Channel Myanmar

YouTube

Naughty Babe (2023) 7
Naughty Babe (2023) Naughty Babe / ကလေးအဆိုးလေး(2023)(အညွှန်း) ======================Cutie Pie series ထဲက side couple အတွဲလေးကို main lead တွေအဖြစ်တွေ့မြင်ရမယ့် “ဘေဘီအဆိုးလေး” ရပါပြီ။Hia Yi နဲ့ Thacha တို့ဟာ နှစ်ဦးနှစ်ဖက်အကျိုးပြုစီးပွါးရေးသဘောအရ အချင်းချင်းစေ့စပ်ထားကြတဲ့ လူအများကအားကျရတဲ့စုံတွဲလေးပါ။ စီးပွါးရေးသဘောအရဆိုပေမယ့်လည်း အစပိုင်းမှာတော့နှစ်ဦးရဲ့ဆက်ဆံရေးက ရိုမန့်စ်ဝတ္ထုတစ်ပုဒ်ရဲ့အဆုံးသတ်လို လှပနေပါသေးတယ် .. စေ့စပ်ပွဲနေ့ .. Thacha တစ်ယောက် Hia Yi တို့အိမ်မှာပြောင်းနေတဲ့အချိန် တစ်ယောက်တည်းထားခဲ့ခံရတဲ့အချိန်အထိပေါ့။ အဲဒီနေ့ကနေစပြီး တဖြည်းဖြည်းမင်္ဂလာပွဲနီးကပ်လာတဲ့အချိန်အထိ အရာရာကို Thacha တစ်ယောက်တည်းလုပ်ပြီး နေ့ရက်တိုင်းကို အထီးကျန်ဆန်စွာနဲ့ဖြတ်သန်းလာခဲ့ရတော့တယ်။ ဒီလိုအပြောင်းအလဲကြားမှာတဖြည်းဖြည်းမွန်းကြပ်လာတဲ့အခါ .. စိတ်ဖိစီးမှုဒဏ်ကို သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ Thacha ဟာ သူသိပ်ချစ်ရတဲ့ Hia Yi နဲ့ မင်္ဂလာပွဲကိုကျောခိုင်းပြီး ဆွစ်ဇာလန်ကိုထွက်သွားရာကနေ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမှာလဲ .. Hia Yi ကရော ဘာလို့ပြောင်းလဲသွားရတာလဲ .. နှစ်ယောက်သားရဲ့ဆက်ဆံရေးကရော အရင်လိုပြန်ပြေလည်နိုင်ဦးမလားဆိုတာကို အပတ်စဉ်စနေနေ့တိုင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii ...
7
TMDb: 7/10 1 votes
tv

Naughty Babe (2023)

2023
Hidden Agenda (2023) 10
Hidden Agenda (2023) Hidden Agenda (2023)အခုတစ်ခါ တင်ဆက်ပေးသွားမှာကတော့ Hidden agenda ဆိုတဲ့ BLကားလေးပဲဖြစ်ပါတယ်။ ဇာတ်လိုက်နှစ်ယောက်က Star In My Mind မှာကတည်းက လိုက်ဖက်ညီကြတာမလို့ ပရိသတ်အတော်များများက Hidden agenda ကိုလည်း အတော်လေးမျှော်လင့်ထားကြပါတယ်။ဒီကားထဲမှာတော့ ဇို ဆိုတဲ့တက္ကသိုလ်ကျောင်းသားလေးက သူအချိန်အကြာကြီး crush ခဲ့ရတဲ့ နိတာ ကိုလိုက်ဖို့အတွက်ကြိုးစားရာမှာ မအောင်မြင်ခဲ့တာမလို့ နောက်ဆုံးမှာ သူငယ်ချင်းရဲ့အကြံအတိုင်း နိတာရဲ့ ရည်းစားဟောင်းလည်းဖြစ်ပြီး အခုအချိန်မှာ နိတာ အကြောင်းအသိဆုံးသူဖြစ်တဲ့ ဂျုပ်ဆိုတဲ့သူကို အကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဂျုပ်ကလည်း အပြန်အလှန်အနေနဲ့ နိတာနဲ့ ဇိုတို့ရှိ‌နေတဲ့ စကားရည်လု clubကို သူဝင်ခွင့်ရအောင် ကူညီရမယ်ဆိုပြီးပြောခဲ့ပါတယ်။ ဇို ဆိုတဲ့ကောင်လေး နိတာကိုလိုက်တာကရော အောင်မြင်ပါ့မလား? ဂျုပ် ကို club ထဲဝင်နိုင်ဖို့ ကူညီပေးရင်း သူတို့နီးစပ်သွားကြမှာလားဆိုတာတွေကို အသည်းတယားယားနဲ့ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အညွှန်းကိုတော့ Kim က ရေၕးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ May, Kim, Su Myat တို့ပဲ ...
10
TMDb: 10/10 2 votes
tv

Hidden Agenda (2023)

2023
Wedding Plan (2023) 10
Wedding Plan (2023) Wedding Plan / အခါတော်ပေးရဲ့ ရွှေရေးဖူးစာ (2023)နူရာ ကတော့ မင်္ဂလာပွဲစီစဥ်သူကောင်လေးတစ်ယောက်ပါ။ ဆိုင်းလွန်း ကတော့ မကြာခင် ရိဝါရဲ့ သတို့သားဖြစ်တော့မယ့် သတို့သားလောင်း ဆိုင်းလွန်းနဲ့ ရိဝါတို့နှစ်ဦးဟာ နှစ်ဖက် မိဘတွေရဲ့ အလိုကျ လက်ထပ်ပွဲကျင်းပဖို့ နူရာ့ဆီကိုရောက်တဲ့အခါ ......ရိဝါ မှာလည်း ဆိုင်းလွန်းမဟုတ်တဲ့ တစ်ခြားချစ်သူက ရှိနေပြန်ပါတယ် ...... နူရာဟာ ဆိုင်းလွန်းကို မြင်မြင်ချင်း ကြွေသွားပေမယ့် လက်ထပ်ပွဲစီစဥ်ပေးရမယ့်သူ ဖြစ်နေတော့ စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး လက်ထပ်ပွဲကို ဖြစ်မြောက်အောင် စီစဥ်ပေးနိုင်ပါ့မလား မင်္ဂလာပွဲ စီစဉ်သူတစ်ယောက်နဲ့ သတို့သားလောင်း ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။အညွန်းကိုတော့ May က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ May, Su Myat, Kim, Laii တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size…  600MB ...
10
TMDb: 10/10 1 votes
tv

Wedding Plan (2023)

2023
Dinosaur Love (2023) 10
Dinosaur Love (2023) Dinosaur Love /  ဒိုင်နိုဆောလေး ရဲ့ အချစ် (2023)၅ နှစ်တာကြာခဲ့တဲ့ ပတ်သက်မှုတစ်ခု အချစ်တစ်ခု အချိန်တွေကြာတာနဲ့အမျှ အေးစက်သွားသူကြီးရဲ့အချစ်တွေဟာ အချစ်စစ်အချစ်မှန်ဖြစ်ပါ့မလား။ နာကျင်နေရတဲ့ပတ်သက်မှုတစ်ခုကို ရှေ့ဆက်မယ့်အစား move onဖို့အချိန်တစ်ခု သူရောက်နေပြီလား။School Setting နဲ့ Teen BLကားလေးတွေ ကြိုက်တဲ့ပရိသတ်ကြီးအတွက် ထွက်ရှိလာတဲ့Dinosaur loveဆိုတဲ့ စီးရီးသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ BL seriesတော်တော်များများမှာ support အဖြစ်ပါဝင်ဖူးတဲ့ Tonnam Piamchonကိုယ်တိုင် Director လုပ်ထားပြီး sweet and cringeဆိုပြီး နာမည်ကြီးနေတာမလို့ မသိဘူးမဖြစ်လိုက်ရအောင်လေ ကြည့်ကြပါစို့။Rak နဲ့ Mek တို့ရဲ့ ချစ်သူသက်တမ်းဟာ ၅ နှစ်တိုင်ခဲ့ပေမဲ့ အမြဲလျစ်လျူရှုတတ် ‌သူ့ကိုမေ့ထားတဲ့ချစ်သူ Mek ကို Rakတစ်ယောက် တစ်စစစိတ်ကုန်နေပါပြီ။ Rak က အမြဲဆွဲထားခဲ့ရတဲ့ ဒီပတ်သက်မှုကို လုံးလုံးလွှတ်ချလိုက်တဲ့အထိ စိတ်နာသွားအောင် Mekတစ်ယောက် လုပ်လိုက်အပြီးမှာတော့...ချစ်ရဆုံးလူတစ်ယောက်နဲ့ အယုံကြည်ရဆုံးလူတစ်ယောက်ရဲ့ သွေးအေးရက်စက်မှုတွေကြားမှာ နာကျင်မှုတွေပြည့်နေတဲ့ Rak ရဲ့ဘဝကို ကာကွယ်ပေးမယ့် ကယ်တင်ရှင်မင်းသား ...
10
TMDb: 10/10 1 votes
tv

Dinosaur Love (2023)

2023
Low Frequency (2023) 10
Low Frequency (2023) Low Frequency (2023)လောလောလတ်လတ်ထွက်ရှိထားပြီး မင်းသားငယ်ငယ်ချောချောလေးတွေပါတဲ့ Romance, Fantasy, Drama, BL ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။Mon က ငယ်သူငယ်ချင်းဆုံးသွားပြီးတဲ့နောက်ပိုင်း အိပ်မက်တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါမက်လာတာ ၁၈ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူ ဘာကြောင့် အဲဒီအိပ်မက်ကို မက်နေရလဲဆိုတာ အဖြေရှာမရဖြစ်နေတဲ့အချိန် Thames ဆိုတဲ့ နာမည်ကြီးမင်းသားလေးတစ်ယောက် သူ့ဘဝထဲဝင်လာပါတယ်။ Thames ရဲ့ မန်နေဂျာက Mon ရဲ့အစ်မဆိုတော့ သူတို့ချင်းရင်းနှီးသွားပြီး အပြန်အလှန်စကားတွေပြောကြရင်း ကြည်နူးစရာဇာတ်လမ်းလေး ဖြစ်လာခါနီးအချိန်မှာမှ Thames က ကားမှောက်ပြီး ဒဏ်ရာအပြင်းအထန်ရသွားပါတယ်။ အဲဒီအတောအတွင်း Mon ကို သူတို့မိသားစုကိုးကွယ်တဲ့ အဘဘုန်းကြီးက အဆောင်တစ်ခု အမြန်ပေးခိုင်းသွားပြီး သိပ်မကြာခင်မှာ သူတစ်ခုခုနဲ့ကြုံရတော့မယ်ဆိုတဲ့ သဘောမျိုး ပြောသွားပါတယ်။ ဒီတော့ Mon တစ်ယောက် သူ့အိပ်မက်တွေကို အဖြေရှာနိုင်ပါ့မလား၊ အဘဘုန်းကြီးပြောသလိုမျိုး တစ်ခုခုထူးဆန်းတာ ကြုံရတော့မလား၊ Thames နဲ့ရော အချစ်ဇာတ်လမ်းလေး ရှေ့ဆက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Blue, ...
10
TMDb: 10/10 2 votes
tv

Low Frequency (2023)

2023
Young Ji’s No Prepare Season 2 (2023)
Young Ji’s No Prepare Season 2 (2023) Young Ji's No Prepare Season 2 (2023)အနုပညာရှင်တွေ Idol ​တွေဟာ ကင်မရာ​ရှေ့မှာဆို ကိုယ်​ပြောချင်တဲ့စကားဆို ​တော်​တော်များများ ထိန်းချုပ်ထားရစမြဲပါဒါ​ပေမဲ့ ​ယောင်းဂျီရဲ့ ဒီ show က​တော့ အဲဒါ​တွေနဲ့ဆန့်ကျင်ဘက်.. သောက်လည်း​သောက်မယ်၊ ​ထွေရာ​လေးပါးစကားလည်းများကြမယ်​ပေါ့ရုပ်သံဌာန​တွေမှာလို ဖိအားများ​စေမှာမဟုတ်ဘဲ အိမ်ထဲမှာပဲ ကိုယ့်​ဘော်ဒါနဲ့ ​သောက်ရင်းစားရင်း စကားဝိုင်းဖွဲ့သွားမှာဖြစ်တဲ့အတွက် Aritist တွေသွားချင်ကြတဲ့ show တစ်ခုအပါအဝင်ဖြစ်ပါတယ်အနုပညာရှင်​တွေကိုယ်တိုင်​ပြောသွားမယ့် TMI ​တွေကိုပါသိရမှာဖြစ်သလို ဒီတစ်​ခေါက် season 2 ကို CM ကတင်ဆက်​ပေးသွားမှာဖြစ်လို့အတူကြည့်လိုက်ကြ​အောင်ပါအညွှန်းကိုတော့ JoyZ က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Hmwe and JoyZ ပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p File size… 500MB Format… mp4 Duration…. 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... AaronEpisode 14 (Blackpink's Ji ...

Young Ji’s No Prepare Season 2 (2023)

2022
Loneliness Society 8.2
Loneliness Society မီနာ အဖြစ် Nune Woranuch ထန် အဖြစ် Joss Way-ar အာထစ် အဖြစ် Iang Sittha ခေထီ အဖြစ် Jan Ploychompooဇာတ်လမ်းအကျဉ်းမီနာဆိုတဲ့မိန်းက​​လေးက အွန်လိုင်းပစ္စည်းတွေကို လိုက်ပို့ပေးတဲ့ ပစ္စည်းပို့သမားတစ်ယောက်ဖြစ်ပြီး အာထစ်ကတော့ လိုင်းပေါ်ကနေပစ္စည်းတွေမှာရကြိုက်သူတစ်ယောက်ဖြစ်ပါတယ်ခေထီကတော့ အာထစ်ရဲ့ချစ်သူဖြစ်ပြီး စိတ်အလိုမကျတိုင်း လမ်းခွဲမယ်ပဲပြောနေတတ်သူတစ်ယောက်ပေါ့တစ်ရက် အာထစ် ကားမတော်တဆဖြစ်ပြီး သတိလစ်​နေတာကို မီနာက ဝင်ကူလိုက်ရင်း အာထစ်ရဲ့မိသားစုတွေက မီနာ့ကိုချွေးမလေးအဖြစ် အထင်မှားသွားခဲ့တယ်မီနာကလည်း သူမ အရင်ကသဘောကျခဲ့သူက အာထစ်လို့မှတ်ယူပြီး ချွေးမလောင်းအဖြစ်ဟန်ဆောင်နေရာယူခဲ့ပါတော့တယ်အာထစ်တစ်ယောက် သတိပြန်ရလာချိန်မှာတော့ အတိတ်မေ့နေခဲ့ပြီး မီနာ့ရဲ့ပစ္စည်းလာပို့တဲ့မှတ်ဥာဏ်တွေကို သူ့ချစ်သူအဖြစ်အမှတ်တရတွေလို့ အထင်မှားနေခဲ့ပါတော့တယ်စိတ်ဆိုးပြီးလမ်းခွဲထားတဲ့ ချစ်သူအစစ် ခေထီကအာထစ်ကိုပြန်လာရှာချိန်မီနာထင်နေခဲ့တဲ့ သူမသဘောကျမိခဲ့သူက အာထစ်မဟုတ်ဘဲ သူ့ညီ ထန်ဖြစ်နေခဲ့ချိန်မှာတော့အစ်ကိုဖြစ်သူရဲ့ချစ်သူအဖြစ်ဟန်ဆောင်နေပြီးချိန်မှ ညီဖြစ်သူကိုခံစားချက်အစစ်ရှိလာတဲ့ မီနာ အာထစ်ကို ပြန်ရယူချင်တဲ့ခေထီ အစ်ကို့ချစ်သူမှန်းသိပေမဲ့ သဘောကျနေမိတဲ့ ထန် မီနာ့ကိုပဲ ချစ်သူထင်နေခဲ့တဲ့ အာထစ် သူတို့လေးယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှူကြရအောင်( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )Native ...
8.2
TMDb: 8.2/10 votes
tv

Loneliness Society

2023
The Luminous Solution (2023)
The Luminous Solution (2023) The Luminous Solution / ကော်ဖီတစ်ခွက်ရဲ့ ဆန္ဒ (2023)ထနာက သာမန်ရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး မကြာသေးခင်ကမှ အလုပ်ထုတ်ခြင်းခံထားရပါတယ် ဒါတင်မကပဲ ၁၀ နှစ်ကြာတွဲလာတဲ့ သူ့ရဲ့ချစ်သူ ပါထစ် နဲ့ ဆက်ဆံရေးကလည်း ပြဿနာများစွာရှိလာပြန်ပါတယ် တစ်နေ့မှာ ထနာဟာ အမှတ်မထင်ပဲ ကော်ဖီဆိုင်တစ်ဆိုင်ကို ရောက်သွားပါတော့တယ် အဲဒီကော်ဖီဆိုင်က သာမန်ကော်ဖီဆိုင်မဟုတ်ဘဲ လိုအပ်နေတဲ့အချိန်မှပေါ်လာတတ်ပြီး လူတွေရဲ့ကံကြမ္မာကိုပါ ပြောင်းလဲပေးနိုင်တဲ့ ဆုတောင်းတွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်ပေးတဲ့ကော်ဖီဆိုင်ပဲဖြစ်ပါတယ် ထနာဟာ သူ့မှာဖြစ်နေတဲ့ပြဿနာတွေ အဆင်ပြေချင်တဲ့အတွက် ဆုတောင်းဖို့လုပ်ပါတော့တယ် ဒါပေမယ့် ဆုတောင်းတစ်ခုတောင်းတိုင်း ပေးဆပ်ရမယ့်ပေးဆပ်မှုတွေလည်း တွဲပါလာတတ်ပါကြောင်း ကော်ဖီဆိုင်ပိုင်ရှင်က သတိပေးပါတယ် အဲဒါကို ဂရုမစိုက်တဲ့ ထနာဟာ သူ့ရဲ့ဆုတောင်းကို တောင်းလိုက်တဲ့အခါ ဘယ်လိုပေးဆပ်မှုတွေကို ပြန်ပေးဆပ်ရမလဲဆိုတာကို အပတ်စဥ်တင်ဆက်ပေးမှာမို့ CMကနေစောင့်မျှော်ကြည့်ရှုနိုင်ပါပြီအညွှန်းကိုတော့ Myo Myo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Myo, Mary တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 1GB | 450MB Format… ...

The Luminous Solution (2023)

2023
A Boss and a Babe (2023) 8
A Boss and a Babe (2023) A Boss and A Babe (2023)Castဘော့စ်ချောလေး ဂန်အဖြစ် Force Jiratchapong အလုပ်သင်လေး ချေအဖြစ် Book KasidetSynopsisEnchante ဇာတ်လမ်းတွဲထဲက Force နဲ့ Book အတွဲကို လွမ်းနေကြသူတွေအတွက် GMMTV ကနေ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖန်တီးပေးလိုက်ပါပြီ။ဂိမ်းကစားရတာရှယ်ကြိုက်ပြီး မျက်နှာချွန်ချွန် စကားများများ တည့်တိုးအိုးပေါက်ပဲပြောတတ်တဲ့ ချေဆိုတဲ့ကောင်လေးဟာ အလုပ်သင်ဝန်ထမ်းလုပ်ဖို့ သူ့အစ်ကိုဖြစ်သူရဲ့ဂိမ်းကုမ္ပဏီထဲရောက်လာပါတယ်။ အလုပ်သင်ဆိုတဲ့အတိုင်း ကော်ဖီဝယ်ပေးရ၊ စာရွက်မိတ္တူကူးရနဲ့ TTMY တောက်တိုမယ်ရလေးပေါ့။ ဒီလို TTMY ချေရဲ့ ဘော့စ်ကတော့ အလွန်တရာချေးများပြီး အရမ်းကိုစည်းကမ်းတင်းကြပ်တဲ့ သူဌေးချောချောလေးပါ။ သူဌေးချောပေမဲ့ လူတိုင်းကကြောက်ရတဲ့ ခပ်တည်တည်နဲ့သူဌေးကြီးပေါ့။ ဒါပေမဲ့ ချေတစ်ယောက်မသိလိုက်တာက ဘော့စ်ဖြစ်သူဟာ အိပ်မရတဲ့ဝေဒနာကြောင့် ချေရဲ့ ASMR channel ကို အမြဲကြည့်ပြီးမှ အိပ်နိုင်တဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။မထင်မှတ်ထားတဲ့ကိစ္စနဲ့ ဘော့စ်ရဲ့အာရုံစိုက်မှုခံလိုက်ရတဲ့ ချေတစ်ယောက် ဘော့စ်ရဲ့ အိပ်မရတဲ့ဝေဒနာကို သူ့တော်ကီစကေးတွေနဲ့ ဘယ်လိုသက်သာ‌အောင်လုပ်ပေးမလဲ? စည်းခြားတာတွေကနေ ဘော့စ်နဲ့ ဘယ်လိုနီးကပ်အောင်လုပ်သွားမလဲ? ဘော့စ်ရဲ့နှလုံးသားတံခါးကို သူ့ရဲ့ပေါက်ကရအမူအကျင့်‌တွေနဲ့ ဘယ်လိုတံခါးခေါက်သွားမလဲ? GMM က နာမည်ကြီးအဆင်လေးတွေကို ငမ်းရင်း ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့် ဒီဇာတ်ကားလေးကို သောကြာနေ့ညတိုင်း ...
8
TMDb: 8/10 1 votes
tv

A Boss and a Babe (2023)

2023
The Promise (2023) 8.1
The Promise (2023) The Promise (2023) (အညွှန်း) =====================ဒီတစ်ခေါက်အလှည့်ကျတဲ့ BL series ချိုချိုလေးကတော့ “သူငယ်ချင်းလေးပါပဲ ..” ကနေ အဆင့်တွေတက်ကုန်ကြမယ့် “The Promise” ပဲဖြစ်ပါတယ်xPPhupha နဲ့ Nanfah တို့က ငယ်ငယ်လေးတည်းက အမြဲတတွဲတွဲရှိခဲ့ကြတဲ့ ကစားဖော်ကစားဖက် အိမ်နီးချင်းသူငယ်ချင်းတွေပါ။ အိမ်ချင်းနီးချက်ကတော့ နှစ်အိမ်က မျက်နှာချင်းဆိုင်ပါပဲ။ လမ်းရဲ့ဒီဘက်မှာ Phupha အဖေက အိမ်ဆိုင်ကော်ဖီဆိုင်လေးဖွင့်ထားတယ်။ လမ်းရဲ့ဟိုဘက်မှာ Nanfah အဖေက အိမ်ဆိုင်ဆေးဆိုင်လေးဖွင့်ထားတယ်။ ဆိုတော့ နှစ်ယောက်ကအမြဲတတွဲတွဲနဲ့ ကောလိပ်ပြီးတဲ့အထိ အချင်းချင်းရဲ့ အကောင်းဆုံး အဆိုးဆုံးအချိန်တွေမှာပါ အတူတူရှိခဲ့ကြသူတွေပေါ့။ ဒီလိုနဲ့ကောလိပ်မှာဘွဲ့ယူတဲ့ ရီဟာဇယ်နေ့မှာ Nanfah ရဲ့ကမ္ဘာထဲကနေ Phupha တစ်ယောက် ရုတ်တရက်ကြီး ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။၁၀ စုနှစ်တစ်ခုစာကြာတဲ့အထိ Phupha ကိုသတိရတဲ့စိတ်နဲ့ ဘဝကိုအထီးကျန်ကျန်ဖြတ်သန်းနေခဲ့ရတဲ့ Nanfah တစ်ယောက် move on ပြီး ဘဝသစ်တစ်ခုကိုစနိုင်သွားမှာလား .. ဒါမှမဟုတ် Phupha နဲ့ပြန်တွေ့နိုင်ဦးမှာလား .. Phupha ကရော ဘာကြောင့်ထွက်သွားခဲ့ရတာလဲ ..စတာတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုနိုင်ကြောင်းပါနော်။အညွှန်းကို Lai Laii က ...
8.1
TMDb: 8.1/10 1 votes
tv

The Promise (2023)

2022
Midnight Series : Moonlight Chicken (2023)
Midnight Series : Moonlight Chicken (2023) ကျင်မ် အဖြစ် Earth Pirapat Watthanasetsiriဝိန် အဖြစ် Mix Sahaphap Wongratchဇာတ်လမ်းအကျဉ်းကျင်မ်က လမင်းကြက်ဆီထမင်းဆိုင်ပိုင်ရှင် တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကြက်ဆီထမင်းဆိုင်လေးက ကိုဗစ်၁၉ ဖြစ်ပွားဆဲကာလတွေမှာ စားသုံးသူတွေအတွက်ထည့်တွက်ပေးတာမို့ နာမည်ကြီးနေတဲ့ စားသောက်ဆိုင်တစ်ခုလည်းဖြစ်ပါတယ်လပြည့်ညတစ်ညမှာ ကျင်မ်ဟာ သူ့ဆိုင်ငယ်​လေးမှာ လာမူးနေတဲ့ ဝိန်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့တယ်အရမ်းမူးနေတဲ့ ဝိန်ကို ကျင်မ်တစ်ယောက် အိမ်ခေါ်သွားခဲ့ရာမှ မမျှော်လင့်ဘဲ တစ်ညတာအချစ်တစ်ခုဖြစ်ပွားလာခဲ့ပါတော့တယ်One Night Stand ရှိတာ ပြဿနာမဟုတ်ဘဲ အချင်းချင်း ခံစားချက်တွေဖြစ်ပေါ်လာပြီး တွယ်တာသွားခဲ့တာကမှ ပြဿနာဆိုတဲ့အတိုင်း ကျင်မ်နဲ့ဝိန်တို့ကြား မထားသင့်တဲ့ခံစားချက်တွေဖြစ်ပေါ်လာတဲ့အခါ...ဝိန့်မှာလည်း ဆိုင်သူရှိနေပြီးသားဖြစ်နေတဲ့အခါ..မရည်ရွယ် မထင်မှတ်ပဲ ဖြစ်ပေါ်လာခဲ့တဲ့အချစ်ဇာတ်လမ်းလေး ဘာတွေဖြစ်လာမလဲဆိုတာ Midnight Series ရဲ့ နောက်ဆုံးအတွဲဖြစ်တဲ့ "Moonlight Chicken" ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်❤( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) Native Title: Midnight Series : Moonlight ...

Midnight Series : Moonlight Chicken (2023)

2023
The Warp Effect (2022)
The Warp Effect (2022) The Warp Effectt (2022) လူပျိုစစ်စစ် ဖြစ်ချင်တယ်အသက်၁၇နှစ်အရွယ် အဲလက်စ်ဆိုတဲ့ကောင်လေးဟာ ဖြူစင်ရိုးသားပြီး သူ့ကိုယ်သူယုံကြည်ချက်တွေပျောက်ဆုံးနေသူပါ သူ့ဝါသနာဆိုလို့ ဓာတ်ပုံရိုက်တာလေးတစ်ခုပဲရှိပါတယ်သူ့အိမ်တစ်အိမ်လုံးဟာ ယောကျာ်းလေးတွေပဲ ပြည့်နေပြီး မိန်းကလေးလုံးဝမရှိပါဘူး သူ့အမေကတော့ မတော်တဆမှုတစ်ခုကြောင့် ဆုံးပါးသွားခဲ့ရတာပါသူ့အမေ မဆုံးပါးခင် မှာခဲ့တဲ့ တစ်ခုတည်းသောစကားက အရွယ်မတိုင်ခင် လူပျိုရည်မပျက်ဖို့ပါ အဲ့ဒါက နည်းနည်းတော့ သည်းမခံနိုင်စရာပါပဲသူ့သူငယ်ချင်းဆီအျူနဲ့နင်မ်က လူပျိုဘဝကိုဆုံးရှုံးပြီးနေပြီး သူတစ်ယောက်ထဲ ရိုးသားတဲ့ယုန်သူငယ်လေးဖြစ်နေရှာတာပါ တစ်နေ့တော့ ဂျာဒီရဲ့ပါတီမှာ အဲလက်စ်ထိန်းသိမ်းထားတဲ့ လူပျိုဘဝလေးပျက်စီးမလိုဖြစ်ခဲ့ရရှာပါတော့တယ်။ဒါပေမဲ့ ပြသနာတွေအပြီး သူပြန်နိုးလာတော့ သူက အသက်၂၇နှစ်အရွယ် မီးယပ်အထူးကုပါရဂူကြီးဖြစ်နေပြီး Sex ကိစ္စ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လို့နေပါတော့တယ် အဲဒီညက ထူးဆန်းတဲ့ကိစ္စတွေကို ပြန်ရှာဖွေဖို့ သူ့ကင်မရာလေးကိုလိုက်ရှာရင်း......ကဲ ... ယုန်သူငယ် မောင်အဲလက်စ်တစ်ယောက် သူ့ရဲ့အသက်၁၇နှစ်အရွယ်ကိုပဲ ပြန်ရောက်အောင်လုပ်နိုင်မလား? ဘာအလွဲတွေများဖြစ်ဦးမလဲ? သူ ဘယ်လိုတွေဆက်လုပ်မလဲဆိုတာ ကြည့်လိုက်ရအောာင်နော်အညွှန်းကိုတော့ Kong Hou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii, Thada, Summer, Kong Hou တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size…1GB | 350MB Format… ...

The Warp Effect (2022)

2022
10 Years Ticket (2022) 8.6
10 Years Ticket (2022) ဖလူး အဖြစ် Off Jumpol ဖူခေါင် အဖြစ် Ohm Pawat ခေါင်ခွမ် အဖြစ် Tu Tontawanဇာတ်လမ်းအကျဉ်းဖူခေါင်နဲ့ ခေါင်ခွမ်တို့က အရမ်းခင်ကြတဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပြီး မိသားစုချင်းလည်း အရမ်းရင်းနှီးကြတယ်ဒါပေမဲ့ သူတို့ကြားက အဖြစ်ဆိုးကတော့ ခေါင်ခွမ့်အစ်မဖြစ်သူက ဖူခေါင့်အစ်ကိုကို သတ်လိုက်ချိန်မှာ စတင်လာပါတော့တယ်ဖူခေါင့်အနေနဲ့ အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရရုံမကဘဲ ဖခင်ဖြစ်သူကပါ သူနဲ့မိခင်ဖြစ်သူကို ထားသွားခံခဲ့ရသလို ခေါင်ခွမ့်အစ်မကလည်း လူစတ်မှုနဲ့ ထောင်ဒဏ်ကျခဲ့ရပြီး နာမည်ဆိုးတွင်ခဲ့ရတယ်အဲဒီချိန်ကစပြီး ဖူခေါင်က ခေါင်ခွမ်အပေါ် ခင်မင်မှုသံယောဇဉ်အစား လူသတ်သမားရဲ့ ညီမဆိုတဲ့ အမုန်းတရားနဲ့ လက်စားချေဖို့ပဲ ကြိုးစားပါတော့တယ်ခေါင်ခွမ့်အပေါ် အနိုင်ကျင့်နေတာကို မခံနိုင်တဲ့ ဖူခေါင့်အခင်ဆုံးသူငယ်ချင်း ဖလူးက သူငယ်ချင်းသံယောဇဉ်ပျက်ပါစေ ကာကွယ်ပေးလာချိန်မှာတော့…ဖူခေါင် ၊ခေါင်ခွမ်နဲ့ ဖလူးတို့ကြား ဘာတွေဆက်ဖြစ်လာမလဲဖူခေါင့်အနေနဲ့ အတိတ်ရန်ငြိုးတွေကို စွန့်လွှတ်သွားနိုင်မလားဖလူးကရော ခေါင်ခွမ့်ကို ကာကွယ်ပေးနိုင်မလားလွန်ခဲ့တဲ့ဆယ်နှစ်က ဖူခေါင့်အစ်ကိုနဲ့ ခေါင်ခွမ့်အစ်မကြား ဘာတွေဖြစ်ခဲ့သလဲဆိုတာ “10 years ticket” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရမှာပဲ ...
8.6
TMDb: 8.6/10 votes
tv

10 Years Ticket (2022)

2022
Between Us (2022) 7.0
Between Us (2022) ဝင်း အဖြစ် Boun Noppanut Guntachai ထင်းမ် အဖြစ် Prem Warut Chawalitrujiwong ဒင် အဖြစ် Ohm Thitiwat Ritprasert ဖမ် အဖြစ် Fluke Natouch Siripongthon ဖရစ် အဖြစ် Bosston Suphadach Wilairat မနောင် အဖြစ် Samantha Melania Coatesဒီစီးရီးမှာဆိုရင် ရေကူးအသင်းကဒုဥက္ကဌ "ဝင်း "ဆိုတဲ့တတိယနှစ်ကျောင်းသားနဲ့ "ထင်းမ်" ဆိုတဲ့ ပထမနှစ်ကျောင်းသားအကြောင်းကိုတွေ့မြင်ရမှာပါဒီစီးရီးဟာ အရင်ပြီးခဲ့ "Until we meet again" စီးရီးနဲ့အဆက်အစပ်တွေရှိနေပါလိမ့်မယ်ထင်းမ်ဟာ ရေကူးပညာသင်ဆုရကျောင်းသားဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေမရှိခဲ့ပါဘူးကြောက်စိတ်တွေရှိနေခဲ့ပါတယ်ဝင်းကတော့ အရမ်းခန့်ပြီးပါးနပ်တဲ့ရေကူးအသင်းကဒုဥက္ကဌလေးပေါ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ထင်းမ် ရေကူးအသင်းဝင်ဖို့သွားလျှောက်ရာကနေ စတင်ခဲ့ရင်း ဘယ်လိုတွေဖြစ်လာမလဲဆိုတာတော့ စီးရီးထဲမှာကြည့်ရအောင်နော်🔥ဒီစီးရီးကိုမျှောလင့်နေတဲ့သူတွေအတွက်တော့ အပိုင်း ၁ နဲ့တင် အရမ်းကိုတန်နေပါပြီ 🌚( အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ )Translated by Kyi Nue ...
7.0
TMDb: 7.0/10 votes
tv

Between Us (2022)

2022
The Boy Next Door (2017) 7.9
The Boy Next Door (2017) The Boy Next Door (2017) အညွှန်းဒီတစ်ခါမှာတော့ K-Drama Fan တွေနဲ့မစိမ်းလှတဲ့ မင်းသားနှစ်ယောက်ဖြစ်တဲ့ Choi Woo Shik နဲ့ Jang Ki Yong တို့ရဲ့ BL vibe ဆန်ဆန်ရစေမယ့် 2017 ခုနှစ်ကထွက်ရှိခဲ့တဲ့ Comedy, Romance, Youth genre အပိုင်းတိုဒရမ်မာ Collection လေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း - အခန်းနံပါတ် ၃၀၁ နဲ့ ၃၀၂ ဘေးချင်းကပ်ရပ်နေကြပြီးတော့ တစ်ယောက်နဲ့တစ်ယောက်သိပ်ပြီးအစေးမကပ်ကြတဲ့ ကောင်လေးနှစ်ယောက်ဖြစ်တဲ့ ဘတ်ဂယူထယ် (Choi Woo Shik) နဲ့ ဆုန်းဂီဂျယ် (Jang Ki Yong) တို့ဟာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကြောင့် တစ်ခန်းထဲအတူတူနေဖို့ဖြစ်လာပါတော့တယ်။ သူတို့နှစ်ယောက်လုံးနဲ့ရင်းနှီးတဲ့ ဂင်မီနာဆိုတဲ့မိန်းကလေး တစ်ယောက်ကလည်းရှိနေပါသေးတယ်။ အတူတူနေကြပြီးတဲ့နောက် ရင်းနှီးပြီးသံယောဇဉ်ဖြစ်လာကြတဲ့ သူတို့နှစ်ယောက်ကြားက ရယ်စရာ ၊ တလွဲအဖြစ်အပျက်လေးတွေက မီနာ့ကို သူတို့နှစ်ယောက်ကိုကြိုက်နေကြတယ်လို့အထင်မှားစေလာတဲ့အခါ .. ။ တဖြည်းဖြည်းနဲ့မီနာတင်မဟုတ်ဘဲ အခန်းပိုင်ရှင် ၊ သူငယ်ချင်း‌တွေနဲ့ ဘေးပတ်ဝန်းကျင်ကအိမ်နီးချင်း‌တွေအထိပါ အထင်မှားစေလာတဲ့အခါ .. ။ တစ်ခန်းတည်းမှာ အတူတူနေရင်း ...
7.9
TMDb: 7.9/10 10 votes
tv

The Boy Next Door (2017)

2017
Big Dragon (2022) 9.1
Big Dragon (2022) မန်ကွမ် အဖြစ် Mos Panuwat ယိုင် အဖြစ် ISBANKYဇာတ်လမ်းအကျဉ်းစီးပွါးရေးမေဂျာကျောင်းသားတစ်ဦးဖြစ်တဲ့ သူဌေးသားလေး ယိုင်နဲ့ ဗိသုကာကျောင်းသားတစ်ဦးဖြစ်တဲ့ စာအရမ်းတော် နာမည်ကြီးတဲ့ မန်ကွမ်တို့က စီနီယာမမဖြစ်တဲ့ မေဂျာကွင်း အာကျို့ကို ပြိုင်လိုက်မိရာက ကတောက်ကဆလေးတွေ ဖြစ်လာခဲ့ပါတယ်တစ်ရက် အာကျို နဲ့ မန်ကွမ်တို့ ယိုင်ရဲ့ ဘားကို လာချိန် ယိုင်က မန်ကွမ်ကို မေ့ဆေးခတ်လိုက်ကာ ဗီဒီယိုရိုက်ပြီး အရှက်ကွဲအောင်လုပ်ဖို့ ကြံစည်ခဲ့ပေမဲ့ တပည့်နှစ်ယောက်ရဲ့ အလွဲကြောင့် ဆေးမှားခတ်မိပြီး ယိုင်နဲ့ မန်ကွမ်တို့ မှားယွင်းသွားမိခဲ့တယ်ဒါ့အပြင် ရိုက်ကူးထားမိတဲ့ ဗီဒီယိုက မန်ကွမ့်ဆီရောက်နေခဲ့ပြီး ယိုင့်ကို ခြိမ်းခြောက်လာခဲ့တဲ့အခါ ဒေါသပေါက်ကွဲခဲ့တဲ့ ယိုင်က ဒီအဖြစ်ကို မေ့ဖို့ ဘားကို ဖျက်ဆီးခဲ့ပါတယ်ယိုင်က မှတ်ဥာဏ်ဆိုးကို ဖျက်ဖို့ လုပ်ခဲ့ပေမဲ့ ဘားကို ပြန်ပြင်မယ့် ဒီဇိုင်းအဖွဲ့မှာ ဗိသုကာကျောင်းသား မန်ကွမ်က အလုပ်သင်အဖြစ်ပါလာခဲ့တဲ့အခါ…အမုန်းတရားကနေ စခဲ့တဲ့ ယိုင်နဲ့ မန်ကွမ်တို့ ဆက်ဆံရေး ...
9.1
TMDb: 9.1/10 4 votes
tv

Big Dragon (2022)

2022
Celebrity Bromance (2016)
Celebrity Bromance (2016) Celebrity Bromance (2016)Celebrity Bromance ဆိုတဲ့အတိုင်း နာမည်ကြီး အမျိုးသားကြယ်ပွင့်တွေကြား Friendships တွေကို Bromance ဆန်ဆန် မြင်တွေ့ရမဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ ပါဝင်သူ Cast တွေဟာ တကယ့်ကို လူကြိုက်များကြတဲ့သူတွေဖြစ်ပြီး အပြင်လောက,က သူတို့တွေရဲ့ စစ်မှန်တဲ့ ခင်မင်ရင်းနှီးမှု ဇာတ်လမ်းတွေ ၊ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံပုံတွေ ၊ အလုပ်အချိန်ဇယားတွေအပြင် အတွင်းအကျဆုံး ခံစားချက်တွေကို ဒီရှိုးမှ မျှဝေသွားကြမှာပါ ။Guest တွေ အနေနဲ့လည်း K-Pop လောကရဲ့ နာမည်ကြီး အဖွဲ့တွေဖြစ်တဲ့ Got7, BTS, BOYFRIEND ,ZE:A , Block B, Infinite, Apink, Highlight, B1A4 စတဲ့ အဖွဲ့တွေလည်း ပါဝင်ထားတာမလို့ စိတ်ဝင်စားဖွယ်နဲ့ ပျော်ဖို့ကောင်းမှာ အသေအချာပဲဖြစ်ပါတယ် ။ Cele တွေရဲ့ ကျော်ကြားတဲ့ ဘဝနောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ ဇာတ်လမ်းတွေက ဘယ်လိုရှိမလဲဆိုတာ အတူတူ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော် ။အညွှန်းကိုတော့ NanThin က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ CM ...

Celebrity Bromance (2016)

2016
Hospital Playlist Goes Camping (2021) 9
Hospital Playlist Goes Camping (2021) Hospital Playlist Goes Camping (2021)Hospital Playlist နဲ့ Camping ဆိုရင် တွဲမြင်ကြပြီးသား ဖြစ်မှာပါ။Mi Do Fa La Sol အဖွဲ့လေးဟာဆိုရင်လည်း စခန်းချခရီးစဉ် အတူသွားဖြစ်ခဲ့ရာကနေ စတင်လာခဲ့တာပါ။စခန်းချခရီးစဉ် ဆိုတာကတော့ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးနဲ့ တောင်ပေါ်ကို ညအိပ်ညနေ သွားကြတာမျိုးပါ။အခုခေတ် လူမှုဘဝနဲ့ ယှဉ်ရင် စခန်းချခရီးစဉ် သွားတဲ့အချိန်မှာ နှလုံးသားချင်းတွေ ပိုပြီး နီးကပ်နိုင်ကြပါတဘ်။တောကြီးမျက်မည်းထဲမှာ ဖြစ်တဲ့အတွက် စကားပြောမယ့်လူက သွားတဲ့ ခရီးသွားအဖွဲ့တစ်ဖွဲ့ပဲ ဖြစ်မှာပါ။ ဒီတော့ လူမှုကွန်ရက်တို့ ဖုန်းတို့နဲ့ ကင်းဝေးပြီး လူလူချင်း စကားတွေ ဖောင်ဖွဲ့နေအောင် ပြောနိုင်ကြမယ့် အခွင့်အရေးပဲ ဖြစ်ပါတယ်။ရင်းနှီးတဲ့လူတွေ သွားရင်တော့ နှလုံးသားတွေ ပိုလို့ နွေးထွေးရတာပေါ့။ အခင်မင်ဆုံးသူငယ်ချင်းတွေ သွားတဲ့ ခရီးစဉ်ဟာ သံယောဇဉ်ကြိုးတွေကို ပိုလို့ တိုးစေမှာ အမှန်ပါပဲ။ဒီအစီအစဉ်လေးကတော့ နွေးထွေးမှုရှိပြီးသား ဖြစ်တဲ့ Hospital Playlist Squad ထဲက သူငယ်ချင်း ၅ ယောက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေရဲ့ ...
9
TMDb: 9/10 1 votes
tv

Hospital Playlist Goes Camping (2021)

2021
Blue Birthday (2021)
Blue Birthday (2021) Blue Birthday [2021]အားလုံးအတွက် မွေးနေ့ဆိုတာကတော့ ပျော်ရွှင်စရာတွေ ၊ ဝမ်းသာစရာတွေနဲ့ ပြည့်နှက်နေစမြဲပါ...ဒါပေမယ့်...၁၈ နှစ်ပြည့်မွေးနေ့မှာ ချစ်ရသူကို ဖွင့်ပြောဖို့ပြင်ဆင်ထားတဲ့ အိုဟာရင်း (Yeri) ဆိုတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်သူမရဲ့မွေးနေ့မှာပဲ ချစ်ရတဲ့သူ ဂျီဆောဂျွန်း (Hongseok) က ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။အချိန်တွေကြာလာပေမယ့် အချစ်ဦးကိုအမြဲ တမ်းတရင်းနဲ့ တစ်နေ့မှာတော့ အချစ်ဦးသိမ်းထားခဲ့တဲ့ ဓာတ်ပုံတွေကိုတွေ့ရှိသွားပြီးလွန်ခဲ့တဲ့ဆယ်နှစ်တာအချိန်ကိုပြန်ရောက်သွားခဲ့ပါတော့တယ်။အတိတ်ကိုပြန်ရောက်ရှိသွားတဲ့ အိုဟာရင်း တစ်ယောက် ဆောဂျွန်း ဘာကြောင့် အဆုံးစီရင်သွားရတယ်ဆိုတာကို ရှာဖွေရင်းအဆုံးစီရင်တာကို တားနိုင်မလား?Red Velvet အဖွဲ့ဝင် Yeri လေးနဲ့ PENTAGON အဖွဲ့ဝင် Hongseok တို့ရဲ့ fantasy romance ကားလေးကိုအပတ်စဥ်သောကြာနဲ့စနေနေ့တိုင်း Channel Myanmar မှာခံစားကြည့်ရှုလိုက်ပါဦး ။အညွှန်းကို HAW က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ HAW နဲ့ Amelia ပဲ ဖြစ်ပါတယ်။Encoder - AugustEpisodes: 16 Aired: Jul 23, ...

Blue Birthday (2021)

2021