Channel Myanmar

Mystery

The Imperial Cat (2021) 5.7
The Imperial Cat (2021) ပေါင်ချိန်ပရိသတ်တွေကတော့ တော်ဝင်ကြောင်ဆိုတာနဲ့ ကိုလူချောကိုယ်ရံတော် ကျန်ကျောင်းကိုပြောတယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ကျန်ကျောင်းတစ်ယောက်ထဲ ခိုင်ဖုန်းမဟုတ်တဲ့ တခြားပြည်နယ်တစ်ခုမှာအမှုလိုက်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။အမှုကတော့ အန်းလီခရိုင်မှာ အမျိုးသမီးပျောက်တဲ့အမှုတွေဆက်တိုက်ဖြစ်နေပါတယ်။ ကျန်ကျောင်းဟာ ပန်းပဲဖိုမှာလက်နက်ထားတာသွားယူတဲ့အချိန်မှာ ပန်းပဲဆရာနဲ့ သူ့မိန်းမဟာပျောက်နေပြီး သမီးငယ်လေးနဲ့ အဖွားအိုတစ်ယောက်ပဲ အိမ်မှာရှိတာကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ကျန်ကျောင်းဟာ ပန်းပဲဆရာလူပျောက်မှုကိုလိုက်စုံစမ်းရင်း ဒီအမှုဟာ အမျိုးသမီးတွေပျောက်တဲ့အမှုနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်။အန်းယန်ကအင်အားကြီးအိမ်တော်တစ်ခုကဒီကိစ္စနဲ့ပါဝင်ပတ်သက်နေလို့ သံသယတွေရှိပေမယ့် ဘာသက်သေမှမရနိုင်ဘူးဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ အထက်ကလဲဖိအားပေးလာတော့ ကျန်ကျောင်းတို့ဒီအမှုကိုဘယ်လိုပေါ်အောင်စုံစမ်းပြီးဖော်ထုတ်ကြမလဲ။ ဒီကားလေးမှာတော့ ကျန်ကျောင်းဟာသူ့ရဲ့ထောက်လှမ်းရေးစွမ်းရည်နဲ့ အမှုဖော်တဲ့စွမ်းရည်ကိုထုတ်ပြသွားခဲ့ပါတယ်။ ပေါင်ချိန်ဇာတ်လမ်းတွဲအလွမ်းပြေကြည့်ရမယ့် ဇာတ်ကားလေးပါပဲ။ Quality : WEB-DL 1080p , 720p Format : mp4 Genres :  Action , Mystery Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Imperial Cat (2021)

Tantiram Chapter 1: Tales of Sivakasi (2023) 8.7
Tantiram Chapter 1: Tales of Sivakasi (2023) Tantiram (2023)"တစ္ဆေများရဲ့မာယာ"IMDb 8.7 ရထားတဲ့ စိတ်ဝင်စားစရာ တေလဂူး Mystery Horror ကားကောင်းတစ်ကားပါ မျက်နှာသိ သရုပ်ဆောင်တွေဖြစ်တဲ့ Priyanka Sharma နဲ့ Srikanth Gurram တို့ပါဝင်ထားပြီး ဝေဖန်ရေးဆရာတို့ရဲ့ ရီဗျူးလည်း ကောင်းတာမို့ အချိန်ပေးရတာ တန်မှာပါ"ထိုင်နေတော့ ကောင်းသား ထသွားမှ ကျိုးမှန်းသိ" ဆိုသလို ဘဝမှာ တချို့ကိစ္စတွေမှာ ကိုယ်က သူများရဲ့ အကူအညီယူမိကာမှ ဒုက္ခလှလှ တွေ့ရတဲ့ အဖြစ်တွေ ရှိတတ်ကြပါတယ်ဒီဇာတ်လမ်းမှာ ရိုးရာ ဒဏ္ဏာရီဇာတ်လမ်းတစ်ခုကို နောက်ခံထားပြီး စတင်ထားပါတယ်ဒီကားထဲက "ဂျင်" ဆိုတဲ့ စွမ်းအားမြင့် တစ္ဆေတွေက ဘုရားသခင်ဖန်ဆင်းခဲ့တာဖြစ်ပြီး သူတို့ကို တားမြစ်ထားတဲ့ ပညတ်တွေလည်း ရှိလို့နေပါတယ်ဒါကတော့ လူသားမိန်းမနဲ့ အိပ်လို့ မရတာပါပဲ ဒီစည်းမျဥ်းကို ဖောက်ဖျက်ကြတဲ့ "ဂျင်" တို့ဟာ ကြီးလေးတဲ့ အပြစ်ကို ခံကြရပါတယ် သို့ပေသိ တော်တော်ဖြစ်တဲ့ "ဂျင်" ပုဂ္ဂိုလ်တို့ဟာ လူသားမိန်းမကို တပ်မက်လွန်းတာကြောင့် သူတို့ရဲ့ အထီးကျန်ဆန်ချိန်တွေကို စောင့်ပြီး သွေးဆောင် ...
movie

Tantiram Chapter 1: Tales of Sivakasi (2023)

2023
Hell House LLC Origins: The Carmichael Manor (2023) 6.3
Hell House LLC Origins: The Carmichael Manor (2023) Hell House LLC Origins: The Carmichael Manor (2023)~ IMDb - 6.3/10, Rotten Tomatoes - 83% ~အခုတစ်ခေါက်ထပ်မံထွက်ရှိလာတဲ့ Hell House LLC ဇာတ်ကားကတော့ ၂၀၁၅၊ ၂၀၁၇ နဲ့ ၂၀၁၈ တုန်းက ထွက်ရှိထားတဲ့ Hell House ရုပ်ရှင်သုံးခုရဲ့ အဆက်ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Hell House အကြောင်း အဓိကထားရိုက်ကူးထားတာမဟုတ်ဘဲ ဇာတ်လမ်းရဲ့နာမည်အတိုင်း အဗ္ဗဒုန်ဟိုတယ်မီးပြာကျသွားတုန်းက ပါခဲ့တဲ့ အာသာ ကာမိုက်ကယ်ရဲ့ မိသားစုနောက်ကြောင်းကို ပြန်လည်သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သက်တမ်းရင့်အမှုအေးတွေနောက် လိုက်နေတဲ့ လူငယ်တစ်ဖွဲ့က လူသတ်မှုဖြစ်ပြီး သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ကာမိုက်ကယ်အိမ်ကြီးထဲမှ ၅ ညသွားအိပ်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီပေမဲ့ ၅ရက်မပြည့်ခင်မှာပဲ တစ်ဖွဲ့လုံး အစအနရှာမရအောင်ပျောက်သွားခဲ့ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ဘရစ်ဂျစ်၊ ရေဗက္ကာနဲ့ ချေ့စ်တို့သုံးယောက်ဟာ လူသတ်မှုဖြစ်ထားပြီး ...
movie

Hell House LLC Origins: The Carmichael Manor (2023)

2023
Red Paper Crane ( 2022 ) 6
Red Paper Crane ( 2022 ) ယောကျာ်းတစ်ယောက်က မိန်းမကို လက်သီးနဲ့စရွယ်လိုက်တဲ့အချိန်ကစပြီး တစ်ကြိမ်သည်းခံလိုက်ခြင်းဟာ တစ်ဘဝလုံးကို ဖျက်ဆီးလိုက်တာပဲ။ CM ရဲ့ ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။လေယာဉ်မယ်အိုးယန်ကျီဟဲ့ဟာ မိဘအတွက် သမီးကောင်း ကုမ္ပဏီအတွက်လည်း လုပ်ဖောင်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူမယောကျာ်းကို သတ်မိပြီဆိုပြီး သူမကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ ထို့နောက် ရှေ့နေအကူအညီများကို ငြင်းခဲ့ပြီး အသေခံဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ကျန်းထုံဟာ ဥပဒေအကူအညီရှေ့နေတစ်ယောက်အနေနဲ့ ကျီဟဲ့ရဲ့ အမှုမှာ ဖုံးကွယ်ထားတာတွေ ရှိဦးမယ်ဆိုတာ ခံစားနေရပါတယ်။ သူမဟာ မောင်ရိရဲ့ အကူအညီဖြင့် အဓိက သက်သေတွေကို ရှာတွေ့ခဲ့ပြီး လေယာဉ်မယ်လူသတ်မှုရဲ့ အမှန်တရားကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ဒီရုပ်ရှင်လေးဟာ အိမ်တွင်းအကြမ်းဖက်မှုကို အဓိကထား ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ အမှန်တရားကို သိရဖို့ ကျန်းထုံတစ်ယောက် ဘယ်လို အခက်အခဲတွေ အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရလဲ ဆိုတာကိုတော့ ရုပ်ရှင်ကိုပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h ...
movie

Red Paper Crane ( 2022 )

The Canal (2014) 5.8
The Canal (2014)  အမျိုးသားဖလင်​မော်ကွန်းတိုက်ရဲ့ ​မော်ကွန်းမှူးဖြစ်တဲ့ ​ဒေးဗစ်ဟာဇနီးသည်နဲ့အတူ အိမ်အသစ် တစ်လုံးဝယ်ပြီး အိမ်​ထောင်​ရေးခရီးစတင်ဖို့ ကြိုးစားခဲ့ပါတယ်။ တစ်​နေ့မှာ မော်ကွန်းတိုက်ကို ရဲဌာနကမှုခင်း​ဟောင်း ဖလင်မှတ်တမ်း​​တွေ ​ရောက်လာတာ​ကြောင့် ​ဒေးဗစ်အ​နေနဲ့ စစ်​ဆေးကြည့်ရင်း အဲဒီဖလင်​တွေဟာ သူတို့လက်ရှိနေ​တဲ့အိမ်မှာဖြစ်ခဲ့တဲ့ မှုခင်းအ​ကြောင်း ရိုက်ကူးထားတာဖြစ်​နေပါတယ်။မှုခင်းက​တော့ ​​၁၉၀၂နှစ်တုန်းက အမျိုးသားဖြစ်သူက သူ့မိန်းမကိုသတ်ဖြတ်ခဲ့တဲ့အမှုပါ။အဆိုပါအမှုဟာ သူ့စိတ်ထဲမှာ တချိန်လုံးစွဲ​နေခဲ့သလို သူ့အိမ်ထဲမှာလူရိပ်လူ​ခြေ​တွေ အမြဲမြင်​တွေ့​နေရလို့ စိတ်က​ယောင်​ချောက်ခြားဖြစ်လာတဲ့ဒေးဗစ်တစ်​ယောက်ဟာ တစ်​နေ့မှာ​တော့ မိန်းမဖြစ်သူရဲ့​ဖောက်ပြန်မှုကို မျက်ဝါးထင်ထင်မြင်​လိုက်ရပါတယ်။ ကံဇာတာကဒီ​လောက်နဲ့ မပြီးဘဲ မိန်းမဖြစ်သူ ​သေဆုံးခြင်းနဲ့မှ အဆုံးသတ်သွားတဲ့အခါ မိတဆိုးသား​လေးနဲ့ ​​ဒေးဗစ်တို့ဟာ ဇနီးသည်ရဲ့သေခြင်းနဲ့သူတို့အိမ်ရဲ့ ဆက်စပ်မှု​တွေကို ​ဖော်ထုတ်​ဖြေရှင်းရင်း အ​မှောင်ထုထဲကို တစ်စတစ်စတိုးဝင်သွားမိပါ​တော့တယ်။  File size…1.16GB / 488MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

The Canal (2014)

Tales from the Occult: Ultimate Malevolence ( 2023 ) 5.9
Tales from the Occult: Ultimate Malevolence ( 2023 ) ဤဇာတ်လမ်းမှာတော့ ဇာတ်လမ်းတိုလေးသုံးခုအဖြစ် ခွဲခြားတင်ဆက်ပေးထားပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်း‌ကောင်းတစ်ခုပဲဖြစ်ပါတယ်ပထမအပိုင်းမှာတော့ သူငယ်ချင်းနှစ်ယောက်က ဒါရိုက်တာဖြစ်ဖို့အိမ်မက်ရှိကြပြီး တစ်နေ့မှာတစ်ယောက်က အခြားတစ်ယောက်ကို မတော်တဆသတ်မိလိုက်ပြီးတော့ သူ့အလောင်းကိုတာရှည်ခံအောင်ထားပြီး ဒီလူသတ်မှုခံစားချက်နဲ့ သူရေးထားတဲ့ဇာတ်ညွှန်းကိုအချောသတ်ခဲ့တယ် နောက်တော့သူက ဇာတ်ညွှန်းနဲ့ငွေရပြီး ဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ မျက်လှည့်ဆရာတစ်ယောက်က သူငယ်ချင်းနဲ့ဖုန်းပြောပြီးနောက် ပျောက်ဆုံးသွားတဲ့သူငယ်ချင်းက သရဲအဖြစ်လိုက်နှောင့်ယှက်တဲ့ ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် နောက်တော့သူငယ်ချင်းသေဆုံးကြောင်းသိရှိခဲ့ရပြီး အဲဒီသူငယ်ချင်းကသူများနဲ့စကားပြောပြီးနောက် ကားပေါ်တက်သွားတာကို ပြန်လည်သတိရခဲ့တယ် ဒီလူသတ်တရားခံက ဘယ်သူလဲဆိုတာ မှတ်မိအောင်ကြိုးစားနေစဥ်မှာပဲ..............တတိယအပိုင်းမှာတော့ လူတစ်ယောက်က သင်္ဘောကျင်းကြီးတစ်ခုပေါ်မှာ နိုးလာခဲ့ပြီး ထွက်ပေါက်ရှာနေစဥ်မှာ အလောင်းတွေ သရဲတစ္ဆေတွေအပြင် သူ့ဇနီးဟောင်းကိုပါ ပြန်လည်တွေ့ရှိခဲ့တယ် သူလမ်းတစ်လျှောက်လုံးတွေ့ခဲ့တဲ့အရာတွေကို သူ့ဇနီးဟောင်းကိုပြချင်ပေမယ့်လဲ ဖြစ်လာတဲ့အရာတွေကတော့...ဒီဇာတ်လမ်းတိုသုံးမျိုးက နောက်ဆုံးမှာဘယ်လိုတွေဖြစ်သွားကြမလဲ သူတို့တွေဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Mystery Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Eaint Encoded by LK
movie

Tales from the Occult: Ultimate Malevolence ( 2023 )

Tainted Love ( 2023 ) 6
Tainted Love ( 2023 ) ဒီရုပ်ရှင်ကားလေးကတော့ တရုတ်ရုပ်ရှင်တွေရဲ့ အမြင့်ဆုံးဆုကြီးသုံးဆုပိုင်ဆိုင်ထားတဲ့ ၊ ရုပ်ရှင်လောကမှာ ACE လို့ခေါ်ရလောက်တဲ့အထိတော်တဲ့ မင်းသမီးလေး Zhou Dong Yu ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပြီး Zhang Yu , Zhang Youhao နဲ့ Meng li တို့လို သရုပ်ဆောင်ကောင်းတွေပါ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။ဇာတ်လမ်းကတော့ 2016ခုနှစ်လောက်က တရုတ်ပြည်မှာ အွန်လိုင်းလိမ်လည်မှုတွေကနေတစ်ဆင့် နစ်နာခဲ့ကြရတဲ့ အမျိုးသမီးနှစ်ဦးအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ ။2016 ခုနှစ် တရုတ်မှာ အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်နည်းအသစ်တစ်ခုက မှိုလိုပေါက်အောင်ပေါ်ပေါက်လာခဲ့ပါတယ် ။ ငွေကြေးလိမ်လည်သူတွေရဲ့ အဓိကပစ်မှတ်က အမှီအခိုကင်းကင်းနဲ့ရပ်တည်နေတဲ့ မြို့ကြီးပြကြီးက အမျိုးသမီးတွေကိုဖြစ်ကာ သူတို့နဲ့ချစ်သူရည်းစားဆက်ဆံရေးတည်ဆောက်ပြီး ငွေကြေးလိမ်ယူကြတာပါ ။ ထိုလိမ်လည်မှုတွေကြား ကျိုးရန်နဲ့ဖန်နင်ကလည်း နစ်နာသူတွေထဲက နစ်နာသူနှစ်ဦးဖြစ်ပါတယ် ။ဒါပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းလှတဲ့ ကျိုးရန်နဲ့ဖန်နင်က သူတို့ကိုလိမ်သွားတဲ့သူတွေရဲ့နောက်ကြောင်းကိုလိုက်ရင်း လင်ကွမ်းမြို့ကိုရောက်လာချိန်မှာတော့.... သူတို့ကိုလိမ်တဲ့သူတွေနဲ့‌ပြန်တွေ့မလား ... ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ကြဖို့တိုက်တွန်းပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : ...
movie

Tainted Love ( 2023 )

Grudge (2021) 5.5
Grudge (2021)  Grudge (2021) ဇာတ်ကားဟာ တူရကီနိုင်ငံမှာ အခြေခံရိုက်ကူးခဲ့တဲ့ဇာတ်ကားဖြစ်ပြီး တူရကီနိုင်ငံရဲ့ နာမည်ကျော် ဇာတ်ညွှန်းဆရာ/ဒါရိုက်တာဖြစ်တဲ့Yilmaz Erdogan ကိုယ်တိုင် ရေးသားပြီး ပါဝင်သရုပ်ဆောင်ထားတဲ့action/crime ဇာတ်ကားကောင်းလေး တစ်ခုဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကျောရိုးက ဆုချီးမြှင့်ခံရပြီး ရာထူးတိုးတော့မဲ့ရဲမှူးကြီးတစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။ သူ ရာထူးမတိုးခင်လေးမှာသူသာမန်ရဲဘဝတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ဘယ်လိုလူတွေကသူ့ကို ရန်ငြိုးတွေနဲ့ ဘာများကြံစည်ကြမလဲ။ သူကကော အဲ့အခက်အခဲတွေကိုကျော်လွှားနိုင်မှာလား။ သူ့ရဲ့အတိတ်က အရိပ်မည်းတွေကို လွတ်အောင်ရှောင်ပြေးနိုင်မှာလားဆိုတာတွေကို ကြည့်ရှူရမှာဖြစ်ပါတယ်။ သာမန် crime တွေနဲ့မတူတာက ဇာတ်လမ်းမဆုံးမချင်း ဘယ်သူက ဘာတွေ ဖြစ်လိုဖြစ်မလဲဆိုတာလုံးဝမှန်းလို့မရနိုင်တာပဲ ဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကို အပေါ့ထသွားဖို့တောင်မေ့လောက်တဲ့အထိ အစကနေအဆုံး ဆွဲခေါ်နိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။မဖြစ်မနေ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်... File size…1.08GB / 531MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 45m Genre ….. Crime , Drama , Mystery Subtitle….Myanmar ...
movie

Grudge (2021)

The Guilty Ones (2019) 5.8
The Guilty Ones (2019) လွန်ခဲ့တဲ့၁၀နှစ်က လင်တန်းဆိုတဲ့ကလေးမလေးတစ်ယောက်ကို လူတစ်ယောက်ကပြန်ပေးဆွဲခဲ့ပြီး ကလေးမလေးအမေဆီကို ငွေညစ်တောင်းခဲ့ပေမဲ့ကလေးမလေးကတော့သေသွားခဲ့ပါတယ်.... အဲ့ဒီအမှုကို၁၀နှစ်ကြာစုံစမ်းစစ်ဆေးခဲ့တာတောင် အဖြစ်မှန်မပေါ်နိုင်သေးပဲရှိနေသေးတာမို့ ကလေးမလေးအမေကလက်မလျော့ပဲ အဲ့အချိန်တုန်းကပြန်ပေးဆွဲသမားကို ဆက်လက်ပြီးတော့လိုက်ရှာနေခဲ့ပါတယ်တိုက်ဆိုင်စွာနဲ့ပဲလွန်ခဲ့တဲ့၁၀နှစ်တုန်းကအဖြစ်လိုမျိုး ကျူးကျူးဆိုတဲ့ကလေးမလေးဆီမှာပြန်ဖြစ်လာသောအခါ... ကလေးကိုဘယ်သူကပြန်ပေးဆွဲတာလဲ ဘာကြောင့်လဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်..... Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery , Drama Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Xiao Encoded by LK
movie

The Guilty Ones (2019)

Fight Through The Yin-Yang House ( 2023 ) 5.7
Fight Through The Yin-Yang House ( 2023 ) ဒီတခေါက်မှာတော့ CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ်မှာ သင်္ချိုင်းဖုန်းရွှေကြည့်တဲ့ အယူတွေကို အလေးထားကြပါတယ်။ "ချမ်းသာဖို့နေအိမ်ကြည့်၊ ရာထူးတိုးဖို့ သင်္ချိုင်းကြည့်" ဆိုပြီး ပြောနေကြပါတယ်။ ဆရာယင်းယန်ရဲ့ တာဝန်ကတော့ နဂါးဂူတည်ရာကိုရှာပြီး နေအိမ်နဲ့ သင်္ချိုင်းအတွက် နေရာကောင်းတွေကို ရှာဖွေပေးဖို့ဖြစ်ပြီးတော့ လူအများရဲ့ လက်ခံခြင်းကို ခံရပါတယ်။မြေနတ်အမည်ရတဲ့ ကောယင်းယန်ဟာ လင်ရှန်းမြို့မှာ ကျေးဇူးရှင်ကျန့်ဝုန်းကို လာရောက်ရှာဖွေချိန်မှာပဲ လင်ရှန်းမြို့မှာ ဆန်းကြယ်တဲ့ ကြွက်အိမ်ထောင်ပြုပွဲတစ်ခု ရှိတာတွေ ဖုန်းရွှေနေရာကောင်းမှာရှိတဲ့ မိသားစုတစ်စု သေဆုံးရခြင်းအကြောင်းတွေကို ကြားသိခဲ့ရပါတယ်။ဖုန်းရွှေခိုးပြီး ချမ်းသာလာတဲ့ ညီအစ်ကို ၂ ယောက်ဟာ ၃ နှစ်တိတိ မိခင်အတွက် ဝမ်းနည်းမှုကို ပြသခဲ့ပါတယ်။ ဒါတွေက အစစ်တွေလား အတုအယောင်တွေလား...... သဲလွန်စအားလုံးဟာ ပုံပြင် ၃ ခုနဲ့ ဆက်နွယ်နေပါတယ်။အကျိုးနဲ့အကြောင်းဟာ သံသရာလည်နေပြီး နောက်ကွယ်က လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာပါတယ်။ သရဲတစ္ဆေထက် ကြောက်ဖို့ကောင်းတဲ့ လူ့စိတ်ဆိုတဲ့အရာကို ဘယ်လို ဖော်ထုတ်ကြမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်ပြီး ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : ...
movie

Fight Through The Yin-Yang House ( 2023 )

Zombie General ( 2023 ) 5.7
Zombie General ( 2023 ) မှောင်မိုက်တဲ့ညနက်သန်းခေါင်အချိန်မှာ မရဏစစ်သည်တွေချီတက်လာကြတယ်။ အဲဒီအချိန်မှာပဲ ဖုတ်ကောင်တပ်ဖွဲ့ကရောက်လာပြီး မရဏစစ်သည်တွေကိုတိုက်ခိုက်ကြပါတယ်။ ဒီထူးခြားတဲ့မြင်ကွင်းကို အမှောင်ကွယ်ရာကနေ တိတ်တဆိတ်ကြည့်နေတာကတော့ ပြိုင်ဘက်ကင်းတဲ့တာအိုဆရာကြီးရှီတို့ဆရာတပည့်ပဲဖြစ်ပါတယ်။မကောင်းဆိုးဝါးမိစ္ဆာတွေကိုနှိမ်နင်းပြီး လောကကြီးကိုကာကွယ်နေတဲ့ ဆရာကြီးရှီတို့ဆရာတပည့်ကိုတစ်နေ့မှာတော့အရာရှိကြီးတစ်ယောက်ဟာ ဖုတ်ကောင်ရှင်းလင်းဖို့အကူအညီလာတောင်းပါတယ်။ အဲဒါကြောင့်ဆရာတပည့်တွေဟာ ဖုတ်ကောင်တွေရဲ့ဇာစ်မြစ်ကိုလိုက်စုံစမ်းရင်း ဒါဟာဘိန်းသယ်ပို့တဲ့လမ်းကြောင်းဆိုတာသိလိုက်ရပါတယ်ဒီလိုနဲ့မကောင်းဆိုးဝါးနှိမ်နင်းမယ့်ဆရာတပည့်ဟာ ဘိန်းဂိုဏ်းနဲ့ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ သူတို့အင်အားလေးနဲ့ ဘိန်းဂိုဏ်းကြီးနဲ့ရင်ဆိုင်ကြမလဲ… မရဏစစ်သည်နဲ့ဖုတ်ကောင်တွေရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲ… Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Mystery Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Zombie General ( 2023 )

Blow Out (1981) 7.4
Blow Out (1981) Blow Out (1981)~ IMDb - 7.4/10, Rotten Tomatoes - 87% ~၁၉၈၁ ခုနှစ်တုန်းကထွက်ခဲ့ပြီး ဆန်ခါတင်ဆုနှစ်ခု၀င်ထားတဲ့ Mystery, Thriller ဇာတ်ကားကောင်းလေးပါ။ ဒါရိုက်တာက Thriller Crime genres တွေနဲ့ ပရိသတ်အတွက် မစိမ်းလောက်တဲ့ Brian De Palma ဖြစ်ပြီး သူရဲ့ အကောင်းဆုံးကားတွေထဲက တစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ဆိုရင်လည်း အဓိကမင်းသားက ၁၉၇၀ခုနှစ်၀န်းကျင် ဟောလိဝုဒ်ရဲ့ Icon တစ်ယောက်ဖြစ်တဲ့ John Travolta မလို့ အရွေးချယ်မမှားမယ့်ကားကောင်းလေးပါပဲ။ဂျက်ဆိုတဲ့သူက ရုပ်ရှင်တွေအတွက် အသံပိုင်းဆိုင်ရာ နည်းပညာရှင်ပါ။ တစ်ရက်တော့ ဇာတ်ကားတစ်ကားအတွက် တံတားပေါ်မှာ လေတိုးသံအသံသွင်းနေတုန်း ကားမတော်တဆမှုတစ်ခုကိုမျက်မြင်ကြုံခဲ့ရပြီး အသံသွင်းမိခဲ့ပါတယ်။ ကားပေါ်က ကောင်မလေးတစ်ယောက်ကိုလည်း ကယ်နိုင်လိုက်ပါတယ်။ ဒါပေမဲ့ ကားမတော်ဆမှုမှာ အသက်ဆုံးသွားတဲ့သူက ရွေးကောက်ခံကိုယ်စားလှယ်မြို့တော်၀န်တစ်ယောက်ဖြစ်နေပါတယ်။ အိမ်ပြန်တော့ အသံပြန်စစ်ရာမှ ကားမှောက်မှုက မတော်တဆမှုသက်သက်မဟုတ်မှန်း ...
movie

Blow Out (1981)

1981
An Uninvited Guest In A Villa ( 2023 ) 5.9
An Uninvited Guest In A Villa ( 2023 ) ဒီဇာတ်လမ်းလေးကတော့ အကြွေးပင်လယ်ဝေနေတဲ့လူတစ်ယောက်ဟာ သူဌေးတစ်ယောက်ကိုမတော်တဆသတ်မိသွားတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့အကြောင်းလေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဝမ်ယုံကရှယ်ယာကစားရင်းအရှုံးပေါ်ပြီး အကြွေးတွေတင်နေတာကြောင့် အရေးပေါ်ဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့ကျောင်းနေဖက်သူငယ်ချင်းဆီကနေ ပိုက်ဆံချေးဖို့ကြိုးစားရင်း လက်လွန်ပြီးချောက်ကမ်းပါးပေါ်ကတွန်းချလိုက်မိသွားပါတယ်။သူကမထူးဇာတ်ခင်းရင်း သူဌေးအိမ်မှာတန်ဖိုးကြီးတဲ့ပစ္စည်းတွေသွားယူတဲ့အချိန်မှာ ယွမ်သိန်း(၅၀)ရဲ့စွဲဆောင်မှုကြောင့် သူဌေးအိမ်ကမထွက်သွားနိုင်ပဲ လောဘတက်ပြီးဆက်နေမိသွားပါတယ်။ သူကဒီပစ္စည်းဥစ္စာတွေရဲ့စွဲဆောင်မှုကနေလွတ်မြောက်နိုင်ပါ့မလား...... အမှားတွေပဲဆက်တိုက်လုပ်ရင်း ရုန်းထွက်နိုင်ပါ့မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Mystery Runtime : 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

An Uninvited Guest In A Villa ( 2023 )

Diary Of Security ( 2022 ) 5.7
Diary Of Security ( 2022 ) လင်ရှောင်းဖုန်း ခေါင်းဆောင်တဲ့ လုံခြုံရေးအဖွဲ့ ၁၉ ဟာ သူများကိစ္စတွေဝင်ပါပြီး အလေးအနက်တွေလုပ်လွန်းတာကြောင့် အလုပ်ထုတ်ပယ်ခံလိုက်ရတယ်... အလုပ်ထုတ်ခံရပြီး သူတို့သုံးယောက်လုံး စိတ်ဓာတ်ကျနေတဲ့ အချိန် ရှေးဟောင်းပစ္စည်းဆိုင် သူဌေးတစ်ယောက်ရဲ့ ဆိုင်လုံခြုံရေးအတွက်ဌားရမ်းခဲ့ပါတယ်...သူဌေးက သူ့ရဲ့ ရှေးဟောင်းပန်အိုးပြည်ပမှာ ပြသထားချိန် အတု ဖန်တီးကာဆိုင်မှာတင်ထားပြီး စျေးပေါပေါနဲ့ လုံခြုံရေးဌားကာ ဟန်ဆောင်စောင့်ခိုင်းထားတာဖြစ်နေခဲ့တယ် ....ရှေးဟောင်းပန်းအိုးရဲ့သတင်းကိုကြားတဲ့ သူခိုးအဖွဲ့ကလည်း အဲ့ဒီပန်းအိုးကို သူတို့သုံးယောက်ကိုလှည့်စားကာခိုးယူနိုင်ခဲ့တယ်... ပန်းအိုးပျောက်သွားတဲ့အတွက် သူဌေးဟာ သူတို့သုံးယောက်ကိုအလုပ်ထုတ်ပြီး သတင်းမပေါက်ကြားစေရန်အတွက် ပြည်ပက ပန်းအိုးအစစ်ကိုသွားယူခဲ့တယ်...ပန်းအိုးပြန်သွားယူနေတဲ့အချိန် သူဌေးရဲ့သမီးဖြစ်သူနဲ့ သူတို့သုံးယောက်က ပန်းအိုးကို အတုမှန်းမသိပဲ လိုက်ရှာဖို့လုပ်ခဲ့ကြတယ်.... သူတို့ရော သူခိုးကိုရှာတွေ့ပြီး ပန်းအိုးကို ပြန်ရှာတွေ့နိုင်မှာလား... ပြသာနာတွေရောရင်ဆိုင်ရဦးမှာလား... ဘာတွေဆက်ဖြစ်နိုင်ဦးမလဲဆိုတောတော့ ဆက်လက်စောင်မျှော်ကြည့်ရှုပေးကြပါဦးနော်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Nwe Encoded ...
movie

Diary Of Security ( 2022 )

Sushi Girl (2012) 6.0
Sushi Girl (2012) Sushi Girl (2012) ==============ဖစ်ရှ်တစ်ယောက် ထောင်က လွတ်လာတဲ့နေ့မှာပဲ သူ့ရဲ့ ဘော်ဒါဟောင်း ဒုခ် ရဲ့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရတယ်။ လွတ်မြောက်မှုအတွက် ဂုဏ်ပြုဖို့ပေါ့။ ဒါပေမဲ့ ဒုခ် လက်စသတ်ချင်နေတဲ့ ကိစ္စတစ်ခုရှိနေတယ်။ ဖစ်ရှ်ဟာ ဓားပြ တိုက်မှုနဲ့ ထောင်ထဲမှာ ၆နှစ်တာ ကုန်ဆုံးခဲ့တယ်။ အပေါင်းအပါတွေကို တစ်ယောက်မှ မဖော်ထုတ်ဘဲ သူတစ်ယောက်တည်း အပြစ်ခံယူခဲ့တယ်။ဒီ့အတွက် ဒုခ်က စွန့်ပစ်ခံထားရတဲ့ စားသောက်ဆိုင်တစ်ခုမှာ ဖစ်ရှ်အတွက် ဆူရှီကို ခမ်းခမ်းနားနား ထူးထူးခြားခြား ပြင်ဆင်ပေးထားတယ်၊ ဆူရှီအခင်း အကျင်းမှာတော့ ဝတ်လစ်စလစ်နဲ့ မိန်းကလေးတစ်ယောက်ဟာ တည်ခင်း စရာဗန်းအဖြစ် စားပွဲပေါ် လဲလျောင်းနေပေးရတယ်။ သူ့အလုပ်ဟာ သက်မဲ့ ပန်းကန်ဖြစ်ပေးဖို့ ဘာပဲကြားကြား ဘာပဲမြင်မြင် ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့ မိန်းကလေး။ ဒီလို ထူးခြားတဲ့ ဂုဏ်ပြုညစာစားပွဲလေးဟာ ထင်မှတ်မထား တာတွေ ဖြစ်လာတဲ့အခါ ဒီမိန်းကလေး ဘယ်လိုနေမလဲဆိုတာကိုတော့ ကြည့်ရှုခံစားရင်ခုန်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)File Size..........(1.46 GB) / (538 MB) Quality............WEB-DL 1080p / ...
movie

Sushi Girl (2012)

2012
Mount Chiak (2023) 5.9
Mount Chiak (2023) Mount Chaik (2023)ကိုရီးယားရုပ်ရှင်လောကမှာ မြင်တွေ့နေကျမရှိတဲ့ Thriller အမျိုးအစား ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။Mount Chiak (ချီအာ့တောင်) လို့ အမည်ရတဲ့ ဒီဇာတ်ကားလေးမှာဆိုရင် လူငယ်လေး ၅ ယောက်ဟာ စက်ဘီးစီးဖို့အတွက် ချီအာ့တောင်ကို ထွက်ခွာလာခဲ့ကြပါတယ်။ ချီအာ့တောင်ဟာဆိုရင်တော့ အရင်ကတည်းက တစ္ဆေအကြောင်း၊ အပိုင်းပိုင်းဖြတ်သတ်တဲ့လူသတ်မှုအကြောင်း၊ လူပျောက်မှုအကြောင်းတို့နဲ့ သတင်းကျော်ကြားတဲ့ တောင်တစ်ခုပါ။ဒီလိုနဲ့ သူတို့ ၅ ယောက် တောင်ပေါ်ကို ရောက်ရှိသွားချိန်မှာတော့ ဘယ်တုန်းကမှ တွေးမထားဖူးတဲ့ ဖြစ်ရပ်တွေကို ခြောက်ခြားဖွယ် ကြုံတွေ့လာရပါတော့တယ်။ အရင်ကလည်း လူပျောက်ဆုံးမှုတွေ လူသေမှုတွေ ရှိဖူးထားတဲ့ ကြောက်မက်ဖွယ် ဒီတောင်ပေါ်ကနေ သူတို့ ၅ ယောက် လွတ်မြောက်နိုင်ပါ့မလား၊ ဘယ်လိုထိတ်လန့်စရာတွေနဲ့ ကြုံတွေ့သွားရဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။Casts တွေအနေနဲ့ဆိုရင်လည်း Yoon Kyun-Sang, Kim Ye-Won, Lee Tae Hwan နဲ့ Bae Geu-Rin တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ စိတ်ပျက်စေရမှာ မဟုတ်ပါဘူး။အညွှန်း နဲ့ ...
movie

Mount Chiak (2023)

2023
High Life (2018) 5.8
High Life (2018) High Life (2018)၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Robert Pattison ရဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ။မင်းသမီးကတော့ X, Pearl အစရှိတဲ့ A24 ရဲ့ နာမည်ကြီး Slasher ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ Mia Goth ပဲဖြစ်ပါတယ်။IMDb Rating 5.8, Rotten Tomatoes 82% ရရှိထားတဲ့ Sci-Fi, Mystery, Thriller အမျိုးအစားရုပ်ရှင်ပါ။ (18+ Warning- ကိုယ်လုံးတီးအခန်းတွေ၊ အမြင့်မတင့်တယ်တဲ့ ပြကွက်တချို့ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါ။ Official rating ကလည်း R ဖြစ်ပါတယ်။)ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာမြေမှာ ပြစ်ဒဏ်ကျူးလွန်ထားကြပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံထားရတဲ့ သူတွေ၊ သေဒဏ်ကျခံထားရတဲ့သူတွေကို ဒုတိယအကြိမ်အခွင့်အရေးပေးမယ် သိပ္ပံပညာတိုးတက်မှုအတွက် ထမ်းဆောင်ပေးကြဆိုပြီး အာကာသယာဉ်တစ်စီးနဲ့ ထည့်ကာ နေအဖွဲ့အစည်းနဲ့ ဝေးရာဆီကို ပစ်လွှတ်လိုက်ပါတယ်။ တကယ်တမ်းမှာတော့ ထောင်သားတွေကို ယာဉ်ပေါ်မှာ ပါလာတဲ့ ထောင်သားတွေဆီကနေ သုက်ပိုးကို ယူ၊ အမျိုးသမီးတွေထဲကိုထည့် ...
movie

High Life (2018)

2018
Medical Examiner Dr.Qin : Blood Wedding ( 2023 ) 5.9
Medical Examiner Dr.Qin : Blood Wedding ( 2023 ) မှုခင်းဆရာဝန်ဒေါက်တာချင်ရဲ့ သွေးမင်္ဂလာပွဲကွင်းဆက် လူသတ်မှုအကြောင်း ဇာတ်ကားလေးလာပါပြီ။ ဒီတစ်ခါမှာတော့ မှုခင်းဆရာဝန်ဒေါက်တာချင်နဲ့သူ့ရဲ့တွဲဖက်ရဲအရာရှိလင်ဟာ မင်္ဂလာပွဲမှာယဇ်ပူဇော်ပွဲအခမ်းအနားလိုအပြင်အဆင်နဲ့ သတို့သမီးသတ်ခံရတဲ့အမှုကိုစုံစမ်းရတာဖြစ်ပါတယ်။အဲဒီအမှုက လွန်ခဲ့တဲ့(၁၅)နှစ်တုန်းက သတို့သမီးသတ်ခံရတဲ့အမှုနဲ့ တစ်ပုံစံထဲဖြစ်နေလို့ အမှုတွဲပေါင်းပြီးစုံစမ်းနေတုန်းမှာပဲ နောက်ထပ်ပုံစံတူသတို့သမီးသတ်ခံရတဲ့အမှုကပေါ်လာပြန်တယ်။ ဒီအမှု(၃)မှုကိုအမှုတွဲပေါင်းပြီးစုံစမ်းနေတဲ့အချိန်အတွင်းမှာ ဒေါက်တာချင်ဟာမင်္ဂလာပွဲကျင်းပဖို့ပြင်နေပြီး သူ့ရဲ့မင်္ဂလာပွဲနေ့မှာ ကွင်းဆက်လူသတ်မှုထဲကအတိုင်းပစ္စည်းတွေကိုတွေ့ရတော့ သတို့သမီးကိုစိတ်ပူပြီးလိုက်ရှာတဲ့အချိန်မှာ သတို့သမီးဟာပျောက်နေပါတယ်......လွန်ခဲ့တဲ့(၁၅)နှစ်ကအမှုနဲ့ လက်ရှိအမှု(၂)မှုကဒေါက်တာချင်တို့ ဘယ်လိုဖော်ကြမလဲ။ သေဆုံးခြင်းရဲ့နောက်ကွယ်ကအကြောင်းအရင်းတွေက ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရင်းတွေဖြစ်နေမလဲ ဆိုတာကိုဆက်ပြီးအဆုံးထိ ကြည့်ပြီး အဖြေကကိုယ်ထင်ထားတာနဲ့တူရဲ့လားဆိုတာကြည့်လိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Medical Examiner Dr.Qin : Blood Wedding ( 2023 )

Boogeyman (2005) 4.2
Boogeyman (2005) Boogeyman (2005) =============="အဲဒါကိုပြောစမှတ်တွင်တဲ့ဇာတ်လမ်းတစ်ခုလို့ ထင်ထားပေမဲ့ မဟုတ်ခဲ့ဘူး" ဒီတစ်ခေါက် ပရိတ်သက်ကြီးအတွက် Boogey man ဆိုတဲ့ Horror/ Mystery ဆန်ဆန် ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့... တင်က သူ့အဖေရဲ့ပုံပြင်တွေကြောင့် ဗီရိုတွေကိုအရမ်းကြောက်တတ်တဲ့သူပါ။ အဲဒီဗီရိုတွေထဲကနေ Boogey man ကြီး ထွက်လာပြီးတော့ သူ့ကိုခေါ်သွားတော့ မယ်လို့ကို ယုံကြည်ပြီး ကြောက်ရွံ့တဲ့အထိပါပဲ။ တစ်နေ့မှာတော့ သူ့အဖေကို Boogey man ကခေါ်သွားတာကို သူ့မျက်စိရှေ့မှာတွေ့လိုက်ရပါတယ်။ သူက ၈ နှစ်သာရှိသေးတာကြောင့် အားလုံးက သူ့အဖေကို အိမ်ကနေထွက်သွားတာ ကလေးကစိတ်ဒဏ်ရာမရချင်လို့ လုပ်ဇာတ်ဖန်တီးပြီးပြောတာလို့ထင်ခဲ့ကြတာပေါ့။တင် ကိုယ်တိုင်ကလည်း Boogey man က လက်တွေ့တကယ်ရှိနေခဲ့တယ်ဆိုတာ ကို မယုံကြည်ချင်ခဲ့ပါဘူး။ ၁၅ နှစ်ကြာပြီး တင်ရဲ့အမေအသုဘပွဲနေ့မှာ တင်တစ် ယောက် Boogey man ကိုစတွေ့ခဲ့တဲ့ အိမ်ကိုပြန်သွားဖို့ဖြစ်လာတဲ့အခါမှာတော့ သူကြောက်ရွံ့နေတဲ့ Boogey man က အပြင်မှာတကယ်ရှိနေတာလား၊ သူ့ရဲ့စိတ်က ထင်ယောင်ထင်မှားဖြစ်ပြီး ဆွဲတွေးနေတာလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.7 GB) / (686 MB) Quality............WEB-RIP 1080p ...
movie

Boogeyman (2005)

2005