Channel Myanmar
2010
Tangled 2010 7.7
Tangled 2010 ဟိုးရှေးရှေးတုန်းက နေ‌ရောင်ခြည်လေးတစ်စက်ဟာ ကောင်းကင်ပေါ်ကနေ လူ့ပြည်ကိုကျလာခဲ့ဖူးသတဲ့ အဲ့ဒီနေစက်လေးကနေ မှော်ဝင်ရွှေရောင်ပန်းလေးတစ်ပွင့်ဖူးပွင့်ခဲ့ပြီ သူ့မှာ ဖျားနာ ဒဏ်ရာ နာကျင်မူတွေကိုကုသပေးနိုင်စွမ်းရှိလေသတဲ့ .... ပြူတင်းပေါက်လေးနေ ဟိုးအဝေးကိုလှမ်းမျှော်ကြည့်ခဲ့ရတဲ့နေ့ရက်တွေ... ဘယ်ဆီကိုမှန်မသိ မှန်းမျှော်ခဲ့ရတဲ့အချိန်တွေ.. အခုတော့ ရည်ရွယ်ရာဆီရောက်ခဲ့ပြီ.. မြူမှုန်တွေ ပင့်တင်လိုက်သလို.. အလင်းရောင်ကိုငါတွေ့ခဲ့ရပြီလေ... ကောင်မလေးက- အမ်မက်တစ်ခုကို လိုလားတောင့်တခဲ့ပြီး အဲ့ဒီတစ်ခုအတွက်ကြိုးစားလျှောက်လှမ်းရင်း တစ်နေ့အဲ့ဒီပန်းတိုင်ကိုရောက်တဲ့အခါမှာကော ပျော်ရွှင်ရပါ့မလား မျှော်မှန်းထားသလိုကော ဖြစ်လာပါ့မလား ဖြစ်လာခဲ့ရင်ကော အဲ့ဒါပြီးရင် ဘာဆက်လုပ်ရမှာလဲ လို့မေးတဲ့အခါ ကောင်လေးက- အဲ့ဒီအတွက် ကောင်းကွက်ကတော့ မင်းနောက်အိမ်မက်တစ်ခုကိုမက်လို့ရပြီပေါ့... ငါ့ရဲ့အိမ်မက်အသစ်ကတော့ မင်းပါပဲ... အိုကေ Tangled ဆိုတာ 2010 တည်းကထွက်ခဲ့တဲ့ Animation Movie တစ်ခုပါ။ ဆံပင်ရှည်ကောင်မလေး နဲ့သူခိုးလေးတစ်ယောက်တို့ရဲ့ ဇတ်လမ်းလေးပေါ့ ဇတ်ကွက် အလှည့်အပြောင်းလေးတွေကတော့အားလုံး အလွတ်တောင်ရနေလောက်ပါပြီ။ ဒီဇတ်ကားလေးကို ဖန်များအကြည်ပြန်သိမ်းနိုင်ဖို့နဲ့ နောက်တစ်ကြိမ်ဟိုးတစ်ချိန်က ဆံပင်ရှည်နဲ့ကောင်မ‌လေးဇတ်ကားကို ပြန်ခံစားနိုင်ဖို့ ချန်နယ်မြန်မာကနေ တစ်ဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇတ်ကားက Musical Animation တစ်ခုဖြစ်တာကြောင့် ဇတ်ကားထဲကသီချင်းများကိုလဲ အတတ်နိုင်ဆုံး မူရင်းအရသာမပျက်အောင် ဘာသာပြန်ထားပေးပါတယ်ခင်ဗျ။ "I See the Light" သီချင်းနဲ့ 54th Grammy Awards နဲ့ Best Song Awards ဆုတို့ရရှိခဲ့ပါတယ်။ Nominated များစွာဝင်ခဲ့ပြီး ဇတ်လမ်းတို Tangled Ever After ကို 2012 မှာထပ်ထွက်ခဲ့ပါသေးတယ်။ တကယ်တော့ ...
movie
Tangled 2010
2010
Cats & Dogs: The Revenge of Kitty Galore (2010) 5.6
Cats & Dogs: The Revenge of Kitty Galore (2010) Cats & Dogs: The Revenge of Kitty Galore (2010)==================================IMDb Rating - 5.3/10#Unicode“My name is Bond..James Bond” လို့ကြားလိုက်တာနဲ့ ဆန်းသစ်တဲ့နည်းပညာတွေကိုသုံးပြီးလူဆိုးတွေကို စုံစမ်းဖော်ထုတ်တဲ့ အထူးအေးဂျင့်ကြီးကိုပြေးမြင်ကြပါလိမ့်မယ်။ ဒီကားလေးကတော့James Bondလိုမျိုး နည်းပညာကို သုံးပြီး လူဆိုးကိုရှာဖွေဖော်ထုတ်တဲ့ ထောက်လှမ်းရေးကားလေးတစ်ကားပါပဲ။ အဲ James Bond နဲ့မတူတာက ဒီကားလေးထဲက အထူးအေးဂျင့်လေးတွေက ခွေးလေးကြောင်လေးတွေဖြစ်နေတာပါ။ ခွေးတွေကိုအပြတ်ရှင်းပြီး လူသားတွေကိုအုပ်ချုပ်ချင်နေတဲ့ ကြောင်ဆိုးမလေး ကစ်တီဂလိုရီကို ခွေးအေးဂျင့်တွေဖြစ်တဲ့ ဒစ်ဂ် ၊ ဘတ်ချ်၊ ကြောင်အေးဂျင့်မလေး ကတ်သရင်းတို့နဲ့ရူးကြောင်ကြောင်ခိုလေး ရှိန်းမက်စ်တို့ အတူပူးပေါင်းဖော်ထုတ်တားဆီးကြတဲ့ အိမ်မွေးတိရိစာ္ဆန်လေးတွေရဲ့စွန့်စားခန်းဇာတ်ကားလေးတစ်ကားပါ။ နောက်ပြီးတော့ ၂၀၁၀ ကထွက်ခဲ့တဲ့ ကားလေးဆိုတော့ ၂၀၁၀တုန်းကအကြောင်းလေးတွေကိုပြန်တွေးရင်း အေးအေးဆေးဆေးကြည့်လို့ကောင်းတာပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) #Zawgyi“My name is Bond..James Bond” ...
movie
Cats & Dogs: The Revenge of Kitty Galore (2010)
2010
Salt (2010) 6.4
Salt (2010) Salt (2010)=========IMDb Rating - 6.4/10#Unicode2010 မှာ ထွက်ခဲ့တဲ့ Action, Mystery, Thriller ကားလေးပဲဖြစ်ပါတယ်။ မင်းသမီးကတော့ ပရိတ်သတ်အချစ်တော် အချောစား အလန်းစား Angelina Jolie ဖြစ်ပြီး IMDB 6.4/10 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အယ်ဗလင်းဆော့တ်က အမေရိကန် စီအိုင်အေ အေးဂျင့်တစ်ယောက်ဖြစ်ပြီးသူမရဲ့ အရည်အချင်းကို အသိုင်းအဝိုင်းက အသိအမှတ်ပြုထားတဲ့သူတစ်ယောက်ပါ။ သူမ မြောက်ကိုရီးယားမှာ အဖမ်းခံရတုန်းက လာကယ်ဖို့ကြိုးစားခဲ့တဲ့ ဂျာမန်လူမျိုး ပင့်ကူမုဆိုး မိုက်ခ်နဲ့ချစ်ကျွမ်းဝင်ပြီး လက်ထပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ဆီကို ရရှားတစ်ယောက်ရောက်လာပြီး ဆော့တ်ဟာ ရရှားသူလျှိုတစ်ယောက်ဖြစ်ကြောင်း ပြောသွားတဲ့အခါမှာတော့ဆော့တ်တစ်ယောက် ထွက်ပြေးရတော့ပါတယ်။ မိုက်ခ်လည်း ပျောက်နေပါပြီ။သူ တကယ်ရရှားသူလျှိုဟုတ်မဟုတ် မိုက်ခ်နဲ့ပြန်ဆုံမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါဦး။၂၀၁၀ မှာထွက်ရှိထားပြီ။ မတင်ရသေးတဲ့ ဇာတ်လမ်းကောင်းလေးမို့ ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu  ပဲဖြစ်ပါတယ်။)#Zawgyi2010 မွာ ထြက္ခဲ့တဲ့ Action, ...
movie
Salt (2010)
2010
Marriage with a Liar (2010) 7.3
Marriage with a Liar (2010) "တနေ့မှာခင်များနဲ့လက်ထပ်မယ့်လူတယောက်ဟာခင်များအပေါ် ဖုံးကွယ်ထားတာတခုခုရှိတယ်လို့ခင်များသိခဲ့ရင်ဘယ်လိုလုပ်မလဲ အထူးသဖြင့်အိမ်ထောင်ဘက်အပေါ်ဖောက်ပြန်တာမျိုးပေါ့ ခင်များစိတ်ဆိုးတာပဲဖြစ်ဖြစ်စိတ်ကုန်တာပဲဖြစ်ဖြစ်စိတ်အခြေအနေပြောင်းသွားမယ်ထင်ပါတယ် ဒါပေမယ့်သူ့ဘက်ကအဲ့လိုဖြစ်ခဲ့တာကိုမပြောဘဲဖုံးကွယ်ပဲလက်ထပ်ခဲ့ရင်ရော" .... အဓိကကတော့လက်ထပ်တယ်ဆိုတာ စိတ်ချမ်းသာဖို့ပဲမလား ဒီနေရာမှာသူငယ်ချင်းအပေါင်းအသင်းတွေရဲ့ အခန်းကဏ္ဍဟာတော်တော်အရေးပါတယ်ဆိုတာ သတိပြုမိပါတယ် နှစ်ဖက်အပေါင်းအသင်းတွေ ဆေးဝိုင်းထိုးလိုက်လို့ပြတ်သွားတဲ့အတွဲတွေရှိသလို နှစ်ဖက်အပေါင်းအသင်းကောင်းမှုနဲ့ညားကြလေသတည်း တွေလည်းရှိတာကိုး တခါတလေဆေးထိုးတာမဟုတ်ပဲ သာငယ်ချင်းအတွက်စိတ်ပူလို့ဆိုပြီး ပြောတဲ့စကားတိုင်းကိုလည်းမယုံဖို့လိုပါတယ် ချစ်တယ်ဆိုရင်ယူသာယူကြပါလို့ :•) အညွှန်းတော့မဟုတ်ပါဘူး ဒီဇာတ်ကားကိုဘာသာပြန်ရင်းတွေးမိတာလေးပါ ဇာတ်ကားထဲကမောင်နဲ့မယ်ကတော့ လက်မထပ်ခင်သုံးရက်အလိုကိုပြဿနာတွေတက်ကြ နောက်တယောက်စီနဲ့အိပ်ကြတာပါ (18တော့နည်းနည်းပေါင်းထားပါတယ်) သူတို့ပြန်အဆင်ပြေပြီးတကယ်လက်ထပ်ဖြစ်ပါ့မလား သိချင်ရင်တော့ကြည့်လိုက်ပါ    File Size -  914 mb Quality - Bluray 1080p Subtitle -  Burmese Translator - Nay Chii Encoder - Thit San Khant
movie
Marriage with a Liar (2010)
2010
Death Bell 2: Bloody Camp (2010) 5.0
movie
2010
Iron Man 2 (2010) MCU 7.0
Iron Man 2 (2010) MCU Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, ...
movie
Iron Man 2 (2010) MCU
2010
Van Gogh: Painted with Words (2010) 8.1
movie
2010
The Next Three Days(2010) 7.4
The Next Three Days(2010) IMDb...7.4 ၂၀၁၀ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီကားဟာ အတော်များများကြည့်ဖူးပြီးသားဖြစ်မှာပါ...ကျွန်တော်တို့ဟာ  ဇာတ်လမ်းရဲ့ကောင်းမွန်မှု သရုပ်ဆောင်တွေရဲ့ပြောက်မြောက်တဲ့အမူအရာတွေကို  ချီးမွန်းအကဲဖြတ်မှုအားနည်းခဲ့တဲ့အချိန်ကတောင် သိပ်ကိုကောင်းလွန်းတယ်လို့ တခြားသူတွေကိုညွှန်းဆိုခဲ့ဖူးပါတယ်...လင်မယား ၂ယောက် ..အမျိုးသားက ကျောင်းဆရာ ..အမျိုးသမီးက ရုံးဝန်ထမ်း..သားကလေးတစ်ယောက်နဲ့ပေါ့ ..ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့မိသားစုလေးတစ်စုပေါ့...သို့ပေမယ့် တစ်နေတော့ သူတို့မိသားစုအတွက်ကံဆိုးမှုတစ်ခုကြီးရောက်လာခဲ့တယ်..အမျိုးသမီးကို လူသတ်မှုတစ်ခုနဲ့ ရဲတွေဖမ်းခေါ်သွားတာပါပဲ..ယောကျ်ားဖြစ်သူဟာ မိန်းမကိုကယ်ဖို့ရှေ့နေတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အမှုရဲ့သက်သေများအရ  သူ့မိန်းမဆီကိုပဲ ဦးတည်နေပါတယ်..သူ့မိန်းမကလည်းမသတ်ဘူးလို့ပြောခဲ့သလို သူကိုယ်တိုင်လည်း ယုံကြည်ခဲ့ပေမယ့် ဒီယုံကြည်မှု အမှန်တရားတွေဟာ ဘာမှ အသုံးမဝင်တော့ပါဘူး....ဒီတော့ သာမန်ကျောင်းဆရာတစ်ယောက်အတွက် အတွေးတွေဟာ ရူးမတတ်ပဲ..လူသတ်မှုဟာ နှစ်ရှည်လများထောင်ကျနိုင်တော့ ပြိုကွဲေတော့မယ့် မိသားစုအတွက်သူဟာ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်..သူ့မိန်းမကို ဒီအမှုတောထဲက ဆွဲထုတ်ပြီး တစ်ဘက်နိုင်ငံကို ထွက်ပြေးဖို့ပါပဲ...ကျွန်တော်တို့အားလုံး ချီးမွမ်းတဲ့ ဒီကားမှာ .Russell Crowe  ဟာ အဓိကနေရာမှာ ပါခဲ့ပါတယ်..သူတစ်ယောက်ထဲ တစ်ကားလုံးကိုထိန်းကျောင်းသွားတယ်..သာမန်ကျောင်းဆရာလေးတစ်ယောက်ဟာ တော်ရုံလူမစဉ်းစား မလုပ်နိုင်တဲ့အရာမျိုးတွေကို တုန်တုန်ယင်ယင်နဲ့လုပ်သွားတာ...ခင်ဗျားတို့ဟာ ဒီကားကိုကြည့်နေရင်း Russell Crowe နဲ့အတူ လွင့်မြောပါသွားလိမ့်မယ်...ဇာတ်ကားရဲ့ဆွဲဆောင်မှုဟာ ၅မိနစ်လောက်ကထဲကဆွဲခေါ်သွားတယ်..ပြသချိန် ၂နာရီ ၁၃မိနစ်မှာခင်ဗျားဟာ ကျောက်ရုပ်တစ်ရုပ်ထိုင်နေသလို ငြိမ်သက်စွာထိုင်နေရင်း ရင်တထိတ်ထိတ်နဲ့ အတွေးတွေမျှော်လင့်ချက်တွေနဲ့ ပျော်ဝင်သွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံရတယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော ...
movie
The Next Three Days(2010)
2010
The Social Network (2010) 7.7
The Social Network (2010) ဒီရုပ်ရှင်ကား ဟာ Facebook တည်ထောင်သူ မာတ်ဇူကာဘတ် ရဲ့ ကျောင်းသားဘ၀ နှင့် Facebook ကို တည်ထောင်တဲ့ ကာလ တစ်လျှောက်က အကြောင်းများကို ဇတ်လမ်းရိုက်ကူးထားသည့် ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်.... ရုပ်ရှင်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလဲ ဒိတ်ဒိတ်ကျဲတွေပါပဲ Now You See Me ထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Jesse Eisenberg နဲ့ Spider-Man မင်းသား Andrew Garfield တို့ဖြစ်ပြီး နာမည်ကြီးအဆိုတော် Justin Timberlake တောင် ပါဝင်ပါသေးတယ် ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားသလို ဇတ်လမ်းကလဲ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်.... မတ်ဇူကာဘတ် ဟာ ဖေ့ဘုတ် ကို သူငယ်ချင်းဖြစ်သူ နဲ့ အတူ တည်ထောင်ရင်း ဖေ့ဘုတ်ရဲ့ အရှိန်အဝါ ကြီးမားလာပုံ ကို ရိုက်ပြထားပါတယ်...File Size - 863.1 MB Quality - 720P BluRay Subtitle - Myanmar (Hardsub) Translator - Nay Yell ...
movie
The Social Network (2010)
2010
The Book of Eli(2010) 6.9
The Book of Eli(2010) The Book of Eli(2010) တစ်ချို့သူတွေအတော်များများ ဇာတ်ကားတစ်ကားကြည့်ဖို့ စုံစမ်းမေးမြန်းကြစဉ်မှာဇာတ်လမ်းအမျိုးအစားဆိုတာထက်  မင်းသားက ဘယ်သူတုန်းဆိုတာကို ပိုမိုစိတ်ဝင်စားကြသည်..မိမိသဘောကျသည့် မင်းသားဆိုလျှင်ဘာကားအမျိုးအစားဖြစ်ဖြစ်ကြည့်ကြလေသည်...ထိုမင်းသားပါဝင်သည့်ကားတိုင်းက ကောင်းမွန်နေတတ်သလို သူ့ရဲ သရုပ်ဆောင်မှုဟန်ပန်ကလည်းကျရာဇာတ်ရုပ်မှာ ခမ်းနားကြီးကျယ်အောင်သရုပ်ဆောင်နိုင်စွမ်းရှိလေသည်...ပြောရလျှင် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှုကို အမြဲရယူနိုင်သော မင်းသားမျိုးဆိုလျှင်ပိုမှန်ပေမည်..ထိုသို့သောမင်းသားကြီးများစာရင်းတွင်  Denzel Washington ကြီး က ထိပ်ဆုံးတွင်ရှိမည်ထင်ပါသည်..ထို့ကြောင့် သူ့ပရိတ်သတ်များအတွက် ကားဟောင်းဖြစ်သော်ငြား  ကားကောင်းအဖြစ်တည်ရှိနေဆဲဖြစ်သည့်The Book of Eli ကို တင်ဆက်ပါလိုက်ပါသည်...စစ်ပွဲများကြောင့် ကမ္ဘာမြေ ပျက်သုဉ်းပြီး နှစ်ပေါင်း ၃၀ ကျော် အကြာတွင် တစ်ကိုယ်တော် သူရဲကောင်း အီလိုင် ဟာတောတောင် ရေမြေတွေကို ဖြတ်သန်းလို့ လူသားတို့၏ အနာဂတ်ဖြစ်လာမည့် စာ တစ်အုပ်ကို သယ်ဆောင်လာခဲ့သည်။ထိုစာအုပ်၏ ပါဝါကို သိရှိသူမှာ အီလိုင် အပြင် အခြားတစ်ဦးသာ ရှိလေသည်။ထိုသူက ထိုစာအုပ်ကို ကိုယ်ကျိုးအတွက် အသုံးချရန် တောင်းခံလာသည့်အခါ အီလိုင်တစ်ယောက်အသက်ကိုတောင် ပဓာန မထားဘဲ အသည်းအသန် ခုခံခဲ့သည်။ဤမျှ ...
movie
The Book of Eli(2010)
2010
Unthinkable (2010) 7.1
Unthinkable (2010) ကျွန်တော် ခဏခဏမေးဖြစ်တဲ့ မေးခွန်းလေးတစ်ခုမေးကြည့်ချင်ပါတယ်။ ခင်ဗျားက စနိုက်ပါ တစ်လက်နဲ့ လူတစ်ယောက်ကို ချိန်ထားတယ်။အဲဒီလူက လူတွေအများကြီးရှိနေတဲ့ နေရာမှာ ဗုံးခွဲမလို့ လုပ်နေတဲ့သူ။ အဲဒီလူကို ပစ်သတ်ဖို့ ခင်ဗျား သေနတ်မောင်းကို ဆွဲမှာလား။ခင်ဗျားလက်မှာ သွေးအစွန်းခံပြီးတော့ ဗုံးကွဲလို့သေမယ့်သူတွေကို ကယ်မှာလား။ ဒါမှမဟုတ် လူသတ်သမားတစ်ယောက် အဖြစ်ခံပြီး ပစ်သတ်လိုက်မှာလား။ပစ်သတ်လိုက်မယ်ဆိုရင်တော့ ခင်ဗျားက သူရဲကောင်းကြီးတစ်ယောက် ဖြစ်သွားနိုင်တာပေါ့။ ဒါပေမဲ့ လူသတ်သမားတော့ ဖြစ်သွားလိမ့်မယ်။ခင်ဗျားက လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်လို့ သေနတ်မောင်းခလုတ်ကို မဆွဲဘဲ လှည့်ထွက်သွားမယ်ဆိုရင်လည်း ရပါတယ်။ အနေသာကြီးပါ။ဒါပေမဲ့ လူပေါင်းများစွာ သေကြေပျက်စီးရမယ့် ကိစ္စကို တားနိုင်တဲ့ အစွမ်းရှိရဲ့သားနဲ့ မတားနိုင်ဘူးဆိုရင် အဲဒီအသက်တွေအတွက် ခင်ဗျားမှာ တာဝန်ရှိသွားလိမ့်မယ်။အဲဒါဆို လူအများနဲ့ တစ်ယောက် လဲမှာလား။ Witcher ထဲက ဇာတ်ဆောင်ရဲ့စကားကို ငှားပြီးပြောရမယ်ဆိုရင် မကောင်းမှုဆိုတာက မကောင်းမှုပါပဲ။သေးသေး၊ ကြီးကြီး။ အလတ်စားလောက်ပဲဖြစ်ဖြစ် မကောင်းမှုက မကောင်းမှုပါပဲ တဲ့။သေးတဲ့မကောင်းမှုကို ကျူးလွန်မှာလား ...
movie
Unthinkable (2010)
2010
Late Autumn(2010) 6.7
Late Autumn(2010) Late Autumn(2010)IMDb...6.7(unicode)မြောက်ကိုရီးယားစစ်ဗိုလ်ဆိုပြီး ခုတစ်လော ကွီးယားစီးရီးတွေကြိုက်တဲ့ပရိတ်သတ်တွေကို ဖမ်းစားထားတဲ့ Hyun Bin ရဲ့ ကားဟောင်းထဲက အလန်းတစ်ကားကားကို စီးရီးအပိုင်းသစ်မထွက်ခင်လေး အလွမ်းပြေတင်ဆက်ပေးလိုက်ပါတယ်... HyunBin နဲ့ တရုတ်မင်းသမီးချော TangWei တို့ပါဝင်ထားတဲ့ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ TangWeiက လူသတ်မှုတစ်ခုကြောင့် အကျဥ်းကျနေတဲ့ အန်းနာချန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ အကျဥ်းကျနေခိုက် တနေ့မှာတော့ အမေဆုံးသွားလို့ဆိုပြီး အစ်ကိုဖြစ်သူဆီက ဖုန်းဆက်လာပါတယ်။ မိခင်ဖြစ်သူရဲ့ စျာပနာပွဲတက်ရန်ဖို့ ပြန်လာရင်း လမ်းမှာ ဟွန်း (HyunBin) နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဟွန်းကလည်း ကိစ္စတစ်ခုနဲ့ ရှောင်ပြေးလာသူဖြစ်ပါတယ်။ပြဿနာကိုယ်စီနဲ့ လောကဒဏ်ကို အံတုဖို့ကြိုးစားကြရင်း ဒီလောကဇာတ်ခုံပေါ်မှာ အချစ်တစ်ခုမွေးဖွားဖို့ သူတို့ဆုံခဲ့တယ်လို့ပြောရမယ်... အချစ်ဆိုတာမျိုးက ဘယ်အတန်းအစားမဆိုး ခံစားဖို့ ခံယူဖို့ ထိုက်တန်ကြတာပဲမဟုတ်လား... သူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာ(zawgyi)မြောက်ကိုရီးယားစစ်ဗိုလ်ဆိုပြီး ခုတစ်လော ကွီးယားစီးရီးတွေကြိုက်တဲ့ပရိတ်သတ်တွေကို ဖမ်းစားထားတဲ့ Hyun Bin ရဲ့ ကားဟောင်းထဲက အလန်းတစ်ကားကားကို စီးရီးအပိုင်းသစ်မထွက်ခင်လေး အလွမ်းပြေတင်ဆက်ပေးလိုက်ပါတယ်... HyunBin နဲ့ ...
movie
Late Autumn(2010)
2010
Go Lala Go! ( 2010 ) 5.1
Go Lala Go! ( 2010 ) Zawgyi*******ဒီတစ်ခေါက်တော့ အလုပ်ခွင်မှာ ဆရာမကြိုးစားရင်း အချစ်ရေးမှာသွေးအေးလာတယ်ဆိုတဲ့ လုပ်ငန်းခွင်က မမတို့ရဲ့ ဘဝကိုမျိုးစုံ ကြိုးခုန်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးနာမည်က GO LALA တဲ့...လာလာဆိုတဲ့ကောင်မလေး အကြောင်းကို ပုံဖော်ထားတာပါဒီကားလေးထဲမှာ အလုပ်ရဖို့ အလုပ်မှာ ရာထူးတက်ဖို့ အလုပ်မှာအောင်မြင်ဖို့ ကြိုးစားနေတဲ့ လာလာတစ်ယောက် သွေးအေးလာတဲ့အချစ်ရေးကို ဘယ်လိုဆက်လုပ်မယ်ဆိုတာရယ်...လာလာရဲ့ ကြိုးစားမှုတွေကို နားလည်ရခက်နေတဲ့ လာလာချစ်သူဒေးဗစ်ကရော ဘယ်လိုတွေ ဆုံးဖြတ်မယ်ဆိုတာကြည့်ရင်းကိုယ်ဆိုဘယ်လိုလုပ်မှာဆိုပြီး စိတ်ကူးယဉ်နိုင်ကြပါစေ...ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပါပဲ Unicode*******ဒီတစ်ခေါက်တော့ အလုပ်ခွင်မှာ ဆရာမကြိုးစားရင်း အချစ်ရေးမှာသွေးအေးလာတယ်ဆိုတဲ့ လုပ်ငန်းခွင်က မမတို့ရဲ့ ဘဝကိုမျိုးစုံ ကြိုးခုန်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးနာမည်က GO LALA တဲ့...လာလာဆိုတဲ့ကောင်မလေး အကြောင်းကို ပုံဖော်ထားတာပါဒီကားလေးထဲမှာ အလုပ်ရဖို့ အလုပ်မှာ ရာထူးတက်ဖို့ အလုပ်မှာအောင်မြင်ဖို့ ကြိုးစားနေတဲ့ လာလာတစ်ယောက် သွေးအေးလာတဲ့အချစ်ရေးကို ဘယ်လိုဆက်လုပ်မယ်ဆိုတာရယ်...လာလာရဲ့ ကြိုးစားမှုတွေကို နားလည်ရခက်နေတဲ့ လာလာချစ်သူဒေးဗစ်ကရော ဘယ်လိုတွေ ဆုံးဖြတ်မယ်ဆိုတာကြည့်ရင်းကိုယ်ဆိုဘယ်လိုလုပ်မှာဆိုပြီး စိတ်ကူးယဉ်နိုင်ကြပါစေ...ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးပါပဲ Translated & ...
movie
Go Lala Go! ( 2010 )
2010
Black Ransom ( 2010 ) 5.8
Black Ransom ( 2010 ) Zawgyi*******ဒီကားလေးဟာ Imdb 5.7ရရှိထားပြီး အားလုံးနဲ့ရင်းနှီးပြိးသားဖြစ်တဲ့မင်းသားကြီး Simon Yam နဲ့ Michael Miuတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ မာဖီးယားဂိုဏ်းခေါင့်းဆောင်ချင်းဟာလူသတ်မှုနဲ့စွပ်စွဲခံနေရာကနေ တရားရုံးမှတရားသေလွတ်ပေးလိုက်တဲ့အခါ...အပြန်လမ်းမှာရဲအရာရှိဟန်ဆောင်ထားတဲ့လူတစ်စုရဲ့ ဖမ်းဆီးမှုကိုခံလိုက်ရပါတယ်....ဒီအမှုကိုစုံစမ်းဖို့ဖြစ်လာတဲ့ရဲအရာရှိကျန်းပေါ်ဝိန်တို့တစ်ဖွဲ့လုံးဘယ်လိုအန္တရာယ်တွေနဲ့ရင်ဆိုင်ကြရမလဲ...ပြန်ပေးဆွဲမှုနောက်ကွယ်မှာဘယ်လိုအကြောင်းတရားမျိုးတွေရှိနေတာလဲ...ဇာတ်လမ်းတစ်ခုလုံးကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ... Unicode*******ဒီကားလေးဟာ Imdb 5.7ရရှိထားပြီး အားလုံးနဲ့ရင်းနှီးပြးိသားဖြစ်တဲ့မင်းသားကြီး Simon Yam နဲ့ Michael Miuတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ မာဖီးယားဂိုဏ်းခေါင့်းဆောင်ချင်းဟာလူသတ်မှုနဲ့စွပ်စွဲခံနေရာကနေ တရားရုံးမှတရားသေလွတ်ပေးလိုက်တဲ့အခါ...အပြန်လမ်းမှာရဲအရာရှိဟန်ဆောင်ထားတဲ့လူတစ်စုရဲ့ ဖမ်းဆီးမှုကိုခံလိုက်ရပါတယ်....ဒီအမှုကိုစုံစမ်းဖို့ဖြစ်လာတဲ့ရဲအရာရှိကျန်းပေါ်ဝိန်တို့တစ်ဖွဲ့လုံးဘယ်လိုအန္တရာယ်တွေနဲ့ရင်ဆိုင်ကြရမလဲ...ပြန်ပေးဆွဲမှုနောက်ကွယ်မှာဘယ်လိုအကြောင်းတရားမျိုးတွေရှိနေတာလဲ...ဇာတ်လမ်းတစ်ခုလုံးကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ... Translated & Review By Phyo ZawEncoded By LK
movie
Black Ransom ( 2010 )
2010
Legend of the Guardians: The Owls of Ga’Hoole(2010) 6.9
Legend of the Guardians: The Owls of Ga’Hoole(2010) Legend of the Guardians: The Owls of Ga'Hoole(2010)(Zawgyi)အမိုက်စား အက်ရှင် Animation ကားမို့ BLU-RAY1080P5.1CH ပါတင်ဆက်ပေးထားပါတယ်..... ယခုတင်ဆက်ပေးတဲ့ Animation ကားလေးကတော့ Legend of the Guardians:The Owl of Ga'hoole (2010) ကားလေးပဲဖြစ်ပါတယ်။Old but Gold လို့ပြောရမယ့် ဒီကားလေးကတော့ 2010 ကထွက်ရှိခဲ့တာဖြစ်ပြီး Imdb Rating 6.9/10ရရှိထားတဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ် တင်ပြလိုပါသေးတယ်။ဆောရန်နဲ့ ကလတ် ဆိုတာအသိုက်တစ်ခုထဲမှာ မွေးဖွားလာတဲ့ ဇီးကွက်ပေါက်လေး နှစ်ကောင်ပါ။ တစ်ကောင်က စိတ်ထားနူးညံ့သူဖြစ်သလို အခြားတစ်ကောင်က စိတ်ထားကြမ်းတမ်းသူပါ။စိတ်ထားခြင်းလားလားမှမတူတဲ့သူတို့ညီအကိုနှစ်ယောက် တစ်နေ့တော့ အသိုက်ကနေ ထွက်ကျပြီးအိမ်ကနေခွဲခွာခဲ့ရပါတော့တယ်။မပျံနိုင်သေးတဲ့ဇီးကွက်ပေါက်လေးတွေကိုစုဆောင်းကာ ကျွန်အဖြစ်ခိုင်းစားနေတဲ့ သန့်စင်သူများဆိုတဲ့ဇီးကွက်တိုင်းပြည်ကိုသူတို့ရောက်ခဲ့ပါတော့တယ်။သူတို့နှစ်ယောက်ဘယ်လိုဆက်ဖြစ်မယ်၊ဘယ်လိုတွေဆက်ရင်ဆိုင်ရမယ်ဆိုတာ စိတ်ဝင်စားစွာဆက်လက်ကြည့်ရှုရမှာပါ။စိတ်ဓါတ်ခွန်အားတွေအများကြီးပေးစွမ်းနိုင်တဲ့ဒီကားလေးကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon ...
movie
2010
South Solitary (2010) 6.5
South Solitary (2010) မယ်​ရဒစ်​အက်​ပဲတန်​ဆိုတဲ့ အမျိုးသမီး​လေးဟာ မီးပြတိုက်​​စောင့်​သူ့ဦး​လေးတာဝန်​ကျတဲ့ ​ဆောက်​ဆိုလစ်​ထရီကျွန်းကို သူ့ဦး​လေးနဲ့အတူ ​ပြောင်း​ရွှေ့လာခဲ့ပါတယ်​။ ဒီကျွန်းက​တော့ ရာသီဥတုပြင်းထန်ပြီး သွား​ရေးလာ​ရေးခက်​ခဲတာ​ကြောင့်​ လူအ​ရောက်​အ​ပေါက်​နည်းပါတယ်​။ ကျွန်း​ပေါ်မှာ​တော့ ကနဦး​နေကြတဲ့ မီးပြတိုက်​အလုပ်​သမား လူလွတ်​တစ်​​ယောက်​နဲ့ မိသားစုတစ်​စုပဲရှိပါတယ်​။ ဒီလိုလူမ​ရောက်​သူမ​ရောက်​ ခက်​ခဲတဲ့ကျွန်း​ပေါ်မှာ သူတို့​တွေဘယ်​လို​နေကြမလဲ။ ပွင့်​လင်းလွန်းတဲ့ဦး​လေးဖြစ်​သူက​ရော အလုပ်​မှာအဆင်​​ပြေပါ့မလား။ မယ်​ရဒစ်​က​ရော ကျွန်း​ပေါ်ကအလုပ်​သမား​တွေနဲ့ အဆင်​​ပြေ​ပြေ​နေပါ့မလားဆိုတာက​တော့ ရုပ်​ရှင်​ထဲမှာကြည့်​ရှုခံစားရမှာဖြစ်​ပါတယ်။ IMDb 6.5 နဲ့ Rotten Tomatoes 67% ရရှိထားတဲ့ ဩစ​တေးလျ ဇာတ်​ကား​ကောင်း​လေးပဲ ဖြစ်​ပါတယ်​။ Kay Khaing Tun မှ ဘာသာပြန်ပေးထားပြီး X Code မှ တင်ဆက်ပေးထားပါတယ်
movie
South Solitary (2010)
2010
No Mercy ( 2010 ) 7.4
No Mercy ( 2010 ) Zawgyi*******ကားကောင်းလေးဆိုပေမယ့် IMDb 7.4  အထိတောင်ရရှိထားတဲ့ဇာတ်ကားကောင်းပါဇာတ်လမ်းအမျိုးအစားကတော့ Action , Crime , Thriller ဖြစ်ပြီးတော့ 2010 မှာထွက်ရှိထားတဲ့ ကိုရီးယားရုပ်ရှင် No Mercy ဟာ ဒါရိုက်တာ Hyeong-Joon Kim ကရိုက်ကူးတင်ဆက်ထားတဲ့ အလန်းစားရုပ်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်One Of The Best Thriller Movie လို့တောင် တင်စားပြောရမလိုဖြစ်နေပါတယ်ဇာတ်လမ်းအညွှန်းကိုတော့ ရှည်ရှည်ဝေးဝေးကြီးသိပ်မပြောလိုတော့ဘူးနာမည်ကြီးဆရာဝန်တစ်ယောက်.ရယ် ငါးပိုင်းပိုင်းပြီးတော့ အသတ်ခံလိုက်ရတဲ့မိန်းကလေးတစ်ယောက်နဲ့ လူသတ်သမား...ပြီးတော့ ပြည်ပမှာ စာသင်ပြီးပြန်လာမယ့် မှုခင်းဆရာဝန်ရဲ့သမီးကလည်း ထပ်ပြီးပြန်ပေးဆွဲခံရတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုယ်တိုင်သာဆက်လက်ခံစားကြည့်ရှုပါအဆုံးသတ်လေးကလည်း အတော်ကိုထိသွားနိုင်ပါတယ်ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပါပဲ18+ အခန်းတွေအနည်းငယ်တော့ပါပါတယ် Unicode*******ကားကောင်းလေးဆိုပေမယ့် IMDb 7.4 အထိတောင်ရရှိထားတဲ့ဇာတ်ကားကောင်းပါဇာတ်လမ်းအမျိုးအစားကတော့ Action , Crime , Thriller ဖြစ်ပြီးတော့ 2010 မှာထွက်ရှိထားတဲ့ ကိုရီးယားရုပ်ရှင် No Mercy ဟာ ဒါရိုက်တာ Hyeong-Joon Kim ကရိုက်ကူးတင်ဆက်ထားတဲ့ အလန်းစားရုပ်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်One Of ...
movie
No Mercy ( 2010 )
2010
Centurion(2010) 6.4
Centurion(2010) Centurion(2010)((Zawgyi))အက်ရှင်အလန်းစားများနဲ့ နင်းကန်သတ်ဖြတ်နေတဲ့ ဇာတ်လမ်းကောင်းကားမို့ 1080P5.1CHတို့နှင့်တင်ဆက်ပေးထားပါသည်....ဇာတ်ကားဆို သတ်မှ ဖြတ်မှ ကြမ်းတမ်းနေမှ ဆိုတဲ့လူတွေအတွက် အလွန်ကြမ်းသော ဇာတ်ကြမ်းကားကြမ်းကြမ်းကြီးကို ခပ်ကြမ်းကြမ်း တင်ပေးလိုက်ပါပြီစစ်ပွဲသမိုင်းတွေမှာ နာမည်ကြီးပေ့ဆိုတဲ့ ရောမစစ်သားတွေနဲ့ တိုက်ရည်ခိုက်ရည်ပြည့်စုံတဲ့ လူမျိုးစုတစ်စုအကြား ပဋိပက္ခစစ်ပွဲတွေအကြောင်း ရိုက်ကူးထားတာပါဇာတ်လမ်းကတော့ ရောမစစ်သမိုင်းမှာ နာမည်ကြီးကြမ်းတမ်းတဲ့ Ninth Legion ဆိုတဲ့ တပ်ဖွဲ့တစ်ဖွဲ့ရှိတယ်...အားရင် လူသတ်မယ်...အရက်သောက်ရင်း ပျင်းလာရင် လူရိုက်မယ်ဆိုတဲ့ အကြမ်းစားတပ်ဖွဲ့ကြီးတစ်ဖွဲ့ပေါ့...ဒါပေမဲ့ နိုင်ငံတိုင်းလိုလိုမှာလည်း စစ်တပ်ကိုမုန်းတဲ့ ပြည်သူတွေဆိုတာ ရှိတာကိုး...အဲ့ဒီထဲကမှ Picts လူမျိုးစုတစ်စုဟာ စစ်တပ်ကို သေလောက်အောင် မုန်းတီးနေသူတွေဖြစ်ပြီး တိုက်ရည်ခိုက်ရည်လည်း ကောင်းမွန်တာကြောင့် ရောမအကြီးအကဲတွေတောင် အကျပ်ရိုက် ကြောက်လန့်လာရပါတယ်...အဲ့ဒီအချိန်မှာ ကြမ်းပေ့ဆိုတဲ့ Ninth Legion တပ်ဖွဲ့ကြီးကို ဖိတ်ခေါ်ပြီး အဆိုပါလူမျိုးစုတွေကို သွားရောက်နှိမ်နင်းခိုင်းတဲ့အခါမှာတော့ ရောမစစ်တပ်နဲ့ Picts လူမျိုးစုတွေ တွေ့ကြပါတော့တယ်...ဒီဇာတ်လမ်းရဲ့ 90% လောက်က သတ်နေဖြတ်နေတာပါ...တိုက်ပွဲထဲမှာ ခေါင်းမှီရင် ခေါင်းကိုခုတ် လက်မှီရင် လက်ကိုခုတ် ...
movie
Centurion(2010)
2010
Just Call Me Nobody ( 2010 ) 4.1
Just Call Me Nobody ( 2010 ) Zawgyi*******Just call me nobody ဆိုတဲ့ ဒီဇာက်ကားလေးဟာဆိုရင်၂၀၁၀ခုနှစ်ကထွက်ရှိခဲ့ပြီး ကိုယ်ခံပညာနဲ့ ဟာသရောနှောထားသောဇာက်ကားလေးတစ်ကားပါ ဒီကားလေးကို ဒါရိုက်တာ Kevin Chuရိုက်ကူးထားပြီး castတွေ အနေနဲ့Xiao Shen Yang,Kelly Lin, Banny Chen, Zhao Benshan,Eric Tsang, Jacky Wu,Xiao Xiao Binတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်rating အနေနဲ့ သိပ်မကောင်းပေမဲ့ ကြည့်ကောင်းတဲ့ကားလေးတစ်ကားပါဇာက်လမ်းအကျဉ်းချုပ်လေးကတော့ ရှေးဟောင်းတရုတ်ပြည်ကြီးမှာwu di(Xiao Shen Yang)ဆိုတဲ့ ဖိနပ်ချုပ်သမားလေးဟာအမေဖြစ်သူ(Chen Hui-chuen)နဲ့အတူတူနေထိုင်ပါတယ် ဒါပေမဲ့သူဟာ သိုင်းစာအုပ်တွေကိုလေ့လာလိုက်စားသူတစ်ပါ တစ်နေ့ wu diဟာအမျိုသမီးသိုင်းသမားတစ်ယောက်Yoelou(Kelly Lin)ရဲ့ ဖိနပ်ကို ပြင်ပေးခဲ့ပြီးနောက် သူမကို ရန်သူတွေလက်ထဲကနေကယ်ခဲ့ပါတယ် အဲ့ဒီနောက်သူမက wu diကိုကျေးဇူးတင်ခဲ့ပြီး သူမရဲ့ အကူအညီကိလိုရင် ချင်တောင်မှာ လာရှာဖို့ ပြောခဲ့ပါတယ် တကယ်တမ်းတော့ သူမကတော်ဝင်မင်းသမီးတစ်ယောက်ဖြစ်ပြီး ဘုရင်ဖြစ်သူ (Banny Chen)နဲ့စေ့စပ်ထားသူဖြစ်ပါတယ် သူမဟာ ...
movie
Just Call Me Nobody ( 2010 )
2010