Channel Myanmar

2022

Big Bet(2022) SE1 +SE2 [Complete] 10
Big Bet(2022) SE1 +SE2 [Complete] Big Bet(2022)*****************စ/ဆုံး Cha Moo Sik ဆိုတဲ့ ဘိုးတော်ကြီးကို နာမည်နဲ့လူနဲ့သာ တွဲမသိကြပေမဲ့ရုပ်ရှင်ချစ်ပရိတ်သတ်တွေဟာ  I Saw the devil နဲ့ Old Boy ကိုရီးယားရုပ်ရှင်မှာ ပွဲကြမ်းခဲ့တဲ့ ဘဲကြီးဆိုရင်တော့ သိကြမယ်ထင်တယ်..ဒီစီးရီးမှာ သူအဓိကပါဝင်ထားသလို  The Roundup (2022) မှာဗီလိန်အဖြစ်ပါဝင်ထားတဲ့Gang Hae Sang လည်း Main Role အနေနဲ့ ပါဝင်ထားပါတယ်...ကိုရီးယားမှာ စီးပွားပျက်ကပ်ဆိုက်ကြတော့ ငတ်တောင်သေကုန်တဲ့ပြည်သူတွေရှိခဲ့ကြတယ်...ဒီလိုအငတ်ဘေးဆိုက်ကြတော့ လူတွေလည်းအစားတစ်လုပ်အတွက်လုပ်မိလုပ်ရာလုပ်ကြတယ်..အဲ့ဒီအထဲမှာငွေရအလွယ်ဆုံးက လောင်းကစားပဲ...ချာမူရှစ် လည်း ဒီလိုကပ်ဆိုးမှာ မွေးတဲ့ကလေးတစ်ယောက်ပဲ..ငယ်ဘဝမှာ ခါးသီးလွန်းတဲ့အနေအထားကြောင့်သူဟာ လောင်းကစားမှာဆရာတစ်ဆူဖြစ်အောင်လုပ်ပြီးဘုရင်တစ်ပါးဖြစ်အောင် ကြိုးစားမယ်ဆိုပြီး ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့... Episodes: 16File Size:1.1GB, 500MBQuality :Web-DL DNSP 1080p,720PGenres: Action, Crime, DramaTranslated by  Hein That Naing, Hay Thar Oo    & MiriEncoded by  Phyo Pyae   >>>>TELE ...
10
TMDb: 10/10 1 votes
tv

Big Bet(2022) SE1 +SE2 [Complete]

2022
Wreck (2022) 6.429
Wreck (2022) Wreck (2022) Season 01 Complete ~ IMDb - 6.5/10, Rotten Tomatoes - 64% ~ လျှို့ဝှက်ဆန်းကြယ်တွေ စွန့်စားခန်းတွေ ကြိုက်သူတွေအတွက်တော့ ဒီစီးရီးက အပန်းဖြေကြည့်ဖို့ တန်မယ့်ထဲပါ,ပါတယ်... ဒါ့အပြင် ဇာတ်လမ်းအဆုံးမှာ သင်္ဘောတက်ချင်စိတ် သင်္ဘောသား လုပ်ချင်စိတ် ပျောက်သွားပါလိမ့်မယ်။ ဇာတ်လမ်းအစမှာတော့ ဂျေမီဆိုတဲ့ ကောင်လေးတစ်ယောက် ဗီလိုရမ်ဆိုတဲ့ နွေရာသီ အပျော်စီး သင်္ဘောကြီးပေါ်ကို အလုပ်သမားတစ်ယောက်အနေနဲ့ လိုက်ပါလာခဲ့တယ်။ ဒီသင်္ဘောပေါ်က သင်္ဘောသားအဖွဲ့ကိုတော့ ဆာခရေမန်တမ်လို့ ခေါ်တယ်။ ဒါပေမဲ့ ဂျေမီဟာ ဒီနေရာကို အလုပ်လုပ်ရုံသက်သက်ရောက်လာခဲ့သူ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃ လလောက်က သူ့အစ်မ ဖြစ်သူ ပစ်ပါဟာလည်း ဒီသင်္ဘောပေါ်ကို တက်သွားခဲ့ပါတယ်။ နောက်တော့ ဗီလိုရမ်ကနေတစ်ဆင့် သူ့အစ်မဟာ သင်္ဘောပေါ်က ခုန်ချသွားခဲ့တယ်လို့ ဆက်သွယ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂျေမီဟာ ဒါကို မယုံပါဘူး။ ဒါကြောင့် သူဟာ ဒီသင်္ဘောပေါ်ကို ...
6.429
TMDb: 6.429/10 7 votes
tv

Wreck (2022)

2022
Walker Independence (2022) 8
Walker Independence (2022) Walker Independence (2022)ကောင်းဘွိုင်စီးရီးတွေထဲက အထင်ကရတစ်ခု ဖြစ်တဲ့ Walker စီးရီးရဲ့ prequel အနေနဲ့ ထွက်ရှိလာတဲ့ စီးရီးပါဝေါ်ကာမိသားစုရဲ့ မျိုးရိုးအကြောင်းနဲ့ တက္ကဆက်ပြည်နယ် အင်ဒီပန်းဒန့်စ်မှာ ဝေါ်ကာမိသားစု ပေါ်ပေါက်လာပုံကို ရိုက်ပြထားတာပါအက်ဘီဂါ ကောလင်းစ်ဟာ အင်ဒီပန်းဒန့်စ်မှာ ရဲမှူးသစ်အဖြစ် တာဝန်ထမ်းဆောင်မယ့် ခင်ပွန်းဖြစ်သူ လီယမ် ကောလင်းစ်နဲ့အတူ အင်ဒီပန်းဒန့်စ်ကို ထွက်လာခဲ့ကြပါတယ်ဒါပေမဲ့ လမ်းမှာပဲ လီယမ် ကောလင်းစ် အသတ်ခံလိုက်တာကြောင့် အင်ဒီပန်းဒန့်စ်ကို တစ်ယောက်တည်း ရောက်သွားပြီး ခင်ပွန်းဖြစ်သူအတွက် လက်စားချေဖို့ ကြိုးစားပါတော့တယ်အက်ဘီဂါ ကောလင်းစ်အဖြစ်ကနေ အက်ဘီဂါ ဝေါ်ကာအဖြစ် ပြောင်းလဲပြီး တက္ကဆက်ပြည်ရဲ့ လူလိမ် ဟိုရေ့ရောလင်းစ်၊ အင်ဒီယန်းလူမျိုး ကယ်လီယန်တို့နဲ့အတူ လက်စားချေဖို့ ကြိုးစားကြပုံကို တစ်ပတ် (၁)ပိုင်းနှုန်းနဲ့ ရှုစားကြရမှာပါအပိုင်း(၁)နဲ့တင် IMDb rating ~ 7.1 ရရှိထားပြီး Plot ပိုင်း၊Cinematography ပိုင်း၊ သရုပ်ဆောင်ပိုင်း၊ Musical ပိုင်း နဲ့ Costume ပိုင်းပါ မကျန် ချီးကျူးခံနေရတဲ့ စီးရီးဖြစ်တာကြောင့် ကောင်းဘွိုင်ချစ်သူမှန်ရင်တော့ ကျော်မသွားသင့်ပါဘူးအညွှန်း နဲ့ ...
8
TMDb: 8/10 1 votes
tv

Walker Independence (2022)

2022
Three Siblings Bravely (2022)
Three Siblings Bravely (2022) Three Siblings Bravely (2022)အပိုင်း( ၁ မှ ၅၁ ) အထိ စ/ဆုံး ဂင်ထယ်ဂျူ၊ ဂင်ဆိုရင်း၊ ဂင်ဂွန်းအူတို ၃ယောက်က ဂင်မိသားစုမျိုးဆက် မောင်နှမ ၃ ယောက်ဖြစ်ပါတယ်။ သူတို့ထဲမှာ အကြီးဆုံးကတော့ ဂင်ထယ်ဂျူပေါ့။ ဂင်ထယ်ဂျူက ကြင်နာတတ်ပြီး သည်းခံတတ်ပေမယ့် ဒေါသကြီးတဲ့သူတစ်ယောက်ပါ။ သူမ မကြိုက်တဲ့လူတွေနဲ့ဆိုရင်တော့ ဆက်ဆံရေးကို ရေရှည်မထိန်းထားဘဲ ဖြတ်ပစ်တတ်ပါတယ်။ တစ်နေ့မှာ တော့ ဂင်ထယ်ဂျူတစ်ယောက် နှစ်ပေါင်းများစွာဝေးကွာပြီးမှ သူမနဲ့ မူလတန်းကျောင်း အတူတူတက်ခဲ့တဲ့ အီဆန်းဂျွန်းနဲ့ ပြန်တွေ့ခဲ့ပါတယ်။အီဆန်းဂျွန်းက နာမည်ကြီး သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူက စိတ်ဆတ်လွယ်ပြီး စိတ်ကူးယဉ်ဆန်သလို ဉာဏ်လည်းအရမ်းကောင်းပါတယ်။ အီဆန်းဂျွန်းကလည်း သူ့မိသားစုမှာ အကြီးဆုံးသားတစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက မိသားစုရဲ့ သည်းသည်းလှုပ်ချစ်ခြင်းကို ခံခဲ့ရပါတယ်။ အောင်မြင်လာတဲ့ မင်းသားတစ်ယောက်ဖြစ်လာတော့လည်း မိသားစုရဲ့ အကြွေးတွေကို ဆပ်ပေးခဲ့တယ်။တစ်ရက်မှာတော့ ရိုက်ကွင်းမှာ ဒဏ်ရာရလို ဆေးရုံတက်ခဲ့ရတယ်။ အဲဒီဆေးရုံမှာပဲ ...

Three Siblings Bravely (2022)

2022
Bride of the Typhoon (2022)
Bride of the Typhoon (2022) Bride of the Typhoon 2022လက်တုံ့ပြန် ကလဲ့စား အမုန်းတရားတွေကြား တမြိုက်မြိုက်လောင်တာကိုမှ ကြိုက်တဲ့အမျိုးတို့အတွက် ဇာတ်လမ်းနာမည်နဲ့တင် လောင်နေရပြီးသား ဒရမ်မာရှည်လာပါပြီဇာတ်လမ်းအကျဥ်းလေးကို ပြောရရင်တော့မိဘနှစ်ပါးရဲ့ချစ်ခြင်းကိုခံရသလို ဘဝဟာပြီးပြည့်စုံသာယာနေပြီး တက်​ကြွဖျက်လတ် ဆက်ဆံပေါင်းသင်းရေးကောင်းတဲ့ ကောင်မလေး ဆောယောင်း...တစ်နေ့ ဆောယောင်းတို့မိသားစုထဲ ဝင်လာပြီး သူမမိဘ​တွေကို ဆိုးရွားတဲ့ဖြစ်ရပ်တွေ့ကြုံခံစားစေခဲ့တဲ့ လူတစ်ယောက် ဂန်ဘဲ့ဆန်း...ဆောယောင်းတစ်ယောက် မိသားစုအသိုက်အမြုံပျက် တစ်ယောက်တည်း ရှင်သန်ခဲ့ရပြီး တစ်နေ့ ဂန်ဘဲ့ဆန်းက အလှကုန်ပစ္စည်းကုမ္ပဏီကြီးနဲ့ ကြီးပွားနေကြောင်း သိရပြီးနောက်...ဂန်ဘဲ့ဆန်းရဲ့သားဖြစ်သူ ဂန်ထယ်ပွန်းကို လက်ထပ်ယူပြီး ကလဲ့စားချေဖို့ ကြိုးစားတဲ့အခါ...ရန်သူ့သားကို လက်ထပ်ပြီး ရန်သူကိုယောက္ခမတော် တိုင်ဖွန်းမုန်တိုင်းလို လက်တုံ့ပြန် မွှေနှောက်တိုက်ခတ်ပစ်မယ့် သတို့သမီးလေး ဆောယောင်းရဲ့ကလဲ့စားချေမစ်ရှင်ကြီး အောင်မြင်ပါ့မလားဆိုတာအပတ်စဥ် တနင်္လါနေ့ကနေ သောကြာနေ့ထိ ၅ပိုင်းနှုန်းနဲ့ တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်ဆက် စောင့်ကြည့်ကြရအောင်ပါ( အညွှန်းရေးသားထားသူကတော့ Hay Mann ပါ )Native Title: 태풍의 신부 Episodes: 100 Aired: Oct ...

Bride of the Typhoon (2022)

2022
The Glory  (2022)[Complete]
The Glory (2022)[Complete] The Glory (2022)*****************အပိုင်း (၁ မှ ၁၆ ) ထိ စ/ဆုံး တို့မမ ဆုန်းဟယ်ဂို ရဲ့ ဒရမ်မာ အသစ်လေး လာပါပြီ။ မထွက်ခင်ကတည်းကအားလုံးသိထားတဲ့အတိုင်း လက်စားချေတဲ့ ဇာတ်မျိုးဖြစ်လို့ လောင်လို့ ကောင်းကြဦးမှာ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်း ...ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ တစ်ပုံကြီးနဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက် ... ကံဆိုးစွာနဲ့ပဲ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခုမှာ နစ်နာသူဖြစ်ခဲ့တယ်ဆိုပေမဲ့ ကျောင်းနားရမဲ့အထဲ သူလည်း ပါဝင်ခဲ့ရတယ်။နှစ်တွေ ကြာလာတဲ့အခါမှာတော့ တစ်ချိန်က ကျောင်းတွင်းအကြမ်းဖက်မှုမှာအမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူဟာ အိမ်ထောင်ရပ်သားကျပြီး သားသမီးတွေပါထွန်းကားခဲ့ပါပြီ။ ဒီလိုနဲ့ သူရဲ့ သားသမီးတွေ ကျောင်းနေရမဲ့ အရွယ်ရောက်လာပါတော့တယ်။ကံကြမ္မာအလှည့်အပြောင်းအနေနဲ့ ကလေးတွေရဲ့ အတန်းပိုင် ဆရာမကတစ်ချိန်က သူ အနိုင်ကျင့်ခဲ့တဲ့သူဖြစ်နေတဲ့အခါ ...ဘာတွေဆက်ဖြစ်မလဲ? မိဘနဲ့ ရန်ငြိုးရှိခဲ့တာကြောင့် ကလေးတွေအပေါ် မညှာမတာလုပ်ရပ်တွေနဲ့ လက်စားချေသွားမလား? ဆရာ ဆိုတဲ့ ဂုဏ်အတိုင်း ကလေးတွေကို ငဲ့ညာမလား?ဆိုတာတော့ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။Aired: Dec 30, 2022 Aired ...

The Glory (2022)[Complete]

2022
Island(2022)
Island(2022) Island(2022)****************အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံးဒီစီးရီးက မထွက်ခင်ကတည်းက တော်တော်ဟိုက်နေတဲ့အထဲပါတယ်...နတ်ဆိုးတွေ စူပါပါဝါတွေအပြင် ခပ်ဆန်းဆန်း ဇာတ်အိမ်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေကြောင့်ဆိုလည်းမမှားပါဘူး...ဇာတ်လမ်းတွဲက ခေါင်းစဉ်အတိုင်း ကျွန်းတစ်ကျွန်းကိုအခြေခံထားပါတယ်..ဒီကျွန်းမှာ အံဖွယ်ဖြစ်ရပ်များစွာရှိပြီး သာမန်လူတွေယုံဖို့ခက်ခဲတဲ့ဖြစ်ရပ်ဆန်းတွေရှိတယ်...အားလုံးတိမ်ကောနေပြီလို့ထင်ထားတဲ့ နတ်ဆိုးတွေကိုလူတစ်စုဟာ မတော်တဆ သွားနှိုးလိုက်သလိုဖြစ်သွားပြီးတဲ့နောက်မှာတော့..နတ်ဆိုးတွေပြန်လည်ရှင်သန်နိုးထလာခဲ့တယ်..အဲ့ဒီနောက်မှာတော့ လူသားတွေကို သိမ်းပိုက်ဖို့နဲ့နတ်ဆိုးတွေလောကကြီးကိုအုပ်စိုးဖို့ ဘာမဆိုလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့...စွမ်းအားရှင်တွေ ဘယ်လိုကာကွယ်ကြမလဲဆိုတာကိုတော့... Episodes: 12File Size:1.1GB, 500MBQuality :Web-DL AMZN 1080p,720PGenres: Sci-Fi & Fantasy, Action & Adventure, DramaTranslated by  Estel, Thynn ,Hae Areum  & MiriEncoded by  Phyo Pyae  >>>>TELE LINK ><>>>>  Episode 01  [720p]     »»»   UsersDrive  •   Yoteshin   •   MegaUp   •   StreamSB   •   Mega.NZ     •  StreamVID[1080p]  ...

Island(2022)

2022
First Love, Again (2022)
First Love, Again (2022) First Love, Again (2022)သင့်အတွက် "အချစ်ဦး" ဆိုတာ ဘယ်လိုအဓိပ္ပာယ်မျိုး၊ ဘယ်လိုဖြစ်တည်မှုမျိုးပါလဲ။ကိုယ့်ရဲ့ပထမဆုံးချစ်သူလား...ကိုယ့်နှလုံးသားထဲမှာ အမှတ်မိနေဆုံးသူလား... အများကြီးသဘောကျခဲ့ရပေမဲ့ ပိုင်ဆိုင်ခွင့်မရခဲ့တဲ့သူလား... အဖြူစင်ဆုံးနှလုံးသားနဲ့ ချစ်ခဲ့မိတဲ့သူလား။သေချာတာတစ်ခုကတော့ "မြေးဦးရတဲ့အထိ မမေ့နိုင်တဲ့ အချစ်ဦး" ဆိုတာ နှလုံးသားထဲမှာစွဲကျန်နေတဲ့ အမှတ်တရအပိုင်းအစလေးတစ်ခု ဖြစ်နေမှာပါ။အခုတင်ဆက်ပေးမယ့် "FIrst Love, Again" Dating Show လေးကတော့ အကြောင်းအမျိုးမျိုးနဲ့ဝေးကွာခဲ့ကြရတဲ့ ကိုယ့်ရဲ့အချစ်ဦးနဲ့ ပြန်လည်တွေ့ဆုံကြမယ့် အစီအစဉ်လေးဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချစ်ဦးနဲ့ဝေးခဲ့ကြရတဲ့ ပါဝင်သူ ၄ ယောက်ဟာ ဒုတိယတအကြိမ်ရရှိတဲ့ ဒီအခွင့်အရေးမှာ သူတို့ရဲ့အချစ်ဦးနဲ့ ပြန်လည်ပေါင်းစည်းနိုင်သွားကြမလား ဒါမှမဟုတ် အချစ်သစ်ကိုပဲ ရှာဖွေတွေ့ရှိသွားကြမှာလား ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ခံစားကြရမှာပါ။ပါဝင်သူတွေအကုန်လုံးကလည်း အချောလေးတွေချည်းပဲမို့ Dating Show ကြိုက်တဲ့ ပရိသတ်ကြီးအနေနဲ့ လက်လွှတ်မခံသင့်တဲ့ Show တစ်ခုပါပဲ။အညွှနးကိုတော့ Hmwe Thet Winn က ရေးထားပေးပြီတော့ ဘာသာပြနထားတာကတော့ CM Variety Team ပဲ ဖြစပါတယ်။Genre..... Reality, Daing Quality…. 1080p | 720p File ...

First Love, Again (2022)

2022
George & Tammy (2022) Complete 7.9
George & Tammy (2022) Complete George & Tammy (2022) Completed Limited Series ~ IMDb 7.5/10, Rotten Tomatoes - 85% ~ ပထမဆုံး ပြောချင်တာတော့ စီးရီးတစ်ခုလုံးကို ဘာသာပြန်လို့ပြီးတဲ့အချိန် ကျွန်တော့်အတွက်တန်ဖိုးထားစရာ သီချင်းကောင်းတွေနဲ့အတူ မြတ်နိုးချင်စရာ အနုပညာရှင်နှစ်ယောက် တိုးလာတယ်ဆိုတာပါပဲ... ကန်းထရီးဂီတနဲ့ အဆက်ပြတ်နေတာကတစ်ကြောင်း၊ ခေတ်ကွာတာကတစ်ကြောင်းကြောင့် George Jones နဲ့ Tammy Wynette ဆိုတဲ့ ကန်းထရီးစတားတွေကို ဒီကားမရေးရခင်ထိ မသိခဲ့ရိုးအမှန်ပါ... နှစ်ယောက်အတူဆို သိပ်ကိုအင်အားကောင်းတဲ့ လူနှစ်ယောက်ရဲ့အကြောင်းကို သိလိုက်ရတဲ့အတွက်လည်း ဒီစီးရီးက ကျွန်တော့်အတွက် သုတရော ရသပါ ပေးတဲ့ စီးရီးတစ်ခုလို့ ပြောလို့ရခဲ့ပါတယ်... ဒီစီးရီးမှာ ဂျော့ဂျ်နဲ့ တမ်မီတို့ရဲ့အနုပညာခရီး အချစ်ခရီးနှစ်ခုလုံးကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ ဂျော့ဂျ်နဲ့တမ်မီတို့ရဲ့ သမီးဖြစ်သူ ကိုယ်တိုင်ရေးထားတဲ့... '' The Three of Us: Growing Up with Tammy and ...
7.9
TMDb: 7.9/10 9 votes
tv

George & Tammy (2022) Complete

2022
Between the World and Us (2022) 5
Between the World and Us (2022) Between the World and Us (2022) (စ-ဆုံး)********************************ကမ္ဘာကျော် Erkenci Kuş (Early Bird) ဆိုတဲ့ တူရကီ ဇာတ်လမ်းတွဲလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။လှလွန်းလို့ မိန်းကလေးတွေတောင် ကြိုက်ရတဲ့ ဇာတ်ဆောင်မင်းသမီး Demet Ozdemir ရဲ့၂၀၂၂ မှာ ထွက်ခဲ့တဲ့ အပိုင်း ၈ ပိုင်းပါဝင်တဲ့ ရိုမန့်စ် ဇာတ်လမ်းလေး ဖြစ်တဲ့ "Between the World and Us"ဇာတ်လမ်းအကျဉ်းလေးကတော့နာမည်ကြီး မဂ္ဂဇင်းတိုက်တစ်ခုမှာ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်နေပြီး ယုံကြည်မှုသတ္တိနဲ့ အရာရာ ပြည့်စုံနေတဲ့ အမျိုးသမီးလေး "အီကင်"ဇာတ်လမ်းတွဲတစ်ခုတည်းနဲ့ အရမ်းနာမည်ကြီးနေတဲ့ ရုပ်ရှင်မင်းသား "တိုဂါ"သူတို့ ၂ ဦး အမှတ်မထင် ချစ်ကြိုက်မိပြီး ကာလ ရှည်ကြာလာတဲ့ relationship တစ်ခု ဖြစ်လာတဲ့အချိန်မှာတစ်ဖက်မှာလည်း အရမ်းထက်မြက်တဲ့ အမျိုးသမီးတစ်ဦး တစ်ဖက်မှာလည်း မင်းသားက ဇာတ်လမ်းတွဲတစ်ခုတည်းရိုက်နေလို့သရုပ်ဆောင် အရည်အချင်းကို ...
5
TMDb: 5/10 7 votes
tv

Between the World and Us (2022)

2022
The Warp Effect (2022)
The Warp Effect (2022) The Warp Effectt (2022) လူပျိုစစ်စစ် ဖြစ်ချင်တယ်အသက်၁၇နှစ်အရွယ် အဲလက်စ်ဆိုတဲ့ကောင်လေးဟာ ဖြူစင်ရိုးသားပြီး သူ့ကိုယ်သူယုံကြည်ချက်တွေပျောက်ဆုံးနေသူပါ သူ့ဝါသနာဆိုလို့ ဓာတ်ပုံရိုက်တာလေးတစ်ခုပဲရှိပါတယ်သူ့အိမ်တစ်အိမ်လုံးဟာ ယောကျာ်းလေးတွေပဲ ပြည့်နေပြီး မိန်းကလေးလုံးဝမရှိပါဘူး သူ့အမေကတော့ မတော်တဆမှုတစ်ခုကြောင့် ဆုံးပါးသွားခဲ့ရတာပါသူ့အမေ မဆုံးပါးခင် မှာခဲ့တဲ့ တစ်ခုတည်းသောစကားက အရွယ်မတိုင်ခင် လူပျိုရည်မပျက်ဖို့ပါ အဲ့ဒါက နည်းနည်းတော့ သည်းမခံနိုင်စရာပါပဲသူ့သူငယ်ချင်းဆီအျူနဲ့နင်မ်က လူပျိုဘဝကိုဆုံးရှုံးပြီးနေပြီး သူတစ်ယောက်ထဲ ရိုးသားတဲ့ယုန်သူငယ်လေးဖြစ်နေရှာတာပါ တစ်နေ့တော့ ဂျာဒီရဲ့ပါတီမှာ အဲလက်စ်ထိန်းသိမ်းထားတဲ့ လူပျိုဘဝလေးပျက်စီးမလိုဖြစ်ခဲ့ရရှာပါတော့တယ်။ဒါပေမဲ့ ပြသနာတွေအပြီး သူပြန်နိုးလာတော့ သူက အသက်၂၇နှစ်အရွယ် မီးယပ်အထူးကုပါရဂူကြီးဖြစ်နေပြီး Sex ကိစ္စ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လို့နေပါတော့တယ် အဲဒီညက ထူးဆန်းတဲ့ကိစ္စတွေကို ပြန်ရှာဖွေဖို့ သူ့ကင်မရာလေးကိုလိုက်ရှာရင်း......ကဲ ... ယုန်သူငယ် မောင်အဲလက်စ်တစ်ယောက် သူ့ရဲ့အသက်၁၇နှစ်အရွယ်ကိုပဲ ပြန်ရောက်အောင်လုပ်နိုင်မလား? ဘာအလွဲတွေများဖြစ်ဦးမလဲ? သူ ဘယ်လိုတွေဆက်လုပ်မလဲဆိုတာ ကြည့်လိုက်ရအောာင်နော်အညွှန်းကိုတော့ Kong Hou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii, Thada, Summer, Kong Hou တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size…1GB | 350MB Format… ...

The Warp Effect (2022)

2022
Red Balloon (2022)
Red Balloon (2022) Red Balloon (2022)စိတ်ဆန္ဒကိုယ်စီရှိကြပြီး မတူညီတဲ့အခြေအနေတစ်ခုစီက လူ ၄ ယောက်ရဲ့ ဘဝဇာတ်လမ်းဖြစ်ချင်တာတွေ မဖြစ်ခဲ့ရပေမဲ့ အခုချိန်မှာတော့ အေးဆေးတည်ငြိမ်နေတဲ့ ဂျိုအွန်းဂန်ဟာ သူလိုချင်တာကိုရဖို့အတွက်ဆို ဘာမဆိုလုပ်မယ့်သူမျိုးပါငယ်စဉ်က ကျောင်းအတူတူတက်ခဲ့ကြပြီး ဘဝအခြေအနေကွာခြားလွန်းတဲ့ ဟန်ဘာဒါနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီးတဲ့နောက်မှာတော့ ဂျိုအွန်းဂန်ရဲ့ဘဝဟာ ပြောင်းလဲသွားခဲ့ပါတယ်ဂျိုအွန်းဂန်နဲ့မတူဘဲ စီးပွားရေးကံကောင်းလှတဲ့ ဟန်ဘာဒါဟာ အိမ်ထောင်ရေးမှာလည်း ဂျိုအွန်းဂန်ထက် တစ်ပန်းသာသွားတဲ့အခါ…အပြင်ပန်းမှာ တည်ငြိမ်ပေမဲ့ ရင်ထဲမှာတော့ အပူမီးတေက်နေတဲ့ ဂျိုအွန်းဂန်တစ်ယောက် ဘာတွေလုပ်လာမလဲ၊ ဟန်ဘာဒါနဲ့သူ့ရဲ့ သူငယ်ချင်းဆက်ဆံရေးကရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာအပြင် အိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ ဘဝအကြောင်း မိသားစုအကြောင်းတွေကိုပါ အလောင်တစ်လိုင်းခံစားရမယ့် ဇာတ်ကားတစ်ကားဖြစ်လို့ အခုပဲ ကြည့်ရှုရင်း လောင်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe, Laii, Milkeux, Thantsin တို့ပဲ ဖြစ်ကြပါတယ်။စုစုပေါင်း အပိုင်း ၂၀ ရှိမှာ ဖြစ်ပြီးတော့ အပတ်စဉ် စနေ နဲ့ တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက်ပေးသွားမှာ ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size…1.2GB ...

Red Balloon (2022)

2022
The Skip Dating (2022)
The Skip Dating (2022) The Skip Dating (2022)ဒီတစ်ခေါက်ကတော့ The Skip Dating ဆိုတဲ့ အစီအစဥ်အသစ်လေးပဲ ဖြစ်ပါတယ် ။ အခုခေတ် အလုပ်များတဲ့ကမ္ဘာမှာ နေထိုင်ကြတဲ့ လူငယ်တွေက ချိန်းတွေ့ဖို့အတွက် အချိန်မပေးနိုင်ကြတာတွေ ရှိလာကြပါတယ် ။ ဒီတစ်ရက်တာ blind date ရှိုးမှာတော့ ရှည်လျားပြီး ငြီးငွေ့ဖွယ်အချိန်ကာလကို မြန်မြန် ကျော်ဖြတ်ပြီး အလိုရှိရာကိုပဲ တည့်တည့်သွားရောက်နိုင်မှာပါ ။အသည်းနှလုံးခလုတ်လား ဒါမှမဟုတ် ကျော်ရန် ခလုတ်ကို နှိပ်မှာလားဆိုတာ ပါဝင်သူတွေက စိတ်ကြိုက်ရွေးချယ်သွားမှာပါ ။နာမည်ကြီးတင်ဆက်သူဖြစ်တဲ့ Yoo Jae Suk က Host အနေနဲ့ ပါဝင်ထားတာကြောင့် မပျင်းရမှာလည်း သေချာပါတယ်။ထူးခြားဆန်းသစ်တဲ့ အစီအစဥ်ဖြစ်လို့ Dating ရှိုး ကို စိတ်ဝင်စားကြတဲ့ ပရီတ်သတ်ကြီးလည်း CM နဲ့ အတူတူ ကြည့်လိုက်ရအောင်နော် ။အညွှန်းကိုတော့ NanThin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ကပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p ...

The Skip Dating (2022)

2022
My School President (2022)
My School President (2022) My School President / ဥက္ကဋ္ဌလေး ကျွန်တော့်ချစ်သူ (2022) (အညွှန်း) =========================== တစ်ကားလုံးဆင်တဲ့ နောက်ထပ် ကျောင်းတွင်း BL series အသစ်လေးလာပါပြီ။ဂီတကိုရူးသွပ်ပြီး ကျောင်းတွင်းဂီတကလပ်မှာ သူငယ်ချင်းတွေနဲ့အတူတူတီးဝိုင်းထောင်ထားတဲ့ .. “ဂန်း”။ပုံမှန်ကျောင်းတွင်းတီးဝိုင်းတွေဆိုရင် ကိုလူချောတွေအပြည့်နဲ့ ကျောင်းသူလေးရဲ့သည်းသည်းလှုပ်ခြင်းကိုခံရတာထုံးစံဆိုပေမယ့် “ဂန်း” တို့ရဲ့တီးဝိုင်းအဖွဲ့ကတော့ ဗရုတ်သုတ်ခတွေလုပ်လွန်းလို့ ကျောင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အဖွဲ့ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့အဖွဲ့ပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ကျောင်းအုပ်အပြောင်းအလဲဖြစ်သွားပြီး အသစ်တက်လာတဲ့ကျောင်းအုပ်က ကျောင်းကိုသိက္ခာချမယ့်ကလပ်တွေကို ဖျက်သိမ်းမယ်ဆိုတဲ့ ကြေညာချက်နဲ့အတူ ကျောင်းတွင်းကလပ်တွေနဲ့ပတ်သက်တာမှန်သမျှ လုပ်ပိုင်ခွင့်ရှိတဲ့ “ကျောင်းရဲ့သမဂ္ဂဥက္ကဌ” အသစ်တစ်ယောက် ရွေးချယ်ဖို့ဖြစ်လာရာကနေ ဘက်စုံထူးချွန်တဲ့ “တင်” က သမဂ္ဂဥက္ကဌရာထူးကိုရသွားပါတော့တယ်။ “တင်” က ဂီတကလပ်ဖျက်သိမ်းရေး/ မဖျက်သိမ်းရေးအတွက် အဓိကတာဝန်ရှိသူဖြစ်လာပြီးတော့ ဆန့်ကျင်ဘက်နှစ်ဖက်မှာရှိနေတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်စမ်းရန်ပွဲလေးတွေက ဘယ်လိုတွေအူယားစရာကောင်းဦးမလဲဆိုတာကို သီချင်းကောင်းကောင်းလေးတွေနားဆင်ရင်း စောင်ကိုက်နိုင်အောင် တင်ဆက်ပေးလိုက်ကြောင်းပါနော်အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii နဲ့ Shin Shin ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 1GB | 500MB Format… ...

My School President (2022)

2022
My Eternal Star (2023)
My Eternal Star (2023) ဒီတစ်ခေါက်မှာတော့ CM ဖန်လေးတိုအတွက်ပေါ့ပေါ့ပါးပါးကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်လုစစ်ဟုန် ဆိုတဲ့ကောင်လေးဟာ IT ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်ပြီးတော့IT နယ်ပယ်ရဲ့ နတ်ဘုရားတစ်ဆူလို လူသိများပါတယ်ငယ်ငယ်က သူ့ရဲ့ကစားဖော်သူငယ်ချင်းလေးနဲ့ ခွဲလိုက်ရပြီးကတည်းကသူ့ကိုယ်သူ တစ်ယောက်တည်းပဲ အထီးကျန်စွာနေခဲ့တဲ့သူပေါ့ဖူးစာပါရင် တွေ့စမြဲဆိုသလိုပဲ အိမ်ခြံမြေပြဿနာဖြစ်လို သူ့အိမ်ကိုပြောင်းလာမဲ့လင်းရှောင်တိဆိုတဲ့ သတင်းကြေညာသူလေးနဲ့ တွေ့ခဲ့ရတယ် စတွေ့တွေ့ချင်းကြောင်နဲ့ကြွက်လို ရန်သတ်နေကြပေမဲ့ သူတိုနှစ်ယောက်အချိန်အကြာကြီးတူတူရှိပြီးတဲ့‌နောက်မှာတော့ လင်းရှောင်တိဟာသူ ၁၅ နှစ်တိုင်အောင် ရှာနေခဲ့တဲ့ ငယ်သူငယ်ချင်းလေးဆိုတာ သိသွားတဲ့အခါ...- လုစစ်ဟုန်ရှာနေတဲ့ ငယ်သူငယ်ချင်းလေးက လင်းရှောင်တိရော ဟုတ်ပါ့မလား- လင်းရှောင်တိကရော ဘဝကို ဘယ်လိုရုန်းကန်ခဲ့ရတာလဲ- မြင်ပါများတော့ စိတ်မှာချစ်ကျွမ်းဝင်ဆိုသလို ငယ်ဘဝသံယောဇဉ်တွေရှိခဲ့ကြတဲ့သူတိုနှစ်ယောက် ရန်သူတွေအဖြစ်ကနေ ခံစားချက်ကိုယ်စီ ရှိသွားကြမလား ဆိုတာကိုတော့CM မှာ စောင့်မျှော်ကြည့်ရှုကြရအောင်နော်[Reviewed by Claire K]Quality : WEB-DL 720p,1080pTotal Episodes : 22Format : mp4Genres : Romance, Life, FantasyDuration ...

My Eternal Star (2023)

2022
The Last Days of Ptolemy Grey (2023) 8
The Last Days of Ptolemy Grey (2023) The Last Days of Potlemy Grey (2023)ပဟေဠိဆန်ဆန် စိတ်ကူးယဥ်ဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေ အကြိုက်တွေ့ဦးမယ့် Samuel L.Jackson အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ series ကောင်းတစ်ခုပါ။ စီးရီးနာမည်က "တော်မီဂရေးရဲ့ နောက်ဆုံးနေ့ရက်များ" ပေါ့။တော်မီဆိုတာကတော့ အတိတ်မေ့ဝေဒနာကို ခံစားနေရတဲ့ ၉၁ နှစ်အရွယ် အဖိုးကြီးတစ်ယောက်ပါ။ ဒီလိုအဖိုးကြီးရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဘာတွေများထူးထူးခြားခြားဖြစ်နိုင်မှာမို့လို့လဲပေါ့။ တော်မီက မိသားစုမိတ်ဆွေတော်တော်များများကို မမှတ်မိနိုင်တော့ပါဘူး။ သူ့ကိုယ်သူတောင်သေချာမမှတ်မိဘဲ အတိတ်ရဲ့ပုံရိပ်တွေကလဲလာလာခြောက်လှန့်နေတာကိုခံနေရသူပါ။ သူနဲ့လောကကြီးကြားက တစ်ခုထဲသောအဆက်အသွယ်ကတော့ သူ့မြေးဖြစ်သူရက်ဂျီပါ။ တစ်နေ့မှာရက်ဂျီတစ်ယောက် အသတ်ခံလိုက်ရချိန်မှာတော့ တော်မီလဲကူကယ်ရာမဲ့ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ တော်မီ့အတွက် ရက်ဂျီ့နေရာကိုအစားဝင်သူလို့ခေါ်ရမယ့်မိန်းကလေးတစ်ယောက်နဲ့ သူ့ရဲ့အတိတ်မေ့ရောဂါအတွက် စမ်းသပ်နေဆဲဆေးအသစ်တစ်မျိုးကိုရလိုက်ချိန်မှာတော့ တော်မီက သူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ဆန်းပြားလွန်းတဲ့သူရဲ့သမိုင်းကိုရေးသွားပုံကိုကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းတစ်ခုလုံးက ဒီဆေးပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး အပြင်လောကမှာတော့တကယ်မရှိပါဘူး။ ဆေးရဲ့အလုပ်လုပ်ပုံကတော့ တော်မီ့အနေနဲ့ ရက်အနည်းငယ်ကြာ မှတ်ဥာဏ်ပြန်ကောင်းမှာဖြစ်ပေမယ့် ပြီးသွားရင်တော့သူ့ရောဂါက အရင်ထက်ဆိုးရွားပြီးအသက်အန္တရာယ်ပါရှိလာမှာပါ။ ဒီဆေးကတကယ်မရှိပေမယ့် ဒီစီးရီးထဲမှာတော့ အတိတ်မေ့ဝေဒနာခံစားနေရတဲ့ လူကြီးတွေရဲ့ဘဝ၊ သူတို့ရဲ့ရုန်းကန်ရမှုတွေ၊ ချစ်ခင်ရသူတွေနဲ့ရော ကိုယ်ကိုယ်တိုင်နဲ့ပါအဆက်အသွယ်ပြတ်မှုတွေကို ကောင်းကောင်းကြီးမီးမောင်းထိုးပြထားတာကြောင့် ပညာလဲရ စိတ်ဝင်စားစရာလဲကောင်းတဲ့ limited series ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p ...
8
TMDb: 8/10 25 votes
tv

The Last Days of Ptolemy Grey (2023)

2022
GAP The Series (2022) 8.4
GAP The Series (2022) ကွမ်ကမွန် အဖြစ် Becky Armstrong ဆမ် အဖြစ် Freen Sarocha Chankimhဇာတ်လမ်းအကျဥ်း“မွမ့်” ဆိုတဲ့ မိန်းမငယ်လေးက ကလေးဘဝကတည်းက “ဆမ်”ကို သဘောကျခဲ့ပြီး ကျောင်းပြီးချိန်မှာ ချစ်ရတဲ့သူနဲ့တွေ့ဖို့ “ဆမ်” ရှိရာ ကုမ္ပဏီကို အလုပ်ဝင်ခဲ့ပါတယ်“ဆမ်” ကတော့ မတွေ့ရတဲ့နှစ်တွေအတွင်းမှာ သွေးအေးရက်စက်တတ်တဲ့သူဌေးမတစ်ယောက်ဖြစ်နေခဲ့ပြီး မွမ့်သိခဲ့တဲ့ အစ်မဆမ်နဲ့မတူနေတော့ပါဘူးရင့်ကျက်တည်ငြိမ်တဲ့ မမဆမ်နဲ့ ကလေးဆန်ဖြူစင်တဲ့ မွမ့်တို့ကြား ခံစားချက်တွေ ဖြစ်ပေါ်လာချိန်မှာတော့…မွမ် ( အထက်တန်းမင်းမျိုးမင်းနွယ်) ဖြစ်တဲ့ ဆမ်တို့အနေနဲ့ လက်ထပ်ပြီး အိမ်ထောင်ရှင်မသာဖြစ်ရမယ်လို့ ထိန်းချုပ်လာတဲ့အခါ...သူတို့ဖြစ်တည်ပတ်သက်မှုကိုလက်မခံနိုင်တဲ့ အသိုင်းအဝိုင်း.. ဆမ့်ကိုစေ့စပ်ထားသူနဲ့လက်ထပ်ဖို့ဖိအားပေးနေတဲ့အဖွားနဲ့ ချစ်ရသူ မွမ့်​တို့ကြား ဆမ်တစ်ယောက်ရွေးချယ်စရာတွေဖြစ်လာတဲ့အခါ....သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးအဆုံးသတ်ဘာတွေဖြစ်လာမလဲဆိုတာ "GAP The Serie" ဇာတ်လမ်းတွဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Nue Nue ပါ )Native Title: ทฤษฎีสีชมพู Episodes: 12 Aired: Nov 19, 2022 - ...
8.4
TMDb: 8.4/10 5,442 votes
tv

GAP The Series (2022)

2022
Trolley (2022) 5
Trolley (2022) Trolley (2022) (အညွှန်း) =================The Policeman’s Lineage, My Name စတဲ့ အကြမ်းစားကားတွေနဲ့လန်းခဲ့တဲ့မင်းသားကြီး Park Hee Soon နဲ့ Watcher, Undercover, Hellbound တို့မှာ မိမိုက်ခဲ့တဲ့ မမလှလှ Kim Hyun Joo တို့ နှစ်ယောက်ကိုအတွဲညီညီတွေ့ရဦးမယ့် ပဟေဠိဆန်ဆန် နိုင်ငံရေးနဲ့မှုခင်းကားသစ်လေးပါ။ဒယ်ဟန်ပါတီအဖွဲ့ဝင် ရှင်းယန်းဂူကိုယ်စားပြု လွှတ်တော်အမတ် “နမ်ဂျွန်းဒို” က အသက်အရွယ်အားဖြင့် တခြားပါတီတွေကအမတ်ကြီးတွေထက် ပိုငယ်ရွယ်ပြီး ပြည်သူတွေရဲ့စကားသံကိုလည်း အလေးထားနားထောင်ပေးတတ်တဲ့သူမို့ အမတ်တစ်ယောက်အနေနဲ့ ဂုဏ်သတင်းကျော်စောသူတစ်ယောက်ပေါ့။ နိုင်ငံတော်အတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်သလို အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်တဲ့ “နမ်ဂျွန်းဒို” က ဇနီးနဲ့သားသမီးတွေအပေါ်လည်း နွေးထွေးပေးသူတစ်ယောက်ပါ။ တစ်ချိန်က ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ရာကနေ လက်ရှိမှာ စာအုပ်ပြုပြင်ထိမ်းသိန်းရေးဆိုင်လေးဖွင့်ထားတဲ့ ဇနီးဖြစ်သူ “ဂင်ဟယ်ဂျူး” ကလည်း တစ်ဖက်တစ်လမ်းကနေ အကူအညီလိုနေတဲ့ပြည်သူတွေကို အားပေးကူညီပေးတတ်တဲ့ စိတ်ထားကောင်းသူတစ်ယောက်ဆိုလည်းမမှားပါဘူး။ ဒီလိုလူမှုရေးလုပ်ငန်းတွေကိုလုပ်နေတဲ့သူတစ်ယောက်က ခင်ပွန်းဖြစ်သူရဲ့မဲဆွယ်ပွဲတွေ လူမှုရေးလုပ်ငန်းတွေကို လိုက်ကူညီပေးလေ့မရှိသလို သူ့ကိုယ်သူအမတ်ကတော်ဆိုတာကို သမီးဖြစ်သူရဲ့သူငယ်ချင်းမိဘတွေကိုတောင် အသိမပေးဘဲဖုံးကွယ်ထားသူပါ။ဒီလိုနဲ့တစ်နေ့မှာ အိမ်ကထွက်ပြေးသွားတဲ့သမီးဖြစ်သူကိုလိုက်ရှာရာကနေ သက်သက်အိမ်ခွဲနေတဲ့ အရွယ်ရောက်သားဖြစ်သူရဲ့အလောင်းကို မူးယစ်ဆေးတွေနဲ့အတူ မသင်္ကာဖွယ်အနေအထားနဲ့ရှာတွေ့လိုက်ရတဲ့အခါမှာ ..။ နိုင်ငံ့အရေးကိုဆောင်ရွက်နေတဲ့ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့သားဖြစ်သူက ဥပဒေနဲ့မကင်းတဲ့အလုပ်တွေနဲ့နွယ်နေတဲ့အခါ ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲ .. ...
5
TMDb: 5/10 1 votes
tv

Trolley (2022)

2022
The End of Love (2022) 7.6
The End of Love (2022) The End of Love (2022)ဝတ္ထုတစ်ပုဒ်ရဲ့အသွားအလာဟာ ဟင်းတစ်ခွက်ဆိုရင်တော့ ဟင်းအရသာနဲ့တူတဲ့ ဝတ္ထုရဲ့သဘောတရားကိုချုပ်ကိုင်ထားတာဟာ ဆားနဲ့တူတဲ့ စာရေးဆရာရဲ့ရှုထောင့်အမြင်ပါပဲ။ဒီတော့ အစွန်းရောက်Feministတစ်ယောက်ဖြစ်တဲ့ တမ်မီရေးတဲ့စာအုပ် နဲ့ သူ့ရဲ့ဟောပြောပွဲတွေအားလုံးမှာ အမျိုးသမီးဝါဒကြီးစိုးရေးက တော်တော်များများပါဝင်နေပါတယ်။ ယခုခေတ်စကားနဲ့ပြောရမယ်ဆိုရင်တော့ တမ်မီဟာ ထက်မြက်တဲ့မိန်းမတစ်ယောက်ပေါ့။တမ်မီဟာ ဖေ့ဘုတ်ပေါ်မှာ မကြာခဏရေးတင်နေကြဖြစ်တဲ့ ထက်မြက်တဲ့မိန်းမဆိုတဲ့စရိုက်လက္ခဏာတွေအကုန်ပြည့်စုံနေတယ်ဆိုပါတော့။ ယောက်ျားတွေဆို အထင်မကြီးတာတို့ ဖိုဝါဒီမုန်းတီးရေးတို့ ကိုယ့်အားကိုယ်ပဲကိုးရမယ်တို့အပြင်ကို နည်းနည်းလေးအစွန်းရောက်နေတဲ့ သူကတော့ လက်ထပ်ခြင်းတို့ အိမ်ထောင်ရေးတို့ကို အယုံအကြည်ရှိသူမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့အတွေးအမြင်တွေနဲ့ အင်မတန်ကိုဆန့်ကျင်နေတဲ့အချက်ကတော့ သူဟာ အမျိုးသမီးတွေကိုဖိနှိပ်ရာမှာ အလွန်နာမည်ကြီးတဲ့ ဂျူးလူမျိုးဖြစ်နေတာပါပဲ။ သူ လက်ခံထားတဲ့အရာတွေကြောင့် သူဟာ ဆွေမျိုးတွေကြားမှာ အရှုပ်ထုပ်ဖြစ်နေကိုတော့ ပြောစရာလိုမယ်မထင်ပါဘူး။ဒါပေမဲ့ ငယ်သူငယ်ချင်းဖြစ်သူဆာရီတာရဲ့ မင်္ဂလာဆောင်ဖိတ်စာနဲ့အတူ ဂျူးလူမျိုးတွေရဲ့ impurity lawဆိုတာနဲ့ပတ်သက်ပြီး စာရေးဖို့အကြံရသွားတဲ့အခါမှာတော့ သူ တစ်သက်လုံးမျက်ကွယ်ပြုလာခဲ့တဲ့ ဖိုဝါဒီကြီးစိုးတဲ့ ဂျူးလူမျိုး ဂျူးဘာသာရဲ့ အတွေးအမြင်တွေကို လေ့လာရဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆို အားလုံးအတူကြည့်ရှုရမှာဖြစ်ပါတယ်။(Ps. Impurity lawဆိုတာကတော့ အမျိုးသမီးတွေဓမ္မတာလာနေချိန်မှာ မသန့်စင်ဘူးလို့သတ်မှတ်တဲ့အတွက် ခင်ပွန်းဖြစ်သူနဲ့ထိတွေ့ခြင်းကိုရှောင်ရမယ်တို့ဘာတို့ကိုပြောတာပါ)စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒီစီးရီးလေးထဲမှာ အခုခေတ်မှာ လူတွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့ Feminism နောက်ကွယ်က လက်မည်းကြီးတွေရယ်၊ လူငယ်တွေကြားမှာဖြစ်နေတဲ့ sexual orientation ပျောက်ဆုံးနေတာတွေနဲ့အတူ love ...
7.6
TMDb: 7.6/10 31 votes
tv

The End of Love (2022)

2022
National Treasure: Edge of History (2022) Season 01 (Complete) 7.6
National Treasure: Edge of History (2022) Season 01 (Complete) National Treasure: Edge of History (2022) Season 01 Complete National Treasure နှစ်ကားဟာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက လူတိုင်းကြိုက်ခဲ့ကြတဲ့ ပြန်ကြည့်တိုင်းလည်း ကြည့်ကောင်းနေတဲ့ ဇာတ်ကားတွေလို့ ပြောရင် လွန်ရာကျမယ်မထင်ဘူး။ နစ်ကေ့ကြီးရဲ့ ရွှေခေတ်စာရင်းလည်း ဝင်တဲ့ကားတွေလို့ ပြောရမှာပဲ။ ရတနာရှာတဲ့ကားတွေ ရှေးဟောင်းသုတေသနကားတွေ ဖောချင်းသောချင်းရှိပေမဲ့ ဒီထဲကမှ အကောင်းဆုံး ၂ခုကိုရွေးပြဆို အင်ဒီယာနာဂျုံးစ်နဲ့ ဒီ National Treasure ကိုပဲ ရွေးကြရမှာမလား။ အင်ဒီနဲ့မတူတာကတော့ ဒီကောင်က ဖောက်ပြီးရင် သူလည်း အကျိုးအမြတ်နည်းနည်းတော့ရသေးသလို နိုင်ငံတော်ပိုင်လည်း အသိမ်းခံရသေးသပေါ့။ အင်ဒီယာနာလောက် အက်ရှင်မများပေမဲ့ သမိုင်းနဲ့ချိတ်ဆက်ပြီး ပဟေဠိဖော်တာတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် တရိပ်တရိပ်ပြတတ်တယ်။ ဒီလိုပြလို့လည်း ကိုယ်သိပြီးသားအချက်တွေနဲ့ သမိုင်းတွေနဲ့ နောက်ကွယ်က အချက်တွေကြောင့် စိတ်ဝင်တစားပိုဖြစ်ပြီး အားလုံးကို ဆွဲဆောင်ထားနိုင်တာပါပဲ။ National ဆိုတဲ့ နာမည်နဲ့လိုက်အောင်လည်း ကျွန်တော်တို့ရင်းနှီးတဲ့ ...
7.6
TMDb: 7.6/10 5 votes
tv

National Treasure: Edge of History (2022) Season 01 (Complete)

2022