Channel Myanmar

History

Judas and the Black Messiah(2021) 7.8
Judas and the Black Messiah(2021) Judas and the Black Messiah(2021)အညွှန်း*************************************IMDb...7.8"ကျုပ်တို့က မီးကိုမီးနဲ့မတိုက်ဘူး...မီးကိုရေနဲ့ငြိမ်းမှာ...ကျူပ်တို့က လူမျိုးရေးခွဲခြားခြင်းကိုလူမျိုးရေးခွဲခြားခြင်းနဲ့တိုက်နေတာမဟုတ်ဘူး....ကျုပ်တို့က စည်းလုံးခြင်းနဲ့တိုက်နေတာ...အရင်းရှင်ဝါဒကိုဆိုရှယ်လစ်ဝါဒနဲ့တိုက်မှာ"ဒါကတော့ လူမည်းတွေရဲအဆင့်အတန်းအားလုံးကိုမြင့်စေဖို့ ကြိုးစားနေတဲ့ ကျားသစ်နက်ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဖရဒ်ဟမ်တွန်ရဲ့ မူဝါဒဖြစ်တယ်...သူ့ရဲ့တက်ကြွမှုတွေနဲ့ လူထုရဲ့ပါဝင်မှုတွေဟာ အစိုးရပိုင်းအတွက်တော့မျက်စိစပါးမွှေးစူးစရာပဲ...ခေါင်းဆောင်ြဖစ်တဲ့ ဖရဒ်ဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလို သူ့လှုပ်ရှားမှုတွေဟာလည်း အကြမ်းမဖက်တဲ့ဝါဒဖြစ်လေတော့ဒီအဖွဲ့အစည်းကြီးကို နှိမ်နှင်းဖို့ ခက်ခဲနေပါတယ်..တဖြည်းဖြည်းအင်အင်းကြီးလာသလိုသူတို့စွဲကိုင်တဲ့တော်လှန်ရေးဝါဒကလည်း အင်အားဖြစ်စရာမို့ FBI က စနစ်တကျဖြိုခွင်းဖို့ကြိုးစားပါတယ်...ဒါ့ကြောင့် FBI ဟာ ကျားသစ်နက်ပါတီကိုဖြိုခွင်းဖို့ FBI အေးဂျင့် ရွိုင်မစ်ချယ် လူမည်းတစ်ယောက်ကိုသူလျှိုအဖြစ်ထည့်သွင်းလှုပ်ရှားစေခဲ့တယ်...ဒီလူမဲကတော့ သူ့ကိုယ်ကျိုးအတွက်ဘာမဆိုလုပ်မဲ့သူဖြစ်တယ်..အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...ဒီကားက Biography  ဖြစ်တဲ့အပြင် လူမဲအရေးလှုပ်ရှားမှုဇာတ်ကားဆိုပေမဲ့ အစမှ အဆုံးထိ စိတ်လှုပ်ရှားစရာကောင်းပါတယ်...ဆုကြီးပေါင်း (၈)ဆုရထားသလို IMDB ရော Rotten ရော အလန်းဆုံးအဆင့်မှာရှိလို့ လက်မလွှတ်စေလိုကြောင်း ပြောကြားပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်...File Size : (2.5 GB) and (1 GB) Quality : HEVC ...
movie

Judas and the Black Messiah(2021)

HEVC 1080p 5.1
A Taxi Driver (2017) 7.9
A Taxi Driver (2017) A Taxi Driver (2017)IMDb - 7.9/10_____Rotten - 96%   IMDb Rating 7.9Rotten Tomattoes 94% အထိ ရထားတဲ့ တောင်ကိုရီးယားရဲ့သမိုင်းဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရမ်း အရေးပါတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးပါ။သမိုင်းဝင်ဖြစ်ရပ်မှန် ဇာတ်လမ်းမို့ ကိုးရီးယားမှာ သမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သလို ကိုးရီးယားလူဦးရေရဲ့ ၅ပုံ၁ပုံလောက်ကို ရုပ်ရှင်ရုံမှာ လာရောက်အားပေးလို့ ရုံတင်ချိန် အကြာဆုံး ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ဒီကားအကြောင်းမပြောခင် ကိုးရီးယားသမိုင်းကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။ဂျပန်လက်အောက်က လွတ်လပ်ရေးရပြီး 16 နှစ်တိုင်တိုင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။၁၉၇၉ အောက်တိုဘာမှာ အရင်သမ္မတ လုပ်ကြံပြီးဒီဇင်ဘာမှာ စစ်တပ်ကပဲ စစ်အာဏာသိမ်းလိုက်ပါတယ်။ဒီနောက်ပိုင်း နိုင်ငံရေးသမားတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ နိုင်ငံသူနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးပေးဖို့ လှုပ်ရှားဆန္ဒပြလာကြလာကြလို့ အခြေအနေတင်းမာလာလို့ Martial law ပြဌာန်းပြီး အကြမ်းဖက်နှိမ်နှင်းခဲ့သလို တက္ကသိုလ်ကျောင်းတွေ ယာယီပိတ်ထားလိုက်ပါတယ်။သတင်းတွေလည်း အမှောင်ချထားလိုက်ပါတယ်။ကျန်တဲ့မြို့တွေ ...
movie

A Taxi Driver (2017)

2017
Yamato (2005) 6.5
Yamato (2005) [ Unicode ]ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များ စစ်ပွဲတွင်စတင်ပြီးစစ်ရှုံးခဲ့ကြပါတယ် ကာမီအို ပါဝင်တဲ့ အထူးဂျူနီယာအရာရှိများ ယာမာတိုသင်္ဘောကြီးပေါ်ရောက်ပြီး ဗိုလ်ကြီး မိုရီဝါကီနဲ့ အူချီဒါတွေနဲ့တွေ့ဆုံပါတော့တယ်ဒါပေမယ့် ဒီတိုက်ပွဲဟာဆိုရင် ဂျပန်အင်ပါယာရေတပ်ရဲ့ မှတ်သားဂုဏ်ယူစရာတိုက်ပွဲတဟ်ခုဖြစ်ခဲ့ပါတယ် ဒီထဲမှာဆိုရင် တပ်သားတွေရဲ့ နိုင်ငံအပေါ်ထားတဲ့ မျိုးချစ်စိတ်နဲ့ ယာမာတိုသင်္ဘောကြီးအပေါ်မှာထားတဲ့ ချစ်မြတ်နိုးစိတ်တို့ကိုတွေ့မြင်နိုင်တဲ့အပြင် ရဲဘော်အချင်းချင်းဖေးမရင်း နိုင်ငံအတွက် သေတဲ့အထိ တိုက်ခိုက်သွားကြတဲ့ပုံစံတွေကို ဝမ်းနည်းကြေကွဲဖွယ်တွေ့မြင်နိုင်မှာဖြစ်ပါတယ်( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ပါ )  [Zawgyi]ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များ စစ်ပွဲတွင်စတင်ပြီးစစ်ရှုံးခဲ့ကြပါတယ် ကာမီအို ပါဝင်တဲ့ အထူးဂျူနီယာအရာရှိများ ယာမာတိုသင်္ဘောကြီးပေါ်ရောက်ပြီး ဗိုလ်ကြီး မိုရီဝါကီနဲ့ အူချီဒါတွေနဲ့တွေ့ဆုံပါတော့တယ်ဒါပေမယ့် ဒီတိုက်ပွဲဟာဆိုရင် ဂျပန်အင်ပါယာရေတပ်ရဲ့ မှတ်သားဂုဏ်ယူစရာတိုက်ပွဲတဟ်ခုဖြစ်ခဲ့ပါတယ် ဒီထဲမှာဆိုရင် တပ်သားတွေရဲ့ နိုင်ငံအပေါ်ထားတဲ့ မျိုးချစ်စိတ်နဲ့ ယာမာတိုသင်္ဘောကြီးအပေါ်မှာထားတဲ့ ချစ်မြတ်နိုးစိတ်တို့ကိုတွေ့မြင်နိုင်တဲ့အပြင် ရဲဘော်အချင်းချင်းဖေးမရင်း နိုင်ငံအတွက် သေတဲ့အထိ တိုက်ခိုက်သွားကြတဲ့ပုံစံတွေကို ဝမ်းနည်းကြေကွဲဖွယ်တွေ့မြင်နိုင်မှာဖြစ်ပါတယ်( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu ...
movie

Yamato (2005)

2005
Experimenter (2015) 6.6
Experimenter (2015) Experimenter (2015)ဒီကားကတော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။ လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့ မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။ ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။"ကျွန်တော်တို့က ...
movie

Experimenter (2015)

2015
Gandhi (1982) 8.0
Gandhi (1982) Gandhi (1982)============IMDb Rating - 8.0/10ခေတ်သစ် Civil Disobidence အယူအဆကို ဖန်တီး‌ဖော်ထုတ်ခဲ့တာကတော့ အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ လို့ဆိုပါတယ်။၊Civil Disobedience Movementရဲ့ သက်ရောက်မှုကို သိပ်အယုံအကြည်မရှိတဲ့လူတွေ ရှိကောင်းရှိပါလိမ့်မယ်။ဂန္ဒီလုပ်ခဲ့တဲ့ CDMရဲ့ သက်ရောက်မှုဟာ တစ်စတစ်စနဲ့ ဗြိတိသျှတို့ရဲ့ ကြီးမားလှတဲ့ အင်ပါယာကြီးကိုတောင် အတော်လေး အထိနာစေခဲ့ပါတယ်။ သူရဲ့ဝါဒကတော့ ရှင်းပါတယ်။ အကြမ်းမဖက်ဘူး မပူးပေါင်း မနာခံဘူး။အကြမ်းမဖက်တာက အ‌ပြောတော့လွယ်ပါတယ် တစ်ဖက်က အကြမ်းဖက်လို့ ကိုယ့်အသားနာလာရင် သွေးရူးသွေးတန်းနဲ့ ပြန်အကြမ်းဖက်မိနိုင်‌ခြေသိပ်များပါတယ်။ အထူးသဖြင့် အကြမ်းမဖက်လို့ ရနိုင်မယ့် အကျိုးကျေးဇူးကို မသိရင်ပေါ့။ပြောရရင် CDMရဲ့ နောက်ဆက်တွဲအကျိူးကျေးဇူးကို မသိရင်ပေါ့။ ဂန္ဒီလက်ကိုင်ထားခဲ့တဲ့ဝါဒဟာ Civil Disobidenceပါပဲ။ CDMနဲ့ ပက်သက်ပြီး ဒီရုပ်ရှင်မှာ ဖြစ်ရပ်မှန် သာဓကတွေအများကြီးပါပါတယ်။CDMကို ဒီရုပ်ရှင်သာမကြည့်ခဲ့မိရင် ဒီလောက်အထိစွမ်းမယ်လို့ လုံး၀ဥဿုံ ထင်ချင်မှလည်းထင်မိမှာပါ။ မိတ်ဆွေတို့ကိုတော့ မဆိုလိုဘူးပေါ့။ ဒါကျွန်တော့်ရဲ့တုံးအမှုပါပဲ။ဂန္ဒီပြောသလိုပါပဲ "သူတို့ ကျုပ်တို့ကို ကြိုက်တာလုပ်လို့ရပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ နာခံမှုကိုတော့ ကျုပ်မပေး မချင်းသူတို့မရနိုင်ပါဘူး"CDMဟာ အင်အားချင်းမတုံ့ပြန်နိုင်တဲ့လူတွေအတွက် အကောင်းဆုံးလက်နက်ပါပဲ။မိတ်ဆွေ ဒီထက်နားလည်သွားမှာတွေအများကြီး ပိုပါပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် မပြောပြတတ်ပါဘူး။ မပြောချင်တာ မဟုတ်ပါဘူး။နိုင်ငံရေးနဲ့ပက်သက်ပြီး ကျွန်တော် ဘာမှနားလည်တဲ့လူတော့ မဟုတ်ပါဘူး ဒါပေမဲ့ သေချာတာက ခင်ဗျား ဒီရုပ်ရှင်ကိုကြည့်ပြီး CDMအစစ်ရဲ့ သက်ရောက်မှုကို ကောင်းကောင်းကြီးသိသွားမှာပါ။ ဒါပါပဲ။ CDMနဲ့တစ်နိုင်ငံလုံး ပက်သက်နေတဲ့အချိန်မှာ ဒီရုပ်ရှင်ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။ ကြည့်ကြစေချင်ပါတယ်။ ဒါကျွန်တော့်ရဲ့ စိတ်‌စေတနာအမှန်ပါပဲ။တစ်ခါတလေကျ ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ ဘာမှမတတ်နိုင်ပါဘူးလို့ ထင်ကောင်းထင်ရတဲ့ နေ့တွေရှိမယ်။ ကိုယ့်ဖြစ်တည်မှုရဲ့ သိမ်ဖျင်းသေးနုပ်မှုကို စိတ်ပျက်အားငယ်မိတဲ့နေ့တွေရှိမယ်။တစ်ခါတလေ ဒီကမ္ဘာကြီးက အဓိပ္ပာယ်မရှိပါဘူးလို့တွေးမိတဲ့ အခါတွေများမှာ အဓိပ္ပာယ်ရှိခဲ့တဲ့လူတစ်ယောက်ရဲ့ ဘ၀အကြောင်းကို သိထားတာဟာ ကျွန်တော်တို့ ဘာမှမတတ်နိုင်ဘူးထင်ရတဲ ကမ္ဘာကြီးမှာ မျှော်လင့်စရာကလေးတွေ ကျန်သေးကြောင်း အသိပေးကောင်းပေး နိုင်ပါလိမ့်မယ်။တကယ်လို့်များ မိတ်ဆွေစိတ်ပျက်အားငယ်မိရင် ဂန္ဒီပြောဖူးတဲ့စကားလေးတစ်ခုကို သတိရလိုက်ပါ။ " ...
movie

Gandhi (1982)

1982
One Second ( 2020 ) 7.3
One Second ( 2020 ) ဒီကားလေးကတော့ Box office worldwideမှာ $10600000အထိဝင်ငွေစံချိန်တင်ရရှိထားတဲ့Nov27 2020မှာထွက်လာတဲ့ Drama History အမျိုးအစားဖြစ်ပါတယ်1975ခုနစ် တီဗီတွေမရှိသေးချိန်ဖလင်နဲ့ ပိတ်ကားပေါဇာတ်ကားပြလေ့ရှိပါတယ်..ွဒီအချိန်မှာ ဇာတ်ကားမပြသခင်လာတဲ့ သတင်းအတိုအထွာမှာ၂၂ရက်နေ့ ပါလာတဲ့သမီးလေးပါတဲ့ one secondစာမြင်ကွင်းကိုကြည့်ရဖို့အလုပ် ကြမ်းထောင်ကနေထွက်ပြေးလာတဲ့ကျန်းကျုံစိမ်း..ဖလင်လိပ်တွေကိုမီးပုံးလုပ်ပေးဖို့လိုက်ခိုးယူနေတဲ့လျိုကွေးနွီ...ဖလင်လိပ်တွေလမ်းမှာပျက်ဆီးသွားလို့ အလုပ်မပြုတ်ဖို့ အရေး ကြိုးစားရတဲ့ဖန့်တျန့်ရင်တို့သုံးယောက်သားဆုံကြတဲ့အခါ....ဖလင်လိပ်တစ်လိပ်ပဲရှိချိန် ဖလင်ဆေးရည်လဲမရှိတဲ့အချိန်မှာ ဘယ်လိုတွေကြိုးစားပြီးပြန်ရယူမလဲ...ကျန်းကျုံစိမ်းက ၂၂ရက်နေ့သတင်းအတိုအထွာမှာပါတဲ့သူ့သမီးလေးကို မြင်တွေ့ခွင့်ရနိုင်ပါ့မလား..ဇာတ်ကား ကြည့်ဖို့အရေးခက်ခဲမှုများစွာနဲရင်ဆိုင်ရတဲ့ ခေတ်ကာလကိုဖော်ပြသွားပြီးဖခင်တစ်ယောက်ရဲ့သမီးအပေါထားတဲ့သံယောဇဉ်ကိုမြင်ရမှာပါ  Quality : WEB-DL 720pFormat : mp4During : 1h 44minSubtitle : Myanmar Subtitle ( Hardsub )Translated By Phyo ZawEncoded By LK
movie

One Second ( 2020 )

The Gandhi Murder (2019) 5.4
The Gandhi Murder (2019) The Gandhi Murder (2019)====================IMDb Rating - 5.4/10၂၀၁၉ ခုနစ်ထွက် Historical/ Political ဇာတ်ကာဒချစ်သူတွေအတွက် A Must Watch ဇာတ်ကားတစ်ကားဖြစ်ပါတယ်....ကိုယ်နှုတ်နှလုံးသုံးပါးစလုံး ထပ်တူကျနေရင် ဒါဟာပျော်ရွှင်မှုပဲ အားနည်းတဲ့သူတွေဟာ ခွင့်မလွှတ်နိုင်ကြဘူး ခွင့်လွှတ်ခြင်းဆိုတာသန်မာတဲ့လူတွေပဲ ပိုင်ဆိုင်တဲ့အရည်အချင်းတစ်ခုဖြစ်တယ်လို့  မဟတ္တမဂန်ဒီက မိန့်ဆိုခဲ့ဖူးပါတယ်။အကြမ်းမဖက်ရေးလမ်းစဉ်သမား မေတ္တာရှင်ကြီး မဟတ္တမဟာ ၁၉၄၈ ခုနစ် ဇန်နဝါရီလ ၃၀ ရက်နေ့ နယူးဒေလီမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ ဂန္ဒီရဲ့အမြင်ကိုရိုက်ကူးထားတာမဟုတ်ပဲ လက်တွေ့ဘဝမှာရှိခဲ့တဲ့ ရဲအရာရှိသုံးယောက်ရဲ့အမြင်ကို ဝိရောဓိဆန်ဆန် မှီငြမ်းရိုက်ကူးထားတာဖြစ်ကြောင်း သတိချပ်စေချင်ပါတယ်။ အခြေတည်ထားတာက ဂန္ဒီလုပ်ကြံမခံရမီ အိန္ဒိနိုင်ငံ ပူပူနွေးနွေး လွတ်လပ်ရေးရပြီးကာစ ကာလမှာဖြစ်ပါတယ်...ပြည်တွင်းစစ်ဖြစ်လာတော့မှာ ကျိန်းသေသလောက်ဖြစ်နေပြီး အမျိုးဘာသာဂိုဏ်းကွဲ အစွန်းရောက်တွေကြောင့် နိုင်ငံဟာချောက်ထဲကျလုကျခင်အခြေအနေဖြစ်နေပါတယ်....ပါကစ္စတန်က ငွေကြေးထောက်ပံ့ဖို့ ကို ပယ်ချခံရတဲ့ကိစ္စအတွက် ဂန္ဒီဟာ အစာငတ်ခံဆန္ဒပြခဲ့တာကြောင့် ဟိန္ဒူပါတီဝင်တွေကမကျေမနပ်ဖြစ်ပြီး လုပ်ကြံဖို့ကြံစည်နေကြပါတယ်....အဲဒါကို ဘုံဘေရဲတပ်ဖွဲ့ဝင် ဒီစီပီဂျင်မီနဲ့ ဒီအိုင်ဂျီရေနာတို့က ကြိုတင်သတင်းရထားခဲ့ပေမယ့်  သူတို့ရဲ့ ...
movie

The Gandhi Murder (2019)

2019
The Rising Hawk (2019) 5.8
The Rising Hawk (2019) The Rising Hawk (2019) ===================IMDb Rating  5.8/10 ဒီနေ့အတွက် အမိုက်စား Action , Drama, History ကားလေးကိုတင်ပေးချင်ပါတယ်။မွန်ဂိုတွေ အင်အားကောင်းချိန် ၁၂၀၀ ကျော်ခုနှစ်ကာလကို ဇာတ်အိမ်တည်ထားပါတယ်။ဉရောပ - အာရှနယ်စပ် ယူကရိန်း အမေရိကန်နယ်မြေ၊ ကပ်သရီသန်တောင်းတန်းဒေသမှာအေးအေးချမ်းချမ်းနေထိုင်တဲ့ ယူက‌ရေးနီးယမ်းလူမျိုးတွေဟာ တောင်ယာလုပ် အမဲလိုက်တဲ့လူမျိုးတွေဖြစ်ပါတယ်။ ဒီလူမျိုးတွေရဲ့နယ်‌မြေကို ဂျင်ဂျစ်ခန်ရဲ့ မွန်ဂိုတပ်တွေ ကျူးကျော်တိုက်ခိုက်လာတဲ့အခါ.... မိမိနယ်မြေကို ဘယ်လိုခုခံကာကွယ်သွားမလဲဆိုတာ ကြည့်ရမှာပါ။ သမိုင်းစိတ်ကူးယဉ်၀တ္ထုကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပေမယ့် သမိုင်းကြောင်းတစ်ခုကိုပြန်လည် မြင်ယောင်ထင်မှတ်စေလောက်အောင်ကောင်းမွန်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - 2h 05minSubtitle – Myanmar HardsubFormat – Mp4Genre :  Action , Drama, ...
movie

The Rising Hawk (2019)

2019
The Legions (2019) 5.3
The Legions (2019) The Legions (2019)================IMDb Rating - 5.3/10ရုရှားဇာဘုရင်ရဲ့အုပ်ချုပ်မှုအောက်နေ ပိုလန်နိုင်ငံကြီးကိုလွတ်မြောက်ဖို့အတွက် ပိုလန်စစ်သည်တွေရဲ့ကြိုးပမ်းအားထုတ်ခဲ့တဲ့ တစ်ကယ့်သမိုင်းကြောင်းကိုအခြေခံပြီးရိုက်ကူးထားပါတယ်။ အင်အားသုံးဆလောက်ကွာတဲ့ မားသားရုရှားစစ်တပ်ကြီးကို ပိုလန်စစ်သည်တော်တွေရဲ့ရွပ်ရွပ်ချွံချွံရင်ဆိုင်တိုက်ခိုက်ခဲ့ပုံတွေ၊စစ်ပွဲအတွင်းကချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးတွေ၊ အသုံးချခံ FAလေးတစ်ယောက်ရဲ့ရင်နာစရာအဖြစ်အပျက်လေးတွေကို တွေ့မြင်ရပါလိမ့်မယ်။ ပိုလန်ရုပ်ရှင်ပွဲတော်မှာဆုနှစ်ဆုရခဲ့တဲ့ ဒီသမိုင်းကြောင်းနောက်ခံဇာတ်လမ်းလေးကို ခံစားကြည့်ရှု အကဲဖြတ်လိုက်ကြရအောင်လား…….ဇာတ်ကားကြာချိန် ၂ နာရီ ၂၀ မိနစ်ထိရှိတာကြောင့် တဝကြီးလည်း ကြည့်ရှုခံစားရစေမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေး Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - 2h 20minSubtitle – Myanmar HardsubFormat – Mp4Genre :  Drama, History, RomanceSource : 1080p.WebRipTranslator – Chit TeeEncoder – SWM
movie

The Legions (2019)

Cold Mountain 2003 7.2
Cold Mountain 2003 Cold Mountain(2003) ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Old but Gold အနေနဲ့ အရမ်းကောင်းတဲ့ ကားဟောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။နာမည်ကျော်သရုပ်ဆောင် Jude Lewနဲ့ Nicole Kidman တို့ပါ၀င်သရုပ်ဆောင်ထားတဲ့ Cold Mountain ဆိုတဲ့ ဒီကားလေးဟာ Imdb Rating 7.2/10 Rotten Tomatoes 71% တောင်ရရှိထားတဲ့ကားလေးပါ။ ဇာတ်ကားလေးကတော့ ကိုး‌မောင်တိန်လို့ ခေါ်တဲ့မြို့လေးကနေ အခြေတည်ထားတာပါ။ကျွန်စနစ်ဖျက်သိမ်းရေးပေါ် အငြင်းပွားပြီးမြောက်ပိုင်းနဲ့တောင်ပိုင်း ပြည်တွင်းစစ်အတွက် တိုက်ခိုက်ဖို့မြို့ထဲမှာရှိတဲ့ ယောကျာ်းသားတွေ အရမ်းစိတ်အားတက်ကြွနေတဲ့အချိန်လေးပေါ့။အဲဒီကိုးမောင်တိန်မြို့လေးကို ဘုန်းတော်ကြီးတစ်ပါးနဲ့သူ့သမီးလေးဖြစ်သူ အေဒါက ပြောင်းလာခဲ့ပါတယ်။ပြောင်းလာပြီးသိပ်မကြာခင်မှာပဲ စစ်ပွဲတွေက စတင်ကာအင်းမန်းတို့ စစ်တိုက်ထွက်ရပါတော့တယ်။အင်းမန်းနဲ့ အေဒါတို့မှာအတူတူရှိချိန်နည်းပါးခဲ့ပေမယ့် ကျွန်မစောင့်နေမယ်ဆိုတဲ့ ကတိလေးကတစ်ဘ၀လုံးစာအတွက်လုံလောက်သွားခဲ့သလိုပါပဲ။အေဒါကအခက်အခဲတွေကြားက အင်းမန်းပြန်အလာကိုစောင့်နေခဲ့ပါတယ်။ဒါပေမယ့် စစ်ပွဲကထင်သလိုဖြစ်မလာခဲ့ပဲ နှစ်များစွာကြာလာခဲ့ပါပြီ။စစ်ပွဲကနေ ထွက်ပြေးတဲ့သူတွေကိုလည်း မြို့စောင့်တပ်တွေက ခွေးတစ်ကောင်လို သတ်ဖြတ်ပစ်နေတဲ့အချိန်ဖြစ်လာပါတယ်။ချစ်ရတဲ့သူတစ်ယောက်တည်း စောင့်မျှော်နေတာကိုသိနေရတဲ့ အင်းမန်းတစ်ယောက် ဘယ်လိုဆက်လုပ်မလဲ? မိုင်ပေါင်းထောင်ချီ‌ေ၀းကွာနေတဲ့ ကိုးမောင်တိန်ကိုပြန်ရောက်နိုင်မှာလားဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။လွမ်းမောဖွယ် ချစ်ခြင်းမေတ္တာနဲ့ စစ်အတွင်းအခြေအနေတွေကို ...
movie

Cold Mountain 2003

Homme Fatale (2019) 6.7
Homme Fatale (2019) Homme Fatale 2019 ဒီဇာတ်လမ်းမှာတော့ 2PM က Lee Joon-Ho ကို playboy အဖြစ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ် ပျောက်ချက်သားကောင်းနေတဲ့ Mischievous Kiss က မမ Jung So-Min ကလည်း အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်   ဇာတ်လမ်းအကျဉ်း ဟောဆဲ့က ကချေသည်မိခင်က မွေးဖွားလာတဲ့ မျိုးရိုးနိမ့်တစ်ယောက်ပါ မိခင်ဆုံးပါးပြီးနောက် ကချေသည်အိမ်မှာပဲ ကချေသည်တွေကြားမှာ ကြီးပြင်းလာခဲ့တယ် ကချေသည်တွေကသာ သူ့ရဲ့ မိသားစုဖြစ်လာခဲ့တယ် တစ်ရက်မှာ ကချေသည်အိမ် အကြွေးနဲ့ သိမ်းခံရမယ့် အခြေအနေကိုရောက်လာတယ် ဟောဆဲ့လည်း မနေသာတော့ပဲ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေကူရှာတဲ့အခါမှာတော့ ယောက်ျား ကချေသည်အဖြစ်နဲ့ မိန်းမတွေကို ဖျော်ဖြေရသူဖြစ်လာတယ် တကယ်က သူ့မှာ အရမ်းချစ်တဲ့ မိန်းကလေးရှိတယ် သူ့ရဲ့ ဒီလိုအခြေအနေမှာ သူချစ်တဲ့ကောင်မလေးနဲ့ နီးစပ်နိုင်ပါ့မလား သူတို့ရဲ့ အချစ်ကို ဘယ်လို ပုံဖော်ပြမလဲဆိုတာ  ဒီဇတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်File Size –  996MB Quality – 1080p ...
movie

Homme Fatale (2019)

2019
God Of War Zhao Zilong ( 2020 ) 6.2
God Of War Zhao Zilong ( 2020 ) အခုတင်ဆက်ပေးမဲ့ကားလေးကတော့ဟန်မင်းဆက်နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအရှုပ်အထွေးတွေအကြောင်းကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပါတယ်Mobile Legend ထဲက Hero တစ်ယောက်ဖြစ်တဲ့ Zhao Zilong ရဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်ကျစ်လုံဟာဆိုရင် ရှုံးပွဲမရှိဖူးတဲ့ အဖြူရောင်မြင်းစီးသူရဲကောင်းအဖွဲ့ရဲ့စစ်သူကြီးတစ်ယောက်ပါ ဒါပေမဲ့ ကျစ်လုံဟာ ချင်ကျုံစစ်ပွဲမှာ ညီနောင်အများစုတိုက်ပွဲကျခဲ့ပြီး သူ့ရဲ့ အစ်ကိုဖြစ်သူ တိုက်ပွဲကျသွားတဲ့ အဖြစ်ကြောင့်နိုင်ငံရေးအရှုပ်အထွေးတွေကနေ အနားယူခဲ့ပါတယ် သို့ပေမဲ့ ခုနှစ်နှစ်ကြာပြီးတဲ့အခါမှာကျစ်လုံအနေနဲ့ ပရမ်းပတာဖြစ်နေတဲ့ နိုင်ငံတော်ကြီးကို ပြန်လည်မွန်းမံ့ဖို့နိုင်ငံအရှုပ်အထွေးတွေနဲ့ ပြန်လည် ပတ်သတ်ရတဲ့အခါမှာတော့ ကျစ်လုံအနေနဲ့ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံ့အရေးတွေကြားမှာ ဘယ်လိုနောက်တစ်ဖန်ပြန်ရပ်တည်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦးနော်  Filesize : 0.99GB Quality : WEB-DL 720p Format : mp4 Subtitle : Myanmar Subtitle ( Hardsub ) Translator  : Yamin Ei Encoder : LK
movie

God Of War Zhao Zilong ( 2020 )

Sacrifice ( 2020 ) 5.6
Sacrifice ( 2020 ) Sacrifice ( 2020 )အညွှန်း**********************2020 october 23မှာထွက်လာတဲ့ Action Drama War ဖြစ်ရပ်မှန်စစ်ကားကောင်းပါBox officeမှာ $161,047608ဝင်ငွေစံချိန်တင်ရရှိထားလို့ စိတ်ကျေနပ်မှုရစေမှာသေချာပါတယ်1953Korea Warရဲ့နောက်ဆုံးပိုင်းကာလ အမေရိကန်နဲ့ ကျင်းကန်းချွမ်းမှာတိုက်ပွဲဖြစ်နေစဉ် တရုတ်ဘက်က တပ်ကူပေါင်းသောင်းချီကို မနက် 6 နာရီမတိုင်ခင်ပို့ပေးရမှာပါ...ဲတိုက်ပွဲနယ်မြေကိုရောက်ဖို့ ရေစီးသန်လှတဲ့မြစ်ကြောင့် တံတားကနေကျော်ဖြတ်မှရနိုင်ပါမယ်အမေရိကန် လေတပ်ကယာဉ်ပျံတွေဟာ တရုတ်ဘက်ကတပ်ကူတွေကျင်းကန်းချွမ်းဆီရောက်မလာနိုင်ဖို့ တံတားကိုအကြိမ်ကြိမ်ဖျက်ဆီးပေမယ့်ဘယ်လိုတွေအသက်စွန့် ပြီးပို့ဆောင်ပေးမလဲဆိုတာကို ရင်နင့်ဖွယ်တွေ့မြင်ရမှာပါ.....ဒီဇာတ်ကားမှာတခြားဇာတ်ကားတွေနဲ့မတူညီတဲ့ဖော်ပြမှုတွေရှိနေပါတယ်....အပိုင်းလေးပိုင်းခွဲပြီးရှုထောင့်အမျိုးမျိုးကို မြင်နိုင်အောင်ရိုက်ကူးပြသထားလို့ စစ်ပွဲတွေရဲ့ သဘောသဘာဝကိုပိုနားလည်လာမိပါတယ်၁..တပ်သားတွေအပိုင်း၂..ရန်သူ့တပ်သားတွေဘက်ကခံစားမှု၃..အမြှောက်တပ်သားတွေအပိုင်း၄.နောက်ဆုံးတံတားကိုကျော်ဖြတ်တဲ့အပိုင်း..အပိုင်းတစ်ပိုင်းစီအလိုက် သူတို့ရဲ့အခြေအနေဖြစ်ပျက်မှုတွေ ခံစားမှုတွေကိုရိုက်ပြတာဖြစ်လို့တစ်ချို့မြင်ကွင်းတွေကို အကြိမ်ကြိမ်ပြသမှာပါ..စစ်ပွဲကိုရှုထောင့်အမျိုးမျိုးက ရိုက်ကူးပြလို့ စစ်ပွဲတစ်ပွဲရဲ့ခက်ခဲမှုတွေကို တွေ့မြင်ခံစားမိပါတယ်  Filesize : ( 2.2 GB )  and ( 1.3 GB ) Quality : WEB-DL 1080p ( HEVC ) & WEB-DL 720p Format : Mkv ( 1080p ...
movie

Sacrifice ( 2020 )

[18+] A Frozen Flower (2008) Director’s Cut Version 7.2
[18+] A Frozen Flower (2008) Director’s Cut Version  ဒီကားကတော့ အတော်လေးထူးခြားတဲ့ ဇာတ်ကားပါ......တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားတဲ့ ရာဇဝင်ဇာတ်ကားဖြစ်ပြီးတော့လူတွေရဲ့ Dark Side ခြမ်းကို ထင်ပေါ်အောင် ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်...မင်းသမီးက Running Man ရဲ့ နာမည်ကျော် Song Ji Hyo  ဂျီဟိုဖြစ်ပြီး သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ဩချရမှာပါ..။မင်းသားတွေကလဲ နာမည်ကျော်တွေချည်းပါပဲ...Jo In-sung , Joo Jin-Mo တို့အဓိကနေရာကပါဝင်ထားပြီးတော့ အဲ့ခေတ်ကနာမည်မရှိသေးတဲ့ Song Joong‑ki တောင် အရံအဖြစ် ပါဝင်ထားတာပါ။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်....Gore ရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ Joo Jin Mo ဟာ Gay တစ်ယောက်ပါ...ဘုရင်ကဂေးတာဆိုတော့ ပွဲက လှနေပါပြီ...သူဟာ ယမ်မင်းဆက်ရဲ့မင်းသမီး Song Ji Hyo နဲ့လက်ထပ်ခဲ့ပေမယ့်သူတို့မှာထီးနန်းကိုဆက်ခံနိုင်မယ့် သားသမီးမထွန်းကားလာခဲ့ပါ....အဲ့ဒါကြောင့်ပဲ မင်းကြီး Joo Jin Mo နဲ့ ယမ်မင်းဆက်ဘုရင်ကြီးတို့မှာ ဖိအားတွေရှိလာခဲ့ပါတယ်...တစ်ဖက်မှာတော့ မင်းကြီး Joo Jin Mo ရဲ့ ကိုယ်ရံတော်ဖြစ်တဲ့ ...
movie

[18+] A Frozen Flower (2008) Director’s Cut Version

2008
HEVC 1080p 5.1
[18+] The Concubine (2012) 6.1
[18+] The Concubine (2012) ငယ်စဉ်ကအတူကြီးပြင်းလာခဲ့တဲ့ချစ်သူနဲ့ ကိုယ်ဝန်ရခဲ့သော်လည်း ဖခင်အမတ်ကြီး အသတ်ခံရမှာစိုးတဲ့အတွက် မိဖုရားဖြစ်လာခဲ့သူ ဟွယွန်ဟွယွန်ကို ငယ်စဉ်ကတည်းက စိတ်ဝင်စားသော်လည်း လက်လွတ်ခဲ့ရပြီး ဘုရင်ဖြစ်လာမှ မရမကယူချင်နေတဲ့ ဆောင်ဝမ်အမတ်ကြီးသမီးနဲ့ချစ်မိလို့ ယောက်ကျားစစ်စစ်ဘဝဆုံးရှုံးလိုက်ရပြီး လက်စားချေဖို့အတွက် နန်းတွင်းထဲကို ကုန်းကုန်းအဖြစ် ဝင်ရောက်လာသူ ကွမ်ယိုအာဏာမက်မောလွန်းတဲ့အတွက် လက်ရှိဘုရင်ကိုသတ်ပြီး သားဖြစ်သူ ဆောင်ဝမ်ကို ရုပ်သေးဘုရင်အဖြစ် အသုံချပြီး နန်းတော်ကိုချယ်ခြယ်နေတဲ့ မယ်တော်ကြီးအဲဒီ ဇာတ်ကောင်တွေဦးဆောင်တဲ့ဒီဇာတ်ကားဟာ အာဏာ၊ တဏှာ၊ အချစ်၊ မိခင်မေတ္တာနဲ့ လက်စားချေမှုတို့ကို ပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အာဏာဟာ လူတွေကို ဘယ်လောက်စေစားနိုင်လဲ၊ လူတွေကို ဘယ်လိုရူးသွပ်သွားစေနိုင်လဲဆိုတာ တွေ့ရမှာပါ။ ဒါ့အပြင် မိန်းမတွေရဲ့စိတ်ဓါတ်ဟာ ဘယ်လိုရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်။ မင်းသမီး Jo Yeo-jeong ကတော့ တီဗွီက ဇာတ်လမ်းတွဲတွေထဲမှာ မြင်ဖူးကြမှပါ။ဒီကားမတိုင်ခင်က Servant(2010) မှာကတည်းက လူတွေစိတ်ဝင်စားခဲ့တဲ့ Jo Yeo-jeong ဟာ ဒီ The Concubine(2012) ထွက်အပြီးမှာတော့ ...
movie

[18+] The Concubine (2012)

The Sword with No Name (2009) 6.3
The Sword with No Name (2009) [Unicode]ဒီတစ်ခေါက်မှာတော့ CM fan တွေအတွက် နန်းတွင်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါရစေမြောင်ဆောင်း မိဖုရားကြီး အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်Grand Prix Action Asia/ Best Action Asia Film စတဲ့ ဆုကြီးတွေကိုလည်းရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါမင်းသမီးကြီး Soo-Ae နဲ့ Stranger ဇာတ်ကားက မင်းသား Cho Seung-Woo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဂျာယောင်းဆိုတဲ့ အမျိုးသမီးဟာ ဂျိုဆွန်းရဲ့ မိဖုရားခေါင်ကြီး အဖြစ်ရွေးကောက်ခံရပါတယ်သူမ မိဖုရားဖြစ်လာမှာ မလိုလားသူတွေဟာ လုပ်ကြံသူ မူမြောင်းကို ငှားရမ်းပြီး သူမကို လုပ်ကြံခဲ့တယ်ဒါပေမယ့် မူမြောင်းဟာ အရင်တည်းက ဂျာယောင်းနဲ့ သိကျွမ်းခဲ့ပြီး ဂျာယောင်းကို တဖတ်သတ်ချစ်နေတဲ့သူဖြစ်လို့ လုပ်ကြံရမယ့်အစား ကယ်တင်ပေးခဲ့ပါတယ်ဂျာယောင်းမိဖုရားကြီး ဖြစ်သွားတဲ့ အခါမှာလည်း နန်းစောင့်တပ်သားဝင်လုပ်ပြီး ဆက်တိုက်ကာကွယ်ပေးခဲ့တဲ့နောက်...ထီးနန်းရဲ့ ရှုပ်ထွေးမှုတွေ နိုင်ငံရေး ပဋိပက္ခတွေကြားမှာသူချစ်တဲ့ မိဖုရားကြီးကို ဆက်လက်ကာကွယ်နိုင်မလားဆိုတာ ဒီဇာတ်ကားလေးမှာ ဆ်လက်ကြည့်ရှုကြပါနော်...။*** ...
movie

The Sword with No Name (2009)

Aftershock ( 2010 ) 7.5
Aftershock ( 2010 ) ဒီဇာတ်ကားလေးဟာ 2010 ခုနှစ်ကထွက်ရှိထားပြီး Vote ပေါင်း 8603 နဲ့imdb မှာ 7.5 အထိ Rating ကောင်းထားတဲ့ ဇာတ်ကားလေးပါပဲRotten Tomatoes လည်း 91 % ရထားပါတယ်သဘာဝဘေးအန္တရာယ်ဆိုတာ ကြုံလာရင် လူတိုင်းရှောင်လွှဲလို့မရတဲ့ကပ်ဆိုးကြီးတစ်ခုပါ ဒီလိုကပ်ဆိုးတွေကြောင့် ပျော်ရွှင်နေရတဲ့ မိသားစုတွေသေကွဲတွေသာမက ရှင်ကွဲပါကွဲကြရပါတယ် ယခုတင်ဆက်ပေးမဲ့ ရုပ်ရှင်ရဲ့အကြောင်းအရာဟာဆိုရင်ဖြင့် ၁၉၇၆ခုနှစ် တရုတ်နိုင်ငံ ထန်ရှန်မြို့မှာ ဖြစ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့သူ နှစ်သိန်းလေးသောင်းရဲ့ ဘဝတွေကိုအမှတ်ရအောက်မေ့ဖွယ်ရာ တင်ဆက်ထားခြင်းဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ငလျင်ဘေးကြီးကြောင့် ပြိုကွဲသွားရတဲ့ မိသားစုလေးအကြောင်းကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ဇာတ်ကြောင်းလေးကတော့....ထန်ရှန်မြို့လေးမှာ ယွမ်နီဆိုတဲ့ အမျိုးသမီးလေးဟာ အမွှာ သား သမီးနှစ်ယောက်ယောကျာ်းနဲ့အတူ မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူ တစ်ယောက်ပါဒါပေမဲ့ ကံအကြောင်းမလှတဲ့အခါမှာတော့ ထန်ရှန်မြို့မှာ ငလျင်အကြီးစားတစ်ခုလှုပ်ခတ်ပြီး ယောကျာ်းဖြစ်သူက ယွမ်နီကို ကာကွယ်ရင်း ငလျင်ဘေးမှာ ဆုံးပါးသွားခဲ့ပါတယ်ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလို ယောကျာ်းသာသေရုံမကပဲကလေးနှစ်ယောက်ဟာလည်း ကွန်ကရစ်တုံးကြီး အောက်မှာပိမိပြီး တစ်ယောက်ပဲကယ်လို့ရမဲ့ ...
movie

Aftershock ( 2010 )

King Naresuan 5 (2014) 5.8
King Naresuan 5 (2014) Part 5 =========== ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့ အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။ ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့ တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့ အကြောင်းပါ။ ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။ နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။ Translator - Hazel Encoder - Thit San Khant
movie

King Naresuan 5 (2014)

2014
King Naresuan 4 (2011) 6.1
King Naresuan 4 (2011) Part 4 =========== ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့ အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။ ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့ တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့ အကြောင်းပါ။ ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။ နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။ Translator - Hazel Encoder - Thit San Khant
movie

King Naresuan 4 (2011)

2011
King Naresuan 3 (2011) 6.1
King Naresuan 3 (2011) Part 3 =========== ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့ အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။ ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့ တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့ အကြောင်းပါ။ ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။ နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။ Translator - Hazel Encoder - Thit San Khant
movie

King Naresuan 3 (2011)

2011