Invasion series(2021) ရုပ်ရှင် အညွှန်း
အခု Apple TV + မှာ ထွက်ရှိထားတဲ့ sci-fi /drama
seriesကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်
X-Men ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Simon Kinberg
ကိုယ်တိုင် ပါဝင်ဖန်တီးထားတာလည်းဖြစ်ပါတယ်
ခေါင်းစဥ်အတိုင်းပဲ ဂြိုလ်သားတွေ ကမ္ဘာကို ကျူးကျော်လာမယ့်
ပုံစံမျိုးဖြစ်ပေမယ့် တခြား မြင်တွေ့နေကျ ဂြိုလ်သား ကျူးကျော်တဲ့
movies တွေ seriesတွေနဲ့ လုံးဝ ကွဲထွက်နေမှာ ဖြစ်ပါတယ်
ပုံမှန်လိုမျိုး မိသားစု တစ်စု က ဂြိုလ်သားကျူးကျော်မှုကြောင့်ဖြစ်လာတဲ့
အပျက်အစီးတွေကြား လွတ်မြောက်အောင်ရှင်သန်ဖို့ ကြိုးစားရတဲ့ ပုံစံမျိုး မဟုတ်ပါဘူး
ဘယ်ကမှန်းမသိတဲ့ ဂြိုလ်သားတွေက ကမ္ဘာကိုရောက်လာပြီး လူတွေဖြစ်တည်မှုကို
ခြိမ်းခြောက်ဖို့ကြိုးစားတဲ့အဖြစ်အပျက် ကို နေရာဒေသမတူတဲ့ လူ ငါးယောက်က
ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ပြီး ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို မြင်တွေ့ရမှာပါ
အမေရိကန် ကျေးလက်ဒေသ၊ အာဖဂန်နစ်စတန်နိုင်ငံ ကနေ ဂျပန်မြို့ပြ အထိ
မတူညီတဲ့နေရာတွေမှာ ရိုက်ကူးထားပါတယ်
season 1အနေနဲ့ ဆယ်ပိုင်းထွက်ရှိမှာဖြစ်ပြီး
လောလောဆယ် ၃ပိုင်းအရင် ထွက်ရှိထားပါတယ်
File Size – @Episode
Quality –720p
Duration – 56 minute (@Episode)
Total Episodes: 10 Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama/ Fantasy / Sci-Fi
Translator – ThuRaHein & ThiHa Yan Naing
Encoder – YK
~Complete ~
Invasion Season 2(2023)
============
Sci-fi,Thriller ,
Apple TV ရဲ့ နာမည်ကြီး Invasion seaseon 2 ဆက်ထွက်လာပါပြီ
Season 1 တုန်းက ကမ္ဘာပေါ်က ဂြိုလ်သားတွေ ဝင်ရောက်ကျူးကျော်လာမှုနဲ့အတူ ကမ္ဘာသူ/သားတွေလဲ
အလူးအလဲ ခံခဲ့ရပါတယ်…ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတွေ အကုန်စုစည်းပြီး ကာကွယ်ရေးအဖွဲ့တစ်ခုထဲအဖြစ် တိုက်ခိုက်ကြပေမယ့် မအောင်မြင်သေးပါဘူး
ဒီစီစင် ၂ မှာတော့ ဂြိုလ်သားတွေဘာကြောင့် ကမ္ဘာမြေပေါ်ရောက်လာခဲ့တာလဲဆိုတာကို ဂျပန်က သိပ္ပံပညာရှင်ဖြစ်သူ မီဆူကီယာမာတိုသာလျှင် အဖြှေရှာနိုင်တာဖြစ်ပါတယ်
ယာမာတိုရဲ့ ဦးဆောင်မှုနဲံအတူ ဘာကြောင့်ဆိုတဲ့ အဖြေတွေကိုရှာဖွေရင်း ဂြိုလ်သားနဲ့ လူသားမျိုးစိတ်တိုက်ပွဲကြီးက ပိုမိုပြင်းထန်လာပါတယ်…
လူသားတွေမှာလည်း လုယက်သူတွေ နယ်မြေခွဲအဖွဲ့ခွဲတွေနဲ့ မင်းမဲ့စရိုက်ဖြစ်လာနေပြီး ပိုမိုရှုပ်ထွေးလာပါပြီ…
ကွဲပြားနေတဲ့လူသားတွေကိုစုစည်းပြီး ဘုံရန်သူကို ဘယ်လိုတိုက်ခိုက်သွားမလဲ စိတ်ဝင်တစားဆက်လက်စောင့်ကြည့်ရမှာဖြစ်ပြီး
CM ကနေ တစ်ပတ်တစ်ပိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်
(အညွှန်းနဲ့ဘာာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် )
Quality : 1080p WEB DL / 720p
Total Episodes : 10Eps
Format : mp4
Genres :Drama | Fantasy | Sci -Fi
Duration : 1h
Subtitle : Myanmar Subtitle ( Hardsub )
Translated by ThiHa Yan Naing~Mr Anderson
Encoded by YK
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။