Two Weeks(2013) ဇာတ်လမ်းတွဲအညွှန်း
*********************************
အပိုင်း (၁ မှ ၁၆) ထိ စ/ဆုံး
ဂျန်ထယ်ဆန်းဆိုတဲ့ လူဟာ အပေါင်ဆိုင်က မန်နေဂျာ..ငွေရဖို့ဆို ဘာမဆိုလုပ်မဲ့လူ…
ယုတ်စွအဆုံး ဖာဂေါင်းပါလုပ်တယ်…ရုပ်ရည်က ဖြူစုတ်စုတ်… စုတ်ချွန်းချွန်းနဲ့…
မျက်လုံးက ပေမှေးမှေးနဲ့ ..အဝတ်ကောင်းအစားကောင်းလေးဝတ်ပြီး ကလပ်က မမကြီးတွေလည်း
ပိုက်ဆံရဖို့အတွက် ဖျော်ဖြေရေးတွေလည်းပေးသေးတယ်..
ထောင်ထဲကလည်း (၂)ခါတောင်ရောက်ခဲ့ပါသေးတယ်…
ဒီလိုနဲ့ သူဟာ သူ့အပေါင်ဆိုင်ကို ခဏ ခဏလာတဲ့ကောင်မလေးအိမ်ကို
သွားမိတယ်…အဲ့ဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က ခေါင်းကိုနောက်က ရိုက်ချလိုက်လို့ သတိမေ့သွားတယ်…
သတိရလာတော့ ကောင်မလေးဟာ ဓားအချက်ပေါင်းများစွာနဲ့သေနေသလို သူ့ကိုယ်မှာလည်းသွေးပေနေတယ်..
ဒါ့အပြင် ဓားကိုလည်းကိုင်ထားမိချိန် ဂျန်ထယ်ဆန်းတစ်ယောက်ဆီကို ရဲတွေ အများကြီးရောက်လာပါတော့တယ်…
လက်ဗွေတွေအကုန်လုံးက သက်သေအဖြစ်သူ့ကိုဉီးတည်နေလို့ ထောင်ထဲကိုမဖြစ်မနေသွားရဖို့
အကြောင်းဖန်လာတယ်..အဲ့ဒီအချိန် ဂျန်ထယ်ဆန်းဆီကို ထောင်ထဲလုံးဝ ဝင်သွားလို့မရတဲ့အကြောင်းတစ်ခုဖြစ်လာတယ်..
ဒါ့ကြောင့်သူဟာ ထွက်ပြေးပြီ: ဒီအဖြစ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်..
အဲ့ဒီနောက် ကိုးရီးယားရဲ့ ထိပ်သီးလူကြီးတစ်ယောက်ပါဝင်နေသလို အာဏာရှိလွန်းတဲ့ သူဌေးကြီးတစ်ယောက်ပါ
သူ့ကို သတ်ဖို့ကြိုးစားတဲ့အခါမှာတော့…
သူ့မှာလည်း သေရေးရှင်ရေးတစ်မျှ ၂ပတ်ပြည့်ရင် လုပ်ရမဲ့ကိစ္စကြီးတစ်ခုရှိလာတဲ့အခါ..
ဒီစီးရီးလည်းတော်တော်မိုက်ပါတယ်.. ၁၆ပိုင်းလုံးမပျင်းရသလို ချောင်ပိတ်ရိုက်ခံရတဲ့လူတစ်ယောက်
ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားတဲ့အခန်းတွေက တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲ…
မင်းသမီးလေးလည်းလှတာမို့ ခံစားကြည့်ကြပါဦးလို့….
Episodes: 16
Duration: 65 Min
Quality :Web-DL 1080p,720p
Genres: Action, Adventure , Drama
Translated by Chothet_mlmt ,Nan D Lin, Lwin Lwin Aung & EiPhyu Khin
Encoded by Phyo Pyae
********************THE END ***************************
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။