Channel Myanmar

Ted Lasso (2021) Season 02 Complete

Ted Lasso

3 Seasons 34 Episodes
Returning Series

Ted Lasso (2021) Season 02 Complete

8.3
TMDb: 8.3/10 1114 votes

General information

Original nameTed Lasso

Backdrops

Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete
Ted Lasso (2021) Season 02 Complete

Synopsis of Ted Lasso (2021) Season 02 Complete

Ted Lasso (2021) Season 02

 

~ IMDb – 8.3/10, Rotten Tomatoes – 89% ~

 

တက်ဒ်လာဆို Season 2 ဟာ မဖြတ်သန်းချင်တဲ့ ဘူတာတစ်ခုကို ဖြတ်ကျော်ပြီး မြို့ကလေးဆီပြန်လာရတဲ့ခရီးနဲ့တူတယ်။ ကိုယ်မြင်ချင်ကြားချင်တာတွေအပြင် မြင်ဖို့လိုကြားဖို့လိုတာတွေကိုလည်း မလွှဲရှောင်သာ မြင်ကြကြားကြရတဲ့ အခိုက်အတန့်တွေပေါ့။ ဒီအတွဲမှာ ကျွန်တော်တို့ တက်ဒ်လာဆိုရဲ့ ကောင်းခြင်းတွေချည်း မြင်ရမှာတော့မဟုတ်ဘူး။ သူ့ကောင်းကွက်လို့ပြောလို့ရတဲ့ အကောင်းမြင်စိတ်နဲ့ အရာရာကိုပေါ့ပေါ့ပါးပါးပဲထားတတ်တဲ့ စိတ်ကနေ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း မြင်ရလိမ့်မယ်။ သူ့ရဲ့ မနာလိုမှုတွေ ဥပေက္ခာတွေကိုလည်း မြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း ကမ္ဘာမှာအပျော်ဆုံးသတ္တဝါဟာ ဆယ်စက္ကန့်စာမှတ်ဉာဏ်ပဲရှိတဲ့ ရွှေငါးပဲလို့ သူပြောခဲ့သလို တက်ဒ်ဟာ ဒါတွေအားလုံးကို ကျော်လွှားနိုင်ခဲ့တာကိုလည်း မြင်ရလိမ့်မယ်။ တက်ဒ်ချည်းမဟုတ်ပါဘူး။ ရွိုင်းကန့်တို့ နေသန်တို့ ရေဘက်ကာတို့ ကီလီတို့ ဂျေမီတာ့ထ်တို့ နည်းပြမုတ်ဆိတ်တို့ရဲ့ ကျွန်တော်တို့မသိတဲ့ ဘက်ခြမ်းတွေကိုလည်း မြင်ရလိမ့်မယ်။ မကောင်းဘူးထင်ခဲ့တဲ့သူတွေရဲ့ ကောင်းခြင်းတွေကိုရော သိပ်ကောင်းတယ်ထင်ခဲ့တဲ့လူတွေရဲ့ ပျော့ကွက်တွေကိုရော မြင်ရလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်ချင်တဲ့မြို့ကလေးဆီရောက်ဖို့ ဒီဘူတာတွေကလည်း အရေးပါတယ်။ မကြုံချင်တဲ့ ဒီဘူတာတွေကို ဖြတ်ခဲ့တဲ့ခရီးကပဲ ဒီမလွယ်ကူမှုတွေကပဲ ခရီးဆုံးကို ပိုလှပစေခဲ့တယ်။

 

လောကဟာ လူတွေရဲ့ မှားယွင်းမှုတွေ ခွင့်လွှတ်ခြင်းတွေနဲ့ တည်ထားတဲ့အရာလို့ ပြောရင်လည်း နတ်ဖြစ်အံ့မူးမူးသူတွေက ရယ်သွေးသွမ်းကြလိမ့်မယ်။ ကိစ္စတော့လည်းမရှိပါဘူး။ တစ်ခါတလေတော့ နိုင်ပွဲမရှိတဲ့ ရစ်ချ်မွန်းအသင်းကိုပဲ သည်းသည်းမည်းမည်း အားပေးနေတဲ့ ပရိသတ်တွေလို စိတ်ပျက်လက်ပျက်နဲ့တောင် ချစ်စိတ်နဲ့ ခွင့်လွှတ်ကြသူတွေရှိလိမ့်မယ်။ တစ်ခါတလေတော့လည်း တက်ဒ်လို နားလည်ခြင်းနဲ့ ခွင့်လွှတ်ပေးတဲ့ သူတွေရှိလိမ့်မယ်။ တက်ဒ်လာဆိုစီးရီးဟာ နတ်ဖြစ်အံ့မူးမူးလူတစ်ချို့နဲ့ ချစ်တတ်တဲ့လူတွေအကြောင်းပေါ့။ ဒါပေမဲ့ မြင်နေကြုံနေကျကမ္ဘာလိုပဲ ဘယ်ဘက်ကမှလည်း အမြဲမနိုင်ခဲ့သလို ဘယ်ဘက်ကမှလည်း အမြဲမရှုံးခဲ့ဘူး။ တစ်ဘက်က ဒီတစ်ကွေ့မှာ နိုင်ခဲ့ရင်တောင် နောက်တစ်ကွေ့မှာ ရှုံးဖို့ရဲ့ အစလို့တောင်ပြောလို့ရတယ်။ ဆိုတော့ ဒီစီးရီးမှာ အောင်မြင်ခြင်းတွေ ရှုံးနိမ့်ခြင်းတွေမရှိဘူး။ ဒါပေမဲ့လည်း ယုံကြည်ခြင်းတွေ ခွင့်လွှတ်ခြင်းတွေတော့ရှိနေလိမ့်မယ်။

 

ပြောရရင် ဒီထဲမှာ အကောင်းဆုံးမဟုတ်ပေမဲ့ တော်တော်လေးနွေးထွေးတဲ့ တစ်ပိုင်းပါတယ်။ ဘောလုံးအကြောင်း ဘာမှမပါသလောက်ဖြစ်နေတဲ့ ခရစ္စမတ်အပိုင်းပေါ့။ ဒီအပိုင်းဟာ တော်တော်လေး လက်တွေ့ကျသလို တစ်ချိန်တည်းမှာပဲ စိတ်ကူးယဉ်ဆန်မှုခေါ် ဆန်တာကလော့ကိုလည်း မပစ်ပယ်ထားဘူး။ တစ်ပိုင်းလုံး ဆန်တာကလော့ဆိုတာ ကျွန်တော်တို့အချစ်တွေပဲဆိုတဲ့ သဘောမျိုးပြသွားခဲ့ပေမဲ့ ကောင်းကင်မှာ ဆန်တာကလော့ကြီး စွတ်ဖားပျံကြီးစီးပြီး ပျံသွားတာကို ဟစ်ဂင်ရဲ့သားလေးမြင်သွားတာကိုလည်း ပြခဲ့တယ်။ ဒီအခန်းက ကျွန်တော့်အတွက်တော့ တော်တော်လေး ထိသွားတဲ့ ဇာတ်ဝင်ခန်းလို့ပြောရမယ်။ တက်ဒ်ရဲ့ဖန်တီးရှင်တွေဟာ ဒီလောက်လက်တွေ့ကျနေတဲ့ ဇာတ်လမ်းသွားထဲမှာတောင် ဆန်တာကလော့ကို မပစ်ပယ်ခဲ့ကြဘူး။ တက်ဒ်လာဆို တစ်တွဲလုံးဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ သိပ်လက်တွေ့ကျတယ်။ ရွိုင်းကန့်လေနဲ့ပြောရရင် သောက်တလွဲတွေချည်းဖြစ်နေတယ်။ တက်ဒ်လာဆိုရဲ့ဆောင်ပုဒ် ယုံကြည်ခြင်းဟာလည်း အမြဲအလုပ်မဖြစ်ခဲ့ဘူး။ ဒါပေမဲ့လည်း ဘယ်တစ်ယောက်ကမှ မပစ်ပယ်ခဲ့ကြဘူး။ ခရစ္စမတ်အပိုင်းရဲ့ အလှပဆုံးအရာ (မှော်ဆန်မှု) ဟာ ဆန်တာကလော့ကြီး ကောင်းကင်က ဖြတ်ပျံသွားတာဆို ဒီစီးရီးအစအဆုံးရဲ့ အလှပဆုံးအရာဟာ ရစ်ချ်မွန်းအသင်းရဲ့ နည်းပြအခန်းဝမှာ ကပ်ထားတဲ့ BELIEVE ဆိုတဲ့ စက္ကူအဝါလေးပါပဲ။ အဲဒီ BELIEVE ဟာ Ted Lasso ဇာတ်လမ်းတွဲတစ်ခုလုံးမှာ ဖြတ်ပျံနေခဲ့ပါတယ်။

 

(ဒီစီဆင်အတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်)

Size ~ 500MB+
Total – 12 Episodes
Quality – 1080p
Duration ~ 35min+ (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Comedy, Drama, Sport
Source : ATVP.Web-dl.1080p
Translator – WiRa Aung
Encoder – Y

 


 

Season Complete Zip (Yoteshin)

Ep 01 to 06 / Ep 07 to 12

 


 

Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 2 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 3 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 4 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 5 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 6 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 7 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 8 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 9 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 10 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 11 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 12 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 


 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2023-05-31
TypeScripted
Popularity199.275
TV StatusReturning Series

Seasons and episodes

No data available


Videos

Comments