Warm and Cozy(2015)ဇာတ်လမ်းတွဲအညွှန်း
*************************************
အပိုင်း(၁ မှ ၁၆ ထိ) စ/ဆုံး
Warm & Cozy ဆိုတဲ့စီးရီးဟာ ကြည်လင်အေးမြတဲ့ အလှတရားတွေပေါင်းထည့်ထားတဲ့ဇာတ်လမ်းတွဲလေးလို့ဆိုချင်တယ်..
လောင်ရတဲ့စီးရီးတွေကျွန်တော်တို့ သဘောကျတယ်..လက်ရှိလောကမှာလည်း ဒီလိုမျိုးတွေကြုံဆုံနေကြရတာပဲမလား…
…ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ ညှို့အားပျင်းတဲ့ နှင်းဆီရနံကို ရှုရှိုက်ချင်သလို လတ်ဆတ်တဲ့လေပြေလေညှင်းလေးကိုလည်း
မျက်လုံးမှိတ်ရင်း ခပ်ပြုံးပြုံးလေး ခံစားချင်တတ်ကြတာ သဘာဝပဲမဟုတ်လား…
Warm & Cozy ထဲမှာ တော့ Dr. Romantic , Hospital Playlist တွေနဲ့ မြန်မာပရိတ်သတ်အကြားလူသိများတဲ့
ခပ်ဖြောင့် ဖြောင့်ကောင်လေး Yoo Yeon Seok နဲ့ Doctor Stranger ထဲမှာ မင်းသားနဲ့ ညားပါစေလို့
ဆုတောင်းခဲ့သလောက် မပြည့်ခဲ့ရတဲ့ ဂျစ်ကန်ကန်ကောင်မလေး Kang So Ra
တို့ပါဝင်ထားပါတယ်…
ပြီးတော့ Second Leadတွေကလည်း အကုန်ခပ်ဖြောင့်ဖြောင့်တွေချည်းပါပဲ…
အလန်းဆုံးကတော့ ဂျယ်ဂျူကျွန်းရဲ့အလှအပတွေကို ခံစားရတာပါပဲ..
ပန်းခင်းမျိုးစုံနဲ့ ပင်လယ်ပြင်အလှနဲ့ ကိုယ်တိုင်ရောက်သွားသလိုကိုခံစားရတာပါ…
အညွှန်းတော့ ထွေထွေထူးထူးမရေးတော့ပါဘူး….အပိုင်း(၁၆)ပိုင်းရှိပြီး တစ်ရက်ကို တစ်ပိုင်းနှုန်းနဲ့ ခံစားလိုက်ကြရအောင်ဗျား…
မှတ်ချက် တစ်ပိုင်းနည်းတယ်ဟု မမန့်ရ…
Quality – WEB-DL 720p
Duration – 60Min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genres- Comedy,Romance
Translated by Lwin Lwin Aung,Shoon Thu Thu Chain,Ei Phyu Khin ,Khine Khine Wai & Hnin Pale
Encoder – Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။