Last Light (2022) Completed Limited Series
~ IMDb – 7.9/10, Rotten Tomatoes – 67% ~
အက်ရှင်ပရိသတ်တွေ ကမ္ဘာပျက်ကိန်းဆန်ဆန် ရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအတွက် အက်ရှင် ဒရာမာစီးရီး အသစ်ပါ။ သူကဆန်းတော့ဆန်းပါတယ်။ သူ့ကမ္ဘာပျက်ကိန်းအထိ ဆိုက်သွားတဲ့အကြောင်းရင်းက ရေနံပါ။ လောင်စာဆီပေါ့။ အရှေ့အလယ်ပိုင်းက ရေနံထုတ်တဲ့စက်ရုံတွေမှာ ရေနံတွေ ဘာဖြစ်ကုန်မှန်းမသိလို့ ရေနံလုပ်ငန်းလုပ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက်က သွားစစ်ဆေးပါတယ်။ အဲဒီရေနံတွေက ဘာပြဿနာဖြစ်နေလဲ အဖြေရှာဖို့ဓာတ်ခွဲခန်းပို့တဲ့လမ်းမှာပဲ တိုက်ခိုက်ခံလိုက်ရသလို ကမ္ဘာ့နိုင်ငံကြီးတွေကို ရေနံပို့နေတဲ့သင်္ဘောတွေကလည်း တားဆီးခံထားရပါတယ်။ လောင်စာဆီမရှိလို့ လျှပ်စစ်မထုတ်နိုင်ဘဲ တစ်ကမ္ဘာလုံးနီးပါး လျှပ်စစ်အားတွေပြတ်တောက်ကုန်သလို လမ်းပန်းဆက်သွယ်ရေးတွေလည်း တစ်ခုမှမရတော့ပါဘူး။
ဒါကို အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ကလုပ်တာဖြစ်ပြီး ဒီရေနံပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲအပြင် ဒီမှာအဓိကအနေနဲ့ အင်္ဂလန် ပြင်သစ် အရှေ့အလယ်ပိုင်း သုံးနေရာကိုပြထားတာမို့ အကြမ်းဖက်အဖွဲ့က ဘယ်နိုင်ငံကလဲ ဘယ်လိုခြေရာကောက်မလဲဆိုတာကိုပါ မြင်ရပါလိမ့်မယ်။ သိပ္ပံပညာရှင်ရယ် MI6 က အေးဂျင့်မလေးရယ်က အရှေ့အလယ်ပိုင်းမှာ စွန့်စားခန်းဖွင့်နေတုန်း သူ့မိန်းမနဲ့ကလေးက တစ်နိုင်ငံ၊ သူ့သမီးက တစ်နိုင်ငံ အန္တရာယ်တွေအသီးသီးကြုံနေရတဲ့ကြားက ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ စိတ်ဝင်တစားကြည့်ရမှာမို့ အက်ရှင်ဒရာမာ စီးရီးကောင်းလို့ ပြောရင် မလွန်လောက်ပါဘူး။
အေးဆေးအိပ်နေရင်း မနက်မိုးအလင်းမှာ တစ်ချိန်ကကမ္ဘာကြီးမရှိတော့တာကို သိလိုက်ရသူတွေဟာ… ကမ္ဘာမီးလောင် သားကောင်ချနင်းရင်း တစ်စစီပြိုကွဲနေတဲ့ လူ့အဖွဲ့အစည်းကြီးထဲ သူတို့ချစ်တဲ့သူတွေကို ကာကွယ်ဖို့ ဘယ်ရွေ့ဘယ်မျှအထိ ကြိုးစားရုန်းကန်ကြမလဲ မြင်ကြရမယ့် ဇာတ်လမ်းတွဲလေးပါပဲ။
၅ပိုင်းသာပါဝင်မှာဖြစ်ပြီး ဒီနေ့တစ်ဝက် နောက်နေ့တစ်ဝက် တင်ဆက်ပေးသွားပါမယ်။
(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်။)
Size ~ 600MB
Quality – 1080p
Duration ~ 50min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Thriller
Source : PCOK.Web-dl.1080p
Translator – W
Encoder – Y
Complete Zip File >>> Yoteshin, MegaUp
Episode 1 >>> Yoteshin / MegaUp / UsersDrive / StreamSB
Episode 2 >>> Yoteshin / MegaUp / UsersDrive / StreamSB
Episode 3 >>> Yoteshin / MegaUp / UsersDrive / StreamSB
Episode 4 >>> Yoteshin / MegaUp / UsersDrive / StreamSB
Episode 5 >>> Yoteshin / MegaUp / UsersDrive / StreamSB
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။