Channel Myanmar

History

King Naresuan 3 (2011) 6.1
King Naresuan 3 (2011) Part 3 =========== ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့ အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။ ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့ တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့ အကြောင်းပါ။ ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။ နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။ Translator - Hazel Encoder - Thit San Khant
movie

King Naresuan 3 (2011)

2011
King Naresuan Part 2 (2007) 7.2
King Naresuan Part 2 (2007) Part 2 =========== ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့ အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။ ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့ တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့ အကြောင်းပါ။ ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။ နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။ Translator - Nay Chi Encoder - Thit San Khant
movie

King Naresuan Part 2 (2007)

2007
Pearl Harbor (2001) 6.2
Pearl Harbor (2001) Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie

Pearl Harbor (2001)

2001
Buddhas Palm Technique (2020) 5.6
Buddhas Palm Technique (2020) ဒီတစ်ခေါက် ဗုဒ္ဓလက်ဝါးသိုင်းဆိုတဲ့ သိုင်းကားကိုမှာ ခေတ်ပေါ်အနေအထားနဲ့ရိုက်ထားတဲ့ တရုတ်အက်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ သိုင်းကားဆိုပေမယ့် ဒီဘက်ခေတ်မှာ ကျင်လည်နေတဲ့အပူအအေးခံစားချက်မဲ့ နာမှာမကြောက် သေမှာမကြောက်တဲ့ ညီမအတွက်အသက်ပေးပြီး ညီမအတွက် ရှင်သန်နေတဲ့ လုံကျန်းပေဆိုတဲ့ လူအကြောင်းကို အဓိက ရိုက်ကူးထားတာပါ။ဒီလို အများနဲ့မတူ တစ်မူထူးနေတဲ့အတွက် နတ်မျက်နှာဖုံးစွမ်းအားကိုထိန်းချုပ်နိုင်တဲ့လူအနေနဲ့ စမ်းသပ်အောင်မြင်ပြီး ဘုမသိဘမသိသိုင်းလောကထဲရောက်သွားခဲ့တယ်။ ညီမကို ကယ်ချင်တဲ့သူ့စိတ်ကို အသုံးချပြီးတစ်ဆင့်ချင်း သိုင်းကျင့်ပေးသွားတာတွေက အတော်လေး စိတ်ဝင်စားဖို့ကောင်းပြီးဒီဘက်ခေတ်ကားဖြစ်လို့ သိုင်းချတာတွေ မမြင်ရတော့ဘူးလို့တွေးမယ့်လူတွေကတော့ အတွေးမှားသွားပြီလို့ပြောချင်ပါတယ်။Translated & Review By Chu ChuEncoded By LK
movie

Buddhas Palm Technique (2020)

The Trial of the Chicago 7 (2020) 8.0
The Trial of the Chicago 7 (2020) တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ...ဟိ...နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။ဟား...ဟား.... ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD...၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ...
movie

The Trial of the Chicago 7 (2020)

2020
City of Life and Death (2009) 7.7
City of Life and Death (2009) [Unicode]City Of Life and Death (2009) =================IMDb - 7.7/10 Rotten Tomatoes - 92 %Cast : Ye Liu - Lu Jianxiong Gao Yuanyuan - Miss Jiang Hideo Nakaizumi - Kadokawa Ryu Kohata - Idaဒီကားဟာဆိုရင် ဟိုးအရင်ခေတ် စစ်ပွဲအကြောင်းကို ဖြူမဲ ပုံစံနဲ့ရိုက်ပြထားတဲ့ ဇာတ်ကားပါRating တွေလည်းအရမ်းကောင်းခဲ့ပြီး ကြည့်ရှူသူအရမ်းများခဲ့ပါတယ်ဇာတ်လမ်းဟာဆိုရင် ဒုတိယတရုတ်-ဂျပန်စစ်ပွဲအတွင်း ၁၉၃၇ မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်းကို အခြေခံရိုက်ကူးထားတာပါဂျပန်အင်ပါယာဟာ တစ်ခေတ်တစ်ခါက တရုတ်မြို့တော်ဖြစ်ခဲ့တဲ့ နန့်ကျင်းမြို့ကို သိမ်းပိုက်ခဲ့ပါတယ်အဲ့ဒါကို " နန့်ကျင်း သတ်ဖြတ်မှု့ " လို့ခေါ်ကြပြီး အကြောင်းအရင်းကတော့ တရုတ်စစ်သုံ့ပန်းတွေနဲ့ မြိုု့သူမြို့သားတွေကို ရက်ပေါင်းများစွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြလို့ပါဤရုပ်ရှင်သည်တရုတ်စစ်သား၊ ကျောင်းဆရာ၊ ဂျပန်စစ်သား၊ နိုင်ငံခြားသာသနာပြုနှင့်နာဇီစီးပွားရေးသမားဂျွန်ရာဘီ (တရုတ်မြို့သားတွေကိုကူညီသူ)အပါအဝင် ...
movie

City of Life and Death (2009)

MAL·MO·E: The Secret Mission(2019) 6.5
MAL·MO·E: The Secret Mission(2019) MAL·MO·E: The Secret Mission(2019)အရင်ဆုံး ဇာတ်ကားထဲကသရုပ်ဆောင်တွေအကြောင်းပြောရရင် ယောင်္ကျားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ..... တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်...ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ် ( ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် )ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်.....File Size :(1.04 GB) and (321 MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre :  Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

MAL·MO·E: The Secret Mission(2019)

The Spy 2019
The Spy 2019 ဒီဇာတ်လေးကတော့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ ဆွန်ဂျာ၀စ်ဂက်ဆိုတဲ့ အမျိုးသမီးဟာ ဒုတိယကမ္ဘာစစ်ကာလတုန်းက နာမည်ကြီးတဲ့ မင်းသမီးတစ်ယောက်ပါ။ တစ်နေ့မှာ တာဘိုဗန်လို့ ခေါ်တဲ့ နာဇီစစ်ဗိုလ် တစ်ယောက်ဟာ သူ့ကို မျက်စိကျသွားပြီး သူနဲ့အတူ ညစာစားဖို့ ဖိတ်ပါတော့တယ်။ ဒါပေမယ့် ဆွန်ဂျာဟာ မသွားခဲ့ပါဘူး။ ရလဒ်အနေနဲ့ ဆွန်ဂျာ့ရဲ့ အဖေဖြစ်သူ ထောင်ထဲရောက်သွားပါတယ်။ အဲ့ဒီအချိန်မှာ ဆွီဒင်အကြီးအကဲတစ်ယောက်ဟာ ဂျာမန် (နာဇီ) ဘက်က သတင်းတွေရဖို့ ဆွန်ဂျာ့ကို သူလျှိုလုပ်ဖို့ ကမ်းလှမ်းလာပါတော့တယ်။ သူလျှိုလုပ်ခြင်းအားဖြင့် သူ့ကို သဘောကျတဲ့ တာဘိုဗန်ကိုပါ ချဉ်းကပ်ပြီး အဖေဖြစ်သူ ထောင်ထဲကလွတ်အောင် ကယ်နိုင်မှာဖြစ်လို့ ဆွန်ဂျာဟာ ကမ်းလှမ်းမှုကို လက်ခံလိုက်ပါတော့တယ် ။ ဒါပေမယ့် ထူးဆန်းမှုတွေက ထပ်ပြီးဖြစ်လာပါတယ်။ နာဇီဗိုလ်မှူးကြီး တာဘိုဗန်ဟာ ဆွန်ဂျာ့ကို ယုံကြည်မှုလွန်ကဲသွားပြီး ဆွီဒင်ဘက်ကို သူ့အတွက် သူလျှိုသူလုပ်ပေးဖို့ ဆွန်ဂျာ့ကို ပြောလာပါတော့တယ်။ ဆွန်ဂျာတစ်ယောက် နှစ်ဖက်သူလျှိုလုပ်ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ...
movie

The Spy 2019

The 12th Suspect(2020) 6.5
The 12th Suspect(2020) The 12th Suspect(2020) ဆောင်းရာသီ ညတစ်ညမှာ နာမည်ကြီး ကဗျာဆရာ ဘဲ့ဒူဟွမ် အသတ်ခံခဲ့ရပါတယ်..... ကျော်ကြားတဲ့သူဖြစ်သလို အသတ်ခံရပုံကလည်း ဆန်းတဲ့အတွက်ကြောင့် လူထုအကြား အရမ်းကိုပျံနှံသွားတယ်... စာပေအသိုင်းအဝန်းအတွက်လည်း သတင်းဆိုးကြီးတစ်ခုပေါ့... ဒီအမှုကိုစုံစမ်းဖော်ထုတ်ဖို့ စုံစမ်းရေးမှူး ဂင်ဂီချာက  ကြိုးစားဖော်ထုတ်ပါတော့တယ်.... တကယ်ပဲ ဘဲ့ဒူဟွမ်က အသတ်ခံရတာလား...... တရားခံက ဘယ်သူဖြစ်မလဲ..... တကယ့်အကြောင်းရင်းမှန်က ဘာဖြစ်မလဲ ... နောက်ကွယ်က တခြားဘာအကြောင်းအရာတွေရှိနေဉီးမလဲဆိုတာကိုတော့ ဆက်လက် ခံစားကြည့်ပါ... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်.... File Size :(950 MB) and (359 MB) Quality :FHDRip 720p Format…mp4 Duration…01:46:00 Genre : History , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hay Thu Aye Encoded by Phyo Pyae
movie

The 12th Suspect(2020)

When Hitler Stole Pink Rabbit (2019) 7.8
When Hitler Stole Pink Rabbit (2019) ၁၉၃၂ခုနှစ်တုန်းက ဘာလင်မြို့မှာ အန်နာဆိုတဲ့ ၉နှစ်အရွယ် ကလေးမလေးတစ်ယောက်ရှိခဲ့တယ် သူမရဲ့ အဖေက နာမည်ကြီးဝေဖန်ရေးဆရာ အာသာကမ်ပါဖြစ်ပြီးတော့ အမေနာမည်က ဒေါ်ရသီယာပါတဲ့ သူမမှာ မက်စ်လို့ခေါ်တဲ့ ၁၂နှစ်အရွယ် အစ်ကိုတစ်ယောက်ရှိပြီး ဘာလင်မြို့မှာ မိသားစုအတူတကွပျော်ပျော်ရွှင်ရွှင်နေကြတယ် တစ်ရက်‌ ဟစ်တလာကရွေးကောက်ပွဲနိုင်လုဆဲဆဲအချိန်မှာ ဂျူးလူမျိုးဖြစ်ကြတဲ့ သူမတို့မိသားစုတတွေ နာဇီလက်ကလွတ်‌မြောက်ဖို့အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘာလင်ကနေပြေးကြရတော့တယ် အန်နာတို့တတွေ ဘယ်လိုအခက်အခဲတွေ ဘယ်လိုအပြောင်းအလဲတွေ ကြုံတွေ့ရမလဲ နေရာအသစ် ဘဝအသစ်ကို ဘယ်လိုဖြတ်သန်းကြမလဲ ဆိုတာ ကြည့်ရမှာဖြစ်ပါတယ်    File Size -  1.3 gb Quality - bluray 1080p 5.1 Subtitle -  burmese Translator - Shin Mon Lat Encoder - Thit San Khant
movie

When Hitler Stole Pink Rabbit (2019)

2019
Impasse Rescue ( 2020 ) 7.0
Impasse Rescue ( 2020 ) ဒီဇာတ်လမ်းလေးဟာတော့ တရုတ်ပြည်ရဲ့ သမိုင်းဝင် စစ်သူကြီး ဟွမ်ကျီကျိုက်အကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်မြို့နတ်မင်းလို့ တင်စားခေါ်ဝေါ်ရလောက်အောင်တော်လွန်းတဲ့ တပ်မင်းကြီး လီကျွေ့ဖုန်းကို ရှန်းမန်စစ်သည်တစ်သိန်းက ဝိုင်းထားလို့ ပေဖော်မြို့မှာပိတ်မိနေခဲ့ပါတယ် ဒီလိုပိတ်မိနေတဲ့ယောက္ခမလောင်းဖြစ်သူ တပ်မင်းကြီးကို ကယ်တင်ဖို့အတွက် မြို့တော်က စစ်တပ်ကိုလည်း စစ်ကူလွှတ်ရင် အလစ်ဝင်တိုက်ခိုက်ခံရမှာဆိုးလို့ ဒေသခံပြည်သူတွေ အကျဉ်းသားတွေနဲ့စုစည်းထားတဲ့ လူ ၈၀၀ ကို ဟွမ်ကျီကျိုက်တစ်ယောက် ဦးဆောင်ပြီး ထွက်လာခဲ့ပါတယ်  သူတို့လူ ၈၀၀ ဟာ ပေဖော်မြို့လေးမှာ ကိုယ်တတ်တဲ့အပိုင်းကနေဝိုင်းဝန်းကူညီဆောင်ရွက်ပေးရင်း ရှန်းမန်စစ်တပ်ကြီးနဲ   ဘယ်လိုတွေတိုက်ခိုက်ကြမယ်ဆိုတာကို ဇာတ်ကားလေးကြည့်ကြည့်လိုက်ပါဦးနော် Translated & Review By Htoo Htoo Ka JoeEncoded By LK
movie

Impasse Rescue ( 2020 )

Cold War (2018) 7.6
Cold War (2018) Cold War (2018)=============IMDb Rating 7.6/10#UnicodeCold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အ‌ရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စား‌တွေရဲ့ ဂီတ။ ကျွန‌်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတ‌တွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင‌်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံး‌ရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်၀င်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ...
movie

Cold War (2018)

2018
Fall in Love With My Badboy ( 2020 ) 6.7
Fall in Love With My Badboy ( 2020 ) FA မမတွေအကြိုက် အသည်းတယားယားကြည့်ရမယ့် အချစ်သိုင်းကားလေး လာပါပြီနော်ဂိုဏ်းထဲပညာသင်ဖို့ ဝင်ဝင်ချင်းမှာတင် ဂိုဏ်းတူအစ်ကိုကိုလူကြားထဲအရှက်ရအောင်လုပ်မိလို့ ပြန်တောင်းပန်ရတဲ့အနေနဲ့ သုံးလတိတိခိုင်းသမျှမညည်းမညူလုပ်ပေးနေရတဲ့ လင်ယွဲ့ရှန်း (ရှန်းရှန်း) ဟာ တစ်ဖက်မှာစည်းကမ်းတင်းကျပ် ဒေါသကြီးတဲ့ လုံရှောက်ချန် (ချန်) ညှဉ်းဆဲသမျှခံနေရပေမယ့်နာက်တစ်ဖက်မှာတော့ နူးညံ့နွေးထွေးပြီး သူ့ကိုအမြဲဖေးမပေးတတ်တဲ့သွမ်းမုကျယ် (ကျယ်) ရဲ့အာရုံစိုက်မှုကိုလည်း ခံနေရပါတယ်။အဖြူနဲ့အမည်း ဂျစ်ကန်ကန်နဲ့နူးနူးညံ့ညံ့ ပေပေတေတေနဲ့သပ်သပ်ရပ်ရပ်ဇီဇာကြောင်တတ်သူနဲ့နားလည်ပေးတတ်သူ ဒီလိုဆန့်ကျင့်ဖက်နှစ်ယောက်ဟာငယ်သူငယ်ချင်းတွေလည်းဖြစ်ကြတယ်။သူတို့နှစ်ယောက်ကြားမှာ ရှန်းရှန်းတစ်ယောက်ဘယ်လိုတွေ နေရလည်းဆိုတာကိုအားပေးကြည့်ရှုရင်း စိတ်ပျိုကိုယ်နု ဖြစ်ကြည့်ကြပါဦးနော်ဒီဇာတ်ကားလေးကို The Black Devil and The White Prince ဆိုတဲ့၂၀၁၆ ထုတ်ဂျပန်ကားလေး ကြည့်ဖူးတဲ့သူတွေတော့ ဇာတ်လမ်းအကြမ်းလောက်ကိုသိကြမှာဖြစ်ပေမမယ့်လို့ လုံးဝမတူတဲ့ အသွင်အပြင်နဲ့ဖီလင်နောက်တစ်မျိုးကို ရရှိမှာလည်း အသေအချာပဲဖြစ်ပါတယ် Translated & Reivew By Htoo Htoo Ka JoeEncoded By LK
movie

Fall in Love With My Badboy ( 2020 )

Glory 1989 7.8
Glory 1989 ဇာတ်လမ်းနာမည် ဂလိုရီ ဆိုတာကတော့ ဂုဏ်ကျက်သရေရှိတဲ့ အောင်မြင်မှုလို့ ဆိုလိုပါတယ်။ အမေရိကန် ပြည်တွင်းစစ် ကာလက တိုက်ပွဲတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ လူမည်းတွေ ကျွန်ဘဝက ကင်းလွတ်ခွင့်အမိန့်ကို သမ္မတ လင်ကွန်းက ထုတ်ပြန်ပြီးနောက် ပထမဆုံး လူမည်း တပ်ရင်းတစ်ခု ဖွဲ့စည်းခွင့် ပေးလိုက်ပါတယ်။ မက်ဆာချူးဆက် တပ်ရင်း (၅၄) ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ လူဖြူစစ်သားတွေကလည်း လူမည်းတွေကိုအထင်မကြီးသလို လက်ထဲကို သေနတ်အပ်ဖို့လည်း မယုံကြည်နိုင်သေးပါဘူး။ ပိုဆိုးသွားတာက တောင်ပိုင်းစစ်တပ်က မြောက်ပိုင်းက ဝင်တိုက်တဲ့ လူမည်းမှန်သမျှ သေဒဏ်ပေးမယ်လို့ ကြေညာစာတမ်း ထုတ်လိုက်တာပါပဲ။ အဲဒီအချိန်မှာ တပ်ရင်းမှူး က ထွက်လိုက ထွက်နိုင်ပြီလို့ ကြေညာခဲ့ပေမယ့် တစ်ယောက်မှ လျော့မသွားခဲ့တဲ့ တပ်ရင်းပါ။ ဒါပေမယ့် တပ်ရင်းတစ်ခုလုံးက စစ်မတိုက်ရသလို ဗြူဟာမှူးကိုယ်တိုင်က အလုပ်ကြမ်းတွေပဲ ခိုင်းထားပြီး နှိမ်ထားခဲ့ပါတယ်။ ဒါကို မခံနိုင်တဲ့ တပ်ရင်းမှူးက နောက်ဆုံးမှာ ...
movie

Glory 1989

The Bridge Curse ( 2020 ) 5.8
The Bridge Curse ( 2020 ) နောက်ဆုံးထွက် netflix Horror ဇာတ်ကားလေးပါပဲစိတ်ခြောက်ခြားဖွယ်သရဲကားကောင်းကြိုက်သူတွေအတွက်2020 augustလမှာထွက်ထားတဲ့ ထိုင်ဝမ်သရဲကားကောင်းလေးတစ်ကားဖြစ်ပါတယ်စတင်ထုတ်လွှင့်ချိန်ကနေ ခုချိန်ထိ Box office worldwideမှာ $347513ဝင်ငွေရရှိထားပါတယ်CGI effectတွေမပါပဲ ပြင်ပမှာတစ်ကယ်သရဲခြောက်ခံနေရသလိုရိုက်ကူးထားလို့စိတ်ခြောက်ခြားဖွယ်ကောင်းလှပါတယ် ဇာတ်လမ်းအကျဉ်းကတော့တက္ကသိုလ်ကျောင်းသားကျောင်းသူအုပ်စုတစ်ခုဟာ သတ္တိရှိမရှိစမ်းသပ်တဲ့ပွဲမှာပါဝင်တဲ့အဖွဲ့ဝင်များအောင်ကြော်ငြာဖို့ ည၁၂နာရီထိုးရင်သရဲခြောက်တယ်လို့နာမည်ကြီးလှတဲ့ သရဲမတံတားရဲ့လှေကားထစ်ကိုလျှောက်ပြရင်းlive လွှင့်ကြေငြာဖို့ ပြင်ဆင်ကြတဲ့အခါ...ဘယ်လိုတုန်လှုပ်ခြောက်ခြားဖွယ်တွေကစောင့်ကြိုနေမှာလဲ...သရဲမရဲ့ကျိန်စာကနေလွတ်မြောက်နိုင်ပါ့မလား...ထင်မထားတဲ့လှည့်ကွက်တွေပါတဲ့ စိတ်ခြောက်ခြားဖွယ် Horror ကားကောင်းတကားပါ Translated By Phyo ZawEncoded By LK
movie

The Bridge Curse ( 2020 )

The 24th(2020) 5.5
The 24th(2020) The 24th(2020)အမေရိကန်သမိုင်းမှာ အသားအရောင်ခွဲခြားမှုကြောင့်ဖြစ်ပေါ်လာတဲ့ လူမျိုးရေးအဓိကရုဏ်းတွေအများကြီးရှိပါတယ်။ဒီထဲမှာမှ ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ခုနှစ် အမေရိကန်နိုင်ငံ၊ဟူစတန်မြို့မှာဖြစ်ခဲ့တဲ့အဓိကရုဏ်းမှာတော့အမေရိကန်လူမည်းစစ်သားတွေပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့"၁၉၁၇ ဟူစတန်အဓိကရုဏ်း(သို့) လိုဂန်တပ်စခန်းပုန်ကန်မှု"ကိုအခြေတည်ပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားလေးပဲဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ရဲ့အမှတ်စဥ်(၂၄)ခြေလျင်တပ်ရင်းက လူမည်းစစ်သားတွေပါဝင်နေတဲ့အတွက်စစ်ပွဲကာလမှာတောင်စစ်တိုက်ခွင့်မရဘဲ အလုပ်ကြမ်းတွေပဲလုပ်ရတဲ့အပြင်နယ်ခံလူဖြူရဲတွေရဲ့ အနိုင်ကျင့်နှိပ်စက်မှုကိုလဲခံရပါတယ်။ လူမည်းတွေကိုဖိနှိပ်ထားတဲ့ဥပဒေကြောင့်တပ်ရင်းတစ်ခုလုံးသည်းခံခဲ့ကြပေမယ့် မတရားတဲ့ကိစ္စတစ်ခုအတွက်အသက်အန္တရာယ်ထိရန်ရှာလာခဲ့တဲ့အချိန်မှာတော့ အခြေအနေတွေကအဓိကရုဏ်းဖြစ်ဖို့ဦးတည်သွားပါတော့တယ်..ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး.ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ei Phyu Khin ပဲဖြစ်ပါတယ်....File Size : (900 MB) and (380 MB) Quality : WEB-DL  720p Format…mp4 Duration…01:41:00 Genre : Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Ei Phyu Khin Encoded by Phyo Pyae
movie

The 24th(2020)

Jessie ( 2019 ) 7.0
Jessie ( 2019 ) 2019 မှာထွက်ခဲ့တဲ့ Horror | Thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ စိတ်ဝင်စားစရာပဲပရော်ဖက်ရှင်သရဲတစ္ဆေလိုက်သူအဖွဲ့ဟာ ညီအမ ၂ယောက်မှာဖြစ်ပျက်နေတဲ့သဘာဝလွန်ကိစ္စတွေကိုသတိထားမိခဲ့ကြပါတယ်ဒါကြောင့် သူတို့တွေဟာ ညီမ၂ယောက်ရဲ့ ဆန်းကြယ်မှုကိုအဖြေထုတ်ဖို့ကြိုးစားကြပါတယ်ကြိုးစားနေတဲ့နေရာကတော့ စွန့်ပစ်ခံထားရတဲ့ အိမ်တလုံးမှာပေါ့အဲ့အိမ်မှာပဲ သရဲလိုက်သူ အဖွဲ့ဟာ အေမီနဲ့ ဂျက်ဆီတို့၂ယောက်ကိုမှတ်တမ်းရုပ်ရှင်ရိုက်ရင်း ထူးဆန်းတဲ့အဖြစ်အပျက်တွေကိုခြေရာခံတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ရအောင် Subtitle : Myanmar Sub ( Hardsub )Video Quality : WEB-DL 720pSubtitles Credit to Somonlian ( Subscene )
movie

Jessie ( 2019 )

Jesters: The Game Changers(2019) 6.5
Jesters: The Game Changers(2019) Jesters: The Game Changers(2019)ဒီတစ်ခေါက်မှာလည်း Historical တစ်ကား ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်...ပုံမှန်ကြည့်နေကျ နန်းတွင်းဇာတ်လမ်းတွေနဲ့တော့ နည်းနည်းကွဲထွက်ပြီး ဇာတ်လမ်းလေးဆန်းပါတယ်.......  ဂျိုဆွန်းခေတ် ဘုရင်ဆယ်ဂျို လက်ထက်မှာတော့ သမိုင်းမှတ်တမ်းတွေကို အမှန်တိုင်း​ မဖြစ်အောင် လိမ်လည်ဖို့ ကြံစည်ခဲ့ကြပါတယ်..ဘုရင် ဆယ်ဂျိုဟာ သစ္စာဖောက် အမတ်တွေနဲ့ အတူ အစ်ကိုနဲ့ တူတော်ဘုရင်ငယ်လေးကို သတ်ပြီး နန်းတက်ခဲ့ပါတယ်...ပြည်သူတွေကလည်း ပုန်ကန်ပြီး ဘုရင်ဖြစ်လာတဲ့ ဘုရင်ဆယ်ဂျိုကို အသိမှတ်မပြုခဲ့ကြပါဘူး ...အဲ့နောက် ၁၀ နှစ်အကြာ ဆယ်ဂျိုဘုရင်မှာ အနာကြီးရောဂါတွေဖြစ်လာခဲ့တယ် ...ဘုရင်ဟာ နတ်ရွာစံကာနီးကျမှ သမိုင်းမှာ ဘုရင်ဆိုးအဖြစ် မှတ်တမ်းတင်ခံရမှာ​ကိုကြောက်လာခဲ့တယ်...ဒါ​ကြောင့် အမတ်ချုပ်က စျေးတွေမှာ ပုံပြော ဇာတ်ကပြီး ဖျော်ဖြေတဲ့ လူရွှင်တော် အဖွဲ့ကိုငှားပြီး ဘုရင်ကို ပြည်သူတွေ အမြင်ကြည်ဖို့ဇာတ်လမ်းမျိုးစုံထွင်ပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (900 MB) and ...
movie

Jesters: The Game Changers(2019)

Forbidden Dream(2019) 6.9
Forbidden Dream(2019) Forbidden Dream(2019)Historical ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ၂၀၁၉ က ထွက်ရှိထားတဲ့ ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ် ...ဒီဇာတ်ကားလေးမှာတော့ ဂျိုဆွန်းဟာ တရုတ် မင် အင်ပါယာရဲ့ လက်အောက်ခံ အဖြစ် ရှိနေတုန်းက အချိန်ကို ရိုက်ကူးပြသထားတာပါ..ဇာတ်လမ်းအကျဉ်း.......ဂျန်ယောင်ရှီ ဟာ အရည်ချင်းရှိတဲ့ အမတ်တစ်ယောက်ဖြစ်ပြီး ဘုရင်နဲ့ နှစ် ၂၀ကြာသူငယ်ချင်း သံယောဇဥ် ရှိသူပါ...လူတန်းစားမခွဲတတ်တဲ့ ဆယ်ဂျုံဘုရင်ကြီးက အစေခံတစ်ယောက်ဖြစ်တဲ့ ဂျန်ယောင်ရှီရဲ့ တီထွင်နိုင်စွမ်းကိုသဘောကျပြီး အမတ်နေရာ ပေးခဲ့ပါတယ်...အဲ့နောက်မှာ ဂျန်ယောင်ရှီနဲ့ တူတူ  တီထွင်မှုမျိုးစုံစတင်ပါတော့တယ်...သူတို့တီထွင်မှုကို မြောင်နိုင်ငံက သိသွားတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါ...ဒီကားကကိုးရီးယားရဲ့အထင်ကရမင်းသားကြီးဖြစ်တဲ့ Min-sik Choi ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်...ဇာတ်လမ်းဇာတ်ကွက်လည်းကောင်းတဲ့အပြင် ဒိတ်ဒိတ်ကျဲမင်းသားကြီးဖြစ်လို့ကြည့်သင့်ပါကြောင်း ညွှန်းဆိုပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (1.02 GB) and (523 MB) Quality : FHDRip  720p Format…mp4 Duration…01:30:00 Genre : History ...
movie

Forbidden Dream(2019)

Rising Free 2019 6.6
Rising Free 2019 အခုတစ်​​ခေါက်​တင်​ဆက်​​ပေးထားတဲ့ Rising Free ဆိုတဲ့ဇာတ်​ကား​လေးထဲမှာ​တော့ ၁၉ရာစု အ​မေရိကန်​ပြည်​သူ​တွေရဲ့ စစ်​ပွဲ​တွေ သူပုန်​ရန်​​တွေကြား ရုန်​းကန်​ရပုံ​တွေ ဒုက္ခ​တွေကြားက ​မျှော်​လင်​့ချက်​နဲ့ရှင်​သန်​ရတာ​တွေကို ရိုက်​ကူးပုံ​ဖော်​ထားတာ ​တွေ့ရမှာပါ။ဘဝကိုကြမ်​းတမ်​းစွာ ဖြတ်​သန်​းခဲ့ရတဲ့ ​Nakomay ဆိုတဲ့ မိန်​းက​လေးဟာ ​အော်​ရီဂွန်​ပြည်​နယ်​က သူပုန​်​​တွေလက်​ချက်​နဲ့ မိသားစုကိုဆုံးရှုံးခဲ့ရပါတယ်​။မိသားစုကိုဆုံးရှုံးခဲ့ရတဲ့ ​ဖြစ်​ရပ်​​ကြောင်​့ ခံစား​နေရတဲ့ Nakomay ကို ကယ်​တင်​ခဲ့တဲ့ Ethel ိုတို့မိသားစုဟာ Nakomay ခံစား​နေရတာကို ကူညီ​ပေးရင်​း မျှ​ဝေခံစား​ပေးခဲ့ပါတယ်​။Ethel တို့မိသားစုဟာလည်​း စစ်​ပွဲကြားက ထွက်​​ပြေးကာ နာကျင်​စရာအတိတ်​​တွေကို ရင်​ဆိုင်​​ကျော်​ဖြတ်​​နေရတဲ့ သူ​တွေပါပဲ။ဒီဇာတ်​လမ်​း​လေးထဲမှာ​တော့​သေဆုံးသွားတဲ့ မိသားစုဝင်​​တွေအတွက်​ ယူကြုံးမရဖြစ်​​နေတဲ့ Nakomay​အတိတ်​ဆိုး​တွေကြားက မိသားစု​ပေါင်​းစည်​းနိုင်​​ရေးအတွက်​ ​ဖျောင်​းဖျရင်​း ​အေးချမ်​း​အောင်​​နေတတ်​သူ Ethelအားငယ်​​နေတဲ့Nakomay ကို ကာကွယ်​​စောင်​့​ရှောက်​ရင်​း Nakomay ကိုချစ်​မိသွားတဲ့ Banjaminစစ်​ပွဲကြား မိမိ​ကြောင်​့ မိခင်​​သေဆုံးသွားရတဲ့အတွက်​ ​လေလွင်​့​နေတဲ့ Jamesစတဲ့ဇာတ်​​ကောင်​​တွေနဲ့ 1887 ခုနှစ်​ သူပုန်​​တွေကြား ​ရှောင်​ပုန်​း​နေရတဲ့ ​ကပြား​ကောင်​မ​လေးရဲ့ဘဝကို မြင်​​တွေ့ရရုံသာမက Nakomay ...
movie

Rising Free 2019