The Lincoln Lawyer (2022)
သင်ဟာ အမှုအခင်းတွေ၊တရားစီရင်ရေးတွေကို စိတ်ဝင်စားလား၊ ပဟေဠိဆန်တဲ့
လူသတ်မှုတွေကို သဘောကျလား၊ လေလုံးခပ်ကြီးကြီး စကားခပ်ကြွယ်ကြွယ်နဲ့
ဆိုက်နဲ့ ဂိုက်နဲ့ ရှေ့နေဇာတ်ကောင်တွေကို အားကျတဲ့သူလား၊ ကားအကောင်းစား
တစ်စီးနဲ့ စတိုင်ကျလွန်းတဲ့ Gentတွေလိုဖြစ်ချင်သလား၊ ဒါတွေအားလုံး Neflix
က ဒီနေ့ထွက်ရှိလာတဲ့ Lincoln Lawyerဆိုတဲ့ Legal Drama seriesထဲမှာ အစုံ
မြင်တွေ့ရမှာပါ။ ကနဦးIMDb 8.6 ဆိုတဲ့ ratingက အာချာပင်မဟုတ်မှန်း အကုန်
သိကြမှာပါ။
မစ်ကီဟော်လာဆိုတာ တချိန်က တရားရေးရာမှာ အင်မတန်နာမည်ရခဲ့တဲ့ ရှေ့နေ
တစ်ယောက်ပေါ့၊ လင်ကွန်းကားတစ်စီးနဲ့ လော့စ်အန်ဂျလိစ်ရဲ့ တရားရုံးတိုင်းကို
ခြေချင်းလိမ်အောင် အမှုလိုက်ပေးခဲ့ရလို့ Lincoln Lawyerဆိုတဲ့ နာမည်၁လုံးနဲ့
ကျော်ကြားခဲ့သူပေါ့၊ ဒါပေမဲ့ အိမ်ထောင်ရေးပြဿနာတွေ၊ accident တစ်ခုက
ဒဏ်ကြောင့် အကိုက်အခဲပျောက်ဆေးတွေသောက်ရင်း ဆေးစွဲသွားတဲ့ ပြဿနာ
စသဖြင့် ပြဿနာပေါင်းစုံနဲ့အတူ နာမည်ကျသွားသူပေါ့။
ဒီလိုနဲ့တစ်နေ့မှာ သားရွှေအိုးထမ်းတယ်ပဲ ခေါ်ရမလား၊ ဒုက္ခရဲ့ရောင်းရင်းများလို့ပဲ
ဆိုရမလား မသိ၊ မစ်ကီကို တရားသူကြီးချုပ်က ဆင့်ခေါ်ခဲ့ပါတယ်၊ အကြောင်းက
မစ်ကီရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ၊ ကားပါကင်ထဲ သေနတ်နဲ့ လုပ်ကြံခံလိုက်ရသူ
ရှေ့နေ ဂျယ်ရီဗင်းဆင့်ဟာ သူမသေခင် ၁၀ရက်အလိုကတည်းက “သူသေခဲ့သော်
သူ့ရဲ့လက်ရှိအမှုအားလုံး မစ်ကီကိုလွှဲအပ်ပါတယ်”ဆိုပြီး တရားရုံးမှာ ကြိုတင်ပြီး
လျှောက်ထားခဲ့လို့ပါ။
ဒီလိုနဲ့ပဲ အမှုလက်မဲ့ဖြစ်နေတဲ့ မစ်ကီတစ်ယောက် သွားလေသူ လုပ်ဖော်ကိုင်ဖက်ရဲ့
ခိုးမှုအစ၊လူသတ်မှုအဆုံး အမှုပေါင်းစုံကို လင်ကွန်းကားတစ်စီးနဲ့ ရှေ့နေလိုက်ရပါ
တော့တယ်၊ ဒါပေမဲ့ ဂျယ်ရီဗင်းဆင့်ကိုသတ်ခဲ့တဲ့ လူသတ်သမားက သူ့အမှုတွေကို
လက်လွှဲယူခဲ့တဲ့ မစ်ကီကိုပါ လုပ်ကြံဖို့ကြိုးစားလာတဲ့အခါ….
အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ JimX, Richard Wai, Roman NoX, NanThin, Leonard Lin တို့ပဲ ဖြစ်ပါတယ်။
Genre…..Crime, Drama
Quality….WEB-DL 1080p
File size…700MB
Format…mp4
Duration….40min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. JimX, Richard Wai, Roman NoX, NanThin, Leonard Lin
Encoder ….. August
VIP Link – Click Here!
Episode 01 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 02 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 03 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 04 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 05 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 06 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 07 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 08 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 09 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 10 – Userdrive | Yoteshin | Megaup | Meganz | Streamsb