Channel Myanmar

Action

Jane Got a Gun (2015) 5.9
Jane Got a Gun (2015) Jane Got a Gun (2015)ဒီရုပ်ရှင်ကို ဘာကြောင့်တင်ဆက်ဖြစ်သလဲဆို တစ်အချက် နာတာလီ ပေါ့တ်မန်း၊ နှစ်အချက် နာတာလီ ပေါ့တ်မန်း၊ သုံးအချက် နာတာလီ ပေါ့တ်မန်းပါပဲ။ ပေါ့တ်မန်းဟာ ငယ်ငယ်ကတည်းကကို Léon: The Professional လို မာစတာပိစ်ရုပ်ရှင်ကားမှာ အဓိကနေရာက ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဖြစ်ပြီး V for Vendetta တို့ Heat တို့ Jackie တို့လို တကယ့်ကားကောင်းတွေမှာပါခဲ့သလို Black Swan နဲ့လည်း အော်စကာရထားတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခုထိကို တကယ့်မင်းသမီးကောင်းတစ်လက်ဖြစ်နေသေးသလို ဒါကလည်း သူအဓိကနေရာက ပါတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာ ပူစရာမရှိဘူးပေါ့။ပေါ့တ်မန်းအပြင် နောက်ထပ်အကြောင်းရင်းတွေကတော့ The Great Gatsby မှာပါခဲ့တဲ့ တွမ်ဘူချာနန်မင်းသား Joel Edgerton နဲ့ ကျွန်တော်သိပ်ချစ်တဲ့ သိပ်နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ခံနဲ့ Ewan ...
movie

Jane Got a Gun (2015)

2015
The Witch: Part 1. The Subversion ( 2018 ) 7.1
The Witch: Part 1. The Subversion ( 2018 ) The Witch: Part 1. The Subversion ( 2018 )**************************************ဒီဇာတ်ကားက ကျွန်တော်တို့ထင်မထားလောက်အောင် ကြမ်းပြီးကောင်းတဲ့ကားထဲမှာပါတယ်...BOX OFFICE လည်းဝင်ခဲ့သလို ဆန်းပြားတဲ့ဇာတ်အိမ်နဲ့အက်ရှင်ခန်းအမိုက်စားတွေကြောင့်ကျားပရိတ်သတ်ရော မပရိတ်သတ်ပါ အတော်လေးနှစ်ခြိုက်ခဲ့ကြပြီးPart 2 ကို မျှော်နေကြသလို များမကြမှီလည်း ရုံတင်တော့မှာပါ...ဒါ့ကြောင့် Part 2 လေးမထွက်ခင် BLU-RAY1080P5.1CH လေးနဲ့ပြန်လည် တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ စမ်းသပ်မှုတစ်ခုကနေထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ကိုကလေးဆုံးရှုံးထားတဲ့ လင်မယားက ခေါ်ယူမွေးစားလိုက်ပါတယ်။ကောင်မလေးကလည်း အတိတ်မေ့နေတဲ့အတွက် အရင်ကအကြောင်းတွေမမှတ်မိပါဘူး။ ကောင်မလေး အရွယ်ရောက်လာတဲ့အချိန်မှာသူတို့ရဲ့ စီးပွားရေးအဆင်မပြေတဲ့အတွက် ဆုကြေးငွေ အများကြီးရနိုင်တဲ့သီချင်းဆိုပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ခဲ့ပါတယ်။ပြီးတော့ သူ့ရဲ့ထူးခြားချက်တစ်ခုကိုပြရာမှာ အများအံ့အားသင့်စရာဖြစ်လာပါတယ်။အဲဒါနဲ့ သူ့ရဲ့ အကြောင်းကိုလူတွေသိသွားပြီးအတိတ်က အရိပ်ဆိုးက ပြန်လိုက်လာတဲ့အခါမှာ....File Size : (1.7GB)(721 MB)&( Quality :BLU-RAY1080P5.1CH,720p Format…mp4 Duration…02:06:00 Genre :Crime, Sci-Fi & Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by ...
movie

The Witch: Part 1. The Subversion ( 2018 )

2018
Green Ghost and the Masters of the Stone (2022) 4.2
Green Ghost and the Masters of the Stone (2022) Green Ghost and the Masters of the Stone (2022)ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ Action Drama အမျိုးအစား ဖြစ်ပါတယ်"ချာလီ" ဆိုတဲ့ သူက ကားရောင်းဝယ်ရေး စင်တာရဲ့ဥက္ကဌ ဖြစ်ပြီး ဘဝကို သာမန်လေးပဲ ဖြတ်သန်းနေတဲ့ သူတစ်ယောက်ပါ ကမ္ဘာမြေပျက်ဆီးနိုင်လောက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာချိန်မှာတော့ သူ့ရဲ့ မွေးစားမိသားစုက သူ့ကို လာခေါ်ခဲ့တယ် သူ ဘဝတစ်လျှောက်လုံး လျှို့ဝှက်ခံခဲ့ရတဲ့ ကိစ္စလေး တစ်ခုကတော့ သူတို့ မိသားစုက ကမ္ဘာမြေက လူသားမျိုးနွယ်တွေကို ကာကွယ်ပေးနေတဲ့ အဖွဲ့ဖြစ်နေတယ် ဆိုတာပါပဲသူ့ရဲ့ မွေးစား မိသားစုနဲ့အတူ ကမ္ဘာကြီးကို ဘယ်လိုကယ်တင်မလဲဆိုတာကို အက်ရှင်ခန်းတွေနဲ့ ကြည့်ရမှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Kuz ပဲ ဖြစ်ပါတယ်။Genre.....Action, Adventure, Comedy Quality…. 1080p | 720p | 480p File size…1.2GB | 677MB | 292MB Format… ...
movie

Green Ghost and the Masters of the Stone (2022)

2022
Death Hunt (2022) 5.9
Death Hunt (2022) Death Hunt (2022)ငယ်ငယ်က တွတ်ပီ ဘယ်စာအုပ်မှာလဲမသိ၊ တွတ်ပီနဲ့ဗိုက်ကလေး ကျွန်းကြီးတစ်ကျွန်းမှာ သောင်တင်ပြီး ကျွန်းပိုင်ရှင်ဘဲက သူတို့ကို လူအမဲလိုက်တဲ့ ဇာတ်လမ်းကို တော်တော်များများလည်း ဖတ်ဖူးကြမယ်ထင်ပါတယ်။ ခု ဒီကားရဲ့ဇာတ်လမ်းဟာ အဲဒီဇာတ်လမ်းနဲ့ ကျောရိုးတစ်ထေရာတည်းနီးပါးတူတဲ့ ဇာတ်လမ်းပါပဲ။ ဆိုတော့ ဒီကားဟာလည်း Survival ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက် စိတ်အပန်းပြေမယ့် ရုပ်ရှင်တစ်ကားပါပဲပေါ့။တချို့က အသွေးထဲအသားထဲကနေကို အမဲလိုက်ခြင်းကို ဝါသနာထုံကြပါတယ်။ ဒီလိုဝါသနာထုံကြတဲ့လူတွေထဲ လူသားအမဲလိုက်တဲ့အရသာကို တွေ့သွားကြတဲ့သူတွေလည်းရှိပါတယ်။ လူကိုအမဲလိုက်ရတာ ဘယ်တောကောင်ကို အမဲလိုက်ရတာနဲ့မှမတူပါဘူး။ လူကိုအမဲလိုက်မိရင် ကျန်တာလည်း မတိုးတော့ပါဘူး။ ဒီရုပ်ရှင်မှာတော့ လူကိုအမဲလိုက်ရတဲ့အရသာကို တွေ့သွားတဲ့လူတစ်ချို့ဟာ သားကောင်လူတွေကိုဖမ်းပြီး ကျွန်းကြီးတစ်ကျွန်းမှာ အမဲလိုက်ကြတာကို ရိုက်ပြထားပါတယ်။ ကြည့်ပြီးသူတွေရဲ့ ရဗျူးတွေအရတော့ ၈၀ခုနှစ်က ရုပ်ရှင်တွေလို ခံစားရတယ်လို့ဆိုပါတယ်။ ကျွန်တော်ပဲ အရမ်းကြီးမမျှော်လင့်ထားမိလို့လားတော့မသိပေမဲ့ စစချင်းမှာ ဘာကားကြီးလဲလိုဆိုပြီး ဖြစ်ခဲ့ပေမဲ့ မိနစ်၂၀လောက်အကြာမှာတော့ ဇာတ်လမ်းဟာ စိတ်ဝင်စားစရာ စကောင်းလာပါတယ်။ လူချင်းအမဲလိုက်တာတွေ ...
movie

Death Hunt (2022)

2022
Ip Man: The Awakening ( 2022 ) 6.1
Ip Man: The Awakening ( 2022 ) "လောကမှာ လူနှစ်မျိုးပဲရှိတယ်။ ဈေးကြီးတဲ့လူနဲ့ ဈေးပေါတဲ့လူ"တဲ့။ ဒါက ရုပ်ရှင်ထဲက လူကုန်ကူးသူပြောတဲ့စကား...... CM ပရိတ်သတ်တို့အတွက် IP Man - The Awakening ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာတော့ IP Man ငယ်ရွယ်စဉ်ဘဝက ဟောင်ကောင်မှာ ပညာသင်နေချိန်ကပေါ့ ဟောင်ကောင်မှာ အင်္ဂလန်ဂိုဏ်းတစ်ခုက အမျိုးသမီးငယ်လေးတွေကိုဖမ်းဆီး နှိပ်စက် ရောင်းစားနေခဲ့တယ်။တစ်နေ့မှာ IP man ဟာ လူဆိုးဂိုဏ်းတွေ အပိုင်စီးထားတဲ့ ဆိပ်ကမ်းတစ်ခုထဲကို မှားဝင်သွားမိပြီး ထိုဒုစရိုက်မှုကြီးကို မျက်မြင်တွေ့ခဲ့ရပါတယ်...... IP Man ဟာ သူတစ်ယောက်တည်းအားနဲ့ လူကုန်ကူးခံရတဲ့ မိန်းကလေးတွေကို ကယ်တင်နိုင်ပါ့မလား... လူဆိုးဂိုဏ်းကြီးကိုကော IP Man ရဲ့ ကွန်ဖူးပညာနဲ့ ဘယ်လိုချေမှုန်းမလဲဆိုတာကို ရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားလိုက်ရအောင်.  Quality : Bluray 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 20min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

Ip Man: The Awakening ( 2022 )

Passenger 57 (1992) 5.9
Passenger 57 (1992) Blades မင်းသားကြီး Wesley Snipesရဲ့ ၁၉၉၂တုန်းက ထွက်ခဲ့တဲ့ Old but gold အက်ရှင်ကားတစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ် ။မင်းသားကြီးဟာ ရဲဝန်ထမ်း​ဟောင်း၊ လက်ရှိ လေ​ကြောင်းလုံခြုံ​ရေး ​သရုပ်ပြ နည်းပြလုပ်​နေသူ ဂျွန်ကတ်တာအဖြစ် ပါဝင်ထားပါတယ်။ အတိတ်က သူ့ရဲ့အမှားတစ်ခု​ကြောင့် ရဲအဖြစ်က​နေအနားယူထားတဲ့ ဂျွန်ဟာ တစ်​နေ့မှာ​တော့ ​နိုင်ငံတကာ​ လေ​ကြောင်းလိုင်းကြီးတစ်ခုရဲ့ လုံခြုံ​ရေးအရာရှိအဖြစ် ခန့်အပ်ခံရကာ ​လော့စ်အန်ဂျလိစ်ကိုသွားဖို့ အ​​ကြောင်းဖန်လာပါတယ်။တိုက်ဆိုင်စွာပဲ သူစီးလာတဲ့ ​လေယာဉ်​ပေါ်မှာ ဗုံး​​ဖောက်ခွဲမှုများစွာကို ကျူးလွန်ထားတဲ့ အကြမ်းဖက်သမား ချားစ်ရိန်းက FBI​ဖမ်းဆီးမှုကို ခံထားရပြီး ​အေးဂျင့်၂​ယောက်နဲ့အတူ ​လော့စ်အန်ဂျလိစ်ကို လိုက်ပါ လာကြပါတယ်။ နာမည်ကြီးအကြမ်းဖက်သမားဖြစ်​တဲ့ ချားစ်ရိန်းက အချိန်းအချက်​တွေနဲ့အတူ အတူပါ​ အေးဂျင့်၂​ ယောက်ကို သတ်ပြီး ​လေယာဉ်ကို ပြန်​ပေးဆွဲလိုက်တဲ့အခါ ဂျွန်ကတ်တာလည်း လုံခြုံ​ရေး အရာရှိ ဖြစ်ဖြစ်ချင်း မဟာစွန့်စားခန်းကြီးကို စဖွင့်ရင်း ချားစ်ရိန်းနဲ့ ရင်ဆိုင်ရပါ​တော့တယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ...
movie

Passenger 57 (1992)

Throw Down (2004) 6.8
Throw Down (2004) Throw Down (2004)Throw Downဟာ ဟောင်ကောင်ရုပ်ရှင်ဂုရုကြီးတစ်ပါးဖြစ်တဲ့ Johnnie Toရဲ့ မာစတာပိစ်အဖြစ်သတ်မှတ်ကြတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ချို့ကလည်း Throw Downကို သူ့ရဲ့မာစတာပိစ်အကျဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ဖန်အချို့ရဲ့ သဘောအကျဆုံး Johnnie Toကားလည်းဟုတ်ပါတယ်။ ဇာတ်ကတော့ မိန်းကာရိုက်တာ သုံးယောက်ကို လှည့်ပတ်ပြထားတဲ့ ဇာတ်ပါပဲ။ Louis kooနဲ့ Aaron Kwokတို့ရဲ့ ကာရိုက်တာတွေက ဂျူဒိုကစားသမားတွေ။ Louis kooကတော့ တစ်ချိန်က ဂျူဒိုလောကရဲ့နာမည်ကျော် ဒီတော့ သိုင်းပြိုင်ရတာ စိတ်အားထက်သန်တဲ့ Aaron Kwokက Louis kooကို လာစိန်ခေါ်တယ်။ သို့ပေမဲ့ Louis Kooက အဲဒီအချိန်မှာ ဘာမှမလုပ်ချင် မကိုင်ချင်နဲ့ လောင်းကစားပဲလုပ်နေတဲ့အချိန် ဒီတော့ ကောင်းကောင်းမပြိုင်ဘူး။ အကြွေးဆပ်စရာတွေကလည်း ပုံနေတယ်။ Aaron Kwokက သူပုံမှန်ဖြစ်တဲ့အထိ သူ့အရက်ဆိုင်မှာ ကူပေးပြီးမှ ပြိုင်ဖို့လုပ်တယ်။ ...
movie

Throw Down (2004)

The Great Dragon Plague ( 2021 ) 6.3
The Great Dragon Plague ( 2021 ) The Great Dragon Plague (2021) ကားလေးကို ဒီတစ်ခါ CM ပရိတ်သတ်တို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဘာသာရေးမှိုင်းတိုက်တယ်ဆိုတဲ့ ဘာသာရေးကိုတလွဲအသုံးချမှုတွေအကြောင်းကို ဒီဇာတ်ကားမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးပြောရရင် တထန်မင်းဆက် ခေတ်နှောင်းပိုင်းမှာ ပူဇော်ပွဲအစဉ်အလာတစ်ခုပေါ်ထွက်လာတာချိန်ကို အခြေခံရိုက်ကူးပြထားတာပါ... chang an ကို အခြေခံထားတာဖြစ်လို့ The Promise of Chang’an (2020) ဇာတ်ကားထဲမှာကို လူမမာအရှင်မင်းကြီးက အမည်ခံအုပ်ချုပ်နေပြီး နောက်ကွယ်မှာ ကြိုးကိုင်သူက တခြားတစ်ယောက်ဖြစ်နေခဲ့တာပေါ့...ဒီဇာတ်လမ်းလေးထဲမှာ ပူဇော်ဖို့ စတေးခံတွေထဲကတစ်ယောက်လွတ်လာပြီးနောက်မှာ ဒုက္ခသည်စခန်းလိုမျိုးမှာရက်အနည်းငယ်နေလာပြီးနောက် အခုလိုဘဝလေးလည်း မဆိုးဘူး.. ချန်အန်းကနေ ထွက်သွားမယ်ဆို ဘဝသစ်နေနိုင်ပြီလို့တွေးလာပေမယ့်.. ဒီဒုက္ခသည်စခန်းကအားလုံးက ချန်အန်းကို ကယ်တင်ဖို့ကြိုးစားနေတဲ့အခါအဆုံးသတ်မှာ ခေတ္တငြိမ်းချမ်းတဲ့ ဒုက္ခသည်စခန်းမှာပဲ ဆက်နေသွားမှာလား ချန်အန်းပြန်ပြီး ရသလောက်ကို ကယ်တင်ကြမှာလား ဘယ်လမ်းကိုရွေးမလဲဆိုတာကြည့်ပြီး ကိုယ်သာ သူ့နေရာဆိုရင်ရော ဘယ်လမ်းရွေးမလဲဆိုတဲ့ အဖြေကို ကြည့်ပြီးသွားရင် မျှဝေပေးသွားပါဦးနော်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 17min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon,Chu Chu Encoded by LK
movie

The Great Dragon Plague ( 2021 )

The Unbeatable ( 2021 ) 6
The Unbeatable ( 2021 ) CM ပရိသတ်ကြီးကို သိုင်းကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ နယ်စပ်မှာတည်ရှိနေတဲ့ ၄၈ခံတပ်ဟာ တစ်နေ့မှာတော့ မြောက်ပိုင်းသားတွေရဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းနဲ့ကြုံတွေ့ခဲ့တယ်။၄၈ခံတပ်ခေါင်းဆောင် Li Zheng သမီးဖြစ်သူ Li Jin Rong ကိုစစ်ကူတောင်းဖို့စေလွှတ်လိုက်ရတယ်။ ဇာတ်ကြောင်းကတော့လောကကြီးအကြောင်းနားမလည်တဲ့ မမလေးဘဝကနေပြီး ဘာမှမကြောက်တတ်တဲ့ သူရဲကောင်းတစ်ဦးအဖြစ်ပြောင်းလဲလာပြီး ကလဲ့စားချေခြင်းအလယ်မှာ တစ်ဝဲလည်လည်ဖြစ်နေခဲ့ပြီး နှင်းခွင်းဓားရဲ့တစ်ဦးတည်းသော ဆက်ခံသူဖြစ်ခဲ့သော်ငြားလည်း သူရဲ့ ဖခင်နှင့် မွေးရပ်မြေကို ဆုံးရှုံးလိုက်ရပါတယ်။အဲဒီအတွက် နာကျင်မှုတွေကို သည်းခံအရှုံးမပေးပဲ စိန်ခေါ်မှုတွေနှင့် ပေးဆပ်မှုတွေကို ရင်ဆိုင်ရန် ကြိုးပမ်းနေတဲ့အချိန်မှာ နောက်ဆုံးမှာ သူမဟာအမှန်တရားကိုသိလိုက်ရတယ်။ အဲဒီအမှန်တရားကဘာဖြစ်နေမလဲဆိုတာကိုတော့ ဆက်ပြီးအဆုံးထိကြည့်ပေးပါဦး။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Romance Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated By Nu Mon , Hnin Wut Hmon , Shwe Zin Oo Encoded by LK
movie

The Unbeatable ( 2021 )

Vikram (2022) 8.8
Vikram (2022) Vikram (2022) ============== 1080p True WEB DLအကြည်ဗားရှင်းကိုတင်ဆက်ထားပါပြီဒီရုပ်ရှင်ကတော့ ရုံတင်ပြီး သုံးရက်အတွင်းကုဋေ၁၀၀ကျော်ရရှိထားပြီးworld wideအနေနဲ့ကုဋေ၂ရာကျော်ရရှိတဲ့အထိအောင်မြင်ထားတဲ့ရုံတင်ကားပဲဖြစ်ပါတယ်တောင်ပိုင်းက စူပါစတားတွေဖြစ်ကြတဲ့ မင်းသားကြီး ကမာလ်ဟာစန်းဗီဂျေးစည်သူပတီ ဖဟဒ်ဖာဆစ်လ် ဆူရီးယားတို့အပြိုင်ကြဲပြီးပါဝင်တစ်ယောက်ဆောင်ထားတယ်....တောင်ပိုင်းအက်ရှင်တွေကိုဆိုရင် အိုဗာများလွန်းလို့ မကြည့်ရဲတဲ့ ပရိသတ်တွေအတွက်လည်းဒီဇာတ်ကားမှာ လုံးဝ အိုဗာအက်ရှင်တွေမပါဘဲ နောက်ဆုံးထိ ဇာတ်ကွက်ကို ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်....ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အစိုးရအရာရှိတွေကိုချည်းလိုက်သတ်နေတဲ့ မျက်နှာဖုံးစွပ်ကွင်းဆက်လူသတ်သမားအဖွဲ့တစ်ဖွဲ့ရှိ‌ေနတယ်....လူသတ်ပြီးရင် ခြေရာလက်ရာ ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် ရဲဌာနကိုပါလူသတ်‌ဗီဒီယိုကို ရိုက်ပို့တဲ့ထိ ရဲတင်းသတ္တိပြောင်လွန်းလှတဲ့အဖွဲ့တဖွဲ့ရှိတယ်...ဌာနကလူတွေက ဒီအမှုကိုမနိုင်တော့တဲ့အတွက် ဘလက်စကွက်ဒ်ဆိုတဲ့အဖွဲ့ကို တာဝန်ပေးလိုက်တယ်....ဒီအဖွဲ့ကလည်း မဖြေရှင်းနိုင်တဲ့အမှုရယ်လို့ကို မရှိတဲ့ထိ ဂုဏ်သတင်းကျောဇောပြီး ညဏ်ပြေးတဲ့အဖွဲ့ပါ..ဒီလို ပြိုင်စံရှားအဖွဲ့နှစ်ဖွဲ့ကြား ညဏ်ကစားမှုတွေထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းအများကြီးနဲ့မို့ အားရကျေနပ်စေမှာ အမှန်ပါပဲ.....။(ဒီဇာတ်ကားထဲက ဇာတ်ကောင်တချို့ဟာ Kaithi(2019) ဇာတ်ကားထဲကဖြစ်ပါတယ်..Kaithi (2019) ကို ဒီမှာ https://channelmyanmar.org/kaithi-2019/ ကြည့်ပါ။  File size…7.7GB / 2.5GB / 1.38GB Quality…. 1080p True WEBDL AAC5.1CH / 720p Format… ...
movie

Vikram (2022)

2022
4K HEVC Web-DL
Kaithi (2019) 8.5
Kaithi (2019) IMDb ratings : 8.5/10Genre : Action, ThrillerBudget ₹35 croreBox Office ₹106 croreဒီကားဟာ. . . သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ တမီးလ်မင်းသား ကာရ်သီ(Karthi)ရဲ့ Positive Reviews တွေကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ရုံတင်စကတည်းက တာထွက်လှခဲ့တဲ့ကားဖြစ်ပြီး Diwali နေ့မှာ Release လုပ်ခဲ့တာ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့....ညတစ်ညမှာ. . . မူးယစ်ဆေးတွေ ၊ လက်နက်ခဲယမ်းတွေကို မှောင်ခိုတင်ဆောင်လာတဲ့ ဗင်ကားတစ်စီးကိုအင်စပက်တာဘီဂျွိုင်းနဲ့အဖွဲ့က ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းဆည်းရာကနေ ဇာတ်လမ်းကို စဖွင့်ထားပြီးဒီနောက်တော့. . . ရဲအရာရှိတစ်ယောက်ရဲ့ အိမ်မှာ အဲ့ဒီနယ်မှာရှိတဲ့ အရာရှိ အရာခံတွေ အားလုံးနီးပါး သောက်ကြစားကြ ပျော်ပါးကြပါတယ်။သိပ်မကြာခင်မှာ ဘီဂျွိုင်းကလွဲပြီး ၊ အရာရှိအားလုံး အရက်ကတဆင့် မူးယစ်ဆေးမိပြီး မှောက်ကုန်ကြတယ်။ဒီအချိန်မှာ ဘီဂျွိုင်းနားလည်လိုက်တယ်။ဒါဟာ ...
movie

Kaithi (2019)

2019
4K HEVC
Wild Card (2015) 5.6
Wild Card (2015) Wild Card (2015)2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ action ဇာတ်ကားကောင်းဖြစ်ပြီး F&F နဲ့ Transporter တွေရဲ့ အက်ရှင်မင်းသား Jason Statham က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။နစ်ဝိုင်းလ်က လပ်စ်ဗီးဂတ်မှာ မနေချင်ဘဲ နေနေရတဲ့သူဖြစ်ပြီး လောင်းကစားကို အလွန်အကျူး စွဲလန်းနေပုံပါပဲ။ငါးနှစ်စာ လွတ်လပ်ပျော်ရွှင်စွာနေရဖို့အတွက် ဒေါ်လာငါးသိန်းရှာပြီးရင် ထွက်သွားတော့မယ်လို့ တကြော်ကြော်ပြောနေပေမဲ့ တကယ်တမ်းမှာတော့ လောင်းကစားနွံက မရုန်းထွက်နိုင်သေးပါဘူး။ ဒါပေမဲ့ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့သူဟာ အင်မတန် တိုက်ရည်ခိုက်ရည်ရှိပြီး အလွတ်တမ်း သက်တော်စောင့်လည်း လုပ်လိုက် လောင်းကစားလုပ်လိုက်နဲ့ ဘဝကို မွဲမွဲတေတေဖြတ်သန်းနေသူပါ။တစ်နေ့မှာတော့ သူ့သူငယ်ချင်း ဟော်လီကို ဂန်းစတားတစ်ယောက်က မုဒိန်းကျင့်ပြီး ရိုက်နှက် နှိပ်စက်လိုက်တာကြောင့် ဟော်လီက ကလဲ့စားချေပြန်ချေဖို့ သူ့ကိုအကူညီတောင်းလာတဲ့အခါ …ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : ...
movie

Wild Card (2015)

2015
Red Heat (1988) 6.1
Red Heat (1988) Red Heat (1988)အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆို‌တော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။အခုတင်ဆက်မယ့်ကားက‌တော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ဇာတ်လမ်းအကျဉ်း‌ကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ...
movie

Red Heat (1988)

1988
Fast & Feel Love (2022) 7.2
Fast & Feel Love (2022) ဂျေ အဖြစ် YaYa Urassaya ဂေါင်ဝ် အဖြစ် Nat Kitcharitဇာတ်လမ်းအကျဉ်းပညာရေးစနစ်အရ အထက်တန်းပြီးတာနဲ့ တက္ကသိုလ် မေဂျာရွေးနိုင်ဖို့ ဝင်ခွင့်စာမေးပွဲတွေ ဖြေရလေ့ရှိတယ်အားလုံးနဲ့မတူဘဲ Sport stacking ကိုမှ စိတ်ဝင်စားတဲ့ ကျောင်းသား ဂေါင်ဝ် နဲ့ အိပ်မက်ရယ်လို့ မရှိတဲ့ သာမန်ဘဝနဲ့ပဲ နေထိုင်ချင်တဲ့ ကျောင်းသူလေး ဂျေတို့ ခင်မင်ခဲ့ကြတယ်ဂျေအနေနဲ့ သူမရဲ့ ထူးခြားစွမ်းအင်က စိတ်ထားကောင်းမှုလို့ ပြောခဲ့တဲ့ ဂေါင်ဝ်အပေါ် ငြိတွယ်ခဲ့ပြီး သူဝါသနာပါတဲ့ sport stackingကို ကစားနိုင်ဖို့ ပါရမီ ဖြည့်ခဲ့ပါတော့တယ်အချိန်တွေကြာလာတာနဲ့ အမျှ ဂျေ့ဘက်ကို မကြည့်ဘဲ ဝါသနာကိုပဲ ရှေးရှုလုပ်နေခဲ့တဲ့ ဂေါင်ဝ်ကို ဂျေတစ်ယောက် လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်ဂျေမပါဝင်တော့တဲ့ ဘဝကြီးမှာ ပတ်ဝန်းကျင်နဲ့နေသားကျအောင် ကြိုးစားနေရတဲ့ ဂေါင်ဝ် တစ်ယောက် sport stacking ချန်ပီယံနေရာကို ချိိန်းခြောက်နိုင်တဲ့ သူတစ်ယောက် ပေါ်လာချိန်မှာတော့....အပြောင်းအလဲတွေဖြစ်လာတဲ့ နှလုံးသားရေးရာ ၊ ...
movie

Fast & Feel Love (2022)

Black Fox: Ultimate Rescue ( 2022 ) 6.1
Black Fox: Ultimate Rescue ( 2022 ) Black fox: Ultimate Rescue 2022ဒီတစ်ခါမှာတော့ CM ကနေပြီးတော့ Action/Fantasy/War movie လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1945ကိုအခြေခံထားပြီးတော့ အဲ့ခေတ်အဲ့အခါက ဂျပန်နဲ့တရုတ်ရဲ့နိုင်ငံရေးအရှုပ်အထွေးကို ရိုက်ကူးထားတာပါ။1945ခုနှစ်ဧပြီလမှာ ဆိုဗီယက်စစ်‌ရေးကျွမ်းကျင်သူလော့ဖေးဟာ အရေးကြီးတဲ့တာဝန်ကိုထမ်းဆောင်ပြီး တရုတ်ပြည်ကိုပြန်လာတဲ့လမ်းမှာ ဂျပန်တပ်သားတွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ လော့ဖေးကိုကယ်ဖို့ မာလုံချွမ်ဦးဆောင်တဲ့ကယ်ဆယ်ရေးအသင်းကို စေလွှတ်ခဲ့ပေးမယ့်လည်း ကျရှူံးခဲ့ကြပါတယ်။ အဲ့အချိန်မှာပဲ ဝမ်ဝိန်ယွမ်း၊ရှဖန်နဲ့မြေခွေးနက်ကွန်မန်ဒိုအဖွဲ့တို့ပူးပေါင်းပြီး ကောက်ကျစ်ပြီးရက်စက်တဲ့ဂျပန်တပ်သားတွေလက်ထဲကနေ လော့ဖေးကိုအသက်စွန့်ပြီး ဘယ်လိုကယ်ထုတ်ကြမလဲ သတိကြီးပြီးအင်အားများတဲ့ဂျပန်တွေကို‌ရော သူတို့ရင်ဆိုင်နိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစရာကောင်းစွာနဲ့ကြည့်ရှူရမှာပါ။Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , War Runtime : 1h 36 min Subtitle : Myanmar Subtitle ( hardsub ) Translated by Shwe Zin Oo , Chu Chu , Nu Mon Encoded by LK
movie

Black Fox: Ultimate Rescue ( 2022 )

Piercing Heart Sword ( 2022 ) 6.2
Piercing Heart Sword ( 2022 ) ဒီတစ်ခါ CMကတင်ဆက်ပေးမှာကတော့ အမှုကိစ္စတွေနဲ့ လူတွေကိုစိတ်ဝင်စားပေမဲ့ ကားလေးတစ်ကားပါ တင်းဝူနဲ့ကျန်းဟွမ်က ဌာနတစ်ခုထဲမှာတင်အလုပ်လုပ်ကြတဲ့ လူနှစ်ယောက်ပါ သူတိုနှစ်ယောက်က အရမ်းလည်းရင်းနှီးကြသလို အမှုကိစ္စတွေလည်း အတူတူလိုက်ကြရတာပါတင်းဝူမှာဇနီးရှိသလို ကျန်းဟွမ်မှာလည်း သူသဘောကျနေတဲ့ကောင်မလေးရှိပါတယ် ကျန်းဟွမ်က ပြည့်တန်ဆာအိမ်မှာအလုပ်လုပ်နေတဲ့ရွှမ်ရွှမ်ကို ဂရုစိုက်ကာကွယ်ပေးရင်း ဘာတွေကြုံတွေ့ရမလဲတင်းဝူရဲ့ဇနီးကလည်း ဘယ်လိုလူမျိုးဆိုတာ စိတ်ဝင်စားစရာပါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ကြရအောင်နော်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 35min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

Piercing Heart Sword ( 2022 )

Dear Comrade (2019) 7.3
Dear Comrade (2019) IMDb Rating (7.3) ထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ တောင်ပိုင်းရဲ့ နာမည်ကြီး အက်ရှင်ရိုမန့်အချစ်ဇာတ်ကားတစ်ကားပါပဲ...မင်းသား Vijay Devarakonda ကိုတော့ Arjun Reddy ဇာတ်ကားထဲက အချစ်လူကြမ်းကြီးအဖြစ် မှတ်မိကြမယ်ထင်ပါတယ်။မင်းသမီးလေးကတော့ အားလုံးရဲ့အသည်းကျော်လေး ရာရှ်မီကား(Rashmika Mandanna)ပါပဲ။ဇာတ်ကားနာမည်ကတော့ အားလုံးသိတဲ့အတိုင်း ချစ်လှစွာသော သွေးသောက်ရဲဘော်တဲ့။"သွေးသောက်ရဲဘော်ဆိုတာ ကိုယ့်လုပ်ရပ်တွေကို ဝန်းရံပေးပြီး တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့လူ"ပဲမဟုတ်လား။ဇာတ်လမ်းစစချင်းမှာဘော်ဘီဆိုတဲ့ လူငယ်တစ်ယောက် မူးရူးသောက်စားပြီး မျက်ရည်တွေနဲ့ လီလီဆီ ဖုန်းခေါ်ဖို့ အတင်းကြိုးစားနေတယ်။လီလီ... တစ်ချိန်က သူ့ဘဝထဲ လှလှပပ ဝင်ရောက်ခိုနားခဲ့ပြီး ဝမ်းနည်းမှုတွေပေးပြီးမှ ထွက်ခွာသွားခဲ့သူ။လီလီဟာ ဘာကြောင့်များ ဒီလို ထွက်သွားရက်တာလဲ။ဘော်ဘီဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူတစ်ယောက်။ကျောင်းမှာဆိုရင်လည်း "ကျောင်းသားသမဂ္ဂ" ဆိုတဲ့ နာမည်တစ်ခုနဲ့ ထင်ရာစိုင်းတဲ့ကောင်လို့ အများမြင်ကြတယ်။ခဏခဏ ရန်တွေဖြစ်တယ်။ သောက်စားတယ်။ဒါပေမဲ့ မိန်းကလေးတွေကို ရိုသေမှုထားတတ်တာလည်း သူ့စရိုက်ပဲ။"သူ ပြောခဲ့တဲ့ စကားတွေထက် ကျွန်တော် ဘာမှ ခွန်းတုန့်မပြန်နိုင်ခဲ့တာကို ပိုရင်နာရပါတယ်" ...
movie

Dear Comrade (2019)

2019
4K HEVC Web-DL
Sniper Hero ( 2022 ) 6
Sniper Hero ( 2022 ) ဒီတစ်ခေါက် CM ချစ်ပရိသတ်တွေကိုမိတ်ဆက်ပေးမယ့် Sniper Heroဆိုတဲ့ ကားလေးက တခြားစစ်ကားတွေလို တော်လွန်းတဲ့ အရာရှိကြီးတိုအကြောင်းတို အောင်နိုင်ခဲ့တဲ့ သမိုင်းကြောင်းတိုကို ရိုက်ကူးထားတာမဟုတ်ဘဲ တစ်ယောက်လဲရင် တစ်ယောက်က သူ့အစားဝင်ပြီး ဒီတိုက်ပွဲကို ဒီလက်နက်နဲ့ ဆက်တိုက်သွားတဲ့ မလျှော့သောဇွဲ ရန်သူနဲ့ လက်နက်အားချင်းမယှဉ်နိုင်တောင် ယုံကြည်ချက်ဆိုတဲ့ ကျည်ကို စည်းလုံးမှုဆိုတဲ့ သေနတ်မှာထည့်ပြီး ရန်သူကိုတိုက်ပြသွားတဲ့ကားဖြစ်လို နာမည်ကြီးမင်းသားမင်းသမီးမပါ ရုပ်ချောတဲ့သူတွေမထည့်ထားတာတောင် ဘာသာပြန်ရင်း ကြည့်ရတဲ့အရသာက ရှယ်ပါပဲဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ၁၉၅၂ ခုနှစ်အစောပိုင်း မြောက်ကိုးရီးယားနယ်မြေမှာ အမေရိကန်နဲ့ တရုတ် တိုစစ်ဖြစ်ပွားခဲ့ပြီး လက်နက်အင်အားမမျှကြပေမယ့် အမေရိကန်စစ်တပ်ရဲ့ တိုက်စစ်ဆင်မှုတွေကို အဖွဲ၈ က အကြိမ်ပေါင်းများစွာခုခံလာနိုင်ခဲ့ရာကနေ တိုက်ပွဲတစ်ခုမှာတော့ အသေအပျောက်များသွားခဲ့ပြီး တပ်သားသစ်စုဆောင်းရာမှာ အဖွဲ၆က ရန်တုန်းဖုန်းဆိုတဲ့ စီချွမ်တပ်သားလေးတစ်ယောက်ဟာ အဖွဲ၆ တစ်ဖွဲလုံး ရန်သူတပ်ရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပြီး သူအရမ်းလေးစားရတဲ့ အဖွဲခေါင်းဆောင်လည်း အသက်ပေးသွားခဲ့ရပြီး နောက်ပိုင်းမှာတော့ စနိုက်ပါအထူးတပ်ဖွဲထဲကို ဝင်ရောက်လာခဲ့ပြီး ကလဲ့စားပြန်ချေဖိုကြိုးစားခဲ့ပါတယ်အဲ့လိုကနေ ရဲဘော်အသစ်တွေနဲ့ဆက်လက်တိုက်ပွဲဝင်ရင်း နောက်ဆုံးမှာ သူဖြစ်ချင်တဲ့ရည်မှန်းချက်လေးပြည့်ဝသွားမှာလား ဆိုတာတွေကိုတော့ ဆက်လက်စောင့်ကြည့်ကြရအောင်Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 30min Subtitle : Myanmar Subtitle ...
movie

Sniper Hero ( 2022 )

Hot Blooded (2022) 6.9
Hot Blooded (2022) Hot Blooded (2022) လူမိုက်ဂိုဏ်းတွေကြားက အရှုပ်တော်ပုံတွေ၊ ရန်ပွဲတွေနဲ့ စီးပွားဈေးကွက် ယှဉ်လုမှုတွေအကြောင်း ရိုက်ကူးထားတဲ့ ကိုးရီးယား အက်ရှင် ဇာတ်လမ်း အသစ်လေး လာပါပြီ။ဇာတ်လမ်းအညွှန်းလေးကတော့ ... ဟီဆုက သူဌေးဆွန်း ပိုင်တဲ့ ဘူဆန်မြို့ ခူအန်းမြို့နယ် ကမ်းခြေဘေးက မန်လီဂျန်းဟိုတယ်မှာ မန်နေဂျာ လုပ်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ သူဌေးဆွန်းကလည်း သူ့ကို မနည်း ယုံကြည်ပြီး တစ်ခုခုဆို အမြဲ အကြံဥာဏ်ကောင်းတွေ ပေးတတ်ပါတယ်။တစ်နေ့မှာ လူသတ်တရားခံဖြစ်ပြီး ထွက်ပြေးသွားတဲ့ ယုံးဂန်းဆိုတဲ့သူ ပြန်ရောက်လာပြီး သောင်းကျန်းတာကြောင့် ဟီဆုတစ်ယောက် ခေါင်းစားလို့မှ မဆုံးသေးခင် သူ့သူဌေးဆွန်းနဲ့ တခြားသူဌေးတစ်ဦးရဲ့ လူမိုက်ဂိုဏ်း ရန်ပွဲထဲမှာ ကြားညပ်နေပြီဖြစ်ကြောင်း သိလာရတဲ့အခါ ...ကိုရီးယားတို့ ထုံးစံအတိုင်း အက်ရှင်ဇာတ်လမ်းကိုမှ ဒရမ်မာလေးတွေနဲ့ ကြည့်ရှုကြရမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : 2.1GB, 731MB & ...
movie

Hot Blooded (2022)

Rangasthalam (2018) 8.2
Rangasthalam (2018) Rangasthalam (2018)IMDb Rating(8.2) / Rotten Tomatoes (100%)Rating အလန်းစားနဲ့ ဒီဇာတ်ကားက ဇာတ်လမ်းဇာတ်အိမ်ရော Plot Twist ရော ရိုက်ကူးမှုပိုင်းတွေရော အကုန်လုံး ပြည့်စုံကောင်းမွန်တဲ့ တောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပါပဲ။သာမန်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလို Overတွေ မပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။မင်းသားကလဲ ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းဆိုတော့ သဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့ လိုက်ဖက်လွန်းနေပါတယ်...ဇာတ်လမ်းလေးကတော့... ၁၉၈ဝခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးတစ်ရွာက ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူး..ရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်် ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး သူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး ...
movie

Rangasthalam (2018)

2018
1080p HEVC