿနာတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ဒီလိုမျိုး ရင်းနှီးရသူနဲ့ ပဋိပက္ခတွေကြား မိသားစုပြဿနာတွေကြားကနေ ဆိုးရီနဲ့ဟာရူတို့ရဲ့ အချစ်အလှည့်အပြောင်းလေးကို ပုံဖော်ရိုက်ကူးထားတဲ့ဒရာမာလေးပါ။ဒီတော့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲ? မိသားစုပြဿနာတွေကြားမှာ ဆိုးရီနဲ့ဟာရူက သူတို့အချစ်အတွက်ဆက်ရုန်းကန်ကြမလား? လက်လျှော့လိုက်မလား? ဆိုတာကို သူ့ဇာတ်ရှိန်လေးနဲ့သူ ကြည့်လို့ကောင်းတဲ့ကားလေးမို့ CM Asia Series ကနေ စောင့်မျှော်အားပေးကြပါဦး  Aired: December 13, 2021 -- Aired On: Monday-FridayDuration: 30minsEpisodes: 100Genres: ...

Love Twist (2021) [Complete]

2021
Crazy Love (2022) [Complete]
Crazy Love (2022) [Complete] Crazy Love (2022) ဇာတ်လမ်းတွဲအညွှန်း*********************************အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) Kim Jae Wook နဲ့ Krystal Jung တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ "Crazy Love" ဆိုတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်...Noh Go Jin - ပုဂ္ဂလိကပညာရေးနယ်ပယ်မှာ နာမည်အကြီးဆုံး သင်္ချာနည်းပြဖြစ်ပြီးGOTOP Education ရဲ့ စီအီးအိုတစ်ယောက်လည်း ဖြစ်တဲ့သူပါ။အထက်တန်းအဆင့်ပညာရေးပဲ ရှိတာတောင်မှ သူ့ရဲ့ထက်မြက်သာလွန်တဲ့ဉာဏ်ရည်ကြောင့်အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့တဲ့သူပေါ့...ချောမောတဲ့ရုပ်ရည်၊ မြင့်မားတဲ့ IQ နဲ့ချမ်းသာကြွယ်ဝမှုတွေကြောင့် ပြီးပြည့်စုံတဲ့သူလို့ပြောလို့ရပါတယ်... တစ်ရက် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ကြုံလာရပြီးနောက်မှာတော့အတိတ်မေ့ချင်ယောင်ဆောင်ပြီး အဲဒီလူကို လိုက်ရှာပါတော့တယ်...Lee Shin A - အလုပ်ကြိုးစားပြီး တာဝန်သိတတ်တဲ့ Noh Go Jin ရဲ့ အတွင်းရေးမှူးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ တိတ်ဆိတ်ပြီး တသီးတသန့်နေတတ်တဲ့စရိုက်ကြောင့် အလုပ်မှာ ရှိတယ်လို့တောင်အထင်မခံရတဲ့သူလေးပါ။တစ်နေ့အလုပ်မှာဆက်လုပ်ဖို့မပြေနိုင်တဲ့ကိစ္စကြီးတစ်ခုကြုံလာတော့အလုပ်မထွက်ခင် သူ့ကို ဆိုးဝါးစွာ ဆက်ဆံခဲ့တဲ့ ဘော့စ်ဖြစ်သူကို လက်စားချေဖို့ ကြံစည်ပါတော့တယ်.....အပိုင်း ...

Crazy Love (2022) [Complete]

2022
Young Lady and Gentleman 10
Young Lady and Gentleman Young Lady and Gentleman (2021)ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် မိသားစု ဒရမ်မာလေး တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်လီယောင်ဂုဟာ ဇနီးသည် ကွယ်လွန်သွားပြီးနောက် ကလေးသုံးယောက်နဲ့အတူ ကျန်ရစ်ခဲ့ရတဲ့ သူဌေးတစ်ဦးပဲ ဖြစ်ပါတယ်တစ်ခုလပ်အမျိုးသားတစ်ယောက်ဖြစ်နေပေမဲ့လည်း ဥစ္စာပေါရုပ်ချောတဲ့ လီယောင်ဂုဟာ အမျိုးသမီးတွေကြားမှာ ရေပန်းစားဆဲပါပဲဒါပေမဲ့ လီယောင်ဂုဟာ ကွယ်လွန်သွားတဲ့ ဇနီးဖြစ်သူအပေါ် သစ္စာစောင့်သိပြီး သားသမီးတွေအတွက်လည်းလိုလေးသေးမရှိအောင် အလုပ်ကြိုးစားပြီး ထောက်ပံ့ပေးသူတစ်ဦးပါဒါပေမဲ့လည်း ငွေကြေးကြေးရေးအရသာ ထောက်ပံ့ပေးနိုင်တဲ့ လီယောင်ဂုတစ်ယောက်သားသမီးတွေကို ထိန်းသိမ်းတဲ့အပေါ်မှာ လစ်ဟင်းလာတဲ့အခါ....ကလေးတွေအတွက် အိမ်မှာအတူနေပေးပြီး စာသင်ပေးဖို့ ကျူတာတစ်ယောက်ကို ရှာဖွေခဲ့ပါတော့တယ်တစ်ဖက်မှာလည်း အမေနဲ့အစ်ကိုဖြစ်သူရဲ့လုပ်ရပ်ကြောင့် အိမ်အာမခံကြေးတွေ ဆုံးရှုံးခဲ့ရတဲ့အပြင် ဖခင်ဖြစ်သူဟာလည်းပင်ပန်းဆင်းရဲတဲ့ Delivery အလုပ် လုပ်နေတာကို တွေ့လိုက်ရတဲ့ ပတ်ဒန်ဒန်...မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ဖို့ရှာဖွေရင်း လီယောင်းဂုရဲ့အိမ်မှာ ကျူတာလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ...ချို့တဲ့ပေမဲ့လည်း စိတ်ကောင်းထားပြီး ပျော်ပျော်နေတတ်တဲ့ ပတ်ဒန်ဒန်တစ်ယောက် ကလေးတွေကိုစာသင်ပေးရင် အမြဲခက်ထန်နေတဲ့ လီယောင်ဂုနဲ့ ဘယ်လိုတွေ နှစ်ပါးသွားမလဲ??လီယောင်ဂုကရော ကလေးတွေ ...
10
TMDb: 10/10 2 votes
tv

Young Lady and Gentleman

2021
Dream High Season 1 and Season 2 7.3
Dream High Season 1 and Season 2 Dream High Season 1 (2011)Dream Highလို့ပြောလိုက်တာနဲ့ ငယ်ငယ်က ကျူရှင်အပြီးမှာ အိမ်အပြေးပြန်ပြီး ကြည့်ခဲ့ဖူးတဲ့ အမှတ်တရတွေပြန်တွေးမိနေပြီလား?တကယ်လည်း 2011ကထွက်ရှိခဲ့တဲ့ ဒီကားလေးက Kdrama ချိုးကပ်တွေနဲ့ မစိမ်းတဲ့ကားလေးပါနော်။အိပ်မက်‌တွေဆီကို အရောက်လှမ်းနိုင်ဖို့ အထောက်အပံ့တစ်ခုဖြစ်တဲ့ နာမည်ကြီး ဂီရင်းအနုပညာကျောင်းတော်ကြီးမှာပုံစံမတူ၊အခြေအနေမတူကြတဲ့ လူငယ်တွေစုဝေးနေပြီး သူတို့အားလုံးမှာ တူညီတာတစ်ခုက ပွဲဦးထွက်ပြီး တောက်ပတဲ့ကြယ်ပွင့်‌လေးတွေ ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုတည်းပါပဲ။လူအများရှေ့မှာ လင်းလက်နေချင်တဲ့ အလင်းရောင် ထွက်ပေါ်ခါစ ကြယ်ပွင့်လေးတွေရဲ့ တစ်လှမ်းချင်းလှမ်းရင်း တလက်လက်တောက်ပလာပုံကို ကြည့်နေရတာက ဒီကားရဲ့အရသာဆိုတာ ရင်းနှီးတဲ့လူတိုင်း သိလောက်မှာပါ။အရည်အချင်းရှိရင်ရှိသလောက် ကြိုးစားရင်ကြိုးစားသလောက် ဘယ်လောက်ပဲမြင့်မားတဲ့အိပ်မက်ဖြစ်နေပါစေ ကြိုးစားနေသ၍ အောင်မြင်မှုဆိုတာ ရှိစမြဲပဲဆိုတာကို ပြောပြပေးခဲ့တဲ့ ဇာတ်လမ်းလေးပါ။ပါဝင်အားဖြည့်ထားတဲ့ Cast တွေကလည်း လက်ရှိမှာဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ နာမည်ကြီးအနုပညာရှင်တွေပါပဲ။- ကျေးတောရွာလေးက အရည်အချင်းရှိတဲ့ လူငယ်လေးအဖြစ်(Kim Soo Hyun) - မွေးကတည်းက ရွှေဘုံနန်းစံလေး ဖြစ်ပြီး အထိမခံ မာန‌ခဲလေးအဖြစ်(Bae Suzy) - အရည်အချင်းရှိရဲ့သားနဲ့ အိပ်မက်ကိုတက်လှမ်းဖို့ လမ်းစပျောက်နေတဲ့ လူငယ်လေးအဖြစ် (2PM-Ok Taecyeon) - ဘုရားပေးတဲ့ဆုလာဘ်အနေနဲ့ ချိုသာတဲ့အသံကိုပိုင်ဆိုင်ထားတဲ့ ကောင်မလေးအဖြစ် (IU) - အရည်အချင်းရှိပြီး အလားအလာကောင်းတဲ့ ...
7.3
TMDb: 7.3/10 30 votes
tv

Dream High Season 1 and Season 2

2011
Moonshine (2021) [Complete] 8
Moonshine (2021) [Complete] Moonshine (2021) ဇာတ်လမ်းတွဲအညွှန်း************************************ အပိုင်းသစ် - ၁၆ (ဇာတ်သိမ်းပိုင်း)(အစ-အဆုံး ရပါပြီ) သမိုင်းနောက်ခံအချစ်ဇာတ်လမ်းအမိုက်စားလေးတွေကို မျှော်လင့်နေကြတဲ့ CM ပရိသတ်ကြီးအတွက် အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်မှုတွေကို စိတ်ဝင်စားဖွယ်ဖော်ညွှန်းထားတဲ့ ဂျိုဆွန်းခေတ်နောက်ခံဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ ... အရက်သေစာရောင်းဝယ်ဖောက်ကားမှုကို ပြင်းပြင်းထန်ထန်တားမြစ်ထားတဲ့ ကာလကြီးမှာ အောင်မြင်မှုအတွက် ယန်ဟန်းမြို့တော်ကိုတက်လာပြီး တရားရေးဌာနမှာအလုပ်လုပ်နေသူ အထောက်တော်လေး Nam Young အကြွေးတွေကိုဆပ်ဖို့အတွက် အရက်ပုန်းရောင်းရုံသာမက ရရာအလုပ်နဲ့ မိသားစုကိုရှာကျွေးနေရတဲ့ကောင်မလေး Kang Ro Seo နဲ့ အရက်သေစာသောက်စားမှုတားမြစ်ထားပေမယ့် စည်းမျဥ်းတွေကိုဂရုမစိုက်ဘဲ နန်းတော်အပြင်ကိုခိုးခိုးထွက်ပြီး သောက်စားနေတတ်တဲ့ ပြဿနာအိုးမင်းသားလေး Lee Pyo ကိုယ်လိုချင်တာကိုရအောင်ယူတတ်တဲ့ မျိုးရိုးမြင့်မိသားစုရဲ့ သခင်မလေး Han Ae jin တို့လေးဦး ဆုံစည်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူတို့လေးဦးရဲ့ ဘယ်လိုကမောက်ကမအဖြစ်အပျက်လေးတွေနဲ့ ဆုံစည်းဖြစ်ကြမလဲ ? ဘယ်လိုအမှုတွေ ဘယ်လိုအခြေအနေတွေနဲ့ စုံစမ်းမှုတွေကို ရင်တထိတ်ထိတ်နဲ့ လုပ်ဆောင်ကြမလဲ ? လူငယ်တွေကြား ဘယ်လိုအချစ်ဇာတ်လမ်းမျိုးတွေ ပေါက်ဖွားလာကြမလဲ ? ဆိုတာကိုတော့ အခုတင်ဆက်ပေးထားတဲ့ When Flowers ...
8
TMDb: 8/10 1 votes
tv

Moonshine (2021) [Complete]

2021
School 2021 (2021) 8.7
School 2021 (2021) School 2021 (2021)================အားလုံးမျှော်နေကြတဲ့ a love so beautiful ထဲက ဂင်ယိုဟန်လေး လာပါပြီ။ School ကားတွေကိုကြည့်ဖူးတဲ့သူတွေအတွက်ဒီလိုဇာတ်ကားလေးတွေက Relax ဖြစ်ပြီးတော့ အဆင်လေးငမ်းရမဲ့ကားဆိုတာ သိပြီးကြမယ်ထင်ပါတယ်။ ဒီတစ်ခါ School 2021ကတော့ ဘာဇာတ်လေးဖြစ်မလဲဆိုတာ အညွှန်းလေးကိုဆက်ဖတ်ပေးကြပါဦးနော်။Gong Ki Joon က တိုက်ကွမ်ဒိုကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ပြည်တွင်း အားကစားပြိုင်ပွဲမှာ တတိယဆုရခဲ့ပေမယ့်လည်း ​​​ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ကံဆိုးမှုတွေကဆက်တိုက်ဆိုသလို ဖြစ်လာပြီးတော့ ၁၁နှစ်တာ တိုက်ကွမ်ဒိုကစားတာရပ်နားလိုက်ရသလို အိမ်ကလည်း စီးပွားရေးမပြေလည်တဲ့အတွက်ကြောင့် ပိုက်ဆံရှာချင်နေတဲ့သူ တစ်ယောက်ပါ။  Jin Ji won ကတော့လက်သမားပညာကို စိတ်ဝင်စားတဲ့ကျောင်းသူလေးဖြစ်ပြီးတော့ တစ်နိုင်ငံလုံးမှာ အတော်ဆုံးလက်သမားဆရာဖြစ်ချင်တာပါ။ သူမကလက်တွေ့လုပ်ငန်းမှာ အရမ်းကိုအတွေ့အကြုံယူချင်နေတဲ့ကျောင်းသူတစ်ယောက်၊ Cho Yeong Woo ကတော့ ကျောင်းပြောင်းလာတဲ့ကျောင်းသားအသစ်တစ်ယောက်ဖြစ်ပြီးတော့ သူနဲ့ Ki Joon ကြားမှာကော ဘယ်လိုတွေကိစ္စတွေရှိနေသေးတာလဲ။ လေးပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်တဲ့အတွက်ကြောင့် နောက်ထပ်ကောင်မလေးကကော ဘယ်သူလေးဖြစ်မှာလဲ။ ...
8.7
TMDb: 8.7/10 300 votes
tv

School 2021 (2021)

2021
Jung Hae In’s Travel Log (2019) 10
Jung Hae In’s Travel Log (2019) Jung Hae In's Travel Log၂၀၁၉ တုန်းက ထွက်ရှိခဲ့တဲ့ Jung Hae In ရဲ့ ခရီးသွားအစီအစဉ်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်မြောက်ပိုင်းကိုခေါ်သွားမှာတော့ မဟုတ်ပါဘူး နယူးယောက်ကို သွားကြမှာပါတဲ့ဒီရှိုးမှာ Hae In က ပထမဆုံးအကြိမ် producer အဖြစ် ထုတ်လုပ်တင်ဆက်သွားမှာပါProducer ဖြစ်တဲ့အတွက် နေဖို့ စားဖို့ သွားဖို့ ခရီးစဉ်လမ်းကြောင်း အကုန်ဆွဲရပါတယ်ပထမဆုံးအကြိမ်အဖြစ် သူပဲ producer သူပဲ host ဆိုတော့ အရာရာက အသစ်အဆန်းဖြစ်ပြီး စိတ်လှုပ်ရှားစရာ ဖြစ်နေပါတော့တယ်Episode 1 မှာဆို တက္ကစီငှားပြီးမှ တက္ကစီဦးလေးကြီးက လိုက်မပို့ဘူးငြင်းလိုက်လို့ ပြန်ဆင်းရတာမျိုး စတဲ့ အလွဲလေးတွေနဲ့လည်း ရယ်နေရဦးမှာပါHae In ကလည်း နယူးယောက်ကို အခုမှ ပထမဆုံးအကြိမ် ရောက်ဖူးတာပါတဲ့။ သူ့ရဲ့ actorသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Lim Hyun Soo, Eun Jong ...
10
TMDb: 10/10 1 votes
tv

Jung Hae In’s Travel Log (2019)

2019
The King’s Affection (2021)
The King’s Affection (2021) The King’s Affection (2021)ဒီတစ်ခါမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ နန်းတွင်းကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂျိုဆွန်းခေတ်မှာ အိမ်ရှေ့စံမင်းသားရဲ့ မိဖုရားဟာ ကိုယ်ဝန်ရခဲ့ပြီး မင်းသားရယ် မင်းသမီးရယ် အမွှာလေး ဖွားမြင်ခဲ့ပါတယ် ဒါပေမယ့် မင်းသားဖြစ်ရမယ့်သူက မိန်းမတစ်ယောက်နဲ့ တစ်ဝမ်းတည်းထွက်ခဲ့တာကြောင့် မကောင်းတဲ့နိမိတ်လို့ ယူဆကြပြီး မင်းသမီးငယ်လေးကို သတ်ဖို့ လုပ်ခဲ့ကြပါတယ် ဒီလိုကနေ တော်ဝင်သမားတော်ကြီးနဲ့ အိမ်ရှေ့စံမိဖုရားတို့က မင်းသမီးငယ်လေးကို သေတဲ့ပုံစံလုပ်ပြီး ​တောတွင်းက ဘုန်းကြီးကျောင်းထဲ စွန့်ပစ်ခဲ့ကြတာပေါ့ အချိန်ကာလတစ်ခု ကြာမြင့်လာတဲ့အခါ မင်းသမီးငယ်လေးက မိဖုရားကြီးရှေ့ ပြန်ပေါ်လာချိန်မှာတော့..... နန်းတွင်းရေးအရှုပ်တွေကြားကနေ ဖြစ်ပေါ်လာမယ့် လူငယ်တွေရဲ့ ခံစားချက်ကို ဖော်ကျူးရိုက်ပြထားပါတယ်She would never know နဲ့ လူသိများခဲ့တဲ့ မင်းသားလေး Rowoon ပါဝင်တဲ့ Cast ချောချောလေးတွေ များစွာပါဝင်တဲ့ နန်းတွင်းကား ချောချောကောင်းကောင်းလေးပါ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ Channel Myanmar ကနေ တင်ဆက်ပေးသွားမှာမို့ ​စောင့်မျှော်အားပေးကြပါဦးနော်အညွှန်းကိုတော့ Amelia က ရေးသားပေးထားပြီးတော့ဘာသာပြန်တွေကတော့ Jerrica, Shwe Pyae, Amelia, Thet Hnin Hsu တို့ပဲ ဖြစ်ကြပါတယ်။Encoder - AugustSize: 500MB Quality: 720p Subtitle: ...

The King’s Affection (2021)

2021
Red Shoes(2021)
Red Shoes(2021) Red Shoes(2021) ဇာတ်လမ်းတွဲအညွှန်း*********************************အပိုင်း - ၁၀၀ (စ/ဆုံး)ကဲ ဂန္ဓဝင်ဆန်ဆန်လေး လောင်မြိုက်ချင်သူတွေအတွက် အမိုက်စားစီးရီးကြီးတစ်ခုလာပါပြီ...Hee Kyung ဟာ အိမ်ထောင်ရှင်အမျိုးသမီးကြီးတစ်ယောက်ဖြစ်ပြီး Zem-Ma လို့ခေါ်တဲ့သမီးနဲ့ နာမကျန်းဖြစ်နေတဲ့ သားတစ်ယောက်ရှိပါတယ်။တစ်နေ့ Hee Kyungတစ်ယောက် အချစ်ဦးနဲ့ပြန်တွေ့တဲ့အခါ ကလေးနှစ်ယောက်ရဲ့မျက်နှာမှမထောက် မိသားစုကိုထားပစ်ပြီး အချစ်ဦးနောက် ကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။မိခင်ဖြစ်သူရဲ့စွန့်ပစ်ထားခံရပြီးနောက် Zem-Maလေးဟာ အခက်အခဲတွေကြုံတွေ့ခဲ့ရပြီး ဖခင်ဖြစ်သူဟာလည်း ရုတ်တရက်ဆုံးသွားပါတော့တယ်။ဒီလိုနဲ့ Zem-Maတစ်ယောက် သံသယဝင်စရာကောင်းနေတဲ့ ဖခင်ဖြစ်သူရဲ့သေဆုံးမှုနောက်ကွယ်ကအမှန်တရားကို လိုက်လံရှာဖွေရင်း ရက်ရက်စက်စက် စွန့်ပစ်သွားခဲ့တဲ့မိခင်ကို လက်စားချေဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်....အပိုင်း ၁၀၀ပါရှိတဲ့ ဇာတ်လမ်းတွဲရှည်ကြီးဖြစ်ပြီး တဝကြီးလောင်မြိုက်နိုင်အောင် CMကနေ အပတ်စဥ် Mon-Fri ငါးရက်လုံးဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြပါဦးနော်.....Episodes: 100Aired: Jul 5, 2021 - Nov 19, 2021Aired On: Monday, Tuesday, Wednesday, Thursday, FridayGenres:  Romance, Drama, Family, MelodramaTranslated by  Ei Phyu ...

Red Shoes(2021)

2021
Dali and the Cocky Prince (2021) 8.0
Dali and the Cocky Prince (2021)  အသက်ငယ်ငယ်တည်းက ဈေးရောင်းပြီး ကြီးပြင်းခဲ့ရတဲ့ ဂျင်မူဟက် ကတော့ အသိပညာနည်းပေမယ့် စိတ်အားထက်သန်ပြီး ပိုက်ဆံဘယ်လိုရှာရမလဲသိတာကြောင့် Dondon F and Bလို့ခေါ်တဲ့ စားသောက်ဆိုင်တစ်ခု ရဲ့ မန်နေဂျင်းဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့သူပါဂင်ဒါလီကတော့ ပန်းချီပြခန်းဖွင့်ထားတဲ့ အထက်တန်းလွှာမိသားစုရဲ့ တစ်ဦးတည်းသောသမီးဖြစ်ပြီး ဖခင်ရုတ်တရက်ကွယ်လွန်သွားတာကြောင့် လောကဓံကို စတင်ကြုံတွေ့ရသူပါဒီလိုနဲ့ သူတို့နှစ်ယောက် မထင်မှတ်ဘဲ ဆုံတွေ့ဖို့ ကံပါလာတော့... အစွန်းနှစ်ဖက်လို့ပြောလို့ရတဲ့ ကြီးပြင်းလာပုံချင်းမတူတဲ့ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု့တွေထားပြီးချစ်သွားနိုင်မှာလား ဆိုတာသိချင်ရင်တော့ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးညတိုင်း စောင့်မျှော်ကြည့်ရှု့အားပေးကြပါဦးနော် ။ Native Title: 달리와 감자탕 Episodes: 16 Aired: Sep 22, 2021 - Nov 11, 2021 Aired On: Wednesday, Thursday Original Network: KBS2 Duration: 1 hr. 10 min Translated by  Amelia , ...
8.0
TMDb: 8.0/10 4,432 votes
tv

Dali and the Cocky Prince (2021)

2021
Good Manager(2017) 8.6
Good Manager(2017) Good Manager(2017) ဇာတ်လမ်းတွဲအညွှန်း*************************************အပိုင်း (၁ မှ ၂၀) ထိ စ/ဆုံး" ငွေမည်းတွေကိုဖြတ်စားရမယ်....ကွက်ကျော်နင်းတဲ့သူဆီက ငွေကိုဖြတ်စားရမယ်...တရားမဝင်ငွေရှာတဲ့သူဆီက ဖြတ်စားရမယ်...သဲ့ယူခြင်းနိဗ္ဗန်ဆိုတာ ဒီလိုလောကကြီးကိုခေါ်ဆိုသတဲ့...ဒါမှ ရဲမတိုင်မှာလေ..."ဒီအယူအဆကိုလက်ကိုင်ထားသူကတော့ နယ်မြို့လေးမှာ စာရင်းကိုင်ကျွမ်းကျင်တဲ့ မန်နေဂျာကင်လို့အမည်ရတဲ့The Veil ထဲက ဖိုက်တာမင်းသားကြီး Namgoong Min ဖြစ်ပါသတဲ့....သူက သင်္ချာကိန်းဂဏန်းတွေမှာထူးချွန်တယ်...ငွေကြေးတွေကိုကစားနိုင်စွမ်းရှိသလို လက်ရှိမှာလည်း လူမိုက်ဂိုဏ်းတစ်ခုမှာစာရင်းကိုင်လုပ်နေတယ်...သူတတ်တဲ့ပညာနဲ့ ရသမျှငွေကို ကတုံးပေါ်ထိပ်ကွက်လုပ်ရင်း ပိုက်ဆံစုဆောင်းနေတဲ့ငပွေးတစ်ယောက်ပေါ့...တစ်ဆက်ထဲမှာပဲ ကိုရီးယားရဲ့အကြီးမားဆုံးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ TQ လုပ်ငန်းစုဟာ ငွေဖြူငွေမည်းပြဿနာတစ်ချို့ရှိနေတယ်...အဲ့ဒီမှာစတေးခံစာရင်းကိုင်တစ်ယောက်လိုအပ်နေချိန်မှာ အလုပ်လာလျှောက်တဲ့ ဆရာကင်ကိုတွေ့လာပြီးနောက်ခံအင်အားလည်းမရှိတစ်ကိုယ်တည်း ဖြစ်သလိုဖြတ်သန်းခဲ့တဲ့ အညတရစားရင်းကိုင်လေးကိုထပ်မံအသုံးချဖို့ ကုမ္ပဏီကြီးက ကြိုးစားလာတဲ့အချိန်မှာတော့....ငပွေးဆရာကင်ကပဲ ပွန်းကောင်လေးဖြစ်သွားမလား....ငချွတ်လေးဆိုပြီး စမ်းလိုက်တဲ့ ကုမ္ပဏီကြီးပဲ ပြိုလဲသွားမလားဆိုတာကိုတော့....THE VEIL ကြည့်ပြီးပြီးချင်း ဒီစီးရီးကိုကြည့်ရတော့ Namgoong Min ရဲ့စတိုင်က ဆံပင်အရောင်ကလည်းရွှေရောင် ဝတ်လိုက်ရင်လည်း ကကြိုးကဂျောင်နဲ့...ဗရုတ်သုတ်ခ တော်ကီတွေနဲ့ တော်တော်ကြီးကိုရယ်နေရတာပါ..ပုံမှန်လေးနေလည်းရယ်ချင်နေမိရော..ဒီလိုပြောလို့ ပေါတောတောကားလို့ မထင်လိုပါနဲ့....Crime ဇာတ်လမ်းတွဲမို့ ရင်ခုန်စိတ်လှုပ်ရှားရသလို ဗီလိန်သရုပ်ဆောင်တွေကလည်း မိုက်ပါတယ်...ခေါင်းဆောင်ဟုန်တို့ကတော့ ဒီဇာတ်လမ်းတွဲမှာ ...
8.6
TMDb: 8.6/10 19 votes
tv

Good Manager(2017)

2017
Police University (2021)
Police University (2021) Police University (2021)My Sassy Girl နဲ့ လူသိများခဲ့တဲ့ Team Bulldog Drama ထဲက ဟာသတွေပဲအမြဲလုပ်နေတဲ့မင်းသားကြီး Cha Tae Hyun Search ထဲက ဗိုလ်ကြီးမမ Krystal နဲ့ Moonlight ထဲမင်းသားလေး Jin Young (B1A4) စတဲ့ အကျော်အမော်သုံးယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ရဲကားလေး လာပါပြီနော်။သုံးယောက်စလုံးက တကယ့်နာမည်ကြီးတွေပဲဆိုတော့ အားလုံး ကြည့်ရကျိုးနပ်မှာ အသေအချာပါပဲဒါဆို ဇာတ်လမ်းအကျဉ်းချုပ်လေး ပြောရင်း စလိုက်ကြတာပေါ့Yoo Dong Man ကစုံထောက်တစ်ဦးဖြစ်ပြီးတော့ ရဲဌာနပေါင်းစုံမှာ အနှစ်နှစ်ဆယ်လောက် တာဝန်ထမ်းဆောင်ရင်း အချိန်ကုန်ဆုံးခဲ့သူပါ ဘယ်လို ရဲဌာနမျိုးစုံလဲဆိုရင် အကြမ်းဖက်မှုခင်းဌာန ဆိုက်ဘာမှုခင်းဌာန သူမလုပ်ဖူးတဲ့ဌာနက လုံးဝ မရှိသလောက်ပါပဲ ဒါပေမယ့် သူရဲ့အကျင့်ဆိုးလေးကတော့ စိတ်လိုက်မာန်ပါလုပ်တတ်တာဖြစ်ပြီး အဲ့ဒီအချက်ကြောင့်ဘဲ သူဟာ အမြဲတမ်း ပြသာနာတက်ရပါတယ် အဲ့လိုနဲ့ ဒေါသအိုး Yoo Dong Man တစ်ယောက် ရဲတက္ကသိုလ်မှာ ပါမောက္ခတစ်ယောက်အဖြစ်နဲ့တာဝန်ထမ်းဆောင်ဖို့ အမိန့်ကျလာတဲ့အခါ....ရဲတက္ကသိုလ်ဆိုတာ လူငယ်အတော်များများ ဝင်ခွင့်ရချင်တဲ့တက္ကသိုလ်ဖြစ်ပြီးတော့ အဲ့ဒီမှာတက်ရဖို့ကလည်း Oh Kang Heeရဲ့ ...

Police University (2021)

2021
Descendants of the Sun (2016) DOTS Complete 8.5
Descendants of the Sun (2016) DOTS Complete - ပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့ဘေးကင်းလုံခြုံမှုက နိုင်ငံတော်ရဲ့ ပထမဦးစားပေးသတ်မှတ်ချက်ပဲ.. ငါ့လို စစ်သားတစ်ယောက်အတွက်ကတော့ ...တိုင်းသူပြည်သားတစ်ယောက်ရဲ့ အသက်ထက် ပိုပြီး အရေးကြီးတဲ့ တာဝန်ဆိုတာမျိုးကို တိုင်းပြည်က ဘယ်တော့မှ ပေးအပ်မှာ မဟုတ်ပါဘူး.. (ဗိုလ်ကြီးယိုရှီဂျင်)- ကျွန်မ လူနာတွေရဲ့ကျန်းမာရေးနဲ့သူတို့ရဲ့အသက်က ...ကျွန်မရဲ့ပထမဦးစားပေးပါပဲ.. လူနာတွေရဲ့အဆင့်အတန်းတွေ သူတို့ရဲ့ကိုးကွယ်ယုံကြည်မှုတွေနဲ့ နိုင်ငံတွေကိုမေ့ထားပြီး ကျွန်မလူနာတွေအပေါ်မှာ တာဝန်ကျေပွန်အောင် စွမ်းဆောင်ကုသပေးမှာပါ...(ဒေါက်တာဂန်မိုယွန်း)ဒီလိုအနှစ်တွေနဲ့ ဒီစီးရီးက ၂၀၁၆ ရဲ့အဟော့ဆုံးစီးရီးတစ်ခုဖြစ်ခဲ့သလိုကြည့်ရှုသူတိုင်းကြိုက်နှစ်သက်ရတဲ့ Drama Series တစ်ခုဖြစ်ခဲ့ပါတယ်။ Captain Yoo Shi Jin (ယိုရှီဂျင်)နေရာမှာမကြာသေးခင်ကမှစစ်မှုထမ်းပြီးထွက်လာတဲ့နှုတ်ခမ်းနီမလေးများရဲ့အသဲကျော် Song Joong Ki (ဆုန်းဂျွန်ဂီ) ဖြစ်ပြီးDoctor Kang Mo Yoen(ဂန်မိုယွန်း)နေရာမှာတော့ အွန်စော ဆိုပြီး လူသိများကြိုက်နှစ်သက်ခဲ့တဲ့ပုရိသတို့ အသည်းစွဲမင်းသမီး Song Hye Kyo (ဆောင်းဟေဂို) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်း အညွှန်း ==================အာရှအလယ်ပိုင်း ....Urak(ဇာတ်ညွှန်းဆရာ စိတ်ကူးထဲကနိုင်ငံ) ကို နောက်ခံထားပြီးစစ်ဘေးနဲ့ ရောဂါကပ်ဘေး တွေ ကျရောက်နေတဲ့ အချိန်မှာ လူသားအချင်းချင်း ရိုင်းပင်းမှု ...
8.5
TMDb: 8.5/10 419 votes
tv

Descendants of the Sun (2016) DOTS Complete

2016