Channel Myanmar

1080p Untouched Lawrence of Arabia (1962)
Report error

Lawrence of Arabia (1962)

AdventureBiographyDramaHistoryWar

8.3
IMDB: 8.3/10 votes

937013

Report error

Lawrence of Arabia (1962)

====================

IMDb Rating (8.3)

Rotten Tomatoes (93%)

အော်စကာဆု (၇) ဆု ရရှိထားတဲ့ ဖြစ်ရပ်မှန်စစ်ပွဲနောက်ခံ တကယ့်ဂန္တဝင်ဇာတ်ကားကြီးနဲ့မိတ်ဆက်ပေးချင်ပါတယ်…

ဒီဇာတ်ကားဟာ ၁၉၁၆ ခုနှစ်များဆီက အာရပ်ကန္တာရတော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ T.E. Lawrence အကြောင်းဖြစ်ပြီးတော့

Revolution တို့ရဲ့သဘောတရားကို ရှုမြင်နိုင်ပါတယ်…

ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှဗိုလ်တစ်ဦးဖြစ်တဲ့ ဗိုလ်လောရန့်စ်ဟာ ဂျာမန်နဲ့တူရကီတွေကိုဆန့်ကျင်တိုက်ထုတ်နေတဲ့ အာရပ်တွေရဲ့တော်လှန်ရေးကို လေ့လာဖို့ အာရေးဘီးယားကို စေလွှတ်ခြင်းခံရပါတယ်။ ကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့ ကန္တာရဒေသမှာ ခရီးစနှင်ကတည်းက အခက်အခဲများစွာကြုံတွေ့ရင်းကနေ အာရပ်ခေါင်းဆောင် မင်းသားဖိုင်ဆယ်ဆီရောက်ရှိလာပါတော့တယ်။

ဒီလိုနဲ့ အစိတ်စိတ်အမွှာမွှာကွဲပြားနေတဲ့ အာရပ်လူမျိုးစုတွေကို ပြန်လည်စည်းရုံးစုပေါင်းပြီး လောရန့်စ်တစ်ယောက် ဗြိတိသျှအထက်အမိန့်တွေကို ဖီဆန်ကာ အာရပ်တော်လှန်ရေးကိုအရှိန်မြှင့်တင်ခဲ့ပါတော့တယ်။

စစ်မှန်တဲ့စိတ်ရင်းစေတနာ၊ မလျှော့သောဇွဲနဲ့ ထက်မြက်တဲ့စစ်ဆင်ရေးနည်းဗျူဟာတွေကြောင့် လက်နက်အင်အား၊ လူအင်အားမမျှတဲ့ တူရကီကြီးစိုးရာနယ်မြေတွေကို သိမ်းယူလာနိုင်ခဲ့တဲ့လောရန့်စ်ဟာ အာရပ်လူမျိုးတွေနဲ့ အင်္ဂလိပ်အရာရှိနှစ်ဖက်လုံးရဲ့ ယုံကြည်ကိုးစားမှုကို တစ်စတစ်စရရှိလာပြီး သူနဲ့အတူအာရပ်တော်လှန်ရေးဟာလည်း အရှိန်အဟုန်မြင့်လာပါတော့တယ်။

တော်လှန်ရေးတစ်လျှောက်မှာ မိတ်ဆွေတွေတိုးပွားပြီး စိတ်အားတက်စရာတွေကြုံခဲ့ရသလို ရပြီးသားမိတ်ဆွေတွေကိုဆုံးရှုံးရပြီး လက်လျှော့ချင်စိတ်အကြိမ်ကြိမ်ဖြစ်ခဲ့ရတဲ့ လောရန့်စ်ရဲ့စိတ်ခံစားချက်အတက်အကျတွေကိုပီပြင်အောင်ပုံဖော်နိုင်ခဲ့တဲ့ မင်းသားကြီး Peter O’Toole ရဲ့ ကောင်းမွန်လှတဲ့သရုပ်ဆောင်ချက်တွေရော၊ လှပတဲ့ရိုက်ချက်တွေရောကြောင့် အော်စကာဆု ၇ဆုထိရရှိခဲ့ပြီး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။

ဇာတ်ကားကြာမြင့်ချိန် ၄ နာရီနီးပါးရှိပြီး မြင်ကွင်းကျယ်ရိုက်ကူးချက်တွေကြောင့် မီးပိတ်ပြီး အသံအဆုံးထိဖွင့်ကြည့်မယ်ဆိုရင် တကယ့်ရုပ်ရှင်ရုံမှာ ကြည့်နေရသလိုခံစားရမှာပါ။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို MTA မှတင်ဆက်ထားတာဖြစ်ပါတယ်။)

 

File size…(5 GB) and (2.6 GB)
Quality….BluRay 1080p and 720p 5.1CH
Format…mp4
Duration….03:48:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by MTA

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)
Lawrence of Arabia (1962)


No downloads available

Genres



Related movies