Channel Myanmar

2021

Fate: The Winx Saga – Season (01) 9.2
Fate: The Winx Saga – Season (01) Fate: The Winx Saga (2021) ======================= IMDb Rating - 6.8/10Netflix ကအသစ်လွှင့်တဲ့ Fate: The Winx Saga Series ဖြစ်ပါတယ်။ Alfea ဆိုတဲ့ သာမာန်လူတွေမသိတဲ့ ‌တစ်ခြားကမ္ဘာကမှော်နယ်မြေတစ်ခုမှာ နတ်သမီး (fairy)ကျောင်းတစ်ခုမှာ ရှိပြီး (fairy)မျိုးဆက်တွေကို ပညာသင် ကြားပေးပါတယ်။ ကျောင်းကြီးဟာ ပညာသင်ပေးရုံသာမက လောင်းကျွမ်း သားရဲကောင်အန္တရာယ်ကနေကာကွယ်ဖို့ အကာကွယ်ကြီးအုပ်ကာထားတဲ့ ခံတပ်ကြီးတစ်ခုလဲဖြစ်ပါတယ်။ဘလွန်းရဲ့ မိဘတွေကသာမာန်လူတွေဖြစ်လျှက် သူမမှာနတ်သမီးအစွမ်းရှိနေ တာသိခဲ့ပြီး မထိန်းချုပ်နိုင်ဘဲ ဒုက္ခရောက်ခဲ့ရာကစလို့ အစွမ်းကိုထိန်းချုပ်နိုင်ဖို့ ကျောင်းလာတက်ပါတယ်။ လူတွေနဲ့အနေဝေးပြီး သီးသန့်နေတတ်တဲ့ ဘလွန်းဟာ သူနဲ့အဆောင်တူ မိန်းကလေး ၄ ယောက်နဲ့အတူ ပထမဆုံးကျောင်းတက်တဲ့နေ့မှာပဲ အဖြစ်မျိုးစုံကြုံရင်း သာမာန်မိဘကနေ ဘာကြောင့် နတ်သမီးအစွမ်းတွေရနေတာလဲ၊ လောင်ကျွမ်း သားရဲကြီးက ကောဘာကြောင့်ရောက်နေတာလဲ ဘယ်လိုအန္တရာယ် ဆိုးတွေကြုံရမလဲ။ သူတို့အစွမ်းတွေနဲ့တိုက်ဖျက်ဖြေရှင်းနိုင်ကြမှာလားဆိုတာ တို့ကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ဇတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ဖန်တီးသူကလဲ  the-vampire- diaries ရဲ့ စာရေးဆရာဖြစ်တဲ့ Brian Young ဖြစ်ပါတယ်။ Virtual Effect တွေလဲ အတော်လေးကောင်းတဲ့အတွက် Magic ဖန်တွေ ကြည့်သင့်တဲ့  Fantasy ...
9.2
TMDb: 9.2/10 17 votes
tv

Fate: The Winx Saga – Season (01)

2021
Change Days Season2 (2022)
Change Days Season2 (2022) Change Days S2 ============================ Hello ယော်ရော်ဘွန်း Change Days S2 နဲ့အတူပြန်လာပါပြီ ဒီတစ်ခေါက်seasonမှာတော့ upgrade လုပ်ထားတဲ့ပုံစံတွေနဲ့S1ကထက် ပိုပြီးhotတဲ့vibeတွေ ပိုပြီးပြင်းထန်တဲ့rulesတွေကို ကြည့်ရှုခံစားကြရမှာပါS2မှာ အတွဲ၄တွဲဖြစ်ပြီး S1ကနဲ့မတူဘဲ နှစ်ပတ်ကြာ ဂျယ်ဂျူကျွန်းခရီးစဉ်ကို သွားကြရမှာပါShowရဲ့သဘောတရားကတော့ S1တုန်းကလိုပါပဲ အဲ့ဒီခရီးစဉ်ရဲ့နောက်ဆုံးနေ့မှာကိုယ်နဲ့လက်ရှိတွဲနေတဲ့သူကိုပဲရွေးမလား ❓လသစ်ကိုရွေးပြီးအချစ်သစ်တွေပြန်စတင်မလား ❓စတဲ့ Final decisionကိုချရမှာပါနှစ်ပတ်ကြာခရီးစဉ်ကအပြန်မှာ အရင်လူနဲ့ပဲပြန်ထွက်သွားနိုင်မလား လူသစ်နဲ့လက်တွဲပြီးထွက်လာမလား ဒါမှမဟုတ် နှစ်ယောက်လုံးကိုလွှတ်ချပြီိး အိမ်ကိုပဲပြန်မလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲအဲ့ဒီခရီးစဉ်အတွင်း အတွဲ၄တွဲက ဘယ်လိုပြဿနာတွေကြုံတွေရမလဲ ကိုယ့်ရည်းစားကို သူများနဲ့တွဲမြင်ရတဲ့အခါဘယ်လိုတွေသဝန်တိုအငြင်းပွားမှုတွေ ဖြစ်ကြမလဲဘယ်လိုဒရာမာဆန်ဆန်ဇာတ်လမ်းတွေကြည့်ရဦးမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ပေးကြပါဦးရှင်။(အညွှန်းကို Kha က ရေးသားပေးထားပြီး Kha, Minnie, May Thu, Lai Laii, Thinn တို့က ဘာသာပြန်ဆိုပေးထားပါတယ်)File Size – 500MB / 250MBQuality – 720p / 360pTotal Episodes: 5EpsSubtitle – Myanmar HardsubFormat ...

Change Days Season2 (2022)

2021
American Horror Stories  (2021) Complete 7.925
American Horror Stories (2021) Complete အမေရိကန် ဟော်ရာစတိုရီ ဆိုတဲ့ ဇာတ်လမ်းတွေတွေဟာ အပိုင်းရာချီရှိပြီး အတော်လေးလည်း ကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ အဲဒီရာချီနေတဲ့အပိုင်းတွေကို မကြည့်နိုင်သေးလည်း ဟောဒီအသစ်ထွက်ရှိထားတဲ့ American Horror Stories ဆိုတဲ့ စီးရီးအသစ်လေးတွေကို ခံစားကြည့်နိုင်ပါတယ်။တစ်ပိုင်းနဲ့တစ်ပိုင်း ဆက်စပ်မထားဘဲ သီးခြားကြောက်စရာဇာတ်လမ်းတစ်ပုဒ်စီမို့ သရဲပုံပြင်တွေကို တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်နေရသလိုကို အရသာရှိမှာပါ။ ဇာတ်လမ်းတွေကလည်း ဖန်တရာတေ ဟော်ရာဇာတ်လမ်းတွေမဟုတ်ဘဲ တစ်ပိုင်းပြီးတစ်ပိုင်းကို ဆန်းသစ်တဲ့စီးရီးမို့ ဟော်ရာပရိသတ်တွေ သေချာပေါက်အကြိုက်တွေ့မှာပဲဆိုပြီး တင်ဆက်ပေးလိုက်တာပါပဲ။ ခံစားကြည့်လိုက်ပါဦး။ တစ်ပိုင်းချင်းကို ဟော်ရာရုပ်ရှင်တစ်ကားလိုသဘောထားပြီး ဇိမ်နဲ့ကြည့်လို့ရပါတယ်။ File Size – 500MB / 300MBQuality – 1080p WEB DL AAC5.1CH / 720pDuration – minute (@Episode)Total Episodes: Subtitle – Myanmar HardsubFormat – Mp4Genre : Drama , Mystery , SciFi & FanastyTranslator – Mr.AndersonEncoder – Thit ...
7.925
TMDb: 7.925/10 479 votes
tv

American Horror Stories (2021) Complete

2021
Ranking of Kings (2021) 8.195
Ranking of Kings (2021) Ousama Ranking ............................ Myanimelist 8.6/10 IMDb 8.6/10ကျ​နော်တို့ငယ်ငယ်တုန်းကဆိုရင် လူတိုင်း အိပ်ခါနီးတိုင်း ပုံပြင်​ပြောပြလုပ်ဖူးခဲ့ကြမှာ​သေချာပါတယ်။ ပုံပြင်​ကောင်း​ကောင်းတပုဒ်ကို​နား​ထောင်ရတဲ့ည​တွေဆိုရင် အိပ်ကိုမအိပ်​တော့ပဲ ပုံပြင်ဆုံးတဲ့အထိစိတ်ဝင်တစားနား​ထောင်ဖူးကြတာမျိုးလည်း ကြုံဖူးမယ်ထင်ပါတယ်။ အခုဒီကားတွန်း​လေးဟာလည်း ငယ်ငယ်ကအိပ်ယာဝင်ပုံပြင်တစ်ပုဒ်ကိုနား​ထောင်ရတဲ့အလား ဖြစ်​စေတယ်ဗျ။ ကာတွန်းဆန်တဲ့ရုပ်ထွက်​ပေမဲ့ သမာရိုးကျဇာတ်လမ်း​တွေနဲ့မတူတဲ့ ပုံပြင်​ကောင်း​လေးတစ်ပုဒ်လို့ပဲ ကျ​နော်က​တော့ဆိုချင်ပါတယ်။ ဒီစီးရီးကိုကြည့်တုန်းကဆိုရင် ဘာဖြစ်​တော့မယ်လို့ထင်ထားတာ​တွေလည်း တစ်ခုမှကိုမမှန်တဲ့အထိ ဇာတ်လမ်းအသွားအလာက လုံးဝခန့်မှန်းလို့မရပါဘူး။ ​သေချာတာတခုက​တော့ ဒီစီးရီးကိုကြည့်ရင် စိတ်ဝင်စားဖို့လုံးဝ​ကောင်း​စေရမယ်။ ဆန်းကြယ်တဲ့စိတ်ကူးယဥ်စွန့်စား​ရေးခရီးတခုကိုထွက်​နေရတဲ့အလား ဖြစ်​စေရမယ်လို့ အာမခံပါတယ်။ ဇာတ်လမ်းအမြည်း​လေးကို​ပြောပြရရင်​တော့....ဟိုး​ရှေး​ရှေးတုန်းက ​ဘော့စ်တိုင်းပြည်မှာ ဘုရင်ကြီးတပါးအုပ်ချုပ်ပါတယ်။ အဲ့ဒီဘုရင်ကြီးမှာ သား​တော်နှစ်ပါးရှိပြီး ပထမသား​တော်ကြီးက​တော့ ​မွေးကတည်းက ဆွံ့အနားမကြားပဲ အားအင်လည်းမရှိသူဖြစ်ပါတယ်။ သား​တော်အငယ်​လေးက​တော့ တိုက်ရည်ခိုက်ရည်ပါရမီရှိတာမလို့ သက်ဦးဆံပိုင်ဘုရင်​ခေတ်မှာ သား​တော်အငယ်က ထီးနန်းဆက်ခံဖို့​​ရေပန်းစားပါတယ်။ အဲ့လိုနဲ့ တ​နေ့မှာ​တော့ ဘုရင်ကြီးဟာ နာမကျန်းဖြစ်လာခဲ့ပြီး ထူးဆန်းတဲ့ကိစ္စကြီးတခုလည်းဖြစ်လာခဲ့ကာ တခါမှမမြင်ဖူးတဲ့စွန့်စား​ရေးခရီးရှည်ကြီးဟာလည်း ပရိသတ်​ရှေ့​​မှောက်ကို​ရောက်လာခဲ့ပါ​တော့တယ်။File Size – 300MBQuality – 1080p WEB DL AAC2.0CHDuration –23m Total Episodes: 23EpisodeSubtitle – Myanmar HardsubFormat – Mp4Genre : Animation , Action , AdventureTranslator ...
8.195
TMDb: 8.195/10 141 votes
tv

Ranking of Kings (2021)

2021
DC’s Stargirl – Season (2) 7.9
DC’s Stargirl – Season (2) DC's Stargirl Season (2)=================2020မှာ HBO maxက​နေ developedလုပ်ခဲ့တဲ့ DC universeရဲ့ Stargirl seriesဟာအခုဆိုရင် CWလက်ထဲကို Season(2) အဖြစ်​ ရောက်လာခဲ့ပါပြီ။CWရဲ့ series ဖြစ်သွား​ပေမယ့် CGI, settingနဲ့ costumeအပိုင်းမှာ Season(1)ထက် မနိမ့်သွားတဲ့အပြင် ဇာတ်လမ်းပိုင်းမှာလည်း ပိုပြီးဆွဲ​ဆောင်မှုရှိတဲ့ Teen Action series​ကောင်းတစ်ခုအဖြစ် ရှိ​နေပါ​သေးတယ်။Season(1)အဆုံးမှာ Injustice Society of Americaကို ဖြိုလှဲ နိုင်ခဲ့တဲ့ Stargirlတို့ရဲ့ JSAအဖွဲ့ဟာအခုဆိုရင် အရွယ်နဲ့မမျှတဲ့ စိတ်ပင်ပန်း​မှုဒဏ်​တွေ၊ မ​ကောင်းတဲ့အမှတ်တရ​တွေရဲ့ ထိုးနှက်မှုကို စတင်ခံစား​နေရပါပြီ။ အဓိကဇာတ်လိုက်ဖြစ်တဲ့ Courtney Whitmoreဟာလည်း Stargirlဘဝနဲ့ ပုံမှန်ဆယ်​ကျော်သက်​ ကျောင်းသူ ဘဝကြားမှာ Balanceဖြစ်ဖို့ ရုန်းကန်​နေရပါတယ်။အရာရာကိုကာကွယ်​စောင့်​ရှောက်ရမယ့် တာဝန်က Stargirlရဲ့ တာဝန်ပဲလို့ တရား​သေမှတ်ယူထားတဲ့ Courtneyရဲ့ မရင့်ကျက်မှု​တွေကို ဒီSeasonမှာ အဓိကထားပြီးပြသသွားမှာပါ။ တစ်ဖက်မှာလည်း ISAအဖွဲ့ပျက်သုဉ်းမှုမှာ ရှင်ကျန်ခဲ့တဲ့ Cindy Burmanက Eclipsoကိုချုပ်​နှောင်ထားတဲ့ Black Diamondကို တွေ့သွားခဲ့ပြီဖြစ်တဲ့အတွက် JSAနဲ့ Stargirlအ​ပေါ်မှာရှိတဲ့ သူ့အ​ဖေရဲ့​သွေးကြွေးကို ပြန်ဆက်​ဖို့ကြိုးစားပုံ​တွေကို ကြည့်ရှုရမှာပါ။ ဒါ့အပြင် တခြား​​သော Villain characterအသစ်​တွေ၊ ...
7.9
TMDb: 7.9/10 3860 votes
tv

DC’s Stargirl – Season (2)

2021
He’s Into Her (2021) 8.3
He’s Into Her (2021) He's into her Season 1 (2021)===================================သင်ဟာ အချစ်ကြောင့်အတိတ်မှာနာကျင်ခဲ့ရတယ်ဆိုရင် ပစ္စုပ္ပါန်မှာရဲရင့်ပြီး အနာဂတ်ကိုလှပစေလိုက်ပါ။He's into her ဟာ ဖိလစ်ပိုင်စီးရီးလေးဖြစ်ပြီးတော့ RomCom အမျိုးအစားဖြစ်ပါတယ်။စင်ဒရဲလားနဲ့ F4 ကို အချိုးကျပေါင်းစပ်ပြီးကြည့်ရတဲ့ ခံစားချက်မျိုးရမှာဖြစ်ပြီးဖိလစ်ပိုင်ကားတွေရဲ့သဘောသဘာဝအတိုင်း မေတ္တာတရားနဲ့ချစ်ခြင်းတရားကို အားပြိုင်ထားပြီး လူငယ်စတိုင်လေးနဲ့ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ နယ်မြို့လေးကနေ မနီလာမှာကျောင်းလာတက်တဲ့ မဟုတ်မခံ ဇတ်ဇတ်ကျဲကောင်မလေးတစ်ယောက်နဲ့ သူတက်မယ့်ကျောင်းရဲ့ ဘတ်စ်စကတ်ဘောအသင်းခေါင်းဆောင် ထိပ်ထိပ်ကြဲပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ကောင်လေးတစ်ယောက်တို့ ဆုံတွေ့ခဲ့ကြပါတယ်။ ဒဏ်ရာကိုယ်စီလွယ်ရင်းအတိတ်တွေကိုဖုံးကွယ်ထားကြရင်းနဲ့ မတည့်အတူနေကြရင်းက နှလုံးသားချင်းတစ်ဖြည်းဖြည်းထပ်တူကျလာတဲ့အခါမှာ ဘယ်လိုအခက်အခဲအတားအဆီးမျိုးတွေနဲ့ ကြုံတွေ့ရပြီးတော့ တွဲသောလက်မြဲစေနိုင်မှာလားဆိုတာကိုတော့ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။စုစုပေါင်း (၁၀) ပိုင်းပါဝင်မှာဖြစ်ပြီး ChannelMyanmar မှ အစကနေအဆုံးထိ တင်ဆက်ပေးသွားမှာပါ။(FA တွေအတွက်အထူးမှာကြားချင်တာကတော့ စောင်ကိုထူထူယူထားကြနော် ရိုချက်တွေက ရှယ်ကိုက်ပလန်မို့လို့ပါ)အညွှန်း နဲ့ ဘာသာပြန်ကတော့ TarTee Poe ပဲ ဖြစ်ပါတယ်။Genre: Comedy, Drama Episodes: 10 Quality: 1080p Size: 600MB Subtitle: Myanmar (Hardsub) Translator: TarTee Poe Encoder: AugustEpisode 01 - VIP | Userdrive | Yoteshin | ...
8.3
TMDb: 8.3/10 3 votes
tv

He’s Into Her (2021)

2021
The Outlaws S02 (2022) [Complete] 8.444
The Outlaws S02 (2022) [Complete] The Outlaws S02 (2022) [အစ-အဆုံး]အပိုင်းသစ် - ၆ (ဇာတ်သိမ်းပိုင်း)မူးယစ်ရာဇာရဲ့ ငွေအိတ်ကြီးကောက်ရတာကို ပြန်မပေးဘဲ ​ဘုံးမိလို့ ထီအကြီးကြီးပေါက်သွားတဲ့ လူ၇ယောက် series လေးရဲ့အဆက်ထွက်လာပါပြီ။Season 1 တုန်းက လူဆိုးတွေ လိုက်တာကနေလည်းလွတ် ရဲတွေမေးသမျှကိုလည်း ကွေ့ပတ်ဖြေပြီး လွတ်လာတဲ့ ၇ယောက် Season 2 မှာတော့ ပထမတစ်ကြိမ်လို ကံကောင်းနေတော့မှာမဟုတ်ပါဘူး။မူးယစ်ဂိုဏ်းချုပ်ကြီးရဲ့ အကြပ်ကိုင်တာခံထားရတဲ့ ဒီ လူ ၇ယောက် ကျားခံတွင်းဝကနေလွတ်ဖို့ ဘယ်လိုဘယ်ပုံ လှုပ်ရှားကြမယ်၊ ဘာဉာဏ်နီဉာဏ်နက်တွေ ထုတ်သုံးကြမယ်ဆိုတာကိုတော့ ဆက်လက် ကြည့်ရှုကြပါဦးစို့ ...(အညွှန်းကိုတော့ Hnin Wut Yi က ရေးပေးထားပါတယ်)Aired: Aug 5, 2022 Aired On: Friday Genres: Comedy, Drama, Crime, Thriller Duration: 45mins Episodes: 6 Original Network: BBC File Size: 1080p(~1GB) ...
8.444
TMDb: 8.444/10 27 votes
tv

The Outlaws S02 (2022) [Complete]

20212022
DOTA: Dragon’s Blood – Season (01), (02), (03) 7.8
DOTA: Dragon’s Blood – Season (01), (02), (03) DOTA: Dragon's Blood - Season (01), (02), (03)==================================IMDb Rating - 7.8/10ကမ္ဘာကျော် ဂိမ်းတစ်ခုဖြစ်တဲ့ DOTA ထဲက ဟီးရီုးတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကာတွန်းစီးရီးတစ်ခု နက်ဖလစ်ကနေ ပြသလိုက်ပါတယ်။ အဓိက ဇာတ်ကောင်ကတော့ Dragon Knight ဒေဗီယံ ပဲဖြစ်ပြီး၊ သူ့ရဲ့ စွန့်စားခန်းတွေနဲ့ အခြားသော ဟီးရိုးတွေနဲ့ ပတ် သတ်မှုတွေကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။ ရုပ်ထွက်တွေရော ဇာတ်လမ်းရော ကောင်း မွန်တာမို့ ဘာသာပြန်ပြီး တင်ဆက်ပေးထားပါတယ်။ အားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။) File Size.............(400 MB) Quality...............WEBDL 1080p Duration............30Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Animation, Action, Adventure Translator..........Mr.Anderson, d3mon Encoder..............SWM============================ CM VIP - LINK ============================= Zip File------------S1 - Yoteshin / Megaup / VIP  S2 - Yoteshin / ...
7.8
TMDb: 7.8/10 18000 votes
tv

DOTA: Dragon’s Blood – Season (01), (02), (03)

2021
The Outlaws S01 (2021) [Complete] 8.5
The Outlaws S01 (2021) [Complete] The Outlaws Season 1 (2021)အပိုင်း (၁ မှ ၆) အစ/အဆုံးဘဝမှာ တစ်ခါမှ မသိကျွမ်းဖူးတဲ့အပြင် အသက်မွေးဝမ်းကျောင်းပညာရပ်တွေပါ မတူညီကြတဲ့ သူစိမ်း ခုနစ်ယောက် မိမိတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် လူမှုကြွေးပြန်ဆပ်ဖို့အတွက် ဘရစ်စတိုးမြို့မှာ ရှိတဲ့ မြို့ပြအသင်းတိုက်မှာ ပရဟိတလုပ်ငန်းတွေလုပ်ဖို့ ပြစ်ဒဏ်ချမှတ်ခံရပြီးမှ အချင်းချင်း ရင်းနှီးလာကြပါတယ် ကံကောင်းချင်တော့ သူတို့ဟာ ငွေသားတွေအပြည့်ပါတဲ့ အိတ်တစ်အိတ်ကို ရှာတွေ့ခဲ့ကြပြီး ဝေစုခွဲယူကြဖို့ စီစဉ်ထားကြပါတယ် ဒါပေမဲ့ သူတို့မသိတာက ဒီငွေထုပ်ကြီးကို အန္တရာယ်ရှိတဲ့ ဒုစရိုက်သမားတချို့ကလည်း အပူတပြင်းလိုက်ရှာနေတယ်ဆိုတာပါပဲ အပိုင်း ၆ ပိုင်း ပါတဲ့ Season 1 ကို BBC က ထုတ်လွှင့်ပြသားထားပြီး BBC One နဲ့ Amazon Studios တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်တဲ့အပြင် ဇာတ်အိမ်လည်း ခိုင်တာကြောင့် ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ် Aired: 25 October 2021 -- Aired On: ...
8.5
TMDb: 8.5/10 12 votes
tv

The Outlaws S01 (2021) [Complete]

2021
Resident Alien (2021)S1 + S2 8.1
Resident Alien (2021)S1 + S2   ဂြိုလ်သားကား ဆို အပစ်အခတ် အထိုးအကြိတ်တွေချည်း ကြည့်ရတာ ငြီးငွေ့နေသူများအတွက် ဆန်းသစ်တဲ့ ဂြိုလ်သားကား ဇာတ်လမ်းတွဲလေး တစ်ကားတင်ဆက်လိုက်ပါတယ် ဟယ်ရီဆိုတာကတော့ တခြားဂြိုလ်ကနေ ကမ္ဘာပေါ်ကို စစ်ဆင်ရေးတစ်ခုကြောင့်ရောက်လာခဲ့တဲ့ ဂြိုလ်သားတစ်ကောင်ပါ သူ့ရဲ့ စစ်ဆင်ရေးကတော့ ရိုးရှင်းပါတယ်သူတို့ဆီက ကိရိယာလေးတစ်ခုကို ကမ္ဘာမြေပေါ်ပစ်ချခဲ့ပြီး သူ့ဂြိုလ်သူပြန်ရုံပါပဲ ကံမကောင်းတာက သူ့ယာဉ်ပျံကြီးက ကမ္ဘာပေါ်မှာပျက်ကျသွားပြီး သူ့ရဲ့ ကိရိယာလေးပျောက်သွားတာပါပဲ အဲဒီလိုနဲ့ သူက သူ့ရဲ့ကိရိယာလေးရှာတွေ့ဖို့အတွက် လူတွေကြားမှာလိုက်လျောညီထွေနေရင်းနဲ့ ဆရာဝန် အဖြစ်ဟန်ဆောင်နေခဲ့တာပါ ပင်ကိုယ်စရိုက်မဟုတ်တဲ့အတွက် အလွဲလွဲအချော်ချော်ဖြစ်တာတွေ လူတွေရဲ့ အတွေးအခေါ်တွေနဲ့ မတူတာတွေကို ဟာသလေးနှောပြီးရိုက်ပြထားတဲ့အတွက် ကြည့်နေရင်းနဲ့ တခွီခွီရယ်ရမဲ့ ဂြိုလ်သားကားလေးတစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျာမှတ်ချက်- ဂြိုလ်သားကဆရာဝန်ယောင်ဆောင်ထားတဲ့အတွက် ဆေးကုရင်တော့ သတိလေးထားကြပါလို့။File size…400 Mb Quality….Webrip 720p Format…mp4 Duration….50 Min Genre...Sci-fic,Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by GarfieldSeason 01 Episode 1 VIP  ...
8.1
TMDb: 8.1/10 430 votes
tv

Resident Alien (2021)S1 + S2

2021
Who Killed Sara? (2021) 7.7
Who Killed Sara? (2021) Who killed Sara? (2021) Season 1+2+3IMDb 6.4/10 ======================ဆာရာ့ကို သတ်တာ ဘယ်သူလဲ....ဒီတစ်ခါ Thriller Criminal series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပါပဲဆာရာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက် သေဆုံးသွားတဲ့ အမှုနဲ့ ပတ်သက်ပြီး သူငယ်ချင်းတစ်ဖွဲ့လုံး ဒုက္ခရောက်ရတဲ့ ဇာတ်အိမ်ကို အခြေတည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဆာရာရဲ့ သေဆုံးမှုက မတော်တဆဖြစ်ရပ်လို့ အများက ထင်ကြေးပေးနေကြချိန်မှာ သူ့အစ်ကိုအရင်းက သူသတ်ပါတယ်လို့ ဝန်ခံပြီး ထောင်ဒဏ် အနှစ် ၃၀ ကျခံသွားပါတယ်။ဒါပေမဲ့ ဇာတ်လမ်းက အဲဒီလောက်မရိုးရှင်းပါဘူး။ တကယ်တမ်း နောက်ကွယ်မှာ ဒီသေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်ဘဲ လူကုံထံ လက်ဇ်ကာနို မိသားစုတစ်စုလုံးရဲ့ ဂုဏ်သိက္ခာနဲ့ပတ်သက်နေပါတယ်။သေဆုံးသူရဲ့ အစ်ကိုဟာ ဘာဖြစ်လို့ အမှုကိုဝန်ခံလိုက်ရတာလဲ သူထောင်ကလွတ်လာချိန်မှာရော အမှုမှန်ကို ဘယ်လို ဖော်ထုတ်မလဲ.....။တကယ်တမ်း ဆာရာကို သတ်သွားတာ ဘယ်သူဖြစ်နေမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်စောင့်ကြည့်ပေးပါဦး....။ဒီဇာတ်ကားမှာ Season 3ခု ပါဝင်ပြီး Channel Myanmar ကနေ စဆုံး တင်ဆက်ပေးထားတာဖြစ်လို့ စောင့်စားစရာမလိုဘဲ ...
7.7
TMDb: 7.7/10 1041 votes
tv

Who Killed Sara? (2021)

2021
Parampara (2021) 8
Parampara (2021) Parampara (2022) ——————————————ဘယ်လောက်ပဲဩဇာအာဏာကြီးကြီး ဘယ်လောက်ပဲချမ်းသာကြွယ်ဝတဲ့မိသားစုတစ်စုဖြစ်နေပါစေ… မိသားစုတွင်းက ပဋိပက္ခတွေဟာအင်ပါယာတစ်ခုကို ယိုယွင်းပျက်စီးစေနိုင်ပါတယ်ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် series လေးကတော့ မင်းသားကြီး Jagapathi Babu ပါဝင်ထားတဲ့ Disney+ Hotstar ကနေတင်ဆက်ထားတဲ့ Parampara ဆိုတဲ့series လေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ တစ်ချိန်က ငြိမ်းချမ်းရေးကိုလိုလားပြီး ဩဇာညောင်းတဲ့ဗီယာနိုင်ဒူဟာ နိုင်ငံရေးလောကထဲတော့ထဲထဲဝင်ဝင်မပါဝင်ခဲ့ပေမယ့် နိုင်ငံရေးသမားတွေကတော့ သူ့ကိုမှီတည်နေရတာဖြစ်ပါတယ် တစ်နေ့မှာ ဗီယာနိုင်ဒူးကွယ်လွန်ပြီးနောက် သားကြီးဖြစ်တဲ့မိုဟန်ရောင်ဟာ နိုင်ငံရေးထဲဝင်ဖို့လုပ်ခဲ့ပေမယ့် ညီဖြစ်သူနိုင်ဒူက သဘောမတူတာကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး.. ဒါပေမယ့်နိုင်ဒူးတစ်ယောက်ကတော့ နိုင်ငံရေးသမားတွေကို နောက်ကွယ်ကနေချုပ်ကိုင်ပြီး အာဏာတစ်ခွဲသားနဲ့နေပါတော့တယ်..ဒါကိုမကျေနပ်နဲ့ မိုဟန်ရောင်ရဲ့သားဖြစ်သူ ဂိုပီကတော့ ဦးလေးဖြစ်သူနိုင်ဒူကိုတစ်ချိန်လုံးအငြိုးထားပြီး အနိုင်ယူနင်းခြေဖို့ပဲ တွေးထားပါတော့တယ်.. ဒီလိုနဲ့ ဂိုပီနဲ့ နိုင်ဒူးကြားထဲက ကာလကြာရှည်စစ်ပွဲကြီးက ဘယ်လိုရလဒ်တွေရလာမလဲ.. ဂိုပီကရော ဩဇာကြီးတဲ့နိုင်ဒူကိုယှဉ်နိုင်ဖို့ ဘာတွေလုပ်မလဲ.. ဒီလိုမိသားစုတွင်း ပဋိပက္ခတွေကိုစိတ်ဝင်စားဖွယ်ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ အိန္ဒိယအရင်းရှင်မိသားစုတစ်စုရဲ့ဂုဏ်သိက္ခာတိုက်ပွဲကို ကြည့်ရှုအားပေးလိုက်ကြပါဦးနော်  File Size – 1GB / 600MB@EpisodeQuality –1080p AAC5.1CH /  720pDuration – minute (@Episode)Total Episodes: 7 EpsSubtitle – Myanmar HardsubFormat ...
8
TMDb: 8/10 1 votes
tv

Parampara (2021)

2021
Love Twist (2021) [Complete]
Love Twist (2021) [Complete] Love Twist (2021) ဇာတ်လမ်းတွဲအညွှန်း(အစ-အဆုံး)***********************************အပိုင်း - ၁၀၃ (ဇာတ်သိမ်းပိုင်း) နောက်ထပ်ကြည့်လို့ကောင်းတဲ့ အပိုင်း (၁၀၀) မိသားစုကားလေးနဲ့မိတ်ဆက်ပေးပါရစေ။"Twist" လို့ခေါ်တဲ့ အသေးစားကုမ္ပဏီလေးတစ်ခုကို တည်ထောင်ထားတဲ့ ဆိုးရီ၊ ဟာရူ နဲ့ ယွန်းနာတို့က အရမ်းရင်းနှီးတဲ့ဆက်‌ဆံရေးတွေရှိကြပါတယ်။ မိဘအချင်းချင်းရဲ့ဆက်ဆံရေးကြောင့် မောင်နှမလိုဖြစ်နေတဲ့ ဆိုးရီနဲ့ဟာရူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားကြတဲ့အခါ အချစ်ဇာတ်လမ်းလေးပေါ်ပေါက်လာခဲ့ပါတယ်။ဒါပေမယ့် တစ်ဖက်မှာ ယွန်းနာကလည်း ဟာရူကိုတစ်ဖက်သတ် သဘောကျနေတော့ ကြည်နူးဖွယ်အချစ်ဇာတ်လမ်းလေးကနေ သုံးပွင့်ဆိုင်ဖြစ်လာတဲ့အခါမှာ သူတို့ကြားပဋိပက္ခတွေ ပေါ်လာခဲ့ပါတယ်။အဲဒါအပြင် ဆိုးရီနဲ့ဟာရူကို သဘောမတူတဲ့ ဆိုးရီရဲ့အဖေကြောင့်လည်းတစ်ဖန် သူတို့အချစ်ရေးအတွက်ပြဿနာတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ဒီလိုမျိုး ရင်းနှီးရသူနဲ့ ပဋိပက္ခတွေကြား မိသားစုပြဿနာတွေကြားကနေ ဆိုးရီနဲ့ဟာရူတို့ရဲ့ အချစ်အလှည့်အပြောင်းလေးကို ပုံဖော်ရိုက်ကူးထားတဲ့ဒရာမာလေးပါ။ဒီတော့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲ? မိသားစုပြဿနာတွေကြားမှာ ဆိုးရီနဲ့ဟာရူက သူတို့အချစ်အတွက်ဆက်ရုန်းကန်ကြမလား? လက်လျှော့လိုက်မလား? ဆိုတာကို သူ့ဇာတ်ရှိန်လေးနဲ့သူ ကြည့်လို့ကောင်းတဲ့ကားလေးမို့ CM Asia Series ကနေ စောင့်မျှော်အားပေးကြပါဦး  Aired: December 13, 2021 -- Aired On: Monday-FridayDuration: 30minsEpisodes: 100Genres: ...

Love Twist (2021) [Complete]

2021
Going to The Blue House Like This (2021) [Complete] 8
Going to The Blue House Like This (2021) [Complete] Going to The Blue House Like This (2022) ဇာတ်လမ်းတွဲအညွှန်း အပိုင်း - ၁၂ (ဇာတ်သိမ်းပိုင်း) ရပါပြီ ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့ အတွက် မင်းသမီးကြီး Kim Sung Ryung ဦးဆောင်ပါဝင်ထားတဲ့ နိုင်ငံရေး အရှုပ်တော်ပုံ ဇာတ်လမ်းတွဲ အသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ comedy, political sitcom အမျိုးအစားဖြစ်ပြီး Best Series Award of the years ဆုကို ရရှိခဲ့တဲ့အပြင် အခြား တစ်ဦးချင်း ဆုတွေမှာလည်း စံကာတင်စာရင်းထဲ ပါဝင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ Korea Series လေးပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...ယဉ်ကျေးမှု၊ အားကစားနဲ့ ခရီးသွားဝန်ကြီးဌာန ဝန်ကြီး ဖြစ်သူဟာ online meeting တစ်ခုအပြီးမှာ meeting ထဲက ထွက်ဖို့မေ့၊ ကင်မရာနဲ့ အသံပိတ်ဖို့မေ့ပြီး ...
8
TMDb: 8/10 2 votes
tv

Going to The Blue House Like This (2021) [Complete]

2021
The King of Tears, Lee Bang Won(2021) [Complete]
The King of Tears, Lee Bang Won(2021) [Complete] The King of Tears, Lee Bang Won(2021) ဇာတ်လမ်းတွဲအညွှန်း *****************************************************အပိုင်း -  ၃၂ (ဇာတ်သိမ်းပိုင်း) (1080p ရပါပြီ) ဒီသမိုင်းနောက်ခံ အက်ရှင်ဇာတ်လမ်းတွဲကြီးဟာအားလုံးသိထားပြီးသားဖြစ်တဲ့ ဂျိုဆွန်းဘုရင်၊အီဘန်းဝန်အကြောင်းကို ရှုထောင့်အသစ်ကနေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။အီဘန်းဝန်က ဂျိုဆွန်းတည်ထောင်သူ၊ စစ်သူကြီးအီဆောင်းဂယ်ရဲ့ ၅ယောက်မြောက်သားဖြစ်ပါတယ်။သူ့မှာ ခမ်းနားကြီးကျယ်တဲ့အကြံဉာဏ်တွေရှိပြီး ဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းလည်းရှိပါတယ်။အီဆောင်းဂယ်ကတော့ စိတ်နှလုံးသား နွေးထွေးတဲ့သူဖြစ်ပြီးလောကကြီးအကြောင်း ထွင်းဖောက်သိမြင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ဂိုလျောခတ်ကုန်ဆုံးခါနီးအချိန်မှာ အီဘန်းဝန်တစ်ယောက် အသက်ရှင်ဖို့ရုန်းကန်နေရတဲ့ပြည်သူတွေအတွက် လောကကြီးကိုပြောင်းလဲပစ်ဖို့ ရည်မှန်းချက်ရှိလာခဲ့ပါတယ်။ အဲဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ဖခင်ကိုကူညီ၊ ဂိုလျောခေတ်ဟောင်းကိုဖျက်စီးပြီး မင်းဆက်အသစ်ထူထောင်ခဲ့ပါတော့တယ်....ရှေ့တွေမှာ အီဘန်းဝန်အကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းတွေ အများကြီးရှိခဲ့တာမို့ ရှုထောင့်အသစ်ကနေ တင်ဆက်ထားတဲ့ဒီကားလေးထဲမှာရော အီဘန်းဝန်ရဲ့ဇာတ်ကြောင်းက ဘယ်လိုပြောင်းလဲသွားဦးမလဲဆိုတာကိုတော့...ဇာတ်လမ်းအညွှန်းကိုတော့ Ei Phyu Khin မှရေးသားပေးထားပါတယ်... Episodes: 32 Duration: 60 Min Quality : HDTV 1080p,720p Genres:  Drama, History & Action Translated by  Khine Khine Wai,Ei Phyu Khin, Hnin ...

The King of Tears, Lee Bang Won(2021) [Complete]

2021
Love (ft. Marriage and Divorce) S03 (2022) [Complete] 6
Love (ft. Marriage and Divorce) S03 (2022) [Complete] Love (ft. Marriage and Divorce) S03 (2022) ဇာတ်လမ်းတွဲအညွှန်း****************************************************** အပိုင်း - ၁၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) ဒီစီးရီးက S1,S2 ထွက်ရှိခဲ့ပြီး အိမ်ထောင်ရေးပြဿနာစုံဟာ လက်ရှိအပြင်လောကရဲ့ ဒုက္ခတွေနဲ့ အတော်များများတူနေတော့ မြန်မာပရိသတ်တွေ အတော်အားပေးခဲ့ကြပါတယ်...အညွှန်းကတော့ S1 ကဟာပဲထားလိုက်ပါ့မယ်…ဒီဇာတ်လမ်းတွဲကတော့ ပုံမှန် ကောင်လေးနဲ့ကောင်မလေးတို့ ချစ်ဖို့အရေးကြိုးစားနေတဲ့ ဇာတ်လမ်းတွဲမျိုးမဟုတ်ပါဘူး….အဲ့အဆင့်တွေထက်ကျော်လွန်ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်း အိမ်ထောင်သည်တွေသမီးရည်းစားဘဝတုန်းကလို ချစ်နိုင်သေးရဲ့လားဆိုပြီး ပုံစံမတူတဲ့ စုံတွဲ(၃)တွဲကို ရိုက်ပြထားတာပါ….ပျင်းစရာကြီးလို့မထင်လိုက်နဲ့…တကယ့်လက်ရှိမှာ ဒီလိုတွေတကယ်ဖြစ်နေတာ….တရားသူကြီး Park Sa Hyun ဟာ drum တီးခတ်နေတဲ့ Boo Hye Ryung ကိုမြင်မြင်ချင်းချစ်မိသွားပြီး လက်ထပ်ခဲ့ကြပါတယ် …အိမ်ထောင်သက်သုံးနှစ်ရှိပြီး ကလေးမရှိသေးသော ပထမဆုံးစုံတွဲ…..Shin Yoo Shin ကတော့ဆေးရုံဒါရိုက်တာတစ်ယောက်ဖြစ်ပြီး radio show တစ်ခုရဲ့ PD ဖြစ်တဲ့ Sa Pi Young ရဲ့ချစ်လှစွာသောခင်ပွန်းပေါ့ သူမဟာ သူမရဲ့အိမ်ထောင်ရေးအတွက် ...
6
TMDb: 6/10 7 votes
tv

Love (ft. Marriage and Divorce) S03 (2022) [Complete]

2021
Traffickers: Inside The Golden Triangle (2021)
Traffickers: Inside The Golden Triangle (2021) Traffickers: Inside the Golden Triangle (2021) Ep 3 - The Playboy Drug Lord ငွေနည်းနည်းလိုချင်ရင် လခစားလုပ်၊ ငွေများများလိုချင်ရင် အောင်မြင်အောင်ဈေးရောင်းစား၊ ဒီထက်လိုချင်ရင်တော့ အာဏာရှင်တို့ ခရိုနီတို့လုပ်၊ ဒီထက်လိုချင်သေးရင်တော့ ရွှေတြိဂံမှာ မူးယစ်ရာဇာသာလုပ်စား။ ဒီစကားက အလွယ်ပြောလိုက်တာပေမဲ့ ခင်ဗျားသာ မူးယစ်ရာဇာဖြစ်လာရင် ဒေါ်လာရာတန်တွေချည်း ခင်းအိပ်လို့ရသလို၊ ဇိမ်ခံကား၀ယ်စီးချင်လည်း ရပါတယ်။ ပထမခွန်ဆာနဲ့ နော်ခမ်းတို့လည်း မဟားဒရားတွေ ချမ်းသာခဲ့ကြသလို ခုတစ်ယောက်ဆိုလည်း ဇိမ်ခံကားရာချီ၀ယ်နိုင်တဲ့အထိ ချမ်းသာခဲ့ပါတယ်။ ရွှေတြိဂံဒေသက ဘိန်းရာဇာတွေ မူးယစ်ရာဇာတွေထဲက ကမ္ဘာ့အဆိုးဆုံးစာရင်း၀င်ဖြစ်တဲ့ ခွန်ဆာတို့၊ တရုတ်ရဲ့ မဟာရန်သူဖြစ်တဲ့ နော်ခမ်းတို့ ပြီးတဲ့နောက်မှာ ဒီတစ်ခါကတော့ လာအိုက မီသမ်ဖက်တမင်းရောင်းတဲ့ မူးယစ်ရာဇာအကြောင်းပါ။ သူက ထူးတော့ထူးပါတယ်။ ခွန်ဆာတို့ နော်ခမ်းတို့က တောထဲမှာ နေခဲ့ကြပေမဲ့ သူက မြို့ပေါ်မှာ ဇိမ်ခံကားထည်လဲစီး တိုက်အကောင်းစားတွေပတ်၀ယ် မင်းသားတွေမင်းသမီးတွေ ဆယ်လီတွေနဲ့လည်း ခင်နေတဲ့သူပါပဲ။ သူ့ကိုမိသွားပုံကလည်း ...

Traffickers: Inside The Golden Triangle (2021)

2021
Pacific Rim: The Black (2022) Season 2 8.4
Pacific Rim: The Black (2022) Season 2 ကမ္ဘာမြေဟာ ခိုင်းဂျူး လို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေရဲ့ ကျူးကျော်ခြင်းကို ခံနေရပါတယ်။လူသားမျိုးနွယ်ဟာ ခိုင်းဂျူးတွေကိုတိုက်ခိုက်ဖို့ ယေးဂါ လို့ခေါ်တဲ့လူပုံစံလက်နက်ကြီးတွေကို တီထွင်ခဲ့ကြပါတယ်။ ခိုင်းဂျူးနဲ့ ယေးဂါတို့ကြားက တိုက်ပွဲတွေကြောင့် မြို့တွေ တစ်မြို့ပြီးတစ်မြို့ပျက်စီးလာပြီးယေးဂါတွေလည်း တစ်စီးပြီးတစ်စီး ကျဆုံးလာတာကြောင့် မြို့ပျက်ကြီးမှာ ကျန်ရစ်ခဲ့တဲ့သူတွေကို ကူကယ်ဖို့ရာလဲ မတတ်နိုင်ကြတော့ပါဘူး။ တေလာနဲ့ ဟေလီတို့ မောင်နှမနှစ်ယောက်ဟာလည်း ကျန်ရစ်သူအချို့နဲ့အတူ ယေးဂါပိုင်းလော့တွေဖြစ်တဲ့မိဘနှစ်ပါးပြန်အလာကို စောင့်မျှော်နေကြပါတယ်။ တစ်နေ့မှာ "အက်လက်စ် ဖျက်ဆီးသူ" လို့ခေါ်တဲ့လေ့ကျင့်ရေးယာဉ်ကို ရှာတွေ့ပြီး မိဘနှစ်ပါးကို ရှာပုံတော် ထွက်ခဲ့ပါတယ်။ လမ်းခရီးမှာ ထူးဆန်းတဲ့ကလေးငယ်တစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး ခရီးတစ်လျှောက် အတူခေါ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့အဖွဲ့အစည်းတစ်ခုနဲ့ တွေ့ဆုံပြီး ခိုင်းဂျူးတွေကို ပြန်လည်တိုက်ခိုက်နေချိန်မှာ ထူးဆန်းတဲ့ကလေးငယ်လေးဟာခိုင်းဂျူးအသွင်ကို ပြောင်းသွားခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့Pacific Rim: the Black Season 2 မှာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းပိုင်း၊ ဇာတ်ကောင်ပိုင်းနဲ့ အက်ရှင်အခန်းတွေဟာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းပြီးရင်တမမနဲ့ ကြည့်နေရမယ့်အပြင် rating ကလဲ IMDB ...
8.4
TMDb: 8.4/10 311 votes
tv

Pacific Rim: The Black (2022) Season 2

2021
Traffickers: Inside The Golden Triangle (2021)
Traffickers: Inside The Golden Triangle (2021) Traffickers: Inside the Golden Triangle (2021) Ep 2 - The Mekong River Pirate မဲခေါင်ပင်လယ်ဓားပြ စိုင်းနော်ခမ်း ၂၀၁၁မှာ မဲခေါင်မြစ်ထဲ တရုတ်သင်္ဘောသား ၁၃ယောက်ကို သတ်တဲ့အမှုနဲ့ ၂၀၁၃မှာ တရုတ်မှာ သေဒဏ်ပေးခံခဲ့ရတဲ့ စိုင်းနော်ခမ်းအကြောင်း ဟိုးလေးတကြော်ဖြစ်ခဲ့ဖူးတော့ သူ့ကို အားလုံးသိကြမှာပါပဲ။ ဒီ‌သတ်ဖြတ်မှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း တရုတ်ပြင်ပမှာ တရုတ်လူမျိုးသေဆုံးတဲ့အမှုတွေထဲ အကြီးဆုံးအမှုတစ်ခုပေါ့။ တရုတ်ပြည်တစ်ပြည်လုံးရဲ့ အာရုံစိုက်ခံခဲ့ရတဲ့ အမှုလည်းဟုတ်ပါတယ်။ နော်ခမ်းဟာ လားရှိုးမြို့မှာ မွေးခဲ့တဲ့ ပအို့လူမျိုးအဖေနဲ့ ရှမ်းလူမျိုးအမေရဲ့ သားပါပဲ။ မဲခေါင်မြစ်ကို ဖြတ်တဲ့ သင်္ဘောတွေကနေ ဆက်ကြေးကောက်လို့ မဲခေါင်ပင်လယ်ဓားပြလို့ နာမည်ကြီးခဲ့တဲ့ နော်ခမ်းဟာ‌ ရွှေတြိဂံက မူးယစ်ရာဇာတစ်‌ဦးပါ။ ဒီလိုမဖြစ်ခင်က နော်ခမ်းဟာ ခွန်ဆာဆီမှာ ရေဒီယိုအော်ပရေတာအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ဖူးပြီး ခွန်ဆာလက်နက်ချသွားပြီးနောက်ပိုင်းမှာ သူ့ကိုယ်ပိုင်အဖွဲ့ကို ထူထောင်ခဲ့တာပါ။ ထိုင်းက ဘတ်၂သန်းဆုငွေကြေညာရတဲ့အထိ နာမည်ကြီးခဲ့တဲ့ မူးယစ်ရာဇာလည်း ဟုတ်ပါတယ်။ နော်ခမ်းကို တစ်ချို့က ...

Traffickers: Inside The Golden Triangle (2021)

2021